← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း (၆) - နတ်ဘုရားအသုံးအဆောင်များ

ထူးထူး၏ စကားကို ကြားသောအခါ ကျူးလင်က ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး သူမ၏ လက်ချောင်းများမှာမူ ရပ်တန့်သွားခြင်း မရှိချေ။

စစ်မှန်သော နတ်ဘုရားတစ်ပါးအနေဖြင့် သူမ၏ သွေးထဲတွင် သန့်စင်သော နတ်ဘုရားစွမ်းအင်များ စီးဆင်းနေပေသည်။

လောကဘုံခြောက်ပါးအတွင်း၌ပင် သူမ ငယ်စဉ်အခါက မိစ္ဆာနတ်ဘုရားသည် နတ်ဘုရားနယ်ပယ်သို့ ကျူးကျော်ဝင်ရောက်ကာ သူမအား ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့ဖူးလေ၏။

မိစ္ဆာနတ်ဘုရားသည် သူမကို မြင်မြင်ချင်းမှာပင် သူမအား မိမိ၏ ကြင်ယာတော်အဖြစ် တင်မြှောက်ရန် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုစကားများမှာ လောကဘုံခြောက်ပါး၏ နေရာအသီးသီးသို့ ပျံ့နှံ့သွားခဲ့ပြီးနောက် နတ်ဘုရားများနှင့် နတ်ဆိုးများအကြား ရန်ငြိုးများမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူမ၏ အစ်ကိုကြီးက ကယ်တင်နိုင်ခဲ့ပြီး မိစ္ဆာနတ်ဘုရားကို တိုက်ထုတ်နိုင်ခဲ့သောကြောင့်သာ သူမဘေးကင်းလုံခြုံစွာ ကြီးပြင်းလာနိုင်ခြင်းပင်။

ထို့နောက်ပိုင်းတွင် မိစ္ဆာနတ်ဘုရားသည် နေ့စဉ်နှင့်အမျှ သူမ၏ နတ်ဘုရားဂူနန်းအတွင်းသို့ တိတ်တဆိတ် ခိုးဝင်လာတတ်ပြီး အသုံးအဆောင်ပစ္စည်းများ သန့်စင်ဖော်စပ်ရန်အတွက် သူမ၏ သွေးများကို ခိုးယူခြင်း သို့မဟုတ် သူမအား စနောက်ကစားခြင်းများ ပြုလုပ်တတ်လေသည်။

မိစ္ဆာနတ်ဘုရား၏ နှောင့်ယှက်မှုများအောက်တွင် ကျူးလင်သည် ပိုမိုအစွမ်းထက်လာခဲ့သည်။

မိစ္ဆာနတ်ဘုရားသည် လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က သူမထံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ပြီးနောက်တွင်မူ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ချေပြီ။

ထိုနေ့ကို ပြန်လည်စဉ်းစားကြည့်သည့်အခါ မိစ္ဆာနတ်ဘုရားသည် သူမအား မည်သည့်စကားများ ပြောခဲ့သည်ကို သူမကိုယ်တိုင်လုံးဝ စဉ်းစား၍မရပါချေ။

သူမမှတ်မိရန် ကြိုးစားလေလေ သူမ၏ မှတ်ဉာဏ်များမှာ ပိုမိုမှုန်ဝါးလာလေလေ ဖြစ်နေခဲ့၏။

အကြိမ်ကြိမ် မအောင်မြင်သည့်အခါ သူပြောခဲ့သော စကားများကို ပြန်လည်မှတ်မိရန် ကြိုးပမ်းခြင်းကို နောက်ဆုံးတွင် လက်လျှော့လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ... မိစ္ဆာနတ်ဘုရား ကျဆုံးသွားပြီဆိုသည့် ကောလာဟလများ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် သူ့ကို ပြန်လည်သတိရနေခြင်းမှာ အသုံးမဝင်တော့ချေ။

သူမသည်လည်း လောကဘုံခြောက်ပါးသို့ ပြန်၍မရနိုင်သလို သူသည်လည်း ကျဆုံးသွားခဲ့ပြီဖြစ်ရာ ယခုအခါတွင် သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့နိုင်ရန် လုံးဝမဖြစ်နိုင်တော့ချေ။

