← Chapters

အခန်း ၁၃၄၆

Vol. 135 Ch. 1346

အခန်း ၁၃၄၆

Vol. 135 Ch. 1346

အခန်း (၁၃၄၆) မဟာကပ်ဘေးကြီး၏ အဆုံးသတ် ၂

သူမက ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်။ "မသေမျိုးဧကရာဇ် နေရာကို ဘယ်သူမဆို ယူနိုင်ပါတယ်။"

...

မသေနိုင်၊ မပျက်စီးနိုင်သော ရွှေမသေမျိုးများနှင့် မဟာလွတ်လပ်ခြင်းဗောဓိသတ္တများ၏ ရှေ့မှောက်တွင် ဤတတိယအဆင့်ကျင့်ကြံသူများသည် ဂျူနီယာများမျှသာ ဖြစ်သည်။

အကယ်၍ ဤတပည့်ထောင်ချီခန့်က ဂိုဏ်းနှစ်ခုစလုံး၏အင်အားများဖြင့် စည်းလုံးကာ နတ်ဘုရား နယ်မြေရှိအားကောင်းသူအများစုကို ပေါင်းစည်းပြီးကန့်သတ်ချက်မရှိဘဲ ယှဉ်ပြိုင်ကြမည်ဆိုပါက၊ မသေမျိုးဧကရာဇ် တစ်ပါးကို မရွေးချယ်မီမှာပင် သေမျိုးလောကက သေခြင်းတရားနယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ကို စိုးရိမ်မိပါသည်။

ထို့ကြောင့် ဤယှဉ်ပြိုင်မှုကို အရှေ့ပိုင်း ဍုမေဏုတွင်သာ ရိုးရှင်းစွာသတ်မှတ်ထားခြင်းဖြစ်သည်။

ဂူ ၇၂ ခုမှ ရွှေမသေမျိုးများက အစပိုင်းတွင် အနည်းငယ်ဂနာမငြိမ်ဖြစ်နေကြသော်လည်း၊ မြင့်မားလှသော ရတနာတောင်ကြီး လေးလုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်များကို မြင်တွေ့ရသောအခါ၊သူတို့က မကျေမနပ်ဖြင့် လက်ခံလိုက်ကြသည်။

အရှေ့ဘက်အစွန်း ဧကရာဇ် နှင့် ဟိုထူဧကရီတို့က ကြီးကြပ်နေသဖြင့်၊ တစ်ဖက်က ရွှင်ပျော်ဗုဒ္ဓ နှင့် ဆေးလုံးဗုဒ္ဓတို့က ညစ်ပတ်သောအကြံအစည်များ ရှိနေလျှင်ပင်၊ သူတို့တွင် သေချာပေါက် အခွင့်အရေးရရှိမည် မဟုတ်ပေ။

ဂိုဏ်းနှစ်ခုမှ ပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီး စုစုပေါင်းဆယ့်ခုနစ်ပါး ရှိသည့်အနက်၊ ယခုအခါ လေးပါးက ဤနေရာတွင်စုဝေးရောက်ရှိနေပြီး ဤမဟာကပ်ဘေးကြီးကို ကိုယ်တိုင်ကိုယ်ကျ အဆုံးသတ်ပေးရန် ဖြစ်သည်။

မူလကတပည့်များကို လောကအနှံ့လှည့်လည်သွားလာစေပြီး၊ သာမန်ပြည်သူများကို လူသား ဧကရာဇ်၏အာဏာရှင်ဆန်မှုကို အသိအမှတ်ပြုလာစေရန်၊ မသေမျိုးများ၏လမ်းကြောင်းကို ခိုင်မာစေရန်နှင့် သေမျိုးလောကတွင် ဗုဒ္ဓအယူအဆကို ဖြန့်ဝေရန်အတွက် နတ်ဆိုးကြီး၏လက်များကို အသုံးပြုကာ နောက်ဆုံးတွင် အာဏာရှင်ကို ချောမွေ့စွာဖြုတ်ချရန် လိုအပ်ခဲ့သည်။

