← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121+122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121+122

အပိုင်း ၁၂၁ + ၁၂၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

(မနေ့က Free book ရယ်။ ယနေ့ Paid Book ရယ် အကြွေးအကုန်ကျေပြီနော်။ စောင့်နေရလို့ တောင်းပန်ပါတယ်​ဗျ။ ဆေးခန်းအပြန် မိုးမိလို့ ဖျားနေဆဲပါပဲ 🤧)

ချက်ချင်းပင် ဆိုလွန် သူ၏ နဂါးစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအားများကို ပုံမှန်ကန့်သတ်ချက်ထက် ငါးဆ ၊ ရှစ်ဆနှင့် နောက်ဆုံး၌ ဆယ်ဆအထိ တွန်းတင်လိုက်သည်။ ထိုကြောက်မက်ဖွယ် စွမ်းအားက သူ၏ သွေးကြောများနှင့် အာရုံကြောများကို အကြမ်းပတမ်း တိုက်ခိုက်လာ၏။

ပြင်းထန်လှသည့် နာကျင်မှုက ဆိူလွန်အား အသက်ရှူကျပ်သွားစေလုမတတ်ပင်။ သို့သော် ထိုအချိန်၌ပင် အမည်းရောင် စာကလေးပျံက လေးမှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းအလား ကောင်းကင်ယံသို့ ထိုးတက်သွား၏။

အမြန်နှုန်းက ယုံကြည်နိုင်လောက်အောင် မြန်ဆန်လွန်းနေပြီး တစ်စက္ကန့်အတွင်း ပေတစ်ရာကျော် ပျံသန်းသွားသည်။ ထိုမျှ မြန်ဆန်လွန်းလှရာ သာမန်မျက်စိဖြင့် မမြင်နိုင်သလို စိတ်ဝိညာဉ်ဖြင့် သော့ခတ်နိုင်ရန်ဆိုသည်မှာ ဝေလာဝေးပင်။

သို့သော် လက်ရှိအချိန်၌ ဆိုလွန်၏ စိတ်ထဲ၌ အရာအားလုံးက ကွဲပြားနေ၏။ အဘယ်ကြောင့်ဆိုသော် သူက ပုံမှန်ထက် ဆယ်ဆမျှသော စိတ်စွမ်းအားများကို ထုတ်လွှတ်ထားသောကြောင့် အာရုံခံနိုင်စွမ်းများက အဆမတန် မြင့်တက်နေခြင်းသည်။

ရုတ်တရက် သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးက နှေးကွေးသွား၏။ အချိန်ကိုယ်တိုင်က အနှေးပြကွက်ဖြင့် ရွေ့လျားနေသကဲ့သို့ပင်။

အချိန်က သုံးဆ ၊ ငါးဆနှင့် ထို့ထက်မက နှေးကွေးသွား၏။ လျင်မြန်စွာ ပျံသန်းနေသည့် အမည်းရောင် ငှက်လေးမှာ ယခုအခါ၌ အနှေးပြကွက်ရုပ်ရှင်ထဲမှအတိုင်း ရွေ့လျားနေသကဲ့သို့ ဖြစ်နေသည်။ ဆိုလွန်အနေဖြင့် ငှက်လေး၏ လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာ ခြေရာခံနိုင်နေ၏။

သော့ခတ်လိုက်​နိုင်လေပြီ... ပစ်မှတ်အပေါ်သို့ အပြည့်အဝ သော့ခတ်လိုက်နိုင်လေပြီ။ ပျံသန်းမည့် လမ်းကြောင်းနှင့် ပစ်ခတ်ရမည့် ပြီးပြည့်စုံသည့် အချိန်ကို ဆိုလွန် တွက်ချက်လိုက်သည်။

"ရွှီးးး။"

