လင်မယားအရာ
Vol. 16 Ch. 157
လီနန်ခယ့် အကြည့်ပြန်လွှဲလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ်ညည်းတွားလိုက်မိသည်။
သူမသည် လက်ရှိမင်းဆက်၏ တော်ဝင်မိဖုရားမယ်မယ်ကြီး ဖြစ်သော်လည်း ယခုအချိန်တွင်မူ မိုက်မဲဆိုးသွမ်းလှသော ကလေးငယ်တစ်ဦးကဲ့သို့ အဝတ်ဗလာဖြင့် နေရာတကာလျှောက်သွားနေခဲ့ရာ မိန်းကလေး၏စိတ်ပိုင်းဆိုင်ရာမှာ အတော်လေး ပုံမှန်မဟုတ်တော့ပုံပင်။
ဟယ့်လန်ရှောင်းက ဝမ်းနည်းပက်လက်ဖြင့် ဆိုလာခဲ့သည်။
"ရှင်ပဲ ကျွန်မအဝတ်တွေကို ဆုတ်ဖြဲပစ်ခဲ့တာလေ။"
"..."
ဟုတ်ပါပြီကွာ။
ထိုစကားကိုကြားတော့ သူလည်း ထပ်အထွန့်မတက်ရဲတော့။
လီနန်ခယ့်သည် ဒဏ်ရာများဆီမှနာကျင်မှုကို အံကြိတ်သည်းခံလိုက်ပြီး အပြင်ဝတ်ရုံကိုချွတ်ကာ ပစ်ပေးလိုက်သည်။
"အရင်ဆုံး ဒါဝတ်ထားလိုက်"
"ဟုတ်"
ဟယ့်လန်ရှောင်းကို အဝတ်ကိုလှမ်းဖမ်းလိုက်သည်။
သူမ အဝတ်ဝတ်ဆင်ပြီးချိန်မှ လီနန်ခယ့်ခေါင်းပြန်လှည့်ကြည့်ပြီး မေးလိုက်သည်။
"မင်းဒီထဲကို ဘယ်လိုရောက်လာတာလဲ"
အမျိုးသား၏ အပေါ်ဝတ်ရုံက အမျိုးသမီး၏ သေးသွယ်သောကိုယ်လုံးလေးကို လုံခြုံစွာဖုံးကာရန် လောက်ငှပါသော်ငြား လူသားစားပန်းပွင့်များ၏ ကိုက်ဖြတ်ဆွဲလွဲမှုကြောင့် ပြဲသည့်နေရာပြဲ စုတ်သည့်နေရာစုတ် ဖြစ်နေလေရာ တချို့သောနေရာများမှာ မြင်သာထင်သာရှိနေဆဲဖြစ်၏။
မြင်ကွင်းမှာ မတိုင်မီကထက် ပိုမိုဆွဲဆောင်မှုရှိနေခဲ့သည်။
ဟယ့်လန်ရှောင်းက သူမ၏ခေါင်းသေးသေးလေးကို ရိုးသားစွာခါရမ်းပြကာ မျက်လုံးပြာတောက်တောက်လေးများက စိတ်ရှုပ်ထွေးနေဟန်အပြည့်ရှိ၏။
"ကျွန်မကိုယ်ကျွန်မလည်း ဒီထဲဘယ်လိုရောက်လာခဲ့မှန်းမသိဘူးရယ်။ နိုးလာတဲ့အချိန် အရမ်းအိုဟောင်းနေတဲ့မင်္ဂလာခန်းမကြီးထဲရောက်နေတာပဲ မှတ်မိတော့တယ်။ အဲ့ထဲက အိပ်ချင်မူးတူးနဲ့ထွက်လာပြီးတော့ ကျွန်မလမ်းပျောက်သွားပါရော"
လီနန်ခယ့်ကဆိုသည်။
"ဘာတွေဖြစ်ခဲ့လဲဆိုတာ သေချာပြန်စဥ်းစားကြည့်။ ငါမင်းကိုလှမ်းဖက်လိုက်တာပဲမှတ်မိတယ်။ အဲ့ဒီနောက်ရော..."
