← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃) - မြန်နှုန်းမြှင့် ဖုတ်ကောင်

ဖုတ်ကောင်၏ ခေါင်းထဲမှ ပုံဆောင်ခဲများသည် နံနက်ခင်းနေရောင်အောက်တွင် တောက်ပစွာ လွင့်စဉ်ထွက်လာ၏။

ကျူးလင်၏ မျက်ဝန်းများက လက်ခနဲဖြစ်သွားပြီး ပုံဆောင်ခဲ မြေပြင်ပေါ်သို့ မကျမီ ဖမ်းယူလိုက်သည်။

ထို့နောက် မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီးနောက် လမင်းတစ်ထောင်ခြေလှမ်းကျင့်စဉ်ကို အသက်သွင်းကာ ဒုတိယအကြိမ် ဖုတ်ကောင်များထံသို့ ပြေးဝင်သွားလေသည်။

ကောင်းကင်မျက်လုံးကျင့်စဉ်နှင့် လမင်းတစ်ထောင်ခြေလှမ်းကျင့်စဉ်တို့ကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ပြီးနောက် ကျူးလင်က ဖုတ်ကောင်များ၏ ခေါင်းထဲမှနေ၍ ပုံဆောင်ခဲများကို အလွယ်တကူ ထုတ်ယူလိုက်၏။

အချိန်တိုအတွင်းမှာပင် သူမသည် ဖုတ်ကောင်များ၏ ခေါင်းများထဲမှ ပုံဆောင်ခဲ ခြောက်ခုထက်မက စုဆောင်းနိုင်ခဲ့လေသည်။

ဖုတ်ကောင်များ၏ အမြန်နှုန်းနှင့် အင်အားကို ကြည့်၍ ကျူးလင်က ၎င်းတို့၏ စွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။

ဤဖုတ်ကောင်အုပ်စုထဲတွင် အသန်မာဆုံး ဖုတ်ကောင်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အစောပိုင်းရှိ ကျင့်ကြံသူတစ်ဦးနှင့်သာ ညီမျှပြီး သူမ၏ လက်ရှိစွမ်းအားဖြင့် ၎င်းတို့ကို အလွယ်တကူ အနိုင်ယူနိုင်သေးသည်။

ထူထူ နိုးလာသောအခါ ယုန်လေးမှာ ၎င်း၏ သခင်မလေး အဝတ်အစားများထဲတွင် ထိုးထည့်ခံထားရသည်ကို တွေ့လိုက်ရသောအခါ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာများ ပေါ်လွင်နေ၏။

ထူထူက ကျူးလင်၏ အဝတ်အစားများထဲမှ ခေါင်းပြူထွက်လာကာ အိပ်ချင်မူးတူးဖြင့် မေးလိုက်လေသည်။

"သခင်မလေး ဘာလုပ်နေတာလဲ"

ကျူးလင်က ငုံ့ကြည့်လိုက်ရာ သူမ၏ ယုန်လေးက နူးညံ့သော လက်ဖဝါးလေးနှစ်ဖက်ဖြင့် မျက်လုံးများကို ပွတ်သပ်နေသည်ကို မြင်လိုက်ရပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

"ငါ ပုံဆောင်ခဲတချို့ စုဆောင်းနေတာ"

စကားပြောအပြီးတွင် သူမက ဘေးသို့ ခုန်ရှောင်လိုက်ကာ မြန်နှုန်းမြင့်ဖုတ်ကောင်၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

ဖုတ်ကောင်များသည် ကား၏အမြန်နှုန်းကို လိုက်မမီနိုင်သဖြင့်လိုက်မမီသဖြင့် ပစ်မှတ်များ ပျောက်ကာ ပြန့်ကျဲသွားကြသည်။ အနည်းငယ်သော ဖုတ်ကောင်များကသာ လှည့်ကာ သူမကို တိုက်ခိုက်လာကြလေသည်။

ညာဘက်ပါးပြင်ပေါ်သို့ လေပြည်များ တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသဖြင့် ထူထူက လေတိုက်ရာအရပ်သို့ မော့ကြည့်လိုက်ရာ ၎င်း၏ မျက်စိရှေ့တွင် ရှိနေသောအရာကို မြင်လိုက်ရသောအခါ ယုန်လေးမှာ အံ့သြသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။

အိပ်ရာမှ နိုးနိုးချင်း ဤမျှ ရွံရှာဖွယ်ကောင်းသော မျက်နှာကို မြင်တွေ့လိုက်ရခြင်းမှာ မည်သူ့အတွက်မဆို နှစ်မြို့စရာမကောင်းလှပေ။

