← Chapters

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း။ ၃၉၃

ဤမြောက်ဘက်လွင်ပြင်သည် အဆုံးမရှိကျယ်ပြောလှပြီး တောင်တန်းကြီးများ၊ ထူထပ်သော တောအုပ်ကြီးများနှင့် ကြောက်မက်ဖွယ် သားရဲများ၊ ငှက်ကြီးများဖြင့် ပြည့်နှက်နေကာ အသက်ရှိသူတို့အတွက် တားမြစ်နယ်မြေပမာ ဖြစ်နေသည်။

"ဝုန်း"

ဒေါသထွက်ဖွယ် အော်ဟစ်သံကြီးတစ်ခုက မိုင်ရာချီအောင် ပဲ့တင်ထပ်သွားသည်။ မီးလျှံများ ကောင်းကင်သို့ ထိုးတက်သွားပြီး တောင်ကွဲကြီးတစ်ခုထဲမှ အတောင်ပံဖြန့်လျှင် ပေတစ်ရာကျော် ရှိမည့် ကိုယ်ထည် ပေဆယ်ဂဏန်းရှိသည့် အပြာရောင်ငှက်ကြီးတစ်ကောင်က မီးတောက်များ ဝန်းရံလျက် ပျံသန်းထွက်ပေါ်လာသည်။

"ဒုက္ခပဲ အပြာရောင် ငှက်ကြီး ပြန်လာပြီ"

"အိမ်ကို အမြန်ပြန်ကြ"

"ငှက်ကြီးရေ ငါတို့နောက် မလိုက်ပါနဲ့ ငါတို့က ဥ ခိုးတဲ့သူတွေ မဟုတ်ဘူး"

ကောင်လေးအုပ်စုမှာ ကြောက်လန့်တကြားဖြင့် ရွာရှိရာသို့ ပြေးကြသည်။

"ငါ့ကလေးကို ပြန်ပေးစမ်း"

ထိုသားရဲငှက်ကြီးသည် လူစကားဖြင့် အော်ဟစ်လိုက်သည်။ ထိုအသံလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ တိမ်တိုက်များပင် ပျက်စီးသွားသည်။

ကံကောင်းထောက်မစွာပင် ကောင်လေးများမှာ တောင်ကြားလမ်းကြောင်းများကို ကျွမ်းကျင်စွာ အသုံးပြု၍ ငှက်ကြီး၏အရှိန်ကို ဟန့်တားကာ ပြေးလွှားနေကြသည်။

မြင်ကွင်းအဆုံးတွင် မီးခိုးငွေ့များ တလူလူတက်နေသည့် ရွာတစ်ရွာ ပေါ်လာသည်။ ကောင်လေးတို့မှာ ဝမ်းသာအားရ ဖြစ်သွားကြသည်။

"ဝုန်း"

ငှက်ကြီးလည်း ရွာကို သတိပြုမိသွားသည်။ ငှက်ကြီး၏ အတောင်ပံမှ အပြာရောင် ရောင်စဉ်များ ထွက်ပေါ်လာပြီးနောက်

"ဖြတ် ဖြတ် ဖြတ်"

လမ်းကြောင်းကို ပိတ်ဆို့ထားသော တောင်တန်းများကိုပင် ထောပတ်ကဲ့သို့ အလွယ်တကူ ခုတ်ထစ်ပစ်လိုက်သည်။

"နတ်ဘုရားလီ ကယ်ပါဦး"

ကြောက်လန့်နေသော ကောင်လေးတို့၏ မျက်နှာများမှာ ပြာနှမ်းသွားသည်။

"ဝူး"

လေတိုးသံ ပြင်းပြင်းနှင့်အတူ ငှက်ကြီး၏ အေးစက်သော မျက်လုံးများက သူတို့ကို စိုက်ကြည့်ကာ လက်သည်းများဖြင့် အုပ်ကိုင်ရန် ပြင်လိုက်သည်။

"ဆရာ..."

