အခန်း (၁၂၃+၁၂၄)
Vol. 13 Ch. 123+124
အပိုင်း ၁၂၃ + ၁၂၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
မင်းသမီး ကျိနင်တစ်ယောက် အလွန်ဒေါသထွက်သွား၏။ ဤအရှက်မရှိသည့် လူယုတ်မာက မည်သို့လုပ်၍ ဤမျှ ညစ်ညမ်းသော စကားများကို သုံးနှုန်းရက်သနည်း။
မင်းသမီး ကျိနင်၏ ပါးစပ်သေးသေးလေးကို ဆိုလွန် သူ၏လက်ချောင်းများဖြင့် အတင်းအဓမ္မ ဖွင့်ဟလိုက်သည်။ ထို့နောက် သူမ၏ လျှာကို ဆွဲထုတ်ကာ မည်သည့် ရိုမန့်တစ်ဆန်မှုမျှ မရှိဘဲ ပြင်းထန်စွာ ကိုက်ချလိုက်၏။
“လာပြီ…”
ထိုမယုံနိုင်စရာ ကောင်းလှသည့် မြင်ကွင်းကို ကြည့်ရင်း ရှိနေသူများ၏ နှလုံးခုန်နှုန်းတို့က မြန်ဆန်လာကြသည်။ ကျိနင်၏ ပါးစပ်ကို ကိုင်ထားကာ ဆိုလွန် သူမ၏ လျှာကို ကိုက်ရင်း အနည်းငယ် ဖိချလိုက်၏။
“အင်း…”
ကျိနင် ငန်ကျိကျိ အရသာတစ်ခုကို ခံစားလိုက်ရပြီး စူးရှသည့် နာကျင်မှုတစ်ခု ရလိုက်သည်။ သူမ၏ လျှာမှ သွေးထွက်လာ၏။ ဆိုလွန်က သူမ၏ လျှာကို ကိုက်လိုက်ခြင်းပင်။
ဤအမျိုးသားသည် မြွေတစ်ကောင်လော ၊ သို့မဟုတ် ခွေးတစ်ကောင်လော။ အနမ်းတစ်ခု ဖြစ်သင့်သော်လည်း အဘယ်ကြောင့် မြွေတစ်ကောင် ကိုက်လိုက်သကဲ့သို့ ခံစားရသနည်း။
ဆိုလွန်၏ လက်က သူမ၏ နူးညံ့သည့် တင်ပါးကို ကြမ်းတမ်းစွာ ညှစ်လိုက်သည့်အခါ သူမ၏ ခန္ဓာကိုယ်လေးက ပြင်းထန်စွာ တုန်ယင်သွားရ၏။
ထို့နောက် ဆိုလွန်က ဆက်လက်ပြီး သူမ၏ အထိခိုက်မခံနိုင်ဆုံး နေရာသို့ သူ၏ ခန္ဓာကိုယ်ဖြင့် ရိုင်းစိုင်းကြမ်းတမ်းစွာ ဖိကပ်လိုက်သည်။
ဆိုလွန် သူမ၏ လျှာကို လွှတ်ပေးလိုက်ပြီး စကားလုံး တစ်လုံးချင်းစီ ပြောလိုက်၏။
“ငါတို့ရဲ့ တိုက်ပွဲက အခုမှ စတာ ငါသိတယ်။ ဒီနေ့ လောင်းကြေးမှာ ငါနိုင်ပေမဲ့ အားနည်းနေတုန်းပဲဆိုတာကိုလည်း သိတယ်။ မင်းနဲ့ ကျိလီတို့နဲ့ ယှဉ်ရင် ငါက ဘာမှမဟုတ်သေးဘူး။ အခုချိန် ငါတို့အတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး။ ဒါပေမဲ့ မင်းကို ငါ ပြောထားမယ်… တစ်နေ့ကျရင်…”
ကျိနင်က သူ့အား အေးစက်စွာ စိုက်ကြည့်နေပြီး သူမ၏ နှလုံးသားထဲ၌ လှောင်ပြောင်နေ၏။ တစ်နေ့ကျလျှင် ဘာဖြစ်မည်နည်း။ သူမနှင့် ကျိလီကို အနိုင်ယူမည်လော။ သူ၏ ရန်သူဖြစ်လာသည်ကို သူမ နောင်တရအောင် လုပ်မည်လော။
အလကား ခြိမ်းခြောက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ သူက ဒေါသထွက်နေပုံ ပေါ်သော်ငြား သူ၏ စကားများမှာ အဓိပ္ပာယ် မရှိလှချေ။ အပြောသာရှိပြီး လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဆိုလွန် သူမ၏ နားအနီးသို့ ကပ်ကာ တီးတိုး ပြောလိုက်သည်။
