အခန်း (၁၂၇+၁၂၈)
Vol. 13 Ch. 127+128
အပိုင်း ၁၂၇ + ၁၂၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
နှစ်နာရီခန့် သတိလစ်သွားပြီးနောက် အိမ်တော်ရှိ ကျွမ်းကျင်သူ အမျိုးသမီးတစ်ဦးက နဂါးစွမ်းအားဖြင့် ကုသပေးလိုက်သည့်အတွက် ကျိနင် သတိရလာသည်။
အကယ်၍သာ ဆိုလွန် ဤနေရာ၌ ရှိနေလျှင် ထိုအမျိုးသမီးကို သေချာပေါက် မှတ်မိပေလိမ့်မည်။
ထိုအမျိုးသမီး၏ အမည်မှာ ယောင်းယွဲ့ဖြစ်၏။ ဆိုလွန်၏ အမြင်အာရုံကို ဖျက်ဆီးခဲ့သည့် ကောင်မလေးပင်။ အသူရာမိစ္ဆာကြယ်သာ မရှိလျှင် ဆိုလွန်တစ်ယောက် ရာသက်ပန် မျက်စိကန်းသွားပေလိမ့်မည်။
ယောင်းယွဲ့၌ သေးသွယ်လှပသည့် ခန္ဓာကိုယ်လေးရှိပြီး သာမန် အသက် ၁၃ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်သာ တူ၏။ နူးညံ့လှပသော မျက်နှာလေးမှာမူ မြင်သူတိုင်း အလိုလို သနားကြင်နာမိစေလောက်သည့် အသက်ဆယ်နှစ်အရွယ် ကလေးငယ်လေးတစ်ယောက်နှင့်ပင် သွား၍ တူနေသေးသည်။
အသက်အစစ်အမှန်ကိုမူ ယောင်းယွဲ့ ကိုယ်တိုင်သာ သိပေလိမ့်မည်။
ကျိနင် နိုးလာသည်နှင့်တစ်ပြိုင်နက် ဂျင်ဆင်းစွပ်ပြုတ် ခွက်တစ်ဝက်ခန့်ကို သောက်လိုက်၏။ ထို့နောက် အားယူထိုင်လိုက်ရင်း ပြတ်သားစွာ ပြောလိုက်သည်။ "အစ်ကိုတော် ကျိလီဆီ သွားမှ ဖြစ်မယ်။"
ထို့နောက် အားနည်းနေသည့် ခန္ဓာကိုယ်ကို အတင်းဆွဲကာ ရထားလုံးတစ်စီးဖြင့် မင်းသားငယ်ကျိလီ၏ နန်းဆောင်ဆီသို့ ထွက်ခွာသွားလိုက်၏။
**--**--**--**--**--**--**--**
လက်ရှိအချိန်၌ တော်ဝင်မြို့တော် ကျစ်တူးမှာ စကားသံများဖြင့် စည်ကားလျက် ရှိနေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူတိုင်း၏ ပါးစပ်ဖျား၌ ရေပန်းစားနေသည်မှာ ဆိုလွန်ဟူသော အကြောင်းအရာ တစ်ခုတည်းသာ ဖြစ်၏။
ထုံးစံအတိုင်း အလွန်တရာ ကံကောင်းသွားသော လူဒါဇင်ပေါင်းများစွာလည်း ရှိနေကြသည်။
အဘယ်ကြောင့်ဆိုသော် မင်းသမီး ကျိနင်က ဧရာမ လောင်းကစားအကြွေးဖြစ်သည့် ရွှေဒင်္ဂါး တစ်သိန်းခွဲကို အမှန်တကယ် ပေးချေလိုက်ခြင်းကြောင့်ပင်။ ထိုလုပ်ရပ်က ထိခိုက်သွားသည့် ကျိနင်၏ ဂုဏ်သိက္ခာအချို့ကို ကောင်းမွန်လာစေရန် အထောက်အကူ ဖြစ်စေ၏။
