← Chapters

တာ့ဆန်၏ တမန်တော်

Vol. 010 Ch. 499

တာ့ဆန်၏ တမန်တော်

Vol. 010 Ch. 499

သူက ရေစက်ကို ဖမ်းမိလိုက်ချင်းချင်း ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်၏။ သို့သော် ဒိုင်းမင်းရှင်း အက်ကြောင်းတစ်ခုက သူ့ရှေ့တွင် တိတ်တဆိတ် ပေါ်လာခဲ့သည်။ ဝမ်လင်း အင်္ကျီအပိုင်းအစများက ပျောက်ကွယ်လို့သွား၏။

သူ့နဖူးထက်၌ ဇောချွေးများ ပြန်သွားခဲ့ပြီးနောက် သူက အက်ကွဲကြောင်းများကို ဂရုတစိုက် ရှောင်တိမ်း၍ နောက်ဆုံးတွင် သည်ချောက်နက်ထဲကနေ ပြန်ထွက်လာနိုင်ခဲ့၏။

သည်တုန်ခါမှုမက အသက်ရှူစာ ဆယ်ကြိမ်ခန့်သာ ကြာမြင့်ပေသည်။ သို့သော် သည်အသက် ဆယ်ကြိမ်ရှူစာ ကြာပြီးနောက် ဟင်္သာပြဒါး အုတ်ဂူတစ်ခုလုံးသည် ကမောက်ကမ နေရာကြီးတစ်ခု အဖြစ်သို့ ပြောင်းသွားတော့၏။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများက မြေပြင်နှင့် ကောင်းကင်ထက်တွင် ပေါ်လာခဲ့ပြီး များစွာသော နေရာများက ပြိုကျ ပျက်စီးသွားခဲ့ကြသည်။ အက်ကွဲကောင်းထဲသို့ ကျ‌ရောက်သွားသည့် မည်သူမဆို သေဆုံးသွားရမည် ဖြစ်၏။

သည်အခိုက်တွင် ဟင်္သာပြဒါးအုတ်ဂူက အရင်ကထက် များစွာအန္တရာယ် ရှိလာခဲ့ပြီ ဖြစ်သည်။

ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်က ပြိုကျမှုက ချက်ချင်း အလုံးစုံပြိုကျသွားခြင်း မဟုတ်ဘဲ အချိန်ယူကာ တဖြည်းဖြည်း ပြိုကျ ပျက်စီးလာမည်သာ ဖြစ်၏။ ကျူးချွဲဇီက သည်သလင်းကျောက်ကို ထိန်းချုပ်ပြီးနောက် သူ့ရူးသွပ်မှုကြောင့် အခုလို ကစားပွဲတစ်ခု ဖြစ်လာခဲ့ခြင်းပင်။

မြေပြင်က တုန်ခါတာ ရပ်တန့်သွားပြီးနောက် ဝမ်လင်း ရှိခဲ့သော တောင်တန်းက ခုချိန်၌ မြေပြင်နှင့် တစ်ပြေးတည်း ပြားလို့သွားခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက သူ့စိတ်ထဲ၌ သေဆုံးခြင်းအာရုံကို ခံစားနေရသည်။ သူက သူ့အောက်ရှိ အပျက်အစီးပုံကြီးကို ကြည့်လိုက်သည်။ အက်ကွဲကြောင်းများကလည်း ပွင့်လိုက်ပိတ်လိုက် ဖြစ်လို့နေ၏။

သူက လီမူဝမ်၏ စိတ်ဝိညာဉ် အပိုင်းအစကို သူ့နှဖူးထဲသို့ ဖိနှိပ်၍ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ထည့်သွင်းထားလိုက်၏။

