← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) မီးလျှံတောင်ကြားသို့ တိုက်ရိုက်ဝင်ရောက်ခြင်း

"မင်း ဘယ်သူပဲဖြစ်ဖြစ်... ငါ မင်းကို သေချာပေါက် သတ်မယ်"

ချင်းဝူ၏ မျက်လုံးများမှာ သွေးရဲရဲတက်နေပြီး ရှုချွမ်းကို သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ် လိုက်သည်။

သို့သော်လည်း ရှုချွမ်းက သူ့ကို စကားဆက်ပြောရန် အခွင့်အရေး လုံးဝမပေးခဲ့ပေ။

ပေါ့ပေါ့ပါးပါး ဓားချက်တစ်ချက် ခုတ်ချလိုက်ရုံဖြင့် ချင်းဝူ၏ စိတ်ဝိညာဉ်အသိစိတ်ပုံရိပ်မှာ ချက်ချင်းပင် ဖျက်ဆီးခြင်း ခံလိုက်ရတော့သည်။

မဝေးလှသော နေရာတွင်မူ မင်္ဂလာဆောင်အဖွဲ့သားများမှာ ကြောက်လန့်တုန်လှုပ်လျက် မှင်သက်စွာ ရပ်နေကြသည်။

ရှုချွမ်းက မီးလျှံတောင်ကြား၏ သခင်လေးကို ဓားနှစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို သူတို့ မျက်ဝါးထင်ထင် ကြည့်နေခဲ့ကြရပြီး တောင်ကြားသခင်၏ အသိစိတ်ပုံရိပ်ကိုပါ မှုန့်မှုန့်ညက်ညက် ကြေမွသွားစေခဲ့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် သူတို့အားလုံး ဆွံ့အသွားကြရသည်။

ဒါက ကမ္မနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ သား ဖြစ်သည်။

သို့သော် ဤလူငယ်က တစ်ဖက်လူ၏ ဖခင်ဖြစ်သူ ရှေ့မှောက်တွင်ပင် တုံ့ဆိုင်းမှုအနည်းငယ်မျှမရှိဘဲ သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်သည်။

သူ ဘယ်လောက်တောင် ရဲရင့်လိုက်သလဲ။

ဤမြင်ကွင်းက လွန်စွာ ကြောက်စရာကောင်းလွန်းလှသဖြင့် သူတို့အားလုံးကို ရှေ့သို့မတိုးဝံ့၊ နောက်သို့မဆုတ်ဝံ့လောက်အောင် မလှုပ်မယှက် ရပ်တန့်နေစေခဲ့သည်။

မင်္ဂလာဆောင် စီတန်းလှည့်လည်မှု အဖွဲ့တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်သည့်အထိ ငြိမ်သက်သွားခဲ့သည်။

ရှုချွမ်းက ဤအဖွဲ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိပေ။

သူက ပေါ့ပေါ့ပါးပါးပင် ဓားချက်တစ်ချက် ထပ်မံဝှေ့ယမ်းလိုက်ရာ အဖွဲ့တစ်ခုလုံး ပျက်စီးသွားခဲ့ရတော့သည်။

မီးလျှံတောင်ကြားနှင့် ဆက်စပ်ပတ်သက်နေသူ မှန်သမျှ သေကို သေရမည်။

ထို့နောက် သူက လှည့်ပြန်ပြီး ခြံဝင်းထဲသို့ ဝင်လာခဲ့သည်။

ဤအချိန်တွင် ဆူညံသံများကို ကြားလိုက်ရသဖြင့် ရှုရှင်းလီသည်လည်း ခြံဝင်းထဲ၌ ထွက်ရပ်နေခဲ့သည်။ ယခင်ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းအားလုံးကို သူမကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ယခုမှသာ သူမက သူမ၏အစ်ကိုကြီးမှာ ထိုက်ယိမြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော် ဖြစ်လာခဲ့ပြီဆိုသည်ကို အပြည့်အဝ ယုံကြည်ဝံ့သွားတော့သည်။

မဟုတ်လျှင် သူ ဘယ်လိုလုပ် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်နိုင်ပါမှာလဲ။

"အစ်ကိုကြီး..."

ရှုရှင်းလီက ကြောင်အမ်းအမ်းဖြင့် ခေါ်လိုက်သည်။

"ဟင်... ဘာဖြစ်လို့လဲ"

ရှုချွမ်းက သူ့ရှေ့မှ ညီမလေးကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်..."

