← Chapters

လိပ်ပြာတစ်ကောင်ကဲ့သို့

Vol. 011 Ch. 503

လိပ်ပြာတစ်ကောင်ကဲ့သို့

Vol. 011 Ch. 503

သည်အခိုက်တွင် ဝမ်လင်းနှင့် အနီရောင်လိပ်ပြာတို့၏ တိုက်ပွဲနှင့် ကီလိုမီတာ ငါးထောင်ခန့် အကွာတွင် ကျိုးဝုထိုင်က ပျံသန်းလာလျက် ရှိနေသည်။ သူ့ကျင့်ကြံမှုအဆင့်က ဝမ်လင်းထက်နိမ့်သဖြင့် သူက ခုမှ မှီလာခြင်း ဖြစ်သည်။

ပျံသန်းလာနေရင်း ကျိုးဝုထိုင်က ရုတ်တရက် မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်သည်။ သည့်နောက် သူက လှည့်၍ သူ့နောက်သို့ ကြည့်သည်။ သူက အကွာအဝေး တစ်ခုကနေ အနီရောင်တိမ်တိုက် တစ်ခုက သူနှင့် နီးကပ်လာသည်ကို တွေ့မြင်လိုက်ရသည်။ ၎င်းတိမ်တိုက်ကြောင့် ကောင်းကင် တစ်ခုလုံးသည် အနီရောင်သို့ ပြောင်းသွားလေ၏။

ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းများပင် သည်အနီရောင် တိမ်တိုက်ကြောင့် ပျောက်ကွယ်သွားကြလေ၏။

ကျိုးဝုထိုင်က သက်ပြင်းချမိသည်။ သူက ချက်ချင်းပင် အလွန်လေးစားသည့် ဟန်ပန်ဖြင့် မတ်တတ်ရပ်လို့နေ၏။

အနီရောင် တိမ်တိုက်က ကြမ်းကြုတ်သည့် ရှေးဟောင်းသားရဲ တစ်ကောင် ကောင်းကင်ထက်၌ ဖြတ်၍ ပျံသန်းနေသည်နှင့်ပင် ဆင်တူနေသေး၏။ ယင်းတိမ်တိုက်က ကျိုးဝုထိုင်ကို ဖြတ်ကျော်သွားသည့်အခါ ရှေးဟောင်းအသံ တစ်ခုက တိမ်တိုက်ထဲကနေ ထွက်ပေါ်လာ၏။ “ဝင်လာခဲ့ …”

ကျိုးဝုထိုင်က လျင်မြန်စွာ တုန့်ပြန်လိုက်ပြီး အနီရောင် တိမ်တိုက်ထံသို့ ပျံသန်းသွားတော့သည်။

သည်တိမ်တိုက်ထဲ၌ အနီရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ရှိနေ၏။ သူက အကွာအဝေး တစ်ခုထံသို့ စူးစိုက်ကြည့်နေ၏။ သူက ခြေတစ်လှမ်းမှ လှုပ်ရှားခြင်း မပြုသော်လည်း အနီရောင်တိမ်တိုက် ကတော့ အံ့မခန်း အမြန်နှုန်းဖြင့် ပျံသန်းလို့နေဆဲပင်။

ကျိုးဝုထိုင်က လေးစားဟန်ဖြင့် အဘိုးအိုဘေး၌ မတ်တတ်ရပ်နေသည်။

“ကျိုးဝုထိုင်က စီနီယာကို နှုတ်ဆက်ပါတယ် …”

အဘိုးအိုက ခေါင်းညိတ်၍ အကွာအဝေး တစ်ခုထံသို့ ကြည့်နေသည်။ သူ့မျက်လုံးများက ယင်အကွာအဝေးကို ထွင်းဖောက်၍ ကီလိုမီတာ ငါးထောင်အကွာရှိ ဝမ်လင်းနှင့် အနီရောင်လိပ်ပြာတို့၏ တိုက်ပွဲကို လှမ်းမြင်နေရသည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် တည်ငြိမ်စွာ မေးလိုက်၏။ “ ဇီရှင် ဘယ်မှာလဲ …”