ယခုအခါ ထိုကဲ့သို့သော ထည့်သွင်းစဉ်းစားမှုများကို ဖယ်ရှားထားလိုက်ပြီဖြစ်သည်။

သို့သော် ဤကဲ့သို့ရိုင်းစိုင်းပြီးရိုးရှင်းသော နည်းလမ်းကို ရွေးချယ်ခြင်းက နှစ်ဖက်စလုံးမှ တပည့်များထံမှ မကျေနပ်မှုများကိုဖြစ်ပေါ်မလာစေခဲ့ဘဲ၊ ယင်းအစား ဤနေရာတွင် ရှိနေသူများ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပါသည်။

ဂိုဏ်းများအကြား ကလဲ့စားချေမှု၊ အရင်းအမြစ်အတွက် ပဋိပက္ခ။

မည်သည့်အရာကမဆို သူတို့ကိုအစွမ်းကုန် ကြိုးစားရန် လုံလောက်စေပါသည်။

အကယ်၍ သူတို့က မသေမျိုးဧကရာဇ် နေရာကို မရယူနိုင်လျှင်ပင်။ ပြိုင်ဘက်တပည့်များကို ပိုမို အနိုင်ယူနိုင်ခြင်းက သူတို့၏ နာကြည်းမှုများကို ဖယ်ရှားပေးနိုင်ရုံသာမက၊ ဤတိုက်ပွဲအောင်မြင်မှုကို နောက်ပိုင်းတွင် တာအိုနယ်မြေပိုမိုရရှိရန်အတွက် လဲလှယ်နိုင်စေပါလိမ့်မည်။

ယခင်က ၎င်းက ဂိုဏ်းတူတစ်ဦးနှင့် ယှဉ်ပြိုင်မှု ဖြစ်ခဲ့သော်လည်း၊ ယခုအခါ အခြားမဟာဂိုဏ်းကြီးတစ်ခုကို တိုက်ခိုက်ခြင်းဖြစ်ရာ ၎င်းမှာ သေချာပေါက်ကြီးကျယ်သော အရာတစ်ခု ဖြစ်သည်။

ခမ်းနားသော တောင်ကြီး လေးလုံး၏အောက်တွင်၊ ထူထပ်သောအဝါရောင်တိမ်တိုက်က စစ်တုရင်ခုံ တစ်ခုအလားအပိုင်းပေါင်း ဒါဇင်ချီ၍ ပိုင်းခြားထားပြီး၊ နှစ်ဖက်စလုံးမှ တပည့်များက ဆန့်ကျင်ဘက် အစွန်းများတွင် ထိုင်နေကြကာ သူတို့၏ခန္ဓာကိုယ်များမှာ စစ်တုရင်နယ်ရုပ်များအလား ပြည့်ကျပ်နေသည်။

မသေမျိုးသုံးပါးဂိုဏ်း၏ ဘက်တွင်မူ အနက်ရောင်တာအိုဝတ်ရုံနှင့် ပုံရိပ်က လူအုပ်ကြားတွင် ထိုင်နေသော်လည်း၊ အာရုံစိုက်မှုအများစုကို ဆွဲဆောင်နေပေ၏။

"..."

ရှန်းယီက မျက်လုံးများကို တိတ်ဆိတ်စွာ ပင့်လိုက်ပြီး တောင်ထိပ်ပေါ်ရှိ အရှေ့ဘက်အစွန်း ဧကရာဇ် ထံမှ အပြုံးရိပ်အနည်းငယ် ပါဝင်နေသော အကြည့်နှင့် ဆုံတွေ့လိုက်၏။

ပုံမှန်အခြေအနေများအောက်တွင် မသေမျိုးသုံးပါးဂိုဏ်း၏ ထိပ်တန်း တပည့်က မဟာဂိုဏ်းကြီး၏ မျှော်လင့်ချက်များကို သယ်ဆောင်ရမည်ဖြစ်ပြီး၊ တိုက်ပွဲသို့မဝင်ရောက်မီ ဂိုဏ်းက သေချာပေါက် အခြေခံအထောက်အပံ့အချို့ကို ပေးအပ်မည် ဖြစ်သည်။

ဂိုဏ်းသို့ နောက်ကျမှ ဝင်ရောက်လာသဖြင့်၊ မိမိ၏ အခြေခံအုတ်မြစ်မှာ အမှန်ပင်အားနည်းလှပါသည်။

