အခန်း ၁၃၄၈
Vol. 135 Ch. 1348
အခန်း (၁၃၄၈) ရှန်းယီ စင်ပေါ်တက်ခြင်း
တိုက်ခိုက်ခြင်းမရှိဘဲ အရှုံးပေးလိုက်ခြင်း၊ လက်နက်ချအရှုံးမပေးမီ လှုပ်ရှားမှုတစ်ချက်ပင် မပြုလုပ်ခဲ့ခြင်းက မျက်နှာပျက်ရုံသက်သက် မဟုတ်ဘဲ၊ ထိုဘုန်းကြီးများကို လွတ်လပ်စွာနင်းချေခွင့်ပြုရန် မသေမျိုးသုံးပါးဂိုဏ်း၏ဂုဏ်သိက္ခာကို ရှင်းလင်းစွာချပေးလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် အမှန်တကယ် တုန်လှုပ်ဖွယ်ရာအပိုင်းက မရောက်လာသေးပေ။
အစစ်အမှန်အရှင် ဟောက်မင်က စကားပြောဆိုပြီးစီးခါနီးအချိန်၊ ပထမအဆင့်ဧရာမ ပုဂ္ဂိုလ်ကြီး လေးပါးကိုအရိုအသေပေးရန် လက်ယှက်မည့်ဆဲဆဲ၊သူ၏လက်မောင်းများကို မရုံသာရှိသေးချိန်၌ လေပြင်းတစ်ချက်က သူ၏မျက်နှာဆီသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။
သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး၊ ရုတ်တရက်နီးကပ်လာသော ပိန်ချိုင့်နေသည့် မျက်နှာကို တိုက်ရိုက်စိုက်ကြည့်နေစဉ် နောက်တစ်ခဏတွင် ရွှမ်ထျန်းတောင်မှ ဘုန်းကြီး၏လက်သီးက ရွှေရောင်မြစ်ဖြင့်လွှမ်းခြုံထားလျက် သူ၏တာအိုခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိုးဖောက်သွားခဲ့၏။
အစစ်အမှန်အရှင် ဟောက်မင်က စုတ်ပြဲနေသော ကျန်ကျောင်းအိတ်တစ်အိတ်အလားနောက်သို့ လွင့်ထွက်သွားပြီး လူအုပ်ထဲသို့ပြုတ်ကျသွားသည်။
ပရိသတ်များမှာ ချက်ချင်းပင်ဆူညံပွက်လောရိုက်သွားလေ၏။
မသေမျိုးဂိုဏ်းမှ တပည့်က လက်နက်ချအရှုံးပေးခဲ့သည်မှာ အရှက်ရဖွယ်ဖြစ်နေပြီဖြစ်သော်လည်း၊ ဤဘုန်းကြီးများက ၎င်းအတွက်အခွင့်အရေးပင် မပေးဘဲ ကျူးလွန်ခဲ့ကြသည်။
"တောင်းပန်ပါတယ်၊ စောစောက ကျွန်တော်စိုးရိမ်နေလို့ သေချာမကြားလိုက်ရဘူး။"
အသားမည်းမည်းပိန်လှီသော ဘုန်းကြီးက သူ၏ လက်သီးကို ပြန်ရုပ်သိမ်းကာညင်သာစွာ တောင်းပန်လိုက်၏။
အစစ်အမှန်အရှင် ဟောက်မင်က အနည်းငယ် တုန်ယင်သွားပြီး၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ဆုတ်ဖြဲခံရသည့်အလား နာကျင်မှုများဖြင့် ကိုက်ခဲနေကာ၊ သူ၏ဂိုဏ်းတူ ညီအစ်ကိုများထံမှ ထူးဆန်းသော အကြည့်များနှင့် ပေါင်းစပ်လိုက်သောအခါ၊ မသေမျိုးများက သူ့ကိုညစ်ပတ်နေပြီး အနီးသို့မချဉ်းကပ်သင့်သည့်အလား ရှောင်ဖယ်သွားကြ၏။
သူပ မိမိကိုယ်ကိုပုန်းအောင်းရန် တွင်းတစ်တွင်းပင် တူးချက်သွား၏။ သူ၏ခန္ဓာကိုယ်ကို ကျုံ့ထားနိုင်ရုံသာ တတ်နိုင်တော့သည်။
ဤအခိုက်အတန့်တွင်၊ဖြူဖျော့သော လက်တစ်ဖက်က သူ၏မျက်နှာကို အနည်းငယ်ဖုံးကွယ်ပေးလိုက်ပြီး၊ ထိုအပ်များကဲ့သို့ စူးရှသော အကြည့်များမှ ကာကွယ်ပေးကာ၊ လက်ဖဝါးအတွင်း ဝိညာဉ် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး သူ၏ ကိုယ်တွင်းရှိ ရွှေရောင်မြစ်ကိုပျော်ဝင်သွားစေရန် ကူညီပေးလိုက်သည်။
"..."
