အခန်း ၁၃၅၀
Vol. 135 Ch. 1350
အခန်း (၁၃၅၀) မင်း မဟာကပ်ဘေးကနေ လွတ်မြောက်နိုင်ရင်တောင်။ငါ့လက်ကနေ လွတ်နိုင်ပါ့မလား
"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ။"
အစစ်အမှန်အရှင် ဟောက်မင်၏ မျက်နှာတွင် အရောင်အသွေးကင်းမဲ့နေပြီး မျက်လုံးပြူးကာ ကျဆင်းလာသော ရွှေရောင်တောင်ထွတ်နှစ်ခုကို စိုက်ကြည့်ရင်း သူ၏ရေရွတ်သံမှာ ခြင်တစ်ကောင်အလားတိုးညှင်းနေသည်။
လူအုပ်ကြီး၏စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်..
ရှန်းယီ၏အမူအရာမှာ လေးနက်နေပြီး သူ၏ ပါးလွှာသောနှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားခဲ့၏။
ထိုအခိုက်အတန့်တွင် သူကအခွင့်အရေး တစ်ခုကို ရှာတွေ့သွားပုံရပြီး၊ သူ၏မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်ခုဖြတ်ပြေးသွားသည်။ အသားမည်းမည်းပိန်လှီသော ဘုန်းကြီး၏ အရှိန်အဟုန်အထွတ်အထိပ်သို့ ရောက်ရှိနေချိန်တွင်၊ သူက ရုတ်တရက်ဓားလက်ဟန်တစ်ခုကို ဖန်တီးလိုက်ရာ၊ သူ၏လက်ချောင်းထိပ်မှ အဖြူရောင်သက်တံ့ တစ်ခုထိုးထွက်သွားခဲ့သည်။
ဖူး..
ရွှမ်ထျန်းတောင်မှ တပည့်က ကြမ်းကြုတ်သော ကျားတစ်ကောင်အလား တိုးဝင်လာသော်လည်း၊ ကြက်ဥမှကျောက်တုံးအား ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားခဲ့သည်။
သူက သူ၏ခန္ဓာကိုယ်အတွင်းရှိဟာကွက်ကို တွေဝေစွာ ငုံ့ကြည့်လိုက်၏။
အလွန်လျှင်မြန်သောဓားက သူ၏ဓမ္မအသီးအပွင့်ကို ထိုးဖောက်သွားခဲ့ပြီး၊ကြီးမားလှသော ကပ်ဘေးစွမ်းအား၏ ရိုက်ခတ်မှုအောက်တွင်၊ နှစ်ပေါင်းများစွာစေ့စပ်သေချာစွာ စုဆောင်းသန့်စင်ထားသော ရွှေရောင်အသီးအပွင့်က မျက်တောင်တစ်ခတ်အတွင်းအက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားကာ သိသိသာသာ မှေးမှိန်သွားခဲ့သည်။
ဘုန်းကြီးက ခေါင်းမော့ကာတုန်ယင်လျက် တစ်ခုခုကို ပြောရန် ကြိုးစားသော်လည်း၊ ဓားဆန္ဒ၏ ဖျက်ဆီးမှုအောက်တွင် သူ၏အသက်ရှူသံမှာ ချက်ချင်းလွင့်ပါးသွားပါသည်။
ကောင်းကင်ယံတွင် အနီရောင် သွေးများသာ ပန်းထွက်သွား၏။
ပိုမိုဆိုးရွားလာမှုကို တားဆီးရန်ရည်ရွယ်သည့် ဤဆွေးနွေးပွဲက ပထမဆုံးအကြိမ်အဖြစ် သေဆုံးမှု တစ်ခုကိုဖြစ်ပေါ်စေခဲ့ကြောင်း ကြေညာလိုက်တော့သည်။
အခမ်းအနားတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
