← Chapters

ဇနီးသည်၏ထောင်ချောက်

Vol. 16 Ch. 159

ဇနီးသည်၏ထောင်ချောက်

Vol. 16 Ch. 159

"ခင်ဗျားရဲ့ခန္ဓာကိုယ်ကို သေသေချာချာ ထပ်ပြီးစစ်ဆေးကြည့်ဦး။ ချက်ကိုမကြည့်နဲ့၊ အဲ့ဒါက ကလေးမွေးတဲ့နေရာမဟုတ်ဘူး နားလည်လား"

လီနန်ခယ့်က စိတ်ရှည်လက်ရှည်ဖြင့် ညွှန်ကြားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဟယ့်လန်ရှောင်းသည် ယခုအကြိမ်တွင်မူ ပူးပေါင်းဆောင်ရွက်လာခဲ့၏။ ထိုအမျိုးသား၏ သေသေချာချာ ရှင်းပြလမ်းညွှန်မှုအောက်တွင် သူမသည် ဝတ်ရုံရှည်ကို အကာအကွယ်အဖြစ် အသုံးပြုလျက် မိမိကိုယ်ကိုယ် သေသေချာချာ စစ်ဆေးလိုက်ပြီးနောက် မျက်နှာရဲရဲလေးဖြင့် ဆိုလာခဲ့သည်။

"ရှင်ပြောတဲ့ အပျိုစင်စင်ကြယ်မှုဆိုတာ ရှိနေပါသေးတယ်။"

"ဒါဆိုရင် တော်သေးတာပေါ့။"

လီနန်ခယ့်၏ စိုးရိမ်ပူပန်နေသော နှလုံးသားသည်လည်း နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ရတော့၏။

အမျိုးသားတစ်ဦး၏ မသိစိတ်မှ တဏှာလွှမ်းသောသဘာဝအရ တစ်စုံတစ်ခုကို ကျူးလွန်မိခဲ့နိုင်ချေရှိသော်လည်း တစ်ဖက်လူက မဟာကျန်းမင်းဆက်၏ တော်ဝင်မယ်မယ်ကြီး ဖြစ်နေခဲ့လေရာ နန်းတော်တွင်းအမျိုးသားများမှာ သူမကို မကောင်းကြံစည်ရန်မဆိုထားနှင့်၊ တွေ့ဆုံဖို့အခွင့်အရေးပင် မရှိနိုင်လောက်ချေ။

သူမသည် အလွန်ကိုမှအပြစ်ကင်းစင်သော ပန်းလေးတစ်ပွင့်သာပင်။

ထိုသို့သော လိင်မှုကိစ္စကျူးလွန်ခြင်းတွင် ချစ်ခြင်းမေတ္တာမပါရှိလျှင် ဆားမပါသောဟင်းကဲ့သို့ ပေါ့ပြက်ပြက်သာဖြစ်နေလိမ့်မည်ဟု သူယူဆသည်။

ထို့အပြင် လီနန်ခယ့်တွင် သူ၏ပထမဆုံးအကြိမ်သည် ဇနီးသည်သာဖြစ်စေရမည်ဟု စိတ်အစွဲတစ်ခုကလည်း ကျန်ရှိနေသေး၏။

အမှန်တော့ အဆောင်အယောင်မိဖုရားများ ထားရှိလိုသည့် စိတ်ကူးကတော့ ရှိနေဆဲဖြစ်ပေသည်။

ကမ္ဘာနှစ်ခုခြား ရွေးချယ်ခံအဖြစ် ကူးပြောင်းလာရသူဖြစ်သည်နှင့်အညီ ဇနီးသည်အမြောက်အမြား ထားရှိလိုသည့်အတွေးမှာ မဖြစ်သင့်တာတော့မဟုတ်ချေ။ သူသည် သူတော်စင်တစ်ပါး မဟုတ်သလို ဇနီးသည်ကလည်း ကန့်ကွက်ခြင်းမရှိပါက အမျိုးသမီးတို့ကြားဆက်ဆံရေး ကောင်းမွန်ချောမွေ့နေသရွေ့ သူ၏ အနောက်ဆောင်ထားချင်သည့်စိတ်ကို လက်မလျှော့သေးပါချေ။

