← Chapters

အခန်း ၇၁၇

Vol. 61 Ch. 717

အခန်း ၇၁၇

Vol. 61 Ch. 717

အခန်း ၇၁၇

“အန္တရာယ်များတယ်.. အစ်ကိုလျိုက ဆေးဘုရင်တောင်ကြားအကြောင်း ရင်းနှီးတယ်လား”

လျိုလောင်ကွေ့မှ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဒါ‌ေပါ့။ ဆေးဘုရင်တောင်ကြား နောက်ဆုံးတစ်ခေါက်ပွင့်တုန်းက ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတယ်လေ”

ချန်ကျဲ့မှ ‌လျိုလောင်ကွေ့ကို ပြောသည်။

“အို အစ်ကိုလျိုက ဆေးဘုရင်တောင်ကြားကို မျက်မြင်တွေ့ခဲ့ဖူးတယ်ပေါ့”

လျိုလောင်ကွေ့ ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အမ်း လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းကပါ။ အဲဒီတုန်းက ငါ့အသက်၂၆နှစ်ပဲ ရှိသေးတာ။ တစ်နေ့မှာ ချောင်ကုန်သည်အဖွဲ့ကို သိုင်းပညာရှင်ကြီးတွေရောက်လာတယ်။ ပြီးတော့ ငါ့ဖမ်းကုန်သည်အဖွဲ့ကိုလည်း လှေနှစ်စင်းလွှတ်ပေးဖို့နဲ့ သူတို့ကို မျန့်ရွှေရဲ့ပုလဲကမာဆီ ပို့ပေးဖို့ အမိန့်ပေးခဲ့တယ်”

“ပုလဲကမာ”

ချန်ကျဲ့ တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ ထိုနေရာကို သူကြားဖူး၏။ မျန့်ရွှေအောက်ပိုင်းတွင် ပုလဲတွင်းဟုခေါ်သည့် မျန့်ရွှေပုလဲဟု ကျော်ကြားသည့် ပုလဲထွက်သည့်နေရာတစ်ခုရှိသည်။

ထိုနေရာကို ပုလဲမွေးမြူရေးနေရာတစ်ခုအဖြစ် လူသိများသည်။

လက်ရှိတွင် ထိုနေရာကို ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့မှ တစ်ဝက်စီ တာဝန်ယူစီမံသည်။ ကုန်သည်အဖွဲ့နှစ်ခုစလုံးသည် ရေငုပ်သမားများစွာကို ပျိုးထောင်ကာ ကမာကောက်စေသည်။

ဆေးဘုရင်ရတနာများသည် ထိုနေရာ‌တွင် ကွယ်ဝှက်နေခြင်းဟူသည်… လျိုလောင်ကွေ့မှ ဆက်ပြောသည်။

“အမှန်ပဲ။ ပုလဲကမာ.. ဆေးဘုရင်တောင်ကြားရဲ့တည်နေရာက အဲဒီနေရာပဲ”

“လွန်ခဲ့တဲ့နှစ်၃၀တုန်းက အဲဒီနေရာမှာ အတော်လေး စည်ကားခဲ့တာ။ သိုင်းလောက,က အဖွဲ့အစည်းအမျိုးမျိုးရဲ့ သိုင်းပညာရှင်ကြီးတွေ ရောက်လာခဲ့ပြီး တော်ဝင်နန်းတော်ကလည်း စစ်သည်တွေ စေလွှတ်ခဲ့သေးတယ်။ ငါတို့ကတော့ ကမ္ဘာတုန်ဟီးလောက်စရာ တိုက်ပွဲကြီးကို ‌အဝေးကနေ မျက်မြင်တွေ့ခဲ့ရတာပေါ့”

“အဲဒီတုန်းက တိုက်ပွဲကြီးကြောင့် မျန့်ရွှေတစ်ခုလုံး အုံးအုံးကြွက်ကြွက်ဖြစ်ခဲ့တာ။ လှိုင်းတွေက ဆယ်မီတာအမြင့်အထိ မြင့်တက်ရိုက်ခတ်ပြီး ကောင်းကင်မှာလည်း ချီစွမ်းအင်လှိုင်းတွေထန်နေရောပဲ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တွေတောင် ကြားဝင်ဖို့အခွင့်အရေးမရှိလိုက်ကြဘူး။ တကယ့်တိုက်ပွဲက ဝံပုလွေအငွေ့အသက်အဆင့်နဲ့ သက်တံအဆင့်သိုင်းပညာရှင်ကြီးတွေကြားမှာပဲ။ အဆုံးသတ်တော့ အမျိုးသမီးတစ်ယောက်က တန်ဖိုးအရှိဆုံးရတနာကို ရယူသွားခဲ့တယ်”