သို့သော် လူတစ်ယောက်မျှပင် အကြံဉာဏ် လာမပေးသည့် အတိုင်းအတာအထိတော့ မဖြစ်သင့်ပေ။

အကြောင်းရင်းမှာ အရှေ့ဘက်အရိုးစွန်း ဧကရာဇ် ကိုယ်တိုင်ကြောင့် ဖြစ်နိုင်ပါသည်။ သူ၏ယခင် ကျန်ရစ်ခဲ့‌စေမှုများက ရွှေမသေမျိုးအများအပြားကို ဧကရာဇ်က ဝင်ရောက်စွက်ဖက်ကူညီမည်ဟု ယုံကြည်သွားစေခဲ့ပြီး၊ ပထမအဆင့် ဧရာမ ပုဂ္ဂိုလ်ကြီးက ရတနာများပေးသနားမည်ဖြစ်ရာ၊ သူတို့ သဘာဝကျကျပင် သူတို့၏ပစ္စည်းများကို ထုတ်မပေးခဲ့ကြတော့ပေ။

အခြားရှုထောင့်မှ စဉ်းစားကြည့်မည်ဆိုလျှင်၊ တောက်နေသည့် မီးကို ထင်းထပ်တိုးခြင်းသည့် လုပ်ရပ်လေးတစ်ခုကပင် အရှေ့ဘက်အစွန်း ဧကရာဇ်ကို ဒေါသထွက်စေမည်ကို သူတို့ကို စိုးရိမ်ပူပန်စေ၏။

အထူးသဖြင့် မဟာကပ်ဘေးကြီးအပေါ် ဧကရာဇ်၏ထင်ရှားသော စိတ်အားထက်သန်မှုကို ထောက်ရှု၍၊ သူက အစစ်အမှန်အရှင်ထိုက်ရွှီ အပေါ် အာရုံစိုက်နေကြောင်း ရှင်းလင်းနေပြီး၊ အခြားသူများ ချဉ်းကပ်လာပါက နားလည်မှု လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

"ဟီးဟီး။"

လင်းရွှီကျစ်က အရှေ့ဘက်အစွန်း ဧကရာဇ် ကို ဖားယားစွာ ပြုံးပြလိုက်၏။

အစပိုင်းတွင် ရှန်းယီက မသေမျိုးဧကရာဇ် နေရာကို ရယူနိုင်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ အဆုံးမဲ့ သက်တမ်းရှိသော ရွှေမသေမျိုးများက ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခြင်း၏ ကံကြမ္မာကို အကောင်းဆုံး သိရှိကြသည်။

သို့သော် ယခုအခါ အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်သည်။

ဧကရာဇ်၏ ကျောထောက်နောက်ခံနှင့်အတူ ရှန်းယီကို သူကိုယ်တိုင်ထိန်းထားရန် ယုံကြည်မှု အလုံအလောက် မရှိသဖြင့်၊ အဘယ်ကြောင့် ရက်ရောစွာ လမ်းဖယ်မပေးရမည်နည်း။

အနည်းဆုံးတော့ ရွှေမသေမျိုး ဆယ့်နှစ်ပါး အကြားတွင် ရာထူးတစ်ခုတော့ရရှိပါလိမ့်မည်။

တစ်ပိုင်းပြိုကမ်းပါးသို့ သူ ပထမဆုံး ပြန်ရောက်လာချိန်နှင့် နှိုင်းယှဉ်ပါက၊ လင်းရွှီကျစ် က ဤလမ်းကြောင်းကို အိပ်မက်ပင်မမက်ရဲခဲ့ပေ။

"ဟက်။"

အရှေ့ဘက်အစွန်း ဧကရာဇ် က အပြုံးကို ပြန်လည်တုံ့ပြန်လိုက်ပြီး၊ ဆွေးနွေးပွဲတွင် ပါဝင်မည့် တတိယအဆင့်တပည့်များဖြစ်စေ၊ ထို မဟာလွတ်လပ်ခြင်း ဗောဓိသတ္တများဖြစ်စေ အောက်ဘက်ရှိ ဘုန်းကြီးများကို သူ၏မျက်လုံးထောင့်ဖြင့် တစ်ချက်ကြည့်လိုက်ရာ အားလုံးတွင် အလွန် ရန်လိုသောအမူအရာများ ရှိနေကြ၏။

