← Chapters

အခန်း ၁၈၈

Vol. 18 Ch. 188

အခန်း ၁၈၈

Vol. 18 Ch. 188

အခန်း ၁၈၈။ ရှေးဟောင်းတားမြစ်ချက်အတတ် (၃)

​“ကျွန်မ အဆင်ပြေပါတယ်”

​“ဟုတ်တယ်... ကျွန်မလည်း နှမလေး ရှန်းနဲ့ အတူတူပါပဲ”

​ဇနီးနှစ်ယောက်စလုံးက တစ်ယောက်ပြီးတစ်ယောက် ပြောကြ၏။

​ချန်အန် ခေါင်းညိတ်လိုက်သည်။ နောက်ထပ် ဘာဆက်လုပ်ရမည်ကို သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။

​သူသည် အလင်းပေးကျောက်တုံးကို သိမ်းဆည်းလိုက်ပြီး ကုတင်လိုက်ကာများကို ဆွဲချလိုက်တော့သည်။

​တစ်နာရီနီးပါး ကြာပြီးနောက် အခန်းတွင်း၌ ပြန်လည်တိတ်ဆိတ်သွားခဲ့၏။

​[ဓားသိုင်းပညာ +၃၊ သတ္တုဓာတ် ဝိညာဉ်အမြစ် ပါရမီ +၃]

[နတ်ဘုရားအာရုံ အားကောင်းမှု +၄၊ မြေဓာတ် ဝိညာဉ်အမြစ် ပါရမီ +၄]

​[အမည် - ချန်အန်]

[မြေဓာတ် ဝိညာဉ်အမြစ် - အဆင့်နိမ့် ၄ %]

​မြေဓာတ် ဝိညာဉ်အမြစ် ဟုတ်လား

​ချန်အန်သည် သူ့ရှေ့ရှိ အကြောင်းကြားစာကို ကြည့်ရင်း အံ့အားသင့်သွားမိသည်။ သို့သော်လည်း သူ ချက်ချင်းပင် ရိပ်မိလိုက်၏။ ဂူရှင်းယွဲ့သည် မိစ္ဆာအမြုတေကို အသုံးပြု၍ သူမ၏ မြေဓာတ်ဝိညာဉ်အမြစ်ကို သူမ၏ နတ်ဘုရားအာရုံပါရမီနှင့် အဆင့်တူညီသွားအောင် ပြုစုပျိုးထောင်လိုက်ခြင်း ဖြစ်ရမည်။

​ထို့ကြောင့်ပင် ယခင်က ဆောင်ဟွာယင်းနှင့် ဖြစ်ခဲ့စဉ်ကကဲ့သို့ ဂုဏ်အင်္ဂါရပ်နှစ်ခု တစ်ပြိုင်နက်တည်း တိုးလာခြင်း ဖြစ်သည်။

​အခုဆိုရင် ငါ ဓာတ်ကြီးငါးပါး စုံလင်ဖို့အတွက် ရေဓာတ်ဝိညာဉ်အမြစ် တစ်ခုပဲ လိုတော့တယ်

​ချန်အန်သည် အနည်းငယ် စိတ်လှုပ်ရှားသွားမိ၏။

​ထို့နောက် သူသည် ဂူထဲတွင် ပိတ်လှောင်ထားသော မြေခွေးမိစ္ဆာကို တွေးမိသွားသည်။ ယခင်က သူမနှင့် တိုက်ခိုက်စဉ်က ထိုမြေခွေးမိစ္ဆာသည် ရေဓာတ်အမျိုးအစား မန္တန်အတတ်များကို အသုံးပြုခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသည်။ ရေဓာတ်မန္တန်များကို အသုံးပြုနိုင်ခြင်းမှာ သူမ၌ ထင်ရှားသော ရေဓာတ်ဝိညာဉ်အမြစ် ရှိနေခြင်းကို ပြသနေခြင်း ဖြစ်သည်။

​ငါသာ အဲဒီမြေခွေးမိစ္ဆာကို ဇနီးအဖြစ် လက်ထပ်ပြီး ကြင်ယာတော်အဖြစ် ထားနိုင်ရင် ဓာတ်ကြီးငါးပါးစုံလင်အောင် စုစည်းနိုင်မှာပဲ