အစစ်အမှန်အရှင် ဟောက်မင်က လက်ချောင်းများကြားမှ ဟာကွက်များမှတစ်ဆင့်တွေဝေစွာ ကြည့်လိုက်ရာ။ အစစ်အမှန်အရှင်ထိုက်ရွှီ၏ ဘေးတွင် သူ မတော်တဆပြုတ်ကျနေကြောင်း တွေ့ရှိလိုက်ရ၏။
ထို့အတူ တစ်ဖက်လူက တည်ငြိမ်စွာတင်ပျဉ်ခွေ ထိုင်နေပြီး၊ သူ့ကိုမရှောင်ဖယ်သော သူ၏ရွယ်တူများထဲမှတစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်သည်။
ဤ အစစ်အမှန်အရှင်ကို သူ တစ်ချိန်ကပြစ်မှားခဲ့ဖူးပြီး၊ ကောင်းကင်မျှော်စင်တောင်ပေါ်ရှိ မသေမျိုးဗိမာန်တော်ကို ဖျက်ဆီးရန်နတ်ဆိုးများကိုပင် အသုံးပြုရန် ကြိုးစားခဲ့ကြောင်း သူသိထားပါသည်။
ဤအကြောင်းကို တွေးမိသောအခါ အစစ်အမှန်အရှင် ဟောက်မင်ထံသို့ ဝမ်းနည်းမှု လှိုင်းတစ်ခု ရိုက်ခတ်လာပြီး၊ သူ၏အသံတွင် မိမိကိုယ်ကိုယ် အပြစ်တင်မှုများဖြင့် ပြည့်နှက်နေ၏။ "စီနီယာအစ်ကို... အဲဒါက ကျွန်တော့်ရဲ့သတ္တိကြောင်မှုကြောင့်ပါ... သူ့ကိုကျွန်တော်မနိုင်ခဲ့ဘူး၊ မြောက်ပိုင်းတိုက်ကြီးမှာ ရိတ်သိမ်းထားတဲ့ ရင်းမြစ်တွေကိုလည်း ကျွန်တော်မစွန့်လွှတ်နိုင်ခဲ့ဘူး..."
