အခန်း ၃၁၉
Vol. 32 Ch. 319
အခန်း(319)
စုဝေ့ချင်းက ရည်မှန်းချက်ကြီးမားသူမျိုး မဟုတ်ပေ။
သူက အတိတ်တွင်လည်း အိမ်ထောင်ကျရန်အတွက်သာ ကြိုးစားရုန်းကန်ခဲ့ရခြင်း ဖြစ်သည်။
ယခုအချိန်တွင် ဇနီးသည်၊ သားသမီးနှင့် နွေးထွေးသော အိပ်ရာတစ်ခုကို ပိုင်ဆိုင်ထားရပြီ ဖြစ်သောကြောင့် စိတ်အပန်းဖြေပြီး အားအင်လျှော့ချရန်သာ တွေးတောနေခဲ့၏။
နှမြောစရာကောင်းစွာဖြင့် ဤအတွေးလေးက သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်တွင်ပင် သူ၏ဦးခေါင်းထဲရှိ စနစ်က ပြတ်သားလွန်းသော သတိပေးချက်တစ်ခုကို ထုတ်ပြန်လိုက်ပြီး၊ သူ့ထံသို့ တာဝန်တစ်ခုကိုပါ တိုက်ရိုက် ပေးအပ်လိုက်လေတော့သည်။
[တီ၊ တာဝန်အသစ် : သင့်အနေဖြင့် ယခုနှစ်အတွင်း စာအုပ်တစ်အုပ်ကို သေချာပေါက် ထုတ်ဝေရမည်]
စုဝေ့ချင်းတစ်ယောက် စက်ဘီးလက်ကိုင်ကိုပင် မထိန်းနိုင်ဘဲ ယိုင်နဲ့သွားရပြီး စက်ဘီးပေါ်မှပင် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရ၏။
စက်ဘီး၏ အရှေ့ဘားပေါ်ရှိ စုရှောင်လော်လည်း အလွန် ထိတ်လန့်သွားရသည်။
ထို့ကြောင့် စုဝေ့ချင်း၏ ခါးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း ကြောက်လန့်တကြား အော်ဟစ်မိရှာတော့သည်။
“မင်း ရုတ်တရက်ကြီး အသံထွက်လာတာ ရပ်သင့်ပြီ”
စုဝေ့ချင်းအနေဖြင့် အမှန်တကယ်ကို ဒေါသထွက်သွားရသည်။
သူက သူ၏ သမီးကိုပင် မြေပြင်ပေါ်သို့ ပစ်ချမိလုနီးပါး ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။
ဒီစနစ်က ဘာတွေ အရူးထနေရတာလဲ။
စနစ်က သူ့အနေဖြင့် အမှားတစ်ခုကို လုပ်ဆောင်မိသွားကြောင်းကို သိရှိသွားရသည်။
သူက နောက်ထပ် စကားတစ်ခွန်းမှပင် မပြောတော့ဘဲ တိတ်တဆိတ် ပုန်းကွယ်သွားလေတော့၏။
စုဝေ့ချင်းက စက်ဘီးကို ရပ်တန့်လိုက်ပြီး၊ ခေါင်းကို ငုံ့လျက် စုရှောင်လော်ကို နူးညံ့စွာ ချော့မော့လိုက်ရသည်။
သူမက အနည်း လန့်သွားရုံသာဖြစ်ကြောင်းကို မြင်တွေ့ရမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့၏။
သူက စက်ဘီးကို ပြန်လည် စီးလိုက်ကာ အိမ်သို့ အမြန်ဆုံး မောင်းနှင်ခဲ့လေသည်။
အိမ်ထဲသို့ ဝင်ရောက်လာသည်နှင့် စုရှောင်လော်က အလွန်လိမ္မာစွာဖြင့် သူမ၏ မျက်နှာနှင့် လက်များကို ဆေးကြောသန့်စင်လိုက်လေ၏။
ထို့နောက် စာရေးစားပွဲတွင် ထိုင်လျက် အိမ်စာများလုပ်ရန်အတွက် ဘောပင်နှင့် မှတ်စုစာအုပ်ကို ထုတ်ယူလေတော့သည်။