သည့်နောက် သူက အသက်ဝဝရှူသွင်းကာ အကွာအဝေး တစ်ခုထံသို့ ခပ်နှေးနှေး ပျံသန်းသွားသည်။

သူက ပျံသန်းနေစဉ်တွင် သူ့မျက်လုံးများက ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီနောက် ပြိုကျပျက်စီးနေသော တောင်တန်းတစ်ခုထံသို့ ကြည့်လိုက်သည်။ ကျောက်စကျောက်န အချို့၏အပေါ်တွင် ခါးကုန်းအဘိုးအိုက ရှိလို့နေသည်။ သို့သော် သူ့ခန္ဓာကိုယ် တစ်ဝက်သာ ရှိနေခြင်း ဖြစ်၏။ သူ့အားနည်းနေသည့် မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာရန် ကြိုးစား ရုန်းကန်နေသည်။

သည်ဘေးကပ်ဆိုး ဖြစ်ပျက်သွားစဉ်တွင် သူက သူ့ခန္ဓာကိုယ် တစ်ဝက်နှင့် သူ့တက်တူး မူလစိတ်ဝိညာဉ်ကိုပါ ဆုံးရှုံးသွားခဲ့ရပေသည်။

ဝမ်လင်းအကြည့်က သူ့ထံသို့ ရောက်လာသည့် အခိုက်တွင် ခါးကုန်းအဘိုးအို၏ မျက်လုံးများက အလွန်အမင်း ကြောက်လန့်မှုကို ဖော်ပြလို့နေ၏။ သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ လျင်မြန်စွာ ထွက်ခွာ၍ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

ဝမ်လင်းမျက်လုံးများက အေးစက်လို့သွား၏။ သူက အေးစက်စွာ နှာခေါင်းရှုံ့၍ ထိုအဘိုးအိုနောက်သို့ လိုက်ပါသွားလေ၏။ အဘိုးအို မူလစိတ်ဝိညာဉ်က အလွန်အမင်း အားနည်းနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းက များစွာ ထွက်ပြေးနိုင်တော့မည် မဟုတ်ပေ။ သည့်နောက် အက်ကွဲကြောင်း တစ်ခုကပါ သူ့ရှေ့သို့ အသံမပေးဘဲ ပေါ်ထွက်လို့လာ၏။

အဘိုးအိုက အထိတ်တလန့် အော်ဟစ်လိုက်ပြီးနောက်သို့ ဆုတ်ရန် ကြိုးပမ်း၏။ သို့သော် သူက အလွန်ပင် နှေးလွန်းနေ၏။ သူ့မူလစိတ်ဝိညာဉ် တစ်ခုလုံးက သည်ဘဲဥပုံ အက်ကွဲကြောင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့၏။

ဝမ်လင်းက တုံ့ခနဲ ခပ်မြန်မြန် ရပ်တန့်လိုက်သည်။ သူက စိတ်ထဲ၌ တွေးတောနေပြီးနောက် ခေါင်းမော့၍ အကွာအဝေး တစ်ခုထံသို့ ကြည့်လိုက်၏။ တစ်ကြိမ်တုန်ခါ ပျက်စီးပြီးနောက် သည်ဟင်္သာပြဒါး အုတ်ဂူက အလွန်ပင် မတည်မငြိမ် ဖြစ်လို့နေ၏။ သူက တစ်ခဏတာ ဂရုမစိုက်လိုက်သည်နှင့် သေဆုံးသွားနိုင်ပေ၏။ထို့ကြောင့် ဝမ်လင်းက ချီတုံချတုံဖြစ်လို့ နေမိသည်။

ခဏာအကြာတွင် ဝမ်လင်းက သက်ပြင်းချကာ အကွာအဝေးတစ်ခု ထံသို့ ပျံသန်းသွားလေ၏။

ဟင်္သာပြဒါးဂြိုဟ် … နတ်ဆိုးပင်လယ် …။

နတ်ဆိုးပင်လယ်က စွန့်ပစ်ခံ မသေမျိုးကလန် ပထမဆုံး တိုက်ခိုက်ခဲ့သော နေရာ ဖြစ်သည်။ တကယ်တော့ သည်နေရာက စွန့်ပစ်ခံ မသေမျိုးကလန်နှင့် အလွန်နီးကပ်စွာ တည်ရှိနေသည် မဟုတ်လား။ သည့်အပြင် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သည့် သဘာဝ အရန်အတားဖြစ်သည့် မြူများကလည်း ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်နေခဲ့သည်။ ၎င်း၏ ခုလက်ရှိ အခြေအနေတွင် စွန့်ပစ်ခံ မသေမျိုးကလန်ကို ခုခံနိုင်ရန် နည်းလမ်း မရှိတော့ချေ။ သည့်အတွက်ကြောင့် သည်နေရာက စွန့်ပစ်ခံ မသေမျိုးကလန်၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