သူ့ကိုတုံ့ပြန်လိုက်သည်မှာ အပြစ်တင်ခြင်းမဟုတ်ဘဲ၊ ကြည်လင်ပြီးတည်ငြိမ်သော အသံတစ်ခုသာ ဖြစ်သည်။
"ကိုယ်ကိုယ်ကိုယ်အပြစ်တင်နေစရာ မလိုပါဘူး။"
ရှန်းယီက အရှေ့သို့ကြည့်ကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။ "ဒါက မင်းနဲ့ဘာမှ မသက်ဆိုင်ပါဘူး။"
ရိုးရှင်းသောစကားတစ်ခွန်းမျှသာ ဖြစ်သော်လည်း အခြားတပည့်များကို လှုပ်ရှားသွားစေသည်။ အဘယ်ကြောင့်ဆိုသော် ရွှမ်ထျန်းတောင်မှ ထိုဘုန်းကြီးများက သူတို့ ယှဉ်ပြိုင်နိုင်မည့်ပြိုင်ဘက်များမဟုတ်ကြောင်း ရှင်းလင်းနေသော်လည်း၊ အခြား စီနီယာညီအစ်ကို မောင်နှမများက ဤဘုန်းကြီးများ၏အတိမ်အနက်အကြောင်း ပိုမို နားလည်ရန်အတွက်၊ သူတို့၏တာအို အသီးအပွင့်များချိုးဖျက်ခံရပြီး သူတို့၏အနာဂတ် အဆုံးသတ်သွားမည့်တန်ဖိုးကို ပေးဆပ်ကာ သူတို့ကိုစင်မြင့်ပေါ်သို့ တက်ခိုင်းရန်ဝန်လေးခြင်း မရှိခဲ့ကြပေ။
ဤမျှရိုးရှင်းသော ကိစ္စဖြစ်သော်လည်း၊ လူအုပ်ကြားတွင် မည်သူကမျှစကားပြောရန်မရဲဝံ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရွှေမသေမျိုး အကြီးအကဲများ၏ရည်ရွယ်ချက်များလည်း ဖြစ်သောကြောင့်ပင်။
ယခုအခါ သူတို့၏ကိုယ်ပိုင် ထိပ်တန်းတပည့်၏ နှုတ်မှ အလွယ်တကူထွက်ပေါ်လာခြင်းက၊ အကြီးအကဲများ သူ့အပေါ် မြင်သည့်အမြင်ကို ကြီးမားစွာသက်ရောက်မှု ရှိစေပါလိမ့်မည်။
"..."
တိုက်ရိုက်တပည့် အများအပြား၏အမူအရာများ သိသိသာသာပြောင်းလဲသွားပြီး၊ မကျေနပ်မှု အရိပ်အယောင်အနည်းငယ်ကို ပြသလိုက်ကြ၏။
၎င်းမှာ မဟာဂိုဏ်းကြီးက မသေမျိုးဧကရာဇ်၏ နေရာကို နောက်ဆုံးတွင်ဆုပ်ကိုင်နိုင်ရန် ချမှတ်ထားသော မဟာဗျူဟာတစ်ခုဖြစ်ပြီး၊ ကြီးမားသော အကျိုးကျေးဇူးကို ပထမနေရာတွင် ထားရှိခြင်းဖြစ်ရာ၊ စီနီယာအစ်ကို ထိုက်ရွှီ၏ နှုတ်မှ ထွက်ပေါ်လာသောအခါ အဘယ်ကြောင့် ဤမျှ အကျည်းတန်သွားရသနည်း။
မည်သို့ပင်ဆိုစေ၊ အစစ်အမှန်အရှင်ထိုက်ရွှီကလည်း ဘေးမှအေးစက်စွာ စောင့်ကြည့်နေခဲ့သည် မဟုတ်လော၊ ဤသို့အပြစ်တင်ရန် သူ့တွင် မည်သည့် အခွင့်အရေးရှိသနည်း။
အခြားသူများနှင့် မတူဘဲ လီရှန်း၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ဆရာကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်၏။
ဤတစ်ကြိမ်တွင်၊ အစစ်အမှန်အရှင် ရွှမ်ဝေ့က အနည်းငယ် တုံ့ဆိုင်းသွားပါသည်။