“ဇာမဏီဆေးလုံး.. ဟန်မြောင်ကျန်း”

ချန်ကျဲ့ ဆေးလုံးအမည်နှင့် လူအမည်ကို ထုတ်ပြောလိုက်သည်။

ထိုအခါ လျိုလောင်ကွေ့မှ အံ့အားသင့်စွာ ပြောသည်။

“အာ ညီနောင်ကျိုစစ် မင်းဘယ်လိုသိတာလဲ”

ချန်ကျဲ့မှ ပြောသည်။

“ခရိုင်မင်းသမီးပြောပြတာပါ”

လျိုလောင်ကွေ့မှ ပြောသည်။

“ဪ.. ညီနောင်ကျိုစစ်နဲ့ ခရိုင်မင်းသမီးရဲ့ဆက်ဆံရေးအရဆို သေချာပေါက် ပြောပြထားမှာပဲပေါ့”

ချန်ကျဲ့ခေါင်းညိတ်လိုက်သည်။ ထို့နောက် လျိုလောင်ကွေ့မှ ‌ဆက်ပြောသည်။

“ဒါပေမဲ့ ဆေးဘုရင်တောင်ကြားအတွင်းပိုင်းအကြောင်းကိုတော့ သူ မင်းကို ပြောပြမထားဘူးမလား”

ချန်ကျဲ့ ‌မေးလိုက်သည်။

“အို အစ်ကိုလျိုက သိတယ်လား”

လျိုလောင်ကွေ့မှ ပြောသည်။

“နည်းနည်းတော့ သိထားတယ်။ ငါ သူတို့ပြောနေတာကို တစ်ခါကြားဖူးတယ်။ ဆေးဘုရင်တောင်ကြားထဲမှာ ဆေးခြံဝင်း၅ခုရှိတယ်တဲ့။ ခြံဝင်းတစ်ခုစီက သက်ဆိုင်ရာစွမ်းအင်တစ်မျိုးကို ကိုယ်စားပြုတယ်။ သက်ဆိုင်ရာသိုင်းကျင့်စဉ်ကို အသုံးပြုပြီးမှ ဆေးခြံဝင်းဂိတ်တံခါးကိုဖွင့်နိုင်ပြီး ရတနာတွေကို ရယူနိုင်မှာ”

“ဥပမာ ငါ့ရဲ့မီးကျင့်စဉ်က မီးစွမ်းအင်ကိုယ်စားပြုဂိတ်တံခါးကို ဖွင့်နိုင်တယ်။ နန်ပါးထျန်းရဲ့ ရေခဲစိတ်စွမ်းအင်သိုင်းကလည်း ရေစွမ်းအင်ဆေးခြံဝင်းဂိတ်တံခါးအတွက် သော့တစ်ခုပဲ။ ငါ့အထင် ပါးထန်က နန်ပါးထျန်းကို ဇွတ်အတင်းကာကွယ်နေတာကလည်း သူ့ရဲ့ရေခဲစိတ်စွမ်းအင်သိုင်းကို ဆေးခြံဝင်းဂိတ်တံခါးဖွင့်ဖို့အတွက် လိုအပ်လို့ဖြစ်လိမ့်မယ်”

ချန်ကျဲ့ အနည်းငယ်မျက်မှောင်ကြုတ်သွား၏။

“နန်ပါးထျန်းရဲ့ကျင့်ကြံတာက ရေခဲစိတ်စွမ်းအင်သိုင်းလေ။ ရေစွမ်းအင်နဲ့ဘာဆိုင်လို့လဲ”

“ရေခဲဆိုတာကလည်း ရေကနေ ပြောင်းလဲဖြစ်တည်လာတဲ့ ပုံစံကွဲတစ်မျိုးလေ။ ညီနောင်ကျိုစစ် မင်း ဒါကိုတော့ သိမှာပါ”

ချန်ကျဲ့ သတိလက်လွတ်ဖြစ်သွားရလျက် ပြန်ပြောလိုက်သည်။

“အာ ကျွန်တော် အဲဒါကိုမတွေးမိလိုက်ဘူး။ ကျွန်တော်သိပြီ”

လျိုလောင်ကွေ့မှ ဆက်ပြောသည်။

“ဆေးပင်တွေအကြောင်းကို ပြောကြတာပေါ့။ ဆေးပင်တွေကို အမျိုးအစားခွဲခြားထားရတဲ့အကြောင်းအရင်းက ဆေးပင်တွေ ရှင်သန်ဖို့အတွက် လိုအပ်တဲ့အခြေအနေတွေ မတူညီကြလို့ပဲ။ ဆေးပင်တွေရဲ့ဂုဏ်သတ္တိတွေလည်း မတူညီကြဘူး”