ရှုရှင်းလီက ရှုချွမ်းကို တင်းတင်းကျပ်ကျပ် ဖက်လိုက်ရင်း ဆိုသည်။

"ဘာအတွက် ကျေးဇူးတင်တာလဲ၊ ဒါက အစ်ကိုတစ်ယောက်ရဲ့ တာဝန်ပဲမဟုတ်ဘူးလား"

ရှုချွမ်းက အနည်းငယ် ပြုံးလိုက်သည်။

ပြီးတော့ အဲဒီအချိန်မှာတင်...

ဟုန်တုအကြီးအကဲ လျှောက်ဝင်လာခဲ့သည်။

"သူတော်စင်သားတော်... မီးလျှံတောင်ကြားကို လုံးဝ အမြစ်ပြတ်ဖျက်ဆီးပစ်ဖို့ ကျွန်တော် လှုပ်ရှားပေးရမလား"

ဟုန်တုအကြီးအကဲက ဤစကားများကို အလွန်တည်ငြိမ်စွာ ပြောဆိုခဲ့သည်။

သူ့အတွက်မူ မီးလျှံတောင်ကြားကို ဖျက်ဆီးခြင်းမှာ ပုရွက်ဆိတ်အုပ်စုတစ်စုကို ခြေဖဝါးဖြင့် နင်းခြေဖျက်ဆီးပစ်ရသကဲ့သို့ လွယ်ကူလှပေသည်။

သူ၏ စိတ်ခံစားချက်ကိုပင် လှုပ်ခတ်နိုင်ခြင်း မရှိပေ။

တကယ်တော့လည်း ဒါက အမှန်တရားပင် ဖြစ်သည်။

ကမ္မနယ်ပယ် အဆင့်၈တွင် ရှိသည့် ဟုန်တုအကြီးအကဲ၏ စွမ်းအင်ဖြင့်ဆိုလျှင် သူက အရှေ့ပိုင်းနယ်မြေတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

မီးလျှံတောင်ကြားတွင် ကမ္မနယ်ပယ် အဆင့်၂ ရှိသည့် ချင်းဝူ တာဝန်ယူထားပြီး တပည့်များနှင့် အကြီးအကဲ အများအပြား ရှိနေသည်။

အကယ်၍ တိုက်ပွဲဖြစ်ပွားပါက ဟုန်တုအကြီးအကဲ တစ်ဦးတည်းနှင့်တင် သူတို့အားလုံးကို လွယ်လွယ်ကူကူ အမြစ်ပြတ် ချေမှုန်းပစ်နိုင်သည်။

သို့သော်လည်း...

ဟုန်တုအကြီးအကဲ၏ စကားကို ကြားသောအခါ ရှုချွမ်းက ခေါင်းခါလိုက်သည်။

"ဟုန်တုအကြီးအကဲကို ဒုက္ခမပေးချင်တော့ပါဘူး၊ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ကိုယ်တိုင် သွားရောက်ပြီး မီးလျှံတောင်ကြားကို သေချာပေါက် ချေမှုန်းပစ်ပါမယ်"

ရှုချွမ်း၏ စကားကြောင့် ဟုန်တုအကြီးအကဲပင် ခေတ္တမျှ မှင်တက်သွားရသည်။

နိဗ္ဗာနနယ်ပယ် အဆင့်၁မျှသာ ရှိသေးသည့် သိုင်းပညာရှင်တစ်ဦးက ကမ္မနယ်ပယ် အဆင့်၂ ကျွမ်းကျင်သူတစ်ဦးကို ကိုယ်တိုင် သတ်ဖြတ်ချင်သည် ဟုတ်လား။

သူက ရှုချွမ်းကို မယုံကြည်သည် မဟုတ်ပေ။

သို့သော် ၎င်းနယ်ပယ်နှစ်ခုကြားရှိ ကွာဟချက်မှာ လွန်စွာ ကြီးမားလွန်းလှသောကြောင့် ဖြစ်သည်။

၎င်းက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။

ဟုန်တုအကြီးအကဲက တစ်ခုခုကို ပြောရန် တုံ့ဆိုင်းနေခဲ့သည်။

သို့သော် ရှုချွမ်း၏ ယုံကြည်ချက်အပြည့်ရှိသော မျက်နှာကို မြင်သောအခါ သူ၏ စိတ်ဓာတ်ကို မပျက်ပြားစေချင်သဖြင့် ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

"သူတော်စင်သားတော်ကိုယ်တိုင် လှုပ်ရှားဖို့ ရည်ရွယ်ထားမှတော့ ကျွန်တော် ဘေးကနေ စောင့်ရှောက်ပြီး ကာကွယ်ပေးပါ့မယ်"

