← Chapters

အခန်း ၇၁၅

Vol. 61 Ch. 715

အခန်း ၇၁၅

Vol. 61 Ch. 715

အခန်း 715

နန်ပါးထျန်း၏ ရေခဲစိတ်စွမ်းအင်သိုင်းသည် အလွန်အသုံးဝင်သည်။ ဆေးဘုရင်တောင်ကြားတွင် ရေခဲအခြေပြုကျင့်စဉ်ဖြင့်သာ ဖွင့်နိုင်သည့် ရေခဲခန်းမရှိသောကြောင့် နန်ပါးထျန်း၏ ရေခဲစိတ်စွမ်းအင်သိုင်းသည် အလွန် အသုံးဝင်သည်။

သို့ဖြစ်ရာ ဒီနေ့ ချန်ကျိုစစ်ကို အနိုင်မရနိုင်လျှင်သော်မှ နန်ပါးထျန်းကို ကာကွယ်ရပေမည်။

ထို့ကြောင့် ပါးထန်သည် နန်ပါးထျန်းကို ဆက်လက် ကာကွယ်ခဲ့သည်။

ကျောက်ယာသည် ရူယန်မင်းသားအိမ်တော်ကို ကိုယ်စားပြုပြီး ပါးထန်သည် မင်းသားချီ၏အိမ်တော်ကို ကိုယ်စားပြုသည်။ အကျိုးအမြတ်ရှေ့‌၌ ပါးထန်သည် နောက်မဆုတ်လိုပေ။ သို့မဟုတ်ပါက မင်းသားချီထံ၌ သူ၏ရာထူးကို ဆုံးရှုံးရလိမ့်မည်။

သူ၏ရာထူးကို ဆုံးရှုံးလိုက်ရပါက အသက်သေလုမျောပါး ဖြစ်ရလိမ့်မည်။

မင်းသားချီသည် အသုံးမဝင်သည့် လက်အောက်ငယ်သားကို အလိုမရှိချေ။

သို့ဖြင့် ပါးထန်သည် ခရိုင်မင်းသမီးနှင့် ရင်ဆိုင်နေရသည့်တိုင် နောက်ဆုတ်မသွားချေ။ သို့မဟုတ်ပါက မင်းသားချီသည် သူ့နေရာကို အခြားတစ်ယောက်နှင့် အစားထိုးလိုက်လိမ့်မည်။

ကျောက်ယာမှ ပါးထန်ကိုကြည့်၍ ပြောသည်။

“ရှင်က နန်ပါးထျန်းကို မရမက ကာကွယ်ပေးမလို့လား”

ပါးထန်မှ ပြန်ပြောသည်။

“ကျွန်တော်က သူ့ကို ကိုယ်ရေးကိုယ်တာအရ ကာကွယ်ပေးတာ မဟုတ်ပါဘူး။ နည်းလမ်းကျကျပြောရရင် သူက ကျွန်တော့်ရဲ့သူလျှိုပါ။ မင်းသားချီရဲ့သူလျှိုလို့လည်း ပြောနိုင်ပါတယ်။ အဲဒါကြောင့် ခရိုင်မင်းသမီးအနေနဲ့ နည်းနည်းလောက် မျက်နှာထောက်ထားပေးပါလို့ ကျွန်တော်တောင်းဆိုပါရစေ”

ကျောက်ယာ မျက်လုံးမှေးကျုံ့လိုက်သည်။

ဒီပါးထန်က မင်းသားချီကို စကားထဲထည့်ပြောရဲတယ်ပေါ့လေ။

ပါးထန်သည် နနန်ပါးထျန်းကို ကာကွယ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ကျောက်ယာနားလည်လိုက်သည်။ ထို့ကြောင့် ပါးထန်ကို ပြောလိုက်သည်။

“ပါးထန် ကောင်းပြီလေ။ ရှင်က ဒီလူကို မရမက ကာကွယ်ချင်နေတယ်ဆိုရင်လည်း ကျွန်မ ရှင့်ကို မတားပါဘူး။ ဒါပေမဲ့ ချန်ကျိုစစ်က ကျွန်မရဲ့လူပဲ။ သူက ရူယန်မင်းသားအိမ်တော်ရဲ့လူပဲ။ ရှင်သူ့ကို ထိချင်ရင်တော့ မဖြစ်နိုင်လောက်ဘူး”