နတ်ဆိုးပင်လယ်၏ အပျက်အစီး ကြယ်နယ်မြေ အပြင်ဘက်တွင် လူတစ်ယောက်က မတ်တတ်ရပ်လျက် ရှိနေ၏။ သည်လူက သေဆုံးခြင်းအော်ရာများ ဖုံးလွှမ်းနေပြီးနောက် သူ့ပုံစံကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သူ့ပတ်လည်တွင် အရိုးစုပုံရိပ်များ ဝန်းရံ ဖြစ်ပေါ်လို့နေသည်။

သူက အပျက်အစီး ကြယ်နယ်မြေကို ချီတုံချတုံ အကြည့်ဖြင့် ကြည့်လို့နေသည်။

“နတ်ဘုရားပြစ်ဒဏ်က ရှေးဟောင်း ကျင့်ကြံသူထံကနေ ရောက်လာခဲ့တာ မဟုတ်ဘူး …။ ဒါက ဂျူနီယာ တစ်ယောက်ဟာ ရှေးဟောင်း ရတနာတစ်ခုကို သန့်စင်ရာကနေ ဖြစ်လာတာပဲ …။ ဒီအဘိုအိုက လွန်ခဲ့တဲ့ နှစ်ရာချီလောက်တုန်းက ဒီဂြိုဟ်တစ်ခုလုံးကို ပတ်သွားခဲ့ပြီးပြီ …။ ငါက ဘယ်ရှေးဟောင်း ကျင့်ကြံသူကိုမှ ရှာမတွေ့ခဲ့ဘူး …။ ဒါကြောင့် ငါ့ဗိုက်က နည်းနည်းဆာလာပြီ …။ ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ အနံ့အသက်ရတဲ့ နေရာတစ်ခုတော့ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီနေရာက အလွန် အန္တရာယ်များလွန်းတယ်။ ငါသွားသင့်လား … မသွားသင့်ဘူးလား …”

သည်လူက အနည်းငယ် စဉ်းစားလို့နေ၏။ ထို့နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီးနောက် သူက သူ့ခေါင်းကို ယမ်းခါလိုက်ပြီး သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ထားလိုက်ပါတော့လေ …။ ငါက ငါ့အာသီသအတွက် ငါ့ဘဝကိုတော့ လွှတ်မပစ်နိုင်ဘူး …။ ငါ့ဒဏ်ရာတွေကလည်း တချို့တစ်ဝက် ပြန်ကောင်းနေပြီ …။ ဒါကြောင့် ဒီအချိန်က ငါ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်သွားရမဲ့ အချိန်ပဲ။ စစ်ထူနန်က ငါ့ကို ရှာတွေသွားမယ် ဆိုရင်တောင် ခုလက်ရှိ အခြေအနေနဲ့ ငါသူ့ကို ဆန့်ကျင်ဖို့ ဘာနည်းလမ်းမှ ရှိမှာ မဟုတ်ဘူး …”

သူ့မျက်လုံးက အေးစက်လာပြီး သူက ခပ်တိုးတိုး ထပ်မံ ရေရွတ်လိုက်ပြန်သည်။ “ငါက ငါ့မိတ်ဆွေဟောင်း ဓားသူတော်စင် လင်းထျန်ဟွမ်က ထျန်ယွမ်ဂြိုဟ်မှာ ဘာလုပ်နေလဲ သိချင်မိတယ် …။ ငါသူ့ကို သွားတွေ့သင့်တယ်။ ငါက သူ့ကို စစ်ထူနန်နဲ့ ပတ်သက်ပြီး သူ့ကို ရင်ဆိုင်ဖို့ အကူအညီတောင်းလို့ ရချင်ရနိုင်တယ်။ ဒီထူးဆန်းတော့ ပုတီးစေ့အကြောင်း ပြောပြပြီးတော့ပေါ့ …”