ဟယ့်လန်ရှောင်း နှုတ်ခမ်းလေးကိုအသာကိုက်ကာ တိတ်ဆိတ်စွာပြန်လည်တွေးတောနေသည်။
လီနန်ခယ့်မှာ ထိုပုံစံကိုကြည့်ပြီး နှလုံးသားတစ်ခုလုံး နစ်မြုပ်မွန်းကျပ်သွားသလို ခံစားရ၏။
မိန်းကလေးရဲ့ ဖြူစင်မှုကိုများ သူဖျက်ဆီးခဲ့မိလေသလား။
မဖြစ်နိုင်ပါဘူး။
ထိုအကြောင်းကိုတွေးရင် လီနန်ခယ့် အံကြိတ်ကာ ကြိုးစားပြီးထထိုင်လိုက်သည်။
ထိုလှုပ်ရှားမှုကိုမြင်တော့ ဟယ့်လန်ရှောင်းသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ဆိုင်းသွားခဲ့ပြီး မျက်နှာနုနုလေးက သတိကပ်သွားဟန်ဖြင့် တင်းမာသွားကာ ဆိုသည်။
"ရှင်ဘာလုပ်ချင်နေတာလဲ။ ကျွန်မပြောလိုက်မယ်။ ကျွန်မယောက်ျားက မြေရှင်သူဌေးကြီးနော်။ ရှင်ကျွန်မတို့အနိုင်ကျင့်ရဲရင် ကျွန်မရုံးတော်အရာရှိတွေဆီတိုင်တန်းပြီး ရှင့်ကို ထောင်ချခိုင်းလိုက်မှာ"
အမျိုးသမီးသည် လုံးလုံးလျားလျားတုံးအနေသည်တော့မဟုတ်။ သူမ၏ အဆင့်အတန်းအစစ်အမှန်ကိုတော့ ဖုံးကွယ်ထားဖို့ သတိရသေးသည်ပင်။
သို့သော် မြေရှင်သူဌေးကြီးကတော်ဆိုသည့်ဂုဏ်ပုဒ်ကြောင့် လီနန်ခယ့် ရယ်ချင်ပက်ကျိဖြစ်သွားရသည်။
လိန်ရှင်းနန်၏ပြောပြချက်များအရ မယ်မယ်ကြီး၏ဘဝဇာတ်ကြောင်း အဖြစ်အပျက်များကို သူအတော်သိရှိနားလည်းထားပြီးဖြစ်၏။
ကူလန်တိုင်းပြည်၏ မင်းသမီးငယ်လေးအဖြစ် ဖွားမြင်သန့်စင်လာခဲ့ပြီး အသက်လေးနှစ်အရွယ်တွင် မဟာကျန်းပြည်ထောင်သို့ ဆက်သခံခဲ့ရသည်။
အသက်ခြောက်နှစ်တွင် ဧကရီအဖြစ် တင်မြှောက်ခြင်းခံခဲ့ရကာ ၂၁ရက်အကြာတွင် မယ်တော်ကြီးအဖြစ်သို့ ဘုမသိဘမသိ တက်လှမ်းခဲ့ရပြန်၏။
အသက် ၃၁နှစ်တွင်တော့ ဘွားတော်မယ်မယ်ကြီးဘွဲ့ကို ခံယူခဲ့ရသည်။
ကူလန်တိုင်းပြည်မှတစ်ဆင့် မဟာကျန်းမင်းဆက်၏ တော်ဝင်နန်းတော်ကြီးထဲ ခြေလှမ်းဝင်ရောက်လာချိန်မှစ၍ ဤအမျိုးသမီးသည် နန်းတော်တံခါးပြင်ပသို့ ခြေတစ်လှမ်းမျှပင် မလှမ်းဖူးဘဲ နက်ရှိုင်းလုံခြုံစွာ ပိတ်လှောင်ခံထားခဲ့ရခြင်း ဖြစ်သည်။
လှောင်အိမ်ထဲမှ ရွှေစာငှက်ငယ်လေးတစ်ကောင်ဟုသာ ဆိုရပေမည်။