“ဥပမာ မီးစွမ်းအင်ဆေးခြံဝင်းမှာဆိုရင် မီးဝိဉာဉ်သစ်သီးတို့၊ မီးအမြုတေလိုမျိုး ဆေးတွေကို တွေ့ရလိမ့်မယ်”

“ ရေစွမ်းအင်‌ဆေးတွေအားလုံးက ရေစွမ်းအင်ဆေးခြံဝင်းမှာ ရှိနေလိမ့်မယ်”

“ငါ့အစီအစဉ်ကတော့ ငါတို့ဆေးဘုရင်တောင်ကြားထဲ ဝင်ပြီးတာနဲ့ ခရိုင်မင်းသမီးကို မီးစွမ်းအင်ဆေးခြံဝင်းထဲ ခေါ်သွားပေးပြီး ရတနာတွေ ရယူစေမယ်။ နန်ပါးထျန်းတို့အုပ်စုက‌ သေချာပေါက် ရေစွမ်းအင်ဆေးခြံဝင်းဆီ သွားကြလိမ့်မယ်။ ဒီလိုဆိုရင် အစပိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ရမယ့်အရေးကို ရှောင်လွှဲနိုင်ပြီး ရတနာရယူတာကို အရင်ဆုံး အာရုံစိုက်နိုင်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရတနာသိုက်ထဲ ဝင်ပြီးမှတော့ လက်ဗလာနဲ့ ပြန်ထွက်လာလို့ မဖြစ်သင့်ဘူးမဟုတ်လား”

“အရင်ဆုံး ပဋိပက္ခမဖြစ်အောင် ရှောင်ရှားပြီး ရန်ငြိုးတွေကို အပြင်ရောက်မှ ဖြေရှင်းကြတာပေါ့”

“ညီနောင်ကျိုစစ် ဘယ်လိုသဘောရလဲ”

လျိုလောင်ကွေ့၏အမေးစကားတွင် ချန်ကျဲ့ အတွေးထဲနစ်မြုပ်နေရာမှ အသိပြန်ကပ်သွားပြီး ပြောသည်။

“အိုး မှန်ပါတယ်။ အစ်ကိုလျိုပြောတာ မှန်ပါတယ်”

လျိုလောင်ကွေ့မှ ပြောသည်။

“ညီနောင်ကျိုစစ် ဒီခွဲခြမ်းစိတ်ဖြာမှုက လက်ရှိအခြေအနေကို အခြေခံစဉ်းစားထားတာ။ ပြီးတော့ ငါ့အစီအစဉ်က ‌အတော်လေးသင့်တော်တယ်လို့ ငါသေချာတယ်။ ခရိုင်မင်းသမီးလည်း ဒီလိုပဲ စီစဉ်ထားလောက်တယ်”

ချန်ကျဲ့ လျိုလောင်ကွေ့ကိုကြည့်ပြီး မေးလိုက်သည်။

“အစ်ကိုလျိုက ဘာလို့ အဲဒီလိုထင်ရတာပါလဲ”

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“ခရိုင်မင်းသမီးရဲ့နောက်လိုက်တွေကို မင်းမတွေ့ဘူးလား။ မျက်နှာနီရဲရဲနဲ့တစ်ယောက်က မီးစွမ်းအင်ကျင့်ကြံတဲ့သူဆိုတာ အသိသာကြီးလေ။ အဲဒီတစ်ယောက်က မီးစွမ်းအင်ဆေးခြံဝင်းထဲဝင်ဖို့အတွက်ပဲ”

ထိုအခါ ချန်ကျဲ့သည် မျက်လုံးမှေးကျဉ်းလိုက်ပြီး လျိုလောင်ကွေ့ကို ပြောသည်။

“အစ်ကိုလျို ရေစိမ်းသစ်သီးနီကိုသိလား”

လျိုလောင်ကွေ့ အံ့ဩသွားလျက် ပြောသည်။

“အင်း ညီနောင်ကျိုစစ်က အဲဒီသစ်သီးကို လိုအပ်လို့လား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဒီတိုင်းမေးကြည့်တာပါ”

လျိုလောင်ကွေ့မှ ပြောသည်။

“အဲဒါက ရေစွမ်းအင်ခြံဝင်းထဲမှာရှိလိမ့်မယ်။ ငါအဲဒီသစ်သီးကို ကြားဖူးတယ်”

