← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

Chapter 108: ရှောင်လီ၏ရွေးချယ်မှု။

ကုယိုမှာ ငွေဖြူဝိညာဉ်ရေတံခွန်၏‌ရှေ့တွင် သေချာအာရုံစိုက် နားလည်အောင် ကြိုးစားနေသော်ငြား ဘာကိုမှ ခပ်ရေးရေးလေးတောင် ဖမ်းဆုပ်မရဖြစ်နေရ၏။

သူ့မှာ ယောက်ရိုက်ခတ်‌နေတုန်းမှာပင် ရေတစ်ပွတ်က ပတ်စင်လာသည်။

ကုယို၏အမူအရာမှာ ချက်ချင်းပြန်၍ သတိကပ်သွားပြီး ရှောင်ဖို့လုပ်လိုက်သော်ငြား မမှီဖြစ်သွား၏။

သူ့မှာ ကန်ရေများဖြင့် ရွှဲရွှဲစိုသွားရတော့သည်။

ကုယိုလည်း အနီးကပ်ကြည့်လိုက်တော့ ရေကန်ပေါ်တွင် ငါးတစ်ကောင်ကို မြင်လိုက်ရသည်။ အနှီငါးမှာ စဉ်ဆက်မပြတ် အရောင်နှစ်ရောင်ထုတ်လွှတ်နေပြီး သူ၏မျက်ဝန်းများက ရယ်သွေးမှုများဖြင့် ပြည့်နေလေ၏၊ ၎င်းက ပါးစပ်ကို ဟ၍ နောက်ရေတစ်ပွက် ထပ်မံပစ်လွှတ်ရန် လုပ်ပြန်၏။

သူ့မျက်နှာထက်ရှိ ဒေါသအဟုန်ကို မြင်တော့ ငါးလေးမှာ ချက်ချင်း အမြှီးလေးလှုပ်လျက် ထွက်ပြေးသွားတော့သည်။

ကုယိုမှာ အစကတော့ ထိုငါးကို သင်ခန်းစာပေးချင်သော်ငြား ရုတ်တရက် ထိုငါးဆီမှ အရှိန်အဝါပြင်းပြင်းကို ခံစားမိလိုက်ရ၏။

“သေစမ်း၊ ပထမအဆင့်ဟ။ သူကတော့ နိယာမကို ငါ့ထက်ပိုရနေမဲ့ပုံပဲ၊ သွားရှုပ်လို့ မဖြစ်ဘူး။”

သူလည်း ရေကန်ထဲကို ငုံကြည့်လိုက်တော့ နောက်ထပ်နှစ်ရောင်ခြယ်ငါးများစွာက သူ့နား ကူးခတ်နေကြတာကို မြင်လိုက်ရသည်။ သို့သော် အန္တရာယ်ပေးလာမည့်ဟန် မရှိသောကြောင့် သူလည်း စိတ်ထဲထားမနေချေ။

သူလည်း ရေကန်ဘေးနောက်ထပ်တစ်နေရာကို ရှာပြီး ရေတံခွန်ကို ဆက်လက်လေ့လာနေလိုက်သည်။ သူ၏စိတ်က ရေတံခွန်အပေါ်ပို၍ နစ်မြှုပ်လာချိန် ငါးများကိုယ်ရှိ အလင်းနှစ်ရောင်က သူ့ကိုယ်ပေါ်ကူးပြောင်းလာလျက် စိတ်ကလည်း ပို၍ရှင်းလာခဲ့လေ၏။

လျှို့ဝှက်နယ်မြေထဲအတွင်း သူ ကောင်းကင်နှင့်မြေကြီး၏နိယာမတစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။

သို့သော် မကြာခင်မှာပင် ထိုခံစားချက်က ကွယ်ပျောက်သွားတော့၏။

ကုယိုလည်း ချက်ချင်း မျက်မှောင်ကြုတ်၍ အသိပြန်ဝင်လာသည်၊ သူ ခေါင်းငုံ၍ ခန္ဓာကိုယ်ပေါ်ရှိ အရောင်များက တဖြည်းဖြည်းလွှင့်ပျယ်သွားတာကို ကြည့်ရင်း အတွေးနက် သွားရ၏။

“ဒီအလင်းတွေထဲ နိယာမတစ်ခုခုပါနေမယ်ထင်တယ်၊ ကြည့်ရတာ ငါခုနက ခံစားလိုက်ရတာက ဝိညာဉ်ငါးတွေရဲ့ခံစားချက်ဖြစ်မယ်ထင်တယ်၊ သူတို့က သူတို့နားလည်ထားတာကို ငါ့ကို ပြောပြနေတဲ့ပုံပဲ။”

ကုယိုလည်း မျက်လုံးထဲ တစ်ချက်လင်းသွားပြီး ရေကန်မျက်နှာပြင်သို့ ကြည့်လိုက်ရာ ဝိညာဉ်ငါးတစ်ကောင် အပေါ်တက်လာတာကို တွေ့လိုက်ရသည်။

အနှီငါးလေးမှာ ကုယို၏အကြည့်ကို အာရုံခံမိသွားပြီး ချက်ချင်း ပြန်လည်ငုံဝင်သွားလေ၏။

ကုယိုလည်း စွံအသွားရ၏။ သူလည်း သိုလှောင်အိတ်ကို လှန်လှော၍ ရှာလိုက်ရာ မုန့်အနည်းငယ်ကို တွေ့လိုက်ရသည်။ ၎င်းတို့က အရသာရှိလှပြီး ဝိညာဉ်စွမ်းအင်လည်း မပါဝင်ပါပေ၊ ထို့အတွက်သာ သူ ၎င်းကို မသေမျိုးမျိုးစေ့တောင်ကြားကို ယူလာနိုင်ခဲ့ခြင်းဖြစ်ပေသည်။ သူလည်း ၎င်းတို့ကို အနည်းငယ်စားသောက်ပြီး ဖြစ်သော်ငြား အနည်းငယ်တော့ ကျန်သေးသည်ပင်။

သူ မုန့်နည်းနည်းဖဲ့ပြီး ဝိညာဉ်ငါးလေးဆီ ပစ်ပေးလိုက်၏။

တစ်ခဏကြာပြီးနောက်တွင် ငါးတစ်ကောင်ဟာ ရေကန်မျက်နှာပြင်တွင်ပေါ်လာပြီး မုန့်ကိုလာယူစားသောက်လေ၏။

ကုယိုပြုံးလိုက်သည်။ သူလည်း ခဏစောင့်လိုက်တော့ အနှီငါးလေးက သူ့ဘေးပြန်လာပြီး ရေများပြန်၍ပတ်ဖြန်းပေးလာလေသည်။

ဤတစ်ကြိမ်တွင်မူ ကုယိုလည်း မရှောင်တော့ဘဲ ရေစိုခံလိုက်၏။

ငါးလေးက ရယ်သံတောင်ထွက်လာလေသည်။

ကုယိုကတော့ ရှက်မသွားပါပေ။ သူလည်း လိုက်ရယ်၍ ပြောလိုက်သည်။

“မင်း ငါ့ကိုဆက်တိုက်ဖြန်းပေးနေရင်ရော၊ ငါ ရေတံခွန်ကိုလေ့လာချင်လို့လေ။”

ဝိညာဉ်ငါးလေးက သူ့ကို ရှုပ်ထွေးစွာကြည့်လာပြီး ထို့နောက် ခေါင်းညိတ်၍ သဘောတူလာလေသည်။

ကုယိုလည်း ချက်ချင်း ငွေဖြူဝိညာဥ်ရေတံခွန်ကိုလေ့လာလိုက်၏။ ဤတစ်ကြိမ်တွင်မူ သူ ခုနကမြင်လိုက်သောခံစားချက်လည်းပြန်ပေါ်လာပြီး သတ္ထုအရှိန်အဟုန်အကြောင်း နားလည်မှုကလည်းပုံပေါ်လာခဲ့သည်။

သူ ထိုခံစားချက်ကို လွှတ်ထွက်တော့မည့်အခါတိုင်း ဝိညာဉ်ငါးလေးက ရေဖြန်းပေးနေရာ ပြန်လည်ဆုပ်ကိုင်နိုင်နေခြင်းဖြစ်ပေသည်။

အကြိမ်ဒါဇင်မျှအထိ ထိုသို့လုပ်နေရင်း ကုယိုတစ်ယောက် နောက်ဆုံးတွင်တော့ ကောင်းကင်နှင့်မြေကြီး၏နိယာမကို ခပ်ရေးရေးဖမ်းဆုပ်မိလာရ၏။

ကုယို၏ခန္ဓာကိုယ်မှ အရှိန်အဝါပြင်းပြင်းတစ်ခုက ထိုးထွက်လာပြီး ဘေးပတ်ဝန်းကျင်းဆယ်မီတာပတ်လည်လုံးကို ဖိနှိပ်တော့လေသည်။

ဝိညာဉ်ငါးလေးမှာလည်း ၎င်းဖိအားကြောင့် လွင့်စင်သွားပြီး ပက်လက်လေးကျသွား၏။ ၎င်းမှာ ကုယိုကို ဒေါသတကြီးပြန်စိုက်ကြည့်တော့သည်။

ကုယိုလည်း အသိစိတ်ပြန်ဝင်လာပြီး စိတ်ရောကိုယ်ပါ ရယ်မောလိုက်မိသွားသည်။

“ကျေးဇူးပါ။”

သူလည်း ဆောင့်ကြောင့်ထိုင်ပြလိုက်ပြီး မေးလိုက်သည်။

“မင်းက ဒီလျှို့ဝှက်နယ်မြေမှာနေတဲ့ဝိညာဉ်သားရဲလား။ ဒီမှာနေရတာ မပျင်းဘူးလား။ မင်းငါနဲ့အပြင်ကိုမလိုက်ခဲ့ချင်ဘူးလား။ ငါ မင်းနဲ့သဘောတူညီမှုစာချုပ်ချုပ်ပေးမယ်လေ။”

ဝိညာဉ်ငါးလေးမှာ သူ့ကိုအံ့သြတကြီးမော့ကြည့်ပြီး အမူအရာကလည်း တုံ့ဆိုင်းလို့သွား၏။

“မင်းမှာ မိသားစုရှိတာလား။ မင်းရောငါရောက သတ္ထုဝိညာဉ်ရင်းမြစ်တွေလေ။ ငါတို့ အနာဂတ်မှာ တော်တော်အဆင်ပြေလောက်တယ်။”

ကုယို ထပ်ဆွဲဆောင်လိုက်သည်။

“နောက်ပြီး မုန့်တွေလည်းအများကြီးကျွေးမှာနော်။”

ဝိညာဉ်ငါးလေးမှာ တစ်ခဏမျှတုံ့ဆိုင်းသွားသော်ငြား ရေကန်ထဲသို့သာ ပြန်ခုန်ဝင်သွား၏။

ကုယိုလည်း ရေကန်ဘေးရပ်နေရင်း နှမြောနေတော့သည်။

ထိုအချိန် ငါးလေးကတော့ ရေကန်အောက်ခြေတွင် အိပ်မောကျနေသောရှောင်ချိုက်ကို သွားရှာနေ၏။

ဝိညာဉ်ငါးလေးက ရှောင်ချိုက်ကိုနိုးလိုက်သည်။

ရှောင်ချိုက်မှာ နိုးလာရပြီး ဝိညာဉ်ငါးလေးကို ကြောင်တောင်တောင်လေးကြည့်လာ၏။

ဤသို့ဖြင့် ငါးနှစ်ကောင်ကြား ဆွေးနွေးမှုများဖြစ်ပေါ်တော့လေသည်။

ရှောင်ချိုက်မှာ အစကတော့ ငြင်းဆန်နေသော်ငြား နောက်တွင် တုံ့ဆိုင်းလာရပြီး စုယွမ်ဆီသို့သာ သူ့အတွေးတွေပို့လိုက်တော့၏။

ထိုအချိန် စုယွမ်ကတော့ နေရာငယ်လေးတစ်ခုမှရှိနေခြင်းဖြစ်ပြီး ခေါင်းကိုကုတ်ရင်း အလွန်ရှုပ်ထွေးလှသော ပင်မတားမြစ်အခင်းအကျင်းကို လေ့လာနေတာဖြစ်သည်။

ရှောင်ချိုက်ဆီမှ စကားများကိုကြားရတော့ သူ ခဏလောက် ကြောင်အသွားရ၏။

“သုံးဆယ်လေးက လူသားကျင့်ကြံသူတစ်ယောက်နဲ့ အပြင်ထွက်ချင်တယ်ပြောနေတယ်။ ငါ သဘောတူမလားတဲ့။”

ဤမေးခွန်းက စုယွမ်ကို နည်းနည်းအံ့သြသွားစေသည်။

စုယွမ်မှာ အနှီငါးအုပ်စုကို သံယောဇဥ်တွယ်နေပြီဖြစ်ရာ တနေ့တွင် ဝိညာဉ်ငါးတစ်ကောင်က ထွက်သွားချင်ကြောင်းပြောလာမည်ဟု ထင်မထားခဲ့ပါပေ။

ဤခံစားချက်မှာ သူ့ကို အနည်းငယ်ထိုင်းမှိုင်းသွားစေ၏၊ မသိလျှင် သူသေချာပျိုးထောင်ထားခဲ့ရသော သမီးလေးကို အိမ်ထောင်ပြုပေးလိုက်ရမည့်အတိုင်းပင်။ သို့သော်လည်း သူ ဘေးရှိ စိတ်လှုပ်ရှားနေသောရှောင်လီကိုကြည့်လိုက်တော့ သူ့စိတ်ထဲ စိတ်သက်သာရသွားမှုတစ်ခုကို ခံစားလိုက်ရသည်။

ရှောင်လီကို ဘိုးဘေးဆရာသခင်ပိတ်ပင်ထားခဲ့သလိုမျိုးမဖြစ်သင့်ပေ။ ယခုဆိုလျှင် ငါးများက လွတ်လပ်မှုကိုတောင်းခံနေကြလေပြီ။ သူတို့တွင် ကိုယ်ပိုင်အကြံစည်များရှိနေပြီဖြစ်ပြီး စုယွမ်ကိုယ်တိုင်ကလည်း သူတို့ကို ချုပ်ချယ်ထားသလိုဖြစ်သွား၏။

သူ သူတို့ကိုမွေးမြူခဲ့သည်မှာ ကြင်နာမှုကြောင့်ဖြစ်သော်ငြား သူ အနှီကြင်နာမှု၏အဖိုးအခအဖြစ် ၎င်းတို့၏ဘဝတစ်သက်စာအချိန်များကို မတောင်းရမ်းသင့်ပါပေ။

“သူက ထွက်သွားချင်ရင်လည်း သွားပါစေ။ သူ့ရွေးချယ်မှုပဲလေ။”

စုယွမ်လည်း သူ့အတွေးများကို ရှောင်ချိုက်ဆီပို့လိုက်သည်။

ရှောင်ချိုက်မှာ ပါးများဖောင်းလိုက်ရင်း သုံးဆယ်လေးကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။ သို့သော် နောက်ဆုံးတွင် သူ သုံးဆယ်လေး၏ခေါင်းကိုသာ ပုတ်ပေးလိုက်ပြီး မလိုလားမှုအပြည့်ဖြင့် ကျောခိုင်းလိုက်တော့သည်။ ရှောင်ချိုက်မှာ သူ့ကို မတွေ့ချင်တော့ပါပေ။

သုံးဆယ်လေးကလည်း တဖြည်းဖြည်းချင်း ပြန်ကူးခတ်သွား၏၊ သူပြန်လှည့်ကြည့်လိုက်တော့ ငါးအုပ်စုမှာ နောက်ဆုံးနှုတ်ဆက်နေသည့်အလား လက်ဝေ့ယမ်းပြနေတာကိုတွေ့လိုက်ရသည်။

သုံးဆယ်လေးမှာ ခဏရပ်တန့်သွားသော်ငြား ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ပုံဖြင့် ခေါင်းကိုပြန်လှည့်၍ထွက်သွားလိုက်တော့၏။

ကုယိုက ရေကန်ဘေးရှိနေဆဲဖြစ်ပြီး သူ ရုတ်တရက် ရေကန်ထဲမှ ငါးတစ်ကောင်ထွက်လာပြီး သူ့လက်ဖဝါးပြင်ထက် ခုန်တက်လာတာကိုတွေ့လိုက်ရသည်။

သူ့မှာ အံ့သြဝမ်းသာသွားရ၏။

“မင်းငါနဲ့လိုက်ဖို့ဆန္ဒရှိတာလား။”

သုံးဆယ်လေးက ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် စုယွမ်၏အသံမှာ ကုယို၏နားထဲထွက်ပေါ်လာလေ၏။

“ကောင်စုတ်လေး၊ မင်းက ငါ့ရဲ့ဝိညာဉ်ငါးကိုဆွဲဆောင်သွားတယ်ပေါ့။ မင်း သုံးဆယ်လေးကို ကောင်းကောင်းဆက်ဆံရမယ်နော်။ နားလည်လား။”

ကုယိုလည်း တုန်ယင်သွားပြီး ချက်ချင်း လက်သီးဆုပ်၍ အရိုအသေပြုလိုက်သည်။

“တပည့်နားလည်ပါတယ်။”

ဤသို့ဖြင့် လူတစ်ဦးနှင့်ငါးတစ်ကောင်၏ကြားထဲ သဘောတူညီမှုစာချုပ်တစ်ခုပေါ်လာလေ၏။

သုံးဆယ်လေးမှာ ကုယို၏အိတ်ကပ်ထဲခုန်ဝင်သွားပြီး ခေါင်းလေးပြန်ထွက်ကာ ရေကန်ဘက်ကိုပြန်ကြည့်နေ၏။

All Chapters