ဆိုလွန်၏ အံ့မခန်း အနိုင်ရရှိမှု သတင်းကို မြို့စားကြီး ကျိထင် ကြားရသည့်အခါ လုံးဝ အံ့ဩမှင်သက်သွားရသည်။ အစပိုင်း၌ မယုံဘဲ လူလွှတ်၍ ထပ်တလဲလဲ အတည်ပြုခိုင်း၏။ နောက်ဆုံး အတည်ပြုချက် ရရှိပြီးနောက် အလွန်တရာ ဝမ်းသာရူးသွပ်သွားကာ ခြံဝင်းအတွင်း၌ အသံကျယ်ကြီးဖြင့် ရယ်မောနေတော့သည်။
ဆိုလွန် နိုင်မည်ဆိုသည့်ဘက်၌ ကျိထင်က ရွှေဒင်္ဂါး ၇၀၀၀ လောင်းထားသည်။ ကျိလီကို မနှစ်မြို့သော ကိုယ်ပိုင်ခံစားချက် သက်သက်ကြောင့်သာ ဤသို့ ပြုလုပ်ခြင်းဖြစ်ပြီး မူလက ထိုငွေများကို အလကား လွှင့်ပစ်လိုက်ခြင်းဖြစ်သည်ဟုပင် ထင်မှတ်ထားမိ၏။
သို့သော် မထင်မှတ်ထားစွာပင် ဆိုလွန်က ယခင်က လုံးဝမရှိဖူးသည့် အံ့ဖွယ်ကိစ္စတစ်ခုကို ဖန်တီးပြလိုက်သည်။ ထိုရွှေဒင်္ဂါး ၇၀၀၀ လောင်းကြေးက ရုတ်တရက် ရွှေဒင်္ဂါး ၇၀၀၀၀ အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
မြို့စားကြီး ကျိထင်မှာ အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝသော်လည်း ပိုင်ဆိုင်မှု အများစုမှာ မြေယာနှင့် အဆောက်အအုံများသာ ဖြစ်၏။ လက်ရှိ လက်ဝယ်၌ အသင့်ရှိနေသည့် ရွှေဒင်္ဂါးများမှာ သောင်းဂဏန်းမျှသာ ရှိသည်။
တော်ဝင်မြို့တော်၏ အလှမယ်ဆယ့်ကိုးဦးကို မြှင့်တင်ရန် ပြည့်တန်ဆာအိမ်များစွာနှင့် ပူးပေါင်းမည့် ဆိုလွန်၏ အစီအစဉ်မှာ အလွန်တရာ ကြီးကျယ်ခမ်းနားသည်။
သို့သော် ထိုအစီအစဉ်မှ ရရှိမည့် စုစုပေါင်း အမြတ်ငွေမှာ ရွှေဒင်္ဂါး ၂၀၀၀၀ မှ ၃၀၀၀၀ ကြားခန့်သာ ရှိ၏။
သို့သော် လက်ရှိအချိန်၌ ကျိထင်က ရွှေဒင်္ဂါး ၇၀၀၀၀ ကို ရရှိရာ လက်ငင်းငွေကြေး ပမာဏမှာ ချက်ချင်းဆိုသလို နှစ်ဆ တိုးသွားလေပြီ။
ကျိထင် အလွန်တရာ စိတ်လှုပ်ရှားလွန်းသဖြင့် အိမ်တော်တွင်း အကျယ်ချုပ်ချထားသော ဘုရင်မင်းမြတ်၏ အမိန့်ကိုပင် လျစ်လျူရှုမိမတတ် ဖြစ်သွား၏။ ထျန်းရွှေမြို့စား အိမ်တော်သို့ ပြေးသွားကာ ဆိုလွန်နှင့်အတူ သေမတတ် မူးယစ်သောက်စားချင်စိတ်များပင် ဖြစ်ပေါ်လာသည်။
သို့သော် နောက်ပိုင်း၌ ဆိုလွန်တစ်ယောက် သတိလစ်နေကာ ရာသက်ပန် မျက်စိကန်းသွားနိုင်ကြောင်း ကြားသိရသည်။ ထို့ကြောင့် ရူးသွပ်မတတ် ဝမ်းသာနေမှုများ အနည်းငယ် လျော့ကျသွား၏။
