အခန်း ၉၃
Vol. 10 Ch. 93
အခန်း (၉၃) မဟာနေနတ်ဘုရားနှင့် နတ်ဆိုးခန္ဓာကိုယ်ကျင့်စဉ်၊ သူတောင်းစား၏ သတင်းစကား
ရှုချွမ်းက သူတစ်ယောက်တည်း တံခါးပိတ် မကျင့်ကြံမီကပင် မြင့်မြတ်နယ်မြေမှ ကြေညာခဲ့သော သတင်းကို သိရှိပြီးဖြစ်သော်လည်း ထိုအရာကို အာရုံမစိုက်ခဲ့ပေ။
သူက ဤအချိန်အတောအတွင်း ကျင့်ကြံခြင်း၌သာ အာရုံစိုက် စူးစိုက်နေခဲ့သည်။
သူ၏ကျင့်ကြံမှုအဆင့် လုံးဝခိုင်မာသွားသည့် အချိန်တွင် ရှုချွမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့ရသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များအားလုံး ပွင့်ဟသွားပြီး သူ၏သိုင်းပညာတာအို အစစ်အမှန်ဝိညာဉ်သည်လည်း နိဗ္ဗာနနယ်ပယ် ၏ ထူးခြားဆန်းပြားသော အသက်စွမ်းအား ကို ထုတ်ဖော်ပြသလာခဲ့သည်။
ပူပြင်းလှသော အော်ရာတစ်ခုသည် မွေးကင်းစ နေမင်းတစ်စင်းကဲ့သို့ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားတော့သည်။
"နိဗ္ဗာနနယ်ပယ် အဆင့် ၁ အထွတ်အထိပ်ကို ရောက်ရှိသွားပြီ"
"ဒီအချိန်ကစပြီး ငါနဲ့ ငါ့ရဲ့အတိတ်က လောကီရေးရာတွေကြားမှာ လုံးဝပြတ်သားတဲ့ ခြားနားချက်တစ်ခုကို ရေးဆွဲလိုက်ပြီ"
ရှုချွမ်း မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏မျက်လုံးများထဲမှ နတ်ဘုရားဆန်သော တောက်ပသည့် အလင်းရောင်များ ဖြာထွက်နေပြီး အလွန်ပင် ထူးခြားဆန်းပြားနေသည်။
မဟာယန်ကျင့်စဉ်၏ အသက်စွမ်းအားက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပြည့်နှက်နေပြီး ထူးခြားကာ အစွမ်းထက်လှသည်။
သူက ဤစွမ်းအားကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။
ရုတ်တရက် သူ၏မျက်ခုံးကို ပင့်လိုက်မိသည်။
"မဟာယန်ကျင့်စဉ်က ငါ့ရဲ့ခန္ဓာကိုယ်ကို အားကောင်း စေနိုင်တာ မှန်ပေမယ့် သူ့ရဲ့တိုးတက်မှု အမြန်နှုန်းက အရမ်းနှေးကွေးနေတုန်းပဲ..."
"နေသူတော်စင်ခန္ဓာကိုယ်ကို ပိုပြီး အဆင့်ဆင့်ပြောင်းလဲဖို့အတွက် ငါ လေ့ကျင့်ဖို့ တခြားခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် တစ်ခုကို ရှာဖွေရမယ်ထင်တယ်"
ရှုချွမ်း မိမိဘာသာ တွေးတောလိုက်မိသည်။
ကျင့်ကြံမှုအဆင့် မြင့်တက်လာခြင်းနှင့်အတူ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်လည်း လိုက်ပါတိုးတက်ရန် လိုအပ်နေသည်။
မဟုတ်လျှင် သူ၏ခန္ဓာကိုယ်ထဲတွင် အစွမ်းထက်စွမ်းအားများ ရှိနေသော်လည်း ၎င်းကို အပြည့်အဝ အသုံးမချနိုင်ဘဲ ဖြစ်နေလိမ့်မည်။
မဟာယန်ကျင့်စဉ်က ခန္ဓာကိုယ်ကို အားကောင်းစေရန်အတွက် နေမင်း၏ အရင်းအမြစ်စွမ်းအားကို အသုံးပြုနိုင်သော်လည်း ၎င်းက ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်အတွက် သီးသန့်အထူးပြုလုပ်ထားသော ကျင့်စဉ် တစ်ခု မဟုတ်ပေ။
လျင်မြန်သော ပြောင်းလဲမှုကို ရရှိရန်အတွက် သူသည် အခြားနည်းလမ်းတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။
