အခန်း ၃၁၄
Vol. 32 Ch. 314
အခန်း(314)
အလုပ်ဌာနလား။
စုဝေ့ချင်းတစ်ယောက် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်လေသည်။
“မင်း အလုပ်အကိုင်လမ်းကြောင်းကို ပြောင်းလိုက်တာလား”
“ဟုတ်တယ်၊ ကျွန်တော် အရပ်ဘက်အလုပ်ကို ပြောင်းရွှေ့လိုက်တာလေ”
ရန်ရှောင်က သူ၏ စစ်ဝတ်စုံကို ချွတ်လိုက်ပြီး ပြည်သူများထံသို့ ပြန်လည်ရောက်ရှိလာခဲ့သကဲ့သို့ အလွန် တည်ကြည်လေးနက်သော ပုံစံဖြင့် ခေါင်းကို ညိတ်ပြလိုက်လေသည်။
မူရင်းဝတ္ထုစာအုပ်ကို ဖတ်ရှုခဲ့ဖူးသော လီရှန်းတစ်ဦးတည်းသာလျှင် ဤလူက အလုပ်အကိုင် လမ်းကြောင်းကို ပြောင်းလဲခဲ့ခြင်း မဟုတ်ဘဲ အလင်းမှ အမှောင်ထုထဲသို့ ပြောင်းရွှေ့သွားခြင်းသာ ဖြစ်ကြောင်းကို သိရှိထား၏။
အပေါ်ယံတွင် သူက ယဉ်ကျေးမှုဌာနမှ အရာရှိတစ်ဦး ဖြစ်သည်။
သို့သော် တကယ်တမ်းတွင် သူက အမျိုးသားလုံခြုံရေးဗျူရို၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေလေ၏။
ထို့ကြောင့် နောက်ပိုင်းကျရင် ကြီးမားသော အမှုအခင်းကြီး အများအပြားတွင် ပါဝင်ပတ်သက်ရမည့်သူလည်း ဖြစ်သည်။
“အဲဒါဆိုရင်တော့ မင်းကို အတော်လေး အားနာစရာ ဖြစ်နေပြီ”
စုဝေ့ချင်းက သူ၏စကားကို ယုံကြည်သွားသောကြောင့် မျက်နှာတွင် အပြုံးတစ်ခုက ပေါ်ပေါက်လာရကာ ယဉ်ကျေးစွာပင် ပြောလိုက်လေသည်။
“ဘာကို အားနာစရာ ရှိလို့လဲ၊ ဒီသမီးလေးက စာသင်ရတာကို အရမ်းနှစ်သက်တာပဲလေ၊ကျွန်တော်တို့ အလုပ်ဌာနမှာလည်း စာအုပ်တွေ အများကြီး ရှိတယ်လေ၊ သမီးလေး စိတ်ကြိုက်သာ ဖတ်လို့ရတယ်”
ရန်ရှောင်သည်လည်း အဘိုးဖြစ်သူ ရန်ကျိမင်၏ ပုံစံအတိုင်း စုရှောင်လော်၏ ဆံပင်ကျစ်ဆံမြီးလေးကို ဆွဲကိုင်လိုက်ပြန်၏။
စုရှောင်လော်အနေဖြင့် စိတ်ဆိုးဒေါသထွက်သော်လည်း မပြောရဲခဲ့ပေ။ ရန်ရှောင်မှ သူမကို မထိခိုက်စေရန်အတွက် စိတ်ပျက်စွာသာ သူမ၏ခေါင်းကို ခါယမ်းပြနေရှာသည်။
နေ့လည်စာအတွက်တော့ ရန်ရှောင်က ကြက်သားကို အစပ်အရသာရှိလွန်းသောဆီပြန်ဟင်းတစ်ပွဲ ချက်ပြုတ်ပေးခဲ့သည်။
စုရှောင်လော်တစ်ယောက် စပ်လွန်းသောကြောင့် နှာရည်များကျနေရသော်လည်း မစားဘဲလည်းမနေနိုင် ဖြစ်နေလေ၏။
သူမက ဟင်းကို စားလိုက်၊ ရေကိုသောက်လိုက်ဖြင့် လုပ်ဆောင်နေရသောကြောင့် သူမ၏ နဖူးပြင်ပေါ်တွင် ချွေးစက်များပင် ထွက်ပေါ်လာခဲ့ရသည်။
“အမေ၊ ဦးဦးရန်ချက်တဲ့ ကြက်သားချက်က အရမ်းအရသာရှိတာပဲ”