ရှန်းယီ၏တိုးညှင်းသော အသက်ရှူသံကိုသာ ကြားနိုင်တော့သည်။
"သူ တမင်တကာလုပ်တာပဲ။"
ဘုန်းကြီးမြောင်ယင်က ရုတ်တရက်မတ်တပ်ရပ်လိုက်ပြီး ယှဉ်ပြိုင်မှု၏အလယ်ဗဟိုဆီသို့ ဟိန်းဟောက်လိုက်၏။
စောစောက သူက အတွင်းစိတ်မှလှောင်ပြောင်နေခဲ့သော်လည်း၊ ဤအခိုက်အတန့်တွင် ပြိုင်ဘက်က ဤကဲ့သို့သော ဝိညာဉ်ရတနာ မသေမျိုးဓားကို သေရေးရှင်ရေးအကျပ်အတည်းဟု ဆိုရမည့် အခြေအနေနှင့် မရင်ဆိုင်ရမီအထိထုတ်မသုံးခဲ့ကြောင်း သူ သဘောပေါက်လိုက်သည်။
ဤသည်မှာ ပုံမှန်ယှဉ်ပြိုင်မှု မဟုတ်ပေ။ ၎င်းမှာ အသက်များကို တမင်တကာအန္တရာယ်ပြုရန် ဖန်တီးထားသောဆင်ခြေတစ်ခုသာ ဖြစ်ကြောင်း ရှင်းလင်းနေပါသည်။
"..."
အရှေ့ဘက်အစွန်း ဧကရာဇ်ကလည်း ခေတ္တမျှ ရပ်တန့်သွားပါသည်။
အစောပိုင်းက သူကွဲပြားသော အတွေးများ ရှိခဲ့ရခြင်း၏အကြောင်းရင်းမှာ ဘုန်းကြီးမြောင်ယင် ဖော်ပြသကဲ့သို့ မည်သူကမျှလုပ်ဆောင်မည် မဟုတ်သောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် ဤကပ်ဘေးက မသေမျိုး ဧကရာဇ်တစ်ပါးကို ရွေးချယ်ရန်ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။
ထို့အတူ ဆွေးနွေးပွဲပြီးဆုံးသွားပြီးနောက်၊ တစ်ဦးဦးက ထိပ်ဆုံးနေရာကို ရယူနိုင်လျှင်ပင် ဂိုဏ်းနှစ်ခုစလုံးထံမှအတည်ပြုချက်လိုအပ်သေး၏။
လူသတ်ရန်အတွက် ဤကဲ့သို့ဟန်ဆောင်ခြင်းက ဗောဓိဂိုဏ်း၏ ဒေါသနှင့် ဆန့်ကျင်မှုကို သေချာပေါက်ဖြစ်ပေါ်စေမည်ဖြစ်ပြီး၊ မိမိ၏ အနာဂတ်အတွက် မည်သည့်အကျိုးကျေးဇူးကိုမျှ ပေးစွမ်းမည် မဟုတ်ပေ။
ဘုန်းကြီး၏သတိပေးချက်အဆုံးတွင်
မသေမျိုးသုံးပါးဂိုဏ်းမှ တပည့်များကလည်း သူတို့၏အရှေ့ရှိ မြင်ကွင်း၏အဓိပ္ပာယ်မဲ့မှုကို သဘောပေါက်လာကြသည်။
သူတို့က စီနီယာအစ်ကို ထိုက်ရွှီ၏ ကျောပြင်ကို ရှုပ်ထွေးသောအမူအရာများဖြင့် ကြည့်လိုက်ကြ၏။
သူက မိမိကိုယ်ကိုထိခိုက်စေမည့် အရာကို အဘယ်ကြောင့် လုပ်ဆောင်ရသနည်း။
ကောင်းကင်ယံရှိ သွေးစက်များက လူအုပ်ကြီး၏မျက်လုံးများကို ဖမ်းစားလိုက်ပြီး အနည်းငယ် စူးရှနေပုံပေါ်ပါသည်။
ဤသို့လှုံ့ဆော်ခံလိုက်ရသဖြင့် တပည့်များစွာက ဖြစ်ရပ်များစွာကို ပြန်လည်အမှတ်ရလာကြ၏။
အစပိုင်းတွင် သူတို့၏ရည်ရွယ်ချက်က နယ်မြေကို ယှဉ်ပြိုင်လုယူရန်မဟုတ်ဘဲ ဂိုဏ်းတူအဖွဲ့ဝင်များအတွက် တရားမျှတမှုကိုရှာဖွေရန်ဖြစ်သည်။