သို့သော် လူအပိုပါလာခြင်းက ဇနီးမောင်နှံကြား အပြန်အလှန်ခံစားချက်များကို ထိခိုက်စေမည်ဆိုလျှင် ထိုကိစ္စကို မေ့ပစ်လိုက်ရုံသာရှိသည်။ နူးညံ့သိမ်မွေ့ပြီး စာနာတတ်သော ဇနီးတစ်ဦးရှိနေခြင်းကပင် သူ့အတွက် လိုတာထက်ပိုပြီး ကံကောင်းလှလေပြီ။

မိမိ ဘာတစ်ခုမှကျူးလွန်ခဲ့ခြင်းမရှိကြောင်း အတည်ပြုပြီးနောက် လီနန်ခယ့် စိတ်သက်သာရာရသွားခဲ့ပြီး နောက်ထပ်အစီအစဉ်များကို စတင် ကြံစည်တော့သည်။

"အခု ကျွန်တော်ခင်ဗျားကို အပြင်ပြန်ပို့နိုင်မဲ့နည်းလမ်း ရှာရမယ်။ မင်းသမီးကြီးက မယ်မယ်ကြီးကို အရူးတစ်ပိုင်းလိုက်ရှာနေတာ"

"သနားစရာ ပိုင်ရူယွဲ့လေး အရမ်းစိတ်ပူနေမှာပဲ။"

ဟယ့်လန်ရှောင်းက စိတ်မကောင်းစွာဖြင့် ဆိုလာခဲ့သည်။

"တကယ်လို့ နန်းတွင်းကလူတွေသိသွားရင် ရူယွဲ့လေးနဲ့ ဝေယန်လေးတို့ အပြစ်ပေးခံရတော့မှာ"

"ဒါကြောင့် ခင်ဗျားကို ဒီနေရာကနေ အမြန်ဆုံးခေါ်ထုတ်သွားရမှာ၊ ဒါပေမဲ့ ပြဿနာက ဘယ်လိုခေါ်ထုတ်ရမလဲ ဆိုတာပဲ။"

လီနန်ခယ့် ထပ်မံ ခေါင်းခဲသွားခဲ့ရပြန်သည်။

သူမ ဤနေရာသို့ ဘယ်လိုရောက်လာသည်ကိုပင် သူကောင်းကောင်းနားမလည်သေးရာ ဘယ်လို ပြန်လည်ပို့ဆောင်ရမည်ကိုမူ ပို၍ပင် စဥ်းစားမရပါချေ။

သေနတ်နဲ့ စမ်းပစ်ကြည့်ရကောင်းမလား။

သို့သော် တကယ်လို့ သူမသာသေဆုံးသွားခဲ့မည်ဆိုလျှင် ပြဿနာကြီးလှပေလိမ့်မည်။

ထားလိုက်ပါတော့။ အရင်ဆုံး မင်္ဂလာခန်းမဆီသို့ ပြန်ကြတာပေါ့။

ထိုနေရာမှ ထွက်ခွာခါနီးတွင် လီနန်ခယ့်သည် လူစားပန်းပွင့်များကို တစ်ချက်ကြည့်လိုက်ပြီး အတွေးတစ်ခုဝင်လာခဲ့ကာ ဟယ့်လန်ရှောင်းကိုပြောလိုက်သည်။

"မယ်မယ်ကြီး၊ အဲ့ဒီပန်းပွင့်ဖတ်လေးတွေ ပိုခူးလာပေးပါဦး။ နောက်ပိုင်းဒဏ်ရာရရင် သုံးလို့ရအောင်လို့"

