အခန်း ၁၃၁
Vol. 14 Ch. 131
အပိုင်း ၁၃၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ကျိလီ ဝင်ထိုင်လိုက်ရင်း ပြောလိုက်သည်။
"လာ... ထိုင်။ ငါကိုယ်တော်နဲ့ အတူတူ စားရအောင်။ စိတ်အေးအေးထားပါ။ အဆိပ်ခတ်မထားပါဘူး။ မင်းသားငယ် တစ်ယောက်အနေနဲ့ ငါကိုယ်တော် ဒီလိုမျိုး လုပ်မှာမဟုတ်ဘူး။"
ဆိုလွန် သူ၏ မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်၏။ သူတို့၏ အရှေ့၌ ရိုးရှင်းသည့် ဟင်းလျာလေးပွဲ ရှိနေသည်။ အသားဟင်း နှစ်ပွဲနှင့် သက်သတ်လွတ်ဟင်း နှစ်ပွဲဖြစ်ပြီး အလွန်တရာ သေသပ်လှပနေကြ၏။ ဤဟင်းတစ်နပ်စာ ကုန်ကျစရိတ်မှာ သာမန်အရပ်သားတစ်ဦး၏ တစ်လစာ ရိက္ခာနှင့် ညီမျှကြောင်း ဆိုလွန် သတိထားမိလိုက်သည်။
ကျိလီက ရိုးရှင်းစွာ ဝတ်ဆင်ထား၏။ သူ၏ ဆံပင်များ၌ ရိုးရိုးဝါးဆံထိုး တစ်ခုကိုပင် အသုံးပြုထားသေးသည်။ သို့သော် သူ၏ အစားအသောက်များမှာမူ အလွန်တရာ ကောင်းမွန်လွန်းလှသဖြင့် ဇိမ်ခံပစ္စည်းတစ်ခုဟုပင် သတ်မှတ်နေနိုင်သည်။
ကျိလီက ရင်းနှီးစွာ ပြောသည်။ "ငါကိုယ်တော် ဇိမ်ခံတာကို မဆန့်ကျင်ပါဘူး။ ဒါပေမဲ့ ရွှေ ၊ ကျောက်စိမ်းဖြူ ၊ ပိုးထည် အဲဒီလိုမျိုးတွေကို မကြိုက်တာ။ သူတို့က အောက်တန်းကျတယ်။"
အစားအသောက် အနည်းငယ် စားပြီး အရက်အနည်းငယ် သောက်ပြီးနောက် သူက ဆိုလွန်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းသိလား။ ငါတို့နှစ်ယောက်က နည်းနည်း ဆင်တူတယ်။ ဘယ်နေရာမှာလဲဆိုတာ သိလား။"
ဆိုလွန် ခေါင်းခါပြလိုက်ရင်း ပြန်ဖြေလိုက်၏။
"ပြောပါဦး။"
ကျိလီက ဟာသလုပ်ဟန်ဖြင့် ပြောလိုက်သည်။
"ငါတို့ နှစ်ယောက်လုံးက မိန်းမကိစ္စမှာ ကျွမ်းကျင်သူတွေလေ။ မင်းက အချစ်ရေးမှာ တိုက်ပွဲတွေ အများကြီး ဆင်နွှဲခဲ့ဖူးတယ်။ မင်းမှာ ချစ်သူ တစ်ရာကျော် ရှိတယ်လို့ ငါကိုယ်တော် ကြားဖူးတယ်။ ဒါပေမဲ့ ငါကိုယ်တော်မှာလည်း မိန်းမ တစ်ရာကျော် ရှိတယ်။ ငါတို့ နှစ်ယောက်ပေါင်းလိုက်ရင် နာမည်ကြီး အထက်တန်းလွှာ အမျိုးသမီး အများစုနဲ့ အိပ်ဖူးကြလောက်ပြီ။"
ထိုအချိန်၌ ဆိုလွန်မှာ အရက်သောက်နေခြင်း ဖြစ်၏။ ထိုစကားများကို ကြားလိုက်ရသောအခါ သောက်လက်စ အရက်များပင် ပြန်အန်ထွက်မတတ် ဖြစ်သွားရသည်။ ကျိလီက သူ့ကို သူစိမ်းတစ်ယောက်လို လုံးဝ သဘောမထားချေ။