​ဤအတွေးသည် ချန်အန့်၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ သို့သော်လည်း မကြာမီမှာပင် သူ လက်လျှော့လိုက်သည်။

​ထိုမြေခွေးမိစ္ဆာမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူမ၏ မိသားစုနောက်ခံမှာလည်း အလွန်အမင်း အစွမ်းထက်လှသည်။ အကယ်၍ သူမကို လက်ထပ်လိုက်ပါက သူ နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအချိန်ကျလျှင် မိသားစုတစ်ခုလုံးကို သူမက မွှေနှောက်ပြီး ဖရိုဖရဲ ဖြစ်အောင် လုပ်ပစ်လိမ့်မည်။ ပိုမိုဆိုးရွားပါက ၎င်းတို့၏ မိသားစုပါ ပျက်စီးသွားနိုင်ခြေ ရှိသည်။

​ချန်အန်... အော်... ချန်အန်... မင်းက တကယ် မော်ကြွားလွန်းတာပဲ၊ ရွှေအမြုတေအဆင့်ရှိတဲ့ မြေခွေးမတစ်ကောင်ကိုတောင် သိမ်းသွင်းချင်နေတယ်၊ မင်းကတော့ အေးအေးလူလူ နေရတာ ပျင်းနေပြီ ထင်တယ်

​ချန်အန်သည် စိတ်ထဲမှ မိမိကိုယ်ကိုယ် ပြန်လည်ကျိန်ဆဲလိုက်၏။

​ဤအချိန်တွင် သူ၏ သိုလှောင်အိတ်ထဲရှိ အသံလွှင့်အဆောင်လက်ဖွဲ့မှာ တုန်ခါလာခဲ့သည်။ သူ ၎င်းကို ထုတ်ယူလိုက်သောအခါ ဇနီးဖြစ်သူ ဆောင်ဟွာယင်း၏ အသံကို ကြားလိုက်ရ၏။

​“ယောကျာ်း... သမီးငယ် ယုကျန်း အိပ်ပျော်သွားပြီဘယ်မှာလဲဟင်”

​“ကိုယ် ချင်းယီရဲ့ အခန်းထဲမှာ၊ ကိုယ့်အခန်းကို လာခဲ့လိုက်လေ၊ ကိုယ် အခု ချက်ချင်း လာခဲ့မယ်”

​“ဟုတ်ကဲ့ပါ” ဆောင်ဟွာယင်းက ညင်သာစွာ ပြန်ဖြေသည်။

​ချန်အန်သည် အသံလွှင့်အဆောင်ကို သိမ်းဆည်းလိုက်ပြီး ကုတင်ပေါ်မှဆင်းကာ ထွက်ခွာရန် ပြင်လိုက်၏။ သူ ဤမျှ အသည်းအသန် ဖြစ်နေသည်ကို မြင်သောအခါ ကုတင်ပေါ်ရှိ ဂူရှင်းယွဲ့နှင့် ရှန်းချင်းယီတို့သည် စိတ်မချမ်းမြေ့စရာ မျက်နှာပေးဖြင့် ကြည့်ရင်း ယောကျာ်းဖြစ်သူမှာ တကယ်ကို ခွန်အားဗလနှင့် ပြည့်စုံလွန်းလှသည်ဟု စိတ်ထဲမှ တွေးနေမိကြတော့သည်။

​အခန်းတွင်း၌ ချန်အန်နှင့် ဆောင်ဟွာယင်းတို့မှာ လင်မယားဟောင်းများ ဖြစ်ကြပြီ ပီပီ နှစ်ယောက်စလုံး ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်နှင့် စကားအများကြီး ပြောနေရန် မလိုတော့ပေ။

​“ဟွာယင်း... သမီးငယ် ယုကျန်းက အရွယ်ရောက်လာပြီဆိုတော့ တစ်ယောက်တည်း အိပ်သင့်တဲ့ အချိန်ရောက်ပြီ၊ မနက်ဖြန် ကိုယ် သူမအတွက် အခန်းအသစ်တစ်ခန်း တူးပေးမယ်”

​“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ... ယောက်ျားသဘောအတိုင်းပါပဲ” ဆောင်ဟွာယင်းက စိတ်လွင့်နေသော အမူအရာမျိုးဖြင့် ညင်သာစွာ ပြောရှာသည်။