ဆိုလွန်၏ မြင့်တက်နေသည့် အာရုံခံနိုင်စွမ်းများအတွက် ဤအရာအားလုံးက အနှေးပြကွက်ဖြင့် ဖြစ်ပျက်နေခြင်း ဖြစ်၏။ သို့သော် အပြင်ဘက် လက်တွေ့ကမ္ဘာ၌ကား မယုံနိုင်လောက်အောင် လျင်မြန်စွာ ဖြစ်ပျက်သွားပြီး အချိန်အားဖြင့် စက္ကန့်ဝက်မျှသာ ကြာမြင့်လိုက်သည်။

လူအုပ်ကြီးက ခမ်းနားထည်ဝါပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းကာ ကဗျာဆန်လွန်းလှသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

ဆိုလွန်က မျက်လုံးကို အဝတ်စည်းထားဆဲဖြစ်ပြီး ခေါင်းကို ငုံ့ထားကာ ကောင်းကင်ယံမှ အမည်းရောင် ငှက်လေးအား သေချာစွာ နားထောင်နေ၏။ ငှက်လေးက လျှပ်စီးအလား ပျံသန်းသွားသော်ငြား နောက်တစ်ခဏ၌ ဆိုလွန်၏ မြားက အမည်းရောင် လျှပ်စီးတန်းတစ်ခုအလား အနောက်မှ လိုက်ပါသွားသည်။

သူတို့နှစ်ခုက ပို၍ပို၍ နီးကပ်သွား၏။ အမည်းရောင် မြားက အမည်းရောင် ငှက်လေးအား လျင်မြန်စွာ လိုက်သွားသည်။

ထို့နောက်...

"ဖောက်...။"

အမည်းရောင် စာကလေးပျံမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။ ပွဲချင်းပြီး သေဆုံးသွား၏။

ကောင်းကင်ထက်၌ တုန်ယင်သွားပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားသည်။

**--**--**--**--**--**--**--**

ငှက်လေး မြေပြင်ပေါ်သို့ ပြုတ်ကျလာချိန်၌ ကွင်းပြင်တစ်ခုလုံး အသံတိတ်နေ၏။ ထို့နောက် ရူးသွပ်မတတ် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

"ဝိုးးး။"

"အားးး။"

ကျောင်းသူများက သူမတို့၏ ပြင်းထန်လှသည့် စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ကြတော့ချေ။ သူမတို့၏ စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်တုန်လှုပ်မှုများကို ဖော်ထုတ်ရန် တတ်နိုင်သမျှ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

သို့သော် စင်မြင့်ထက်ရှိ စာမေးပွဲစစ်ဆေးသူများနှင့် ကြီးကြပ်ရေးမှူးများက လုံးဝ အေးခဲသွားသကဲ့သို့ ရပ်နေကြသည်။ အထူးသဖြင့် မင်းသမီး ကျိနင်မှာ ခေါင်းဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူမ၏ စိတ်က အလုပ်မလုပ်တော့ဘဲ လုံးဝ တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သွားတော့သည်။

ဤသည်က မည်သို့လုပ်၍ ဖြစ်နိုင်မည်နည်း။ အစောပိုင်းက ရပ်တန့်နေသည့် ပစ်မှတ်ကို ထိမှန်ခြင်းက အံ့ဖွယ်တစ်ခုဆိုလျှင် ယခု ဖြစ်ပျက်သွားသည်မှာ အံ့ဖွယ်များထဲမှ အံ့ဖွယ်ပင်။

မျက်လုံးကို အဝတ်စည်းထားသည့် လူတစ်ယောက်က လက်တစ်ဝါးစာသာရှိပြီး တစ်စက္ကန့်လျှင် ပေတစ်ရာကျော် ပျံသန်းနေသော ပစ်မှတ်ကို မည်သို့လုပ်၍ ထိမှန်နိုင်မည်နည်း။

ယုံကြည်ရန် အလွန်တရာ ခက်ခဲလွန်းလှ၏။ သူတို့ မြင်တွေ့နေရသည်က အစစ်အမှန်လော သို့မဟုတ် ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုသာလော။ သို့သော် ဤသည်က အစသာ ရှိသေးသည်။