စက္ကန့်နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် ကျူးလင်သည် သူမ၏ လက်ထိပ်မှ သွေးများကို သုတ်လိုက်ပြီး သူမဖန်တီးထားသော လေဟုန်အဆောင်ကို ကြည့်လိုက်သည်။

သူမက လေဟုန်အဆောင်ကို မြှောက်ကာ ကြည့်ရှုစစ်ဆေးပြီးနောက် ပြောလိုက်၏။

"ဒါဆိုရင် လုံလောက်ပြီ ထင်တာပဲ"

ထူးထူးက လေဟုန်အဆောင်ကို မယုံကြည်နိုင်သည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

"သခင်မလေး... ဒီလေဟုန်အဆောင်က ကျွန်တော်တို့ကို အဲဒီအဆောက်အအုံပေါ် တက်နိုင်အောင် တကယ်ပဲ ကူညီပေးနိုင်မှာလား"

ကျူးလင်က ယုန်လေး၏ နဖူးကို အသာအယာ တောက်လိုက်ကာ မေးလိုက်၏။

"ဘာလဲ... မင်းက ငါ့ကို မယုံဘူးလား"

ထူးထူးသည် ၎င်း၏ နဖူးကို အုပ်ကိုင်လိုက်ပြီး ဘာမျှ ပြန်မပြောတော့ချေ။

ယုံကြည်မှုနှင့် ပတ်သက်လာလျှင် ယုန်ကလေးသည် ကျူးလင်ကို အယုံကြည်ဆုံးပင်။

လေဟုန်အဆောင်သည် သူတို့အား ထိုအဆောက်အအုံမြင့်၏ ခေါင်မိုးပေါ်သို့ ပို့ဆောင်ပေးရန် လုံလောက်သည်ဟု သူမက ပြောခဲ့ပြီးဖြစ်ရာ ထူးထူးမှာလည်း ၎င်း၏ ပါးစပ်လေးကို ပိတ်ထားလိုက်တော့သည်။

ကျူးလင်သည် ခက်ခဲစွာ ဖန်တီးထားသော လေဟုန်အဆောင်ကို လက်ညှိုးနှင့် လက်ခလယ်ကြားတွင် ညှပ်လိုက်ကာ အသံတိုးတိုးဖြင့် ရွတ်ဆိုလိုက်၏။

"ပွင့်စေ"

သူမ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သူမ၏ လက်ချောင်းများကြားရှိ လေဟုန်အဆောင်မှာ ပြာလွင့်လွင့် မီးတောက်များဖြင့် ရုတ်တရက် ဖုံးလွှမ်းသွားခဲ့သည်။

လေဟုန်အဆောင်မှာ လုံးဝလောင်ကျွမ်းမသွားမီ တစ်စက္ကန့်အလိုတွင် ကျူးလင်၏ ခြေဖဝါးအောက်၌ စိမ်းနုရောင် အစီရင်ခံစာတစ်ခု ပေါ်လာ၏။

ကျူးလင်နှင့် ထူးထူးတို့သည် ထိုအစီရင်ခံစာကို တစ်ပြိုင်နက်တည်း ငုံ့ကြည့်လိုက်ကြသည်။

ထိုအစီရင်ခံစာကို မြင်သောအခါ ထူးထူးသည် စိတ်လှုပ်ရှားစွာဖြင့် ကျူးလင်၏ ပါးပြင်ကို ပုတ်ကာ ပြောလိုက်၏။

"သခင်... သခင်မ‌လေး။ သခင်မ‌လေးရဲ့ အဆင့်မမီတဲ့ လေဟုန်အဆောင်က တကယ်ပဲ အလုပ်ဖြစ်တာပဲ"

ကျူးလင်သည် စိတ်လှုပ်ရှားနေသော ယုန်လေး၏ ခြေထောက်ကို ဆွဲကိုင်ပြီး လေပေါ်သို့မြှောက်၍ ဇောက်ထိုးဆွဲကာ ပြောလိုက်သည်။

"ဒီအဆောင်က အသုံးဝင်တာပေါ့။ ငါက အနိမ့်ဆုံးအဆင့် ပစ္စည်းတွေကို သုံးထားပေမဲ့ ငါ့ရဲ့သွေးကို အသုံးပြုထားသရွေ့တော့ လောကဘုံခြောက်ပါးမှာ အစွမ်းအထက်ဆုံး အဆောင်ကို ဖန်တီးနိုင်တယ်လေ"