သူ၏ စကားများမှာ လုံးဝ မထင်မှတ်ထားလောက်အောင် တိုက်ရိုက်ကျလွန်းနေပြီး ဖုံးကွယ်ထားလိုသည့် ရည်ရွယ်ချက် အရိပ်အယောင်မျှ မရှိပေ။
ထို့နောက် ကျိလီက လက်ခုပ်တီးကာ လှမ်းခေါ်လိုက်သည်။
"ဝင်လာခဲ့။"
ချက်ချင်းပင် လှပသည့် အမျိုးသမီးနှစ်ဦး ကျက်သရေရှိစွာ ဝင်ရောက်လာ၏။ တစ်ဦးက အသက်အနည်းငယ် ကြီးပြီး ကျန်တစ်ဦးကမူ ငယ်ရွယ်သည်။ ငယ်ရွယ်သူမှာ ကျက်သရေရှိစွာ လှုပ်ရှားသွားလာတတ်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာသွင်ပြင် ရှိ၏။
အသက်အနည်းငယ် ကြီးသူမှာမူ ဆွဲဆောင်မှုရှိပြီး ရင့်ကျက်ကာ မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးနှင့် တူသည်။ သူမမှာ တည်ငြိမ်ပြီး သပ်ရပ်ကျော့ရှင်းသော်လည်း မျက်လုံးများထဲ၌ တစ်ခါတစ်ရံ ရှက်ရွံ့မှုများ လက်ခနဲ ဖြစ်သွားတတ်သည်။
ကျိလီက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဒီနှစ်ယောက်က ဘယ်သူတွေလဲဆိုတာ ခန့်မှန်းကြည့်နိုင်လား။"
ဆိုလွန် တစ်ခဏမျှ စဉ်းစားလိုက်၏။ သူ၏ စိတ်ထဲ၌ ဝေဝါးဝေဝါး အကြံဉာဏ်တစ်ခု ရှိနေသော်လည်း ခေါင်းခါပြလိုက်သည်။
ကျိလီက ရယ်မောလိုက်၏။ "ဟားဟား။ ငါကိုယ်တော့်ရှေ့မှာ ဟန်ဆောင်မနေပါနဲ့။ မင်း သေချာပေါက် ခန့်မှန်းမိပါတယ်။ မင်းကို ဧည့်ခံဖို့အတွက် မင်းအမုန်းဆုံး လူတွေရဲ့ မိန်းမတွေကို ရွေးချယ်ခဲ့ရတယ်။ မင်းအမုန်းဆုံး ယောက်ျားက ငါကိုယ်တော်ပဲ။ ဒါပေမဲ့ ငါကိုယ်တော်က ကိုယ့်မိန်းမတွေကိုတော့ မျှဝေမပေးနိုင်ဘူး။ ဒါကြောင့် ဒုတိယ အကောင်းဆုံး ရွေးချယ်မှုကို သွားခဲ့တယ်။ ကျန်းနင်နဲ့ ကျန်းယုံတို့ရဲ့ မိန်းမတွေကို ခေါ်လိုက်တာပဲ။"
ထို့နောက် ကျိလီက ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"သူက ဝူမိသားစုကပဲ။ နာမည်က ဝူရှို့ရှို့။ ကျန်းနင်ရဲ့ တိတ်တိတ်ပုန်း မိန်းမပဲ။ ဒီနှစ်မှာ အသက် နှစ်ဆယ့်ငါးနှစ် ရှိပြီ။ မင်းသိတဲ့အတိုင်းပဲ နီယာနဲ့ ကျန်းနင်ရဲ့ အိမ်ထောင်ရေးက နာမည်ခံသက်သက်ပဲလေ။"
"ဒါကြောင့် ဒီဝူရှို့ရှို့က ကျန်းနင်ရဲ့ အစစ်အမှန် ဇနီးတစ်ယောက်လို ပြုမူနေပြီး သူ့အတွက် သားတွေတောင် မွေးပေးထားသေးတယ်။ ပြီးတော့ ဒီရင့်ကျက်တဲ့ အလှလေးက ဝူချန်းယွီပဲ။ မြို့စားကြီး ကျန်းယုံရဲ့ မယားငယ်လေ။"