အဝေးမှ ကလေးငယ် ရှီဟွမ်မှာ ခေါင်းမော့ကာ ချန်ကျီရှင်းထံမှ အကူအညီ တောင်းလိုက်သည်။ ချန်ကျီရှင်းမှာ ခေါင်းညိတ်လိုက်ပြီး ငှက်ကြီးကို သတ်ဖြတ်ရန် လက်ကို မြှောက်လိုက်သည်။

"ဖြတ်"

ကောင်းကင်ပေါ်မှ စိမ်းလန်းတောက်ပသော ထင်းရှူးကိုင်းတစ်ကိုင်း ရုတ်တရက် ဆင်းသက်လာသည်။

ထိုငှက်ကြီးမှာ ထင်းရှူးကိုင်းကို မြင်လိုက်သည်နှင့် ရုတ်တရက် ရပ်တန့်သွားပြီး ကျောက်ရွာဘက်သို့ ဒေါသတကြီး ကြည့်လိုက်သည်။

"သူတို့ ငါ့ဥကို ခိုးသွားတာ"

အပြာရောင်ငှက်ကြီးက ကောင်လေးတို့ဘက်သို့ ညွှန်ပြလိုက်သည်။

"သူတို့က တောသစ်သီး ခူးရင်း မတော်တဆ မင်းနယ်မြေထဲ ရောက်သွားတာပါ။ သူတို့ မင်းကလေးကို မခိုးပါဘူး။ ကလေးတွေကို ဒီလောက်တောင် လိုက်သတ်စရာ လိုလို့လား"

ထင်းရှူးကိုင်းထဲမှ ပင်ပန်းနွမ်းနယ်နေဟန်ရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ့နယ်မြေထဲမှာ သူတို့ပဲ ရှိတာလေ သူတို့မဟုတ်ရင် ဘယ်သူဖြစ်မလဲ"

ငှက်ကြီးက ဒေါသတကြီး အော်သော်လည်း ထင်းရှူးကိုင်းကို ကြောက်ရွံ့ဟန်ဖြင့် တိုက်ခိုက်ရန် တုံ့ဆိုင်းနေသည်။

"မင်းဥကို ခိုးသွားတဲ့သူက အရှေ့ဘက်ကို ထွက်ပြေးသွားပြီ။ အခု လိုက်သွားရင် မှီနိုင်သေးတယ်"

ထင်းရှူးကိုင်းမှ သြဇာညောင်းသော အသံက ပြောသည်။

ငှက်ကြီးမှာ ခဏမျှ စဉ်းစားပြီးနောက် ကောင်လေးတို့ကို တစ်ချက် စိုက်ကြည့်ကာ အရှေ့ဘက်သို့ အရှိန်ပြင်းစွာ ပျံသန်းသွားသည်။

"နတ်ဘုရားလီကို ကျေးဇူးတင်ပါတယ်"

ကောင်လေးတို့ ဝမ်းသာအားရ အော်ဟစ်ကြသည်။

ထင်းရှူးကိုင်းမှာ ပြန်ဆုတ်ခွါခါနီးတွင် "ဆရာ... အဲ့ဒါ နတ်ဆိုးပဲ ဒီနတ်ဆိုးက အရမ်းမိုက်တာပဲ" ဟု ကလေးငယ် ရှီဟွမ်က အားရပါးရ အော်ပြောလိုက်သည်။

"အင်း နတ်ဆိုး"

ချက်ချင်းပင် ထင်းရှူးကိုင်း၏ ဆုတ်ခွာမှု ရပ်တန့်သွားပြီး မျက်လုံးပါရှိသည့်အလား ကလေးငယ်ဘက်သို့ လှည့်ကြည့်လာသည်။

"မလုပ်နဲ့ ဒီအစောင့်အရှောက်က ရွာသူရွာသားတွေကို ကာကွယ်ပေးနေတာ။ သူသာမရှိရင် ဒီနေ့ ဒီသားရဲလက်ထဲမှာ လူတွေ အများကြီး သေလိမ့်မယ်။ ဘယ်လိုလုပ် နတ်ဆိုးဖြစ်မလဲ ဒါက လူတွေကို ကယ်တင်တဲ့ ကျေးဇူးရှင် နတ်ဘုရားပဲ"