ပြီးတော့ ဤရန်လိုမှု၏ထက်ဝက်က အစစ်အမှန်အရှင်ထိုက်ရွှီ တစ်ဦးတည်းအပေါ်တွင်သာ အာရုံစိုက်နေပါသည်။

ဤသည်မှာ မာနထောင်လွှားမှုနှင့် အဆင်ခြင်မဲ့မှုတို့၏ တန်ဖိုးပင်ဖြစ်သည်။

ဤကဲ့သို့ ကြီးမားလှသော ဖိအားအောက်တွင် တစ်ဖက်လူက မိမိကို စိုက်ကြည့်ရန် ယာယီတောင့်ခံထားနိုင်သော်လည်း၊ အနည်းငယ်အားနည်းချက် ရှိလာသည်နှင့် ၎င်းကပညာရှိမည်ဆိုပါက ၎င်းကို ချက်ချင်း သဘောပေါက်သင့်ပါသည်။

"..."

ရှန်းယီက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်ပြီး၊ ထိုအခိုက်အတန့်တွင် သူ၏ဘေးမှ ခြေသံများ ထွက်ပေါ်လာခဲ့၏။

သူက ဘေးတိုက်တစ်ချက်ကြည့်လိုက်ရာ၊ လူတိုင်း၏အကြည့်အောက်တွင် ချဉ်းကပ်လာသော ချီယွင်ကျစ်ကို တွေ့လိုက်ရပြီး၊ သူ၏အနည်းငယ်ပင်ပန်းနွမ်းနယ်နေသော မျက်နှာပေါ်တွင် အမူအရာများကင်းမဲ့နေ၏။

"အရမ်းကြီး စိုးရိမ်မနေနဲ့၊ မင်း အကောင်းဆုံး ကြိုးစားရုံပဲ။"

ချီယွင်ကျစ်က တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး၊ သူ၏ အကြည့်ကိုအရှေ့သို့သာ စိုက်ထားကာရှန်းယီကို မကြည့်ခဲ့ပေ။

စကားပြောပြီးနောက်၊ သူက သူ၏အင်္ကျီလက်အိုးထဲမှ ရတနာအိတ်တစ်လုံးကို ထုတ်ယူကာ သူ၏ဘေးတွင် ညင်သာစွာချထားလိုက်သည်။ "အထဲမှာ ငါမကြာသေးခင်ကမှ သန့်စင်ထားတဲ့ ဝိညာဉ်ရတနာ တချို့ ပါတယ်၊ နောက်ထပ် အကျွမ်းတဝင်ဖြစ်ဖို့ အချိန်ယူစရာမလိုဘဲ သုံးဖို့ အဆင်သင့်ပဲ၊ ကာကွယ်ဖို့နဲ့ သတ်ဖြတ်ဖို့အတွက် လုံလောက်တယ်၊ မင်းယူထားလိုက်ပါ၊ အသုံးဝင်လာနိုင်တယ်။"

"ကျေးဇူးတင်ပါတယ်၊ စီနီယာ။"

ရှန်းယီက သူ၏နှုတ်ခမ်းများကို စေ့လိုက်ပြီး ရတနာ အိတ်ကို ကောက်ယူလိုက်ကာ၊ အနည်းငယ် စစ်ဆေးကြည့်လိုက်ရာ ၎င်းအတွင်းတွင် ခြောက်ကြိမ် သွေးသန့်စင်ခြင်း လှံရှည်တစ်လက် ပါဝင်နေကြောင်း သူ အာရုံခံနိုင်ခဲ့သည်။ အမှန်ပင် တစ်ဖက်လူ ပြောသည့်အတိုင်း၊ ပြည့်စုံစွာပြင်ဆင်ထားပါသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤအရာများက ချီယွင်ကျစ်က ကိုယ်တိုင်အတွက် ပြင်ဆင်ထားသော ဝိညာဉ်ရတနာများ ဖြစ်ကြောင်း ရှင်းလင်းနေပြီး၊ သူ၏ သန့်စင်ခြင်းဆိုသည်မှာ ၎င်းတို့အပေါ်မှ သူ၏ကိုယ်ပိုင်အငွေ့အသက်ကို ဖျက်ဆီးပစ်ခြင်းမျှသာ ဖြစ်သည်။