ဤအရာကို စဉ်းစားပြီးနောက် ရှုချွမ်းသည် နောက်ထပ် တွန့်ဆုတ်မနေတော့ပေ။
သူ၏နတ်ဘုရားအာရုံကို အသိစိတ်ပင်လယ်ထဲသို့ နစ်မြုပ်စေလိုက်ပြီး သူရရှိထားသော အမွေအနှစ်ထဲတွင် သူ့အတွက် သင့်တော်မည့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်တစ်ခု ရှိ၊ မရှိ ရှာဖွေကြည့်လိုက်သည်။
မကြာခင်မှာပင် အမွေအနှစ်ထဲမှ ကျင့်စဉ် တစ်ခုက သူ၏အာရုံကို ဖမ်းစားသွားခဲ့သည်။
"မဟာနေနတ်ဘုရားနှင့် နတ်ဆိုးခန္ဓာကိုယ် သန့်စင်ခြင်းကျင့်စဉ်"
နာမည်ကို ညင်သာစွာ ရေရွတ်လိုက်ရင်း ရှုချွမ်း၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
အရင်က သူ အလျင်စလို ထွက်ခွာရန် ကြိုးစားနေခဲ့သဖြင့် ဤကျင့်စဉ် က ခန္ဓာကိုယ်သန့်စင်မှုကို အဓိကအာရုံစိုက်နေသည်ကို သူ သတိမထားမိခဲ့ပေ။
ဒီနေ့မှပဲ သူက အမွေအနှစ်ထဲတွင် ၎င်းရှိနေကြောင်းကို အသစ်တစ်ဖန် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အမွေအနှစ်၏ အချက်အလက်များအရ ဤကျင့်စဉ် သည် မဟာယန်ကျင့်စဉ်ကို ဖြည့်စွက်ပေးသည့် ကျင့်စဉ်တစ်ခုဖြစ်ပြီး ၎င်းသည်လည်း နတ်ဘုရားအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။
တစ်ခုက အတွင်းပိုင်းစွမ်းအားကို အာရုံစိုက်ပြီး အခြားတစ်ဖက်မူ ပြင်ပခန္ဓာကိုယ်ကို အာရုံစိုက်ကာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဖြည့်စွက်ပေးကြသည်။
နေသူတော်စင်ခန္ဓာကိုယ် ပိုင်ဆိုင်ထားမှုနှင့်အတူ ဤကျင့်စဉ်နှစ်ခုလုံးကို တွဲဖက်ကျင့်ကြံ မည်ဆိုပါက အားစိုက် မှု ထက်ဝက်သက်သာပြီး ရလဒ်နှစ်ဆ ကို ရရှိစေမည် ဖြစ်သည်။
"မင်းပဲပေါ့"
ရှုချွမ်း နောက်ထပ် တွန့်ဆုတ်မနေတော့ဘဲ သူ၏နတ်ဘုရားအာရုံဖြင့် ထိုကျင့်စဉ် ၏ အမှတ်အသားကို သာယာစွာ ထိတွေ့လိုက်ပြီး အမွေအနှစ်ကို စတင်လက်ခံလိုက်တော့သည်။
"ဘုန်း..."
လှိုင်းတွန့်တစ်ခုနှင့်အတူ ဤကျင့်စဉ် ၏ အချက်အလက်အားလုံးက ရှုချွမ်း၏ စိတ်အာရုံထဲသို့ ထင်ဟပ်ပေါ်ထွက်လာခဲ့သည်။
ဤကျင့်စဉ်ကို လေ့ကျင့်ရာတွင် မဟာယန်ကျင့်စဉ်ကဲ့သို့ နေမင်း၏ အရင်းအမြစ်စွမ်းအားကို ငြိမ်သက်စွာ ဆွဲယူသန့်စင်နေရန် မလိုအပ်တော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံနေစဉ်အတွင်း ၎င်းသည် နေမင်း၏ အရင်းအမြစ်စွမ်းအားကို အတင်းအဓမ္မ လုယူဝါးမြိုပြီး ခန္ဓာကိုယ်ကို ထိုစွမ်းအားဖြင့် တိုက်ရိုက် ကြံ့ခိုင်စေခြင်း ဖြစ်သည်။
၎င်းကို အသေးစား အောင်မြင်မှုအဆင့် အထိ လေ့ကျင့်နိုင်လျှင် သူ့ခန္ဓာကိုယ်ကို "မဟာနေနတ်ဘုရားနှင့် နတ်ဆိုးသူတော်စင်ခန္ဓာကိုယ်" အဖြစ် ပြောင်းလဲပစ်နိုင်သည်။
လှုပ်ရှား လိုက်ရုံမျှဖြင့် ကမ္ဘာ ကို ပြိုကွဲစေပြီး တာအိုတရားများကို ချေမှုန်းပစ်နိုင်သည်။
ဟင်းလင်းပြင် ကို တိုက်ရိုက် ဖျက်ဆီးပစ်ရန်ပင် လွယ်ကူလှပေလိမ့်မည်။
"ဘုန်း..."
