အခန်း ၁၈၇
Vol. 18 Ch. 187
အခန်း ၁၈၇။ ရှေးဟောင်းတားမြစ်ချက်အတတ် ၂
သို့သော်လည်း ဤအရာအားလုံးမှာ ကျိုကျိဘက်မှ ပြောပြခဲ့ခြင်းသာ ဖြစ်သည်။ ချန်အန်အနေဖြင့် ၃၀ ရာခိုင်နှုန်းခန့်သာ ယုံကြည်ခဲ့၏။ မဟုတ်သေးပါ... သူ တစ်ခွန်းမှ မယုံကြည်ဘဲ အလွန်ဆုံးရှိမှ တစ်ဝက်ခန့်သာ ယုံကြည်ခြင်း ဖြစ်သည်။
မြေခွေးကဲ့သို့သော သတ္တဝါများသည် ရှေးယခင်ကတည်းက “ကောက်ကျစ်စဉ်းလဲခြင်း” ဟူသော စကားလုံးနှင့် ဒွန်တွဲနေခဲ့ကြသည်။ လိမ်ညာတတ်သည်ဟူသော ပုံရိပ်မှာ လူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။ မည်သူမျှ မြေခွေးတစ်ကောင်ကို မယုံကြည်နိုင်ကြပေ။
သူ့ရှေ့ရှိ မြေခွေးမိစ္ဆာသည် တမင်တကာပင် လူအူတူတူ ပုံစံ ဖမ်းနေခြင်း ရှိမရှိကို မည်သူ သိနိုင်ပါအံ့နည်း။
“သခင်လေး... ကျွန်မ ရှင်မေးသမျှ အကုန်ဖြေပြီးပြီပဲ၊ ဘယ်တော့ ကျွန်မကို လွှတ်ပေးမှာလဲဟင်” ကျိုကျိသည် သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးကို လိပ်ထားလျက် ဂူနံရံကို မှီကာ မျက်နှာတွင် သနားစရာအမူအရာမျိုးဖြင့် မေးလိုက်သည်။
ချန်အန်က အေးစက်စွာဖြင့် “ငါ ကျင့်စဉ်အဆင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် နောကပိုင်း ပြည့်စုံခြင်းအဆင့်အထိ ရောက်လို့ မင်းရဲ့ မိဘတွေကို အလွယ်တကူ နှိမ်နင်းနိုင်တဲ့ အချိန်ကျမှပေါ့” ဟု ပြောလိုက်၏။
ကျိုကျိသည် ၎င်းကို ကြားသောအခါ ဆွံ့အသွားမိတော့သည်။
ကျင့်စဉ်အဆင့် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် နောက်ကျောပိုင်း ပြည့်စုံခြင်းအဆင့်အထိ စောင့်ရမယ် ဟုတ်လား
အဲဒီအဆင့်က နင် တက်ချင်တိုင်း တက်လို့ရတဲ့ အဆင့်မျိုးမို့လို့လား
နင် တက်နိုင်ခဲ့ရင်တောင် ငါ ဘယ်လောက်အထိ စောင့်ရမှာလဲ
အဲဒီအချိန်ကျရင် ငါ့အလောင်းတောင် မြေကြီးထဲမှာ မြုပ်နေတာ ကြာလှပြီ ဖြစ်မှာပဲ
ထိုအကြောင်းကို တွေးမိသောအခါ ကျိုကျိ စိတ်ဓာတ်ကျသွားပြီး ဒေါသတကြီး ကျိန်ဆဲတော့သည်။
“ယုတ်မာပြီး အရှက်မရှိတဲ့လူ... နင်က ကတိမတည်ဘူး၊ နင့်ဆီ ကံကြမ္မာဝဋ်ကြွေးတွေ သေချာပေါက် ပြန်လည်သက်ရောက်လာလိမ့်မယ်”