ထို့နောက် လက်ရှိအချိန်၌ ကျိလီနှင့် ကျိနင်တို့၏ မျက်နှာများ မည်မျှအထိ ပျက်ယွင်းနေမည်ကို တွေးမိလိုက်ရာ ကျိထင်တစ်ယောက် အလွန်တရာ ရယ်မောပျော်ရွှင်သွားတော့သည်။
ထုံးစံအတိုင်း သူ မည်သည့်အရာကိုမှ မလုပ်နိုင်ချေ။ ဘုရင်မင်းမြတ်၏ အကျယ်ချုပ်အမိန့်ကြောင့် အိမ်တံခါးအပြင်ဘက်သို့ ခြေတစ်လှမ်းမျှပင် မထွက်ရဲဖြစ်နေ၏။
**--**--**--**--**--**--**--**
တော်ဝင်မြို့တော်ရှိ ပြည့်တန်ဆာမလေးများမှာလည်း အံ့သြဝမ်းသာဖြစ်နေကြသည်။ ဆိုလွန် နိုင်မည်ဆိုသည့်အပေါ် အားလုံး စုပေါင်း၍ ရွှေဒင်္ဂါး ၂၀၀၀ ကျော် လောင်းထားကြ၏။
ဤသို့ပြုလုပ်ခြင်းမှာ ဆိုလွန်၏ မျက်နှာသာပေးမှုကို ရရှိပြီး နောက်ပိုင်း၌ သူတို့ကို မြှင့်တင်ပေးကာ တန်ဖိုးတက်လာစေရန် မျှော်လင့်ခြင်းကြောင့် ဖြစ်၏။
သို့သော် ဆိုလွန်က ဤကဲ့သို့ မဖြစ်နိုင်သော အံ့ဖွယ်အမှုကို အမှန်တကယ် ဖန်တီးကာ အနိုင်ရသွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားကြပေ။
ယခုမူ စုပေါင်းထားသည့် ရွှေဒင်္ဂါး ၂၀၀၀ မှာ ရွှေဒင်္ဂါး ၂၀၀၀၀ ကျော်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။ နာမည်ကြီး ပြည့်တန်ဆာများအတွက်ပင် ဤပမာဏက ဧရာမ ဓနဥစ္စာကြီးတစ်ခု ဖြစ်နေ၏။
အထက်တန်းလွှာ ကျောင်းသူများကမူ ဆိုလွန်၏ ရူးသွပ်သည့် ပရိသတ်များဖြစ်ကြပြီး သူနိုင်မည်ဆိုသောဘက်၌ မုန့်ဖိုးများအားလုံးကို ပုံအောလောင်းထားကြသည်။
နောက်ဆုံး၌ စုပေါင်းထားသော ရွှေဒင်္ဂါး ၂၀၀၀ မှာလည်း ရွှေဒင်္ဂါး ၂၀၀၀၀ ကျော်အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ မိန်းကလေး တစ်ယောက်စီတိုင်းမှာ ရွှေဒင်္ဂါး ရာပေါင်းများစွာ ရရှိကြ၏။
အချုပ်အားဖြင့်ဆိုရသော် လက်ရှိအချိန်၌ လူထောင်ပေါင်းများစွာမှာ ပြုံးရွှင်နေကြသော်လည်း ကျိနင်တစ်ယောက်ကမူ ငိုကြွေးနေရ၏။
သို့သော် ဤအံ့ဖွယ်ကိစ္စကြီးကို ဖန်တီးသူမှာမူ သတိလစ်နေဆဲပင်။
ကျိနင် သတိလစ်သွားသော ကိစ္စရပ်ဖြစ်ပွားပြီးကတည်းက ဆိုလွန်မှာ ပထမရက် ၊ ဒုတိယရက် ၊ တတိယရက်အထိ နိုးမလာချေ။
စတုတ္ထမြောက်နေ့အထိ သတိလစ်နေဆဲပင်။
ဆိုနင်ပင်းက ဆိုလွန်အား ပြုစုစောင့်ရှောက်ရန် ကုတင်ဘေး၌ ထိုင်နေသည်။ မျက်စိမှိတ်၍ အိပ်စက်ခြင်းပင် မရှိသလောက်ဖြစ်ပြီး မျက်ရည်များ ခမ်းခြောက်သွားသည့်တိုင် ငိုကြွေးနေမိ၏။
ဖြူရော်နေသည့် မျက်နှာဖြင့် သတိလစ်မေ့မြောနေသော ဆိုလွန်ကို မြင်ရသည့်အခါ ဆိုနင်ပင်း၏ နှလုံးသားမှာ အသက်ရှူရပင် ခက်ခဲလာသည်အထိ အလွန်တရာ နာကျင်လာရ၏။
ရဲ့ကျင်းယွီက ဆိုလွန်အား တစ်လှည့် စောင့်ကြည့်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းကာ အိပ်စက်အနားယူရန် ဆိုနင်ပင်းအား အကြိမ်ကြိမ် တိုက်တွန်းသည်။
သို့သော် ဆိုနင်ပင်းကမူ ဆိုလွန် နိုးလာသည်ကို ပထမဆုံး မြင်ချင်သည့်အတွက် ဇွတ်တရွတ် ငြင်းဆန်ကာ စောင့်ရှောက်နေ၏။
သို့သော် နေ့ရောညပါ ရက်အတော်ကြာ မအိပ်ဘဲ နေပြီးနောက် နုနယ်လှသော ခန္ဓာကိုယ်လေးမှာ တောင့်မခံနိုင်ချေ။ နောက်ဆုံး၌ ရဲ့ကျင်းယွီက ဆိုနင်ပင်း၏ လည်ပင်းကို ညင်သာစွာ ရိုက်ပြီး သတိလစ်စေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေရန် ကုတင်ပေါ်၌ တင်ပေးလိုက်၏။
ထို့နောက် ရဲ့ကျင်းယွီက ဆိုနင်ပင်း၏ နေရာ၌ အစားဝင်ကာ ဆိုလွန်အား ပြုစုစောင့်ရှောက်ရန် နေ့ရောညပါ ကုတင်ဘေး၌ ထိုင်စောင့်နေသည်။
ယခင်က ရဲ့ကျင်းယွီ ဘယ်သောအခါမှ ဆုမတောင်းဖူးသော်လည်း လက်ရှိအချိန်၌ နေ့စဉ် ကောင်းကင်ဘုံထံ ဆုတောင်းနေမိ၏။ သူမ၏ အမြင်အာရုံနှင့် လဲလှယ်ပေးဆပ်ရမည် ဆိုလျှင်တောင် ဆိုလွန် နိုးထလာရန်နှင့် မျက်လုံးများ ကောင်းမွန်လာရန် ဆုတောင်းပေးနေမိသည်။
**--**--**--**--**--**--**--**
ပဉ္စမမြောက်နေ့သို့ ရောက်ရှိလာလေပြီ။ ပုံမှန်အားဖြင့်ဆိုလျှင် ဘုရင်မင်းမြတ်က အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ယခုအချိန်၌ ချီးမြှင့်ရမည်ဖြစ်ပြီး ဆိုလွန်အား ထျန်းရွှေမြို့စား ဘွဲ့နှင့် မြို့စားရာထူးကို တရားဝင် ခန့်အပ်ရမည် ဖြစ်၏။
သို့သော် ဆိုလွန် နိုးမလာသေးပေ။
နှစ်ရက်တိတိ နေ့ရောညပါ မအိပ်ဘဲ နေပြီးနောက် ရဲ့ကျင်းယွီလည်း ဆက်၍ တောင့်မခံနိုင်ချေ။ ကုတင်ပေါ်သို့ မှောက်ကျကာ အိပ်ပျော်သွားသည်။
တစ်ချိန်တည်းမှာပင် ရဲ့ကျင်းယွီ၏ လက်ချက်ဖြင့် နှစ်ရက်တိုင်တိုင် သတိလစ်နေသည့် ဆိုနင်ပင်းမှာ နောက်ဆုံး၌ နိုးလာသည်။ နိုးနိုးချင်း ပထမဆုံး လုပ်သောအရာမှာ ဆိုလွန်၏ ကုတင်ဆီသို့ အပြေးအလွှား သွားခြင်းပင်။
ဆိုလွန် သတိလစ်နေဆဲဖြစ်သည်ကို မြင်ရသည့်အခါ ဆိုနင်ပင်း၏ နှလုံးသားမှာ လေးလံသွားရ၏။
ဆိုလွန်၏ မျက်နှာအသွေးအရောင်မှာ အနည်းငယ် ပို၍ ကျန်းမာလာပုံရသည်ကို သတိထားမိသော်လည်း မျက်နှာလေးကမူ သိသိသာသာ ပိန်ချုံးသွားသည်။ ဆိုနင်ပင်း ရင်ကွဲအက်မတတ် နာကျင်မှုနှင့်အတူ ဆိုလွန်၏ ပါးပြင်လေးကို ကိုင်တွယ်ကာ သူမ၏ မျက်နှာနှင့် ညင်သာစွာ ပွတ်သီးပွတ်သပ် လုပ်လိုက်၏။
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အခန်းထဲမှ အလျင်အမြန် ထွက်သွားသည်။ တတ်နိုင်သမျှ မြန်မြန် ရေချိုးကာ အဝတ်အစားများ လဲလှယ်လိုက်ပြီး ရှားရှားပါးပါး နှင်းဆီဆီမွှေးအချို့ကိုပင် လိမ်းကျံလိုက်၏။
ဆိုလွန်၏ မျက်လုံးများ ရာသက်ပန် ကန်းသွားပြီဟု အချို့လူများက ပြောသော်လည်း ဆိုနင်ပင်း လုံးဝ မယုံပေ။ ဤမျှ ချစ်စရာကောင်းလှသော ကောင်လေးတစ်ယောက်အပေါ် ကောင်းကင်ဘုံက ရက်စက်လိမ့်မည်ဟု မယုံကြည်ချေ။
ထို့ကြောင့် လှပစွာ ဝတ်စားဆင်ယင်ပြီး ကိုယ်သင်းနံ့ကို မွှေးကြိုင်နေစေရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆိုလျှင် ဆိုလွန် နိုးလာပြီး မျက်လုံးများ ဖွင့်ကြည့်သည့်အခါ သူမ လှပနေသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး စိုးရိမ်တော့မည် မဟုတ်ချေ။
ပန်းပွင့်ဖတ်လေးများကဲ့သို့ နူးညံ့လှသော နှုတ်ခမ်းလေးများပေါ်သို့ နှုတ်ခမ်းနီကို ညင်သာစွာ ဆိုးလိုက်၏။ ချက်ချင်းဆိုသလိုပင် ဆိုနင်ပင်းတစ်ယောက် အသက်ရှူမှားလောက်အောင် လှသွားလေပြီ။
ထို့နောက် ဆိုလွန်၏ ဘေး၌ ညင်သာစွာ လှဲလျောင်းကာ ခန္ဓာကိုယ်လေးကို တယုတယ ဖက်ထားလိုက်သည်။ ထို့နောက် နားအနီးသို့ကပ်ကာ တီးတိုးပြောလိုက်သည်။ "နိုးလာခဲ့ပါတော့... အစ်မရဲ့ အဖိုးတန် မောင်လေးရယ်။ မောင်လေးသာ နိုးလာပြီး မျက်လုံးတွေ ပြန်ကောင်းလာမယ်ဆိုရင် အစ်မက မောင်လေး ဖြစ်ချင်တာမှန်သမျှ အကုန်လုပ်ပေးပါ့မယ်။"
ဆိုနင်ပင်းက ဆိုလွန်အား ညင်သာစွာ ဖက်ထားရင်း တီးတိုးစကားဆိုကာ စိတ်ထဲမှ ဆုတောင်းနေ၏။
မည်မျှကြာအောင် အချိန်ကုန်လွန်သွားသည်ကို မသိသော်လည်း ဆိုလွန်၏ ခန္ဓာကိုယ်လေးမှာ ရုတ်တရက် တုန်ယင်လာသည်။
ဆိုလွန်က ဂဏာမငြိမ်စွာ ပြောလိုက်သည်။ "အစ်မ... အစ်မ..."
မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားဆဲဖြစ်သော်လည်း အလွန်တရာ အထိတ်တလန့် ဖြစ်နေပုံပေါ်၏။
ဆိုနင်ပင်း ချက်ချင်း ငိုကြွေးမိသည်။ ထို့နောက် ဆိုလွန်၏ လက်များကို ဆုပ်ကိုင်လိုက်သည်။ "အစ်မ ဒီမှာရှိတယ်... အစ်မ ဒီမှာရှိတယ်..."
သတိလစ်မေ့မြောနေဆဲ ဖြစ်သော်လည်း ဆိုနင်ပင်း၏ နူးညံ့ပြီး မွှေးကြိုင်လှသော ခန္ဓာကိုယ်လေးကို ဆုပ်ကိုင်မိပြီးနောက် ဆိုလွန် ချက်ချင်း တည်ငြိမ်သွားသည်။
ရင်ခွင်ထဲရှိ ဆိုလွန်၏ ခန္ဓာကိုယ် အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး နှလုံးခုန်သံများ ပိုမို မြန်ဆန်လာသည်ကို ဆိုနင်ပင်း ခံစားရ၏။ သတိလစ်နေသော မျက်နှာထက်၌ ပြင်းထန်စွာ စိုးရိမ်နေပုံပေါ်သော်လည်း အလွန်တရာ ရှက်သွေးဖြာနေသော အမူအရာတစ်ခု ပေါ်လာသည်။ အိပ်မက် မက်နေပုံရပြီး ရင်းနှီးကျွမ်းဝင်သော အိပ်မက်မျိုးလည်း ဖြစ်နိုင်ပေလိမ့်မည်။
အမှန်တကယ်ပင် ဆိုလွန်တစ်ယောက် အိပ်မက်မက်နေ၏။ ကမ္ဘာမြေပေါ်ရှိ နွေရာသီတစ်ခုဆီသို့ အိပ်မက်မက်နေခြင်း ဖြစ်၏။ အစ်မဖြစ်သူ လန်ခုံးက မွန်းလွဲပိုင်း၌ အိပ်စက်နေသည်။
အင်္ကျီမှာ မည်သို့မည်ပုံ ပွင့်ဟသွားသည်မသိဘဲ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသည့် ရင်ဘတ်နှင့် နက်ရှိုင်းလှသော ရင်သားအကွဲကြောင်းက ပေါ်နေ၏။
ထိုအချိန်၌ လန်လင်းက မတော်တဆ လျှောက်သွားသည်။ ထိုမြင်ကွင်းကို မြင်ရပြီးနောက် အစ်မဖြစ်သူ လန်ခုံးကို တိတ်တခိုး သဘောကျနေသည့် သူက မည်သို့မည်ပုံမှန်းမသိ အခန်းထဲသို့ ဝင်သွားကာ အင်္ကျီအတွင်းသို့ လက်နှိုက်မိ၏။
ထိုနူးညံ့ပြီး နို့နှစ်ရောင်ကဲ့သို့ မွှေးကြိုင်လှသော ရနံ့ကို တစ်သက်တာလုံး သူ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။ ထိုနေ့က နှလုံးမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခုန်ပေါက်နေပြီး အလွန်တရာ စိတ်လှုပ်ရှားနေခဲ့၏။
