← Chapters

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း။ ၃၉၅

"သူ့ကို မူလသစ္စာတရားပေးလိုက်ပါတော့"

ထင်းရှူးပင်၏ အကိုင်းအခက်များမှာ ဒေါသထွက်လွန်း၍ တုန်ခါနေသည်။ မျက်နှာမရှိသော်လည်း ၎င်း၏ စိတ်ထဲတွင် ဒေါသဖြင့် အံကြိတ်နေလိမ့်မည်ဟုပင် ခန့်မှန်းနိုင်သည်။

"ကောင်းပါပြီ"

ရှီဖေးဖုန်း၏ မျက်လုံးများ တောက်ပသွားပြီး အိမ်ထဲသို့ အမြန်ဝင်သွားသည်။

ခဏအကြာတွင် အနီရောင်အဝတ်ဖြင့် ထုပ်ထားသော ပစ္စည်းတစ်ခုကို ယူလာသည်။ ရှီဖေးဖုန်းက ချန်ကျီရှင်းထံ လျှောက်လာပြီး အဝတ်ကို ဖြေလိုက်သောအခါ အရိုးစာအုပ်တစ်အုပ် ပေါ်လာသည်။

၎င်းသည် သိုးဆီရောင် ကျောက်စိမ်းကဲ့သို့ ဖြူစင်တောက်ပနေပြီး လက်ဝါးတစ်ထွာခန့်သာ ရှိသည်။ အရွယ်အစား သေးငယ်သော်လည်း ၎င်းအပေါ်တွင် နက်နဲသော သင်္ကေတများစွာ ထွင်းထုထားပြီး နတ်ဘုရားများနှင့် နတ်ဆိုးများ၏ ရွတ်ဖတ်သံများ ပဲ့တင်ထပ်နေသကဲ့သို့ ခံစားရစေသည်။

"ဂိုဏ်းချုပ်ချန် အကြာကြီး မကြည့်ပါနဲ့။ ဒီအရိုးစာအုပ်က ထူးဆန်းတယ်။ ကြာကြာကြည့်ရင် သတိလစ်သွားလိမ့်မယ်"

အဘိုးအိုက အမြန် သတိပေးသည်။

"စိတ်မပူပါနဲ့ ဒါက မဟာ တာအိုရဲ့ အနှစ်ချုပ်လေးတွေပါ"

ချန်ကျီရှင်းက ပြုံး၍ ပြောသည်။ သူသည် အရိုးစာအုပ်ကို လက်ခံယူကာ ပွတ်သပ်ကြည့်သည်။ စာအုပ်မှာ ချောမွေ့ပြီး အေးမြနေသည်။ ချန်ကျီရှင်း၏ စိတ်စွမ်းအားများ စာအုပ်ထဲသို့ ဝင်ရောက်သွားသောအခါ ကျောက်တုံးတစ်ခု ပင်လယ်ထဲ ပစ်ချလိုက်သကဲ့သို့ အဆက်အသွယ် ပြတ်တောက်သွားသည်။

စာအုပ်ပေါ်ရှိ စာလုံးများမှာ လက်ရှိခေတ်ကာလများနှင့် မသက်ဆိုင်ဘဲ ရှေးကျသော ကျောက်ပုတီးပေါ်ရှိ စာလုံးများနှင့် ဆင်တူနေသည်။

"ဒီကျောက်ပုတီးရော ဒီမူလသစ္စာတရားရော... နှစ်ခုစလုံးက ဒီခေတ်ကာလက အရာတွေ မဟုတ်ဘူးပေါ့လေ"

ချန်ကျီရှင်း စဉ်းစားလိုက်သည်။ ထို့နောက် အဝေးတွင် ကစားနေသော ကလေးငယ်လေးကို ခေါ်လိုက်သည်။

"ဆရာ..."

"ဒါကိုယူလိုက် ဒါက မင်းရဲ့ ကျင့်စဉ်ပဲ"

ချန်ကျီရှင်းက စာအုပ်ကို ကလေးငယ်လေးလက်ထဲ ထည့်ပေးလိုက်သည်။ ဤ မူလသစ္စာတရားမှာ အလွန်အစွမ်းထက်ပြီး ယခင်ဘဝ မဟာကျင့်စဉ်ဇာတ်လမ်းအရဆိုလျှင် ဤစာအုပ်ကို ရပြီးချိန်တွင် ကလေးငယ်လေးမှာ ပြိုင်ဘက်ကင်းသော ခေတ်သစ်တစ်ခုကို စတင်နိုင်မည်ပင်။

"ဆရာ ဒီစာတွေကို ကျွန်တော် မဖတ်တတ်ဘူး..."