“ဟုတ်ပါပြီ... ဟုတ်ပါပြီ... မင်းက တရားမျှတပြီး အလွန်တော်တဲ့သူပါ” ချန်အန့်၏ အသံမှာ အလွန်တည်ငြိမ်လှသည်။ သူသည် လက်လှမ်း၍ ကျိုကျိ၏ သွယ်လျသော မေးစေ့လေးကို ဆွဲကိုင်လိုက်ပြီး “ငါက မင်းလို ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်နဲ့ မတူဘူး၊ ကိုယ့်စိတ်နဲ့ နှိုင်းပြီး သူတပါးကို လိုက်တွေးမနေနဲ့”
“ငါ့မှာ ရွေးချယ်စရာ မရှိဘူး၊ ငါက အားကိုးရာမဲ့ ကျင့်ကြံသူတစ်ယောက်ပဲ၊ ဒီလောကကြီးထဲမှာ အသက်ရှင်ချင်ရင် ဒီလိုပဲ လုပ်ရလိမ့်မယ်”
“လူကြီးလူကောင်း လုပ်ချင်ကြတဲ့ အားကိုးရာမဲ့ ကျင့်ကြံသူတွေဆိုရင်တော့ အသက်ပျောက်သွားကြတာ ကြာလှပြီ”
“ငါ အမှတ်မထင် စကားတွေ အများကြီး ပြောမိသွားပြီ၊ အိမ်ပြန်ရမယ့် အချိန်တန်ပြီမို့ မင်းပဲ ဒီမှာ ဆက်နေခဲ့တော့”
ထိုသို့ပြောပြီးနောက် ချန်အန်သည် ထရပ်ကာ ဂူပြင်ပသို့ လှမ်းထွက်ခဲ့ပြီး ပိုမိုဝေးကွာသွားသော သူ၏ ကျောပြင်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။
သူ၏ ခြေသံများ ပိုမိုတိုးညှင်းသွားသည်ကို ကြားလိုက်ရသောအခါ ကျိုကျိသည် စိတ်ပိုင်းဆိုင်ရာ လုံးဝ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ရသည်။ သူမအနေဖြင့် မိမိကိုယ်ကိုယ် သတ်သေပြီး အမြီးကို အသုံးပြုကာ ထွက်ပြေးချင်ခဲ့သည်။ သို့သော်လည်း သူမ၏ ခြေထောက်တွင် ခတ်ထားသော ပင်လယ်မျှော်စင်ကျောက်တုံးကြောင့် ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များအားလုံး စုပ်ယူခံထားရသဖြင့် သူမ၌ မိမိကိုယ်ကိုယ် သတ်သေနိုင်စွမ်းပင် မရှိတော့ပေ။
“အဖွား... ကျွန်မကို ကယ်ပါဦး၊ ကျွန်မ အလွန် နာကျင်နေရပါတယ်” ကျိုကျိသည် မှောင်မည်းသော ဂူအတွင်း၌ ခန္ဓာကိုယ်လေးကို လိပ်ထားရင်း မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေတော့သည်။
ချန်အန် အိမ်သစ်သို့ ပြန်ရောက်သောအခါ သူ၏ ဇနီးများနှင့် သမီးများသည် မနက်စာ စားသောက်ပြီးစီးသွားကြပြီ ဖြစ်ကာ မိမိတို့ အလုပ်များနှင့် မိမိတို့ အလုပ်ရှုပ်နေကြသည်။ ဇနီးဖြစ်သူများသည် အခန်းထဲတွင် ကျင့်ကြံနေကြပြီး သမီးနှစ်ယောက်မှာမူ ဧည့်ခန်းမဆောင်အတွင်း၌ ကျင့်ကြံနေကြ၏။
“သမီးငယ် ယီခဲ့... သမီးက မမဆီကနေ ဝိညာဉ်စွမ်းအင် ခန္ဓာကိုယ်ထဲ သွင်းတဲ့နည်းကို သင်ယူနေတာလား”
ချန်ယီခဲ့က ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်... ညီမလေး မမဆီကနေ ဝိညာဉ်စွမ်းအင် သွင်းတဲ့နည်းကို သင်ယူနေတာပါ” ဟု ဆိုသည်။
