← Chapters

အခန်း ၇၁၂

Vol. 61 Ch. 712

အခန်း ၇၁၂

Vol. 61 Ch. 712

အခန်း 712

“မဖြစ်ဘူး…”

နန်ပါးထျန်းသည် ချန်ကျဲ့ သူ့ထံ နီးကပ်လာနေသည်ကို ထိတ်လန့်ချောက်ချားစွာ ကြည့်နေရသည်။

ဤသို့အချိန်၌ သူ၏ အားနည်းချက်မှာ သိသာထင်ရှားလှပေသည်။ နန်ပါးထျန်းသည် မိမိကိုယ်ကိုယ်ကာကွယ်ရန် ချီစွမ်းအင်အနည်းငယ်မျှ ထုတ်သုံးလိုသည့်တိုင် ခုနက သူတို့နှစ်ဦး၏သိုင်းကွက်များ ထိပ်တိုက်ထိခတ်သွားမှုသည် သူ၏သိဒ္ဓိစွမ်းအင်လုံးနှင့်သွေးကြောများ အက်ကွဲခြင်းကို ပိုဆိုးသွားစေခဲ့ရာ ချီစွမ်းအင်ကို စိုးစဉ်းသော်မျှ အသုံးမပြုနိုင်တော့ချေ။

ချန်ကျဲ့သည် သက်ညှာလိုသည့်ဆန္ဒမရှိပေ။ နန်ပါးထျန်း၏နှလုံးသို့ ဦးတည်ကာ ‌အသက်နုတ်တိုက်ကွက်ဖြင့် တိုက်ခိုက်သည်။

ဤလက်ဝါးရိုက်ချက်သည် နဂါးနိုင်လက်ဝါးသိုင်း၏ ကြမ်းကြုတ်မှုနှင့်အတူ နန်ပါးထျန်း၏ နှလုံးတည့်တည့်သို့ ဦးတည်သည်။ နန်ပါးထျန်းမှာ ချီစွမ်းအင်အကာအကွယ်မရှိတော့ရာ ကိုယ်ကာယအင်အားကိုသာ အားကိုးနိုင်လေသည်။ သို့သော် ကိုယ်ကာယအင်အားတစ်ခုတည်းဖြင့် ချန်ကျဲ့၏လက်ဝါးသိုင်းကွက်ကို ရင်ဆိုင်ပါက သူ၏နှလုံးမှာ မလွဲမသွေ အစိတ်စိတ်အမွှာမွှာကွဲကြေသွားလိမ့်မည်။

“သေလိုက်တော့”

နဂါးဟိန်းဟောက်သံသည် ခြံဝင်းတစ်ခွင် ပဲ့တင်ထပ်သွားပြီး ပွဲကြည့်နေသူများသည်လည်း နန်ပါးထျန်းတော့ အဆုံးသတ်ပြီဟု ‌တွေးလိုက်ကြသည်။

နန်ပါးထျန်းသည် ချန်ကျဲ့မှ တိုက်ခိုက်လာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရင်း နီးကပ်လာသည့် သေခြင်းတရားကို ခံစားနေရသည်။ သူအတွက်မှားသွားခဲ့၏။ သူ၏သိဒ္ဓိစွမ်းအင်လုံးနှင့်သွေးကြောများသည် ဤမျှအထိ ဒဏ်ရာပြင်းထန်နေလိမ့်မည်ဟု သူ‌ထင်မထားခဲ့မိပေ။ ချန်ကျိုစစ်သည်လည်း ထိုမျှအထိ ကြမ်းကြုတ်ကာ အင်အားပြင်းထန်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့။ ချန်ကျိုစစ်သည် ထိုနေ့ညထက်ပင် ဒီနေ့တွင် ပို၍ ကြမ်းကြုတ်နေခဲ့ပေသည်။

ချန်ကျဲ့သည် အမှန်တကယ်ပင် ထိုနေ့ညထက် အင်အားကြီးမားလာခြင်းဖြစ်ပါ၏။ ချန်ကျဲ့သည် လွန်ခဲ့သည့်၇ရက်အတွင်း၌ ကျောက်ယာနှင့် စည်းမျဉ်းဥပဒေအသစ်များအကြောင်း ဆွေးနွေးခြင်းအပြင် သိုင်းပညာအကြောင်းများကိုလည်း ရံဖန်ရံခါ ပြောဆိုခဲ့သည်။