သူ၏အတွေးများ ဤနေရာသို့ စီးမျောသွားသည်နှင့်အမျှ ရွှေရောင်မီးလျှံ ရုန်း သင်္ကေတတစ်ခုက သူ၏မျက်ခုံးနှစ်ခုကြားတွင် ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
ထိုနေရာတွင် ကြီးကျယ်သော နေမင်းတစ်စင်းက အစဉ်အမြဲ တောက်လောင်နေသကဲ့သို့ မြင့်မြတ်လှပြီး ခန့်ညားထည်ဝါလှသော နတ်ဘုရားအရှိန်အဝါ များကို ထုတ်လွှတ်နေသည်။
ရှုချွမ်းက မဟာနေနတ်ဘုရားနှင့် နတ်ဆိုးခန္ဓာကိုယ် သန့်စင်ခြင်းကျင့်စဉ်ကို စတင်လေ့ကျင့်လိုက်သည်နှင့်အမျှ ဤနေမင်းက ပိုမို၍ တောက်ပလင်းလက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အပူချိန်ရှိသည့် နေအရင်းအမြစ်စွမ်းအားများကို သူက အတင်းအဓမ္မ လုယူဝါးမြိုလိုက်တော့သည်။
"ဟူး..."
လည်ပတ်ခြင်း တစ်ခါ ပြီးဆုံးသွားပြီးနောက် ရှုချွမ်းက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်သည်။
"နတ်ဘုရားအဆင့်ကျင်စဉ်တစ်ခု ဆိုတဲ့အတိုင်း တကယ်ကို အစွမ်းထက်တာပဲ"
"သူ့ရဲ့ စွမ်းအားက ပြိုင်ဘက်ကင်း ပြီး မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတယ်"
သူ မျက်လုံးများကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင်
ရှုချွမ်း၏ မျက်ခုံးကြားရှိ မီးလျှံအမှတ်အသားက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသော်လည်း သူ၏ပတ်ဝန်းကျင်မှ ထွက်ပေါ်နေဆဲဖြစ်သော ကြောက်မက်ဖွယ် အပူချိန်ကိုမူ အာရုံခံနိုင်နေဆဲ ဖြစ်သည်။
သူသာ ဤကျင့်စဉ်ကို တစ်ဆင့်ပြီးတစ်ဆင့် ပုံမှန်ကျင့်ကြံ သွားမည်ဆိုပါက နေသူတော်စင်ခန္ဓာကိုယ်မှ မဟာနေနတ်ဘုရားနှင့် နတ်ဆိုးသူတော်စင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားရန် သိပ်မကြာတော့ဟု သူ ယုံကြည်သည်။
ထိုအချိန်ကျလျှင် အတွင်းနှင့်အပြင်က တစ်သားတည်း ဖြစ်သွားပေလိမ့်မည်။
သူ၏တိုက်ခိုက်ရေးစွမ်းရည်ကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ကျင့်စဉ်ကို စတင်လိုက်ရုံမျှဖြင့်ပင် သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အတိတ်ကထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူသာ ယခုအခြေအနေဖြင့် "မဟာနေနတ်ဘုရားလက်သီး" ကို အသုံးပြုမည်ဆိုပါက လက်သီးတစ်ချက်တည်းနှင့်ပင် တောင်များကို ရွှေ့ပြောင်းစေပြီး ပင်လယ်များကို မှောက်စေနိုင်လိမ့်မည်။
နိဗ္ဗာနနယ်ပယ် အဆင့်၉ တွင် ရှိသည့် သိုင်းပညာရှင်တစ်ယောက်ပင်လျှင် ၎င်းကို ခုခံနိုင်ရန် မလွယ်ကူပေ။
သူ၏ဓားကိုပင် ဆွဲထုတ်ရန် လိုအပ်တော့မည် မဟုတ်ချေ။
...