သူ၏ကိုယ်ပိုင် တပည့်က ထိုက်ရွှီပြီးလျှင် ဂိုဏ်း၏ ဒုတိယအရေးပါဆုံးသော ဝှက်ဖဲဖြစ်သော်လည်း၊ ဤအတိုင်းဆက်သွားနေပါက မသေမျိုးသုံးပါးဂိုဏ်း၏ အရှိန်အဟုန်ကို ချေမှုန်းပစ်လိမ့်မည်။
အစစ်အမှန်အရှင် ဟောက်မင်၏ အခြေအနေမျိုး နေရာအနှံ့အပြားတွင် ဖြစ်ပွားလာမည်ကို သူ ကြိုတင် မြင်တွေ့နေရပြီဖြစ်သည်။
မျက်နှာအနည်းငယ်အဖက်ဆယ်ရန် လီရှန်း ကို လှုပ်ရှားခွင့်ပေးခြင်းက၊ ထိုက်ရွှီကို ဘုန်းကြီးများက စမ်းသပ်ခွင့်ပြုလိုက်ခြင်းထက် ပိုကောင်းပါသည်။
"ဟူး။"
အစစ်အမှန်အရှင် ရွှမ်ဝေ့က အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်၏။
ဆရာဖြစ်သူ၏ခွင့်ပြုချက်နှင့်အတူ လီရှန်းက သူ၏လက်ချောင်းငါးချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး၊ သူ၏အကြည့်များမှာ အေးစက်နေကာ ဘုန်းကြီးများကိုကြည့်လိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင်။
ရှန်းယီက အစစ်အမှန်အရှင် ဟောက်မင်၏ ခေါင်းကို အုပ်ထားသော လက်ကိုပေါ့ပေါ့ပါးပါးပင် ရုပ်သိမ်းလိုက်ပြီး၊ သူ၏အဝတ်အစားများကို ဆန့်ကာမတ်တပ်ရပ်လိုက်သည်။
သူကခြေတစ်လှမ်းတည်းဖြင့် သူ၏ပုံရိပ်က ထိုက်ရွှီအတွင်းသို့ ပေါင်းစပ်သွားသည်။
"စီနီယာအစ်ကို။"
အစစ်အမှန်အရှင် ဟောက်မင်က တစ်ဖက်လူက သူ့ကိုကယ်တင်ခဲ့သည့် ကျေးဇူးတင်မှုမှသတိမပြန်လည်လာသေးမီ ဤမြင်ကွင်းကိုမျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည်။
သူ၏ကိုယ်တွင်းရှိ ရွှေရောင်မြစ် အများစုမှာ ပျော်ဝင်သွားပြီဖြစ်ရာ၊ သူလှည့်ကာ လက်ဆန့်ထုတ်ပြီး စီနီယာအစ်ကိုထိုက်ရွှီ ကို ဖမ်းဆွဲရန် ကြိုးစားနိုင်စေခဲ့သော်လည်း၊ သူ၏အမြင်အာရုံ အနည်းငယ် ဝေဝါးသွားကာ၊ ထိုနောက် အနက်ရောင်တာအိုဝတ်ရုံပုံရိပ်က အဝါရောင်တိမ်တိုက်၏ အထက်တွင် လွင့်မျှောနေပြီဖြစ်ပေ၏။
"ပြီးသွားပြီ။"
အစစ်အမှန်အရှင် ဟောက်မင်၏ နှလုံးခုန်သံ တစ်ချက်ရပ်တန့်သွားသည်။ အနောက်သို့ မလှည့်ဘဲနှင့်ပင် သူက ဂူ ၇၂ ခုမှ ရွှေမသေမျိုးများ၏ သတ်ဖြတ်လိုသောအကြည့်များ သူ့ဆီသို့ ဦးတည်နေကြောင်း သူခံစားနိုင်ခဲ့သည်။
တိုက်ရိုက်တပည့် အများအပြား၏စိုးရိမ်ပူပန်မှုများက တစ်ကိုယ်ကောင်းဆန်ကောင်းဆန်နိုင်သော်လည်း၊၎င်းတို့မှာ အမှန်တရားဖြစ်နေ၏။