“ဘယ်လို ခံစားရလဲ”
“သမီးငယ် ယီခဲ့... သေချာ သင်ယူပါ၊ သမီး ဝိညာဉ်စွမ်းအင် သွင်းတဲ့နည်းကို တတ်သွားတဲ့ အခါကျရင် ဖေဖေ သမီးအတွက် အရသာရှိတဲ့ ဝိညာဉ်မုန့်တွေ အများကြီး ဝယ်ပေးမယ်”
“တကယ်လားဟင်” ချန်ယီခဲ့၏ မျက်လုံးလေးများ လင်းလက်သွားပြီး အစားသရော်သူလေး ပီပီ ပါးစပ်ထောင့်မှ တံတွေးများပင် အလိုအလျောက် စီးကျလာတော့သည်။
ချန်အန်က သူမ၏ အူတူတူ ခေါင်းလေးကို ပွတ်သပ်ပေးရင်း “တကယ်ပေါ့... ဖေဖေ သမီးကို ဘယ်တုန်းက လိမ်ဖူးလို့လဲ” ဟု ဆိုသည်။
“ဖေဖေက ညီမလေးအပေါ် အကောင်းဆုံးပဲ” ချန်ယီခဲ့သည် ဖခင်ဖြစ်သူ၏ ပေါင်ကို ဖက်ကာ မျက်နှာလေးကို အသာပင့်လျက် ပြုံးပြရှာသည်။
ချန်ယုကျန်းသည် ၎င်းကို မြင်သောအခါ လှမ်းလာပြီး ဖခင်ဖြစ်သူ၏ အခြားပေါင်တစ်ဖက်ကို ဖက်ကာ “ဖေဖေ... သမီးက ညီမလေးကို ဝိညာဉ်စွမ်းအင် သွင်းနည်း သင်ပေးနေတာလေ၊ သမီးလည်း ဝိညာဉ်မုန့် လိုချင်တယ်” ဟု ပြော၏။
“သမီးလည်း ရမှာပေါ့၊ သမီးတို့ နှစ်ယောက်စလုံး ရစေရမယ်” ချန်အန်သည် ကြွေရုပ်လေးများကဲ့သို့ ချစ်စရာကောင်းလှသော သမီးနှစ်ယောက်ကို ကြည့်ရင်း မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေခဲ့သည်။
သူသည် သမီးနှစ်ယောက်ကို ခေတ္တမျှ စနောက်ခဲ့၏။
မကြာမီ အချိန်အတွင်းမှာပင် ချန်အန်သည် ဆေးဖော်စပ်ခန်းထဲသို့ ဝင်ကာ အဆင့် ၃ ဆေးလုံးအသစ်များကို မည်သို့ ဖော်စပ်ရမည်ကို စတင်လေ့လာတော့သည်။
ရက်အနည်းငယ် ကုန်လွန်သွားခဲ့၏။
ထိုညတွင် ချန်အန် ဆေးလုံးဖော်စပ်ခြင်း ပြီးစီးသွားသောအခါ ဇနီးဖြစ်သူ ဆောင်ဟွာယင်း၏ အခန်းသို့ လှမ်းသွားခဲ့သည်။ သို့သော်လည်း ဆောင်ဟွာယင်းသည် သမီးဖြစ်သူနှင့်အတူ အိပ်ပျော်နေခဲ့သဖြင့် ချန်အန့်အား ခေတ္တစောင့်ရန် ပြောခဲ့၏။
ချန်အန်မှာမူ ဆက်လက်မစောင့်ဆိုင်းနိုင်တော့ပေ။ သူသည် လှည့်ထွက်လာခဲ့ပြီး မျက်နှာချင်းဆိုင်ရှိ ဇနီးဖြစ်သူ ဝမ်ကျိယန်၏ အခန်းထဲသို့ လှမ်းဝင်ခဲ့သည်။ သူသည် မာနခဲ ကြင်ယာတော်ထံတွင် စိတ်အပန်းဖြေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နောက်ဆုံးတွင် ဝမ်ကျိယန်သည်လည်း သမီးဖြစ်သူနှင့်အတူ အိပ်ပျော်နေခဲ့သဖြင့် သူမတွင် အချိန်မရှိကြောင်း ပြောပြခဲ့ပြန်သည်။
ဇနီးနှစ်ယောက်စလုံးက သူ့အား စောင့်ခိုင်းနေခဲ့သော်လည်း ချန်အန်မှာမူ ဆက်လက်မစောင့်နိုင်တော့ပေ။ တစ်ခါတစ်ရံတွင် လူသားဟူသည် ဤကဲ့သို့ပင် ဖြစ်တတ်သည်။ တစ်ခုခုကို မလုပ်ရလေလေ၊ ချက်ချင်း ထလုပ်ချင်လေလေ ဖြစ်တတ်စမြဲ ဖြစ်သည်။
မတတ်နိုင်သည့်အဆုံး ချန်အန်သည် ဇနီးဖြစ်သူ ရှန်းချင်းယီ၏ အခန်းဆီသို့ လှမ်းသွားခဲ့ရတော့သည်။ ဤအချိန်တွင် ဂူရှင်းယွဲ့သည် ရှန်းချင်းယီ၏ အခန်းထဲ၌ ကျင့်ကြံခြင်းအကြောင်း မေးမြန်းနေလိမ့်မည်ကို သူ သိရှိနေခဲ့၏။
“ယောကျာ်း... ဒီညက နှမလေး ဟွာယင်းရဲ့ အခန်းမှာ အိပ်ရမယ့် အလှည့် မဟုတ်ဘူးလားဟင်” ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသော ရှန်းချင်းယီသည် ချန်အန် လှမ်းဝင်လာသည်ကို မြင်သောအခါ အံ့သြတကြီး မေးမြန်းလိုက်သည်။
သူမ၏ ဘေးနားရှိ ဂူရှင်းယွဲ့ကလည်း ဇဝေဇဝါဖြင့် “ယောကျာ်း... ကျွန်မတို့ကို ပြောစရာ အရေးကြီးကိစ္စ ရှိလို့လားဟင်” ဟု မေး၏။
“အရေးပေါ်ကိစ္စတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တကယ်ပဲ အရေးကြီးနေလို့ပါ” ချန်အန်သည် ပြောပြောဆိုဆိုဖြင့် ကုတင်အနားသို့ ဖြည်းညှင်းစွာ လှမ်းလာခဲ့ပြီး ဇနီးနှစ်ယောက်၏ အလယ်တွင် ဝင်ထိုင်လိုက်ကာ “ဒီလိုပဲ... ဟွာယင်းနဲ့ ကျိယန်က ကလေးတွေနဲ့ အိပ်နေကြလို့ ကိုယ့်ကို အဖော်မပြုပေးနိုင်ကြဘူး၊ ဒါပေမဲ့ ကိုယ်က အခု ချက်ချင်း အဖော်ပြုချင်နေတာ၊ တကယ်ကို အရေးကြီးနေလို့ပါ” ဟု ဆိုသည်။
၎င်းကို ကြားရသောအခါ ရှန်းချင်းယီနှင့် ဂူရှင်းယွဲ့တို့သည် မအောင့်နိုင်ဘဲ ရယ်မောမိကြတော့သည်။ ယောကျာ်းဖြစ်သူက တကယ်ကို အသည်းအသန် ဖြစ်နေရှာသည်။
ချန်အန်ကလည်း သူ အသည်းအသန် ဖြစ်နေရခြင်းမှာ အကြောင်းရှိကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။ ထို့အပြင် သူသာ ဤမျှ အသည်းအသန် မဖြစ်ခဲ့ပါက လှပသော နတ်သမီးလေး လေးပါးကို မည်သို့ ယောက်ျားအဖြစ် လက်ထပ်နိုင်ပါအံ့နည်း။
ဂူရှင်းယွဲ့နှင့် ရှန်းချင်းယီတို့သည် ခေါင်းညိတ်ကာ သဘောတူလိုက်ကြသည်။
ချန်အန်သည် စကားအရှည်ကြီး ပြောမနေတော့ဘဲ လက်လှမ်း၍ လှပသော ဇနီးနှစ်ယောက်ကို သူ၏ရင်ခွင်ထဲသို့ တစ်ဖက်တစ်ချက်စီ ပွေ့ဖက်လိုက်ပြီး မေးလိုက်တော့သည်။
“ကဲ... ပြောကြစမ်းပါဦး၊ ဘယ်သူက အရင် စချင်လဲ”
........................................................