"ဒါဆိုရင် သွားကြစို့"

"ဒီခရီးစဉ်မှာ မြက်ပင်ကို နှိမ်နင်းရင် အမြစ်ကပါ တူးထုတ်ပစ်ရမယ်"

"မီးလျှံတောင်ကြားက လူတစ်ယောက်မှ အသက်ရှင်လျက် မကျန်စေရဘူး"

ရှုချွမ်း၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း သူ၏ စကားလုံးတိုင်းတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

သူ၏အသံ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက်။

ရှုချွမ်း၏ တစ်ကိုယ်လုံးမှ မီးတောင်ပေါက်ကွဲသကဲ့သို့ ပြင်းထန်လှသော မူလချီများ ပွင့်ထွက်လာခဲ့သည်။

သူက နတ်ဘုရားသဖွယ် အော်ရာ များကို ထုတ်လွှတ်ရင်း သူ၏ အစွမ်းသတ္တိကို ပြသလိုက်သည်။

...

နေ့ဝက်ခန့် ကြာပြီးနောက်

ရှုချွမ်းက ဟုန်တု၊ ရှုရှင်းလီ၊ ရှုထုံတို့နှင့်အတူ ရထားလုံးဖြင့် မီးလျှံတောင်ကြားသို့ ရောက်ရှိလာခဲ့သည်။

သူက ရှုရှင်းလီကို မီးလျှံတောင်ကြား ပျက်စီးသွားသည်ကို သူမကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့စေချင်ခြင်း ဖြစ်သည်။

ထိုသို့ဖြစ်မှသာ သူမ၏ သိုင်းတာအို နှလုံးသား ကို ပိုမို ပြီးပြည့်စုံစေမည် မဟုတ်ပါလား။

ဤအချိန်တွင် မီးလျှံတောင်ကြားအတွင်း၌ ချင်းဝူက အကြီးအကဲများနှင့် တပည့်များအားလုံးကို စုစည်းနေခဲ့သည်။

သူ၏သားဖြစ်သူက သူ့ရှေ့မှောက်တွင်တင် အသတ်ခံခဲ့ရပြီး ထိုလူက သူ၏ အသိစိတ်ပုံရိပ်ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။

အကယ်၍ သူသာ ဤသွေးကြွေးကို ပြန်မဆပ်နိုင်လျှင် ကမ္မနယ်ပယ် သိုင်းပညာရှင်တစ်ဦးဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်တော့မည် မဟုတ်ပေ။

ထိုလူက ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လိုနောက်ခံမျိုးပဲရှိရှိ ချင်းဝူ သူ့ကို သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။

"လူတွေအကုန် စုံပြီလား"

ချင်းဝူက နှလုံးသားထဲမှ ဒေါသများကို ဖိနှိပ်ရင်း သူ့ရှေ့မှ အကြီးအကဲကို မေးမြန်းလိုက်သည်။

"တောင်ကြားသခင်ကို သတင်းပို့ပါတယ်၊ အားလုံး အသင့်ဖြစ်နေပါပြီ၊ တောင်ကြားသခင်ရဲ့ အမိန့်ပေးတာကိုပဲ စောင့်နေကြတာပါ"

ဒါကို ကြားရသောအခါ ချင်းဝူ၏ မျက်နှာအမူအရာက အနည်းငယ် ပြေလျော့သွားပြီး "ဒါဆိုရင် ဖုန်းယန်စီရင်စုရဲ့ ဝူမိသားစုဆီကို ချက်ချင်း ချီတက်ကြ..."

"ဘုန်း..."

ချင်းဝူ စကားပြော၍မဆုံးမီမှာပင် တောင်ကြားအပြင်ဘက်မှ ကြီးမားလှသော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဘာဖြစ်တာလဲ"

ချင်းဝူ၏ မျက်နှာက မှောင်မိုက်သွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

ဤအခိုက်အတန့်တွင် မီးလျှံတောင်ကြား တပည့်တစ်ဦးမှာ လွန်စွာ ပူပန်သောကရောက်နေသော မျက်နှာထားဖြင့် အပြင်ဘက်မှ ပြေးဝင်လာခဲ့သည်။

"တောင်ကြားသခင်... မကောင်းတော့ပါဘူး၊ တစ်စုံတစ်ယောက်... တစ်စုံတစ်ယောက်က အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်လာပါတယ်"

ထိုတပည့်က အလောတကြီး အော်ဟစ်အစီရင်ခံလိုက်သည်။

"ဘာ"

ချင်းဝူ၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ရုတ်တရက် ထရပ်လိုက်သည်။

"ဘယ်သူလဲ... ရန်သူဂိုဏ်းလား"

ချင်းဝူက အလျင်အမြန် မေးလိုက်သည်။

မီးလျှံတောင်ကြားသည် ဖုန်းယန်စီရင်စုအနီးတွင် သြဇာအရှိဆုံး အင်အားစုဖြစ်လင့်ကစား ရန်သူများ မရှိသည်တော့ မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် မီးလျှံတောင်ကြားကို အမြဲတမ်း မျက်စိဒေါက်ထောက်ကြည့်နေပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် အင်အားစု သုံးခု ရှိနေသည်။

သို့သော်လည်း ချင်းဝူက ယခုအချိန်တွင် အနည်းငယ် ဇဝေဇဝါဖြစ်နေမိသည်။

မကြာသေးမီ လပိုင်းအတွင်းက သူ၏မီးလျှံတောင်ကြားသည် ထိုအင်အားစုများနှင့် မည်သည့် ပဋိပက္ခမျှ မရှိခဲ့ဖူးချေ။

"တောင်ကြားသခင်... ရန်သူဂိုဏ်း မဟုတ်ပါဘူး၊ လူငယ်တစ်ယောက်နဲ့ သက်လတ်ပိုင်း လူကြီးတစ်ယောက်ပါ၊ အမျိုးသမီး နှစ်ယောက်လည်း ပါပါတယ်"

"အဲဒီလူငယ်က လက်တစ်ချက် လှုပ်ရှားလိုက်တာနဲ့တင် တောင်ကြားရဲ့ ခုခံရေးအစီအရင်ကြီး တစ်ခုလုံး ပျက်စီးသွားပါတယ်"

သတင်းပို့သည့် တပည့်မှာ အာခေါင်များ ခြောက်ကပ်လျက် တံတွေးကို မျိုချရင်း ဆိုရှာသည်။

ယခုအချိန်အထိ သူသည် ထိုခုခံရေးအစီအရင်ကြီး ပျက်စီးသွားသည့် ထိတ်လန့်မှုမှ မရုန်းထွက်နိုင်သေးပေ။

"ဘာ..."

ယခုတစ်ကြိမ်တွင်မူ ခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး လူတိုင်း အံ့အားသင့်ကုန်ကြသည်။

ချင်းဝူက အရင်ဆုံး သတိဝင်လာပြီး ချက်ချင်းပင် ဒေါသမီးများ ပေါက်ကွဲထွက်လာတော့သည်။

"ငါက မင်းတို့ကို သွားရှာဖို့ မပြင်ရသေးဘူး၊ မင်းတို့ကိုယ်တိုင် ငါ့တံခါးဝအထိ လာအသေခံတာပဲ"

"အကြီးအကဲတွေအားလုံး... အပြင်ထွက်ပြီး သူ့ကို သတ်ပစ်ကြစမ်း"

ချင်းဝူ၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များ လျှံထွက်လာပြီး ယုတ်မာရက်စက်စွာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ခန်းမထဲရှိ အကြီးအကဲများက ဖြေ လိုက်ကြပြီး ခန်းမအပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်ကြသည်။

ထိုအခိုက်အတန့်မှာပင် ခန်းမအပြင်ဘက်မှ တည်ငြိမ်အေးစက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"မလိုတော့ပါဘူး... ငါကိုယ်တိုင် ရောက်လာပြီ"

ချက်ချင်းဆိုသလိုပင် ရှုချွမ်းက လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့ချေပြီ။

"ကောင်းတယ်... သိပ်ကောင်းတာပဲ"

"မင်းက ကိုယ့်ဖာသာ သေတွင်းလာတူးတာဆိုတော့ ငါ့မှာ ခရီးတစ်ခေါက် သက်သာသွားတာပေါ့"

"မင်းက ငါ့သားကို သတ်တယ်၊ ငါ့ရဲ့ အသိစိတ်ပုံရိပ်ကို ဖျက်ဆီးတယ်... ဒီနေ့ မင်းရဲ့ အရိုးတွေကို မှုန့်မှုန့်ညက်ညက် ကြိတ်ပြီး အရေခွံဆုတ်၊ အကြောတွေကို ဆွဲထုတ်ပစ်မယ်"

ချင်းဝူက သွေးဆာနေသော သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့် ရှုချွမ်းကို စိုက်ကြည့်နေသည်။