"ဒီနှစ် အသက် သုံးဆယ့်ရှစ်နှစ် ရှိပြီ။ သဘာဝကျကျ ပြောရရင် မင်းက ကျန်းနင်နဲ့ ကျန်းယုံကို လက်စားချေချင်တယ်ဆိုရင် ကျန်းယုံရဲ့ မယားကြီးကို ခေါ်လာတာ ပိုကောင်းလိမ့်မယ်။ ဒါပေမဲ့ သူ့မယားကြီးက အသက် ငါးဆယ်ကျော်နေပြီလေ။ မင်းရဲ့ အကြိုက်က အဲဒီလောက်ကြီး အစွန်းရောက်မှာ မဟုတ်ဘူးလို့ ထင်တာနဲ့ သူ အချစ်ရဆုံး မယားငယ်ကို ခေါ်လာခဲ့တာ။"
ကျိလီ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး လှပသည့် အမျိုးသမီးနှစ်ဦးကို လက်ညှိုးထိုးလိုက်သည်။
"လာ... ဆိုလွန်။ အားနာမနေနဲ့။ မင်းအတွက် တစ်ယောက်ရွေးလိုက်။ ကျန်တဲ့ တစ်ယောက်ကို ငါကိုယ်တော် ယူမယ်။ ပြီးတော့ ငါကိုယ်တော် ဒီမိန်းမနှစ်ယောက်ကို လက်ဖျားနဲ့တောင် မတို့ရသေးဘူးဆိုတာ အာမခံတယ်။"
ထိုအချိန်၌ ဆိုလွန်တစ်ယောက် ဘာပြောရမှန်းမသိအောင် ဆွံ့အကာ မင်သက်သွားရ၏။
မင်းသားကျိလီက သူ့ကို သူစိမ်းတစ်ယောက်လို တကယ်ကို လုံးဝ သဘောမထားချေ။ ကစားရန် မိန်းမများကို ခေါ်လာသေးသည်။ ပို၍ ဆိုးသည်မှာ ထိုသူများက သူ၏ သစ္စာခံ လက်အောက်ငယ်သားများ၏ မိန်းမများ ဖြစ်နေခြင်းပင်။
သူ၏ ဤထူးဆန်းသော ဝါသနာအကြောင်းကို ဆိုလွန် ကြားဖူးပြီးဖြစ်သော်လည်း ကောလာဟလများက ဤမျှအထိ မှန်ကန်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ကျန်းနင်နှင့် ကျန်းယုံတို့အတွက်မူ ဆိုလွန် ထူးဆန်းသည့် လေးစားမှုကိုသာ ခံစားလိုက်ရတော့သည်။
ဤကဲ့သို့ မိန်းမဖောက်ပြန်ခံရခြင်းကို လိုလိုလားလား လက်ခံကာ ပျော်ပျော်ကြီး သည်းခံနိုင်ခြင်းမှာ အံ့မခန်းပင် မဟုတ်လော။
ကျိလီက ရယ်မောလျက် တိုက်တွန်းလိုက်သည်။ "လုပ်စမ်းပါ။ ရှက်မနေနဲ့။ တစ်ယောက်ရွေး... တစ်ယောက်ရွေး။"
ဆိုလွန် အံ့အားသင့်စွာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် မြို့စားကြီး၏ မယားငယ်ဖြစ်သော ရင့်ကျက်သည့် ဝူချန်းယွီကို လက်ညှိုးထိုးလိုက်၏။
ကျိလီက သူ့ကို လက်မထောင်ပြလိုက်သည်။
"မင်း ကစားတတ်သားပဲ။"
ထို့နောက် သူက ဝူရှို့ရှို့ကို လက်ယပ်ခေါ်လိုက်၏။
"ဒီကိုလာခဲ့။"
ကျန်းနင်၏ တိတ်တိတ်ပုန်း မိန်းမ ဝူရှို့ရှို့က ကျိလီ၏ ဘေးသို့ လျှောက်သွားလိုက်သည်။ အရက်အိုးကို ညင်သာစွာ ကောက်ကိုင်ကာ သူ့အတွက် အရက်ငဲ့ပေးလိုက်၏။