ကျိုးဝုထိုင်က ပြန်ဖြေလိုက်သည်။ “ဇီရှင်နဲ့ငါက ဝမ်လင်းနဲ့ တွေ့ကြုံတဲ့အခါမှ သူမက သူ့ဘာသာ ထွက်သွားခဲ့တယ် …”

အဘိုးအိုက သက်ပြင်းချကာ ပြောလိုက်၏။ “ထားလိုက်တော့ … သူမကို လျစ်လျူရှုထားရတာပေါ့ …။ မင်းက ငါနဲ့ စိတ်ဝိညာဉ်တောင်ကို လိုက်ခဲ့ …” ထိုသို့ပြောပြီးသည်နှင့် အနီရောင်တိမ်တိုက်က စိတ်ဝိညာဉ်တောင်ထံသို့ ဦးတည်ပျံသန်း သွားတော့သည်။ သည်အဘိုးအိုကတော့ ယွမ်ချွဲဇီပင် ဖြစ်ချေ၏။ စွန့်ပစ်ခံ မသေမျိုးကလန်က ဘိုးဘေးဦးခေါင်းခွံကို အသုံးပြုခဲ့လေသည်။ သည်သစ်ရွက်ဆယ့်နှစ်ရွက် နတ်ဆရာ၏ တက်တူးစွမ်းအားဖြင့် သူတို့က ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်၏ ချိပ်ပိတ်မှုကို ချိုးဖျက်၍ ယွမ်ချွဲဇီက သည်အုတ်ဂူထဲသို့ ဝင်လာနိုင်ခဲ့ခြင်းပင်။

သို့ရာတွင် သည်သစ်ရွက် ဆယ့်နှစ်ရွက်ဘိုးဘေးက အသက်ရှင်ဦးမည် ဆိုလျှင်တော့ သည်ဂြိုဟ်သလင်းကျောက်၏ အတားအဆီးကို ချိုးဖျက်နိုင်စွမ်း ရှိကောင်းရှိနိုင်သည်။ အခုချိန်တွင်တော့ သည်နတ်ဆရာ၏ တက်တူးဦးခေါင်းခွံ အစွမ်းကိုသာ အသုံးပြု၍ ယွမ်ချွဲဇီက ဝင်ရောက်လာနိုင်ခဲ့သည့် အတွက် သူ့အတွက် အချိန်အကန့်အသတ် ရှိပေသည်။ အချိန်ပြည့်သွားသည်နှင့် ယွမ်ချွဲဇီက ကျင့်ကြံခြင်း ဂြိုဟ်သလင်းကျောက်၏ ထူးဆန်းသောအား၏ သတ်ဖြတ်ခြင်းကို ခံရပေမည်။

သည့်အတွက်ကြောင့်လည်း ယွမ်ချွဲဇီက သည်အုတ်ဂူထဲသို့ ဝင်လာသည်နှင့် အချိန်ဖြုန်းခြင်း မရှိဘဲ ဗဟိုရှိ စိတ်ဝိညာဉ်တောင် ရှိရာသို့ တန်းတန်းမတ်မတ် သွားခြင်း ဖြစ်လေ၏။

သည်အချိန်တွင် ချန်းဖန်ကလည်း စိတ်ဝိညာဉ်တောင် ရှိရာသို့ ဦးတည်သွားနေ၏။ သူတို့နှစ်ယောက်အပြင် သည်ဟင်္သာပြဒါး အုတ်ဂူဗဟိုရှိ စိတ်ဝိညာဉ်တောင်ရှိရာသို့ အလောတကြီး လာနေသော အခြားလူ အနည်းငယ်လည်း ရှိလို့နေသေးသည်။

သည်လူတွေကတော့ စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်များနှင့် ကျင့်ကြံသူအချို့တို့ပင် ဖြစ်ကြသည်။