သည်အခိုက်တွင် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ သည့်နောက် သူက အကွာအဝေးတစ်ခုသို့ ကြည့်ကာ ပြောလိုက်သည်။ “အတိတ်တုန်းက မင်းက မင်းရဲ့ဦးခေါင်းကို ဖုံးကွယ်ထားပြီး အမြီးကိုတော့ ပြသထားခဲ့တယ် …။ မတွေ့တာကြာပြီ ပိုဂျွန် …”

ခပ်အက်အက် အသံမျိုးက ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် ကောင်းကင်က နက်မှောင်လို့သွားသည်။ ကောင်းကင်ထက်၌ ပင်လယ်ရေများစွာက ပေါ်ထွက်လာခဲ့ပြီးနောက် နီးကပ်စွာ တိုးဝင်လာသည်။

အပြာရောင်ဝတ်စုံနှင့် လူတစ်ယောက် လှိုင်းများထက်၌ မတ်တတ်ရပ်နေရင်း တစ်လှမ်းချင်း တိုးဝင်လာလေ၏။

သည်လူ၏ ဝတ်စုံ၌ ရွှေရောင်ပန်းပွင့်ပုံ တစ်ခု ထွင်းထားပြီး အလွန်ရှုပ်ထွေးဟန် ပေါ်နေ၏။

“လောဘကြီး …။ မင်းက ဒီနေရာအကြောင်း တွေးနေတာလား …” သည်လူ့အသွင်က သာမန်ဟုသာ ထင်ရပြီး သူ့မျက်လုံးထဲတွင်တော့ ရက်စက်မှု အရိပ်အယောင်တစ်ခု ရှိလို့နေ၏။

သေခြင်းအော်ရာ ဝန်းရံထားသည့်လူက နှာခေါင်းရှုတ်ကာ ပြောလိုက်သည်။ “မင်းက မင်းကို ကြည့်ရုံနဲ့ ငါ့ကို ဒေါပွနေတဲ့ပေါ့ …။ မင်းက ဒီနေရာကို ကြိုက်တယ်ဆိုရင် မင်းအထဲကို ဝင်သွားနိုင်တယ် …။ ငါထွက်သွားမယ် …” ထိုသို့ပြောပြီးနောက် သူက ပျောက်ကွယ်သွားပြီး မိုးကုပ်စက်ဝိုင်း အစွန်းသို့ ပျံသန်းသွားတော့သည်။

ပင်လယ်ရေများပေါ်ရှိ လူက စတင်၍ တွေးနေမိသည် သည့်နောက် သူက အောက်သို့ ခုန်ဆင်းလိုက်၏။ သူက အပျက်အစီး ကြယ်နယ်မြေ အပြင်ဘက်၌ ခြေချလိုက်သည်။ သူ့အောက်ရှိ ပင်လယ်ရေများက သလင်းကျောက် တစ်ခုအသွင်သို့ ပြောင်းသွားပြီးနောက် သူက ၎င်းကို မျိုချပစ်လိုက်သည်။

“ထူးဆန်းလိုက်တာ … ဒီလောဘကြီးက ဘာရတနာမှ မရှိတဲ့နေရာဆို လုံးဝမသွားခဲ့ဘူး …။ သူသွားတဲ့ နေရာတိုင်းက ရတနာတွေ ရှိကိုရှိတယ် …။ လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းက ငါ ဟင်္သာပြဒါးဂြိုဟ်ကို လာတုန်းက သူက ဒီနေရာမှာ ရှိနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီ။ သူက သူ့ဒဏ်ရာတွေကနေ ပြန်ကောင်းလာတာက ဒီနေရာအတွက်များ ဖြစ်နေမလား …”