မှူးမတ်အများစုပင် တော်ဝင်မယ်မယ်ကြီး မည်သို့အသွင်အပြင်ရှိသည်ကို မြင်ဖူးခွင့်မရှိကြ။ သာမန်ပြည်သူပြည်သားများမှာ မယ်မယ်ကြီး၏တည်ရှိမှုကိုပင် မေ့လျော့နေကြပြီဖြစ်ရာ နာမည်ကိုတကူးတကကြားရသည့်အခါမျိုးမှ ရှားရှားပါးပါး စကားထဲထည့်ပြောဖြစ်ကြသည်ပင်။
ရက်စက်ပွေလီသော နန်းတော်တွင်းတိုက်ပွဲများကို မကြုံတွေ့ဖူးသလို ယောက်ျားမိန်းမကြားက ချစ်ခြင်းမေတ္တာကိုလည်း ထိတွေ့ကြုံဆုံဖူးခြင်းမရှိရှာပေ။
သမိုင်းကြောင်းတစ်လျှောက်တွင်လည်း မည်သည့်လှိုင်းတံပိုးကိုမှ ရိုက်ခတ်စေခြင်းမရှိစေခဲ့။
သူမ၏ဘဝပေးကံကား ကံကောင်းသည်ဆိုရများ၊ ရက်စက်လွန်းပါသည်ဆိုရများ မသိလေတော့။ ထိုအကြောင်းများကိုတွေးရင် လီနန်ခယ့်သည် ဤအမျိုးသမီး၏ ကိုယ်ကျင့်စရိုက်နှင့်အသိတရားမှာ ကလေးမလေးတစ်ယောက်ထက်မပိုလောက်ဟု နားလည်လိုက်သည်။ ထို့ကြောင့် သူလေသံမှန်မှန်ဖြင့်ပင် ပြောလိုက်၏။
"မယ်မယ်ကြီးသာ မြေရှင်သူဌေးကတော်ကြီးဖြစ်မယ်ဆိုရင် ကျွန်တော်ဒီလောက်ဒုက္ခမရောက်လောက်ပါဘူး"
အမျိုးသား၏ တည်ငြိမ်သောထုတ်ဖော်မှုကြောင့် အမျိုးသမီး၏မျက်လုံးများ မဆိုစလောက်ပြူးကျယ်သွားရသည်။
"ကျွန်မကိုမယ်မယ်ကြီးမှန်း ရှင်သိထားတာလား"
"အဓိပ္ပာယ်မရှိတာ"
"ဒါဆို ငါ့ကိုအနိုင်ကျင့်လို့မရမှန်း မောင်မင်းသိလောက်မှာပါ"
ဟယ့်လန်ရှောင်းက မြင့်မြတ်သော တော်ဝင်မျိုးရိုးအရှိန်အဝါကို ထုတ်လွှတ်ဖို့ကြိုးစားသည်။ လက်နှစ်ဖက်ကို ခါးတွင် ဟန်ပါပါထောက်ရင်း မျက်ခုံးကိုကပင့်လိုက်သေး၏။
"ဒီမယ်မယ်ကြီးကို မင်းနောက်တစ်ခါထပ်ထိကိုင်ရဲရင် ခေါင်းပြတ်ဖို့အချိန်ကိုသာ ထိုင်စောင့်နေရတော့မှာ သိရဲ့မဟုတ်လား။ မျိုးဆက်ကိုးဆက်လုံးအထိပါ ခေါင်းဖြတ်ကွပ်မျက်လိုက်လို့ရတယ်"
လီနန်ခယ့်ကပြုံးသည်။
"မယ်မယ်ကြီး ဘယ်နေရာကိုရောက်နေမှန်းရောသိသလား"
ဟယ့်လန်ရှောင်းက ထိတ်လန့်သွားဟန်ဖြင့် ရိုးသားစွာ ခေါင်းလေးယမ်းပြသည်။
"မသိဘူးရယ်"