ထို့နောက် ဆိုလွန်က သူ၏ ခမ်းနားထည်ဝါသည့် စွမ်းဆောင်ရည်ကို ဆက်လက် ပြသလိုက်၏။ ဒုတိယမြား ၊ တတိယ ၊ စတုတ္ထ ၊ ပဉ္စမ... အရင်ကဲ့သို့ပင် ခေါင်းကို ငုံ့ထားဆဲပင်။ မြားတစ်စင်းစီတိုင်းက အမည်းရောင် စာကလေးပျံနှင့် လေထဲ၌ ဆုံတွေ့သွားပြီး ချက်ချင်းပင် ဖောက်ထွင်းသွားသည်။ ငှက်တိုင်း သတ်ဖြတ်ခံလိုက်ရပြီး လူအုပ်ကြီးကို လုံးဝ တုန်လှုပ်ချောက်ချားသွားစေ၏။

ထိုတိတ်ဆိတ်ပြီး ခမ်းနားထည်ဝါသည့် ပြကွက်ကို ကြည့်ရင်း လူတိုင်းက လုံးဝ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ စိတ်နှင့် ဝိညာဉ်များက အကြိမ်ကြိမ်အခါခါ တုန်လှုပ်မှုများဖြင့် ရိုက်ခတ်ခံနေရ၏။ အံ့သြမှင်သက်မှုနှင့် တုန်ယင်မှု ခံစားချက်က သူတို့အပေါ်သို့ တစ်ဖန် ပြန်လည် လွှမ်းခြုံသွားတော့သည်။

လီနျန်ကျန်းမှာလည် ဆိုလွန်ကို အံ့သြမှင်သက်စွာဖြင့် စိုက်ကြည့်နေသည်။ သူမက ပစ်လွှတ်လိုက်သည့် မြားအရေအတွက်ကို စက်ရုပ်တစ်ရုပ်အလား အော်ဟစ် ရေတွက်နေ၏။

နောက်တစ်စက္ကန့်၌ မျက်လုံးကို အဝတ်စည်းထားကာ ခေါင်းငုံ့ထားဆဲဖြစ်သည့် ဆိုလွန်က နောက်ထပ်မြားတစ်စင်းကို အပြင်းအထန် ပစ်လွှတ်လိုက်ပြန်သည်။ မယုံနိုင်လောက်အောင် မြန်ဆန်လှသည့် အခြား အမည်းရောင် စာကလေးပျံတစ်ကောင်မှာလည်း လေထဲ၌ အဖောက်ခံလိုက်ရပြန်၏။

ပရိသတ်အတွက်မူ အချိန်က မယုံနိုင်လောက်အောင် နှေးကွေးစွာ ရွေ့လျားနေသကဲ့သို့ပင်။ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေမှုက အသံတိတ်ရုပ်ရှင်တစ်ခုအလား ခံစားရစေသည်။ ဆိုလွန်၏ အံ့မခန်း စွမ်းဆောင်ရည်က သူတို့၏ စိတ်များကို အကြိမ်ကြိမ် တုန်လှုပ်စေ၏။ ဤမျှ ကြီးမားလှသည့် ရိုက်ခတ်မှုအောက်၌ အချိန်ကိုယ်တိုင်က အေးခဲသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

သို့သော် တစ်ချိန်တည်းမှာပင် အလွန်မြန်ဆန်စွာ ပြီးဆုံးသွားသကဲ့သို့လည်း ခံစားရပြန်၏။ ဤမျှ မှော်ဆန်သည့် ပြကွက်ကို အကြိမ်ကြိမ် ကြည့်ရပါစေ သူတို့ လုံးဝ ငြီးငွေ့သွားမည် မဟုတ်ချေ။

အကြိမ်တိုင်းက ပြင်းထန်လှသည့် တုန်လှုပ်ချောက်ချားမှု လှိုင်းတံပိုးတစ်ခုကို ယူဆောင်လာသည်။ သို့သော် အလွန် မှော်ဆန်လှသော ပြကွက်ဆိုလျှင်ပင် အဆုံးသတ်ရစမြဲပင်။

