← Chapters

အခန်း ၁၃၄၂

Vol. 135 Ch. 1342

အခန်း ၁၃၄၂

Vol. 135 Ch. 1342

အခန်း (၁၃၄၂) အစစ်အမှန် ဗုဒ္ဓ ထွက်ပေါ်လာခြင်း

မူလကတိတ်ဆိတ်နေသော ခန်းမဆောင်ကြီးက ရုတ်တရက် ဆူညံပွက်လောရိုက်သွားပြီး၊ နှစ်ဖက်စလုံး အပြန်အလှန်အငြင်းပွားနေကြသဖြင့် နားထဲတွင်အုန်းအုန်းကျွက်ကျွက်မြည်ဟည်းသွားပေ၏။

ရှန်းယီက ဘာမျှမဖြစ်သကဲ့သို့အမူအရာဖြင့် မူလနေရာတွင် တည်ငြိမ်စွာမတ်တပ်ရပ်နေခဲ့သည်။

"ဒီလောက်နဲ့ပဲ ရပ်ကြစို့။"

နှင်းတောင်ဗောဓိသတ္တက လက်ကိုဝှေ့ယမ်းကာ ဗောဓိသတ္တများနှင့် အာဟတ်များစွာ၏အမည်များ ရေးထိုးထားသော စာမျက်နှာတစ်ခုကို ပစ်ထုတ်လိုက်ပြီးပြောသည်။ "ဒီကိစ္စကရှင်းရှင်းလင်းလင်းမရှိတဲ့အတွက်၊ ဆုံးရှုံးမှုတွေအကြောင်း ဆွေးနွေးကြတာပေါ့။"

"မင်းတို့က ချီယွင်ဂူက ချူရှီးအကြောင်းကို ပြောနေတဲ့အတွက် ဒါကို ကြည့်လိုက်ပါ။ သူ ငါ့ရဲ့အရှေ့ပိုင်းတိုက်ကြီးကို ရောက်တာ သုံးလတောင် မပြည့်သေးဘူး၊ ဗောဓိသတ္တလေးပါးနဲ့ အာဟတ်နှစ်ဆယ်ကျော်ကိုဒဏ်ရာရစေခဲ့ ဒါမှမဟုတ် သတ်ဖြတ်ခဲ့တယ်။ မင်းတို့စကားအတိုင်းဆိုရင် ငါတို့ဂိုဏ်းက အရင်မှားတာ ဟုတ်တယ်၊ ဒါပေမယ့် ငါမေးချင်တာက မင်းတို့မသေမျိုးဂိုဏ်းက တပည့်တွေရဲ့ အသက်က ငါတို့ထက်ပိုပြီး တန်ဖိုးရှိလို့လား။"

"..."

အစစ်အမှန်အရှင်ရွှမ်ဝေ့က ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာပြန်လည်ဖြေကြားလိုက်၏။ "ငါ့ဂိုဏ်းက တပည့်တွေရဲ့အသက်က မင်းတို့ထက်ပိုပြီး အဖိုးတန်မနေပါဘူး၊ ဒါပေမယ့် မင်းတို့က အရင်မှားခဲ့တာဖြစ်လို့ ပိုပြီးပြင်းထန်တဲ့ တန်ဖိုးကိုပေးဆပ်ရတာက ကျိုးကြောင်းဆီလျော်တယ်။"

ဤစကားကို ကြားသောအခါ မဟာဘုန်းကြီးများမှာ တိတ်ဆိတ်သွားကြသော်လည်း၊ ယင်းအစား တတိယအဆင့် ဗောဓိသတ္တအုပ်စုက အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး သူတို့က အရင်မှားခဲ့သည်ကို ဝန်မခံကြပေ။

နှင်းတောင်ဗောဓိသတ္တက ဂရုမစိုက်သော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ လူအုပ်၏ဆူညံသံကို ငြိမ်သက်သွားစေပြီးနောက်၊ အစစ်အမှန်အရှင်ရွှမ်ဝေ့နှင့် သူ၏ဘေးရှိ ရှန်းယီကိုကြည့်ရန် နောက်သို့ ပြန်လှည့်လာသည်။