ချန်ကျီရှင်းက ကလေးငယ်ကို ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။

ကလေးငယ်မှာ ပါးစပ်အဟောင်းသားနှင့် ချန်ကျီရှင်းကို ငေးကြည့်နေသည်။

စောနတုန်းက... ဆရာက ဒီလိုမျိုးပြောခဲ့တာမှ မဟုတ်တာ….

"ရှီမျိုးနွယ်စုရဲ့ ဘိုးဘွားအရိုးစုတွေက ဒီမှာလား"

ချန်ကျီရှင်းက အဝေးရှိ ကျောက်ရွာဘက်သို့ လှည့်ကာ ကျယ်လောင်စွာ မေးလိုက်သည်။

ရှီမျိုးနွယ်စုဆိုသော စကားလုံး ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ငြိမ်သက်နေသော ကျောက်ရွာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ချက်ချင်းပင် နွားချိုများဖြင့် ပြုလုပ်ထားသော လေးကြီးကို လွယ်ထားပြီး ငှက်မွေးဦးထုပ်ကို ဆောင်းထားသော ပိန်သွယ်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျောက်ရွာထဲမှ ထွက်လာသည်။

"ခင်ဗျားတို့က... ရှီမျိုးနွယ်စုကလား"

ပိန်သွယ်သူက ချန်ကျီရှင်းကို စိုးရိမ်တကြီးဖြင့် မေးသည်။

"ကျွန်တော်ကတော့မဟုတ်ဘူး သူကတော့ဟုတ်တယ်"

ချန်ကျီရှင်းသည် ကလေးငယ်၏ ဦးခေါင်းကို ပွတ်သပ်ရင်း ပြုံးကာ ပြောသည်။

ထိုအမျိုးသားက ကလေးငယ်ကို စူးစိုက်ကြည့်ပြီးနောက် "ခင်ဗျားတို့ နှစ်ယောက် ကျွန်တော့်နောက် လိုက်ခဲ့ကြပါ။ အကြီးအကဲက ခေါ်ခိုင်းထားတယ်" ဟု ပြောသည်။

...

...

ကျောက်ရွာ၏ အကြီးအကဲမှာ ရှီဖေးဖုန်းပင်။ သူသည် တစ်ချိန်က မြောက်ဘက်လွင်ပြင်ကို စွန့်ခွာကာ မြောက်ပိုင်းပြည်နယ်များတွင် လှည့်လည်ကျင့်ကြံခဲ့ဖူးသော်လည်း အောင်မြင်မှု မရရှိဘဲ နောက်ဆုံးတွင် ရှီမျိုးနွယ်စုဆီသို့သာ ပြန်ရောက်လာသူ ဖြစ်သည်။

အသက်တစ်ရာရှိပြီဖြစ်သော ရှီဖေးဖုန်းမှာ ချန်ကျီရှင်းကဲ့သို့ ကျင့်ကြံသူမျိုးနှင့် ယှဉ်လျှင် အလွန်ငယ်ရွယ်သေးသော်လည်း ဗလာနယ်မြေ အသွင်ပြောင်းအဆင့်သာ ရောက်ရှိထားသဖြင့် ဆံပင်များဖြူ၍ အိုမင်းနေပြီ ဖြစ်သည်။

"မင်းက တကယ်ပဲ ရှောင်လင်ရဲ့ ကလေးလား"

ရှီဖေးဖုန်းသည် တုတ်ကောက်ကိုမှီလျက် ကလေးငယ်ကို ဝမ်းသာအားရ ငေးကြည့်နေသည်။

"အဘိုး ကျွန်တော့်အဖေကို သိလား"

ကလေးငယ်က တောက်ပသော မျက်လုံးများနှင့် မေးသည်။

"သိတာပေါ့။ ငါ မြောက်ပိုင်းကို လှည့်လည်တုန်းက ရှောင်လင်နဲ့ အတူတူ တိုက်ခိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့..."

ရှီဖေးဖုန်း၏ မျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လာသည်။ နောက်ပိုင်းတွင် ရှီရှောင်လင်မှာ အဆင့်ဆင့် တိုးတက်ကာ နာမည်ကြီးလာပြီး ရှီမျိုးနွယ်စု၏ ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။ ရှီဖေးဖုန်းမှာမူ ဘာမှမရဘဲ ပြန်လာခဲ့ရသူ ဖြစ်သည်။

"အဘိုးက ကျွန်တော့်အဖေနဲ့ ခေတ်ပြိုင်လား"

ကလေးငယ်မှာ အံ့ဩနေသည်။ သူ့အဖေမှာ သန်မာနေသေးသော်လည်း ဤအဘိုးအိုမှာမူ အိုမင်းနေပြီဖြစ်သည်။

"အင်း ကျင့်ကြံမှု အားနည်းတော့ ဒီလိုပဲ ဖြစ်ရတာပေါ့"

ရှီဖေးဖုန်း အနည်းငယ် ပြုံး၍ ချန်ကျီရှင်းဘက်သို့ လှည့်ကာ "ဒီအရှင်က ဘယ်သူပါလဲ" ဟု ကြောက်ရွံ့စွာ မေးသည်။

"ကျွန်တော်က ချန်ကျီရှင်းပါ။ ကလေးငယ်ရဲ့ ဆရာပေါ့"

ချန်ကျီရှင်းက ပြုံး၍ ပြောသည်။

"ချန်ကျီရှင်း ခင်ဗျားက... ဇီဝေကြယ်ရဲ့ ဂိုဏ်းချုပ် ချန်ကျီရှင်း ဟုတ်လား"

ရှီဖေးဖုန်း တုန်လှုပ်သွားသည်။ သူသည် ချန်ကျီရှင်း၏ နာမည်ကို မကြာခဏ ကြားဖူးသည်။ ထိုသူမှာ ယခုခေတ် အရှေ့အလယ်ပိုင်း ဒေသ၏ အထွတ်အထိပ် ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။

"အို... ကျွန်တော့်ကို သိတယ်ပေါ့"

"ဂိုဏ်းချုပ်ချန် ဒီခေတ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကို ဘယ်သူမသိဘဲ နေပါ့မလဲ"

ရှီဖေးဖုန်းက ရယ်မောရင်း နားလည်လိုက်သည်။ ထိုသို့သော အစွမ်းထက်သူသာလျှင် ကလေးငယ်တစ်ယောက်ကို ချီပိုးကာ မြောက်ဘက်လွင်ပြင်တွင် ဥယျာဉ်ထဲ လမ်းလျှောက်နေသကဲ့သို့ အေးဆေးစွာ လည်ပတ်နိုင်မည်ပင်။

သူသည် ချန်ကျီရှင်းကို အံ့ဩစွာ ငေးကြည့်နေမိကာ ထိုသူက လူငယ်လေးတစ်ယောက်လိုပင်။

"ဒီလောက် အရေးပါတဲ့ ဧည့်သည်တော်တွေ ကြွလာတာ ဘာများကိစ္စရှိလို့ပါလဲ"

ရှီဖေးဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။

"ကျွန်တော့် တပည့်က ရှီမျိုးနွယ်စုနဲ့ ကံကြမ္မာ အချိတ်အဆက် ရှိနေလို့ပါ။ တပည့်အတွက် လာတာပါ"

ချန်ကျီရှင်းက ပြုံးလိုက်ပြီး "အဘိုး ခင်ဗျား အတွေ့အကြုံများသူပဲ။ အသက်ရှည်အရိုးအကြောင်း ကြားဖူးလား" ဟု မေးလိုက်သည်။

All Chapters