သို့သော် ကျိလီ၏ လက်ကြီးက ချက်ချင်း ဆန့်ထွက်လာကာ သူမ၏ ရင်သား ************ စကတ် **** ****** သည်။ သူက သဘောကျစွာ ခေါင်းညိတ်လိုက်သည်။ (ဆင်ဆာ)
"ကောင်းတယ်... ကောင်းတယ်။ ကျန်းနင်က အချစ်ရေးမှာ တော်တော် ကံကောင်းတာပဲ။"
ဝူရှို့ရှို့၏ နူးညံ့သော ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး ငြိမ်ငြိမ်ထိုင်ရန်ပင် ခဲယဉ်းနေတော့၏။
တစ်ချိန်တည်းမှာပင် မွှေးပျံ့ပြီး ဆွဲဆောင်မှုရှိသော ဝူချန်းယွီက ဆိုလွန်၏ ဘေး၌ ဒူးထောက်ထိုင်လိုက်သည်။ အရက်အိုးကို ကောက်ကိုင်ကာ သူ့အတွက် အရက်ငဲ့ပေးလိုက်၏။
လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ လုံးဝ ငြိမ်သက်စွာ ထိုင်နေသည့် ဆိုလွန်ကို မြင်ရသောအခါ ကျိလီ မျက်မှောင်ကျုံ့လိုက်သည်။
"ဆိုလွန်... ပွဲဖျက်တဲ့သူ မလုပ်စမ်းပါနဲ့။ မင်း အလိုက်တသိ မနေရင် ငါကိုယ်တော့်အတွက် အနေခက်သွားလိမ့်မယ်။"
ဆိုလွန်က ပြန်ဖြေလိုက်၏။ "မင်းသားပဲ ဆက်ပြီး ပျော်ပါတော့။ ကျွန်တော်... လတ်တလော ဒီကိစ္စတွေကို ရှောင်နေလို့ပါ။"
ကျိလီ မျက်မှောင်ကျုံ့လိုက်ပြီး ဝူရှို့ရှို့၏ စကတ်အောက်မှ သူ၏ လက်ကို စိတ်ပျက်လက်ပျက် ဆွဲထုတ်လိုက်ကာ သူမ၏ အဝတ်အစားပေါ်၌ ပေါ့ပေါ့ပါးပါး သုတ်လိုက်၏။ ထို့နောက် သင့်လျော်သော အလုပ်ကိစ္စကို စတင်လိုက်သည်။
"မနက်ဖြန်... ဘုရင်မင်းမြတ်က မင်းကို အထက်တန်းလွှာစစ်သည်တော် တံဆိပ် ချီးမြှင့်ဖို့ နန်းတော်ကို ဆင့်ခေါ်လိမ့်မယ်။"
ဆိုလွန်က ဆက်ပြောမည့်စကားကို စောင့်ဆိုင်းရင်း ပြောလိုက်သည်။ "အမိန့်တော်ကို လက်ခံရရှိပြီးပါပြီ။"
ကျိလီက ခေါင်းညိတ်ကာ ဆက်ပြောလိုက်၏။ "မျှော်လင့်ထားတဲ့အတိုင်း အားလုံး အဆင်ပြေသွားရင် မင်း မကြာခင် ထျန်းရွှေမြို့စားကြီး ဘွဲ့နဲ့ ထျန်းရွှေမြို့သခင် ရာထူးကို ဆက်ခံရလိမ့်မယ်။"
ဆိုလွန်က မျက်နှာသေဖြင့် ပြောသည်။ "ဘုရင်မင်းမြတ်ကို အများကြီး ကျေးဇူးတင်ပါတယ်။"