စီနီယာအစ်မ လင်းစု၊ စီနီယာအစ်ကို မော်ဖုန်း... ထို့နောက် အရှေ့ပိုင်းတိုက်ကြီးတွင် ကျဆုံးသွားခဲ့သောတပည့်များစွာ၊ မဟာလွတ်လပ်ခြင်းဗောဓိသတ္တ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသော စီနီယာအစ်ကို ချူရှီး အပါအဝင်ဖြစ်သည်။
စီနီယာအစ်ကို ထိုက်ရွှီတွင် ပြဿနာရှိနေခြင်း မဟုတ်ဘဲ၊ သူတို့ကိုယ်တိုင်ကသာ ရင်းမြစ်များကြောင့် မျက်ကန်းဖြစ်နေကြပြီး တစ်ဖက်လူ၏လုပ်ရပ်များကိုထူးဆန်းကာ နားလည်၍မရနိုင်အောင် ဖြစ်နေကြခြင်း ဖြစ်သည်။
ဤစီနီယာအစ်ကိုက သူ၏မူလ ရည်ရွယ်ချက်ကို ဘယ်သောအခါမှ မမေ့ခဲ့ပေ။
သူက ဤနေရာတွင်တရားမျှတမှုကို ရှာဖွေရန်၊ အသက်များကိုအသက်များဖြင့် ပြန်ဆပ်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။
"သူက နန်ဖျင်စီရင်စုကိုပဲ အမြဲတမ်းကြီးကြပ်နေပြီး၊ ဂျူနီယာညီအစ်ကိုမောင်နှမတွေနဲ့ ရင်းမြစ်တွေကို ဘယ်တုန်းကမှမယှဉ်ပြိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး..." လီရှန်းက တံတွေးမျိုချလိုက်ပြီး သူ၏ဆရာကို ကြည့်လိုက်ရာ၊ ဤအခိုက်အတန့်တွင် သူ၏မျက်နှာပေါ်ရှိ ရှက်ရွံ့မှုမှာ အလွန်အမင်း နက်ရှိုင်းနေခဲ့သည်။
လူတိုင်းက ကိုယ်ပိုင်အကျိုးအမြတ်အတွက် သေဆုံးသွားသော ဂိုဏ်းတူအဖွဲ့ဝင်များ၏ အမည်များကို အသုံးပြုနေကြသော်လည်း၊ ဤကိစ္စကို အမှန်တကယ်ရင်ထဲတွင် သိမ်းဆည်းထားသူမှာ မကြာသေးမီကမှ ဝင်ရောက်လာသော အစစ်အမှန်အရှင်ထိုက်ရွှီသာလျှင် ဖြစ်သည်။
ဤသည်မှာ မသေမျိုးသုံးပါးဂိုဏ်း၏အထိုက်တန်ဆုံးသော ထိပ်တန်းတပည့်ဖြစ်လိမ့်မည်။
"သေချာတာပေါ့ စောစောက မင်းတို့ဂိုဏ်းက တပည့်က နည်းနည်းလေးတောင်အလျှော့မပေးဘဲ စီနီယာအစ်ကိုထိုက်ရွှီကို ဒီအခြေအနေအထိ တွန်းပို့ခဲ့ပြီးတော့၊ အခု သူ့ကို ပြန်လည်တိုက်ခိုက်ခွင့် မပေးဘူးလား။"
ရှန်းမင်က လက်မောင်းကိုမြှောက်ကာ ဘုန်းကြီးမြောင်ယင်ကို ပြန်လည်ကျိန်ဆဲရန် ဦးဆောင်လိုက်၏။ "ဘယ်ယှဉ်ပြိုင်မှုမှာမှ မတော်တဆမှုမရှိဘူးဆိုတာ မရှိဘူး၊ သေရမှာ ကြောက်ရင် လက်နက်ချအရှုံးပေးပြီး အရိုအသေပေးလိုက်။"
အခြားတပည့်များကလည်း ထပ်တူပြောဆိုကြရာ၊ ဘုန်းကြီးများမှာ အချိန်အတော်ကြာ ပြောစရာစကားမဲ့သွားကြသည်။
"..."
ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓက အောက်ဘက်ရှိ ရွှရှန်းယီကို စိုက်ကြည့်နေပြီး၊ ဆွေးနွေးပွဲမတိုင်မီက သဟဇာတဖြစ်မှုကို သူအလေးပေးပြောဆိုခဲ့သည်ကို အမှတ်ရသွားပါသည်။
ဤလူငယ်လေးက နားမထောင်ခဲ့ပုံပင်။
အစစ်အမှန်ဗုဒ္ဓ၏ အေးစက်သော အကြည့်ကို ရင်ဆိုင်ရချိန်တွင်၊ ရှန်းယီက အနောက်သို့ မဆုတ်ဘဲ လက်နှစ်ဖက်ကို အောက်သို့ချကာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
အစကတည်းက သူက ဤတတိယအဆင့် တပည့်များနှင့် ယှဉ်ပြိုင်နေခြင်းမဟုတ်ခဲ့ပေ။
သူက ဤပထမအဆင့် ဧရာမပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်ပြိုင်နေခြင်းသာ ဖြစ်ပေ၏။
သူ ယှဉ်ပြိုင်နေသောအရာမှာ အစစ်အမှန်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးလိုလားမှုဖြစ်ပြီး၊ ၎င်းမှာ ဂိုဏ်းနှစ်ခုစလုံး၏တပည့်များအတွင်းဆူပွက်နေသော ဒေါသနှင့် အမုန်းတရားများကိုငြိမ်းသတ်ခွင့် သူ လုံးဝမပြုနိုင်သောကြောင့်ဖြစ်သည်။
"နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ။"
ဟိုထူဧကရီက အရှေ့ဘက်အစွန်း ဧကရာဇ်၏ အကြည့်ကို လျစ်လျူရှုလိုက်ပြီး လူငယ်လေးကို ကြည့်ကာ သူမ၏ရင်ထဲတွင် မေးခွန်းထုတ်လိုက်၏။
သူမက ပို၍ပို၍ နားမလည်နိုင်အောင် ဖြစ်လာပါသည်။
မသေမျိုးဧကရာဇ်ဖြစ်ရန် မကြိုးစားသော်လည်း လူသတ်ပွဲကပ်ဘေးတစ်ခုကို လှုံ့ဆော်လိုနေခြင်းက၊ သူဘာကိုရည်ရွယ်နေသနည်း။ ဤအရာက လုံးဝ အဓိပ္ပာယ်မရှိပေ။
နယ်မြေသုံးခုအကြား ဤလူက မည်သည့်ဘက်တွင်ရပ်တည်နေသနည်းဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာစေသည်။
သေချာပေါက်... ထိုဘက်တွင်တော့ မဟုတ်လောက်ဘူးမဟုတ်လော။
ဟိုထူဧကရီက အရှေ့ပိုင်း ဍုမေဏု၏အပြင်ဘက်ရှိ၊ နတ်ဘုရားမင်းဆက်မြို့တော်၏ လမ်းကြောင်းဆီသို့ အလိုအလျောက်လှမ်းကြည့်လိုက်မိသည်။
"အစစ်အမှန်ဗုဒ္ဓတွေ ဆုံးဖြတ်ပါစေ။"
မဟာလွတ်လပ်ခြင်းဗောဓိသတ္တများစွာကလည်း ခက်ထန်သော အမူအရာများကို တပ်ဆင်ထားကြပြီး အစစ်အမှန်ဗုဒ္ဓနှစ်ပါးဆီသို့ လှည့်လိုက်ကြ၏။
ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓ လှုပ်ရှားတော့မည့်ဆဲဆဲ၊ အရှေ့ဘက်အစွန်း ဧကရာဇ်က မျက်ခုံးပင့်လိုက်သည့်အချိန်တွင် ဟိုထူဧကရီက ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "စောစောက ရှင်တို့ဂိုဏ်းက တပည့်သေချာမကြားရလောက်အောင်စိုးရိမ်နေချိန်တုန်းကလို၊ ကျွန်မတို့လည်း ဘာမှ မပြောခဲ့ပါဘူး။"
သူမရည်ညွှန်းနေသည်မှာ အစစ်အမှန်အရှင် ဟောက်မင်က လက်နက်ချအရှုံးပေးသော်လည်း ပြင်းထန်စွာဒဏ်ရာရခဲ့သည့်ဖြစ်ရပ်ကို ဖြစ်သည်။
"ဟွန့်။"
ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓက သူမကို ပြန်ကြည့်လိုက်၏။ ဤလောကီနှင့် ကင်းကွာသော ဟိုထူ ဧကရီက ဂိုဏ်းနှစ်ခု၏ပြိုင်ဆိုင်မှုကို ရင်ဆိုင်ရချိန်တွင် သူမ၏ဒေါသကို မထိန်းနိုင်ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လောကအပေါ် စင်ကြယ်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဆိုသောအမည်နာမက အစစ်အမှန်လုံးဝ မဟုတ်လောက်ပေ။
"ဒီဘုန်းကြီးအို ပြောချင်တာကတော့ မကောင်းတဲ့ ရည်ရွယ်ချက်တွေကို သိမ်းဆည်းထားတာက နောက်ဆုံးမှာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ထိခိုက်စေလိမ့်မယ် ဆိုတာပါပဲ။"
"ဧကရာဇ်နှစ်ပါးစလုံးကန့်ကွက်တာ မရှိတဲ့အတွက်၊ ဒီဘုန်းကြီးအိုလည်း သဘောထားကွဲလွဲမှုမရှိတော့ပါဘူး။ဒီဆွေးနွေးပွဲက လူတစ်ယောက်ရဲ့စွမ်းရည်အပေါ်မှာပဲ မူတည်လိမ့်မယ်။"
စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓက သူ၏သင်္ကန်းလက်စကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ၊ ဘုန်းကြီးများ၏လှုပ်ရှားမှုများကို ငြိမ်သက်သွားစေသည်။
သို့သော် ရှန်းယီအပေါ် သူတို့၏မျက်လုံးများထဲရှိ ဆူပွက်နေသောဒေါသကိုမူ ပထမအဆင့် ဧရာမ ပုဂ္ဂိုလ်ကြီးများပင်လျှင် ဖိနှိပ်၍ မရနိုင်ခဲ့ပေ။
ဤကဲ့သို့သော အခြေအနေများအောက်တွင် အနက်ရောင်တာအိုဝတ်ရုံပိုင်ရှင်က မည်သည့် ထိန်းချုပ်မှုကိုမျှမပြသခဲ့ပါဘူး။
ရှန်းယီက သူ၏အသက်ရှူနှုန်းကို အနည်းငယ် ချိန်ညှိလိုက်ပြီးဘုန်းကြီးများကို နောက်တစ်ကြိမ် ကြည့်ကာ ညင်သာစွာခေါင်းညိတ်လိုက်၏။ "နောက်တစ်ယောက်။"