သည်လိုအချိန်မှာပင် အဘိုးအို တစ်ယောက်ကတော့ စိတ်ဝိညာဉ်တောင်တွင် ရောက်နှင့်နေခဲ့ပြီ ဖြစ်၏။သူက ကြည့်ရသည်မှာ သာမာန်ဟုသာ ထင်ရသော်လည်း သူ့မျက်လုံးများက သွေးနီရောင် တောက်ပမှုကို ပေးစွမ်းလို့နေသည်။ သူ့ပခုံးထက်၌လည်း မျောက်လေး တစ်ကောင် ရှိနေပြီး ၎င်းမျောက်၏ မျက်လုံးထဲရှိ အနီရောင်တောက်ပမှုက သာ၍ပင် အားကောင်းလို့နေသေးသည်။

ထိုအဘိုးအိုက စိတ်ဝိညာဉ်တောင်ထိပ်၌ မတ်တတ်ရပ်လျက် ရှိနေသည်။ သည်တောင်ထိပ် အထက်ရှိ လေဟာနယ်၌ ရွှေရောင် တောက်တောက်များကို ထုတ်လွှတ်နေသော တံခါးတစ်ချပ် ရှိလို့နေသည်။

သည်တံခါးက ပေတစ်ထောင်ကျော် ရှည်၍ အလွန်ပင် မျက်စိဖမ်းစား နိုင်စွမ်း ရှိလေသည်။

အဘိုးအိုက တံခါးကို ကြည့်နေရင်း သူ့မျက်လုံးထဲရှိ သွေးနီရောင်က ပို၍ သိပ်သည်းလာခဲ့သည်။ သူက ကျောချမ်းဖွယ်ပြုံး၍ ထိုင်ချကာ စတင်ကျင့်ကြံလေ၏။ သူ့ပခုံးပေါ်ရှိ မျောက်လေးကလည်း ကြမ်းကြုတ်ရက်စက်သည့် အကြည့်ဖြင့် ပတ်ပတ်လည်ကို ကြည့်လို့နေသည်။

ဝမ်လင်းနှင့် အနီရောင်လိပ်ပြာတို့ နှစ်ယောက်ကတော့ အနီရောင်လိပ်ပြာ၏ ပုံရိပ်က သူမ ကောင်းစွာ ဖုံးကွယ်ထားနိုင်သည့် နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခု ဖြစ်လေသည်။ သည်ပုံရိပ်က အစစ်အမှန်သူမပင် ဖြစ်ချေသည်။

သူမက ဝင့်ကြွားသည့် အကြည့်ဖြင့် ဝမ်လင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “စန်နူး … ခုလုပ်တော့ … ငါ့ကို သတ်တော့ …။ ငါ့ဆန္ဒမပါဘဲ နေရတဲ့ ဒီဘဝက ဘာမှ နေဖို့ မထိုက်တန်ဘူး … ငါ အနီရောင်လိပ်ပြာက ဒီလိုဘဝထက် သေတာကိုပဲ ရွေးချယ်မယ် …”

သူမစကားပြောနေသည့် မြင်ကွင်းက ဝမ်လင်းခေါင်းထဲ၌ ဖျတ်ခနဲ ဝင်ရောက်လာသည်။

“ကောင်းကင်ဘုံက ချီးမြှင့်ခံရတဲ့ သမီးတော်က ဒီလိုအခြေအနေမျိုးနဲ့ အဆုံးသတ်ရတော့မယ် …။ ဘယ်လောက်တောင် ဝမ်းနည်းဖို့ ကောင်းလဲ …” ဝမ်လင်းက သက်ပြင်းချမိသည်။ သူက အနီရောင်လိပ်ပြာ၏ ဝင့်ကြွားမှုကို မတွေ့မြင်ဘဲ သူမစိတ်နှလုံးထဲရှိ နက်ရှိုင်းသော ဝမ်းနည်းမှုကိုသာ ဖြတ်မြင်နေခဲ့သည်။