ထိုစကားတွင် ချန်ကျဲ့၏မျက်နှာအမူအရာမှာ ထူးဆန်းသွားတော့သည်။ ခရိုင်မင်းသမီးအဖွဲ့သည် မီးစွမ်းအင်ဆေးခြံဝင်းသို့ သွားနိုင်ခြေများသည်။ သို့သော် သူလိုအပ်သည့်အရာမှာ ရေစွမ်းအင်ဆေးခြံဝင်းထဲတွင် ရှိနေသည်။

ပြဿနာပဲ…

ချန်ကျဲ့ ခေါင်းကိုက်သွားရသည်။ အထဲရောက်ပါက သူအနည်းငယ် စွန့်စားရလောက်ပေမည်။

ထိုသို့အတွေးတွင် ချန်ကျဲ့ မေးခွန်းတစ်ခု ရုတ်တရက်တွေးမိလိုက်၏။

“အစ်ကိုလျို ဆေးဘုရင်တောင်ကြားက ပုလဲကမာမှာလို့ ပြောခဲ့တယ်နော်။ ဒါပေမဲ့ အဲဒီနေရာက တားမြစ်နေရာလည်း မဟုတ်ဘဲနဲ့။ ကျွန်တော်တို့ရဲ့အဖွဲ့သားတွေလည်း အဲဒီနေရာမှာ အမြဲတမ်း ကမာကောက်နေကြတာပဲလေ။ ဘယ်လိုလုပ်ပြီး ဘယ်သူမှ‌ ဆေးဘုရင်တောင်ကြားကို ရှာ‌မတွေ့ကြရတာလဲ”

ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။

“အာ မင်းမသိဘူးလား။ ဆေးဘုရင်တောင်ကြားပေါ်ထွက်လာဖို့က လိုအပ်တဲ့အခြေအနေတွေ ရှိသေးတယ်။ လိုအပ်တဲ့အခြေအနေတွေ မပြည့်စုံရင် ပေါ်ထွက်လာမှာမဟုတ်ဘူး”

ချန်ကျဲ့ အံ့ဩသွားပြီး လျိုလောင်ကွေ့ကိုကြည့်၍ မေးလိုက်သည်။

“အစ်ကိုလျို ဆေးဘုရင်တောင်ကြားပေါ်ထွက်လာဖို့က ဘယ်လိုအခြေအနေတွေ လိုအပ်တာလဲ”

လျိုလောင်ကွေ့မှ ပြောသည်။

“မိုးရွာဖို့.. မိုးအသည်းအထန်ရွာဖို့ လိုအပ်တယ်။ မျန့်ရွှေမြစ်ရေ ၃၃ပေအထိ တက်လာပြီး ‌မိုးပြာတိမ်တွေထဲ ရေကြီးနဂါးထွက်ပေါ်လာမှ ‌ဆေးဘုရင်တောင်ကြားက ထွက်ပေါ်လာမှာ”

“မျန့်ရွှေမြစ်ရေ ၃၃ပေအထိ တက်ပြီး မိုးပြာတိမ်တွေထဲ ရေကြီးနဂါးထွက်ပေါ်ရမယ်။ မျန့်ရွှေမှာ ရေကြီးနဂါးရှိတယ်လား”

လျိုလောင်ကွေ့မှ အတည်ပြုသည်။

“အမှန်ပဲ။ နှစ်သုံးဆယ်စာ မိုးရေကို ရွာသွန်းချပြီးနောက်မှာ ရေကြီးနဂါးလှုပ်ရှားလာပြီး ရတနာထွက်ပေါ်လာတယ်။

လျိုလောင်ကွေ့မှ ကာရံဖြင့် ရွတ်ဆိုပြောဆိုသည်။ ချန်ကျဲ့ မျက်မှောင်ကြုတ်လျက် ပြောသည်။

“အဲဒီတော့ အစ်ကိုလျိုဆိုလိုတာက မကြာခင် မျန့်ရွှေမှာ မိုးအသည်းအထန်ရွာတော့မှာပေါ့”

လျိုလောင်ကွေ့မှ ပြောသည်။

“ဟုတ်တယ်။ နောက်တစ်ရက်၊နှစ်ရက်အတွင်းပဲ”

သူတို့နှစ်ဦးစကားပြောနေစဉ်မှာပင် အပြင်ဘက်မှ မိုးခြိမ်းသံကြီးကို ကြားလိုက်ရလေသည်။

“ခေါင်းဆောင် မိုး မိုးစရွာနေပြီ”

All Chapters