ရှန်းယီက ယခုအခါ ဤပစ္စည်းများ မလိုအပ်တော့သော်လည်း၊ မိမိနှင့် ချီယွင်ကျစ်ကြားရှိ ဆက်သွယ်မှုကို စဉ်းစားလိုက်သောအခါ၊ သူ၏အကြည့်ကို အလိုအလျောက် အနည်းငယ်လွှဲလိုက်မိသည်။

ရာထူးဆိုသည်မှာ ရာထူးပင်ဖြစ်သော်လည်း၊ ဤ ရွှေမသေမျိုးက မျက်လုံးပေါင်းများစွာ၏ အောက်တွင် ရဲတင်းစွာချဉ်းကပ်လာခဲ့ရာ၊ ခံစားခဲ့ရသော ဖိအားက ကြီးမားကြောင်းဖော်ပြနေပါသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး။"

ချီယွင်ကျစ်က တိတ်ဆိတ်စွာ ရယ်မောလိုက်သည်။ "ငါ့ရဲ့ကျေးဇူးတင်စကားကို တစ်ဆင့်ပြောပေးဖို့ မင်းရဲ့ဆရာကို အစပိုင်းက ငါ တောင်းဆိုခဲ့တယ်၊ သူ့ရဲ့အလေးမထားတဲ့အမူအရာကို ကြည့်ရတာ သူ ပြောမှာမဟုတ်လောက်ဘူး၊ ဒါပေမယ့် ဒါကလည်း ကောင်းပါတယ်..."

"ချူရှီးကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်။"

ချီယွင်ကျစ်က ရှန်းယီ၏ ပခုံးကို ပုတ်ကာ မတ်တပ်ရပ်လိုက်ပြီး၊ တောင်ထိပ်ပေါ်ရှိ အရှေ့ဘက်အစွန်း ဧကရာဇ်ဆီသို့ ကြည့်လိုက်၏။ "ဘာကြည့်နေတာလဲ။"

ကိုယ်ပိုင်အနာဂတ်နှင့် ရင်းမြစ်များကို လျစ်လျူရှုလိုက်သရွေ့ ဒုတိယအဆင့်တစ်ပါးက ကောင်းကင်အောက်တွင်ပြိုင်ဘက်ကင်း ဖြစ်သည်ဆိုသော အယူအဆကို သူ အပြည့်အဝထုတ်ပြလိုက်၏။

"..."

အရှေ့ဘက်အစွန်း ဧကရာဇ်က ခံစားချက်ကင်းမဲ့စွာဖြင့် သူ၏အကြည့်ကို လွှဲလိုက်သည်။

သို့သော် လင်းရွှီကျစ်ကမူ အတွင်းစိတ်မှ မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပါ။ ဤလူအိုကြီးက ပုံမှန်မဟုတ်ကြောင်း သူကြာမြင့်စွာကတည်းက ရိပ်မိခဲ့ပြီး၊ ချီယွင်ဂူ အမြစ်ပြတ်လုနီးပါးဖြစ်သွားသဖြင့် လင်းရွှီဂူမှ လူခိုးရန်ကြိုးစားနေခြင်းပင်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဧကရာဇ် ရှိနေ၍သာ၊ သို့မဟုတ်ပါက ရတနာများအပေါ် ရှန်းယီ၏အရှက်မဲ့သော လိုချင်တပ်မက်သည့် သဘောထားကြောင့် အောင်မြင်သွားနိုင်ပေ၏။

"ဟူး။"

ရှန်းယီက ရတနာအိတ်ကို သူ၏ရင်ဘက်ထဲသို့ ထည့်လိုက်သည်။

အခြားသူများကဲ့သို့ စိတ်ခံစားချက်များကို ဟန်ဆောင်ဖုံးကွယ်ရာတွင် သူမကျွမ်းကျင်ပေ။ အမှန်တရားက ပေါ်ပေါက်လာမည်ဖြစ်သော်လည်း၊ ယခုတော့ အချိန်မတန်သေးပါဘူး။