သည်လူက အနည်းငယ် စဉ်းစားပြီးနောက် အပျက်အစီး ကြယ်နယ်မြေထံသို့ ဝင်သွားတော့၏။

ရှေးဟောင်း နတ်ဘုရားနယ်မြေ အတွင်းပိုင်းရှိ သွေးပင်လယ်၌ အနီရောင်ဆံပင်နှင့် လူတစ်ယောက်က ထိုင်နေသော တိုင်လုံးတစ်ခုသာ ရှိတော့သည်။ ရုတ်တရက် သူက ခေါင်းမော့လိုက်သည်။ သူ့ကြမ်းကြုတ်သည့် မျက်လုံးများက သူ့ရှုပ်ပွနေသည့် ဆံပင်အောက်တွင် ရှိလို့နေသည်။ သူ့အနီရောင် မျက်လုံးများက သက်ရှိတိုင်း၏ နှလုံးကို တုန်လှုပ်နိုင်စွမ်း ရှိ၏။ သူက ရက်စက်သည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။

“နောက်တစ်ယောက် လာနေပြန်ပြီ …။ ငါ … တာ့ဆန် လွတ်မြောက်နိုင်တော့မဲ့ နေ့က သိပ်မကြာခင် ရောက်လာတော့မှာပါ …။ ဝမ်လင်း … မင်းက ငါ့အသိဉာဉ် အမွေအနှစ်ကို လုံလုံခြုံခြုံသိမ်းထားပါ။ ဒါမှသာ ငါက မင်းရှိကနေ ဒီအသိဉာဉ်အမွေအနှစ်ကို ပြန်ယူလို့ရမှာ။ စွမ်းအားအမွေအနှစ်မရှိဘဲနဲ့ မင်းရဲ့ အသိဉာဉ်အမွေအနှစ်က ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး …။ အဲဒီအပြင် မင်းရဲ့ အသိဉာဉ်အမွေအနှစ်က မပြည့်စုံသေးဘူး … ငါ့လက်ထဲမှာ အသိဉာဉ်သလင်းကျောက် တစ်ခု ရှိထားတာကြောင့်ပဲ …”

“ငါက နှစ်ပေါင်းများစွာ အားစိုက်ထုတ် ရှာဖွေပြီးမှ ဒီအသိဉာဉ် သလင်းကျောက်ကို တွေ့ခဲ့တာ …။ ဒီသလင်းကျောက်နဲ့ ပေါင်းစပ်ပြီးရင် ငါက အရာ တော်တော်များများကို ပြန်မှတ်မိလိမ့်မယ် …”

“လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒီဂြိုဟ်ဗဟိုချက်မှာ ထူးဆန်းတဲ့အားတစ်ခု ကြီးထွား လာနေတယ်လို့ ငါခံစားမိနေခဲ့တယ် …။ ဒီစွမ်းအားက ရှေးဟောင်းနတ်ဘုရား ကလေးငယ် ကြီးထွားလာတာနဲ့ အလားတူတယ် …။ ဒီစွမ်းအားက မင်းတို့ ကျင့်ကြံသူတွေ ခေါ်ကြတဲ့ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ရဲ့ စွမ်းအားဖြစ်တယ်။ ငါက ဒီအရာကို အသုံးပြုပြီး ငါ့ချိပ်ပိတ်မှုကို ဖျက်ပစ်နိုင်လိမ့်မယ် … အဲဒီနောက်မှာ ငါက စိတ်ဝိညာဉ်ဖလှယ်ခြင်း နည်းစနစ်ကို အသုံးပြုပြီး ဒီနေရာကနေ ထွက်သွားလို့ ရပြီ …”

“ငါက ထူစီ (ရှေးဟောင်း နတ်ဘုရား) ကို ကျေးဇူးတင်ရမယ် …။ သူက ဒီနေရာကို သူ့အသိတွေကို ဒီနေရာမှာ ခွဲခြမ်း ပစ်လိုက်တဲ့အချိန်မှာ အချို့ဒေသခံတွေ သူ့ကို နတ်ဘုရားတစ်ပါးလို့ ထင်မှတ်သွားကြတယ် …။ ဒါက နောက်ဆုံး အသိဉာဉ် အမွေအနှစ်ထဲမှာ မှတ်တမ်းတင်ထားခဲ့တဲ့ အကြောင်းပဲ။ ထူစီက ဒီဒေသခံတွေကို ရှေးဟောင်း နတ်ဘုရားစတေးခြင်း နယ်ပယ်တွေကို ပေးအပ်ခဲ့ပြီး ပြန်တုံ့ပြန်ပေးခဲ့တယ် …”