"ဒါကို မိုးနီအိပ်မက်ကမ္ဘာလို့ခေါ်တယ်။ ဒီကမ္ဘာထဲ ကျွန်တော့်ခွင့်ပြုချက်မရဘဲ ဘယ်သူမှဝင်လာခွင့်မရှိဘူ။ မယ်မယ်ကြီးတောင် ကျွန်တော်ပို့လိုက်လို့ရောက်လာတာ"
လီနန်ခယ့်က ပေါ့ပေါ့ပါးပါးပင်စကားဆက်၏။
"ဆိုတော့ ဒီနယ်မြေမှာ ကျွန်တော်ကဘုရင်ပဲ။ အပြင်ကမ္ဘာမှာ မယ်မယ်ကြီးမကလို့ ဧကရာဇ်မင်းမြတ်ကြီးဖြစ်ခဲ့ပါစေ၊ ဒီကမ္ဘာထဲကိုရောက်တာနဲ့ ကျွန်တော့်အမိန့်ပဲနာခံရမယ် နားလည်လား"
အမျိုးသမီးက သံသယမကင်းဟန်ဖြင့်သာ ပြန်ကြည့်နေသည်။
လီနန်ခယ့်ကတော့ သူမ ယုံမယုံကိုဂရုစိုက်မနေဘဲ ပြောလက်စကိုသာပြန်ဆက်သည်။
"ကျွန်တော်ထပ်မေးမယ်။ ခင်ဗျားကိုဖက်လိုက်တုန်းက ကျွန်တော် တခြားဘာလုပ်ခဲ့မိသေးလဲ"
"လုပ်ခဲ့တာပေါ့"
ဟယ့်လန်ရှောင်း၏ မျက်ဝန်းအိမ်လေးများမှာ နီမြန်းလာခဲ့ပြီး သူမ၏ ဝမ်းနည်းပက်လက် ဖြစ်နေသော ပုံစံလေးမှာ သနားစရာကောင်းလွန်းလှသဖြင့် မြင်သူတိုင်း နာကျင်ထိခိုက်အောင် လုပ်နိုင်စွမ်းရှိလိမ့်မည်မဟုတ်။
လီနန်ခယ့် ရင်တုန်သွားသည်။
"အသေးစိတ်ပြန်ပြောပြ"
"ရှင် ကျွန်မအဝတ်အစားတွေကို ဆွဲဖြဲတယ်"
"နောက်တော့ရော"
“…”
အမျိုးသမီးက ငြိမ်ကျသွားပြီး မျက်လုံးများက တောင်ရောက်မြောက်ရောက်။
လီနန်ခယ့်မှာ စိတ်ပူပန်လွန်းသဖြင့် ဒေါသလွတ်ထွက်တော့မလို ဖြစ်သွားခဲ့ရပြီးမှ ဤမယ်မယ်ကြီးသည် နန်းတော်အတွင်း အချိန်အကြာကြီး ပိတ်လှောင်နေထိုင်ခဲ့ရသဖြင့် အမျိုးသားနှင့် အမျိုးသမီးကြားရှိ လိင်မှုကိစ္စရပ်များကို ကောင်းကောင်းသိရှိလိမ့်မည်မဟုတ်ဟု တွေးတောမိကာ စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"မယ်မယ်ကြီး အိပ်ရာပေါ်ကကိစ္စတွေအကြောင်းသိလား"
ဟယ့်လန်ရှောင်း၏ မျက်နှာလှလှလေး ရုတ်ချည်းနီရဲသွားကာ အချစ်ဦးကိုမြင်လိုက်ရသော မိန်းကလေးငယ်လေးအလား ရှက်သွေးဖြန်းသွားတော့၏။
ထိုမျက်နှာအမူအရာမှတစ်ဆင့် သူမဆီမှအဖြေကို ကြိုတင်ခန့်မှန်းလို့ရပြီးသားဖြစ်သော်ငြား လီနန်ခယ့် ထပ်ပြီးအတည်ပြုလိုက်သည်။
"သိတာလား မသိတာလား"
"သိတာပေါ့နော်"