ကျိလီက ဆက်ပြော၏။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရအောင်။ မင်း ထျန်းရွှေမြို့သခင် ဖြစ်လာပြီးရင် မင်းရဲ့ နယ်မြေကို မသွားနဲ့။ ထျန်းရွှေမြို့ကို ငါကိုယ်တော့်ဆီ အနှစ်နှစ်ဆယ်လောက် ငှားထားပါ။ တောင်ပိုင်း လူရိုင်းလွင်ပြင်ကို တိုက်ခိုက်ဖို့ ခံတပ်တစ်ခုအနေနဲ့ တည်ဆောက်မယ်။ လူရိုင်းလွင်ပြင်ကို အောင်နိုင်တာနဲ့ ထျန်းရွှေမြို့ကို မင်းဆီ ပြန်ပေးပါ့မယ်။"
ဆိုလွန် မျက်မှောင်ကျုံ့လိုက်သည်။ သူ ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်မှုဖြင့်သာ ထိုကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်၏။
ကျိလီက ထပ်ပြောလိုက်သည်။ "အဲဒီအစား မင်းကို အနာဂတ် ဝန်ကြီးချုပ်နဲ့ ငါကိုယ်တော့်ရဲ့ ယောက်ဖတော်အဖြစ် ဖိတ်ခေါ်တယ်။ ဘယ်လိုလဲ။"
ထိုစကားကို ကြားလိုက်ရသောအခါ ဆိုလွန် အမှန်တကယ်ပင် အံ့အားသင့်သွားရ၏။
ကျိလီက ပြောလိုက်သည်။ "မင်း ကျိနင်ကို ရူးရူးမူးမူး ချစ်နေခဲ့တာ မဟုတ်ဘူးလား။ သူ့ကို မင်းနဲ့ လက်ထပ်ပေးမယ်။ ပြီးရင် ငါတို့ မိသားစုတွေ ဆွေမျိုးတော်စပ်သွားမယ်။ အဲဒီအခါ မင်းက ငါကိုယ်တော့်ကို ကူညီပေးပြီး အနာဂတ် ဝန်ကြီးချုပ် လုပ်။ ငါကိုယ်တော့်ကိုလည်း ထျန်းရွှေမြို့ကို အနှစ်နှစ်ဆယ် ငှားထားပေါ့။ အဲဒါဆို သိပ်မကောင်းဘူးလား။"
ဤနေရာသို့ မလာမီက ကျိလီက သူ့ကို ကျိနင်နှင့် လက်ထပ်ပေးရန် မထင်မှတ်ဘဲ ကမ်းလှမ်းလာလိမ့်မည်ဟု ဆိုလွန် တစ်ခါမှ မတွေးမိခဲ့ချေ။ ထို့ပြင် ကျိလီ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ကတိတည်သူ တစ်ယောက်ဖြစ်ကြောင်း ဆိုလွန် သိသည်။
သူတို့၏ ရန်ငြိုးကို ဘေးဖယ်ထားလျှင်ပင် ကျိလီမှာ ဆွဲဆောင်မှုအပြည့်ရှိသော သခင်တစ်ပါး ဖြစ်ကြောင်း သံသယဝင်စရာ မလိုချေ။ ထူးချွန်သော စွမ်းရည်နှင့် ကြီးကျယ်ခမ်းနားသည့် အမြော်အမြင်ရှိသော အနာဂတ် ဘုရင်တစ်ပါးပင်။
ခေါင်းတစ်ချက် ညိတ်လိုက်ရုံဖြင့် သူ့အပေါ် ကျရောက်နေသော ကြီးမားသည့် ဖိအားများအားလုံး လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားမည်ဖြစ်ပြီး ချက်ချင်းပင် မင်းဆွေမင်းမျိုးတစ်ပါး ဖြစ်လာပေလိမ့်မည်။ အနာဂတ် ဘုရင်၏ ယောက်ဖတော်နှင့် အနာဂတ် ဝန်ကြီးချုပ် ဖြစ်လာခြင်းက ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ပေါ်သို့ တတ်လှမ်းလိုက်ခြင်းပင်။