မရေမတွက်နိုင်တဲ့ နှစ်တွေ ကုန်ဆုံးလာပြီးတဲ့ နောက်မှာတော့ ဒီဒေသခံ မျိုးနွယ်တွေက ပျောက်ကွယ် သွားခဲ့ကြတယ် …။ နောက်ဆုံး ရှေးဟောင်းနတ်ဘုရား စတေးခြင်းနယ်မြေအဖြစ် ခိုင်ခိုင်မာမာ ကျန်ခဲ့တဲ့နယ်မြေကတော့ စွန့်ပစ်ခံ မသေမျိုးကလန်ပဲ …။ ငါက အဲဒီနေရာကို သွားမယ်ဆိုရင် ငါက ငါ့ရဲ့အချို့မန္တန်တွေကို အသုံးပြုနိုင်လိမ့်မယ် …”

စွန့်ပစ်ခံ မသေမျိုးကလန်ရဲ့ ဂျူနီယာ တစ်ယောက်က အဲဒီနေရာမှာ အိပ်ပျော်နေတယ်။ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ကို ရဖို့ ငါက အများကြီးစတေးပြီး သူ့ကို သစ်ရွက် ဆယ့်တစ်ရွက် နတ်ဆရာကနေ ဆယ့်နှစ်ရွက် နတ်ဆရာအဆင့်ထိ တွန်းတင်ပေးခဲ့တယ်။ ဒါက သူ့ကို စွန့်ပစ်ခံမသေမျိုး ကလန်ရဲ့ ချိပ်ပိတ်ခြင်း ခံထားရမှုကို ချိုးဖျက်စေခဲ့ပြီး ကျင့်ကြံခြင်းကမ္ဘာကို ဝင်ရောက် လာနိုင်ကြတယ် …။သူတို့က ချိပ်ပိတ်ထားတာကနေ ချိုးဖျက်ပြီး ကျင့်ကြံခြင်ကမ္ဘာကို ရောက်လာတာနဲ့ လမ်းတစ်လျှောက်မှာ သတ်ဖြတ်ခဲ့ကြတယ် …”

ဒါတွေအားလုံးက ငါ့အစီအစဉ်တိုင်း ဖြစ်ပျက်နေခဲ့တာပဲ …။ ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်ရှိတဲ့ နေရာက နောက်ဆုံးတော့ ပွင့်လာခဲ့ပြီ။ ဝမ်လင်းက ငါ့တမန်တော်က မင်းနဲ့ နောက်ဆုံးမှာ ထပ်တွေ့ဖို့ ရောက်လာလိမ့်မယ် …။ မင်းက အတော်လေး ပြောင်းလဲလာခဲ့ပြီ ဆိုပေမဲ့လည်း ငါ တာ့ဆန်က မင်းကို မေ့သွားမယ်ထင်လား …။ မင်းရဲ့ နတ်ဘုရားအာရုံကို ငါ့နှလုံးသားထဲမှာ မှတ်တမ်းတင် ထွင်းထားပြီးသားပဲ …။ မင်း ဘယ်နေရာကိုပဲ ပြေးပြေး ငါမင်းကို ရှာနိုင်တယ် …”

တာ့ဆန်က ခေါင်းမော့လိုက်ပြီးနောက် စတင် ရယ်မောလေတော့သည်။ သူ့ရယ်သံက သွေးပင်လယ် တစ်ခုလုံးတွင် ပြည့်နှက်လို့ သွားတော့သည်။

သူ့မျက်လုံးများကလည်း နီရဲတောက်ပလျက် ရှိ၏။ သူ့မျက်လုံးထဲက အနီရောင်သည် သွေးပင်လယ်ထက်ပင် အဆများစွာပို၍ နီရဲသည်ဟု ထင်မှတ်ရသည်။