ရှက်သွေးဖြန်းနေသောအမျိုးသမီးက ဒေါသထွက်သွားဟန်ဖြင့် သူ့ကိုစိုက်ကြည့်လာသည်။
အမှန်တော့ အစေခံမလေးများက သူမကိုတစ်ခါက ထိုသို့အိပ်ရာခန်းဝင်အကြောင်းများ ပြောပြမျှဝေခဲ့ဖူးပြီး သူမကိုယ်တိုင်လည်း ထူးဆန်းသောရုပ်ပြစာအုပ်အချို့ကို ခိုးကြည့်ခဲ့ဖူးသည်။ အပြည့်အစုံနားမလည်ပါသော်ငြား အကြမ်းဖျင်းတော့ သိထားသည်ပင်။
လီနန်ခယ့် စိတ်အေးသွားရသည်။
"ဒါဆိုရင် ကျွန်တော်တို့.... လင်မယားအရာမြောက်ခဲ့သလား"
"....ကျွန်မလည်းမသိဘူးရယ်"
ဟယ့်လန်ရှောင်းက ခေါင်းလေးကိုငုံ့ကာ လက်ဖြူဖြူသွယ်သွယ်လေးများက အင်္ကျီစကို လုံးချေဆုပ်ကိုင်ထားခဲ့သည်။
"ကျွန်မလည်း အဲ့ဒီအချိန်တုန်းက သတိလစ်သွားခဲ့တယ်ထင်တာပဲ"
သတိလစ်သွားတာလား။
လီနန်ခယ့် မျက်မှောင်ကြုတ်သည်။
ကူကယ်ရာမဲ့အခြေအနေတွင် ကြံရာမရသည့်အဆုံး အမျိုးသားသည် မိန်းကလေးကို ညွှန်ကြားသင်ပြဖို့သာပြင်ရတော့၏။
"ဒီလိုဆိုရင်ရော၊ မယ်မယ်ကြီး ကိုယ့်ဘာသာစစ်ဆေးကြည့်လိုက်ပါလား။ အဲ့ဒီနေရာကို... ဘယ်လိုခေါ်ရမလဲ၊ ကလေးမွေးတဲ့နေရာလေ၊ အဲ့ဒီနေရာမှာ တစ်ခုခုထူးခြားနေလား၊ အနာတရတွေဘာတွေရှိသလား ကြည့်ကြည့်လိုက်နော်။ ဒီကိစ္စကအရမ်းအရေးကြီးလို့ ကျွန်တော်တို့ ပေါ့ဆလို့မဖြစ်ဘူး"
"ကလေးမွေးတဲ့နေရာလား..."
ဟယ့်လန်ရှောင်းက မျက်လုံးပြာပြာလေးများကို ကလည်ကလည်လုပ်နေသည်။
ထို့နောက် တစ်ဖက်သို့လှည့်ကာ ခြုံထားသောဝတ်ရုံကိုအသာလှပ်ပြီး ချက်ပေါက်လေးကိုငုံ့ကြည့်လိုက်သည်။
"ဘာဒဏ်ရာမှတော့မတွေ့ဘူးတော့်"
လီနန်ခယ့်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"ခင်ဗျား ဘာတွေလုပ်နေတာလဲ"
ဟယ့်လန်ရှောင်းက စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ဆောင့်ဆောင့်အောင့်အောင့်ပြောလာသည်။
"ရှင်ပဲကျွန်မကိုကြည့်ခိုင်းတာလေ"
လီနန်ခယ့် အခိုက်အတန့်မျှဆွံ့အသွားခဲ့ရသည်။
ထို့နောက် စိတ်ကိုမနည်းဆွဲဆန့်ကာ အံကြိတ်သံဖြင့်ပြောလိုက်သည်။
"အခု မြေကြီးပေါ်သာလှဲလိုက်။ အဲ့နေရာကို ကျုပ်ဘာသာစစ်ဆေးမယ်"