သို့သော် ဤစိုးရိမ်ပူပန်မှုကို အများဆုံးရှိသင့်သူမှာ အမှန်တကယ်တွင် စီနီယာအစ်ကိုထိုက်ရွှီသာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏မကြာသေးမီက လုပ်ရပ်များကြောင့် သူက ဗောဓိဂိုဏ်း၏ မျက်စိစူးစရာ တစ်ခု ဖြစ်လာခဲ့သည်မှာ ကြာပြီဖြစ်ပြီး၊ သူ့ကိုအမှုန့်ဖြစ်အောင် ချေမွပစ်ရန်တောင့်တနေကြ၏။
မရေမတွက်နိုင်သော ဗောဓိသတ္တများက သူ့ကို စူးစိုက်ကြည့်နေကြသည်။
"လူယုတ်မာတွေ။"
လင်းရွှီကျစ်က သတိလစ်လုနီးပါးအထိ ဒေါသထွက်သွားပါသည်။
ရှန်းယီက လင်းရွှီဂူအား ပေးသနားထားသော ကံကောင်းခြင်းတစ်ခုဖြစ်ပြီး၊ မိမိကိုယ်တိုင်အတွက် တောက်ပသောလမ်းကြောင်းတစ်ခု၏ အစပိုင်းကို ခင်းကျင်းထားပြီးဖြစ်သည်။
ခန့်မှန်း၍မရသောအရာများ မဖြစ်ပွားသရွေ့ ဧကရာဇ်၏ အကူအညီဖြင့် သူ၏ရွှေမသေမျိုး ဆယ့်နှစ်ပါးအကြားရှိ ရာထူးမှာ တစ်ဝက်ကျော် သေချာနေပြီ ဖြစ်သည်။
သို့သော် ဤလူငယ်လေး၏စိတ်ထဲတွင် ဤတောက်ပသော လမ်းကြောင်းကို ဖျက်ဆီးပစ်ရန်သာ လုံးဝအာရုံစိုက်ထားခဲ့၏။
ထိုတိုက်ရိုက် တပည့်များက မလှုပ်ရှားသေးသလို၊ လီရှန်းကလည်း ရှေ့သို့မထွက်သေးပေ။ ထိုသို့ဆိုလျှင် ရှန်းယီက အဘယ်ကြောင့်ရှေ့ဆုံးသို့ အပြေးအလွှား သွားနေရသနည်း။
"ကျွန်တော်..."
အနည်းငယ်ပိုစောင့်ကြည့်လိုက်ရုံဖြင့် ဤမျှဆူညံပွက်လောရိုက်မှုဖြစ်စေလိမ့်မည်ဟု လီရှန်း တွေးပင်မတွေးခဲ့ဖူးပေ။ သူက တွေဝေစွာနောက်သို့ လှည့်ကာ သူ၏ဆရာကို ကြည့်လိုက်ရာ၊ အစစ်အမှန်အရှင်ရွှမ်ဝေ့တွင် ထူးထူးခြားခြား ခက်ထန်နေသောအမူအရာရှိနေသည်ကိုသာ တွေ့လိုက်ရ၏။
အခြားတိုက်ရိုက် တပည့်များကလည်း ဇဝေဇဝါအမူအရာများဖြစ်နေကြသည်။
'သူ၊သူ တကယ်ပဲ တက်သွားတာလား။'
ကျယ်ပြန့်သော အဝါရောင်တိမ်တိုက်များ အလယ်တွင်၊ယှဉ်ပြိုင်နေကြသော ဂိုဏ်းနှစ်ခုစလုံးမှ တပည့်များပင်လျှင် သူတို့၏လုပ်ရပ်များကို မရပ်တန့်၍မနေနိုင်ခဲ့ဘဲ ကောင်းကင် ကန့်လန့်ကာ၏ထိပ်ရှိ ပုံရိပ်ဆီသို့လှမ်းကြည့်လိုက်ကြသည်။
ဗောဓိသတ္တများစွာက အရူးအမူးဝမ်းသာသော အမူအရာများအဖြစ်သို့ ပြောင်းလဲသွားကြ၏။
သူတို့အထဲတွင် ဘုန်းကြီး မြောင်ယင်က အပျော်ရွှင်ဆုံး ဖြစ်သည်။ ယှဉ်ပြိုင်မှု၏အစပိုင်းမှာတင် ဤသေရေးရှင်ရေးရန်သူကို ဆွဲထုတ်နိုင်လိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ပေ။
ဤကဲ့သို့ စိတ်မရှည်သော လူငယ်လေးက မသေမျိုးသုံးပါးဂိုဏ်း၏ ထိပ်တန်း တပည့်မည်သို့ ဖြစ်လာခဲ့သနည်း။
"..."