သူတို့ စကားပြောနေစဉ်မှာပင် အဆောက်အအုံမြင့်၏ တစ်ဝက်ခန့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အဆောက်အအုံ၏ ခေါင်မိုးပေါ်သို့ ရောက်ရန် နှစ်မိနစ်ခန့် ကြာမြင့်ခဲ့၏။

ခေါင်မိုးသို့ ရောက်ပြီဖြစ်ကြောင်း မြင်သောအခါ ကျူးလင်က သူမ၏ လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ ခြေဖဝါးအောက်မှ လေဟုန်အစီရင်ခံစာမှာ ကွယ်ပျောက်သွားတော့သည်။

အစီရင်ခံစာ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ကျူးလင်သည် ခေါင်မိုးပေါ်သို့ သာသာယာယာ ဆင်းသက်လိုက်လေသည်။

ထူးထူးသည် ကျူးလင်၏ ပခုံးပေါ်မှ ခုန်ဆင်းကာ ပတ်ဝန်းကျင်ကို စပ်စုကြည့်ရှုနေ၏။

စပ်စုနေသော ယုန်လေးကို ကြည့်ကာ ကျူးလင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်ကာ သူမ၏ နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

ဤအဆောက်အအုံအတွင်း၌ ထိုရုပ်သေးရုပ်များမှလွဲ၍ အခြားသက်ရှိများ မရှိသည်ကို တွေ့ရသောအခါ ကျူးလင်သည် ထိုင်ရန် သန့်ရှင်းသော နေရာတစ်ခုကို ရှာလိုက်၏။ ထူးထူးသည် ခေါင်မိုး၏ ထောင့်အသီးသီးကို စစ်ဆေးပြီးနောက် ပြောလိုက်သည်။

"သခင်မလေး... ကျွန်တော် ညာဘက်မှာ တံခါးတစ်ခု တွေ့ခဲ့တယ်။ အောက်ကို ဆင်းကြည့်ချင်လား"

ကျူးလင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါပြီး ပြောလိုက်၏။

"ငါ အရင်နားချင်သေးတယ်။ ဒါ့အပြင် ငါတို့ ဒီကမ္ဘာရဲ့ ဘာသာစကားကို သင်ယူဖို့ နည်းလမ်းတစ်ခု ရှာဖို့ လိုအပ်သေးတယ်။ ဒီကမ္ဘာရဲ့ ဘာသာစကားကို နားမလည်တာက တကယ့်ကို အဆင်မပြေဘူး"

သူမ၏ စကားကို ကြားသောအခါ ထူးထူးက ရုတ်တရက် ပြောလိုက်သည်။

"သခင်... အဲဒီအတွက် ကျွန်တော့်ဆီမှာ အတော်လေးကောင်းတဲ့ နတ်ဘုရားအသုံးအဆောင် ရှိနေသလိုပဲ"

ပြောပြီးသည်နှင့်တစ်ပြိုင်နက် ယုန်ကလေးသည် ၎င်း၏ ဝိညာဉ်နန်းဆောင်အတွင်း၌ အမြန်ရှာဖွေလိုက်၏။

မိနစ်အနည်းငယ် ကြာပြီးနောက် ထူးထူးသည် ၎င်း၏ ခြေထောက်လေးများကို ဆန့်ထုတ်လိုက်ရာ ခြေထောက်ပေါ်တွင် နတ်ဘုရားအသုံးအဆောင်နှစ်ခု ပေါ်လာလေသည်။

ကျူးလင်က ထိုအသုံးအဆောင်များကို ကြည့်ကာ မေးလိုက်၏။

"ဒီအသုံးအဆောင်တွေက ဘယ်ကနေ ရောက်လာတာလဲ"

ထူးထူးသည် အနီရောင် လက်ကောက်အသေးစားလေးကို ၎င်း၏ ညာဘက် နောက်ခြေထောက်တွင် ဝတ်ဆင်လိုက်ပြီးနောက် ရေခဲပြာရောင် လက်ကောက်ပါးလေးကို သူ၏ သခင်မ‌လေးထံ ကမ်းပေးရင်း ပြောလိုက်သည်။