"ကောင်းပြီ မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်။" သူက ခေါင်းညိတ်၏။

"ဒါဆိုရင် ဒါကို ကြည့်လိုက်ပါ။"

နှင်းတောင် ဗောဓိသတ္တက သူ၏အင်္ကျီလက်ကို နောက်တစ်ကြိမ်ဝှေ့ယမ်းကာ ထူထပ်သော စာရွက်စာတမ်းပုံကြီးကို ပစ်ထုတ်လိုက်ပြီး ပြောသည်။ "ဒါတွေက အသက်ပေါင်းထောင်ချီရဲ့ စာရင်းတွေပဲ။"

ဘန်းခနဲကျဆင်းသွားသံနှင့်အတူ၊ အစစ်အမှန်အရှင် ရွှမ်ဝေ့၏အမူအရာက အနည်းငယ် အေးခဲသွားသည်။

မသေမျိုးများမတုံ့ပြန်နိုင်ခင်မှာပင်၊ နှင်းတောင် ဗောဓိသတ္တ၏အကြည့်က လေးနက်သွားသည်ကို သူ မြင်လိုက်ရပြီး၊ သူကအက်ရှရှအသံဖြင့် အေးစက်စွာ ရယ်မောလိုက်၏။ "ဒါကတော့ မင်းတို့ရဲ့ အနိုင်ကျင့်ခံရတဲ့ထိပ်တန်းတပည့်က အရှေ့ပိုင်းတိုက်ကြီးကိုရောက်တဲ့ ပထမဆုံးနေ့မှာ ချန်ထားခဲ့တဲ့ ထူးခြားတဲ့ အောင်မြင်မှုပဲ။"

ထိုအသံက မကျယ်လောင်သော်လည်း ခန်းမဆောင်ကြီးကိုတိတ်ဆိတ်ခြင်းဆီသို့ နောက်တစ်ကြိမ် နစ်မြုပ်သွားစေသည်။

မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များရ ဘာမျှမကြားလိုက်ရသည့်အလား တည်ငြိမ်သော အမူအရာဖြင့် စောင့်ကြည့်နေကြသည်။

ရွှေမသေမျိုးများကသာ အနည်းငယ်ဆို့အင့်သွားကြပြီး၊ သူတို့၏မူလကစွပ်စွဲလိုသော အရှိန်အဟုန်မှာ အနည်းငယ်လျော့နည်းသွား၏။

"..."

အစစ်အမှန်အရှင် ရွှမ်ဝေ့က ရှန်းယီဆီသို့ တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်ပြီးပါးစပ်ကို ဟလိုက်သော်လည်း၊ လူငယ်လေးက သူ့ကိုအပြစ်ကင်းစင်စွာ စိုက်ကြည့်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။

သူက သူ၏နှုတ်ခမ်းကို ကိုက်လိုက်မိပြီး၊ သူက နောက်ဆုတ်မနေရန်ပြောခဲ့သည်ကို သတိရမိသော်လည်း... ဤနည်းလမ်းမျိုးကိုတော့ မဆိုလိုခဲ့ပေ။

"ငါတို့ မသေမျိုးဂိုဏ်းက တပည့်တွေက မင်းတို့ရဲ့ အရှေ့ပိုင်းတိုက်ကြီးမှာ အကြီးအကဲတွေရဲ့ အနိုင်ကျင့်မှုကိုခံရပြီး အသေအပျောက်များပြားခဲ့တယ်။ စီနီယာအစ်ကိုဖြစ်တဲ့ထိုက်ရွှီက ငါတို့ဂိုဏ်းရဲ့ ထိပ်တန်းတပည့်ဖြစ်လို့၊ သူက ဂိုဏ်းတူ ညီအစ်ကိုတွေအပေါ် သစ္စာရှိမှုကြောင့်ဒေါသထွက်ပြီး လှုပ်ရှားခဲ့တာကတစ်နည်းအားဖြင့် နားလည်ပေးလို့ ရပါတယ်။"