​အချိန်များမှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။

​မျက်လုံးများ ဖွင့်ကြည့်လိုက်သောအခါ ပြတင်းပေါက်အပြင်ဘက်၌ ကောင်းကင်ယံမှာ အနည်းငယ် လင်းပွင့်နေပြီ ဖြစ်သည်။

​ချန်အန် နိုးလာခဲ့၏။ စိတ်အာရုံတစ်ခုနှင့်အတူ သူသည် သူ၏ခါးကို ဖက်ထားသော ဇနီးဖြစ်သူ၏ ခြေထောက်ကို အသာဖယ်ရှားလိုက်ပြီး တိတ်တဆိတ် အဝတ်အစားများဝတ်ကာ အခန်းထဲမှ ထွက်ခဲ့သည်။

​သူသည် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်အခန်းရှိ ဝမ်ကျိယန် နိုးနေပြီဖြစ်ကာ ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်လျက် ကျင့်ကြံနေသည်ကို အာရုံခံမိလိုက်သည်။ သူသည် ကုတင်ပေါ်ရှိ အူတူတူ သမီးငယ်လေး မနိုးမီ လွန်ခဲ့သည့်ညက မလိုက်လျောနိုင်ခဲ့သည့် နောင်တကို အဖတ်ဆယ်ရန်အတွက် ဝမ်ကျိယန်ထံသို့ သွားရောက်ရန် စီစဉ်လိုက်၏။

​“ရှင်ကလည်း မနက်အစောကြီး ဘာလို့ ဝင်လာတာလဲ” ဝမ်ကျိယန်က ချန်အန့်ကို မျက်စောင်းထိုးရင်း မကျေမနပ်ဖြင့် လေသံကို နှိမ့်ကာ ပြောလိုက်သည်။

​ချန်အန်သည် ဟန်ဆောင်နေရခြင်းကို မနှစ်သက်သဖြင့် လှမ်းလာပြီး တိုးတိုးလေး ပြောလိုက်၏။

“ကိုယ့်လို အဘိုးကြီး နှာဗူးတစ်ယောက်က ဘာလုပ်ရဦးမှာလဲ၊ တကယ်တော့ ကိုယ် မင်းနဲ့အတူ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးအကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးချင်လို့ပါ”

​“ရှင့်ကို ကြည့်ရတာလေ...” ဝမ်ကျိယန်က ဆွဲဆောင်မှုရှိစွာ မျက်စောင်းထိုးလိုက်ပြီး မေးမြန်းလိုက်သည်။ “နှမလေး ဟွာယင်းက ရှင့်အခန်းထဲမှာ ရှိနေတုန်းပဲလား”

​“အင်း... သူမ ကိုယ့်အခန်းထဲမှာ အိပ်ပျော်နေတုန်းပဲ”

​“မမရှန်းကရော သူမအခန်းထဲမှာ ကျင့်ကြံနေတုန်းပဲလား”

​“သူမလည်း ရှိနေတုန်းပဲ”

​“ယွဲ့အာကရော နိုးပြီလား”

​“မနိုးသေးဘူး”

​“သမီးငယ် ယုကျန်းကရော နိုးပြီလား”

​“မနိုးသေးဘူး”

​“ဒါဆိုရင် ကုတင်ပေါ်က သမီးငယ် ယီခဲ့လေးကရော နိုးပြီလို့ ထင်လား”

​“မနိုးသေးဘူး”

​“တွေ့လား... အားလုံးက အခန်းထဲမှာ ရှိနေကြတာကို ကိုယ်တို့ ဘယ်နေရာမှာ သွားလုပ်ကြမှာလဲ” ဝမ်ကျိယန်က စကားမဲ့စွာဖြင့် မေးလိုက်သည်။

​ရိုးရိုးသားသား ပြောရလျှင် သူမသည်လည်း ယခုအချိန်တွင် ချန်အန်နှင့် အတူတူ နေချင်နေခဲ့သည်။ သို့သော်လည်း ပြဿနာမှာ နေရာမရှိခြင်း ဖြစ်သည်။ လိုဏ်ခေါင်းအတွင်းရှိ အခန်းတိုင်းတွင် လူများ ရှိနေကြသည်။