ကျိနင်အတွက်မူ ကျိလီက ဆုံးဖြတ်ချက်ချလိုက်သရွေ့ သူမ ဆိုလွန်ကို မည်မျှပင် မုန်းတီးနေပါစေ သေချာပေါက် ဆန့်ကျင်မည် မဟုတ်ကြောင်း ဆိုလွန် သေချာနေ၏။ အဘယ်ကြောင့်ဆိုသော် အစ်ကိုဖြစ်သူ၏ နန်းပုလ္လင်အတွက် ကျိနင်က အရာအားလုံးကို စွန့်လွှတ်အနစ်နာခံရန် လိုလိုလားလား ရှိနေသောကြောင့်ပင်။
ကျိလီက တည်ငြိမ်စွာ ဆက်ပြောသည်။ "သဘာဝကျကျ ပြောရရင် အချစ်ရေးနယ်ပယ်က သုံးဖြုန်းတတ်တဲ့ လူတစ်ယောက်အနေနဲ့ မင်းအပေါ် ထားရှိတဲ့ ကျိနင်ရဲ့ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို မင်း လွယ်လွယ်ကူကူ မြင်နိုင်သင့်တယ်။ အဲဒီ အစွန်းရောက်တဲ့ အမုန်းတရားတွေရဲ့ အောက်မှာ သူ့ရင်ထဲမှာ ခံစားချက်တွေရှိနေတယ်။"
ဆိုလွန် တိတ်ဆိတ်နေဆဲပင်။
ကျိလီ သူ့ကို ထပ်မံ မတိုက်တွန်းတော့ချေ။ အရက်သောက်ရန်နှင့် အစာစားရန် ခေါင်းကိုသာ ငုံ့ထားလိုက်၏။
ဆိုလွန်က ရုတ်တရက် မေးလိုက်သည်။ "ဘာလို့ ဒီအထိ လိုလိုလားလား လုပ်ပေးချင်ရတာလဲ။"
ကျိလီက ရယ်မောလျက် ပြန်ဖြေလိုက်၏။ "ငါကိုယ်တော်က အရည်အချင်းရှိတဲ့ လူတွေကို စိတ်အားထက်သန်စွာ ရှာဖွေနေလို့ပဲ။ ငါကိုယ်တော် ထျန်းရွှေမြို့ကို လိုအပ်သလို မင်းကိုလည်း လိုအပ်တယ်။"
ဆိုလွန် မျက်မှောင်ကျုံ့လိုက်သည်။ အရက်အိုးကို ကောက်ကိုင်ကာ သူ့ဘာသာ တစ်ခွက်အပြည့် ငဲ့လိုက်ပြီးနောက် လည်ချောင်းထဲသို့ တဟုန်ထိုး မော့ချလိုက်၏။ ထို့နောက် စကားပြောရန် ပြင်လိုက်သည်။
ကျိလီ သူ့ကို တားလိုက်သည်။ "မင်း မပြောခင် ငါကိုယ်တော် ပြောတာကို အရင်နားထောင်ပါ။"
ဆိုလွန်က ခေါင်းညိတ်လိုက်၏။ "ပြောပါ။ မင်းသား...။"
ကျိလီက အေးစက်သည့် အပြုံးတုဖြင့် ဆိုလွန်အား စိုက်ကြည့်ကာ ပြောသည်။ "မင်း ငါကိုယ်တော့်ကို ငြင်းလိုက်တာနဲ့ ငါကိုယ်တော့်ရဲ့ ရန်သူဖြစ်သွားမယ်ဆိုတာ သိထားသင့်တယ်။ ပြီးတော့ ရန်သူဖြစ်သွားပြီဆိုတာနဲ့ ငါကိုယ်တော် မင်းရဲ့ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ကိုပါ လုံးဝ ဖျက်ဆီးပစ်မယ်။"
ဆိုလွန် ခေါင်းညိတ်လိုက်၏။
ကျိလီက ဆက်ပြောသည်။ "မင်း ထျန်းရွှေမြို့သခင် ဘွဲ့ကို ချောချောမွေ့မွေ့ ဆက်ခံနိုင်ရင်တောင် ထျန်းရွှေမြို့ကို အမှန်တကယ် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း မင်း သိထားသင့်တယ်။ ဘယ်လိုပဲကြည့်ကြည့် မင်း ဒါကို ဆုပ်ကိုင်ထားနိုင်မှာ မဟုတ်ဘူး။"