“တစ်နေ့ကျရင်… ငါ မင်းကို Loe မယ်။ Loe ပြီးရင် သတ်ပစ်မယ်။”
ထိုမောက်မာလှသည့် စကားများကို ပြောဆိုပြီးနောက် ဆိုလွန် ခေါင်းမော့လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားတော့၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများ လုံးဝ ခန်းခြောက်သွားပြီဖြစ်ရာ ချက်ချင်း သတိလစ်သွားခြင်းပင်။
စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည့် အထက်တန်းလွှာ ကျောင်းသူလေးများက အပြေးအလွှား ရောက်လာကြပြီး ဆိုလွန်အား ကာကွယ်ရန် ဝိုင်းရံလိုက်ကြသည်။
ကျိနင်ကမူ သတိလစ်နေသည့် ဆိုလွန်အား လှမ်းကြည့်လိုက်ရာ သူမ၏ မျက်လုံးများ အနည်းငယ် တုန်ယင်နေ၏။
အဘယ်ကြောင့်မှန်း မသိသော်လည်း သူ့ကို ဤကဲ့သို့ မြင်လိုက်ရခြင်းက သူမ၏ နှလုံးသားကို တုန်ခါသွားစေသည်။ သူ့အား အရိုးထဲထိ မုန်းတီးနေသော်ငြား သူမ၏ ဘဝတစ်သက်တာ၌ ဤအမျိုးသားကို လုံးဝ မေ့ပျောက်နိုင်မည် မဟုတ်ကြောင်း သိနေ၏။
သူမ ဆိုလွန်အား နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလိုက်သည်။
လက်ရှိအချိန်၌ သူမသည် မုန်တိုင်းတစ်ခု၏ အလယ်ဗဟိုသို့ ရောက်ရှိနေလေပြီ။ ပြင်းထန်လှသည့် မုန်တိုင်းတစ်ခုသည် သူမထံသို့ ဦးတည်လာနေလေပြီ။ တော်ဝင်မြို့တော်ရှိ နိုင်ငံသား သန်းပေါင်းများစွာ၏ အတင်းအဖျင်း စကားများ ၊ သူမ ပေးဆပ်ရမည့် ရွှေဒင်္ဂါး တစ်သိန်းလေးသောင်းကျော်ရှိသည့် ကြီးမားလှသော လောင်းကစားအကြွေးများနှင့် ဆိုလွန်သာ ထျန်းရွှေမြို့စား ရာထူးကို ဆက်ခံလိုက်ပါက… သူမ ရှုံးနိမ့်သွားလေပြီ။
ဤတစ်ကြိမ်၌ သူမ စိတ်ပျက်ဖွယ် ရှုံးနိမ့်မှုကို ခံစားလိုက်ရပြီး အကျိုးဆက်များလည်း အလွန်တရာ ကြီးမားလှ၏။ ဤမုန်တိုင်းကြီးက သူမအား လုံးဝ ဖျက်ဆီးမပစ်ရန်သာ မျှော်လင့်ရသည်။
ကျိနင် သူမ၏ ရထားလုံးဆီသို့ ထုံကျင်စွာ လျှောက်သွားလိုက်၏။ အတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဆက်၍ မထိန်းထားနိုင်တော့ချေ။ သွေးတစ်ပွက် အန်ချလိုက်ရသည်။
“ဖူးးး” ရထားလုံး၏ နှင်းကဲ့သို့ ဖြူဖွေးနေသည့် နံရံပေါ်၌ တောက်ပသော အနီရောင် သွေးစက်များဖြင့် ပန်းချီဆွဲလိုက်သကဲ့သို့ ဖြစ်သွား၏။
**--**--**--**--**--**--**--**
နောက်ဆုံး စာမေးပွဲ ပြီးဆုံးသွားသည်နှင့် တော်ဝင်အကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲများ တရားဝင် ပြီးဆုံးသွားလေပြီ။ တစ်ယောက်မကျန် ဖြေဆိုသူအားလုံး၏ ရလဒ်များကို တစ်နာရီအတွင်း ကြေညာပေးမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆိုလွန်အား ထျန်းရွှေမြို့စားအိမ်တော်၏ ရထားလုံးထဲသို့ သယ်ဆောင်သွားလိုက်ကြ၏။
အထက်တန်းလွှာ ကျောင်းသား နှစ်ရာကျော်တို့က နောက်ဆုံးရလဒ်များကို စောင့်ဆိုင်းရန် ကျောင်း၏ အဓိက ကြေညာသင်ပုန်းအနီး၌ စုရုံးနေကြသည်။
ဆိုလွန်၏ ရမှတ်များကို သူတို့ သိထားပြီး ဖြစ်သော်ငြား တရားဝင် ကြေညာမှုကို ကြားချင်နေကြဆဲပင်။ ကန့်လန့်ကာနောက်ကွယ်မှ လိမ်လည်လှည့်ဖြားမှုများ ရှိလာမည်ကို သူတို့ စိုးရိမ်နေကြ၏။
အကယ်၍ ရလဒ်များကိုပါ လှည့်စားပါက အထက်တန်းလွှာ ကျောင်းသူများက ကျောင်းကို မီးရှို့ပစ်ရန်ပင် သဘောတူညီချက် တစ်ခု ပြုလုပ်လိုက်ကြသည်။
ကြေညာသင်ပုန်းရှေ့ရှိ လူအုပ်ကြီးမှာ ပို၍ပို၍ ကြီးမားလာ၏။ အထက်တန်းလွှာ ကျောင်းသားများသာမက စာမေးပွဲ မစတင်သေးသည့် အရပ်သား ကျောင်းသား များစွာလည်း လာရောက် စုရုံးနေကြသည်။
ကျောင်းသားများသာမက တော်ဝင်မြို့တော် တစ်ခုလုံးသည်လည်း ဆိုလွန်၏ နောက်ဆုံးရလဒ်များကို စောင့်ဆိုင်းနေကြ၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စ၌ ကြီးမားလှသည့် လောင်းကြေးတစ်ခု ၊ မိုင်ငါးရာကျယ်ဝန်းသည့် ပိုင်နက်နယ်မြေ တစ်ခုနှင့် ရွှေဒင်္ဂါး သိန်းပေါင်းများစွာရှိသော ဧရာမ လောင်းကစားငွေများ ပါဝင်ပတ်သက်နေသောကြောင့်ပင်။
ကြေညာမည့်အချိန် နီးကပ်လာသည်နှင့်အမျှ ကြေညာသင်ပုန်းရှေ့၌ လူတစ်ထောင်ကျော်ခန့်ဖြင့် ပြည့်နှက်နေတော့၏။
နောက်ဆုံး၌ အချိန်ကျရောက်လာသည်။
“သူ လာပြီ။ သူ လာနေပြီ။” လူအုပ်ကြီးတို့က စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်။ ကျောင်းအုပ်ကြီး ကျန်းယုံက ရွှေရောင် စာလိပ်ကြီးတစ်ခုကို ကိုင်ဆောင်လျက် လျှောက်လာ၏။ သူ၏ မျက်နှာမှာ အလွန်တည်ကြည်နေပြီး အမူအရာက အနည်းငယ် မည်းမှောင်နေသည်။
ဆူညံနေသည့် လူအုပ်ကြီးကို မြင်လိုက်ရသည့်အခါ ကျန်းယုံက မျက်မှောင်ကျုံ့လိုက်၏။ သူ ကြေညာသင်ပုန်းအောက်၌ ရပ်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ဒီဘွဲ့ယူစာမေးပွဲမှာ ထိပ်ဆုံး အဆင့် ၁၀ နေရာရတဲ့ ကျောင်းသားတွေက နိုင်ငံတော်ရဲ့ အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရလိမ့်မယ်။”
ထို့နောက် ခေါင်းမော့ကာ ကျယ်လောင်စွာ ကြေညာလိုက်၏။
“အထက်တန်းလွှာ အကယ်ဒမီက ထိပ်ဆုံး အဆင့်ဆယ်နေရာရတဲ့ ကျောင်းသားတွေကတော့…”
**--**--**--**--**--**--**--**
“အဆင့် တစ်ဆယ် ၊ ဖုန်းရီကျိုး… စုစုပေါင်း ရမှတ် ၅၂၅ မှတ်။”
“အဆင့်ကိုး ၊ ထျဲလုံ… စုစုပေါင်း ရမှတ် ၅၂၈ မှတ်။”
“အဆင့်ရှစ် ၊ ဒိုရို… စုစုပေါင်း ရမှတ် ၅၃၂ မှတ်။”
ကျန်းယုံ ထိပ်ဆုံး ဆယ်ယောက်စာရင်းကို ဆက်လက် ဖတ်ပြနေသော်လည်း အစောပိုင်း အမည်များကို မည်သူကမှ ဂရုမစိုက်ကြချေ။ သူတို့ အမှန်တကယ် ကြားချင်နေသည့် အမည်တစ်ခုကိုသာ စောင့်ဆိုင်းနေကြ၏။
ဤတစ်ကြိမ်၌ ဆိုလွန်၏ စွမ်းဆောင်ရည်မှာ အံ့မခန်းဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။ သို့သော် သူ၏ ရန်သူများ ယခင်က ကစားခဲ့သည့် ညစ်ပတ်သော လှည့်ကွက်များကို ထည့်သွင်း စဉ်းစားလိုက်မည်ဆိုပါက နောက်ဆုံးရမှတ်များကို မလှည့်စားဟု မည်သူက အာမခံနိုင်မည်နည်း။
“တတိယနေရာ ၊ ကျိမင်… စုစုပေါင်း ရမှတ် ၅၃၉ မှတ်။”
ထိုအမည်ကို ကြေညာလိုက်ချိန်၌ ရှိနေသူအများစုက ကျိမင်ကို ချက်ချင်း လှမ်းကြည့်လိုက်ကြ၏ အထူးသဖြင့် အထက်တန်းလွှာ ကျောင်းသူလေးများပင်။ ကျိနင်က ဤစာမေးပွဲ၌ ပါဝင်သည့် တစ်ဦးတည်းသော တော်ဝင်မိသားစုဝင် ဖြစ်၏။
လူအုပ်ကြီးက သူ့အား ဝိုင်းကြည့်နေသည်ကို မြင်လိုက်ရသောအခါ ကျိမင် ကောင်းစွာ လေ့ကျင့်ထားသည့် အပြုံးတစ်ခုကို ဆင်မြန်းကာ လူအုပ်ကြီးကို လက်ပြလိုက်သည်။
ငယ်စဉ်ကတည်းက တော်ဝင် အမူအကျင့်ဆိုင်ရာ လေ့ကျင့်မှုများကို ရရှိထားသောကြောင့် သူ၏ ပြုမူပုံမှာ အလွန် ယဉ်ကျေးပျူငှာလှ၏။
သို့သော် လူအုပ်ကြီးက သူ့အား တစ်ချက်မျှသာ လှမ်းကြည့်ပြီးနောက် အကြည့်များကို ပြန်လွှဲသွားကြသည်။
အထက်တန်းလွှာ ကျောင်းသူလေးများပင် သူ့အား အေးစက်စွာ ကြည့်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ဆိုလွန်အား ဖိနှိပ်ရန် ကြိုးပမ်းမှု၌ တော်ဝင်မိသားစုက အရှက်ရဖွယ် အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့်ပင်။
“ဒုတိယနေရာ ၊ ထူလင်းတိ… စုစုပေါင်း ရမှတ် ၅၄၇ မှတ်။”
ထိုအမည်ကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် ကျောင်းသားများက လူအုပ်ထဲ၌ သူမကို စတင် ရှာဖွေလိုက်ကြသည်။
ထူလင်းတိဆိုသူမှာ မြို့စားကြီး တစ်ဦး၏ သမီးဖြစ်ပြီး အထက်တန်းလွှာ ကျောင်း၌ အလှဆုံး မိန်းကလေးလည်း ဖြစ်၏။
သူမသည် အလှအပကြောင့် ကျော်ကြားသော်ငြား အကယ်ဒမီ၌ အချိန်ဖြုန်းလေ့ သိပ်မရှိချေ။ ထို့အစား သိုင်းပညာ လေ့ကျင့်ရန် နေရာအနှံ့သို့ ခရီးသွားလေ့ရှိပြီး သူမကို ခြေရာခံရန်ဆိုသည်မှာ နဂါးတစ်ကောင်ကို ဖမ်းရသကဲ့သို့ ခက်ခဲလှ၏။