"ကောင်းပါပြီ။"

ဟယ့်လန်ရှောင်းသည် တွန့်ဆုတ်မနေဘဲ ပန်းပွင့်များကို မြန်မြန်သွက်သွက်သွားခူးဖို့ပြင်လိုက်သည်။

"ဟေး ဟေး အဝတ်အစားတွေကို အရင်ချွတ်ဦးလေ"

လီနန်ခယ့် အမြန်သတိပေးလိုက်ပြီး နောက်ကိုလှည့်ပေးလိုက်သည်။

"ကျွန်တော် မကြည့်ပါဘူး၊ စိတ်ချလက်ချချွတ်လို့ရတယ်။"

"ကျွန်မမေ့သွားလို့။"

ဟယ့်လန်ရှောင်းသည် ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ လျှာလေးထုတ်ပြလိုက်ပြီး မျက်နှာရဲရဲဖြင့် အဝတ်အစားများကို ချွတ်ပစ်လိုက်တော့သည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက်သတိရသွားဟန်ဖြင့် လှည့်ပြောလာခဲ့သည်။

"ရှင်ကျွန်မကို ရှောင်းရှောင်းလို့ပဲခေါ်ပါလား။ မယ်မယ်ကြီးလို့ခေါ်တာကို တကယ်မကြိုက်လို့ရယ်"

"ရှောင်းရှောင်းဟုတ်လား"

"အင်း"

"ကောင်းပါပြီ၊ ဒါဆိုရင် နောက်ပိုင်းကျ ရှောင်းရှောင်းလို့ပဲခေါ်ပါ့မယ်"

လီနန်ခယ့်က ပေါ့ပေါ့ပါးပါးသာဆိုလိုက်သည်။

"ဒါနဲ့ ရှင့်နာမည်က ဘယ်လိုခေါ်လဲ။"

"အာ ဒီတိုင်း ယောက်ျားလို့ပဲခေါ်ပါ။"

လီနန်ခယ့် စနောက်ချင်စိတ်ပေါက်လာပြီး စကားဖြင့်အမြတ်ထုတ်ဖို့ကြံလိုက်သည်။

"ယောက်ျားဟုတ်လား တကယ်ထူးဆန်းတဲ့နာမည်ပဲ။"

ဟယ့်လန်ရှောင်း၏ နုနယ်သောမျက်နှာလေးတွင် ဇဝေဇဝါဖြစ်သွားဟန်ပေါ်သော်လည်း များများစားစား တွေးတောနိုင်စွမ်းမရှိဟန်ဖြင့် နာနာခံခံခေါ်လိုက်သည်။

"ဟုတ်ကဲ့ယောက်ျား"

ထိုအမျိုးသမီး၏ ချိုမြိန်ပြီး နူးညံ့လှသော အရုပ်မလေးကဲ့သို့အသံက လီနန်ခယ့်၏နှလုံးသားကို တစ်ဝက်ခန့် အရည်ပျော်သွားစေခဲ့၏။

စနောက်ရုံဆိုပေမဲ့ ရာဇဝတ်မှုကျူးလွန်နေမိတဲ့ ခံစားချက်ပဲ။

ညှိုးနွမ်းနေသော လူစားပန်းပွင့်ဖတ် အမြောက်အမြားနှင့်အတူ မင်္ဂလာခန်းမသို့ ပြန်ရောက်လာချိန်တွင် လီနန်ခယ့်သည် မင်းသမီးရှန်းယွမ် တစ်ဖန်ပြန်လည်အိပ်ပျော်နေသည်ကို မြင်တွေ့လိုက်ရသည်။

အတိအကျပြောရလျှင် သူမသည် နှစ်ခြိုက်စွာအိပ်မောကျနေခြင်း ဖြစ်၏။

ဖျော့တော့သော အနီရောင်အလင်းတန်းတစ်ခုက သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေခဲ့ပြီး ရေလှိုင်းများကဲ့သို့ တလိမ့်လိမ့်စီးဆင်းနေခဲ့သည်။