"တော်တော်ကြာပြီ ကောင်းကင်ဧကရာဇ်က ဒါတွေကို ကျုပ်ကို ပေးခဲ့တာပါ"

ယုန်လေး၏ စကားကို ကြားသောအခါ ကျူးလင်က မျက်ခုံးအစုံကို အနည်းငယ် မြှင့်လိုက်ကာ မေးလိုက်၏။

"ငါ့ရဲ့ အစ်ကိုကြီးက မင်းကို ဒီနတ်ဘုရားအသုံးအဆောင်တွေ ပေးခဲ့တာလား။ ဘာဖြစ်လို့လဲ"

ထူးထူးက ကျူးလင်ကို မော့ကြည့်ကာ မေးလိုက်သည်။

"သခင်မလေး... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က တံခါးပိတ်ကျင့်ကြံခဲ့တဲ့ အချိန်ကို မှတ်မိသေးလား"

ကျူးလင်က ခေါင်းညိတ်ပြလိုက်ရာ ထူးထူးက ဆက်ပြောလေ၏။

"အဲဒီတုန်းက ကောင်းကင်ဧကရာဇ်က ကျွန်တော်တစ်ယောက်တည်း သခင်မ‌လေးရဲ့ နတ်ဘုရားနန်းဆောင်ထဲမှာ နေနေရတာ ပျင်းနေမှာစိုးလို့ ကျွန်တော့်ကို အပြင်ထွက်ကစားဖို့ ဒီနတ်ဘုရားအသုံးအဆောင်တွေကို ပေးခဲ့တာပါ"

ကျူးလင်က ထပ်မံမေးမြန်းလိုက်သည်။

"ဒါဆို သူက ဘာလို့ မင်းကို အသုံးအဆောင် နှစ်ခု ပေးခဲ့တာလဲ။ ဒီအသုံးအဆောင်တွေက ဘာအတွက် သုံးတာလဲ"

ထူးထူးက ရှင်းပြရင်း ကျူးလင်၏ ပေါင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းရန် နေရာရှာနေလေ၏။

"ကောင်းကင်ဧကရာဇ်က ပြောတယ်။ တကယ်လို့ တစ်နေ့နေ့မှာ သခင်က လောကကြီးကို လှည့်လည်ချင်လာခဲ့ရင် ကျန်တဲ့ အသုံးအဆောင်တစ်ခုကို သုံးနိုင်တယ်တဲ့။”

“ဒီအသုံးအဆောင်က ဘယ်ဘာသာစကားကိုမဆို ငါတို့ကိုယ်ပိုင် ဘာသာစကားလို နားလည်စေနိုင်တယ်။”

“တစ်ခုတည်းသော အားနည်းချက်ကတော့ ငါတို့ကိုယ်တိုင် မသင်ယူထားရင် အဲဒီဘာသာစကားတွေကို ဖတ်တာ ဒါမှမဟုတ် ရေးတာတော့ လုပ်လို့မရဘူး"

ကျူးလင်သည် သူမ၏ လက်ထဲရှိ လှပသေသပ်သော ရေခဲပြာရောင် လက်ကောက်လေးကို ကြည့်ကာ ပြုံးလျက် ပြောလိုက်၏။

"ငါ့ရဲ့ အစ်ကိုကြီးကတော့ ဗေဒင်ဟောကိန်းထုတ်တဲ့နေရာမှာ တကယ့်ကို အတော်ဆုံးပဲ"

ပြောပြီးနောက် သူမသည် လက်ကောက်ကို သူမ၏ ဘယ်ဘက် လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သည်။

သူမသည် လက်ကောက်ကို ခဏမျှ ကြည့်ရှုနေပြီးနောက်တွင် ယုန်ကလေးမှာ သူမ၏ ပေါင်ပေါ်တွင် အိပ်ပျော်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။

ယုန်ကလေး၏ နူးညံ့သော အမွေးပွပွလေးများကို အသာအယာ ပွတ်သပ်ပေးရင်း သူမသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်၍ တရားထိုင်ခြင်းကို စတင်လိုက်တော့သည်။

All Chapters