ထိုအခါ ပါးထန်မှ ကျောက်ယာကို ပြောသည်။

“ခရိုင်မင်းသမီး ဒီလူက ခေါင်းဆောင်ဖြစ်သူကို နောက်ကျောဓားနဲ့ထိုးပြီး အင်အားသိမ်းယူဖို့ ကြံစည်ခဲ့တဲ့သူပါ။ သူက လူကောင်းမဟုတ်ပါဘူး။ သူ့ကိုကာကွယ်ပေးလိုက်ရင် တစ်နေ့နေ့မှာ သူက ခရိုင်မင်းသမိးကို သစ္စာဖောက်ပြီး ခရိုင်မင်းသမီး အခက်တွေ့အောင် လုပ်မှာစိုးရပါတယ်”

“ဟမ့် ကျွန်မ အခက်တွေ့တာ မတွေ့က ရှင်နဲ့ဘာမှမဆိုင်ဘူး။ ပြီးတော့ ပါးထန် ကျွန်မ ရှင့်ကိုမေးပါရစေ၊ ရှင် မျန့်ရွှေကို ဘာလို့ရောက်လာတာလဲ။ သူလျှိုလေးတစ်ယောက်အတွက်လား”

ပါးထန်မှ ပြောသည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး။ နန်ပါးထျန်းရဲ့ကိစ္စအပြင် ဆေးဘုရင်ရတနာကိစ္စအတွက်လည်း ပါပါတယ်”

ကျောက်ယာ

“အို ရှင်တို့ကလည်း ဆေးဘုရင်ရတနာတွေကို စိတ်ဝင်စားနေတာလား”

ပါးထန်သည် အံ့အားသင့်သွားပြီး ပြောသည်။

“ခရိုင်မင်းသမီးလည်း ဆေးဘုရင်ရတနာကို စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်”

ထိုအခါ ကျောက်ယာသည် ပါးထန်ကို ကြည့်လိုက်ပြီး ပြောသည်။

“ရှင်က ဘယ်လိုထင်လို့လဲ”

ပါးထန်မှ ပြောသည်။

“အာ ဒုက္ခပါပဲ။ နည်းလမ်းကျကျပြောရရင်တော့ ခရိုင်မင်းသမီးက ဆေးဘုရင်ရတနာကို စိတ်ဝင်စားနေတယ်ဆိုရင် ကျွန်တော့်အနေနဲ့ လက်ရှောင်ပေးသင့်တာပါ။ ဒါပေမဲ့ ကျွန်တော်က မင်းသားချီရဲ့စစ်တပ်အမိန့်အရ လာခဲ့တာမလို့ ဒီဆေးဘုရင်ရတနာကို ကျွန်တော် တစ်ခုခုတော့ ရယူသွားနိုင်မှ ဖြစ်မှာပါ။ မဟုတ်ရင် မင်းသားချီဆီ လက်ဗလာနဲ့ပြန်သွားရင် ကျွန်တော် ရှင်းပြရခက်ခဲပါလိမ့်မယ်”

“အဲဒါကြောင့် ခရိုင်မင်းသမီးအတွက် လက်ရှောင်မပေးနိုင်တာကို ခွင့်လွှတ်ပေးပါ”

ပါးထန်သည် ကျောက်ယာကို ကြည့်နေ၏။ ကျောက်ယာမှ ပြန်ပြောသည်။

“ပါးထန် အရမ်းကောင်းတယ်။ ဒီလိုဆိုမှတော့ ကျွန်မ ရှင့်ကို အခက်တွေ့အောင် မလုပ်တော့ဘူး။ ကျွန်မတို့ ကိုယ့်အရည်အချင်းကိုယ်အားကိုးပြီး ရတနာတွေကို ရယူကြတာပေါ့။ ဘယ်သူမှ လက်ရှောင်ပေးစရာမလိုဘူး။ ရှင်လည်း ကိုယ့်ကိုယ်ကိုယ်ရှင်းပြနိုင်မယ်”

“နားလည်ပေးတဲ့အတွက် ခရိုင်မင်းသမီးကို ကျေးဇူးတင်ပါတယ်”

ပါးထန်မှ ကျောက်ယာကို ပြောသည်။

ထို့နောက် ကျောက်ယာမှ ပြောသည်။

“ကောင်းပြီ။ ကိစ္စတွေ အကုန်ရှင်းသွားပြီဆိုတော့ ပြည်နယ်မြို့စောင့်တပ်မှူး ရှင် လူဖမ်းချင်သေးလား”