အရှေ့ဘက်အစွန်း ဧကရာဇ်၏ မျက်နှာက အနည်းငယ် မှောင်မိုက်သွားပါသည်။ အမှန်ပင် ဤအခြေအနေကိုအသုံးပြု၍ ရှန်းယီကို အရှေ့ဘက်အစွန်းဧကရာဇ် စံအိမ်တော်သို့ လက်အောက်ခံရန် ဖိအားပေးလိုခဲ့သော်လည်း၊ သူ့အား မသေမျိုးဧကရာဇ်ဖြစ်လာမည့်အရေးကို တားဆီးရန် ဘယ်သောအခါမှ မရည်ရွယ်ခဲ့ပေ။
အကယ်၍ သူက မသေမျိုးဧကရာဇ် မဖြစ်လာနိုင်ပါက သူ့အတွက် အသုံးဝင်မည်မဟုတ်ဘဲ၊ မည်သူက ဤကဲ့သို့မိုက်မဲမှုမျိုးကို လုပ်ဆောင်မည်နည်း။
ထိုသို့ တွေးတောလျက် အရှေ့ဘက်အစွန်း ဧကရာဇ်က အနည်းငယ် အရှက်ရစေမည်ဖြစ်သော်လည်း ဤအစစ်အမှန်အရှင်ထိုက်ရွှီကို အတင်းအကျပ်နောက်သို့ ပြန်ဆွဲရန်ရည်ရွယ်လျက် ပါးစပ်ကိုဟလိုက်သည်။
သို့သော် သူမလုပ်ဆောင်နိုင်မီမှာပင် လူငယ်လေး၏အသံက တိမ်တိုက်များကိုဖြတ်သန်း ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
"မသေမျိုးသုံးပါးဂိုဏ်းရဲ့ လင်းရွှီမျိုးဆက်က ရှန်းယီပါ။"
ရွှေရောင်ဆံထိုးနှင့် အနက်ရောင်တာအိုဝတ်ရုံများက လွင့်ခတ်နေပြီး၊ သူ၏မျက်လုံးများမှာ တည်ငြိမ်နေကာ အောက်ဘက်ရှိ ဘုန်းကြီးများကို အေးစက်ကြည်လင်သော အသံဖြင့် ငုံ့ကြည့်လိုက်၏။ "ကျေးဇူးပြုပြီး အလင်းပြပေးပါ။"
"သခင်မ..."