သည်ဝမ်းနည်းမှုတွင် အလွန်နာကျင်မှုတို့ ပါဝင်နေသည်။

“အနီရောင်လိပ်ပြာ … ငါနင့် ဆန္ဒကို ဖြည့်ဆည်းပေးမယ် …” ဝမ်လင်း မျက်လုံးများက အလေးအနက် ဖြစ်လာပြီးနောက် သူက ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူက လေထဲသို့ ခုန်တက်၍ မာန်သွားကာ ပုဆိန်ကို လွှဲခုတ်ချသည်။ ပုဆိန်က အနီရောင်လိပ်ပြာထံသို့ ကြယ်ပျံတစ်စင်း အလား တိုးဝင်သွား၏။

သည်ပုဆိန်က အားကောင်းသော အော်ရာကို သယ်ဆောင်လာသည်။ ၎င်းက ကောင်းကို ဖြတ်သန်းသွားစဉ် ကောင်းကင်ပင် တုန်ခါ၏။

သည်ပုဆိန်က မြေပြင်နှင့် နီးကပ်ချိန်၌ မြေပြင်သည် အက်ကွဲရသည်။

အနီရောင်လိပ်ပြာက ခေါင်းမော့ကာ ပုဆိန်ကို ကြည့်သည်။ နှင်းဆီပန်းပွင့်ထဲရှိ နတ်ဘုရားအာရုံက အခိုးအငွေ့အဖြစ်သို့ ပြောင်း၍ သူမနဖူးထဲသို့ ဝင်ရောက်သွားသည်။ သည်အခိုက်မှာပင် အနီရောင် လိပ်ပြာမျက်လုံးများက ဗလာနယ်ဖြစ်မှုနှင့် တိုက်ပွဲဆန္ဒတို့ပင် မရှိတော့ချေ။ သည်အခိုက်တွင် အနီရောင်လိပ်ပြာ၏ မျက်လုံးထဲ၌ ကြည်လင်မှု၊ ဝင့်ကြွားမှုနှင့် အမုန်းတရားတို့သာ ရှိတော့သည်။

အနီရောင်လိပ်ပြာက ဖျော့တော့စွာ ပြောလေ၏။ သည်အပြုံးက ပျော်ရွှင်မှုနှင့် ပြည့်လို့နေ၏။ သည်လိုအပြုံးမျိုးက သူမမျက်နှာပေါ်၌ ဖြစ်တောင့်ဖြစ်ခဲပင်။

ပုဆိန်ထဲကနေ ထွက်ပေါ်လာသည့် မွန်းစတားဆန်သည့် တိုက်ပွဲဆန္ဒက ကောင်းကင်ထက်က‌နေ ဆင်းသက်လို့လာ၏။

အနီရောင်လိပ်ပြာ၏ အပြုံးက လှပနေဆဲ ဖြစ်သော်လည်း ထိုအပြုံးထဲ၌ မာန်ဝင့်ထည်မှုတို့ ပါဝင်နေသည်။ သည်လို ဝင့်ကြွားမှုက သူမ၏ အစစ်အမှန်ပုံစံပင် ဖြစ်သည်။

အနီရောင်လိပ်ပြာက သူမဘဝတစ်ခုလုံးတွင် ဂုဏ်ယူ ဝင့်ကြွားမှုနှင့်သာ ရှင်သန် ကုန်ဆုံးခဲ့ခြင်းပင်။ သူမက သေဆုံးတော့မည့် အချိန်မှာပင် ဂုဏ်ယူဝင့်ကြွား နေဦးမည်သာ။

ပုဆိန်က ကောင်းကင်ကို ထွင်းဖောက်လာ၏။ ပြင်းထန် အားကောင်းသော လေကြမ်းများကို ဖြစ်ပေါ်စေ၍ ကောင်းကင်ထက်၌ လေထုပေါက်ကွဲသံများပင် ဆက်တိုက် ထွက်ပေါ်လာသည်။