ဆယ်စင်းမြောက် မြားကို အော်ဟစ်ရေတွက်လိုက်ပြီးနောက် နောက်ဆုံး အမည်းရောင် စာကလေးပျံလေးမှာ အဖောက်ခံလိုက်ရကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ခမ်းနားထည်ဝါသည့် ပြကွက်ကြီးက တရားဝင် ပြီးဆုံးသွားလေပြီ။

ထို့နောက် လူအုပ်ကြီးက တစ်​ယောက်မကျန် မတ်မတ်ရပ်ကာ ဆိုလွန်ထံသို့ လှမ်းကြည့်လိုက်ကြပြီး သူတို့၏ အားအကုန်ကိုသုံးကာ ရူးသွပ်မတတ် လက်ခုပ်တီးလိုက်ကြတော့သည်။

**--**--**--**--**--**--**--**

"နောက်ဆုံးတော့ ပြီးသွားပြီပဲ။ နောက်ဆုံးတော့ ပြီးပြီ..."

ဆိုလွန်၏ စိတ်ဝိညာဉ် ၊ ခန္ဓာကိုယ်နှင့် စိတ်တို့မှာ ပြိုလဲလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေ၏။ သူ၏ စိတ်ဆန္ဒနှင့် စိတ်ဝိညာဉ်စွမ်းအားတို့ကို အပြည့်အဝ အကုန်အစင် သုံးစွဲပစ်လိုက်ခြင်းပင်။

ဖန်တီးနိုင်လိုက်သည့် အံ့ဖွယ်ရာအတွက် ကြီးမားသည့် တန်ဖိုးတစ်ခုကမု ပေးဆပ်လိုက်ရသည်။ လက်ရှိအချိန်၌ ဆိုလွန်၏ တစ်ကိုယ်လုံးက ထုံကျင်နေ၏။ သူ၏ ခေါင်းကလည်း ပေါက်ကွဲထွက်သွားတော့မည့်အလား ခံစားနေရသည်။

မျက်လုံးများက ဆိုးရွားစွာ ပူလောင်နေပြီး သူ၏ နှာခေါင်းကလည်း အချိန်မရွှေးသွေးများ ပန်းထွက်လာတော့မည့်အလား ဖိအားများစွာကို ခံစားနေရသည်။

သို့သော် ထိုအရာများက အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ အနိုင်ရသွားသောကြောင့်ပင်။ မှန်၏။ သူ အနိုင်ရသွားလေပြီ။ ကျိနင်နှင့် လောင်းကြေး၌ သူ အနိုင်ရသည်။ ဤကံကြမ္မာကို ဆန့်ကျင်သည့် တိုက်ပွဲ၌ သူ အနိုင်ရသွားလေပြီ။

နားထဲ၌ ပဲ့တင်ထပ်နေသည့် မိုးခြိမ်းသံအလား လက်ခုပ်သံများကို နားထောင်ရင်း ဆိုလွန်၏ နှလုံးသားထဲ၌ အတွေးတစ်ခုတည်းသာ ရှိနေတော့သည်။ ပြီးဆုံးသွားလေပြီ။ နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ။

သူ လေးကို ချထားလိုက်ပြီး အရပ်သုံးမျက်နှာဆီသို့ သပ်ရပ်စွာ အရိုအသေပေးလိုက်၏။ နောက်ဆုံး၌ မင်းသမီး ကျိနင်ဘက်သို့ လှည့်ကာ သူ၏ အမည်းရောင် မျက်လုံးစည်းကို ဖြုတ်ချလိုက်သည်။

မျက်လုံးများမှ တောက်ပသည့် သွေးရောင် မျက်ရည်များ စီးကျနေသည်ကို မြင်လိုက်ရသည့်အခါ လူအုပ်ကြီးမှာ အသက်ရှူမှားသွားကြသည်။ ထိုသည်ကို မြင်တွေ့လိုက်ရခြင်းက လူတိုင်း၏ နှလုံးသားကို နက်ရှိုင်းစွာ လှုပ်ခတ်သွားစေ၏။