စုဝေ့ချင်းကတော့ ခါးစည်းကို ဝတ်ဆင်လိုက်ပြီး ဟင်းချက်ရန် ပြင်ဆင်လေတော့၏။
ယခုရက်ပိုင်းအတွင်း လီရှန်းက ပညာသင်ယူရန်အတွက် ဆရာကြီးရန်၏ နေရာထံသို့ နေ့တိုင်းနီးပါး သွားနေခဲ့ရသည်။
သူမနှင့်အတူ ဒုတိယမျိုးဆက် ဆရာဝန်နှစ်ဦးလည်း ရှိနေ
လေ၏။
သူတို့၏ အခြေခံဗဟုသုတက လီရှန်းထက် ပိုမိုကောင်းမွန်လွန်းသောကြောင့်၊ လီရှန်းက ပိုမို ကြိုးစားပြီးး လေ့လာနေရသည်။
စုဝေ့ချင်းကလည်း ကျောင်းမဖွင့်သေးသောကြောင့် သူမက မိုးချုပ်သည့်တိုင်အောင် စာလေ့လာပြီးမှသာ အိမ်သို့ ပြန်လာတတ်၏။
ဤလွန်ခဲ့သော ရက်ပိုင်းအတွင်း စုဝေ့ချင်းက မိသားစု၏ ကြီးမားသော တာဝန်ဝတ္တရားများကို ပုခုံးထမ်းတင်ထားခဲ့ရသည်။
ထမင်းဟင်းချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းနှင့် ကလေးကို ကျောင်းကြိုကျောင်းပို့လုပ်ခြင်း အားလုံးကို တာဝန်ယူဆောင်ရွက်ပေးနေခဲ့ရ၏။
ရှေးလူကြီးများ၏ ပြောစကားအရ အိမ်ထဲ၌ ဇနီးကောင်းတစ်ဦး ရှိနေခြင်းက ခင်ပွန်သည်အတွက် အပြင်တွင် အလုပ်များ လုပ်ကိုင်နိုင်ရန်အတွက် ခွန်အားများကို ပံ့ပိုးပေးနိုင်သည်ဟူ၍ပင်။
နှမြောစရာကောင်းစွာဖြင့် ဤမျှအထိ စွမ်းဆောင်ရည်ရှိလွန်းသော ဇနီးသည်ပင်လျှင် သူမ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ်၌သာ အာရုံစိုက်နေရရှာ
သည်။
ထိုညတွင် လီရှန်း အိမ်သို့ ပြန်လည်၍ ရောက်ရှိလာချိန်တွင် စုဝေ့ချင်းက သူမထံသို့ ထိတ်လန့်ဖွယ်ရာကောင်းသော သတင်းဆိုးတစ်ခုကို ထုတ်ဖော်ပြောပြလိုက်လေတော့၏။
ထိုပျင်းရိလွန်းသော စနစ်က အမှန်တကယ်ပင် တာဝန်တစ်ခုကို ပေးအပ်လိုက်လေပြီ။
လီရှန်းတစ်ယောက် မသိစိတ်ဖြင့် သူမ၏ စိတ်ထဲရှိ စနစ်ကို လှမ်းခေါ်ကြည့်လိုက်လေသည်။
သို့သော် စနစ်က မွန်းလွဲပိုင်းတွင် ကြီးမားသော အမှားတစ်ခုကို ကျူးလွန်မိလုနီးပါးဖြစ်ခဲ့ရသောကြောင့် တုန်လှုပ်ကြောက်လန့်နေကာ အသံမထွက်ဘဲ ပုန်းကွယ်နေခဲ့လေ၏။
စနစ်ထံမှ အကူအညီ မရရှိနိုင်တော့သည့်အတွက်ကြောင့် လီရှန်းက စုဝေ့ချင်းကိုသာ ဆက်လက် မေးမြန်းရဘေတော့သည်။
“အဲဒီစနစ်က သတ်မှတ်ထားတဲ့ အချိန်ကာလရှိလား”
“သူက ဒီနှစ်အတွင်းလို့ ပြောတယ်”
စုဝေ့ချင်းက စိတ်ပျက်စွာဖြင့် သူ၏ဦးခေါင်းကို ပွတ်သပ်လိုက်မိသည်။ သူ၏မျက်ခုံးကလည်း စိုးရိမ်စိတ်များကြောင့် တွန့်ချိုးနေခဲ့ရသည်။