အတွင်းစိတ်တွင် မည်မျှပင် စိတ်အနှောင့်အယှက် ဖြစ်နေပါစေ၊ အစစ်အမှန်အရှင် ရွှမ်ဝေ့က ပြင်ပလူများ၏ အရှေ့တွင် တည်ငြိမ်မှုကို ထိန်းသိမ်းရမည် ဖြစ်သည်။ သို့သော် သူ စကားပြောချိန်တွင် သူ၏ ယုံကြည်မှုမှာ သိသိသာသာလျော့နည်းနေ၏။

"ဒါဆိုရင် ဂိုဏ်းတူ ညီအစ်ကိုတွေအပေါ် သစ္စာရှိမှုကြောင့် ဒေါသက သူ့ကို လွှမ်းမိုးသွားတာပေါ့။"

နှင်းတောင် ဗောဓိသတ္တက ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီးနောက်မြေပုံတစ်ခုကို ထုတ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များက နယ်မြေ နှစ်ဆယ်နီးပါးကို ဖြတ်သန်းသွားပြီး၊ တစ်ခုစီကို စိမ်းလန်းသော အလင်းတန်းဖြင့် ကိုယ်စားပြုထားကာ၊ ဤအရာများ အားလုံးက မသေမျိုးဂိုဏ်း၏ ကွင်းပြင်များ ဖြစ်လာခဲ့ကြောင်း ညွှန်ပြနေသည်။

သူက ခေါင်းမော့လိုက်ပြီး၊ ကျောစိမ့်ဖွယ်အပြုံးဖြင့် ပြောလိုက်သည်။ "ဒါပေမယ့် ငါ့အတွက်တော့ အဲဒီလိုမျိုးပုံမပေါ်တာ ဘာကြောင့်လဲ။"

"ဟူး..." မရေမတွက်နိုင်သော ရွှေမသေမျိုးများက တိတ်ဆိတ်စွာအသက်ရှူလိုက်ကြပြီး၊ သူတို့၏ အနောက်ရှိတပည့်များကို အံ့အားသင့်စွာ လှမ်းကြည့်ကြသည်။

ဤလူငယ်များက ပစ္စုပ္ပန် ဗုဒ္ဓ၏နှာခေါင်းအောက်တွင် အရှေ့ပိုင်း ဍုမေဏုဆီသို့ပင် တိုက်ရိုက် တိုးဝင်လုနီးပါးအထိ ဤမျှရဲတင်းသော သတ္တိ ရှိနေသည်ကို သူတို့ ဘာကြောင့်မသိခဲ့ကြသနည်း။

လင်းရွှီကျစ်က သေချာပေါက်သတိလစ်လုနီးပါး ဖြစ်သွားပါသည်။ သူက တစ်ခုခုကိုသံသယဝင်ခဲ့သော်လည်း၊ အရှေ့ပိုင်း ဍုမေဏုက ရှန်းယီတစ်ဦးတည်းကိုသာဝန်းရံရန် ဘာကြောင့်ဇွတ်ကြိုးစားနေခဲ့ကြောင်းကို ဘယ်သောအခါမှနားမလည်ခဲ့သည်။

အမှန်ပင် ဤလူရှုပ်လေးက သူ၏စကားများကို လေလည်သံအလား သဘောထားဆဲဖြစ်သည်။

"အဟွတ်....အဟွတ်။" လီရှန်းက ထူးဆန်းမှုကို သတိပြုမိလိုက်သဖြင့် မျက်နှာကိုလျင်မြန်စွာ လွှဲလိုက်ပြီး၊ သူ၏ဆရာ၏ အကြည့်ကို ရှောင်ဖယ်လိုက်၏။

အခြားတပည့်များကလည်း စိုးရိမ်တကြီးဖြင့် တံတွေးမျိုချရင်း အတင်းအကျပ်ပြုံးလိုက်ကြသည်။

စီနီယာအစ်ကို ထိုက်ရွှီက ဦးဆောင်နေသဖြင့်၊ သူတို့သည်သဘာဝကျကျပင် ကြောက်ရွံ့ခြင်း မရှိကြပေ။