ရိုးရှင်းသော စကားလုံးနှစ်လုံးမျှသာ ဖြစ်သော်လည်း၊ ရွှင်ပျော်အစစ်အမှန်ဗုဒ္ဓ၏ စကားထက်ပိုမိုအကျိုးသက်ရောက်မှု ရှိနေပါသည်။
နာကြည်းချက်များဖြင့် ပြည့်နှက်နေသော ဘုန်းကြီးများက ၎င်းကိုကြားသောအခါ အံ့ဩဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားကြသည်။
သူတို့က အချင်းချင်းကြည့်လိုက်ကြ၏။
အခြေအနေက အစောပိုင်းက မသေမျိုးသုံးပါးဂိုဏ်းမှ နောက်လိုက်များနှင့် သိပ်မကွာခြားလှပေ။
ယခင်က ဟိန်းဟောက်ခဲ့သော ဘုန်းကြီးမြောင်ယင်က ယခုအခါ လိမ္မာစွာပြန်ထိုင်လိုက်ပြီး၊ သူက ရှန်းယီကို နောက်ဆုံးတွင် ရင်ဆိုင်ရမည်ကို သိထားသော်လည်း သူ၏အောင်နိုင်ခြေကို တိုးမြှင့်ရန် လုံလောက်သော အချက်အလက်များကို ဦးစွာ လိုအပ်နေသည်။
အစောပိုင်းက အတိုင်းပင်၊ မည်မျှပင်ဆန္ဒမရှိစေကာမူရွေးချယ်ခံရသူများက ရှောင်တိမ်း၍မရနိုင်ခဲ့ပေ။
"ကျေးဇူးပြုပြီးစီနီယာအစ်ကို၊ ကျွန်တော်တို့ကို အလင်းပြပေးပါ။"
အဝါရောင်သင်္ကန်းနှင့် ဘုန်းကြီးက ရှောင်လွှဲ၍ မဖြစ်နိုင်သည်ကို မြင်သောအခါ၊ စိတ်ကိုတင်းထားပြီး အဝါရောင်တိမ်တိုက်ပေါ်သို့ ရဲတင်းစွာတက်လှမ်းသွားသည်။
တူညီသောရွှေရောင်ခန္ဓာကိုယ် ဓမ္မကိုယ်ထည်အား နက်မှောင်သောတိမ်တိုက်များရှေ့တွင် ရပ်တည်နေခဲ့သည်။
သူက ရွှမ်ထျန်းတောင်မှ တပည့်ကဲ့သို့အဆုံးသတ် မသွားချင်ကြောင်း ရှင်းလင်းနေပြီး၊ ရှန်းယီက မလှုပ်မရှားရှိနေသဖြင့် သူကလည်းမူလနေရာတွင် ခံစားချက်ကင်းမဲ့စွာရပ်နေကာ တိုက်ခိုက်ရန် ဆင်ခြေ တစ်ခုမျှမပေးမိစေရန် တိတ်ဆိတ်နေခဲ့၏။
သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူက ပို၍ပို၍ စိုးရိမ်လာပါသည်။
ပတ်ဝန်းကျင်ရှိ နက်မှောင်သော တိမ်တိုက်များက ပိုမို ထူထပ်လာပြီး သူ၏အမြင်အာရုံကိုဖုံးကွယ်သွားကာ၊ ထိုလေဟာနယ်အတွင်း၌ဓားဆန္ဒ အမျှင်များစွာက တိတ်တဆိတ်ထွက်ပေါ်လာပြီး သူ၏ကျောကို အပ်များဖြင့် ထိုးနေသကဲ့သို့ဖြစ်ကာ သူ၏ခန္ဓာကိုယ်ကိုထုန်ကျင်လာစေသည်။
သတ်ဖြတ်လိုသောရည်ရွယ်ချက်က မြင့်တက်လာပြီး သူ၏စိတ်ကို တိုက်စားသွားခဲ့၏။