ကလေးငယ်လေးက ချန်ကျီရှင်းကို မျှော်လင့်ချက်ဖြင့် ကြည့်ကာ ပြောသည်။

"အဟမ်း"

ချန်ကျီရှင်းသည် ထင်းရှူးပင်ဘက်သို့ လှည့်ကာ ပြုံး၍ "အကြီးအကဲ ဒီကနေစပြီး အဘိုးရဲ့ အကူအညီ လိုလိမ့်မယ် ထင်တယ်" ဟု ပြောလိုက်သည်။

"ငါ့အကူအညီလား မင်းကမှ အစွမ်းထက်တာ။ မင်းပဲ သင်ပေးလိုက်ပါတော့လား။ ဘာလို့ ငါ့ကို လိုတာလဲ"

ထင်းရှူးပင်မှ အသံနက်ကြီး ထွက်လာသည်။

"ဟားဟား နောက်တာပါ နောက်တာပါ"

ချန်ကျီရှင်းက ရယ်မောရင်း အမူအရာ တည်သွားသည်။

"အကြီးအကဲ ဒီကလေးရဲ့ အဖြစ်အပျက်ကို အဘိုး ကြားပြီးပြီလေ။ ဒီလောက်လိမ္မာတဲ့ ကလေးလေးက ကံကြမ္မာရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရတာ။ အဘိုးတို့အနေနဲ့ ဒီအတိုင်း ကြည့်နေမှာလား ဒီလောကကြီးက အခုဆိုရင် ညစ်ညမ်းနေပြီ။ အဘိုးတို့ နှစ်ယောက်ပေါင်းပြီး ဒီလောကကြီးကို ပြန်လည် သန့်စင်ပေးကြရအောင်လေ။ ကောင်းကင်ပြာကြီး ပြန်ရဖို့ လမင်းကြီး ထွန်းလင်းတောက်ပဖို့အတွက် လုပ်ဆောင်သင့်တယ် မဟုတ်လား"

ပင်ပန်းနွမ်းနယ်နေသော ထင်းရှူးပင်ကြီး၏ အသံမှာ ခဏတာ တိတ်ဆိတ်သွားသည်။

ခဏအကြာတွင်

"ရှက်စရာကောင်းတဲ့ လူယုတ်မာ"

ထင်းရှူးပင်မှ အသံထွက်ပေါ်လာပြီး တောက်ပနေသော အကိုင်းအခက်မှာ ကလေးငယ်လေးဘက်သို့ အနည်းငယ် ယိမ်းနွဲ့ကာ ကြည့်လိုက်သည်။

"အကြီးအကဲ..."

ကလေးငယ်လေးက ကလေးသံလေးဖြင့် နှုတ်ဆက်သည်။

ထင်းရှူးပင်က ဘာမျှပြန်မပြောဘဲ ကလေးငယ်လေးကိုသာ ဆက်လက်ကြည့်ရှုနေသည်။ ကလေးငယ်မှာ ရင်ထဲတွင် တုန်လှုပ်လာမှသာ ပင်ပန်းနွမ်းနယ်နေသော အသံဖြင့် ထိုအပင်ကြီးက ပြန်ပြောသည်။

"ငါ မင်းကို သင်ပေးနိုင်တယ်"

ထိုစကားကို ကြားသည်နှင့် ကလေးငယ်လေးမှာ ဝမ်းသာအားရ ခုန်ပေါက်လိုက်သည်။ ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။

"အရမ်း ဝမ်းမသာလိုက်ပါနဲ့ဦး"

ထင်းရှူးပင်က ကလေးငယ်၏ စိတ်လှုပ်ရှားမှုကို ဖြတ်တောက်လိုက်ပြီး "ဒီကျင့်စဉ်က အရမ်းကို တောင်းဆိုမှု မြင့်မားတယ်။ တစ်သောင်းမှာမှ တစ်ယောက်ပဲ အောင်မြင်နိုင်တယ်။ မင်း ကျင့်နိုင်မနိုင်ဆိုတာ မင်းရဲ့ ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်" ဟု ဆက်ပြောသည်။

"ဒါကတော့ သဘာဝပါပဲ"

ချန်ကျီရှင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။

ထို့နောက် ပင်ပန်းနေသော အသံရှင် ထင်းရှူးပင်ကြီးက ကလေးငယ်လေးအား မူလသစ္စာတရားကို မည်သို့ကျင့်ရမည်ကို သင်ကြားပေးတော့သည်။

"မူလသစ္စာတရားကို ကျင့်ဖို့ဆိုရင် အဆင့်တိုင်းမှာ အခိုင်မာဆုံး အခြေခံအုတ်မြစ်ကို တည်ဆောက်ရမယ်"

"ဒီကျင့်စဉ်ရဲ့ ပထမဆုံးအဆင့်က ငယ်စဉ်မှာတင် ရတနာကိုယ်ခန္ဓာကို ရောက်အောင် ကျင့်ရမယ်။ ကိုယ်ခန္ဓာသက်သက်နဲ့ပဲ နတ်ဘုရားသံချောင်း ပိဿာတစ်သောင်းအားကို ခံနိုင်ရည်ရှိရမယ်။ အရိုင်းစိုင်းဆုံး သားရဲမျိုးနွယ်စုတွေထဲက ဘုရင်သားရဲပေါက်စလေးတွေလိုမျိုးပေါ့။ ပြီးတော့ နောက်တစ်ဆင့်ဖြစ်တဲ့ ဝိညာဉ်ကျွေးမွေးခြင်းအဆင့်အတွက် သံမဏိထက် မာကျောတဲ့ စိတ်ဓာတ်ခွန်အားကိုလည်း တည်ဆောက်ထားရမယ်"