ထိုအခါ ပါးထန်သည် ချန်ကျဲ့အား အထင်မြင်သေးစွာ ကြည့်လျက် ပြောသည်။

“ဒီချန်ကျိုစစ်က ခရိုင်မင်းသမီးရဲ့လူဆိုမှတော့ သေချာပေါက် ဘယ်ဖမ်းဆီးနိုင်ပါ့မလဲဗျာ”

ကျောက်ယာမှ ပြောသည်။

“ဒါဆိုလည်း ရှင့်လူတွေကိုခေါ်ပြီး ထွက်သွားလိုက်တော့။ ဒီနေရာက ရှင်တို့ကို မကြိုဆိုဘူး”

ပါးထန်သည် ရိုသေစွာ ဦးညွှန်အရိုအသေပြုလိုက်သည်။

“ဟုတ်ကဲ့ပါ ခရိုင်မင်းသမီး။ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”

မထွက်ခွာမီ၌ ပါးထန်သည် ချန်ကျိုစစ်ကို ပြောခဲ့၏။

“ချန်ကျိုစစ် ဟုတ်လား။ ငါမင်းကိုမှတ်ထားလိုက်ပြီ”

ချန်ကျဲ့ ချက်ချင်း လက်သီးယှက်အရိုအသေပြုလိုက်ရင်း ပြန်ပြောသည်။

“ပြည်နယ်မြို့စောင့်တပ်မှူးက ကျွန်တော့်ကို မှတ်ထားပေးတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”

ထိုအခါ ပါးထန်သည် လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“သွားမယ်”

သို့ဖြင့် လူအုပ်စုသည် ထွက်ခွာသွားတော့သည်။ နန်ပါးထျန်းသည်လည်း အတူလိုက်ထွက်သွားပြီး မသွားမီတွင် ချန်ကျဲ့ကို စူးစူးရဲရဲကြည့်လျက် ပြောခဲ့သည်။

“ချန်ကျိုစစ် ငါတို့မပြီးသေးဘူး”

ချန်ကျဲ့မှ ပြောသည်။

“ခေါင်းဆောင်နန်မှာ ဒီလိုကျောထောက်နောက်ခံမျိုးရှိနေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူးပဲ။ ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ ခင်ဗျား ဒီလောက်ကံကောင်းနိုင်မှာ မဟုတ်တော့ဘူးနော်’

နန်ပါးထျန်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောသည်။

“နောက်တစ်ခါကျ ငါမင်းကိုသတ်ပစ်မှာ”

ထိုစကားတွင် လျိုလောင်ကွေ့သည် သည်းမခံနိုင်တော့ဘဲ ပြောသည်။

“နန်ပါးထျန်း ဒီနေ့ မင်းရဲ့သခင်က ကယ်ပေးလို့မဟုတ်ရင် မင်းသေနေတာ ကြာလောက်ပြီ။ ဘာတွေ လာအော်ဟစ်နေတာလဲ။ ကိုယ့်အခြေအနေကိုယ်မသိဘူးလား။ အရှက်မဲ့လိုက်တာ”

ထိုအခါ နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို စူးရဲစွာစိုက်ကြည့်လျက် ပြောသည်။

“လျိုလောင်ကွေ့ ငါ့ဒဏ်ရာပြန်ကောင်းသွားတာနဲ့ မင်းနဲ့ မင်းတို့အားလုံး ဒီစာရင်းကို သေချာပြန်ရှင်းရမယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“လေကြီးနေတာတွေ တော်လိုက်တော့။ မင်းမှာ လုပ်နိုင်စွမ်းရှိရင် ထပ်လာတိုက်လေ။ ဘယ်သူက ငကြောက်ကောင်လဲ ကြည့်ကြတာပေါ့”

“အဟွတ် အဟွတ်…”

နန်ပါးထျန်းမှာ လျိုလောင်ကွေ့၏စကားကြောင့် ဒေါသထွက်လွန်း၍ ချောင်းဆိုးတော့သည်။

ခင်ဗျား ကျုပ်ဒဏ်ရာရနေတုန်း လုပ်ထားပေါ့။ မဟုတ်လို့ကတော့ ခင်ဗျားကို သတ်ပြီးနေပြီ။

လျိုလောင်ကွေ့သည် ခနဲ့ဟန်သော အမူအရာဖြင့် ရပ်ကြည့်နေ၏၊။

ထိုနောက် လျိုလောင်ကွေ့မှ ပြောသည်။

“ဘာလဲ နန်ပါးထျန်း၊ မင်းသတ္တိရှိရင် ငကြောက်ကောင်လိုလုပ်မနေဘဲ တိုက်ခိုက်လိုက်စမ်းပါ”

