← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

Chapter 106: လျှို့ဝှက်နယ်မြေ၏လျှို့ဝှက်ချက်။

သက်တန့်အလင်းတန်းတစ်ခုမှာ ပင်မတောင်ထိပ်ဆီမှ လျှင်မြန်စွာ ရောက်ရှိလာ၏။

ကုချင်းကျူးက တောင်သခင်များ၏ရှေ့မှောက်ပေါ်လာခဲ့သည်။

“ဘယ်သူစာပို့တာလဲ။ ဘာဖြစ်လို့လဲ။”

ဂိုဏ်းချုပ်ကုမှာ တောင်သခင်များကို ရှုပ်ထွေးစွာမေးလာ၏။

တောင်သခင်တစ်ဦးကမှ ကုချင်းကျူးကို မော့တောင်ကြည့်မလာပါပေ။ စာဖတ်သည့်သူက ဖတ်၊ မိန်းမောနေသည့်လူက မိန်းမောနှင့် သူရောက်လာမှန်းတောင် အာရုံမရကြပေ။

စုယွမ် နှုတ်ခမ်းတွန့်သွားရသည်၊ တစ်ယောက်ယောက်ကတော့ ဂိုဏ်းချုပ်ကို သတင်းပို့လိုက်သည်ပဲ။

ကုချင်းကျူးမှာ စုယွမ်၏နောက်ရှိ ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်ကိုးဦးကို ကြည့်လိုက်၏။ ထို့နောက် တဖန်အခြားတောင်သခင်တို့နောက် ဗလာကျင်းနေသောနေရာကို ကြည့်လိုက်သည်။

ဂိုဏ်းချုပ်ကု မျက်ခုံးများ ပင့်သွားရပြီး ပြောလိုက်၏။

“စုယွမ်၊ ဒီတပည့်တွေအကုန်လုံးက သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကို ဝင်ကြမှာလား။”

“သူတို့ဘာသာရွေးတာပါ၊ ကျွန်တော်လည်း တကယ် ဘာမှမလုပ်ရပါဘူး။”

စုယွမ် ချက်ချင်း ရှင်းပြလိုက်သည်။

ဂိုဏ်းချုပ်ကုမှာ ပြန်စိတ်ထိန်း၍ ပြောလိုက်သည်။

“ကောင်းပြီလေ၊ ငါအကြမ်းဖျင်းတော့ နားလည်ပြီ။ မသေမျိုးမျိုးစေ့တောင်ကြားသခင်နေရာကို ငါသေချာမစဉ်းစားခဲ့မိဘူး။ မင်းက အခု တောင်သခင်ဖြစ်နေပြီပဲ၊ ‌တောင်ကြားသခင်နေရာကို ယူဖို့မသင့်တော်တော့ဘူး။ အဲ့ဒီနေရာကိုတာဝန်ယူဖို့ အခြားတစ်ယောက်ကို ငါလွှတ်လိုက်မယ်။”

ထိုအချိန်မှသာ တောင်သခင်များအားလုံးမှာ စိတ်သက်သာရာရသွားတော့၏။ ဤတစ်ခေါက်ကသာ ချို့ယွင်းချက်ဖြစ်သွားတာပင်၊ အခြားအကြိမ်များတွင်‌တော့ ထိပ်သီးဝိညာဥ်ရင်းမြစ်ပိုင်ရှင်များက သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ကိုပဲ ပြေးမသွားလောက်တော့ပါပေ။

ဝမ့်စစ်မင်ကသာ ပိုမြင်မိနေခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင် ထိုသို့ဖြစ်ရခြင်းက တိုက်ဆိုင်မှုမဟုတ်ပါချေ၊ ထို့အတူ စုယွမ်က တောင်ကြားသခင်နေရာ ရနေသောကြောင့်ဆိုပါက ပို၍တောင်မဟုတ်၊ အဓိကမှာ စုယွမ်၏ကျင့်စဉ်နှင့်အမွေအနှစ်များက သိပ်ကို ကောင်းနေသောသက်သက်ကြောင့်သာ ဖြစ်ရသည်။ ထို့အတွက်ကြောင့် နောက်တစ်သုတ်ရှိထိပ်သီးဝိညာဥ်ရင်းမြစ်ပိုင်ရှင်များကလည်း စုယွမ်ဆီသာ ရောက်သွားခြင်းမျိုး ဖြစ်နိုင်ရှိလှ၏။