ဤအချိန်တွင် ပုံရိပ်အချို့က အဝါရောင် တိမ်တိုက်၏အလယ်ဗဟိုသို့ အပြေးအလွှား ရောက်ရှိနေပြီဖြစ်သည်။

ဤသည်မှာ နှစ်ဖက်စလုံး၏အပြန်အလှန် နားလည်မှုပင်။ တပည့်အများစုက ပလ္လင်အတွက် ယှဉ်ပြိုင်ရန် အရည်အချင်းမရှိကြသော်လည်း၊ အချင်းချင်း၏ခွန်အားများကို စမ်းသပ်နိုင်ပ့သည်။

တပည့်များက ဤအရာနှင့် ပတ်သက်၍ ညည်းညူခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအချိန်ထိဆွဲခေါ်သွားပါက ပါဝင်သူများအားလုံးက ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းသို့ ရောက်ရှိနေသော ကောင်းကင်ပါရမီရှင်များ ဖြစ်လာမည်ဖြစ်ရာ၊ အစောပိုင်းတွင် အောင်မြင်မှုပိုမိုရယူထားခြင်းက ပိုကောင်းပါသည်။

"မသေမျိုးသုံးပါးဂိုဏ်း၊ ရွှေရောင်အလင်းတန်းဂူ က တပည့်၊ ကျင့်ကြံခြင်းက သုံးနှင့်သုံး နယ်ပယ်ကို ရောက်နေပါတယ်၊ ကျေးဇူးပြုပြီး သင်ပြပေးပါ။"

ရှန်းယီနှင့် အနီးဆုံးရှိ အဝါရောင်မြူခိုးပေါ်တွင်၊ သာမန်အသွင်အပြင်ရှိသော လူလတ်ပိုင်းတာအို ကျင့်ကြံသူတစ်ဦးက ဓားပျံတစ်လက်ပေါ်တွင် ရပ်နေပြီး၊ ဆန့်ကျင်ဘက်သို့ လက်နှစ်ဖက်ကို ဂုဏ်ယူစွာ ယှက်လိုက်၏။

မကြာသေးမီက အရှေ့ပိုင်းတိုက်ကြီးရှိ ဘုန်းကြီးတစ်စုကို ပြန်လည်တိုက်ခိုက်ခွင့် မပေးဘဲ ဖိနှိပ်ထားခြင်းက မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များ၏ယုံကြည်မှုကို များစွာ မြှင့်တင်ပေးခဲ့၏။ တပည့်များစွာက ဗောဓိသတ္တဓမ္မကိုယ်ထည်၏ နတ်ဘုရားစွမ်းရည်များကို မမြင်တွေ့ရမီမှာပင် ပြိုင်ဘက်များကိုသုတ်သင်ရန် မှော်ရတနယလက်နက်ပုံကြီးကို အတူတကွအသုံးပြုခဲ့ကြသည်။

"တောင်ပိုင်း ဍုမေဏု၊ ရွှမ်ထျန်းတောင်။"

ဘုန်းကြီးအုပ်စုထဲတွင် အသားမည်း၊ပိန်လှီပြီး ဟောင်းနွမ်းသောသင်္ကန်းကို ခြုံထားသည့် ဘုန်းကြီးတစ်ပါးက တဖြည်းဖြည်း မတ်တပ်ရပ်လာပါသည်။

သူက ဗုဒ္ဓရတနာကို မခေါ်ယူဘဲ၊ခြေဗလာဖြင့်သာ တိမ်တိုက်များကို ဖြတ်သန်းသွားခဲ့သည်။

၎င်းကိုမြင်သောအခါ ရွှေရောင်အလင်းတန်းဂူ မှ ကျင့်ကြံသူသည် သူ၏သွားများကို ဖြီးပြလိုက်ပြီး၊ ဓားသိုင်းပညာ တစ်ခုကို တွေဝေခြင်းမရှိဘဲ ထုတ်ဖော်လိုက်၏။ သူက စင်မြင့်ပေါ်သို့ တက်ရောက်လာသော ပထမဆုံးတပည့်အုပ်စုထဲတွင် ပါဝင်ပြီး၊ အကြီးအကဲများ၏အာရုံစိုက်မှုကို ရရှိရန် ရှားပါးသဖြင့် မသေမျိုးသုံးပါးဂိုဏ်း၏ စတိုင်ကို သဘာဝကျကျ ပြသလိုခဲ့သည်။

အဖွင့်လှုပ်ရှားမှုအား ပြင်းထန်သောတိုက်ခိုက်မှု တစ်ခုအဖြစ် စတင်ခဲ့သည်။

သူ၏အောက်ရှိ မှော်ရတနာဓားက မျက်တောင်တစ်ခတ်အတွင်း မရေမတွက်နိုင်သော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး၊ အသားမည်းပိန်လှီသောဘုန်းကြီးဆီသို့ လွှမ်းမိုးနိုင်သောရေများမှုအလား တိုးဝင်သွားသည်။

ဓားအလင်းတန်းများက ရက်ကန်းကြိုးများအလား ဘုန်းကြီး၏အသားအရေကို ပွတ်တိုက်သွားသော်လည်း မည်သည့်အရာမျှမကျန်ရစ်ခဲ့ဘဲ၊ ကြည်လင်သောတိုက်ခိုက်သံက ဓား၏ငိုကြွေးသံနှင့် တူနေပါသည်။

ဘုန်းကြီးက ဓားမြစ်ကိုဖြည်းညှင်းသော ခြေလှမ်းဖြင့် ဖြတ်သန်းကာ ရွှေရောင်အလင်းတန်းဂူ မှ တပည့်ထံသို့ ရောက်ရှိသွားပြီး၊ တစ်ဖက်လူ၏ တွေဝေနေသောအကြည့်အောက်တွင် အရှေ့သို့ပေါ့ပေါ့ပါးပါးလက်သီးတစ်ချက် ထိုးချလိုက်၏။

ရွှေရောင်ခန္ဓာကိုယ်နတ်ဆိုး နှိမ်နင်းခြင်း..

ကျင့်ကြံသူက ခန္ဓာကိုယ်အကာအကွယ်နည်းစနစ် တစ်ခုကို ဖန်တီးရန်ကြိုးစားခဲ့သော်လည်း၊ သူ၏ခန္ဓာကိုယ်က ရွှေရောင်မြစ်၏ဝါးမျိုခြင်းကို ခံလိုက်ရကြောင်းတွေ့ရှိလိုက်ရသည်။

သူ သတိပြန်ရလာသောအခါ၊ နာကျင်မှု၏လှုံ့ဆော်မှုအောက်တွင် သူက အဝါရောင်တိမ်တိုက်၏အပြင်ဘက်တွင် ခြေလက်အင်္ဂါများကြေမွလျက်လဲလျောင်းနေကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။

"ကျေးဇူးပြုပြီး အလင်းပြပေးပါ။"

ဘုန်းကြီးက ကျိုးပဲ့နေသောဓားကို ထိုတပည့်အပေါ်သို့ ပေါ့ပေါ့ပါးပါးပစ်ချလိုက်ပြီး၊ လက်တစ်ဖက်ကိုမြှောက်ကာ မသေမျိုးသုံးပါးဂိုဏ်းလူအုပ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

ရုတ်တရက်ထွက်ပေါ်လာသော ဆူညံပွက်လောရိုက်မှု အကြားတွင်..

မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များက အချင်းချင်း ကြည့်လိုက်ကြပြီး၊ ဆုံးရှုံးသွားသော ဂုဏ်သိက္ခာအပြင်၊ ပို၍အရေးကြီးသော အချက်တစ်ချက်ကို သဘောပေါက်သွားကြပါသည်။

အရှေ့ပိုင်းတိုက်ကြီးကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်စဉ်အတွင်း သူတို့က များစွာရိတ်သိမ်းနိုင်ခဲ့သော်လည်း၊ ဘုန်းကြီးများကလည်း သူတို့၏အသေးစိတ်အချက်အလက်များကို အပြည့်အဝ နားလည်သွားခဲ့၏။

သို့သော် သူတို့ဘက်တွင်မူ အခုအချိန်အထိ... ထို အသားမည်းမည်းပိန်လှီသော ဘုန်းကြီး၏ဓမ္မ အမည်ကိုပင် သူတို့မသိခဲ့ကြပေ။

All Chapters