သူ၏ ကိုယ်ပိုင်ဆန္ဒအလျောက် စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခြင်းနှင့် တခြားလူများ၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် ထုတ်ဝေရခြင်းတို့က ခံစားချက်ချင်း လုံးဝ ကွဲပြားခြားနားလွန်း၏။
ဝါသနာနှင့် အလုပ်အကိုင်ဟူသည်က မတူညီနိုင်ပေ။
ပါဝင်သောအကြောင်းအရာများက တူညီနေလျှင်ပင် ခံစားရသော အတွေ့အကြုံက မိုးနှင့်မြေလို ကွာခြားလွန်းပေလိမ့်မည်။
“ရှင် အရင်တုန်းက ရှင့်ရဲ့အကြီးဆုံးအစ်ကိုဆီကို ဖုန်းဆက်ပြီး ရှင့်ရဲ့အံဆွဲထဲမှာရှိတဲ့ စာအုပ်တွေကို သတင်းစာတိုက်ဆီ ပို့ခိုင်းဖူးတယ် မဟုတ်ဘူးလား”
သူက ဤမျှအထိ စိတ်လှုပ်ရှားနေသည်ကို မြင်ရသည့်အချိန်တွင် လီရှန်းက သက်ပြင်းချရင်း မေးလိုက်လေသည်။
ဤလူက သူ၏အရည်အချင်းအပေါ် သေသေချာချာ နားလည်သဘောပေါက်ထားခြင်း ရှိပါ၏လော။
သူတို့က လွန်ခဲ့သော ငါးနှစ်လုံးလုံး စနစ်၏ စနစ်တကျသော လမ်းညွှန်ပြသမှုအောက်တွင် ကြိုး
စားစွာ လေ့လာသင်ယူခဲ့ကြဖူးသည်။
ယခုအချိန်တွင် သူ့ကိုယ်သူ ယုံကြည်မှု အနည်းငယ်တော့ ရှိသင့်သည် မဟုတ်ပါလား။
“ဟုတ်သားပဲ”
စုဝေ့ချင်းက ရုတ်တရက်ပင် သူ၏ဦးခေါင်းကို မော့လိုက်ရင်း ပြောလိုက်လေ၏။
“ဒါဆိုရင် ကိုယ် ကိုယ့်ရဲ့အကြီးဆုံးအစ်ကိုကို ထုတ်ဝေရေးစာပေတိုက်ဆီကို စာမူတွေ ထပ်ပြီး ပို့ခိုင်းကြည့်ရင်ရော မကောင်းဘူးလား”
“အဆင်ပြေတာပေါ့၊ စမ်းသပ်ကြည့်ရုံနဲ့တော့ ဘာမှ မနစ်နာပါဘူး၊ အဆိုးဆုံးဖြစ်မှ ငြင်းပယ်ခံရရုံပဲရှိတာလေ”
လီရှန်းက အားပေးစကား ပြောလိုက်လေသည်။
“တကယ်လို့ ကျွန်မတို့ရဲ့ပြည်နယ်မြို့တော်က ထုတ်ဝေရေးတိုက်တွေက သဘောမတူဘူးဆိုရင်တောင် ပေကျင်းက ထုတ်ဝေရေးစာပေတိုက်တွေကို စမ်းကြည့်လို့ ရတာပဲလေ၊
တစ်နိုင်ငံလုံးမှာ ထုတ်ဝေရေးတိုက်တွေ ဒီလောက်အများကြီး ရှိတာ၊ ရှင့်ရဲ့စာမူကို သဘောကျမယ့်နေရာတစ်ခုတော့ သေချာပေါက် ရှိလာမှာပါ၊
တကယ်လို့ သူတို့အားလုံးက သဘောမကျကြဘူးဆိုရင်တောင် သူတို့မှာလည်း အကြောင်းရင်းတွေ ရှိကြမှာပဲလေ၊
ကျွန်မတို့က သူတို့ဆီက ဝေဖန်အကြံပြုချက်တွေကို တောင်းခံပြီး၊ နောက်တစ်ကြိမ်ကျရင် ပြင်ဆင်ပြီး ပြန်ရေးကြတာပေါ့”
လီရှန်း၏ နှစ်သိမ့်အားပေးစကားများကြောင့် စုဝေ့ချင်း၏ အစပိုင်းက တုန်လှုပ်ခြောက်ခြားနေခဲ့သော စိတ်ခံစားချက်များက တဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားခဲ့ရလေတော့၏။
သူက စိတ်အေးသွားပြီးနောက် ပြန်လည်စဉ်းစားကြည့်သည့်အချိန်တွင် ဤတောင်းဆိုချက်က အလွန် ခက်ခဲလွန်းခြင်း မရှိကြောင်းကို သဘောပေါက်လိုက်မိသည်။
သူက မူလကတည်းက စာအုပ်တစ်အုပ်ကို ထုတ်ဝေလိုစိတ် ရှိခဲ့သူဖြစ်သည့်အပြင် သူ ရေးသားခဲ့ဖူးသော ဆောင်းပါးတချို့ကလည်း သတင်းစာများတွင် ဖော်ပြခြင်း ခံခဲ့ရဖူးသည်။
၎င်းတို့ကို စုစည်းလျက် စာအုပ်တစ်အုပ် ပြုလုပ်ရန်က ကြီးမားသော ပြဿနာတစ်ခု မဟုတ်နိုင်ပေ။
ဤရှုထောင့်မှ ကြည့်လျှင် စာအုပ်တစ်အုပ် ထုတ်ဝေရခြင်းက ဤမျှအထိ ခက်ခဲလွန်းသည်တော့ မဟုတ်ပေ။
“ဒါဆိုရင် ကိုယ် မနက်ဖြန် ကိုယ်ရဲ့အကြီးဆုံးအစ်ကိုဆီကို ဖုန်းဆက်လိုက်ရင် ကောင်းမလား”
“မနက်ဖြန်ညပိုင်းမှ ဆက်ရင်ရော ဘယ်လိုလဲ၊ မနက်ဖြန် နေ့ခင်းပိုင်းမှာ ရှင် ကျောင်းသွားပြီး ကျောင်းအပ်စာရင်းသွင်းရဦးမှာလေ၊
ဒါကြောင့် အရင်ဆုံး အပြင်မှာ နေထိုင်ခွင့် ရနိုင်မလားဆိုတာကို သွားပြီး စုံစမ်းကြည့်ရအောင်၊
တကယ်လို့ မရဘူးဆိုရင်တော့ ကျွန်မတို့ တခြားနည်းလမ်းတစ်ခုခုကို ထပ်ပြီး စဉ်းစားရမှာပဲ”
“ကျောင်းအတော်များများက ပထမနှစ်ကျောင်းသားတွေကို အပြင်မှာ နေထိုင်ခွင့် မပြုဘဲ ကျောင်းဆောင်ထဲမှာပဲ နေထိုင်ခိုင်းကြတယ်လို့ ကျွန်မ ကြားခဲ့ရတယ်”
စုဝေ့ချင်းက မျက်မှောင်ကြုတ်လိုက်မိသည်။
“ဘယ်လိုမျိုးလဲ”
အကယ်၍ ကျောင်းဆောင်ထဲ၌သာ မဖြစ်မနေ နေထိုင်ရမည်ဆိုပါက စုရှောင်လော်ကို လီရှန်းတစ်ဦးတည်းကသာ ပြုစုစောင့်ရှောက်ရတော့မည်ပင်။
အဓိကအချက်က လီရှန်းကိုယ်တိုင်၌လည်း ပြီးစီးအောင် သင်ယူရမည့် ပညာရပ်များက ရှိနေဆဲ ဖြစ်သည်။
အကယ်၍ အခြေအနေက ထိုသို့ ဖြစ်လာမည်ဆိုပါက သူတို့အနေဖြင့် ရဲဘော်လော်ယွီရှို့ကိုသာ သတ်မှတ်ထားသည့် အသက်အရွယ်မတိုင်ခင် အနားယူခိုင်းလိက်ရပြီး ကလေးကို ကူညီ၍ထိန်းကျောင်းပေးရန် ပေကျင်းသို့ လှမ်းခေါ်ရုံသာတတ်နိုင်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ စုရှောင်လော်က ဤကျောင်း၌ ကျောင်းအပ်နှံပြီးသား ဖြစ်နေခဲ့လေပြီ။
သူမကို ပိုင်မားခရိုင်သို့ ပြန်လည်၍ စေလွှတ်ကာ ထိုနေရာတွင်ကျောင်းတက်ခိုင်းရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
စုဝေးချင်းတို့ဇနီးမောင်နှံနှစ်ဦးလုံးကလည်း သူတို့၏ ကလေးနှင့် ခွဲခွာ၍ မနေလိုကြပေ။
“တကယ်လို့ လူတိုင်းက အဆင်မပြေဘူးဆိုရင်လည်း ကလေးကို ကူပြီး ထိန်းကျောင်းပေးမယ့်သူတစ်ယောက်ကို ရှာဖွေပြီး လစာပေးထားလိုက်ကြတာပေါ့”
နောက်တစ်နေ့ မနက်တွင် စုဝေ့ချင်းက စုရှောင်လော်ကို ကျောင်းသို့ အရင်ဆုံး လိုက်လံ၍ ပို့ဆောင်ပေးခဲ့ပြီးမှသာ ကျင့်ဟွာတက္ကသိုလ်သို့ ကျောင်းအပ်စာရင်းသွင်းရန်အတွက် ထွက်ခွာလာခဲ့လေတော့၏။
လီရှန်း၏ ကျောင်းသားမှတ်တမ်းက တခြားနေရာသို့ ပြောင်းရွှေ့ပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်သောကြောင့် စုဝေ့ချင်းက ကျောင်း၏ ကျောင်းသားစီမံခန့်ခွဲမှုဌာနသို့ သွားရောက်အသိပေးရန် လိုအပ်သည်။
လီရှန်းက ဆေးတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီဖြစ်ကြောင်းကို ကြားသိရသည့်အချိန်တွင် ဌာနအကြီးအကဲက မည်သည့်စက်းကိုမှမပြောတော့ပါချေ။ သူမ လီရှန်း၏ အခြေအနေများကို စာရွက်ပေါ်တွင် ရိုးရှင်းစွာ ရေးမှတ်လိုက်ပြီးနောက် တံဆိပ်တုံးထုနှိပ်ပြီး သူ၏ဘေးနားရှိ ဗီရိုထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်လေသည်။
ထို့နောက်မှ စုဝေ့ချင်းက ကျောင်းအပြင်တွင် ညအိပ်နေထိုင်ခွင့် လျှောက်လွှာကို တင်သွင်းလိုက်လေတော့၏။
သူက အလွန်ပင် ရိုးသားလေးနက်လွန်းသော လေသံဖြင့် ပြောလိုက်လေသည်။
“ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက ကလေးကို ခေါ်ပြီး ကျောင်းလာတက်ကြတာပါ၊
ကျွန်တော့်ဇနီးကလည်း လျှို့ဝှက်လေ့ကျင့်ရေးအဖွဲ့ထဲမှာ ပါဝင်နေရတာလေ၊ တကယ်လို့ ကျွန်တော်သာ ကျောင်းဆောင်ထဲမှာ လာနေမယ်ဆိုရင် သူမတစ်ယောက်တည်း ကလေးကို ပြုစုစောင့်ရှောက်ဖို့က တကယ်ကို ခက်ခဲရလိမ့်မယ်”
အမှန်အတိုင်း ပြောရလျှင် ထိုဌာနအကြီးအကဲက ဤကဲ့သို့သော တောင်းဆိုချက်မျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
တခြားသော ကျောင်းသားအများစုမှာ ကျောင်းက ညွှန်ကြားသမျှကိုသာ နာခံတတ်ကြ၏။
သူတို့၏ အခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရန် နည်းလမ်းများကိုသာ ရှာဖွေတတ်ကြလေသည်။
သူတို့ထံသို့ လာရောက်ကာ ဤကဲ့သို့ တိုင်ပင်ဆွေးနွေးခြင်းမရှိခဲ့ဖူးပေ။
သို့သော် သူတို့က အကျိုးအကြောင်း နားမလည်သော လူမျိုးများတော့ မဟုတ်ကြပေ။
ထို့ကြောင့် သူ မေးမြန်းလိုက်လေသည်။
“အိမ်မှာ ကူညီပြီး စောင့်ရှောက်ပေးမယ့်သူ ဘယ်သူမှ မရှိဘူးလား”
“ကျွန်တော့်ရဲ့ မိဘနှစ်ဦးလုံးက နင်ရှပြည်နယ်က ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတာပါ၊ သူတို့ကလည်း အနားယူရမယ့် အသက်အရွယ်ကို မရောက်ကြသေးပါဘူး”
*