"လအနည်းငယ်အတွင်းမှာတင်၊ငါ့ရဲ့ အရှေ့ပိုင်း ဍုမေဏုတပည့်တွေရဲ့ ငါးဆယ် ရာခိုင်နှုန်းက အသေအပျောက်ဖြစ်ခဲ့တယ်။"

နှင်းတောင် ဗောဓိသတ္တက ရုတ်တရက် ပြင်းထန်စွာ ကြိမ်းမောင်းလိုက်သည်။ "ညီအစ်ကိုကြာပန်း ပုတီးစေ့ရဲ့ လုပ်ရပ်က စည်းဉ်းနဲ့ မကိုက်ညီတာကို ငါ သိပါတယ်၊ ဒါပေမယ့် ငါတို့လိုလူအိုတွေက လက်ပိုက်ကြည့်နေမယ်ဆိုရင်၊ မင်းတို့ရဲ့ မသေမျိုးဂိုဏ်းက ငါတို့ ဗောဓိဂိုဏ်းကို အမြစ်ပြတ်အောင် လုပ်ပစ်မှာ မဟုတ်ဘူးလား။"

"ငါတို့ မသေမျိုးသုံးပါးဂိုဏ်းက တပည့်တွေက သံနဲ့ လုပ်ထားတာ မဟုတ်ပါဘူး၊အရှေ့ပိုင်းတိုက်ကြီးကို အရင်ဆုံးအပြေးအလွှားလာခဲ့ကြတဲ့ အဲဒီ စီနီယာတွေထဲက၊ ဒီနေ့အထိကံကောင်းလို့ ဘယ်နှစ်ယောက်လောက် အသက်ရှင်ကျန်ရစ်နေသေးလဲ။"

ရွှေမသေမျိုးများမှာ စကားမဲ့သွားကြသော်လည်း၊ အောက်ဘက်ရှိတပည့်များက အရင်ဆုံး အော်ဟစ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့၏ဂိုဏ်းတူ ညီအစ်ကိုများ မမည်မျှအထိ အနိုင်ကျင့်ခံခဲ့ရကြောင်းကို သိရှိထားကြသူများဖြစ်သောကြောင့် ဖြစ်သည်။

ဤစကားကို ကြားသောအခါ၊ ဒုတိယအဆင့် အားကောင်းသော ပုဂ္ဂိုလ်ကြီးနှစ်ဦးစလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။

နှိုင်းယှဉ်ကြည့်မှသာ ဤကပ်ဘေးက ဂိုဏ်းနှစ်ခုစလုံးအတွက်ကြီးမားသော တန်ဖိုးကို ပေးဆပ်စေခဲ့ကြောင်း သူတို့ သဘောပေါက်သွားကြပါသည်။

အကယ်၍ အရာများက ဤအတိုင်း ဆက်လက် ဖြစ်ပွားနေပါက၊ အဟောင်းရောအသစ်ပါ မကျန်တော့သည့် ပြင်းထန်သောအခြေအနေက မကြာမီ ရောက်ရှိလာတော့မည်ဖြစ်သည်။

အစစ်အမှန်အရှင်ရွှမ်ဝေ့ ပင်လျှင် အနည်းငယ် စိုးရိမ်စိတ် ဖြစ်မိသွား၏။

လုပ်ငန်းစဉ်က အလွန်လျင်မြန်လွန်းလှသည်။ နှစ်အနည်းငယ်အတွင်းမှာတင်၊ ငြိမ်းချမ်းမှုကို အသားကျနေသော ဤရွှေမသေမျိုးများက လုံးဝ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။

ဂိုဏ်းချုပ် သတ်မှတ်ထားသော မဟာကပ်ဘေးကြီးက အစပိုင်းတွင်ခမ်းနားသော မြင်ကွင်းတစ်ခုမျှသာဟု ရှုမြင်ခဲ့ကြသော်လည်း၊ ယခုအခါ ဤအသေအပျောက်များကြောင့် ညီအစ်ကိုချီယွင် ကဲ့သို့သောတပည့်များ ပိုမိုထွက်ပေါ်လာခြင်းက မလွှဲမရှောင်သာသော အရာတစ်ခုဖြစ်လာပုံရပါသည်။

အဘယ်ကြောင့် ဤမျှအထိဖြစ်သွားရသနည်း။

"ငါတို့ တိုက်ပွဲကို ရပ်ကြမလား။"

အစစ်အမှန်အရှင် ရွှမ်ဝေ့က အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ နောက်ဆုံးတွင် မျက်နှာချင်းဆိုင်ဘက်သို့ စကားပြောသည်။

နှင်းတောင် ဗောဓိသတ္တက စကားမပြောသော်လည်း၊ သိသိသာသာပင်တူညီစွာ ခံစားနေရ၏။

ရှန်းယီ သူ၏အရှေ့မှမြင်ကွင်းကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။ သူ၏အကြီးမားဆုံးသော စိုးရိမ်မှုမှာ နှစ်ဖက်စလုံးကို အလွန်အမင်း အလျင်စလိုနှိုးဆွမိပြီး၊များပြားလှသော ဒဏ်ရာရမှုများကို ဖြစ်ပေါ်စေကာသတိထားမှုများဖြစ်ပေါ်လာစေခြင်းပင်။

နောက်ဆုံးတွင်၊ အခြေအနေက ဆွေးနွေးညှိနှိုင်းမှုဆီသို့သာ ဦးတည်သွားဦးမည်ဖြစ်သည်။

သို့သော် သူက ထိတ်လန့်ခြင်းမရှိပေ။ ရလဒ်မှာ ဤကာလအတွင်း သူ၏ကြိုးပမ်းအားထုတ်မှုများက အခန်းကဏ္ဍမှပါဝင်လာမည်လားဆိုသည့်အပေါ်တွင်သာ မူတည်ပါသည်။

မျှော်လင့်ထားသည့်အတိုင်း၊ ဤစကားများကို ကြားသောအခါ မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များ အေးခဲသွားကြ၏။ သူတို့က သူတို့၏အကြီးအကဲများကို ဆန့်ကျင်ပြောဆိုရန် မရဲဝံ့ကြသော်လည်း၊ သိသိသာသာပင် စိတ်မပါကြပေ။

တိုက်ပွဲကိုရပ်တန့်ခြင်းက ခက်ခက်ခဲခဲရရှိထားသော အကျိုးအမြတ်များကို စွန်လွှတ်ရနိုင်ပြီး၊မြောက်ပိုင်းတိုက်ကြီးဆီသို့ ပြန်လည်ဆုတ်ခွာရကာ၊အသက်ရှင်သန်ရေးအတွက် လမ်းကြောင်းတစ်ခုမဖောက်လုပ်နိုင်တော့ခြင်းကို ဆိုလိုသည်။

ဒုတိယအဆင့်သို့ ရောက်ရှိထားသော အကြီးအကဲများက မသေနိုင်၊ မပျက်စီးနိုင်ဘဲ ရှိနေကြသဖြင့်၊ မည်သည့်အရာကိုမျှစိုးရိမ်ပူပန်ရန် မလိုအပ်သည်။

သို့သော် သူတို့ကိုယ်တိုင်အတွက်မူ...

မသေမျိုးသုံးပါးဂိုဏ်းနှင့် နှိုင်းယှဉ်ပါက၊ ဗောဓိဂိုဏ်း၏တတိယအဆင့် ဗောဓိသတ္တများက အသက်ပြင်းပြင်း ရှူနေကြပြီး၊ တောင်တန်းများအတွင်းမှနာကြည်းချက်များက အဆုံးမဲ့ လှိုင်းလုံးကြီးတစ်ခုအလား မြင့်တက်လာပါသည်။

အရှေ့ပိုင်း ဍုမေဏုက သူ၏တပည့် ထက်ဝက်နီးပါးအားဆုံးရှုံးခဲ့ရသည်။ ကိုရင်ဝတ်ဘဝမှ ယခုအချိန်အထိအတူတကွ ခရီးနှင်ခဲ့ကြသော ညီအစ်ကိုများကဲ့သို့ ချစ်ခင်ရသည့် ဂိုဏ်းတူ ညီအစ်ကိုများက အရှေ့ပိုင်းတိုက်ကြီးတွင် အဖြစ်ဆိုးဖြင့်သေဆုံးခဲ့ကြရသည်ကို ဤအတိုင်းသာလွှတ်ထားလိုက်ရတော့မည်လော။

"ငါတို့က ဘာလို့အဲ့လိုလုပ်ရမှာလဲ။" တစ်စုံတစ်ယောက်က အံကြိတ်ကာတိုးညှင်းစွာ ဟိန်းဟောက်ထုတ်ဖော်လိုက်၏။

ထို့နောက် ဤအသံက ဒီရေလှိုင်းတစ်ခုအလား ထပ်ဆင့်သွားပြီး၊ အရှေ့ပိုင်း ဍုမေဏု တစ်ခွင် ပဲ့တင်ထပ်သွားတော့သည်။

သူတို့တွင် အမှားမရှိပေ။ မသေမျိုးဂိုဏ်းက မြောက်ပိုင်းတိုက်ကြီးကိုစောင့်ကြပ်နေပြီး အခြားနေရာများက ၎င်းတို့နှင့်မသက်ဆိုင်ချေ။ အကယ်၍ အခြားတိုက်ကြီးများ၏နယ်မြေများကို လောဘတက်ပါက၊ သူတို့က ဆွေးနွေးညှိနှိုင်းမှုအတွက် ဖိတ်ကြားစာများကိုပေးပို့နိုင်ပါသည်။

ဗောဓိဂိုဏ်းက တိုက်ကြီးသုံးခုကို တစ်ဦးတည်း သိမ်းပိုက်ရန်ဘယ်သောအခါမှ မရည်ရွယ်ခဲ့ပါဘူး။

သို့သော် ဤတိတ်ဆိတ်ပြီးရုတ်တရက်ပြင်းထန်သော ကျူးကျော်မှုက မည်သည့်သဘောနည်း။ မည်သူက ဤဒေါသကိုထိန်းချုပ်ထားနိုင်မည်နည်း။

မိုးခြိမ်းသံအလား ကျယ်လောင်သော ထိုအသံက နှင်းတောင် ဗောဓိသတ္တကိုပင် အမူအရာ အနည်းငယ် ပြောင်းလဲသွားစေသည်။

သူက ခေါင်းကိုဖြည်းညှင်းစွာ နောက်သို့ လွှဲလိုက်၏။

မဟာ ယဆန္ဒပြုထားသည့် မဟာလွတ်လပ်ခြင်း ဗောဓိသတ္တ တစ်ပါးအနေဖြင့်၊ သူက ဤတပည့်များကို လွယ်ကူစွာဖိနှိပ်နိုင်သော်လည်း၊ ဤသူများက အရှေ့ပိုင်း ဍုမေဏု၏အနာဂတ် အခြေခံအုတ်မြစ်များဖြစ်သည်ကို မမေ့သင့်ပေ။

တည့်တိုးပြောရလျှင်၊ ကပ်ဘေးပြီးဆုံးသွားပြီးနောက်၊ အရှေ့ပိုင်း ဍုမေဏုက လုံလောက်သော နယ်မြေများကို သိမ်းပိုက်ထားနိုင်လျှင်ပင်၊ တရားဟောရန်နှင့် ထိန်းသိမ်းရန် တစ်စုံတစ်ယောက်လိုအပ်သေးသည် မဟုတ်လော။

"ဟား...မင်းတို့ပဲ နာကြည်းတတ်တယ်ထင်နေလား။" ၎င်းကိုမြင်သောအခါ၊ မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များကလည်း အလျှော့မပေးဘဲ၊ ဤအခွင့်အရေးကိုအသုံးပြု၍ ပြန်လည် ဆဲဆိုကြကာ၊ ဆွေးနွေးညှိနှိုင်းမှုကိုအဆုံးသတ်ပြီး အရှေ့ပိုင်းတိုက်ကြီးတွင် ဆက်လက်ရှိနေရန် မျှော်လင့်ကြ၏။