သူမ၏ ဖြူဝင်းနုနယ်လှသော လည်တံလေးမှစလို့ သေးသွယ်လှပသော ခြေသလုံးလေးများနှင့် ခြေဖဝါးတစ်စုံအထိ အရာအားလုံးက နူးညံ့လှသော အလင်းတန်းများဖြင့် စီးဆင်းတောက်ပနေခဲ့သဖြင့် နတ်သမီးတစ်ပါးဟုပင် ထင်မှတ်မှားစေနိုင်သော အသွင်အပြင်မျိုးဖြစ်လေသည်။

သူနောက်ဆုံးကြားခဲ့သည့် အားနည်းလှသောအသံလေးကို ပြန်လည်တွေးတောမိသောအခါ ယခု ပြန်လည်အားဖြည့်ကုစားနေခြင်းဖြစ်ပေမည်ဟုတွေးကာ မနှောင့်ယှက်လိုက်တော့။

"ဒါဘယ်သူလဲဟင် အရမ်းလှတာပဲ။"

ဟယ့်လန်ရှောင်းသည် ကုတင်ထက်ကအမျိုးသမီး၏ အလှတရားကြောင့် ကြောင်အမ်းသွားခဲ့ရသည်။

"သူကဒီမှာအမြဲတမ်းရှိနေခဲ့တာပါ။ ခင်ဗျားဒီကိုရောက်တုန်းက သူက ဝိညာဥ်အခြေအနေနဲ့ပဲရှိနေသေးတာမလို့ မမြင်ရတာ"

လီနန်ခယ့် ခေတ္တမျှတွေးတောလိုက်ပြီးမှ ဆိုလိုက်သည်။

"သူက မင်းသမီးရှန်းယွမ်ပဲ။"

"ရှန်းယွမ်ဟုတ်လား"

ဟယ့်လန်ရှောင်း အနည်းငယ်အံ့သြသွားခဲ့ရသည်။

"ရူယွဲ့လေးကဆို သူသေသွားခဲ့ပြီထင်နေတာ၊ လွန်ခဲ့တဲ့နှစ်လကတင် သတင်းကြားထားတာလေ"

"ဒီအကြောင်းတွေကို ကျွန်တော်အချိန်တိုအတွင်း ရှင်းပြလို့မရသေးဘူး၊ နောက်မှ အေးအေးဆေးဆေး ပြောပြမယ်။"

မင်းသမီးရှန်းယွမ်သည် အချိန်အတော်ကြာအောင် နိုးလာဦးမည်မဟုတ်ဟု ခန့်မှန်းလိုက်ပြီး လီနန်ခယ့်သည် လူစားပန်းပွင့်ဖတ်အချို့ကို လက်ထဲတွင် တင်းကျပ်စွာဆုပ်ကိုင်လျက် အခြားလက်တစ်ဖက်ဖြင့် သေနတ်ကိုထုတ်ယူကာ ဟယ့်လန်ရှောင်းကို ညွှန်ကြားလိုက်သည်။

"ကျွန်တော် ဒီကနေ ခဏလောက်ထွက်သွားဦးမယ်။ သူနိုးလာတဲ့အချိန်မှ ခင်ဗျားကိုအပြင်ပြန်ပို့ဖို့နည်းလမ်းကို ကျွန်တော်တို့အတူတူရှာဖွေလို့ရမှာ။ ဒီအချိန်အတွင်းမှာ ခင်ဗျား အပြင်ကိုလျှောက်မသွားတာအကောင်းဆုံးပဲ နားလည်လား။ တကယ်လို့ ဗိုက်ဆာရင် အဲ့ဒီပန်းပွင့်ဖတ်တွေကိုစားလိုက်။ တိုတိုပြောရရင် အပြင်ကို တတ်နိုင်သလောက်မထွက်နဲ့ နော်။"