သူက ဤအရာအားလုံးကို လုံးဝ မမြင်ရဘဲ လုပ်ဆောင်ကြောင်း သူတို့ကို တစ်ဖန် ပြန်လည် သတိပေးလိုက်သကဲ့သို့ပင်။

သို့သော် ထိုသွေးမျက်ရည် နှစ်ကြောင်းက ဆိုလွန်၏ ခန့်ညားလှသည့် မျက်နှာကို ပို၍ပင် ဆွဲဆောင်မှု ရှိသွားစေသည်။ လူအုပ်ထဲရှိ အမျိုးသမီးများစွာက ထိုမြင်ကွင်းကို သူတို့၏ ဘဝတစ်သက်တာ လုံးဝ မေ့ပျောက်နိုင်တော့မည် မဟုတ်ချေ။

သူတို့၏ စိတ်ထဲ၌ ဆိုလွန်က ဆွဲဆောင်မှုအရှိဆုံး ၊ အခန့်ညားဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်ဆုံး အမျိုးသားတစ်ဦး ဖြစ်သွားလေပြီ။

ဆိုလွန်က ကျိနင်အား သူ၏ နက်မှောင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ "မင်းသမီး... မင်း ရှုံးပြီ။"

မင်းသမီး ကျိနင်ကမူ မှင်သက်စွာ ရပ်နေပြီး တုံ့ပြန်နိုင်စွမ်းပင် မရှိတော့ချေ။ ဆိုလွန် ပထမဆုံး အမည်းရောင် စာကလေးပျံကို မမြင်ရဘဲ ပစ်ခတ်ထိမှန်သွားသည့် အခိုက်အတန့်ကတည်းက ယနေ့၌ သူမ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူမ လုံးဝ ရှုံးနိမ့်သွားလေပြီ ဖြစ်၏။

နေ့ရက်ပေါင်းများစွာ သူမကို တောင့်ခံထားစေသည့် စိတ်ဓာတ်ခွန်အားများက နောက်ဆုံး၌ ပြိုလဲသွားလေပြီ။ ဆိုလွန် မည်သို့ လုပ်ဆောင်သည်ကို သူမ စိတ်ကူးပင် မယဉ်နိုင်ချေ။ သူမ၏ စိတ်က လုံးဝ ဗလာကျင်းသွား၏။

ဤအခိုက်အတန့်၌ ဆိုလွန်၏ စကားများက သူမအား ရက်စက်လှသည့် အမှန်တရားဆီသို့ ပြန်လည် ဆွဲခေါ်လာသည်။ မှန်၏။ သူမ ရှုံးသွားလေပြီ။ လုံးဝ စိတ်ချရသည်ဟု ထင်မှတ်ထားသော လောင်းကြေးတစ်ခုကို သူမ မည်သို့လုပ်၍ ရှုံးနိမ့်သွားရသည်နည်း။

ဆိုလွန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ငါတို့ရဲ့ လောင်းကြေးမှာ စုစုပေါင်း ကြေးသုံးခုရှိတယ်။ ငါ့ရဲ့ ပထမဆုံး ဆုကြေးကို အခု တောင်းဆိုချင်တယ်။ အဲဒါက ငါ့ရဲ့ မြွေအနမ်းပဲ။"

ထိုသည်ကို ကြားသည့်အခါ လူအုပ်ထဲရှိ လူများစွာက တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။ တော်ဝင်မင်းသမီး တစ်ပါးကို မြွေအနမ်း ပေးမည်လော။ တော်ဝင်မိသားစု၏ အရည်အချင်းအရှိဆုံး အမျိုးသမီးနှင့် တော်ဝင်မြို့တော်၏ ထိပ်တန်း အလှမယ်ကို မြွေအနမ်းပေးမည်လော။

ဤသည်က အလွန်တရာ စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းနေပြီး တစ်သက်၌ တစ်ခါကြုံရမည့် အဖြစ်အပျက်ပင်။ အခြားအချိန်၌ဆိုလျှင် အမျိုးသားများ အားလုံးက အလွန်တရာ မနာလို ဖြစ်နေကြပေလိမ့်မည်။