စုရှောင်လော်က သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီးနောက် နှမြောသည့် အမူအရာဖြင့် သူမ၏ ဝမ်းဗိုက်ကို ပုတ်ပြလိုက်လေသည်။
နှမြောစရာကောင်းစွာဖြင့် သူမ၌ သေးငယ်သော ဝမ်းဗိုက်လေးသာ ရှိသောကြောင့် ဟင်းဖတ်အနည်းငယ်လောက် စားပြီးရုံမျှဖြင့်ပင် ဗိုက်ပြည့်သွားခဲ့လေ၏။
“ဒါဆိုရင်လည်း မင်းအဖေကို မင်းရဲ့ဦးဦးရန်ဆီကနေ ဟင်းချက်နည်း သင်ယူခိုင်းလိုက်ပေါ့၊ အိမ်ပြန်ရောက်ရင် မင်းအတွက် ချက်ကျွေးလို့ရအောင်”
စုရှောင်လော်၏ မျက်ဝန်းလေးများက ချက်ချင်းပင် တောက်ပသွားရပြီး စုဝေ့ချင်းထံသို့ ပူဆာလေတော့၏။
နေ့လည်စာ စားသောက်ပြီးနောက်တွင် ရန်ကျိမင်က စာရွက်စာတမ်းများယူဆောင်လျက် လီရှန်းကို သူနှင့်အတူ ကျောင်းသို့သွားရောက်စာရင်းသွင်းရန်အတွက် ခေါ်ဆောင်ခဲ့သည်။
ဆေးတက္ကသိုလ်၏ လေ့ကျင့်ရေးအခြေစိုက်စခန်းက ကျင့်ဟွာတက္ကသိုလ်နှင့် မလှမ်းမကမ်းရှိ ဆေးရုံတစ်ခုထဲ၌ တည်ရှိ၏။
ယခုအချိန်တွင် ထိုဆေးရုံက တခြားနေရာသို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် နေရာဟောင်းကို ဆေးတက္ကသိုလ်ထံသို့ လေ့ကျင့်ရေးအခြေစိုက်စခန်းအဖြစ် လွှဲပြောင်းပေးအပ်ခဲ့လေ၏။
အထဲရှိ အဆောက်အအုံများကို ဆေးသုတ်ပြင်ဆင်ထားကြသည်။
အပြင်ပန်းမှ ကြည့်လျှင် အနည်းငယ် ဟောင်းနွမ်းနေပုံရသော်လည်း၊ အတွင်းပိုင်းက အလွန်ပင် သန့်ရှင်းသပ်ရပ်လွန်းသည်။
ရန်ကျိမင်က လီရှန်းကို စာရင်းသွင်းရန်အတွက် ပညာရေးရုံးသို့ ခေါ်သွားခဲ့လေ၏။
ထို့နောက်မှသာ သူမအတွက် စာအုပ်များကို သွားရောက်ထုတ်ယူပေးခဲ့၏။
ပညာရေးရုံးမှ ဆရာမများက လီရှန်းကို မြင်တွေ့လိုက်ရသည့်အချိန်တွင် အံ့အားသင့်တကြီးဖြင့် ပြောလာကြသည်။
“ဆရာကြီးရန်၊ ဆရာကြီးမှာ တကယ်ပဲ ကျောင်းသူတစ်ယောက် ရှိနေတာပဲ”
“ဒါပေါ့၊ သူမက တကယ့်တက္ကသိုလ်ကျောင်းသူတစ်ယောက်ပဲလေ”
ရန်ကျိမင်က ပြောဆိုရင်းဖြင့် လီရှန်း၏ တက္ကသိုလ်ဝင်ခွင့်စာကို ဆရာမ၏ စားပွဲပေါ်သို့ တင်လိုက်ပြန်၏။
“သူမကို အမြန်ဆုံး စာရင်းသွင်းပေးပြီး ကျောင်းသားမှတ်တမ်းကို အရင်ဆုံး အဆင်ပြေအောင် လုပ်ပေးလိုက်စမ်းပါ”
“အိုး၊ သူမက ပေကျင်းတက္ကသိုလ်က ထူးချွန်ကျောင်းသူတစ်ယောက်ပဲ”
ဆရာမ၏ လေသံမှာ ချက်ချင်းပင် လေးစားအားကျမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လေ့ကျင့်ရေးသို့ လာရောက်ကြသူ အများစုက အောက်ဘက်ဆေးရုံများမှ ထပ်မံ၍ လေ့လာရန်အတွက် ရွေးချယ်စေလွှတ်ခြင်း ခံရသူများသာ ဖြစ်ကြ၏။