"ဟုတ် နားလည်ပါပြီ ယောက်ျား"

ဟယ့်လန်ရှောင်းက သူမ၏ခေါင်းလေးကို တဆတ်ဆတ်ညိတ်ပြလိုက်ပြီး လိမ္မာသိတတ်သောသမီးလေးတစ်ယောက်အလား ဆိုသည်။

အခြား ပြောစရာမရှိတော့သောကြောင့် လီနန်ခယ့်သည် သေနတ်ကိုမြှောက်လိုက်ပြီး သူ့ခေါင်းကိုချိန်ကာ ပစ်ခတ်လိုက်တော့၏။

လက်ရှိကမ္ဘာသို့ ပြန်လည်ရောက်ရှိချိန်တွင် အခန်းထဲ၌ တိတ်ဆိတ်နေခဲ့ပြီး ပြတင်းပေါက်အပြင်ဘက်တွင် လရောင်မှာ ပွင့်လန်းနေဆဲဖြစ်ကာ ကြယ်ပွင့်များပြန့်ကျဲနေခဲ့သည်။

သူ့လက်ထဲက လူစားပန်းပွင့်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

မိုးနီအိပ်မက်ကမ္ဘာထဲက အရာဝတ္ထုများကို လက်တွေ့ကမ္ဘာသို့ ကူးပြောင်းသယ်ဆောင်လာလို့မရကြောင်း သက်သေတစ်ခုပင်။

လီနန်ခယ့်မှာ အတော်လေးစိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

ထိုကဲ့သို့သော အံ့ဖွယ် ဆေးစွမ်းကောင်းကို လက်တွေ့ကမ္ဘာသို့ ယူဆောင်လာနိုင်လျှင် သူ၏ သမားတော်ဇနီးသည်နှင့် လိန်ရှင်းနန်တို့ကို ပေးနိုင်လိမ့်မည်ဟု အတွေးရှိခဲ့သောကြောင့် ယူလာဖို့ကြိုးစားခဲ့ခြင်းပင်။

ရင်ခွင်ထဲတွင် ရှိနေခဲ့သော ဇနီးသည်လော့ချန်းချိုးမှာ ယခုအချိန်တွင်မူ လွတ်ရာသို့ရုန်းထွက်သွားခဲ့ပြီး ဘေးနားတွင် ငြိမ်သက်စွာအိပ်ပျော်နေခဲ့ပြီ ဖြစ်သည်။

လီနန်ခယ့်သည် ကုတင်၏ အတွင်းဘက်သို့ တစ်ချက်ကြည့်လိုက်၏။

လိန်ရှင်းနန်တစ်ယောက် အိပ်မပျော်သေးသည်ကို တွေ့လိုက်ရသည်။ သူမသည် ရံဖန်ရံခါ ခေါင်းကို အနည်းငယ်မြှောက်ကြည့်လိုက်၊ ခန္ဓာကိုယ်ကို အနည်းငယ်ကွေးညွှတ်လိုက် လုပ်နေဟန်မှာ တစ်စုံတစ်ခုကို အောင့်အီးသည်းခံနေရသည့်အလား ဖြစ်နေခဲ့သည်။

အစ်မလိန် ဘာဖြစ်နေတာလဲ။ ဗိုက်နာလို့လား။

လီနန်ခယ့် ဟိုဟိုဒီဒီ လျှောက်တွေးနေမိသည်။

သူတွေးတောနေစဥ်မှာပင် ထိုအမျိုးသမီးသည် ရုတ်တရက် စောင်ကို အလွန်သတိကြီးစွာဖြင့် မလိုက်ပြီး ထရပ်လိုက်တော့သည်။

ထို့နောက်တွင် သူမသည် လော့ချန်းချိုးကို နိုးသွားမည်စိုးရိမ်ဟန်ဖြင့် ခြေဖွဖွနင်းလျက် တွားဆင်းဖို့ ကြိုးစားလာ၏။ သူမ၏လက်တစ်ဖက်ကို လီနန်ခယ့်နှင့် လော့ချန်းချိုးကြားတွင် ထောက်ထားခဲ့ပြီး အခြားလက်တစ်ဖက်ကမူ ကုတင်၏အစွန်းကို ကိုင်စွဲလျက် ကုတင်အစွန်းဘက်ရောက်အောင် ဖြည်းညှင်းစွာရွေ့လျားသွားခဲ့သည်။

အိမ်သာသွားချင်နေခြင်း ဖြစ်ပေလိမ့်မည်။

ထိုအမျိုးသမီး အိပ်ခါနီးတွင် ဆေးရည်ပန်းကန်လုံးကြီးနှစ်လုံးကို သောက်သုံးခဲ့ရကြောင်း လီနန်ခယ့် သတိရသွားမိ၏။

အရှက်ရစရာများ မဖြစ်လာစေရန် လီနန်ခယ့်သည် အိပ်ပျော်ဟန်ဆောင်နေခြင်းမှအပ အခြားရွေးချယ်စရာ မရှိတော့ချေ။

ထိုအချိန်တွင် လိန်ရှင်းနန်သည် ရွေ့လျားလာရင်းမှ လီနန်ခယ့်၏မျက်နှာနှင့် အလွန်နီးကပ်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ ရှည်လျားလှသော ဆံနွယ်အချို့က ထိုအမျိုးသား၏ မျက်နှာပေါ်သို့ သက်ဆင်းကျရောက်နေခဲ့ပြီး ယစ်မူးဖွယ်ရာ ရနံ့ကောင်းတစ်ခုနှင့်အတူ ယားကျိကျိဖြစ်စေလျက်။

တခြားလူများ မတော်တဆနိုးသွားမည်စိုးသဖြင့် သူမမှာ အသက်ကိုပင်အောင့်ထားရလေသည်။

"အစ်မလိန် အိမ်သာသွားမလို့လား"

ပိန်းပိတ်သောအမှောင်ထုထဲတွင် လော့ချန်းချိုး၏အသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"အာ"

အသက်ကိုအောင့် စိတ်ကိုတင်းကာ ရွေ့လျားနေသော လိန်ရှင်းနန်သည်လည်း အငိုက်မိကာ လန့်ဖျနပ်သွားခဲ့ရမိသည်။ ထိုစဥ် ကုတင်အစွန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သော သူမ၏ လက်တစ်ဖက်က ရုတ်တရက်ချော်ထွက်သွားခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး လီနန်ခယ့်ပေါ်သို့ ချော်ကျသွားခဲ့ရ၏။

အဆိုးဆုံးနှင့် အတိုက်ဆိုင်ဆုံးအချက်မှာ သူတို့နှစ်ဦးစလုံး၏ နှုတ်ခမ်းချင်းကလည်း ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်မိသွားခဲ့ခြင်း ဖြစ်ပေသည်။

လော့ချန်းချိုးသည် ဤမြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားခဲ့ရတော့၏။

တောက်ပလင်းချင်းသော လရောင်က အိပ်ရာကုတင်ထက်သို့ ဖြာကျနေခဲ့ပြီး နမ်းနေကြသောလူနှစ်ဦးကို ဇနီးဖြစ်သူက စိုက်ကြည့်နေခဲ့သည်။

အလွန်တရာထူးဆန်းကာ ရုပ်ရှင်ဆန်လှသော မြင်ကွင်းပါပေ။

လော့ချန်းချိုးတစ်ယောက် မိမိကိုယ်တိုင်ဆင်ထားသောထောင်ချောက် မိမိဆီသို့သာလာငြိပြီဖြစ်ကြောင်း လက်ခံလိုက်ရတော့လေသည်။

All Chapters