အနီရောင် လိပ်ပြာက နှစ်နှစ်ရာကျော်ပင် အသက်မရှင်သန်ရသေးချေ။ သိုသော် တောက်ပသည့် အနီရောင်လိပ်က သူမဘဝ အဆုံးသတ်တော့မည် ဆိုရင်ပင် သူမ၏လှပမှုနှင့် ဂုဏ်ယူဝင့်ကြွားမှုတို့က လူအများ မေ့နိုင်စွမ်းမရှိသည့် အရာများပင် ဖြစ်ချေတော့သည်။

သူမဂုဏ်ယူမှုက လူအများကို မပျော်မရွှင် ဖြစ်စေသော်လည်း သူမ၏ ကြမ်းကြုတ်မှုက သူမအနားသို့ လူအများချဉ်းကပ်ရန် ခက်ခဲစေသော်လည်း သည်အချင်းအရာကပင် အနီရောင်လိပ်ပြာ ဖြစ်လေတော့၏။

ဂုဏ်ယူဝင့်ကြွားသည့် အနီရောင်လိပ်ပြာ။

ပုဆိန်က အနီရောင်လိပ်ပြာထံသို့ နီးကပ်လာ၏။ ၎င်းက သူမနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာသည့်အချိန်တွင် အဖျက်အဆီးအားကို ထုတ်လွှတ်လာသည်။ သည်အခိုက်တွင် အနီရောင်လိပ်ပြာက ခုခံမည်ဆိုပါက ခုခံနိုင်မည် ဖြစ်သည်။ သူမက ရှောင်ရှားမည် ဆိုပါကလည်း လုပ်နိုင်စွမ်း ရှိ၏။ သို့ရာတွင် သူမက သည်ပုဆိန်ကို ခုခံခြင်း၊ ရှောင်ဖယ်ခြင်း မပြုလုပ်ချေ။ သည်အခိုက်အတန့်၌ သူမ၏ မျက်လုံးများက တောက်ပသည်ထက် တောက်ပလာခဲ့သည်။ သူမ၏ မျက်လုံးထဲရှိ ဝင့်ကြွားမှုက ပိုပိုအားကောင်းလာခဲ့၏။

သို့ရာတွင် သည်ဝင့်ကြွားမှုထဲ၌ နောင်တရ ပူဆွေးမှုတို့ ရှိလို့နေသည်။ ၎င်းပူဆွေးမှုက ကောင်းစွာ ဖုံးကွယ် ထားသော်လည်း ဝမ်လင်းက ၎င်းကို မြင်နိုင်တုန်းပင်။

သူမ၏ နောက်ဆုံးအခိုက်တွင် အနီရောင်လိပ်ပြာက သူမ၏ ဆရာအကြောင်း ပြန်တွေးနေမိသည်။ သူမက သူမဆရာ၏ မျက်နှာနှင့်အသံကို မြင်ကြားယောင်နေမိသည်။ သူမဆရာအပြင် နောက်ထပ် ပုံရိပ်တစ်ခုလည်း ရှိသေး၏။ သည်ပုံရိပ်က လူငယ်တစ်ယောက်ပင်။ သူ့မျက်လုံးထဲ၌ နူးညံ့မှုတို့ ရှိနေပြီး သူမကို တိတ်တဆိတ် ကြည့်လို့နေ၏။ အနီရောင်လိပ်ပြာက သည်ပုံရိပ်ကို တွေ့မြင်သည့်အခါ ဖျော့တော့စွာ ပြုံးလိုက်၏။