ရှုချွမ်းတစ်ယောက် တံခါးပိတ် ကျင့်ကြံနေစဉ်
သတင်းစကားတစ်ခုက ထိုက်ယိမြင့်မြတ်နယ်မြေ၏ ဂိတ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
"ရပ်စမ်း... ဘယ်သူလဲ"
တောင်တံခါးအပြင်ဘက်တွင် ကင်းလှည့်နေကြသော တပည့်နှစ်ယောက်က စုတ်ပြတ်သတ်နေသော သူတောင်းစားတစ်ယောက်ကို တားဆီးလိုက်ကြသည်။
"ငါ့ကိုမတားနဲ့... ငါ မင်းတို့ ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ အသစ်ခန့်အပ်လိုက်တဲ့ သူတော်စင်သားတော် ရှုချွမ်းကို တွေ့ချင်လို့"
သူတောင်းစားက ကင်းလှည့်တပည့်နှစ်ယောက်က သူ့ကို တားဆီးထားသည်ကို မြင်သောအခါ ချက်ချင်းပင် ပျာယာခတ်သွားသည်။
သူက ထိုနှစ်ယောက်ကို ဘေးသို့ တွန်းဖယ်ပြီး ထိုက်ယိမြင့်မြတ်နယ်မြေထဲသို့ တိုက်ရိုက်တိုးဝင်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ မြင့်မြတ်နယ်မြေ၏ တောင်တံခါးဝသို့ မချဉ်းကပ်နိုင်မီမှာပင် မြင့်မြတ်နယ်မြေ၏ အကာအကွယ်အစီအရင်၏ တုံ့ပြန်မှုကြောင့် နောက်သို့ လွင့်စင်သွားခဲ့ရသည်။
ဒါကို မြင်သော်လည်း သူက ပြန်ထပြီး ရှေ့သို့ ထပ်မံတိုးဝင်ရန် ကြိုးစားပြန်သည်။
သို့သော် ကင်းလှည့်တပည့်များက ၎င်းကို ခွင့်မပြုနိုင်တော့ပေ။
"မင်း အဲဒီမှာတင် ရပ်လိုက်စမ်း၊ စုတ်ပဲ့နေတဲ့ သူတောင်းစား... မင်းရဲ့ အဆင့်အတန်းကိုလည်း ပြန်ကြည့်ဦး၊ ထိုက်ယိမြင့်မြတ်နယ်မြေက မင်း သဘောရှိ တိုးဝင်လို့ရတဲ့ နေရာတစ်ခုလို့ ထင်နေတာလား"
"ငါတို့ရဲ့ သူတော်စင် ရှုချွမ်းကို တွေ့ချင်တယ် ဟုတ်လား၊ သွား... ရေတွင်းထဲမှာ မင်းမျက်နှာ မင်း ပြန်ကြည့်လိုက်ဦး"
"တောက်..."