သို့သော် ဆိုလွန်၏ အံ့မခန်း စွမ်းဆောင်ရည်အပြီး၌ အမျိုးသားများပင် မနာလို မဖြစ်နိုင်ကြတော့ချေ။ ဆိုလွန်က ထိုအရာနှင့် တကယ်ကို ထိုက်တန်နေသည် မဟုတ်လော။

သို့သော် မင်းသမီး ကျိနင်၏ မျက်လုံးထဲ၌မူ ဆိုလွန်က မျက်နှာငယ်ရသူ ဘဝမှ အကြွင်းမဲ့ အနိုင်ရသူ တစ်ဦးအဖြစ်သို့ တစ်ခဏအတွင်း ပြောင်းလဲသွားသည်။ လက်ရှိအချိန်၌ သူ၏ ခန့်ညားသည့် မျက်နှာက အဆိပ်ပြင်း မြွေတစ်ကောင်က သူမထံသို့ အနီရောင် လျှာကို ထုတ်ပြနေသကဲ့သို့ပင်။

ရန်သူ၏ စိန်ခေါ်မှုကို ရင်ဆိုင်ရချိန်၌ ကျိနင်က တည်ငြိမ်စေရန် သူမကိုယ်သူမ အလျင်အမြန် ဖိအားပေးလိုက်၏။

ကျိနင်က အံကြိတ်လိုက်သည်။ "ငါ ရှုံးတာကို လက်ခံတယ်။ လာခဲ့..."

ဆိုလွန်က ခေါင်းရမ်းလိုက်သည်။ "ငါက မမြင်ရဘူးလေ။ လမ်းလည်း မလျှောက်နိုင်ဘူး။ မင်းပဲ ဒီကို ဆင်းလာခဲ့။"

ထို့နောက် မင်းသမီး ကျိနင်က စင်မြင့်ထက်မှ ဆင်းလာပြီး လေးပစ်ကွင်းပေါ်သို့ လျှောက်လာသည်။ သူမက ဆိုလွန်နှင့် ပေတစ်ရာခန့် အကွာ၌ ရပ်တန့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "လာခဲ့။"

အမှောင်ထုထဲ၌ ဆိုလွန်က သူမ၏ ရေမွှေးနံ့ကို အာရုံခံကာ မင်းသမီး ကျိနင်ထံသို့ လျှောက်သွားလိုက်သည်။ လူတိုင်းက သူတို့၏ မျက်လုံးများကို ပြူးကျယ်ထားကြပြီး စက္ကန့်လေးတစ်စက္ကန့်ပင် လွတ်သွားမည်ကို စိုးရိမ်သကဲ့သို့ မျက်တောင်ပင် မခတ်ရဲကြချေ။

ကျိနင်က သူမ၏ လက်မောင်းများကို ဆန့်တန်းကာ မျက်စိစုံမှိတ်ထားရင်း ခေါင်းကိုမော့လိုက်သည်။ "လာ..."

ဆိုလွန်က မဲ့ပြုံး ပြုံးလိုက်သည်။ "တော်ဝင်မြို့တော်က ယောက်ျားတွေ အများကြီးက ငါ မင်းကို ဘယ်နေရာမှာ မြွေအနမ်းပေးမလဲဆိုပြီး ခန့်မှန်းနေကြတယ်။ မင်းရဲ့ ရင်ဘတ်လား ၊ တင်ပါးလား ဒါမှမဟုတ် ပိုပြီး သီးသန့်ဆန်တဲ့ နေရာလား ဆိုပြီးတော့ပေါ့။"