သည်ပုံရိပ်ကတော့ ဝမ်လင်း၏ ပုံရိပ်ပင် ဖြစ်ချေသည်။

“နှုတ်ဆက်ပါတယ် …” အနီရောင် လိပ်ပြာအပြုံးက တဖြည်းဖြည်း အေးခဲလို့လာခဲ့သည်။

ပုဆိန်က ရောက်ရှိလာတော့၏။

အနီရောင် လိပ်ပြာရှေ့ရှိ နှင်းဆီပန်းက တောက်ပသော အလင်းကို ထုတ်လွှတ်လာပြီးနောက် ပွင့်ချပ်များ တစ်ခုပြီးတစ်ခု ကြွေကျလွင့်ပြယ်လာ၏။

အနီရောင်လိပ်ပြာ ပါးစပ်ထောင့်ကနေ သွေးများစီးကျလာပြီး သူမမျက်လုံးများက ဖျော့တော့လို့လာ၏။ သို့သော် သူမမျက်လုံးထဲရှိ ဝင့်ကြွားမှုက အားနည်းသွားခြင်း မရှိချေ။

“နောက်နှစ် … ပန်းပွင့်ချိန်ကြရင် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရဲ့ နှင်းဆီခင်းတစ်ခု ရှိလာလိမ့်မယ် …။ အဲဒီနေရာရဲ့ မြောက်ဘက်ပိုင်းမှာ အပြာရောင် နှင်းဆီပန်းတစ်ပွင့် ပွင့်ဖူးလာလိမ့်မယ် …။ဝမ်လင်း ဒါက နင့်အတွက် ငါ့ရဲ့လက်ဆောင်ပဲ …”

နှင်းဆီပန်းက ၎င်း၏ ပွင့်ချပ်များကို ဆုံးရှုံးသွားခဲ့ပြီး ရိုးတံသာ ကျန်ခဲ့တော့၏။ ပုဆိန်က ၎င်းပေါ်သို့ နီးကပ်လာချိန်၌ သည်ပန်းပွင့်က ပျက်စီးပျောက်ကွယ် သွားတော့သည်။

အနီရောင်လိပ်ပြာ၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အမှတ်အသား တစ်ခုပေါ်လာပြီး သွေးများ ပန်းထွက်လာခဲ့သည်။ သည်မြင်ကွင်းက အလွန်တုန်လှုပ်မှုအား ပေးစွမ်းနေသည်။

“အနီရောင်လိပ်ပြာ … နင်က နင့်ဘဝရဲ့ စမ်းသပ်ချက်ကို ရင်ဆိုင်ရမယ် …။ ဒါက သေခြင်းရှင်ခြင်း စမ်းသပ်ချက်ပဲ …။ နင်က ဒါကို ကျော်လွှားနိုင်ရင် နင့်ဘဝမှာ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး။ နင်က မကျော်လွှားနိုင်ရင်တော့ အားလုံး ဆုံးရှုံးသွားရလိမ့်မယ် ...။ ဆရာက နင့်စမ်းသပ်ချက်ကို ကြိုသိနိုင်ပြီး ကူညီနိုင်ဖို့ ဆရာရဲ့ သက်တမ်းကို အသုံးပြုခဲ့တယ်...။ ဒါကြောင့် ကျေးဇူးပြုပြီး တန်ဖိုးထားပါ..."

“အနီရောင်လိပ်ပြာ … နင်ရဲ့ စမ်းသပ်ချက်က စန်နူးနဲ့ ပတ်သက်နေမှာ ငါစိုးရိမ်မိတယ် …။ သူက နင့်ကို အသက်ရှင်ခွင့်ပြုမှာ မဟုတ်ဘူး …”

အနီရောင်လိပ်ပြာက သွေးများဖြင့် လွှမ်းခြုံလို့လာ၏။ သူမအမြင်က အနီရောင်သို့ ပြောင်းသွားတော့သည်။

“ဆရာ … ဆရာက တပည့်ရဲ့ ကံကြမ္မာ စမ်းသပ်ချက်ကို ကြိုမြင်နိုင်ခဲ့ပါတယ် …။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဆရာက လူမှားခဲ့တယ် …။ တကယ့်စမ်းသပ်ချက် အမှန်ဖြစ်တဲ့ ချန်းဖန်ကိုတော့ ဆရာ ကြိုမမြင်နိုင်ခဲ့ဘူး …”