သို့သော်လည်း သူ့ကိုယ်သူ အတွေးများနေခြင်းဟုသာ ဖြေသိမ့်လိုက်ပါ၏၊ သူကလည်း မကြာမီတွင် စိတ်ဝိဉာည်ဖွံခြင်းအဆင့်ရောက်တော့မည်ဖြစ်ရာ တပည့်ပြတ်လတ်ခြင်းအတွက် စိုးရိမ်နေစရာမလိုလောက်၊ ထိုအစား ဤသို့သောကိစ္စမျိုးက အခြားတောင်သခင်များကသာ ပို၍စိတ်ပူသင့်သည်ပေ။

တောင်ကြားရှိတပည့်များကိုစစ်ဆေးမှုကို ဆက်လက်ကျင်းပနေဆဲ။ တောင်သခင်များနှင့်အတူ ဂိုဏ်းချုပ်ကုကပါ ဆက်လက်စောင့်ကြည့်ပေးခဲ့သည်၊ သို့သော် ထူးချွန်သောပါရမီရှင်ကလည်း နည်းသထက်နည်းလာရာ သူတို့က တစ်ဝက်နှင့် ထွက်သွားတော့၏။

စုယွမ်ကတော့ ပွဲပြီးဆုံးသည်အထိ ရှိနေပေး၍ ရလဒ်များကို အတည်ပြုပေးခဲ့သည်။ သူလည်း အပြင်တပည့်များ၊ အစေခံတပည့်များ စသည်ဖြင့်စာရင်းရှင်းလင်းပြီးမှ သူ၏တပည့်ရှစ်ဦးနှင့်အတူ တောင်ကြားထိပ်ရှိ ငွေရောင်ဝင်ပေါက်ကြီးဆီ သွားလိုက်၏။

“ဒါက ဘိုးဘေးဆရာသခင်စီစဉ်ခဲ့တဲ့ ဂိုဏ်းထဲမဝင်ခင် ကျော်ဖြတ်ရမဲ့စမ်းသပ်မှုအသေးစားလေးပဲ။ အတွေ့အကြုံရဖို့ ဝင်သွားပြီး ဖြေကြည့်ချေ။”

တပည့်တစ်ယောက်က မေးလာ၏။

“တောင်သခင်၊ ကျွန်တော်ကြားတာ ဒီစမ်းသပ်မှုထဲ ထိပ်သီးအမွေအနှစ်တွေရှိတယ်ဆို၊ ကျွန်တော်တို့ ယူလို့ရသေးလား။”

“မရတော့ဘူး၊ ရှိမှမရှိတော့တာ။”

စုယွမ်ခေါင်းခါ၍ ပြောလိုက်သည်။

“ရှိသမျှအမွေတွေအကုန် ယူပြီးသွားကြပြီလေ၊ အခုဆိုရင် ကောင်းကင်နဲ့မြေကြီးရဲ့သဘာဝအံချီးဖွယ်ထဲက တစ်ခုဖြစ်တဲ့ ငွေဖြူဝိဉာည်ရေတံခွန်ပဲကျန်တော့တာ။ နားလည်နိုင်စွမ်းမြင့်တဲ့သူတွေကတော့ အဲ့ကနေတစ်ဆင့် ကောင်းကင်နဲ့မြေကြီးရဲ့နိယာမတွေကို သိလာနိုင်တယ်။ မင်းတို့သွားပြီး တစ်ချက်ကြည့်ကြည့်ကြပေါ့၊ သွားကြည့်လို့တော့ အရှုံးမရှိပါဘူး။”

“ပြောပြပေးတာကျေးဇူးတင်ပါတယ်၊ တောင်သခင်။”

ကုယိုက ပြောလာလေသည်။

စုယွမ်လည်း လက်ယမ်းပြလိုက်ပြီး သူတို့ကို ဝင်သွားခိုင်းလိုက်၏။

ဤသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် လျှို့ဝှက်နယ်မြေထဲသွားကြသော်ငြား အမတအကြီးအကဲနန်းကုန်းကသာ အပြင်တွင်သာ ကျန်ရစ်‌ခဲ့လေ၏။

စုယွမ်လည်း အမတအကြီးအကဲနန်းကုန်းကို ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။

“အကြီးအကဲ မဝင်ဘူးလား။”

အမတအကြီးအကဲနန်ကုန်း၏မျက်နှာမှာ မဲမှောင်သွားလေ၏။

“ငါကမှ တပည့်အသစ်မဟုတ်တာ၊ ဘယ်လိုလုပ်ဝင်လို့ရမှာလဲ။”