“ခင်ဗျား…”

နန်ပါးထျန်း၏သိဒ္ဓိစွမ်းအင်လုံးမှ နာကျင်မှုသည် ပိုဆောင့်တိုးလာ၏။ ထိုစဉ် ယွီမန်အာမှ ပြောသည်။

“ဆရာတူအစ်ကို သွားမယ်”

ထိုအခါ နန်ပါးထျန်းသည် လျိုလောင်ကွေ့ကို စူးရဲစွာစိုက်ကြည့်လျက် ပြောသည်။

“ခင်ဗျားစောင့်နေလိုက်”

လျိုလောင်ကွေ့မှ ပြောသည်။

“အေး ငါစောင့်နေမယ်၊ မိန်းကလေးတစ်ယောက်အပေါ် မှီခိုနေတဲ့ အသုံးမကျတဲ့ကောင်”

“ခင်ဗျား…”

လျိုလောင်ကွေ့၏စကားများသည် အလွန်ထက်ရှသောကြောင့် နန်ပါးထျန်းမှာ ပေါက်ကွဲထွက်လုနီးပါး ဒေါသထွက်သွားရလေသည်။

သို့ဖြင့် နန်ပါးထျန်းသည် ပါးထန်နှင့်အတူ ထွက်ခွာသွားပြီး ချန်ကျဲ့နှင့်အခြားသူများသည် သူတို့ထွက်ခွာသွားသည်ကို ရပ်ကြည့်နေကြသည်။ ချန်ကျဲ့မှ မှတ်ချက်ပြု၏။

“ကြည့်ရတာ ဆေးဘုရင်ရတနာတွေကို ရယူဖို့က ပြင်းထန်တဲ့တိုက်ပွဲဖြစ်လိမ့်မှာပဲ”

ကျောက်ယာမှ ပြောသည်။

“ဟမ့် မင်းသားချီက အမြဲတမ်း စစ်သည်တွေစုဆောင်း၊ မြင်းတွေဝယ်ပြီး ဟူပေကို အပိုင်သိမ်းဖို့ကြံနေတာ။ ပါးထန်က သူ့ခွေးတွေထဲက တစ်ကောင်သက်သက်ပဲ”

ထို့နောက် ကျောက်ယာသည် ယဲ့လုဖုန်းဘက်သို့လှည့်လိုက်ပြီး မေးသည်။

“သခင်ကြီးယဲ့လုကရော ဘယ်ဘက်မှာ ရပ်တည်နေတာများလဲ”

ထိုအခါ ယဲ့လုဖုန်းသည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏၊ ထို့နောက် ပြောသည်။

“ကျွန်တော်တို့ယဲ့လုမျိုးနွယ်က တော်ဝင်နန်းတော်ကိုပဲ သစ္စာခံပါတယ်။ အဲဒါကို ခရိုင်မင်းသမီးလည်း သိထားတယ်မဟုတ်ပါလား”

ထိုအခါ ကျောက်ယာမှ ယဲ့လုဖုန်းကို ပြောသည်။

“မင်းသားချီက တော်ဝင်နန်းတော်ကပဲ။ ရူယန်မင်းသားကလည်း တော်ဝင်နန်းတော်ကပဲ။ အဲဒီတော့ သေချာစဉ်းစားကြည့်ပါဦး”

ယဲ့လုဖုန်းမှ ပြောသည်။

“ခရိုင်မင်းသမီး ကျွန်တော်က ယဲ့လုမျိုးနွယ်ရဲ့ ဘိုးဘေးတူဝမ်းကွဲမိသားစုလေးတစ်ယောက်ပါ။ ကျွန်တော့်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး…”

ထိုအခါ ကျောက်ယာမှ ပြောသည်။

“ကောင်းပြီ။ သခင်ကြီးယဲ့လုကို အခက်တွေ့အောင် မလုပ်တော့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်ဆေးဘုရင်တောင်ကြားကိုသွားတဲ့အခါ သခင်ကြီးယဲ့လုက ကျွန်မနဲ့ လိုက်မှာလား ဒါမှမဟုတ် ပါးထန်နဲ့ အတူလိုက်မှာလား”

ယဲ့လုဖုန်းမှ ချက်ချင်း ပြန်ဖြေသည်။

“သေချာပေါက် ခရိုင်မင်းသမီးနဲ့ အတူလိုက်မှာပါ”

All Chapters