တချို့က ဆရာသမားများ၏ သားသမီးများနှင့် အမျိုးတော်စပ်သူများသာ ဖြစ်ကြသည်။
လီရှန်းကဲ့သို့ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှတစ်ဆင့် လာရောက်သူမျိုးက လူနည်းစုသာ ဖြစ်၏။
ဆေးတက္ကသိုလ်၌ အမှတ်ကောင်းရုံမျှဖြင့် ပါရမီအစစ်အမှန်ရှိသည်ဟု မပြောနိုင်သောကြောင့် သူမက မေးလိုက်ပြန်သည်။
“ဘူမမှာ ဒီပညာရပ်နဲ့ ပတ်သက်ပြီး ဘာအခြေခံမှ မရှိသေးဘူးမဘား”
“သူမမှာ အခြေခံမှ မရှိဘူးလို့ မင်း ဘယ်လိုလုပ် ပြောနိုင်ရတာလဲ၊
သူမက အရင်က ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ခဲ့တာလေ၊ လူနာတွေနဲ့တော့ အများကြီး ထိတွေ့မှုမရှိခဲ့ရုံပါပဲ”
သူမက အခြေခံ သီအိုရီဗဟုသုတတချို့ကို အနည်းငယ်သိရှိထားသည်။
“ပြီးတော့ ဒီကလေးက ပါရမီပါပြီးသားပဲ၊ ကိုယ့်ဘာသာ လေ့လာဆန်းစစ်မှုကနေတစ်ဆင့် ပါရမီရှင်တစ်ယောက်လို ဖြစ်နေပြီ၊ ငါကတော့ ကံကောင်းသွားတာပါပဲ”
“အဲဒါကြောင့်မို့လို့ ဆရာကြီးက တကယ့်ကို ကံကောင်းပါတယ်လို့ ကျွန်မ ပြောတာပေါ့”
ဆရာမက စနောက်ပြောဆိုနေချိန်အတွင်းမှာပင် လီရှန်း၏ ကျောင်းသားမှတ်တမ်း စာရင်းသွင်းခြင်းကို လျင်မြန်စွာ ပြီးစီးအောင် လုပ်ဆောင်ပေးခဲ့၏။
ထို့နောက် သူမက အံဆွဲထဲမှ ဘူးတစ်ခုကို ထုတ်ယူလိုက်လေ၏။ ဘူးထဲတွင် လက်ရေးဖြင့် ရေးသားထားပြီး တံဆိပ်တုံး ထုနှိပ်ထားသော သက်သေခံလက်မှတ်တစ်ခု ပါရှိလေသည်။
ဤလက်မှတ်မှာ နောက်ပိုင်း ဤအိမ်ဝင်းထဲသို့ ဝင်ထွက်သွားလာနိုင်မည့် ခွင့်ပြုချက်လက်မှတ် ဖြစ်လာပေလိမ့်မည်။
ရန်ကျိမင်က လီရှန်း၏ ကျောင်းသားမှတ်တမ်းကိစ္စရပ်များက ပြီးစီးသွားသည်ကို မြင်ရသည့်အချိန်မှ စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက် ချနိုင်လေတော့၏။
“အတန်းချိန်အတွင်း ကြေညာချက်တွေကို သေချာနားထောင်နော်၊ကျွန်မတို့ရဲ့ ကျောင်းသားအများစုက နိုင်ငံအနှံ့အပြားက ဆရာဝန်တွေပဲ၊
တချို့က အတော်လေး ဝေးလံတဲ့နေရာတွေမှာ နေထိုင်ကြတာဆိုတော့၊ ဒီကို ရောက်ရှိလာဖို့ အချိန်နည်းနည်း ယူရဦးမှာပါ”
ဆရာမက ဤကဲ့သို့သော အချိန်မျိုးတွင်ပင် ဆေးပညာကို သင်ယူလိုစိတ်ရှိနေကြဆဲဖြစ်သော လူများကို အမှန်တကယ်ပင် လေးစားမိသည်။
ထို့ကြောင့် သူမ၏ လေသံက အလွန်ပင် နူးညံ့လွန်း၏။
“ကောင်းပြီ၊ အချိန်ကျရင် ငါ့ကိုပါ အကြောင်းကြားပေးပါဦး”
“ကောင်းပြီ၊ သူမက ဆရာကြီးရဲ့ တပည့်ရင်းပဲဆိုတော့ သတိပေးရမှာပေါ့”