ထင်းရှူးပင်၏ စကားအပြီးတွင် ရွာသူကြီး ရှီဖေးဖုန်းနှင့် ရွာသားများမှာ အံ့အားသင့်သွားကြသည်။ ချန်ကျီရှင်းပင် မျက်ခုံးများ တုန်ခါသွားသည်။

ရတနာကိုယ်ခန္ဓာအဆင့်တွင် တစ်ဆင့်ချင်းစီအတွက် ပိဿာတစ်ထောင်စီ တိုးသွားပြီး ပိဿာတစ်သောင်းဆိုသည်မှာ ထိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခြင်းပင်။

ချန်ကျီရှင်းကိုယ်တိုင်ကပင် အစွမ်းထက် ကျင့်စဉ်များကို ပေါင်းစပ်ကျင့်သုံးမှသာ ပိဿာတစ်သောင်း အားကို ရရှိခဲ့ခြင်းပင်။ ယခုမူ ထိုအရာက မူလသစ္စာတရားအတွက် အခြေခံလိုအပ်ချက်သာ ဖြစ်နေသည်။

"ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"

ကလေးငယ်လေး၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည်။

"ကောင်းပြီ"

ထင်းရှူးပင်၏ အသံတွင် ကျေနပ်မှုအရိပ်အယောင်လေးများ ပါလာသည်။

ကလေးငယ်မှာ ကြောက်လန့်ပြီး နောက်ဆုတ်မသွားသလို အောင်မြင်မည်ဟုလည်း ဝါကြွားမနေခြင်းမှာ သူနှစ်သက်သည့် တုံ့ပြန်မှု ဖြစ်သည်။

"ငါ့ဆီမှာ ဆေးနည်းလမ်းတစ်ခု ရှိတယ်။ ဒီမှာပါတဲ့ ပစ္စည်းတွေကို စုဆောင်းနိုင်ရင် ကလေးငယ်ရဲ့ ခန္ဓာကိုယ်အားကို တိုးမြှင့်ပေးမယ့် ကြီးမားတဲ့ ဆေးရည်တစ်ခွက်ကို ဖော်စပ်နိုင်လိမ့်မယ်"

ရှေးဟောင်း ဆေးနည်းလမ်းတစ်ခုမှာ လူအုပ်၏ ရှေ့မှောက်တွင် ပေါ်လာသည်။ ရှီဖေးဖုန်းမှာ ပါဝင်ပစ္စည်းများကို ကြည့်ပြီး မျက်နှာပျက်သွားသည်။

"ဒီပစ္စည်းတွေက အားလုံး ထိပ်တန်း ကောင်းကင်ဘုံပစ္စည်းတွေပဲ။ ကျွန်တော်တို့ ဘယ်လိုလုပ် စုဆောင်းနိုင်ပါ့မလဲ..."

"စိတ်မပူပါနဲ့။ ဒီပစ္စည်းတွေကို ကျွန်တော် တာဝန်ယူမယ်"

ချန်ကျီရှင်းက တစ်ချက်ကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဇီဝေတောင်ပေါ်တွင် ထိုပစ္စည်းများမှာ စုပုံလျက် ရှိနေပြီး မည်သူမှပင် ဂရုမစိုက်ကြပေ။ ဇီဝေချန်မျိုးနွယ်စုတွင် အပေါများဆုံးအရာမှာ ထိုကဲ့သို့သော ထိပ်တန်းပစ္စည်းများသာ ဖြစ်သည်။ အချို့သော နတ်ဆိုးကြီးများ၏ သွေး လိုမျိုး ရှာရခက်သော အရာများကိုပင် မြောက်ဘက်လွင်ပြင်တွင် အလွယ်တကူ ရှာဖွေနိုင်သေးသည်။ ချန်ကျီရှင်းအနေဖြင့် မြောက်ဘက်ပင်လယ်ထဲရှိ နတ်ဘုရားနှင့် နတ်ဆိုးသင်္ချိုင်းမြေဆီသို့ မသွားသရွေ့ မည်သည့်နေရာကိုမဆို အေးဆေးစွာ သွားလာနိုင်သည်။

...

...

အချိန် နှစ်ပတ် ကုန်ဆုံးသွားသည်။

ချန်ကျီရှင်းသည် ဇီချွမ်မြို့သို့ သွားရောက်ကာ ဆေးအတွက် လိုအပ်သော ပစ္စည်းများကို ဇီဝေတောင်မှ ပို့ဆောင်ပေးရန် အမိန့်ပေးခဲ့သည်။

ထို့နောက် မြောက်ဘက်လွင်ပြင်အတွင်းသို့ ဝင်ရောက်ကာ နတ်ဆိုးကြီးအချို့ကို သတ်ဖြတ်၍ လိုအပ်သော သွေးများကို ရယူခဲ့သည်။

ဤသို့ဖြင့် ကလေးငယ်လေး၏ အသွင်ပြောင်းလဲခြင်းခရီးစဉ်မှာ တရားဝင် စတင်တော့သည်။

All Chapters