မဟာလွတ်လပ်ခြင်းဗောဓိသတ္တဖြစ်စေ သို့မဟုတ် မူလဖရိုဖရဲတာ့လော်ရွှေမသေမျိုးဖြစ်စေ၊ တစ်ချိန်က မြင့်မြတ်ခဲ့သောဤဧရာမပုဂ္ဂိုလ်ကြီးများက လက်ရှိ မြင်ကွင်းကို ရင်ဆိုင်ရချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားလိုက်ကြရသည်။

ဤခမ်းနားသော မြင်ကွင်းက... ထိန်းချုပ်မှု ကင်းမဲ့သွားပုံရပါသည်။

ထိုအခိုက်အတန့်တွင်၊ နက်ရှိုင်းသောဗုဒ္ဓအသံတစ်ခုက အရှေ့ပိုင်း ဍုမေဏု၏အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာပြီး၊ စိတ်နှလုံးများကို တည်ငြိမ်စေကာအတွင်းစိတ်မှ နတ်ဆိုးများကိုဖိနှိပ်လျက်၊ ဤနေရာကိုအတင်းအကျပ် တိတ်ဆိတ်သွားစေခဲ့သည်။

လူတိုင်းက အလိုအလျောက်ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်ကြ၏။

နောက်တစ်ခဏတွင်၊ အဝါရောင်တိမ်တိုက်များ ပြန့်ကျဲသွားပြီး ဗုဒ္ဓအလင်းတန်းများနေရာအနှံ့ ပျံ့နှံ့သွားကာ၊ ထိုမျက်စိကျိန်းမတတ် တောက်ပသောအလင်းစက်ဝန်းအတွင်းမှ အဖိုးတန်ကျောက်မျက်ရတနာများဖြင့် တန်ဆာဆင်ထားသောကြီးမားသည့် အနီရောင် သင်္ကန်းကြီးတစ်ထည်ဖြည်းညှင်းစွာ ထွက်ပေါ်လာပါသည်။

ဧရာမ ယတောင်ကြီးတစ်လုံးကဲ့သို့ ကျယ်ပြန့်ပြီး ထူထဲသော ထိုပုံရိပ်က ကြာပန်းပလ္လင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့၏။

သူက ဦးခေါင်းပေါ်တွင်အမွေးခေါင်းဆောင်းတစ်ခုကို ဆောင်းထားပြီး၊ နှုတ်ခမ်းတွင် သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသော်လည်း၊ ရိုသေခန့်ညားမှုများ ဖြစ်ပေါ်စေသည်။

သူ၏အောက်တွင်၊ မသေမျိုးများနှင့် ဗောဓိသတ္တများက လွန်စွာကြိသေသောဟန်ပန်များအဖြစ်ပြောင်းသွားကြ၏။

"တပည့်တွေက အစစ်အမှန်ဗုဒ္ဓကို ဖူးမြော်ပါတယ်။"

နှင်းတောင်ဗောဓိသတ္တ အပါအဝင်၊ ဘုန်းကြီးများ အားလုံးဆူညံစွာဖြင့် ဒူးထောက်ကာ ဝပ်စင်း အရိုအသေပြုလိုက်ကြသည်။

အစစ်အမှန်အရှင်ရွှမ်ဝေ့က ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက်၊ မသေမျိုးသုံးပါးဂိုဏ်းမှ လူများစွာကို ဦးဆောင်ကာအခြားတစ်ဖက်သို့ ဦးညွှတ်လိုက်၏။ "အစစ်အမှန်ဗုဒ္ဓကို ဂါရဝပြုပါတယ်။"

အခြေအနေကား မကောင်းတော့ပေ။ ကိစ္စများက အလွန်ကြီးမားသွားခဲ့ပြီး၊ ဤဘုန်းကြီးအိုများကို အမှန်တကယ်ဆွဲဆောင်မိသွားခဲ့ပြီ ဖြစ်သည်။

ယနေ့တွင်၊မသေမျိုးသုံးပါးဂိုဏ်းက ကြီးမားစွာ ဆုံးရှုံးရနိုင်ခြေရှိနိုင်ပါသည်။

All Chapters