ထိုကဲ့သို့ အခိုက်အတန့်များ၌ အချိန်များက လျင်မြန်စွာ ကုန်လွန်သွားသည်။ သူက တစ်စက္ကန့်မျှသာ တုံ့ဆိုင်းနေသည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်၌ မိနစ်အနည်းငယ်ပင် ကြာမြင့်သွားပြီ ဖြစ်၏။
အစ်မဖြစ်သူ လန်ခုံးမှာ အမှန်တကယ် နိုးနေပြီဖြစ်သော်လည်း မျက်လုံးမဖွင့်ရဲချေ။ ထို့အစား ပါးပြင်များမှာ ပို၍ပို၍ နီရဲလာကာ နှလုံးခုန်သံများလည်း ပိုမို မြန်ဆန်လာသည်။ ထိုစဉ် လန်လင်းက စိုးရိမ်တကြီး မေးလိုက်သည်။ "အစ်မ... ဘာလို့ ကောင်းကောင်းမအိပ်တာလဲ။"
လက်ရှိအချိန်၌ ဆိုလွန်က ထိုမွန်းတည့်ချိန်ကို အိပ်မက်မက်နေခြင်းပင်။ ဤအိပ်မက်ကို မည်မျှအထိ အကြိမ်ကြိမ် မက်ဖူးမှန်း သူကိုယ်တိုင်ပင် မသိချေ။ အိပ်မက်မှာ အလွန်တရာ လက်တွေ့ကျလှပြီး ထိုနေ့က ဖြစ်ပျက်ခဲ့သည့်အတိုင်း အတိအကျပင်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် အလိုအလျောက် လက်ဆန့်ထုတ်လိုက်မိရာ နူးညံ့ပြီး မွှေးကြိုင်လှသော ခန္ဓာကိုယ်တစ်ခုကို အမှန်တကယ် ဆုပ်ကိုင်မိသွားသည်။
အိပ်မက်ထဲ၌ သူ၏ လက်က အစ်မဖြစ်သူ လန်ခုံး၏ ရင်ဘတ်ဆီသို့ ရောက်သွား၏။ သို့သော် လက်တွေ့၌မူ အစ်မဖြစ်သူ ဆိုနင်ပင်း၏ အင်္ကျီအောက်သို့ တိုက်ရိုက် လျှောကျသွားပြီး နူးညံ့ကာ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသည့် အရာကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလေပြီ။
ထိုအချိန်၌ ဆိုနင်ပင်း၏ တစ်ကိုယ်လုံးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားပြီး မလှုပ်ရှားရဲတော့ချေ။
ဆိုလွန် ဆုပ်ကိုင်လိုက်သည့် အခိုက်အတန့်၌ ဆိုနင်ပင်း၏ နုနယ်လှသည့် ခန္ဓာကိုယ်လေးက ထုံကျင်သွားကာ စိတ်အာရုံများ ဗလာကျင်းသွားသည်။ အိမ်ထောင်ကျပြီးသူ ဖြစ်သော်လည်း အမျိုးသားတစ်ယောက်၏ ထိတွေ့ခြင်းကို အမှန်တကယ် မခံရဖူးခဲ့ချေ။
သတိအာရုံများ တဖြည်းဖြည်း ပြန်လည်ရောက်လာသည့်အခါ သူမ၏ ခန္ဓာကိုယ်လေးက ပျော့ခွေသွားပြီး မီးလောင်မတတ် ပူလောင်လာကြောင်း သတိပြုမိလိုက်၏။
အပိုင်း ၁၂၇ + ၁၂၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team