ရန်ကျိမင်က ဆရာမ၏ စကားကိုငြင်းဆန်ခြင်း မပြုခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက လီရှန်းကို ခေါ်ဆောင်လျက် ရုံးခန်းထဲမှ ထွက်ခွာလာခဲ့သည်။
သူတို့က ခဏမျှ လမ်းလျှောက်ပြီးနောက် ဝင်းခြံ၏ အနောက်ဘက်ဆီသို့ ရောက်လာလေ၏။ ထိုနေရာ၌ အိပ်ဆောင်တန်းလျားတစ်ခု ရှိနေသည်။
ရန်ကျိမင်က မိတ်ဆက်ပြောလာလေသည်။
“ဒီနေရာမှာ နေထိုင်မလားဆိုတာကတော့ မင်းရဲ့သဘောဆန္ဒအတိုင်းပဲ၊ တကယ်လို့ မင်း ဒီမှာမနေချင်ဘူးဆိုရင်လည်း အိမ်ပြန်လို့ရပါတယ်၊
ဘာပဲဖြစ်ဖြစ် ဒီနေရာက အနောက်လမ်းနဲ့ မဝေးဘူးဘေ၊
မင်း စက်ဘီးတစ်စီးကို ဝယ်ယူပြီး လမ်းကြားတွေထဲကနေ ဖြတ်သန်းသွားမယ်ဆိုရင် ဆယ့်ငါးမိနစ်လောက်ပဲ အချိန်ယူရမှာ”
“ကျွန်မ စက်ဘီးတစ်စီးရဖို့ ကြိုးစားကြည့်ပါ့မယ်”
လီရှန်းကို လိုက်လံ၍ ပြသပြီးနောက် ရန်ကျိမင်က သူမကို ပြန်ခေါ်လာခဲ့၏။
“ကျောင်းမဖွင့်ခင် ငါ မင်းကို စာအုပ်နည်းနည်း ပေးထားမယ်၊ အိမ်ပြန်ရောက်ရင် အေးအေးဆေးဆေး ဖတ်ထားလိုက်ဦး၊ အလောတကြီး ဖတ်ဖို့ မလိုပါဘူး၊ တစ်အုပ်ချင်းစီကို အကြိမ်ကြိမ် ဖတ်ရှုပြီး သေသေချာချာ နားလည်သဘောပေါက်အောင်လုပ်ပါ”
လီရှန်းက ခေါင်းညိတ်ပြလိုက်လေသည်။
ရန်ကျိမင်က သူမအတွက် သီးသန့် လမ်းညွှန်ပြသပေးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထင်ရှားပေ၏။
ရန်မိသားစု၏ အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ရန်ကျိမင်က သူမကို စာအုပ် ငါးအုပ်၊ ခြောက်အုပ်ခန့် ပေးခဲ့သည်။
ထိုစာအုပ်များက အကြိမ်ကြိမ် ဖတ်ရှုထားဖူးသည့် ပုံစံမျိုး ရှိသော်လည်း စုတ်ပြဲပျက်စီးနေခြင်း မရှိပေ။
ထိုစာအုပ်များက ပုံမှန်အားဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းကို ပြသနေလေသည်။
ရန်ကျိမင်က သူမထံသို့ စာအုပ်များကို ငှားရမ်းပေးခဲ့ပြီး စာမျက်နှာတချို့ကို ဝိုင်းပြထားခဲ့၏။
ထို့နောက် ထိုစာမျက်နှာများကို သေသေချာချာ ဖတ်ရှုလေ့လာရန် ညွှန်ကြားခဲ့သည်။
ညနေပိုင်း အိမ်သို့ ပြန်လည်၍ ရောက်ရှိလာချိန်တွင် လီရှန်းက စာအုပ်များကို ပွေ့ချီထားပြီး စုဝေ့ချင်းကတော့ ကလေးကို ပွေ့ချီထားခဲ့လေသည်။
သူမက မပြောဘဲမနေနိုင်တော့ပေ။
“ကျွန်မ ဒီဘဝမှာ တကယ့်ကို ကံကောင်းတယ်လို့ ခံစားရတယ်၊ အမြဲတမ်းလူကောင်းတွေနဲ့ပဲ ဆုံတွေ့နေရသလိုပဲ”
“အဲဒါက မင်းကိုယ်တိုင်က
ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေလို့ပဲလေ..
မင်းလိုမျိုး ကောင်းမွန်တဲ့လူက လူကောင်းတွေနဲ့ ဆုံတွေ့ဖို့ ထိုက်တန်ပါတယ်”
ဥပမာအားဖြင့် သူကိုယ်တိုင်နှင့် ဆရာကြီးရန်ကျိမင်တို့ ဖြစ်ပေသည်။
ဆေးတက္ကသိုလ်က အတန်းများကို စတင်ရန်အတွက် အလျင်စလိုမရှိသေးသောကြောင့် စုဝေ့ချင်းတို့ဇနီးမောင်နှံနှစ်ဦးက အားလပ်ချိန်များကို ရရှိနေခဲ့ကြ၏။
အဘိုးရန်၏နေရာမှ ပြန်လာပြီးနောက် စုဝေ့ချင်းက မီးဖိုချောင်ကို ပြင်ဆင်တော့သည်။
သူက မူလကတည်းက လက်မှုလုပ်ငန်းများကို လုပ်ကိုင်ရခြင်းကို အလွန်နှစ်သက်သူ ဖြစ်၏။
စုရှောင်လော် မွေးဖွားစအချိနလည်း သူက သူမအတွက် ကလေးပုခက်တစ်ခုကို ကိုယ်တိုင် ပြုလုပ်ပေးခဲ့ဖူးသည်။
သူက မီးဖိုအတွက် အတိုင်းအတာများကို တိုင်းတာလိုက်ပြီးနောက်၊ စိတ်နှလုံးကောင်းရှိသော အစ်မမာထံသို့ သွားရောက်ပြီး သစ်သားများ ဝယ်ယူနိုင်မည့်နေရာကို သွားရောက်မေးမြန်းခဲ့သည်။
သူ၏မေးခွန်းက အစ်မမာကို အခက်တွေ့စေခဲ့၏။
“ငါတို့က ငါတို့ရဲ့ ပရိဘောဂတွေကို ပရိဘောဂစက်ရုံကနေပဲ တိုက်ရိုက် ဝယ်ယူကြတာလေ”
ယခုခေတ်ကာလတွင် ကိုယ်ပိုင်သီးသန့်မှာယူပြုလုပ်ခြင်းက ခေတ်မစားတော့ပေ။
စုဝေ့ချင်းကလည်း ထိုအကြောင်းကိုကြားလိုက်ရလျှင် စိတ်ဝင်စားသွားပြီး မေးမြန်းလိုက်လေသည်။
“ဒါဆိုရင်လည်း လမ်းညွှန်ပေးပါဦး အစ်မမာ၊ ပရိဘောဂစက်ရုံက ဘယ်နားမှာလဲ”
အစ်မမာက နေရာကို လမ်းညွှန်ပြသပေးခဲ့ရုံသာမက သူမ၏ အငယ်ဆုံးသားကိုပါ စုဝေ့ချင်းနှင့်အတူ လိုက်သွားစေခဲ့၏။
*