သို့သော် ဤမြင်ကွင်းကို ရင်ဆိုင်ရသော်လည်း ရှုချွမ်းသည် လုံးဝ တည်ငြိမ်နေဆဲ ဖြစ်ပြီး ချင်းဝူ၏ သွေးဆာနေသော အကြည့်ကို လျစ်လျူရှုကာ အေးစက်စွာ ဆိုလိုက်သည်။

"ဒီနေ့... မင်း သေရမယ်"

ရှုချွမ်း၏ အသံက တည်ငြိမ်နေသော်လည်း လွန်စွာ အာဏာစက်ပြင်းပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ရှုချွမ်း၏ စကားကို ကြားရသောအခါ ခန်းမထဲရှိ လူတိုင်း အံ့သြသွားကြသည်။

နိဗ္ဗာန်နယ်ပယ် အဆင့်၁ မျှသာ ရှိသည့် ဤလူငယ်က ကမ္မနယ်ပယ် အဆင့်၂ ကျွမ်းကျင်သူတစ်ဦးကို သတ်ပစ်မည်ဟု ပြောနေခြင်း ဖြစ်သည်။

သူ၏အမြင်တွင် ကမ္မနယ်ပယ် အဆင့်၂ ရှိသည့် သိုင်းပညာရှင်တစ်ဦးမှာ စိတ်ကြိုက် နင်းခြေဖျက်ဆီးပစ်နိုင်သည့် နှံကောင်တစ်ကောင်မျှသာ ဖြစ်နေသကဲ့သို့ပင်။

"ဟားဟား... တကယ့်ကို မသိနားမလည်တဲ့ ကောင်စုတ်လေးပဲ"

ချင်းဝူက ဒေါသထွက်လွန်းသဖြင့် ရယ်မောမိတော့သည်။

နှစ်ပေါင်းဘယ်လောက်တောင် ရှိသွားပြီလဲ။

သူ ကမ္မနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာကတည်းက သူ့ကို ဤကဲ့သို့ စကားပြောဝံ့သည့်လူ ဘယ်သူမျှ မရှိခဲ့ဖူး‌ပေ။

သို့သော် ရှုချွမ်းကမူ သူနှင့် စကား ထပ်မံဖြုန်းတီးရန် ပျင်းရိလှပေသည်။

နတ်ဘုရားသတ်ဓားက သူ၏လက်ထဲတွင် ထပ်မံ ပေါ်ထွက်လာခဲ့သည်။

မည်းမှောင်သောအငွေ့အသက် များနှင့် အဆုံးမရှိသော သတ်ဖြတ်ခြင်း အော်ရာများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး မီးလျှံတောင်ကြားတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။

"ဒါ... ဒါက..."

"ဒါက ကောင်းကင်အဆင့် ရတနာဓား ပဲလား"

ချင်းဝူက ရှုချွမ်း၏ လက်ထဲရှိ လက်နက်ကို ကြည့်ကာ အံ့သြတကြီး ရေရွတ်လိုက်မိသည်။

ယခင်က အသိစိတ်ပုံရိပ်မျှသာ ဖြစ်သောကြောင့် ရှုချွမ်း၏ လက်ထဲရှိ နတ်ဘုရားသတ်ဓားမှာ ကောင်းကင်အဆင့် လက်နက်တစ်ခု ဖြစ်ကြောင်း သူ သတိမပြုမိခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ရှုချွမ်းက သူ့ရှေ့မှောက်တွင် တိုက်ရိုက် ရပ်နေခြင်းဖြစ်သဖြင့် သူ နောက်ဆုံးတွင် မှတ်မိသွားခဲ့ရပြီ ဖြစ်သည်။

ချက်ချင်းပင် သူ၏ မျက်နှာတွင် အတိုင်းအဆမရှိသော လောဘများ ပေါ်ထွက်လာခဲ့သည်။

အကြောင်းမှာ ကောင်းကင်အဆင့် ရတနာဓားတစ်လက်က နိဗ္ဗာန်နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ လက်ထဲတွင် ရှိနေသောကြောင့်ပင် ဖြစ်သည်။

သူသာ ထိုလူငယ်ကို သတ်ပစ်နိုင်လျှင် ဤကောင်းကင်အဆင့် ရတနာဓားကို သူ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပါလား။

ထိုအခိုက်အတန့်တွင် နတ်ဘုရားသတ်ဓားအပေါ် ထားရှိသည့် သူ၏ လောဘစိတ်က သားဖြစ်သူ သေဆုံးသွားသည့်အပေါ် ထားရှိသည့် နာကျည်းမုန်းတီးမှုများကိုပင် တိုက်ရိုက် လွှမ်းမိုးသွားခဲ့ရတော့သည်။

All Chapters