“အော်၊ ကျွန်တော်က ဝိဉာည်အသွင်ကူးပြောင်းခြင်းအဆင့်ဆိုရင် ပြန်ဝင်လို့ရမယ်ထင်တာ။ အဲ့ဒါဆိုရင်လည်း ကျွန်တော်ပဲ ဝင်လိုက်တော့မယ်နော်။”

စုယွမ်လည်း လက်ကိုဆုပ်၍ အရိုအသေပြုလိုက်ပြီး လျှို့ဝှက်နယ်မြေနယ်ထဲကို ဝင်လာခဲ့လိုက်၏။

အမတအကြီးအကဲနန်းကုန်းမှာ စွံအသွားတော့သည်။

“ဒီကောင်စုတ်လေးကတော့လား။”

အမတအကြီးအကဲနန်ကုန်းလည်း ကျင့်စဉ်စာအုပ်ကိုသာ ထုတ်၍ ဖတ်နေလိုက်တော့၏။ စာအုပ်၏ခေါင်းစဉ်မှာ ခုနစ်စဉ်ကြယ်မြေပုံ၊အပိုင်းခုနစ်ဖြစ်လေပြီး သူ့မှာ ဖတ်လေလေ၊ မျက်ခုံးများကိုလည်း မသိလိုက်ဘာသာ ကျုံ့မိလေလေ ဖြစ်နေရတော့သည်။

“အပိုင်းခုနစ်ဆိုရင်ပဲ ဆန္ဒကိုတောင် သုံးပြီး နားလည်အောင် လုပ်နေရပြီ။ ဒီလောက်နက်နဲပြီး အစွမ်းထက်တဲ့ကျင့်စဉ်မျိုးကိုတောင် ချီစုစောင်းခြင်းအဆင့်မှာတင် ဖန်တီးနိုင်ခဲ့တာ၊ ဒါတင်မကသေးဘူး၊ နောက် အပိုင်းခွဲပေါင်း၆၉ခုတောင် ကျန်သေးတယ်...”

အမတအကြီးအကဲနန်ကုန်း ယခုထိတိုင် ထွက်မသွားရခြင်းအကြောင်းအရင်းများမှာ ဤအတွက်ကြောင့်ပေ၊ ပျော်နေလွန်း၍တော့ မဟုတ်၊ သူတည်ဆောက်ခဲ့သောအခြေခံအုတ်မြစ်က အားနည်းလွန်းကြောင်း သဘောပေါက်သွားလို့ပင်။

ဤနှစ်များ အတောအတွင်း သူ၏ကျင့်ကြံနှုန်းမှာ များစွာ အရှိန်လျော့လာခဲ့သည်၊ ထို့အတွက်လည်း သူ အကြောင်းပြချက် ရှာမတွေ့ခဲ။ ယခု သူ စုယွမ်၏အမွေနှင့်ကျင့်စဉ်များကို ဖတ်လိုက်ရကာမှ ၎င်းက သူ၏အုတ်မြစ်က အားနည်းနေသောကြောင့် ဖြစ်သည်ဆိုတာကို သဘောပေါက်ခဲ့ရတာပင်။ သူ၏အုတ်မြစ်ကလည်း ထိပ်သီးအဆင့်ထဲပါသည်ဆိုသော်ငြား စုယွမ်၏ပြီးပြည့်စုံသောအုတ်မြစ်နှင့် ယှဉ်လိုက်ပါက ၎င်းက စကားထဲပြောရန်တောင် အဆင့်မမှီတော့။

ထို့အတွက် အမတအကြီးအကဲနန်ကုန်းမှာ သူ၏အုတ်မြစ်ကို ပြန်တည်ဆောက်ချင်လာရသော အတွေးမျိုးပေါ်လာရ၏။ သို့သော် ပြဿနာမှာ သူ့တွင် ဖွံ့ဖြိုးပြီးသား စိတ်ဝိဉာည်တောင် ရှိနေပြီဖြစ်ရာ အုတ်မြစ်ဆိုလျှင် ဘယ်လိုတောင် ပြန်တည်ဆောက်ရပါနည်း။

ထို့အတွက် သူ၏အကြံမှာ သူ၏လက်ရှိစိတ်ဝိညာဥ်ကို ဒုတိယအရံစိတ်ဝိညာဥ်အဖြစ်ပြောင်းကာ စိတ်ဝိညာဥ်အသစ်တစ်ခုထပ်မံတည်ဆောက်ပြီး ပင်မစိတ်ဝိညာဥ်အဖြစ်ထားရှိရန်ပင်။

ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းတွင် ဒုတိယမြောက်စိတ်ဝိညာဥ်တစ်ခု ထပ်မံတည်ဆောက်ရန် လျှို့ဝှက်နည်းတစ်ခုရှိ၏။ သူ ယခင်က ၎င်းကို မြင်ခဲ့ဖူးသော်ငြား ထိုသို့သောအတွေးမျိုး မဝင်ခဲ့၊ အကြောင်းမှာ ထိုသို့တည်ဆောက်ရန် လိုအပ်သောရတနာများက တန်ဖိုးကြီးလွန်းသောကြောင့်ပေ။ သို့သော် သူ နည်းလမ်းတစ်ခုကို တွေးမိထားရသည်၊ ၎င်းမှာ သူ၏လက်ရှိ စိတ်ဝိဉာည်ကို နောက်စိတ်ဝိဉာည်တစ်ခု တည်ဆောက်ဖို့ ကုန်ကြမ်းအဖြစ်သန့်စင်လိုက်ပါက အဆင်ပြေသွားမည်ဖြစ်ပြီး ရတနာအများစုအတွက် စိတ်ပူစရာမလိုတော့။

ဤသို့သော နည်းလမ်းမှာ အတော်လေးရှားပါးပြီး သတ္တိကောင်းရန်လည်း လိုအပ်၏။ လက်ရှိပင်မဝိဉာည်ကို အရံဒုတိယစိတ်ဝိညာဉ်အဖြစ်ပြောင်းလိုက်ပါက သူ၏လက်ရှိကျင့်ကြံဆင့်ကိုအချိန်တစ်ခုအထိသုံး၍ရတော့မည်မဟုတ်၊ အကြောင်းမှာ ပင်မဝိညာဉ်က ဒုတိယဝိညာဉ်ထက်ကျော်မှရမည်ဟူသောနိယာမရှိသောကြောင့်ပင်။ ထို့ကြောင့် အကယ်၍သာ သူ၏အုတ်မြစ်ပြန်လည်တည်ဆောက်ခြင်းက တစ်ခုခုမှားသွားပါလျှင် ...

“အဲ့ဒီလိုပဲ ဆုံးဖြတ်လိုက်တော့မယ်။”

အမတအကြီးအကဲနန်ကုန်းမှာ လုံးဝစိတ်ကို ဒုန်းဒုန်းချလိုက်၏။

“စုယွမ်ရဲ့ကျင့်ကြံဆင့်ကနိမ့်တာတောင် ဥာဏ်ကတော့ ဘိုးဘေးဆရာသခင်အဆင့်ရှိတာပဲ။ သူ့လမ်းကြောင်းကိုသာလိုက်ရင် နောက်ကျ အခက်အခဲရှိရင်လည်း သူ့ဆီကသင်လို့ရတာပဲ။ အခုလက်ရှိ ဘာလုပ်ရမှန်းမသိဖြစ်နေတာထက်စာရင် ပိုကောင်းပါသေးတယ်။”

အမတအကြီးအကဲနန်ကုန်းမှာ ဒီနှစ်နှစ်အတွင်း စုယွမ်၏အောင်မြင်မှုများကို စောင့်ကြည့်လာခဲ့သူဖြစ်၏။ အမှန်တိုင်း ဝန်ခံရပါလျှင် အနှီသူ၏ဤမျှ အံ့လောက်ဖွယ်အရည်အချင်းများက သူ့ကို ထိတ်လန့်သွားစေခဲ့ပါ၏။

စုယွမ်ကို စောင့်မကြည့်ခဲ့ရသော အခြားဝိညာဉ်အသွင်ကူးပြောင်းအဆင့်ကျင့်ကြံသူမည်သူကမှ သူ့လောက် စုယွမ်ဟာ ဘယ်လောက် ကြောက်ဖွယ်ထူးချွန်လှကြောင်း သိမည်မဟုတ်ပါပေ။

ဝှစ်။

အမတအကြီးအကဲနန်ကုန်းမှာ အလင်းအသွင်းပြောင်းပြီး သူ၏ကိုယ်ပိုင်နေရာဆီပြန်ကာ သူ၏စိတ်ဝိညာဉ်ကို အရံစိတ်ဝိညာဉ်ဖြစ်အောင် ကျင့်ကြံရန် ပြင်တော့သည်။

All Chapters