​သို့သော်လည်း ဤပြဿနာမှာ ချန်အန်အတွက် မခက်ခဲလှပေ။

​သူသည် ဝမ်ကျိယန်ကို ရုတ်တရက် ပွေ့ချီလိုက်ပြီး မီးဖိုချောင်ဆီသို့ ခေါ်ဆောင်သွားခဲ့၏။ “ကဲ... သွားကြစို့၊ ကိုယ် မင်းကို မနက်စာ သွားလုပ်ပေးမယ်၊ ပြီးတော့ မင်းအတွက် ကြက်ဥတွေ၊ အီကြာကွေးတွေနဲ့ ပဲနို့တွေကို အရသာမြည်းစမ်းဖို့ ပေးမယ်”

​ဝမ်ကျိယန်က သူ၏ခါးကို ဆိတ်လိုက်ပြီး ကြိမ်းမောင်းလေသည်။ “ဒီလူယုတ်မာ... ရှင် ဘာတွေးနေလဲဆိုတာ ကျွန်မ မသိဘူးများ မှတ်နေလား၊ မနက်စာလုပ်ဖို့လို့ ပြောပြီး အမှန်တော့ ကျွန်မကို မီးဖိုချောင်ထဲခေါ်ပြီး နှိပ်စက်မလို့မလား”

​“လျှောက်မပြောနဲ့... ကိုယ်က ရိုးသားတဲ့သူပါ”

​“အာ... ဟုတ်ပါပြီ... ဟုတ်ပါပြီ” ဝမ်ကျိယန်သည် ယခင်က သူ အသုံးပြုလေ့ရှိသော ထူးဆန်းသည့် လေသံအတိုင်း လိုက်လံတုပလိုက်၏။

​ချန်အန်က ပြုံးလိုက်ပြီး ဘာမျှမပြောတော့ပေ။ သို့သော်လည်း သူသည် ခဏနေလျှင် မီးဖိုချောင်ထဲ၌ သူမအား မည်သို့ ကိုင်တွယ်ရမည်ကို တွေးတောနေခဲ့ပြီ ဖြစ်သည်။ သူမအား တစ်နေ့ကုန် ညည်းတွားနေအောင် သူ ပြုလုပ်ပစ်မည်။

​မကြာမီ မီးဖိုချောင်အတွင်း၌ လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။

​အချိန်မည်မျှ ကုန်လွန်သွားခဲ့သည်မသိ၊ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ရ၏။ ဝမ်ကျိယန်၏ အသက်ပြင်းပြင်း ရှူသံများသာ ကျန်ရှိတော့သည်။

​ချန်အန်သည် သူမ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြုလုပ်ပေးရင်း ခေတ္တမျှ တွေးတောကာ ပြောလိုက်၏။ “ကျိယန်... ကိုယ် မနေ့ညက ဟွာယင်းကို ပြောခဲ့တယ်၊ သမီးငယ် ယုကျန်းကို ဒီနေ့ကစပြီး တစ်ယောက်တည်း အိပ်ခိုင်းဖို့ပေါ့”

​“ဟုတ်ပါတယ်... သမီးငယ် ယုကျန်းက ကြီးလာပြီဆိုတော့ အမှီအခိုကင်းတတ်ဖို့ သင်ယူရမယ့် အချိန်ရောက်ပါပြီ၊ သူမကို တစ်ယောက်တည်း အိပ်ခိုင်းတာ မှန်ပါတယ်” ဝမ်ကျိယန်က ခေါင်းညိတ် သဘောတူသည်။

​ချန်အန်က ဆက်လက်၍ “ကျိယန်... ကြည့်ပါဦး၊ သမီးငယ် ယီခဲ့ကလည်း အခုဆို ပြေးနိုင်၊ ခုန်နိုင်၊ စကားပြောနိုင်နေပြီပဲ၊ ကိုယ် ထင်တာကတော့ သူမကိုလည်း သမီးငယ် ယုကျန်းနဲ့အတူ အတူတူ အိပ်ခိုင်းပြီး စောစောစီးစီး လွတ်လပ်မှုကို သင်ယူခိုင်းတာ ပိုကောင်းလိမ့်မယ်” ဟု ဆို၏။

.........................................................

All Chapters