ဓားဆန္ဒ က သူ၏ခန္ဓာကိုယ် တစ်ခုလုံးသို့ စိမ့်ဝင်သွားသောအခါ သူသေဆုံးရမည့်အချိန်ရောက်လာပြီဟုပင် သူ ခံစားလိုက်ရသည်။
ပင်ပန်းဆင်းရဲစွာ စုဆောင်းထားသောကျင့်ကြံခြင်းမှတစ်ဆင့် အရိုးများထဲတွင်ပုံသွင်းထားသော မွေးရာပါအသိစိတ်က သေခြင်းရှင်ခြင်းတရားကို အခြားသူများထံ အပ်နှင်းရန်ခွင့်မပြုနေပေ။
ဘုန်းကြီး၏နဖူးပေါ်ရှိ ချွေးပေါက်များကပိုမို ထူထပ်လာပြီးနောက်ဆုံးတွင် သူ၏မျက်လုံးများကို စိုရွှဲသွားစေခဲ့၏။
နောက်ဆုံးတွင် သူ၏စိတ်ပိုင်းဆိုင်ရာအကာအကွယ်များက လုံးဝကျိုးပျက်သွားခဲ့၏။
"ငါ့ကိုလှည့်စားနိုင်မယ်လို့ မထင်နဲ့။"
စူးရှပြီးအက်ရှရှအော်ဟစ်သံနှင့်အတူ ဘုန်းကြီး၏လက်မောင်းများပေါ်ရှိကြွက်သားများ ဖောင်းကြွလာပြီး၊ မြင့်မားလှသောရွှေရောင် ခန္ဓာကိုယ် ဓမ္မကိုယ်ထည် နှင့်အတူ နက်မှောင်သော တိမ်တိုက်များဆီသို့ ပြင်းထန်စွာတိုးဝင်သွားတော့သည်။
သူက သူ့အားစောချွေးထွက်စေသော လေဟာနယ်ကို လွယ်ကူစွာဆုတ်ဖြဲလိုက်ပြီး မမျှော်လင့်ဘဲ သူ၏လက်သီးများကို ထိုးထုတ်လိုက်ချိန်တွင် အနက်ရောင်တာအိုဝတ်ရုံပိုင်ရှင်၏ နေရာကို ချက်ချင်းတွေ့ရှိသွားကာ ၎င်း၏ဦးခေါင်းကို တိုက်ရိုက် ပစ်မှတ်ထားလိုက်၏။
ဤကဲ့သို့သောပြီးပြည့်စုံသော တိုက်ခိုက်မှုကပင် ဘုန်းကြီး၏မျက်လုံးအိမ်များကို ရုတ်တရက်ပြူးကျယ်သွားစေပြီးကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားစေသည်။
ဤသို့ဖြင့် အစစ်အမှန်အရှင်ထိုက်ရွှီကို သေရေးရှင်ရေး အကျပ်အတည်းတစ်ခုထဲသို့ အတင်းအကျပ် တွန်းပို့လိုက်ပေ၏။
ဝှစ်
လေးလံသော ဓားမြည်သံနှင့်အတူ..
နောက်တစ်ကြိမ် အဖြူရောင်သက်တံ့က ကန့်လန့်ကျဆင်းသွားခဲ့ပြန်သည်။
ရှန်းယီက သူ၏လက်ဖဝါးကိုအောက်ချလိုက်ပြီး ဘုန်းကြီးက အရှေ့တွင်လေးလံစွာလဲကျသွားသည်ကို တိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့၏။
လူအုပ်ကြီးက အန္တရာယ်မှကပ်သီလေး လွတ်မြောက်လာသော အသွင်အပြင်ကိုကြည့်ရှုနေကြပြီးအမူအရာများမှာ အလွန်အမင်းရှုပ်ထွေးသွားကြပါသည်။
ဤယှဉ်ပြိုင်မှုက ပို၍ထူးဆန်းလာပုံရပါသည်။