ကင်းလှည့်တပည့်နှစ်ယောက်က သူတောင်းစားကို ဘာညှာတာမှုမျှမရှိဘဲ တစ်လှည့်စီ လှောင်ပြောင် ဆဲဆိုလိုက်ကြသည်။
သူတို့၏ တာဝန်မှာ တောင်တံခါးကို စောင့်ကြပ်ရန်နှင့် မည်သူမျှ တိတ်တဆိတ် ခိုးမဝင်နိုင်စေရန် တားဆီးရန် ဖြစ်သည်။
"မင်းတို့နှစ်ယောက် ငါ့ကို အမြန်ပေးဝင်စမ်းပါ၊ ငါ့မှာ ရှုချွမ်းကို ပြောပြရမယ့် အလွန်အရေးကြီးတဲ့ သတင်းစကား ရှိလို့ပါ"
"အကယ်၍ မင်းတို့ ငါ့ကို ပေးမဝင်လို့ အရေးကြီးတဲ့ ကိစ္စတွေ ကြန့်ကြာသွားရင် မင်းတို့ တာဝန်ယူနိုင်မှာ မဟုတ်ဘူးနော်"
သူတောင်းစားက ခြိမ်းခြောက်လိုက်သည်။
သို့သော် ကင်းလှည့်တပည့်နှစ်ယောက်ကမူ လုံးဝ ဖယ်ပေးမည့် အရိပ်အယောင် မပြခဲ့ပေ။
၎င်းက ဤသူတောင်းစား၏ ဆင်ခြေတစ်ခု ဖြစ်နေမလား မည်သူသိနိုင်မည်နည်း။ အကယ်၍ သတင်းက အတုအယောင် ဖြစ်နေလျှင် သူတို့လည်း တာဝန်ယူနိုင်မည် မဟုတ်ပေ။
သူတောင်းစားက ထိုနှစ်ယောက်က မာကျောနေသည်ကို မြင်သောအခါ ပို၍ပင် ပျာယာခတ်လာခဲ့သည်။
သူ့တွင် ရှုချွမ်းကို ပေးရမည့် အရေးကြီးသော သတင်းစကား အမှန်တကယ် ရှိနေခြင်းဖြစ်ပြီး ဤသတင်းအချက်အလက်ကို အသုံးချကာ ကြီးမားသော အကျိုးအမြတ်တစ်ခု ရယူရန် ကြံစည်ထားခြင်း ဖြစ်သည်။
သို့သော် သူ အစကတည်းက အဆင်မပြေ ဖြစ်နေရပြီ။
နောက်ပိုင်းတွင် အခြားလူများပါ ရိပ်မိသွားကြလျှင် သူ ဘယ်နေရာကနေ သွားပြီး စီးပွားရှာရတော့မည်နည်း။
"ငါ့မှာ တကယ်ကို အရေးကြီးတဲ့ သတင်းရှိတာပါ၊ ကျေးဇူးပြုပြီး ငါ့ကို အမြန်ပေးဝင်ပါ"
"တောင်းပန်ပါတယ်"
ဤနေရာတွင် ရပ်နေရုံနှင့် မည်သို့ စီးပွားရှာနိုင်မည်နည်း။ ထိုသို့ တွေးမိသည်နှင့်အမျှ သူတောင်းစားသည် သွားကိုကြိတ်ကာ ကင်းလှည့်တပည့်နှစ်ယောက်၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး ဦးချတောင်းပန်တော့သည်။
သို့သော် သူ၏စိတ်ထဲတွင်မူ ရှုချွမ်းနှင့် တွေ့ရသည်နှင့် ဤတပည့်နှစ်ယောက်အကြောင်းကို မရရအောင် တိုင်တောပစ်မည်ဟု ကြံစည်နေခဲ့သည်။
ကင်းလှည့်တပည့်နှစ်ယောက်သည် ဤကဲ့သို့သော ဖြစ်ရပ်မျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် ချက်ချင်းပင် ဆွံ့အသွားကြသည်။
သူတို့ ကျောခိုင်းလိုက်ကြပြီး တိုးတိုးလေး တိုင်ပင်လိုက်ကြသည် "သူ ပြောတာ တကယ်များ ဖြစ်နေမလား"
"ငါကြည့်ရတာတော့ တကယ်နဲ့ နည်းနည်းတူတယ်"
"ဒါပေမယ့် သူ့ကို အထဲပေးဝင်လို့တော့ မဖြစ်ဘူးလေ"
"ဒါဆို ဒီလိုလုပ်ကြရအောင်..."