“ဝမ်လင်း … ငါ တာ့ဆန် လွတ်မြောက်လာမဲ့ နေ့က နီးလာပါပြီ …။ အဲဒီကျရင် ငါက မင်းကို ဝါးမျိုပစ်ပြီး ငါက ကြယ်ရှစ်လုံး ရှေးဟောင်းနတ်ဘုရား တစ်ယောက် ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကြရင် ဒီစနစ်ကြီး တစ်ခုလုံးမှာ ဘယ်သူကများ ငါ့ပြိုင်ဘက် ဖြစ်နိုင်ပါ့ဦးမလဲ …”

တာ့ဆန် ရယ်မောနေစဉ်တွင် သွေးပင်လယ်ကနေ တစီစီအသံအချို့ ထွက်ပေါ်လာ၏။ သည့်နောက် မျောက်လေးနှစ်ကောင် ထွက်ပေါ်လာပြီး တာ့ဆန်ဘေးနားသို့ ရောက်လာခဲ့တော့သည်။

သည်မျောက်နှစ်ကောင်၏ မျက်လုံးများက နတ်ဆိုးဆန်သော အနီရောင်တောက်ပမှုကို ထုတ်လွှတ်လျက် ရှိလေ၏။

သည်အခိုက်မှာပင် ဟင်္သာပြဒါးအုတ်ဂူထဲရှိ ကျောချမ်းဖွယ်အပြုံးနှင့် အဘိုးအို၏ မျက်လုံးများကလည်း နီရဲတောက်ပလာသည်။ သူ့ပခုံးပေါ်ရှိ မျောက်၏ မျက်လုံးကလည်း ပို၍ပင် နီရဲလို့လာ၏။

မျောက်လေးက ကွီခနဲ အော်သံပြုလိုက်ချိန်တွင် အဘိုးအိုက ခဏတာ တုံ့ဆိုင်းသွား၍ အကွာအဝေး တစ်ခုထံသို့ ကြည့်လိုက်သည်။ သူ့မျက်လုံးက ပို၍ပင် အနီရောင်တောက်လို့ သွား၏။

“သူလာနေပြီ …” အဘိုးအိုက ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့ပခုံးပေါ်ရှိမျောက်လေးက ညည်းသံတစ်ချက် ပြုလိုက်သည်။

အဘိုးအိုက ခဏတာသာ တုံ့သွားသော်လည်း သူက လှည့်၍ ထွက်သွားတော့၏။ သူ့ဦးတည်ရာက ဟင်္သာပြဒါးအုတ်ဂူ၏ အလယ်ဗဟိုချက်သို့ ဖြစ်လေသည်။

အဘိုးအိုက ပျံသန်းနေစဉ်တွင် မျောက်လေးက သူ့ရှေ့ကို ကြည့်လိုက်ရင်း ၎င်းမျက်လုံးများက နီရဲတောက်ပလာခဲ့သည်။

သည်အဘိုးအိုက အလွန်မြန်ဆန်လှ၏။ သူက အက်ကွဲကြောင်းများ မည်သည့်နေရာတွင် ပေါ်လာမည်ကို ကြိုတင်ထောက်လှမ်း နိုင်နေသည့်အလား ထင်မှတ်ရသည်။ သည့်အတွက်ကြောင့် သူက ၎င်းအက်ကွဲကြောင်းများကို လွယ်လင့်တကူ ရှောင်သွားနိုင်ခဲ့၏။ သူက အလွန်လျင်မြန်စွာ လှုပ်ရှားနေသော်လည်း သူ့အတွက် အန္တရာယ် မရှိဘဲ ဖြစ်လို့နေ၏။

အဘိုးအိုထွက်သွားပြီး သိပ်မကြာခင်တွင် ဝမ်လင်းက ရောက်ရှိလာခဲ့သည်။ သူက အဘိုးအို ရှိနေခဲ့သော နေရာကို ကြည့်၍ စတင်တွေးတောလို့ နေ၏။

***

All Chapters