ထိုသည်ကို ကြားသည့်အခါ ကျိနင်၏ ခန္ဓာကိုယ်လေးက ပြင်းထန်စွာ တုန်ယင်သွား၏။

"ငါတို့ ဒီလောင်းကြေးကို စလုပ်တဲ့ အချိန်ကစပြီး ခုနက ငါ မြားတွေ ပစ်ပြီးသွားတဲ့ အချိန်အထိ ငါ့ရဲ့ ဆုံးဖြတ်ချက်က အတိအကျ တူညီနေတုန်းပဲ။" ဆိုလွန်က လှောင်ပြုံး ပြုံးလိုက်သည်။ "မှန်တယ်။ မင်းရဲ့ အတွင်းကျဆုံး နေရာပဲ။ မအံ့သြပါနဲ့။ လှပတဲ့ အမျိုးသမီး ရန်သူကို ရင်ဆိုင်ရတဲ့အခါ ငါက အဲ့ဒီလောက်ကို အရှက်မဲ့ပြီး ညစ်ညမ်းတာ ဝန်ခံပါတယ်။"

လက်ရှိအခိုက်အတန့်၌ ကျိနင်၏ မျက်နှာက လုံးဝ ဖြူရော်သွား၏။ အကယ်၍ ဆိုလွန်က ထိုနေရာကို တကယ်ကြီး ထိလိုက်မည်ဆိုလျှင် သူမအနေဖြင့် မည်သည့် အမူအကျင့်များကိုမျှ ဂရုစိုက်နေတော့မည် မဟုတ်ချေ။

သူမ၏ တစ်ခုတည်းဖြစ်သည့် ရွေးချယ်မှုမှာ ဆိုလွန်၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပြီးနောက် သူမကိုယ်သူမ အဆုံးစီရင်ရန်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် တော်ဝင်မင်းသမီး တစ်ပါးအနေဖြင့် ဤမျှလောက် အရှက်ရမှုကို လုံးဝ သည်းခံနိုင်စွမ်း မရှိသောကြောင့်ပင်။

ဆိုလွန်က ပခုံးတွန့်လိုက်သည်။ "ဒါပေမဲ့... ငါ့ရဲ့ ကန့်သတ်ချက်ရှိတဲ့ ဗဟုသုတတွေအရဆိုရင် အမျိုးသမီးတစ်ယောက်က အဲ့ဒီနေရာကို ခဏလောက် မဆေးကြောထားဘူးဆိုရင် တော်တော်လေး... စိတ်ဝင်စားစရာ ကောင်းနိုင်တယ်။"

"အထူးသဖြင့် စိတ်လှုပ်ရှားနေတဲ့ အချိန်မျိုးမှာဆိုရင် ချွေးတွေ ပိုထွက်လာတတ်တယ်။ အကယ်၍ အဲ့ဒါက ငါ့ရဲ့ ချစ်သူသာဆိုရင် ငါက ဝမ်းသာအားရနဲ့ သေချာပေါက် သည်းခံလိုက်မှာပဲ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ရန်သူဖြစ်နေတော့ အဲ့ဒီလို ဆိုးရွားပြီး အရှက်မရှိတဲ့ အတွေးကို ငါ လက်လျှော့လိုက်မယ်။"

ဆိုလွန်က သူ၏ အသံကို တိုးမထားချေ။ ထို့ကြောင့် လူများစွာက သူ၏ စကားများကို ကြားလိုက်ရသည်။

လူတိုင်းနီးပါး ရယ်မောမိလုမတတ် ဖြစ်သွားကြ၏။ သို့သော် ဆိုလွန်၏ အမာခံ ပရိသတ်များ ဖြစ်ကြသည့် အထက်တန်းလွှာ ကျောင်းသူလေးများကမူ သူမတို့၏ မျက်လုံးများထဲ၌ ကြယ်လေးများ တောက်ပနေကာ ဆိုလွန်အား စိုက်ကြည့်နေကြသည်။

လူအများ၏ နှလုံးကို ခုန်ပေါက်စေပြီး သွေးများကို ဆူပွက်လာစေလောက်အောင် ဆွဲဆောင်မှုအပြည့်ဖြင့် ဤသို့သော အရှက်မရှိ လူမိုက်ဆန်ဆန် စကားမျိုးကို ဆိုလွန် တစ်ယောက်တည်းကသာ ပြောဆိုနိုင်ခြင်းပင်။

အပိုင်း ၁၂၁ + ၁၂၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters