အခန်း (၁၂၅+၁၂၆)
Vol. 13 Ch. 125-+126
အပိုင်း ၁၂၅ + ၁၂၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အနုပညာဘာသာရပ် သမိုင်းတစ်လျှောက်၌ အမြင့်ဆုံးရမှတ်မှာ ၉၀ မှတ်သာ ဖြစ်သည်။ သို့သော် ဆိုလွန်ကမူ အမှတ်ပြည့် ၁၀၀ ကို ရရှိခဲ့၏။
သိုင်းပညာဘာသာရပ်၌ အမှတ်ပြည့်ရသည့် ကျောင်းသားများကို အတော်လေး တွေ့ရတတ်သည်။ သို့သော် ဆိုလွန်ကမူ ကွာခြား၏။ သူ အမြင်အာရုံ လုံးဝ ဆုံးရှုံးသွားသည့်တိုင် လေးပစ်စာမေးပွဲ၌ အမှတ်ပြည့် ရရှိလိုက်ဆဲပင်။
ဤသည်က သာမန် အံ့ဖွယ်ကိစ္စတစ်ခု မဟုတ်တော့ချေ။ လုံးဝကို အံ့မခန်း အံ့ဖွယ်ကိစ္စကြီးပင်။ ဤသမိုင်းဝင် အောင်မြင်မှုမျိုးသည် ယခင်က လုံးဝ မရှိခဲ့ဖူးသည့်အပြင် အနာဂတ်၌လည်း မည်သူကမှ ထပ်မံစွမ်းဆောင်နိုင်မည် မဟုတ်ချေ။
ကြေညာသင်ပုန်းထက်မှ ကောင်းကင်ကို အန်တုနေသည့် ရမှတ်ကို ကြည့်ရင်း အထက်တန်းလွှာ ကျောင်းသားများမှာ အံ့ဩမှင်သက်သွားကြကာ ဒူးထောက်၍ ဦးညွှတ်ချင်စိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာကြသည်။ ဆိုလွန်က ကောင်းကင်ဘုံ၏ အလိုကို အမှန်တကယ်ပင် အန်တုလိုက်ခြင်းပင်။
**--**--**--**--**--**--**--**
တော်ဝင်အကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲ၌ ဆိုလွန် ပထမရသွားသည်ဆိုသည့် သတင်းက ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ တော်ဝင်မြို့တော် တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။
ချက်ချင်းဆိုသလိုပင် မြို့တော် တစ်ခုလုံး ရူးသွပ်သွားကြသည်။ ဆိုလွန်နှင့် မင်းသမီး ကျိနင်တို့၏ လောင်းကြေးကိစ္စမှာ ရက်အတော်ကြာကတည်းက ပွက်လောညံနေခဲ့ခြင်း ဖြစ်၏။ ယနေ့၌မူ နောက်ဆုံးရလဒ် ထွက်ပေါ်လာလေပြီ။
သူတို့အားလုံးက ဆိုလွန်ရှုံးလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော်လည်း ဆိုလွန်က နေမင်းကြီးအနောက်ဘက်မှ ထွက်လာသကဲ့သို့ မယုံချင်စရာကောင်းလှသည့် အံ့ဖွယ်အမှုမျိုးကို လုပ်ပြခဲ့၏။
နောက်ဆုံး စာမေးပွဲ၌ ဆိုလွန်တစ်ယောက် အမြင်အာရုံများ ဆုံးရှုံးသွားခဲ့သော်ငြား လေးပစ်စာမေးပွဲ၌ အမှတ်ပြည့် ရကြောင်း ကြားလိုက်ရသောအခါ လူအများ အထူးတလည် တုန်လှုပ်သွားကြ၏။ အစပိုင်း၌ မည်သူကမှ မယုံရဲကြချေ။ သူတို့အားလုံး လုံးဝ ဆွံ့အသွားကြသည်။
ယခင်က မြို့တော်ရှိ အရပ်သားများက ထိုကိစ္စကို ပွဲကြည့်သော သဘောမျိုးသာ သဘောထားခဲ့ကြ၏။ သို့သော် ယခုအခါ သူတို့ အမှန်တကယ် တုန်လှုပ်သွားကြပြီး ဆိုလွန်၏ ကံကြမ္မာကို စတင် ဂရုစိုက်လာကြသည်။
သူ့နေရာ၌ အခြားသူ တစ်ယောက်ယောက်သာ ဆိုလျှင် ထိုဖိအားများအောက်၌ လုံးဝ ပြိုလဲသွားပေလိမ့်မည်။ သို့သော် ဆိုလွန်ကမူ တုန်လှုပ်ဖွယ် ကောင်းလှသည့် ကိစ္စမျိုးကို ပြုလုပ်နိုင်ခဲ့သည်။ လက်ရှိအချိန်၌ သူ့အား မည်သည့်အရာက တားဆီးနိုင်တောအမည်နည်း။
လက်ရှိအချိန်၌ ဆိုလွန်၏ ရလဒ်များက တရားဝင် ဖြစ်သွားပြီဖြစ်ရာ လူတိုင်း၏ အကြည့်များက တော်ဝင်မိသားစုထံသို့ ရောက်ရှိလာကြ၏။
ဘုရင်မင်းမြတ်က ဆိုလွန်အား အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ပေးအပ်ရမည်ဖြစ်ပြီး ထျန်းရွှေမြို့စား ဘွဲ့နှင့် မြို့စားရာထူးကို တရားဝင် ချီးမြှင့်ရမည် ဖြစ်သည်။
အကယ်၍ တော်ဝင်မိသားစုက ထိုသဘောတူညီချက်ကို ဖျက်ဆီးပါက မြို့တော်ရှိ လူတစ်သန်းကျော်၏ ငြင်းပယ်မှုနှင့် ရွံရှာမှုကို ခံရမည် ဖြစ်၏။ ထုံးစံအရ ဘွဲ့ယူစာမေးပွဲ ပြီးဆုံးပြီး ခြောက်ရက်အကြာ၌ ဘွဲ့နာမများကို တရားဝင် ချီးမြှင့်ရမည် ဖြစ်သည်။ ထိုနေ့ရောက်လျှင် တော်ဝင်မိသားစုက ကတိဖျက်မည်လား ၊ မဖျက်ဘူးလားဆိုသည်ကို လူတိုင်းက အနီးကပ် စောင့်ကြည့်နေကြပေလိမ့်မည်။
**--**--**--**--**--**--**--**
မင်းသမီး ကျိနင်၏ နန်းဆောင်အတွင်း သွေးအန်ပြီးနောက် မင်းသမီး၏ လှပသည့် မျက်နှာလေးမှာ ဖြူရော်နေကာ အားနည်းနေပုံပေါ်၏။
သူမ၏ အခန်းအပြင်ဘက်၌ ငွေရောင်ကာစီနို၏ သူဌေးက မြေပြင်ပေါ်၌ ဒူးထောက်နေပြီး သူ၏ မျက်နှာများမှာလည်း ပြာနှမ်းနေကာ ခြေထောက်များက ထိန်းမရအောင် တုန်ယင်နေသည်။
ဆိုလွန်၏ ရလဒ်များ ထွက်ပေါ်လာသောအခါ သူဌေးဖြစ်သူမှာ နေရာ၌ပင် သတိလစ်မတတ် ဖြစ်သွားရ၏။ ဆိုလွန်၏ အနိုင်ရလဒ်ကြောင့် ကာစီနိုမှာ အလွန်တရာ များပြားလှသည့် ရွှေဒင်္ဂါးများကို ပေးချေရတော့မည် ဖြစ်သည်။
ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။ ကောင်းကင်မှ ကျလာသည့် အလကားရမည့် ငွေများဟု သူထင်ထားခဲ့သောအရာက သူ့ကို တစ်စစီ ဝါးမျိုမည့် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားလေပြီ။
ကျိနင်က မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။ “ဆိုလွန် နိုင်မယ်ဆိုတဲ့အပေါ် ရွှေဒင်္ဂါး ဘယ်လောက် လောင်းထားကြလဲ။”
ကာစီနိုသူဌေးက စိုးရိမ်တကြီးဖြင့် ပြန်ဖြေလိုက်၏။ “၁၅၃၂၃ ပြားပါ။”
ကျိနင်၏ အမြင်အာရုံများ မည်းမှောင်သွားကာ မူးဝေသွားသည်။ ဤသည်မှာ သူမအနေဖြင့် ရွှေဒင်္ဂါး တစ်သိန်းခွဲကျော် ပေးချေရတော့မည်ဟု ဆိုလိုခြင်းပင်။
ဤသည်က ပြည်နယ်တစ်ခုလုံး၏ တစ်နှစ်စာ အခွန်ငွေစုစုပေါင်းနှင့် ညီမျှပြီး ကာစီနို၏ စုစုပေါင်း ပိုင်ဆိုင်မှုထက် ငါးဆပိုများနေသည်။
ဤမျှကြီးမားသော ပမာဏကို ပေးချေရန် သူမအနေဖြင့် မြို့တော် ရွှေပွဲစားလုပ်ငန်းမှ ရန်ပုံငွေများကို အသုံးပြုရမည် ဖြစ်၏။ ဤမျှများပြားသည့် ရွှေဒင်္ဂါးများ ဆုံးရှုံးသွားခြင်းက သူမနှင့် ကျိလီတို့ကြား၌ ကြီးမားသော ပြဿနာတစ်ခုကို ဖြစ်ပေါ်လာစေလိမ့်မည်။
မင်းသားကျိလီ၏ နန်းပုလ္လင်ကို ခိုင်မာစေရန်အတွက် သူမ၏ ငွေကြေးများက အလွန်တရာ အရေးကြီးလှသည်။ ထျန်းရွှေမြို့ ပုန်ကန်မှုအတွက် ထိုလောဘကြီးလှသော အထက်တန်းလွှာ မြို့စားကြီးများကို စစ်စရိတ်အဖြစ် ရွှေဒင်္ဂါး သောင်းချီကို သူမ ပေးချေပြီး ဖြစ်သည်။
မိသားစုဝင်များကို လာဘ်ထိုးရသည်ကလည်း နှစ်စဉ် ငွေကြေး အမြောက်အမြား ကုန်ကျသည်။ တောင်တစ်သောင်း တောင်တန်းနှင့် တောင်ပိုင်း လူရိုင်းတိုက်ကြီးတို့၌ အစီအစဉ်များ ပြုလုပ်ရန်လည်း ဧရာမ ရန်ပုံငွေများ လိုအပ်၏။
သူမ၏ အင်အားကြီးမားလှသည့် မြေအောက်ထောက်လှမ်းရေး ကွန်ရက်ကို ထိန်းသိမ်းရန်လည်း ငွေကြေးအမြောက်အမြား ကုန်ကျသေးသည်။
သို့သော် သူမ၏ အကြီးမားဆုံး ကုန်ကျစရိတ်မှာ စစ်တပ်တစ်ခုကို လျှို့ဝှက်လေ့ကျင့်ပေးနေရခြင်း ဖြစ်၏။ သူမထံ၌ ရွှေဒင်္ဂါးများစွာ ရှိသော်ငြား တစ်ပြားချင်းစီတိုင်း၌ သီးခြား အသုံးပြုစရာ ရှိနေသည်။ လက်ရှိအချိန်၌ ရွှေဒင်္ဂါး သိန်းချီ၍ ပေးချေလိုက်ရခြင်းက အမှန်တကယ် ပြင်းထန်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေပေလိမ့်မည်။
ကာစီနိုသူဌေးက တုန်ယင်နေသည့် အသံဖြင့် မေးလိုက်၏။ “ကျွန်တော်တို့… ဒီလောင်းကစားအကြွေးကို မဆပ်ဘဲ နေလိုက်လို့ရမလား။”
ကျိနင်က အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ “တုံးအလိုက်တာ။ ရွှေဒင်္ဂါးတွေက ပိုအရေးကြီးသလား ၊ ဒါမှမဟုတ် မင်းသား ကျိလီရဲ့ ဂုဏ်သိက္ခာက ပိုအရေးကြီးသလား။”
သူဌေးဖြစ်သူက မြေပြင်ပေါ်သို့ ခေါင်းငုံ့ချလျက် ပြာပြာသလဲ ပြောလိုက်၏။ “ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ပါ။”
ကျိနင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ “ဒီရွှေဒင်္ဂါးတွေကို ငါအမြန်ဆုံး စုဆောင်းပေးမယ်။ အခု ထွက်သွားစမ်း။”
သူဌေးဖြစ်သူမှာ မြေပြင်ပေါ်၌ တရွတ်တိုက် တွားသွား၍ ထွက်ခွာသွား၏။
ကျိနင်က လေးနက်သောလေသံဖြင့် မေးလိုက်သည်။ “လီကျူး ၊ မြို့တော်ဘက်က တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ။ ဟိုမြို့စားကြီးတွေက ပင်မမြို့တော်ကို တိုက်ခိုက်နေကြတာ။ သူတို့လူ ၃၀၀၀၀ နဲ့ ဟိုဘက်က ခံစစ်တပ်သား ၁၀၀၀၀ ကို အလွယ်တကူ မနိုင်ဘူးလား။”
လီကျူးက တံခါးအပြင်ဘက်မှ ဦးညွှတ်လျက် လျှောက်တင်လိုက်၏။ “မင်းသမီး ၊ အဲဒီလောက် မြန်မှာ မဟုတ်ပါဘူး။ စစ်ပွဲက အခုမှ စရုံပဲ ရှိပါသေးတယ်။ ဆိုဟန်ရီက စစ်ရေးပါရမီရှင် တစ်ယောက်ပါ။ ရလဒ်ထွက်ဖို့ဆို အနည်းဆုံး နှစ်ပတ်လောက်တော့ အချိန်ယူရပါလိမ့်မယ်။”
ကျိနင်က သူမ၏ လှပသော မျက်လုံးများကို မှိတ်ကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားရင်း မေးလိုက်သည်။ “ဆိုလွန် လက်ရှိအချိန် ဘယ်လိုနေသေးလဲ။”
လီကျူးက ခေါင်းရမ်းလျက် ပြန်ဖြေလိုက်၏။ “သတိလစ်နေဆဲပါ။”
ကျိနင်က မျက်မှောင်ကြုတ်လျက် ဆက်မေးလိုက်သည်။ “အမြင်အာရုံ လုံးဝ ဆုံးရှုံးသွားမှာလား။”
လီကျူးက ခေါင်းညိတ်လျက် သေချာပေါက် ပြောလိုက်၏။ “ဟုတ်ပါတယ်။ ယောင်းယွဲ့ကိုယ်တိုင် လှုပ်ရှားခဲ့တာဆိုတော့ အမှားအယွင်းရှိမှာ မဟုတ်ပါဘူး”
ကျိနင်က သက်ပြင်းချလျက် ရေရွတ်လိုက်သည်။ “ဒါဆို ကောင်းတာပေါ့… ကောင်းပါတယ်။ သူက အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ပါ။ ဒါပေမဲ့ မျက်စိကန်းသွားရင်တော့ တစ်ခုခု အောင်မြင်ဖို့ဆိုတာ သူ့အတွက် အရမ်းခက်ခဲသွားပါလိမ့်မယ်။”
ကျိနင်တစ်ယောက် ဖြူရော်ကာ ပင်ပန်းနွမ်းနယ်နေသည်ကို မြင်လိုက်ရသောအခါ လီကျူးက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တိုးညှင်းစွာ သတိပေးလိုက်၏။ “ရလဒ်တွေလည်း ထွက်လာပြီဆိုတော့… မင်းသမီး သေချာ အိပ်သင့်တယ် မဟုတ်ဘူးလား။”
အစေခံတစ်ယောက်အနေဖြင့် ဤသို့ပြောရန် မသင့်တော်သော်ငြား သူ၏ နှလုံးသားက သူမအတွက် အမှန်တကယ် နာကျင်နေရသည်။
ကျိနင်က အားနည်းစွာ တုံ့ပြန်လိုက်၏။ “ကောင်းပါပြီလေ။”
ထို့နောက် သူမ အခန်းထဲသို့ ဝင်သွားကာ ကုတင်ပေါ်တက်၍ စောင်များအောက်၌ ကွေးကွေးလေး အိပ်လိုက်သည်။
ပုံမှန်အားဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်၌ အဝတ်အစား တစ်ထည်ရှိနေလျှင်ပင် သူမ အိပ်မပျော်နိုင်ချေ။ သို့သော် လက်ရှိအချိန်၌ ထိုအရာများက အရေးမကြီးတော့ပေ။ သူမ စကတ်ကိုပင် မချွတ်တော့ဘဲ ကုတင်ပေါ်သို့ တက်သွားကာ ကျော့ရှင်းလှသည့် ခန္ဓာကိုယ်လေးကို ကွေးလိုက်၏။
သို့သော် သူမ အိပ်မပျော်နိုင်ချေ။ သူမ၏ တစ်သက်နှင့် တစ်ကိုယ် ဤမျှ စိတ်ပျက်ဖွယ်ကောင်းအောင် ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။
လက်ရှိအချိန်၌ မြို့တော်ရှိ အရပ်သားအားလုံး သူမအကြောင်း ပြောနေကြမည်ကို သူမ သိထားသည်။ သူမနှင့် ဆိုလွန်တို့ ပြုလုပ်ခဲ့သော လောင်းကြေးကြောင့် ကောလာဟလများ မည်သို့ ပြန့်နှံ့နေမည်ကို သူမ စိတ်ကူးပင် မကြည့်ချင်တော့ချေ။
ထိုညစ်ညမ်းသည့် စိတ်ကူးရှိသော အမျိုးသားများ၏ ပါးစပ်ဖျား၌ ဆိုလွန်က သူမအား မည်သို့ ကြမ်းတမ်းစွာ စော်ကားခဲ့ကြောင်း ဇာတ်လမ်းပေါင်းများစွာ ဖန်တီးနေကြလောက်ပြီ ဖြစ်၏။
သူမ၏ ဖြူစင်သည့် ပုံရိပ်နှင့် ပြီးပြည့်စုံသော ဂုဏ်သိက္ခာတို့မှာ ပြင်ဆင်၍ မရနိုင်တော့လောက်အောင် ပျက်စီးသွားလေပြီ။
သခင်မဖြစ်သူ၏ စိတ်ပိုင်းဆိုင်ရာ သောကများကို အာရုံခံမိသောအခါ လီကျူးက သူမ၏ တံခါးအပြင်ဘက်၌ တင်ပျဉ်ခွေထိုင်ကာ စိတ်တည်ငြိမ်ခြင်း ကျင့်စဉ်ကို တိတ်ဆိတ်စွာ ကျင့်ကြံလိုက်၏။
ဖြည်းညှင်းစွာပင် ကျိနင်၏ အသက်ရှူသံများ တည်ငြိမ်လာပြီး နောက်ဆုံး၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
မည်မျှကြာအောင် အိပ်ပျော်သွားသည်ကို မသိသော်ငြား ရုတ်တရက် ကျိနင်တစ်ယောက် စောင်အောက်၌ တုန်ယင်လာပြီး ပြင်းထန်စွာ ရုန်းကန်လိုက်သည်။
သူမက အထိတ်တလန့် ရေရွတ်လိုက်၏။ “ဟင့်အင်း… ငါမလုပ်ချင်ဘူး… ဆိုလွန်… မလုပ်ပါနဲ့… ငါ့ကို လွှတ်ပေးပါ… ငါတောင်းပန်ပါတယ်… ငါ့ကို လွှတ်ပေးပါ။”
သူမ ထိုအိပ်မက်ဆိုးကို ထပ်ပြီးမက်နေခြင်း ဖြစ်ပြီး ဤတစ်ကြိမ်၌ ပို၍ပင် ဆိုးရွားနေသည်။
အိပ်မက်ထဲ၌ ဆိုလွန်က သူမ၏ အဝတ်အစားများကို ချွတ်ပစ်ကာ မြေပြင်ပေါ်သို့ အရှက်ရဖွယ် ဖိချလိုက်ပြီး ရိုင်းစိုင်းကြမ်းတမ်းစွာ ရိုက်နှက်နေ၏။ အိပ်မက်ထဲ၌ သူမ၏ ခွန်အားများအားလုံး ပျောက်ဆုံးနေပြီး သူမ လုပ်နိုင်သည်မှာ ရှိုက်ကြီးတငင် ငိုကြွေးကာ သနားညှာတာရန် တောင်းပန်ခြင်းသာ ဖြစ်သည်။
သို့သော် ဆိုလွန်က ပို၍ပြင်းပြင်းထန်ထန်နှင့် ပို၍ ရက်စက်စွာ ရိုက်နှက်နေ၏။ နောက်ဆုံး၌ သူက သူမ၏ လည်ပင်းကို ခက်ထန်စွာ ဆွဲကိုင်လိုက်ပြီး သူမ၏ နားထဲသို့ အေးစက်စွာ တီးတိုးဆိုလိုက်သည်။ “ကျိနင် ၊ ငါ မင်းကို ပြောထားတယ်လေ။ မင်းကို ဖျက်ဆီးပြီးရင် ငါ မင်းကို သတ်ပစ်မယ်လို့။”
ထို့နောက် အိပ်မက်ထဲမှ ဆိုလွန်က သူမ၏ ခါးကို ပြင်းထန်စွာ ဖိချလိုက်ပြီး ဒူးထောက်စေကာ သူမ၏ ခြေထောက်များကို ဆွဲဖြဲလိုက်၏။ စိတ်ကူးကြည့်နိုင်သမျှ အကြမ်းတမ်းဆုံးနှင့် အရက်စက်ဆုံး နည်းလမ်းဖြင့် သူမအား စော်ကားလိုက်သည်။
ထိုစဉ် လက်တွေ့ကမ္ဘာ၌ ကျိနင်၏ ခန္ဓာကိုယ်လေးမှာ စောင်များအောက်၌ ပြင်းထန်စွာ တုန်ယင်နေ၏။ သူမ၏ စိတ်နှင့် ခန္ဓာကိုယ်မှ ပြင်းထန်လှသည့် ခံစားချက် လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။
စူးရှသည့် အော်ဟစ်သံတစ်ခုနှင့်အတူ ကျိနင် ရုတ်တရက် နိုးထလာ၏။
နောက်တစ်ဖန် ပြင်းထန်လှသည့် အိပ်မက်ဆိုးက သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ကို နာကျင်ဖွယ် အထွတ်အထိပ်သို့ ရောက်ရှိသွားစေခဲ့သည်။
စကတ်အောက်မှ စေးကပ်ကပ်အရည်ကို ခံစားမိရင်း နောက်ဆက်တွဲအဖြစ် သူမ၏ ခန္ဓာကိုယ်လေး တုန်ယင်နေကာ ကျိနင်တစ်ယောက် နောက်ဆုံး၌ ပြိုလဲသွားရ၏။ သူမ စောင်ကို ဆုပ်ကိုင်ကာ အသံထွက်၍ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
သူမ အံကြိတ်လျက် ကြုံးဝါးလိုက်၏။ “ဆိုလွန် ၊ အရှက်မရှိတဲ့ လူယုတ်မာ။ နင်က ငါ့အိပ်မက်ထဲမှာတောင် ငါ့ကို နှိပ်စက်ပြီး အရှက်ခွဲသေးတယ်။ ဒီလမကုန်ခင် နင့်ကို ငါ အရှင်မထားဘူးလို့ ငါကျိန်တယ်။”
ထိုစဉ် သူမ၏ တံခါးအပြင်ဘက်မှ လျင်မြန်သည့် ခြေသံများကို ကြားလိုက်ရသည်။
ကျိနင်က မျက်မှောင်ကျုံ့လျက် မေးလိုက်၏။ “လီကျူး ၊ အခု ဘယ်အချိန်ရှိပြီလဲ။ ဘာဖြစ်လို့လဲ။”
လီကျူးက အလျင်အမြန် ပြန်ဖြေသည်။ “မွန်းတည့်နေပါပြီ။ မြို့တော်က စာကလေးပျံကတစ်ဆင့် အရေးပေါ် သတင်းပို့လာလို့ပါ။”
ကျိနင်က စိုးရိမ်တကြီး မေးလိုက်၏။ “တိုက်ပွဲ ရလဒ်ထွက်ပြီလား။ ပင်မမြို့တော်ကို သူတို့ သိမ်းနိုင်ပြီလား။”
လီကျူးက လေးနက်သည့် လေသံဖြင့် ရှင်းပြလိုက်သည်။ “မနေ့က နေ့ခင်းဘက်မှာ ဆိုဟန်ရီက ခံစစ်အတွက် စစ်သား ၆၀၀၀ နဲ့ ပြည်သူ့စစ် ၄၀၀၀ ကိုပဲ သုံးခဲ့ပြီး သူ့မှာ တပ်သား မကျန်တော့ဘူးဆိုတဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့တာပါ။”
“အဲဒီ တပ်သား ၁၀၀၀၀ ကို အားကိုးပြီး ပုန်ကန်သူ ၃၀၀၀၀ ရဲ့ တိုက်ခိုက်မှု ငါးကြိမ်ကို တောင့်ခံနိုင်ခဲ့ပြီး နှစ်ဖက်စလုံး အသေအပျောက် များခဲ့ပါတယ်။ ဒါပေမဲ့ ညကျတဲ့အခါ ဆိုဟန်ရီနဲ့ ယန်နူက ဝှက်ထားတဲ့ လက်ရွေးစင် စစ်သည် ၄၀၀၀ ကို ဦးဆောင်ထွက်လာခဲ့တယ်။ သူတို့က ညဘက် ရုတ်တရက် ဝင်စီးပြီး ပုန်ကန်သူတွေကို သတ်ဖြတ်ခဲ့လို့ လူ ၂၀၀၀၀ ကျော်လောက် ထိတ်လန့်တကြား ထွက်ပြေးသွားရပါတယ်။”
ကျိနင်၏ စိတ်အာရုံများ ချက်ချင်း ဗလာကျင်းသွားရ၏။
သူမ ရွှေဒင်္ဂါး သောင်းချီ အကုန်အကျခံပြီး တပ်ဆင်ပေးထားရသည့် ပုန်ကန်သူတပ်သား ၃၀၀၀၀ မှာ ဆိုဟန်ရီ၏ လက်ချက်ဖြင့် ဤသို့ပင် ပျက်စီးသွားရသည်လော။
လူ ၂၀၀၀၀ ကျော်ရှိသည့် စစ်တပ်တစ်ခုက လူ ၄၀၀၀ ခန့်ဖြင့် မောင်းထုတ်ခံရပြီး ဆိုးရွားစွာ ရှုံးနိမ့်သွားရသည်လော။
ကျိနင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “အသုံးမကျတဲ့ကောင်တွေ။ လုံးဝ အသုံးမကျတဲ့ အမှိုက်ကောင်တွေပဲ။ အားးးး”
ဖိအားများက နောက်ဆုံး၌ သူမ၏ သည်းခံနိုင်စွမ်းထက် ကျော်လွန်သွားလေပြီ။ ရင်ဘတ်ထဲ၌ စူးရှသည့် နာကျင်မှုတစ်ခုနှင့်အတူ လည်ချောင်းထဲမှ ချိုမြိန်မြိန် အရသာတစ်ခုကို ခံစားလိုက်ရ၏။
ကျိနင် သွေးတစ်ပွက်ကို အန်ချလိုက်ရပြီး နေရာ၌ပင် မူးမေ့ကာ သတိလစ်သွားတော့သည်။
အပိုင်း ၁၂၅ + ၁၂၆ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team