ပုဆိန်က အနီ‌ရောင်လိပ်ပြာ၏ ခန္ဓာကိုယ်အား ထွင်းဖောက်၍ မြေပြင်သို့ သက်ဆင်း သွားတော့သည်။

၎င်းပုဆိန်ကြောင့် မြေပြင်၌ နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီး အနက်ရောင် အခိုးအငွေ့များက ၎င်းတွင်းပေါက်ထဲကနေ ထွက်ပေါ်လာ၏။

အနီရောင်လိပ်ပြာ၏ ဒိုင်းတွင်လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ သည်အက်ကွဲကြောင်းများက ဒိုင်းတစ်ခုလုံပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့လို့သွားတော့၏။

သူမက မျက်လုံး မှိတ်လိုက်ပြီးနောက် သူမခန္ဓာကိုယ်ကလည်း သွေးများအဖြစ်သို့ ပေါက်ကွဲ ထွက်သွားလေတော့သည်။ လေညင်းက သည်သွေးစ သွေးနများကို ပြန့်ကျဲစေပြီး သွေးစက်များက သည်ဧရိယာ တစ်ခုလုံးအား ဖုံးလွှမ်းသွားစေလေ၏။

ကောင်းကင်ဘုံသမီးတော် … အနီရောင်လိပ်ပြာက သည်လို သေဆုံးသွားခဲ့ရ၏။

“ဝမ်လင်း … ငါ့ကို ကူညီတဲ့အနေနဲ့ … ချန်းဖန်ကို သတ်ပေးပါ … ကျေးဇူးပြု၍ …”

ဝမ်လင်းက လေထဲတွင် ပျံဝဲနေပြီး အနည်းငယ် စဉ်းစားလို့နေသည်။ သူက ခေါင်းမော့၍ အနီရောင်လိပ်ပြာ၏ နောက်ဆုံးပြောခဲ့သည့် စကားကို ကြားလိုက်ရသည့် အလားပင်။

အနီရောင်လိပ်ပြာက သေဆုံးသွားပြီးနောက် ကျောက်စိမ်းပြား တစ်ခုနှင့် စိတ်ဝိညာဉ် ကျာပွတ်တို့ကို ထားခဲ့လေ၏။ သည်ပစ္စည်းနှစ်ခုက လေထဲ၌ မျောလွင့်နေပြီး အထီးကျန်သည့် အော်ရာကို ပေးစွမ်းနေသည်။

“ချန်းဖန်နယ်ပယ်က အဆုံးမဲ့လိုအင်ဆန္ဒ ဖြစ်တယ် …။ သူက အရာအားလုံးကို ဝါးမျိုလိုချင်နေတာ … အမှန်တော့ သူက နယ်ပယ်အားလုံးကို ဘယ်လိုလုပ် ဝါးမျိုနိုင်ပါ့မလဲ …။ ချန်းဖန်လိုချင်တာက အခြားလူတွေရဲ့ နယ်ပယ်ကို နားလည်တဲ့အချိန်မှာ ကောင်းကင်ဘုံနဲ့ ချိတ်ဆက်မိချင်တာပဲ …”

“သူက မတူညီတဲ့ နားလည်မှုတွေကို ရရှိဖို့ အခြားလူတွေရဲ့ နယ်ပယ်ကို သူ့ကိုယ်ပိုင်တာအို ပြည့်စုံတဲ့အထိ ဝါးမျိုသန့်စင် ပစ်ချင်တာ …”

ကျောက်စိမ်းပြားထဲရှိ သတင်းအချက်အလက်က လွန်ခဲ့သော နှစ်များတွင် အနီရောင်လိပ်ပြာ ချန်းဖန်ဆီက ရရှိခဲ့သော အကြောင်းအရာများပင် ဖြစ်ချေတော့၏။

***

All Chapters