မျှော်လင့်ထားသည့်အတိုင်းပင် သူမ ဤနေရာ၌ မရှိချေ။
စာမေးပွဲများ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ကျောင်းမှ ထွက်ခွာသွားလေပြီ။ ထို့အတွက်ကြောင့် သူမနှင့် ဆိုလွန်တို့က ကျောင်းနေဖက်များ ဖြစ်ကြသော်ငြား အမှန်တကယ် တစ်ကြိမ်မျှ ဆုံတွေ့ဖူးခြင်း မရှိကြပေ။
ပထမ စာမေးပွဲ နှစ်ခုအတွင်း၌လည်း စာမေးပွဲ စတင်သည်နှင့် နောက်ပေါက်မှ ဝင်လာပြီး မပြီးဆုံးမီမှာပင် ထွက်ခွာသွားခြင်း ဖြစ်၏။
“ပထမနေရာ…” ကျန်းယုံ ခေါင်းမော့ကာ လူအုပ်ကြီးကို ကြည့်လိုက်ပြီး အမည်ကို ဖြည်းညှင်းစွာ ဖတ်ပြလိုက်သည်။
“ဆိုလွန်… စုစုပေါင်း ရမှတ် ၅၆၇ မှတ်။”
ချက်ချင်းပင် အကယ်ဒမီ တစ်ခုလုံး၌ အောင်ပွဲခံ အော်ဟစ်သံများ ပေါက်ကွဲထွက်လာကြသည်။
ဆိုလွန်အနေဖြင့် အမှတ်ကောင်း ရမည်ဟု မျှော်လင့်ထားကြသော်ငြား အမှန်တကယ် ကိန်းဂဏန်းကို ကြားလိုက်ရသောအခါ လူတိုင်းကို လုံးဝ တုန်လှုပ်သွားစေ၏။
အပြည့်အမှတ် ၆၀၀ ၌ ဆိုလွန်က အံ့မခန်း ၅၆၇ မှတ်အထိ ရရှိခဲ့ခြင်းပင်။ လွန်ခဲ့သည့် လအနည်းငယ်ကခန့်ပင် ဆိုလွန်တစ်ယောက် အဆင့်သတ်မှတ်ချက်များ၌ နောက်ဆုံးအဆင့်၌ ရှိနေခဲ့သေးသည် မဟုတ်လော။
တော်ဝင်မိသားစုက သူ့အား ဖိနှိပ်ရန် ကြိုးပမ်းနေသည့်တိုင် သူက ဤမျှ မဖြစ်နိုင်လောက်အောင် မြင့်မားသော ရမှတ်ကို ရရှိလိုက်ဆဲပင်။
ထူလင်းတိကို တော်ဝင်မြို့တော် တစ်ခုလုံး၌ အကောင်းဆုံး ကျောင်းသူအဖြစ် အားလုံးက သတ်မှတ်ထားကြ၏။ သို့သော် ဤတစ်ကြိမ်၌မူ ဆိုလွန်၏ ရမှတ်က သူမထက်ပင် အမှတ် ၂၀ ပိုများနေသည်။
မကြာမီမှာပင် ဆိုလွန်၏ အသေးစိတ် ရမှတ်များကို သူတို့အားလုံး မြင်တွေ့လိုက်ကြရသည်။
ပထမအဆင့်။ အခြေခံသီအိုရီ ၁၇၂ မှတ် (အပြည့်အမှတ် ၂၀၀)
ဒုတိယအဆင့်။ နိုင်ငံရေး စာစီစာကုံး ၉၅ မှတ် (အပြည့်အမှတ် ၁၀၀)
တတိယအဆင့်။ အနုပညာ ၁၀၀ မှတ် (အပြည့်အမှတ် ၁၀၀)
စတုတ္ထအဆင့်။ သိုင်းပညာနှင့် လေးအတတ် (ရပ်တန့်နေသည့် ပစ်မှတ် ၁၀၀ မှတ်။ ရွေ့လျားနေသည့် ပစ်မှတ် ၁၀၀ မှတ်။)
ဤစာမေးပွဲများထဲမှ နှစ်ခု၌ ဆိုလွန်၏ ရလဒ်များက တော်ဝင်မြို့တော်ရှိ ကျောင်းသားများအတွက် သမိုင်းဝင် စံချိန်သစ်များကို တင်နိုင်ခဲ့သည်။
နိုင်ငံရေး စာစီစာကုံး စာမေးပွဲ၌ သမိုင်းတစ်လျှောက် အမြင့်ဆုံးရမှတ်မှာ ၉၂ မှတ်ဖြစ်သော်လည်း ဆိုလွန်ကမူ ၉၅ မှတ်ဖြင့် စံချိန်အသစ်ကို ရေးထိုးနိုင်ခဲ့၏။
အပိုင်း ၁၂၃ + ၁၂၄ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team