ကျောက်ယာ၏ သိုင်းပညာအရည်အချင်းသည် ပင်ကိုက မြင့်မားသည့်အပြင် သိုင်းပညာရှင်ဆရာကြီးများ၏ လမ်းညွှန်မှုလည်း ရရှိသောကြောင့် သူမ၏ သိုင်းပညာအပေါ် နားလည်သိမြင်မှုသည် ချန်ကျဲ့ထက် ပို၍ သာလွန်သည်။

သူတို့၏စကားဝိုင်းတွင် ကျောက်ယာသည်လည်း သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ဖြစ်ကြောင်း ချန်ကျဲ့သိခဲ့ရသည်။ မင်းသားအိမ်တော်၏ အင်အားအခြေအနေအရ ကျောက်ယာ၏ ထိုသိုင်းပညာအဆင့်မှာ သဘာဝကျပေသည်။ ကျောက်ယာ၏အင်အားကို ယခုထက် ပိုမြင့်မားအောင် အတင်းအကျပ်မြှင့်တင်လိုပါကလည်း ဖြစ်နိုင်သေးပေသည်။

သို့သော် ‌ကျောက်ယာသည် အခြေခံအုတ်မြစ်ခိုင်မာရန် လိုအပ်သည့် အင်အားကြီးမားသည့် သိုင်းပညာတစ်မျိုးကို သင်ယူခဲ့သည်။ အင်အားတိုးတက်လိုပါက တစ်ဆင့်ချင်းတစ်ဆင့်ချင်း တက်လှမ်းသွားရပေမည်။ သို့မဟုတ်ပါက မင်းသားအိမ်တော်၏ လုပ်ဆောင်နိုင်စွမ်းမျိုးဖြင့် ကျောက်ယာ၏အင်အားကို မြင့်တင်ခြင်းမှာ ကိစ္စအသေးအမွှားလေးသာ ဖြစ်ခဲ့ပေလိမ့်မည်။

ကျောက်ယာကျင့်ကြံသည့် သိုင်းပညာကို ချန်ကျဲ့ မေးမြန်းကြည့်ခဲ့ဖူးသည်။ သို့သော် ကျောက်ယာသည် အဖြေမပေးပေ။ ထိုအကြောင်းအရာကို သိသိသာသာ ရှောင်နေခဲ့သောကြောင့် ချန်ကျဲ့လည်း အတင်းအကျပ် မမေးမြန်းတော့ပေ။

ဤရက်များအတွင်း ကျောက်ယာနှင့် စကားဝိုင်းတွင် ချန်ကျဲ့သည် သူ၏သိုင်းပညာအင်အားကို မြှင့်တင်နိုင်ခဲ့သည်။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ တက်လှမ်းသွားခြင်းမျိုး မဟုတ်သော်ငြား လက်ရှိနယ်ပယ်အဆင့်အင်အားဖြင့် ဒဏ်ရာရနေသည့် နန်ပါးထျန်းကို ယှဉ်တိုက်ရန်အတွက် လုံလောက်ပေသည်။

ထို့ကြောင့် ချန်ကျဲ့သည် နန်ပါးထျန်းနှင့်တိုက်ပွဲတွင် တဖြည်းဖြည်းချင်း အသာစီးရလာခြင်းဖြစ်သည်။

ချန်ကျဲ့၏လက်ဝါးရိုက်ချက်မှ နန်ပါးထျန်း၏နှလုံးသို့ ထိခတ်လုနီးတွင် လေခွင်းသံတစ်ခုကို ကြားလိုက်ရသည်။

ချန်ကျဲ့ ထိတ်ပျာသွားရ၏။ သံကြိုးဓားတစ်ချောင်းသည် အားကောင်းပြင်းထန်သည့် ဓားချီစွမ်းအင်ကို ထုတ်လွှတ်လျက် သူ့ထံ ဦးတည်လာသည်။

သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်မှ လှုပ်ရှားလာခြင်းဖြစ်ကြောင်း သိသာလှ၏။ ချန်ကျဲ့ အမြန်နောက်ဆုတ်ရှောင်တိမ်းလိုက်သည်။ သို့သော် မမျှော်လင့်စွာဖြင့် သံကြိုးဓားသည် လေကိုခွင်း၍ သူ့ထံ ဆက်လက်၍ ဦးတည်လာနေခဲ့သည်။

ချန်ကျဲ့ ထိတ်လန့်သွားလျက် သံကြိုးဓားသွားကို လက်ဖြင့် ရိုက်ထုတ်လိုက်သည်။ သို့သော်ငြား ကြီးမားပြင်းထန်သည့် အင်အားတစ်ခုမှ သူ့ကို လွင့်ထွက်သွားစေခဲ့သည်။

တစ်ဆက်တည်းတွင် သံကြိုးဓားသည် လွင့်ထွက်သွားသည့် ချန်ကျဲ့နောက်သို့ ဆက်လိုက်လေသည်။

ယွီမန်အာမှ ပြုံးလျက် ပြောသည်။

“လူငယ်လေး မမနဲ့ ကစားကြတာပေါ့”

ထိုစကားအဆုံး၌ သံကြိုးဓားသည် ကိုယ်ပိုင်အသိစိတ်ရှိနေသည့်အလား ချန်ကျဲ့ကို အဆက်မပြတ် တိုက်ခိုက်တော့သည်။

ထိုမြင်ကွင်းတွင် ချန်ကျဲ့ ထိတ်လန့်သွားရပြန်သည်။ သံကြိုးဓားသည် အရိုးထဲမှ လောက်ကဲ့သို့ မည်သို့မျှ ခါထုတ်မရနိုင်ချေ။

ချန်ကျဲ့သည် လက်ဝါးသိုင်းကွက်ဖြင့် သံကြိုးဓားကို နှစ်ကြိမ်တိုင်တိုင် လွင့်ထွက်သွားစေခဲ့သော်ငြား သံကြိုးဓားသည် တဒင်္ဂလေးအတွင်း၌ သူ့ထံ ပြန်လိုက်လာပြန်သည်။ သို့ဖြင့် ချန်ကျဲ့မှာ ပြုသမျှနုရသည့် သားကောင်အခြေအနေသို့ ကျရောက်သွားတော့သည်။

ထိုအခါ လျိုလောင်ကွေ့နှင့် ချီမုကောတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ လျိုလောင်ကွေ့မှ ပြောသည်။

“သွားစို့”

ချီမုကောမှ လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“နေဦး”

ချီမုကောသည် လျိုလောင်ကွေ့အား ချန်ကျဲ့ကို သွားမကူညီရန် ဟန့်တားလိုက်သည်။ ထိုအခါ လျိုလောင်ကွေ့သည် စိတ်ရှုပ်ထွေး‌ဟန်ဖြင့် ချီမုကောကို ပြန်လှည့်ကြည့်လာ၏။

“တပ်မှူးချီ ဒါဘာအဓိပ္ပာယ်လဲ”

ချီမုကောမှ ပြောသည်။

“သခင်ကြီးယဲ့လု မလှုပ်ရှားသေးဘူး”

တကယ့်ကိုပင် ယဲ့လုဖုန်းသည် မလှုပ်ရှားသေးပေ။ ထိုအမျိုးသမီးသည် ချန်ကျဲ့ကို တိုက်ခိုက်ပြီး နန်ပါးထျန်းကို ကယ်တင်လိုခြင်းဖြစ်ကြောင်း သိနေသည့်တိုင် ယဲ့လုဖုန်းသည် ထိုအမျိုးသမီးကို ချက်ချင်း မတိုက်ခိုက်သေးပေ။ ထိုအမျိုးသမီးအား ချန်ကျိုစစ်ကို လိုက်လံသတ်ဖြတ်ခွင့်ပြုထားလေသည်။ ယဲ့လုဖုန်းတွင် အကြံအစည်ရှိနေသည်ဖြစ်၏။

ချန်ကျိုစစ်နှင့် ခရိုင်မင်းသမီး၏ဆက်ဆံရေးသည် သိသိသာသာ ရင်းနှီးတိုးတက်လာလေရာ ယဲ့လုဖုန်း၏ မျန့်ရွှေစီရင်စုကို ထိန်းချုပ်နိုင်မှုအပေါ် သက်ရောက်မှုကြီးမားသည်။ သို့သော်ငြား ယဲ့လုဖုန်းအနေဖြင့် ခရိုင်မင်းသမီးကို ဘာမှမလုပ်နိုင်လေရာ သည်းခံနေရုံသာ တတ်နိုင်ခဲ့သည်။

ယခုတွင် နန်ပါးထျန်း၏ ဆရာတူညီမသည် ချန်ကျိုစစ်ကို သတ်ချင်နေသည်ဖြစ်ရာ သူ့အတွက် အခွင့်ကောင်းပင် မဟုတ်ပါလော။

ကံဆိုးစွာဖြင့် ချန်ကျိုစစ်သည် ငါးရှဉ့်အလား တစ်ချိန်လုံး လွတ်မြောက်‌နေပြီး ဖမ်းမိရန် ခက်ခဲ၏။

ယဲ့လုဖုန်း ထိုသို့တွေးတောရင်း တစ်ဖက်သို့ခေါင်းလှည့်လိုက်ရာ မလှမ်းမကမ်းမှ ဝတ်ရုံဖြူဝတ်ပုံရိပ်ကို လှစ်ခနဲမြင်တွေ့လိုက်ရသည်တွင် ရုတ်ချည်း နောင်တရသွားတော့သည်။

ယဲ့လုဖုန်း စိတ်ထဲမှ တွေးလိုက်သည်။

တကယ်ကြီး ခရိုင်မင်းသမီးရောက်နေတာပဲ။

ရွေးချယ်စရာမရှိတော့ပေ။ ယဲ့လုဖုန်းသည် လက်မြှောက်၍ ယွီမန်အာကို ကောင်းကင်ဖြိုခွင်းလက်ဝါးသိုင်းဖြင့် တိုက်ခိုက်လိုက်သည်။

“အတင့်ရဲလိုက်တာ”

ထိုစကားသံနှင့်အတူ သူ့ထံ ဦးတည်လာသည့် လက်ဝါးသိုင်းကွက်ကို ယွီမန်အာ မြင်တွေ့လိုက်သည်။ သို့ဖြင့် သံကြိုးဓားကို ယဲ့လုဖုန်း၏လက်ဝါးသိုင်းကွက်နှင့် ထိတိုက်ထိခတ်စေလိုက်ပြီး ဓားကို ပြန်ရုတ်လိုက်သည်။

ယဲ့လုဖုန်းသည် ခပ်ထေ့ထေ့ပြုံးလျက် စားပွဲထက်တွင် ရပ်နေသည်။

“ရဲတင်းလိုက်တာ။ မိန်ဂိုဏ်းနဲ့ပူးပေါင်းနေတဲ့ သူပုန်နှစ်ယောက်ကများ မျန့်ရွှေစီရင်စုမှာ ပြဿနာလာရှာရဲသေးတယ်။ ဒီရာဇဝတ်သားနှစ်ယောက်ကို ဖမ်းလိုက်စမ်း”

ထိုစကားတွင် တပ်သားများအားလုံးသည် ဓားများကို ဓားအိမ်မှ ဆွဲထုတ်လိုက်ကြပြီး တိုက်ခိုက်ရန် အသင့်အနေအထားပြင်လိုက်ကြသည်။

ထိုအခါ နန်ပါးထျန်းသည် စိုးရိမ်ပူပန်လာ၏။ သို့သော် ယွီမန်အာသည် နည်းနည်းလေးမှ ဂရုမစိုက်ပေ။

တစ်ဆက်တည်းတွင် အပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။

“ဟား ယဲ့လုဖုန်း မင်းက အတော်အာဏာကြီးပါရောလား။ မင်းက လူတစ်‌ေယာက်ကို မိန်ဂိုဏ်းနဲ့ပူးပေါင်းတယ်ပြောတာနဲ့ပဲ အဲဒီလူက မိန်ဂိုဏ်းနဲ့ပူးပေါင်းတယ်ဖြစ်သွားရောလား။ ကဲ ငါကြည့်ပါရစေဦး၊ မင်း ငါ့ကိုရော မိန်ဂိုဏ်းနဲ့ပူးပေါင်းပါတယ်လို့ စွပ်စွဲရဲမလားလို့လေ”

ဟင်

ထိုစကားသံတွင် အားလုံးသည် ဝင်ပေါက်သို့ လှည့်ကြည့်လိုက်ကြသည်။ အနီရောင်သံချပ်ကာဝတ်မြင်းစစ်သည်များသည် ခြံဝင်းထဲသို့ ချီတက်လာနေသဖြင့် ခြံဝင်းအတွင်းမှာ ရုတ်ချည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားရသည်။

သံချပ်ကာနီမြင်းတပ်ကို မြင်လျှင် ယဲ့လုဖုန်း မျက်မှောင်ကြုတ်သွား၏။

ဟွမ်ကျိုးပြည်နယ်မြို့စောင့်တပ်မှူးပဲ။

ထို့နောက် လူတစ်ယောက်သည် မြင်းကို အေးအေး‌လူလူ စီးနင်းလာကာ ယဲ့လုဖုန်းကို ကြည့်လျက် ပြောသည်။

“စီရင်စုအုပ်ချုပ်ရေးမှူးယဲ့လုက အရမ်းဩဇာအာဏာကြီးမားတာပဲဗျာ။ တွေ့ရာလူကို မိန်ဂိုဏ်းနဲ့ပူးပေါင်းတဲ့သူပုန်ပါလို့ စွပ်စွဲနေတာ။ အခု ငါ့ကိုပြောစမ်းပါဦး၊ ငါကရော မိန်ဂိုဏ်းနဲ့ပူးပေါင်းနေတဲ့သူပုန်ပဲလား”

All Chapters