ဆိုလွန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"ကျွန်တော် သိပါတယ်။ ထျန်းရွှေမြို့ကို အမှန်တကယ် ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ ကိုယ့်လက်နဲ့ကိုယ် တိုက်ခိုက်ယူမှရမယ်။ တစ်ယောက်ယောက်က လာပေးတာကိုပဲ မျှော်လင့်နေလို့ မရဘူး။"
"မင်း အဲဒီလိုပြောတာ ကြားရတော့ ငါကိုယ်တော် မင်းကို ပိုပြီးတောင် လေးစားသွားပြီ။"
ကျိလီ အနည်းငယ် မျက်မှောင်ကျုံ့လိုက်ပြီး ဝမ်းနည်းနေပုံပေါ်သည်။
"မင်း သိဖို့ကောင်းတယ်။ ငါကိုယ်တော် မင်းကို တကယ် မသတ်ချင်ဘူး။ မင်းကို ရန်သူအဖြစ် တကယ် မသတ်မှတ်ချင်ဘူး။ မင်းလိုလူမျိုး... ဗျူဟာမြောက် အမြော်အမြင်ရှိပြီး နှလုံးရည်ရှိတဲ့သူမျိုးကို ငါကိုယ်တော် တကယ် လိုအပ်တယ်။"
ဆိုလွန် အရက်တစ်ခွက် အပြည့် ထပ်သောက်လိုက်ပြီး အရက်ရှိန်ဖြင့် ရဲတင်းစွာ ပြောလိုက်၏။
"အရှင်မင်းသား ကျိလီ... ထျန်းရွှေမြို့က နှစ်ပေါင်းရာနဲ့ချီ တည်ရှိလာခဲ့တဲ့ ကျွန်တော့် ဆိုမိသားစုရဲ့ မျိုးဆက်သွေးကြောပဲ။ ကျွန်တော့်လက်ထက်မှာ ဒါကို အဖျက်ဆီးခံလို့ မရဘူး။ ဒါကြောင့် တောင်းပန်ပါတယ်။"
ကျိလီက နာကျင်စွာ မျက်လုံးများကို မှိတ်လိုက်ပြီး လေးလံကာ စိတ်ပျက်နေသည့် သက်ပြင်းနှစ်ချက် ချလိုက်သည်။
"ဟားဟား..." ထို့နောက် သူက ပွင့်လင်းစွာ ရယ်မောလိုက်၏။
"ဒီလိုမှတော့ ဒီနေ့ ငါတို့ အချစ်ရေးအကြောင်းပဲ ဆွေးနွေးပြီး အရက်သောက်မယ်... အသားစားမယ်... မိန်းမတွေနဲ့ ကစားကြမယ်။ ဒီတံခါးကနေ ထွက်သွားတာနဲ့ ငါတို့ ရန်သူတွေ ပြန်ဖြစ်သွားပြီပဲ။"
အရက်တစ်ခွက် သောက်ပြီးနောက် ဝူရှို့ရှို့၏ အဝတ်အစားကို ကြမ်းတမ်းစွာ ဆွဲဖြဲလိုက်ပြီး သူမ၏ နူးညံ့သော ရင်သားဆီသို့ ကိုက်ချလိုက်သည်။ အားကုန်ကိုက်ချကာ သူ၏ ဒေါသများကို ပေါက်ကွဲပစ်ချင်နေသည့်ပုံ ပေါက်နေသော်လည်း နောက်ဆုံးတွင် ရှားပါးလှသည့် ကြင်နာမှုတစ်ခုကို ပြသကာ အမှန်တကယ် ကိုက်မချခဲ့ချေ။
တစ်ချိန်တည်းမှာပင် ဆိုလွန်က အဝေးမှနေ၍ သူ့ကို ဂုဏ်ပြုရန် အရက်ခွက်ကို မြှောက်လိုက်ပြီးနောက် မော့သောက်လိုက်၏။
အပိုင်း ၁၃၁ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team