ထိုနှစ်ယောက်သည် အတော်ကြာ တိုင်ပင်ပြီးနောက် နောက်ဆုံးတွင် တစ်ယောက်က ရှုချွမ်းကို သွားရောက် အကြောင်းကြားရန်နှင့် ကျန်တစ်ယောက်ကမူ ဤနေရာတွင် နေခဲ့ပြီး သူတောင်းစားကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
"မင်းကို အထဲပေးဝင်ဖို့ကတော့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဒီမှာပဲ စောင့်နေ၊ ငါ သူတော်စင် ရှုဆီ သွားပြီး သတင်းပို့ပေးမယ်၊ မင်းပြောတဲ့စကားက အမှန်ဖြစ်ဖို့ပဲ မျှော်လင့်ရမယ်၊ မဟုတ်ရင်တော့ မင်း သေဖို့သာ ပြင်ထားလိုက်"
တပည့်တစ်ယောက်က ပြောပြီးသည်နှင့် မြင့်မြတ်နယ်မြေထဲသို့ လှည့်ဝင်သွားခဲ့သည်။
မထွက်ခွာမီ သူတောင်းစားကို ခက်ထန်စွာ စိုက်ကြည့်သွားရန်လည်း မမေ့ခဲ့ပေ။
ကင်းလှည့်တပည့် ကျန်းယန်တောင်ထိပ်သို့ ရောက်ရှိသွားချိန်တွင် ရှုချွမ်းက သူ၏ကျင့်ကြံခြင်းကို ခုတင်မှ အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။
အတင်း ကျင့်ကြံနေပါက မူလချီများ သွေဖည် ခြင်း ဘေးကိုပင် ကြုံတွေ့ရနိုင်သည်။
ကျင့်ကြံခြင်း နှင့် အနားယူခြင်းကို မျှတအောင် ပေါင်းစပ်ခြင်းကသာ သိုင်းတာအို၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ရှုချွမ်း သီးသန့် တံခါးပိတ်ကျင့်ကြံ မှ ထွက်လာသည်နှင့် သူ့ကို လာရောက်ရှာဖွေသည့် ကင်းလှည့်တပည့်နှင့် ချက်ချင်း တိုးမိတော့သည်။
"သူတော်စင်ကို ဂါရဝပြုပါတယ်"
ကင်းလှည့်တပည့်က ရိုသေစွာ ဦးညွှတ်၍ ဆိုလိုက်သည်။
"ထုံးစံတွေ လုပ်မနေပါနဲ့တော့၊ ဘာကိစ္စရှိလို့လဲ"
ရှုချွမ်းက မေးမြန်းလိုက်သည်။
ကျန်းယန်တောင်ထိပ်သို့ ပုံမှန်အားဖြင့် မည်သည့်ဧည့်သည်မျှ လာရောက်လေ့မရှိပေ။
ကင်းလှည့်တပည့်များဆိုလျှင် ပို၍ပင် ဝေးစွ။
တစ်ဖက်လူက သူ့ထံသို့ တိုက်ရိုက် လာရောက်သည်ဆိုကတည်းက တစ်စုံတစ်ခုသော အရေးကြီးကိစ္စ ရှိနေ၍ ဖြစ်ရမည်။
"သူတော်စင်... တောင်တံခါးအပြင်ဘက်မှာ သူတောင်းစားတစ်ယောက် ရောက်နေပြီး သူ့မှာ သူတော်စင် ကို ကိုယ်တိုင်ပြောပြရမယ့် အရေးကြီးတဲ့ သတင်းစကား ရှိတယ်လို့ ပြောနေပါတယ်၊ ဘယ်လိုပဲ မောင်းထုတ်မောင်းထုတ် လုံးဝ မထွက်သွားပါဘူး"
"ကျွန်တော်တို့လည်း အဲဒီသူတောင်းစား ပြောတာ တကယ်ဖြစ်နေမှာကို စိုးရိမ်မိပြီး သူတော်စင် ရဲ့ အရေးကြီးတဲ့ ကိစ္စ တွေ ကြန့်ကြာသွားမှာ စိုးတာကြောင့် သတင်းလာပို့တာ ဖြစ်ပါတယ်"
ကင်းလှည့်တပည့်က ဖြစ်ပျက်သမျှ အကြောင်းအရာအားလုံးကို ရှုချွမ်းအား အသေးစိတ် လျှောက်တင်လိုက်သည်။
ရှုချွမ်း ကြားလိုက်ရသောအခါ မျက်ခုံးပင့်လိုက်မိသည်။
"အို... သူတောင်းစားတစ်ယောက်က ငါ့ကို လာရှာပြီး အရေးကြီးတဲ့ သတင်းစကား ပြောမလို့ ဟုတ်လား"
သူ အတိတ်ကို ပြန်လည်တွေးတောကြည့်သော်လည်း သူ့တွင် မည်သည့်သူတောင်းစား မိတ်ဆွေမျှ ရှိခဲ့ဖူးခြင်း မရှိပေ။
သို့သော်လည်း ရှုချွမ်းက သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ တကယ်ပဲ တစ်စုံတစ်ခုသော အရေးကြီးကိစ္စ ဖြစ်နေလျှင် မည်သို့လုပ်မလဲ။
သူ အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။