ရှီမုက ဟိုထူဧကရီ၏ အနောက်တွင် ရပ်နေပြီး ဤစကားကိုကြားသောအခါ သူမ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ဟိုထူဧကရီစံအိမ်တော်က ကပ်ဘေးများကို စိတ်မဝင်စားဘဲ၊ ပြုစုပျိုးထောင်ရန် တပည့် အမြောက်အမြား မရှိသလို ယုံကြည်မှုစွမ်းအင်များကို ဂရုမစိုက်သော်လည်း၊ ၎င်းက မသေမျိုးသုံးပါးဂိုဏ်းအတွင်းပါဝင်နေဆဲဖြစ်ပြီး ထိုဘုန်းကြီးများကို ဦးဆောင်ခွင့်မပေးလိုပေ။
"အခုထိ သဘောမပေါက်သေးဘူးပဲ။"
ဟိုထူဧကရီက ညင်သာစွာသက်ပြင်းချလိုက်သော်လည်း၊ သူမ၏အာရုံစိုက်မှုမှာ အခြားသူများနှင့် သိသိသာသာကွာခြားနေပါသည်။
အရှေ့ဘက်အစွန်း ဧကရာဇ်၏ အရှေ့တွင်ပင် မရှက်မကြောက်နေနိုင်သူတစ်ဦးက ယခုအချိန်တွင်အဘယ်ကြောင့်ရုတ်တရက်မသေချာမရေရာဖြစ်သွားရသနည်းဆိုသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။
အကယ်၍ သူမ၏အစောပိုင်းယူဆချက် မှန်ကန်ပါက၊ ဤအစစ်အမှန်အရှင်ထိုက်ရွှီက ဧကရာဇ် မှားနေကြောင်းနှင့် ဤမဟာကပ်ဘေးကြီးတွင် အမှားအယွင်းရှိနေကြောင်း သွယ်ဝိုက်၍ညွှန်ပြနေခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် သူက အဘယ်ကြောင့် ဤအရာတွင် ပါဝင်ရန်ကြိုးပမ်းနေရပြီး၊ အခြားသူများထက် မဟာကပ်ဘေးကြီးတိုးတက်လာရေးအတွက် ပို၍ စိတ်အားထက်သန်နေပုံ ရသနည်း။
အကယ်၍ ၎င်းမှာ မသေမျိုးဧကရာဇ် နေရာအတွက်ဖြစ်ပါက၊ အဘယ်ကြောင့် ဤကဲ့သို့ အာရုံစိုက်မှုကို ရှာဖွေရသနည်း။
အခြားတပည့်များကဲ့သို့ သတိထားပြီးစောင့်ကြည့်ပါက အောင်မြင်ရန် အနည်းဆုံးငါးဆယ် ရာခိုင်နှုန်း အခွင့်အရေးရှိနိုင်သော်လည်း၊ ယခုအခါ သုံးဆယ်ရာခိုင်နှုန်းထက်ပင် နည်းပါးသွားနိုင်ပါသည်။
ဤလူ၏ရှုပ်ထွေးမှုနှင့် ဆန့်ကျင်ဘက် အခြေအနေများက လေးစားရသော သခင်မ ဟိုထူဧကရီ၏ စိတ်နှလုံးထဲတွင်ပင် အနည်းငယ်ဇဝေဇဝါဖြစ်မှုကို ဖြစ်ပေါ်စေခဲ့၏။
အခြားသူများ မည်သို့ပင် တွေးတောပါစေ။
ရွှမ်ထျန်းတောင်မှ အသားမည်းမည်း ပိန်လှီသော ဘုန်းကြီးက အနက်ရောင်တာအိုဝတ်ရုံပိုင်ရှင်၏ အောက်တွင်ရပ်နေပြီး သူ၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်သည်။
ရှန်းယီ... တတိယအဆင့်နယ်ပယ်သို့ ရောက်ရှိလာသောကျင့်ကြံသူများက သူတို့၏သေမျိုးအမည်များကို ဆက်လက်အသုံးပြုလေ့သိပ်မရှိဘဲ၊ မသေမျိုးဂိုဏ်းက ပေးအပ်သော အလုပ်အကိုင်အမည်များကို အများဆုံးခံယူကြကာ၊ ဒုတိယအဆင့်သို့ ချိုးဖောက်ပြီးနောက် ကောင်းကင်တာအိုထံမှ အမည်တစ်ခုကို လက်ခံရရှိကြ၏။
သို့သော် အစစ်အမှန်အရှင်ထိုက်ရွှီ ဖြစ်စေ၊ ရှန်းယီ ဖြစ်စေ၊ ၎င်းတို့မှာ ခေါင်းစဉ်များမျှသာဖြစ်ပြီး၊ သူ့ကို့လှည့်စားရန် မစွမ်းဆောင်နိုင်ပေ။
"ဒီနွမ်းပါးတဲ့ဘုန်းကြီးက မင်းကိုသိပါတယ်၊ မသေမျိုးသုံးပါးဂိုဏ်းရဲ့ ထိပ်တန်း တပည့်လေ။"
အသားမည်းမည်း ပိန်လှီသော ဘုန်းကြီးက ပထမဆုံးအကြိမ်အဖြစ်နှိမ့်ချမှုကို ပြသလိုက်ပြီး၊ ရှန်းယီ ကို အရိုအသေပေးရန် သူ၏လက်ဖဝါးများကို ယှက်လိုက်ကာ၊ တစ်ဖက်လူက သူ၏အထက်တွင် ရှိကြောင်းကိုပင် တိတ်တဆိတ်ဝန်ခံလိုက်သည်။
ဤ တာအိုကျင့်ကြံသူကို သူ မကျော်လွန်နိုင်ပေ။
သို့သော် သူ၏ဂိုဏ်းတူ ညီအစ်ကိုများအတွက် ဤ ထိပ်တန်းတပည့်၏ ခွန်ာအးကို အပြည့်အဝ စမ်းသပ်နိုင်ပါသည်။
ဘုန်းကြီးက သူ၏လက်ဖဝါးများကို အောက်ချလိုက်သည့် အခိုက်အတန့်တွင်၊ နတ်ဆိုးနှိမ်နင်းရေးတုတ်တစ်စုံကို ကိုင်ဆောင်ထားသောကြီးမားလှသည့် ရွှေရောင်ခန္ဓာကိုယ်တစ်ခုက သူ၏အနောက်တွင် တိတ်ဆိတ်စွာဖြစ်ပေါ်လာပြီး အလွန်မြင့်မားသဖြင့် ထိပ်ဆုံးကိုပင် မမြင်နိုင်ပေ။
ယှဉ်ပြိုင်မှု မစတင်သေးသော်လည်း၊ သူက ယခင်က တပည့်အမြောက်အမြားပင် ထုတ်ပြရန်မတတ်နိုင်ခဲ့သော ဓမ္မကိုယ်ထည်ကို ခေါ်ယူထားပြီ
ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ မထင်မရှားပုံရသော ဤ ဗောဓိဂိုဏ်းတပည့်က ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းမှ ထိပ်တန်း တပည့်ဖြစ်နေပါသည်။
အလျင်စလို မရှိဘဲ၊ သူက သင်္ကန်းအသစ် တစ်ထည်ကိုပြောင်းလိုက်ပြီး၊ သူ၏လည်ပင်းတွင် ဆွဲထားသော ဗုဒ္ဓပုတီးစေ့များကိုထုတ်ယူလိုက်၏။ နောက်ဆုံးတွင် လက်ကောက်ဝတ်တစ်ဖက်စီတွင် ငွေရောင်ကွင်းရှစ်ကွင်းစီကို ဝတ်ဆင်လိုက်ပြီးနောက် မော့ကြည့်လိုက်သည်။ "ကျေးဇူးပြုပြီး စီနီယာအစ်ကိုထိုက်ရွှီ၊ ကျွန်တော့်ကို အလင်းပြပေးပါ။"
ဘုန်းကြီး၏အဆက်မပြတ်လုပ်ရပ်များကို ကောင်းကင်ကန့်လန့်ကာ အလယ်ရှိ ရှန်းယီက တည်ငြိမ်စွာသာကြည့်နေပြီး၊ ယခုအချိန်အထိ သူသည် လက်ဗလာဖြင့်ရပ်နေဆဲဖြစ်ကာ၊ နာမည်ကျော် အသက်မဲ့ဓားကိုပင် မဆွဲထုတ်ရသေးပေ