ထူထူက ကျူးလင်၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။

"သခင်မလေး၊ ဘာလို့ ကျွန်တော်တို့ကို ရုပ်သေးရုပ်တွေ အများကြီး ဝိုင်းထားတာလဲ။"

ကျူးလင်က နောက်ပြန်ဂျွမ်းပစ်လိုက်ကာ မြန်နှုန်းမြင့် ဖုတ်ကောင်ထံမှ နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ရှောင်တိမ်းရင်း တည်ငြိမ်စွာပင် ပြောလိုက်လေ၏။

"ထူထူ ဒီရုပ်သေးရုပ်တွေကို ဒီကမ္ဘာမှာ ဖုတ်ကောင်တွေလို့ ခေါ်တယ်။ လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က သတ္တုသေတ္တာအချို့ကို ဖုတ်ကောင်အုပ်ကြီး လိုက်ဖမ်းနေတာ ငါ မြင်ခဲ့တယ်။”

“အဲဒီသတ္တုသေတ္တာတွေကို ကားတွေလို့ ခေါ်တာပဲ။ သေချာလေ့လာကြည့်လိုက်တော့ တချို့ဖုတ်ကောင်တွေရဲ့ အထက်ဒန်တျန်တွေမှာ ဟိုမြွေကြီးတုန်းကလိုပဲ ပုံဆောင်ခဲတွေ ရှိနေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် ပုံဆောင်ခဲတွေကို သိမ်းယူဖို့ ငါ ဆုံးဖြတ်လိုက်တာ။"

"..."

သခင်မလေး၏ ပေါ့ပေါ့ပါးပါး ရှင်းပြချက်ကို နားထောင်ရင်း ထူထူမှာ ဆွံ့အသွားရသည်။

ရွံရှာဖွယ်ကောင်းသော ဖုတ်ကောင်အုပ်ကြီးထံမှ ပုံဆောင်ခဲများကို သိမ်းယူမည်ဟု မည်သူက ပေါ့ပေါ့ပါးပါး ပြောထွက်ရက်မည်နည်း။

တစ်ကမ္ဘာလုံးတွင် ဤစကားကို ပေါ့ပေါ့ပါးပါး ပြောထွက်နိုင်သူမှာ ၎င်း၏ သခင်မလေးသာ ရှိမည်ဟု ယုန်လေးက တွေးလိုက်မိ၏။

ထူထူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ချိန်တွင်ပင် ကျူးလင်က မြန်နှုန်းမြင့် ဖုတ်ကောင်ကို တိုက်ခိုက်လိုက်သည်။

သူမ၏ဓားက ဖုတ်ကောင်၏ခေါင်းကို ထိုးစိုက်တော့မည့်ဆဲဆဲတွင် ပင်းကျန့်က ရုတ်တရက် အလိုအလျောက် လှုပ်ရှားသွားလေသည်။

ချွင်...

မြေပြင်ပေါ်သို့ တစ်စုံတစ်ရာ ကျလာသည်ကို မြင်လိုက်ရသောအခါ ကျူးလင်၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လက်ခနဲဖြစ်သွား၏။

တစ်စုံတစ်ယောက်က သူမအား ချောင်းမြောင်းတိုက်ခိုက်နေကြောင်း သိလိုက်ရသဖြင့် ကျူးလင်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

သူမက နောက်သို့ လှည့်ကြည့်လိုက်ရာ မီတာတစ်ရာခန့် အကွာတွင် ရပ်ထားသော ကားတစ်စီးကို မြင်လိုက်ရလေသည်။

ကျူးလင်က ထိုလူများကို ကြည့်နေချိန်တွင် မြန်နှုန်းမြင့်ဖုတ်ကောင်များသည် ကျူးလင်၏ တိုက်ခိုက်မှုမှ သီသီလေး လွတ်မြောက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး လည်ချောင်းထဲမှ အသံများ ထွက်ပေါ်လာ၏။

"ဂရူး... ဝုန်း။"

'အာ... စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။'

မြန်နှုန်းမြင့်ဖုတ်ကောင်၏ စကားကို ကြားလိုက်ရသောအခါ ကျူးလင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

ယခုအချိန်အထိ သူမ တွေ့ကြုံခဲ့ရသမျှ ဖုတ်ကောင်အားလုံးက ဆာလောင်မှုကိုသာ သိကြသည် မဟုတ်လော။ ဤဖုတ်ကောင်က မည်သို့လုပ်၍ ညည်းညူတတ်နေရသနည်း။

ကျူးလင်က ၎င်းကို အကဲခတ်နေစဉ်မှာပင် မြန်နှုန်းမြင့်ဖုတ်ကောင်ကလည်း ၎င်း၏ အနီရောင်သူငယ်အိမ်များဖြင့် ကျူးလင်နှင့် အခြားသူများကို အကဲခတ်နေ၏။

နောက်တစ်စက္ကန့်အကြာတွင် ၎င်းက အားနည်းသော ထိုအစာများကို အရင်ဆုံးသတ်ဖြတ်ရန်နှင့် ထို့နောက်မှသာ သတ်ရန်ခက်ခဲသော ဤအစာကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်လေသည်။

ဝှစ်။

ထိုသူများ တုံ့ပြန်မှု မလုပ်နိုင်မီမှာပင် မြန်နှုန်းမြင့်ဖုတ်ကောင်က ကားဘေးတွင် ရပ်နေသော အမျိုးသားတစ်ဦး၏ လည်ပင်းကို ကိုက်ဖြတ်ပြီးနေလေပြီ။

ကြွပ်။ တောက်... တောက်...

မြန်နှုန်းမြင့်ဖုတ်ကောင်က ချွန်ထက်သော သွားများဖြင့် အမျိုးသား၏ အသားကို ကိုက်ဖဲ့လိုက်ကာ အရိုးများကို ကြိတ်ချေလိုက်ပြီး သူ၏ သွေးများကို သောက်သုံးလိုက်သည်။

အရသာရှိသော သွေးများကို မြည်းစမ်းပြီးနောက် ဖုတ်ကောင်က အမျိုးသား၏ လည်ပင်းမှ အသားများကို ဆွဲဖြဲကာ မျိုချလိုက်ပြီး ခေါင်းကို ငုံ့ကာ နောက်တစ်ကိုက် ထပ်ကိုက်လိုက်ပြန်၏။

ကြွပ်။

နောက်ထပ် အသားတစ်လုတ်ကို မျိုချပြီးနောက် ဖုတ်ကောင်က ခေါင်းမော့ကာ ဟိန်းဟောက်လိုက်လေသည်။

"ဝုန်း။"

'အရသာရှိလိုက်တာ။'

"အွတ်..."

မြန်နှုန်းမြင့်ဖုတ်ကောင်၏ အကိုက်ခံရသော အမျိုးသားမှာ သွေးများ အန်ကျလာပြီး သူ၏ လက်ကျန်အင်အားများဖြင့် သူ၏လည်ပင်းမှ ဖုတ်ကောင်ကို တွန်းဖယ်ရန် ကြိုးစားနေသည်။

ဤသွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရသောအခါ အုပ်စုထဲရှိ တစ်ဦးတည်းသော အမျိုးသမီးမှာ သတိဝင်လာပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်လေ၏။

"အား။"

သူမက မျက်နှာဖြူလျော်စွာဖြင့် အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ခွန်အားမဲ့စွာ လဲကျသွားသည်။

သူမ၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ အခြားသူများလည်း သတိပြန်ဝင်လာကြပြီး မြန်နှုန်းမြင့်ဖုတ်ကောင်များကို တစ်ယောက်ပြီးတစ်ယောက် ပစ်ခတ်ကြလေတော့သည်။

ဒိုင်း။ ဒိုင်း။ ဒိုင်း။

အန္တရာယ်ကို ခံစားလိုက်ရသဖြင့် မြန်နှုန်းမြင့်ဖုတ်ကောင်က အမျိုးသား၏ အလောင်းကို ကန်ထုတ်လိုက်ကာ ဘေးသို့ ခုန်ထွက်လိုက်ပြီး ကျည်ဆန်များအားလုံးကို အောင်မြင်စွာ ရှောင်တိမ်းလိုက်၏။

၎င်း၏ ချွန်ထက်သော သွားများပေါ်တွင် သွေးများနှင့် လတ်ဆတ်သော အသားများ ပေကျံနေဆဲဖြစ်ကာ ဖုတ်ကောင်က သူတို့အား ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။

"ဝုန်း။"

သူတို့၏ တိုက်ခိုက်မှု တစ်ခုမှ ဖုတ်ကောင်ကို မထိမှန်ကြောင်း မြင်လိုက်ရသောအခါ အဖွဲ့ခေါင်းဆောင်က သွားကြိတ်လိုက်ပြီး ပြောလိုက်သည်။

"ဆက်ပစ်ကြ။ ဖုတ်ကောင်ရဲ့ ခေါင်းကို ချိန်ပစ်။"

ဒိုင်း။ ဒိုင်း။ ဒိုင်း။

အမျိုးသားလေးဦးက မြန်နှုန်းမြှင့် ဖုတ်ကောင်ကို ဆက်တိုက် ပစ်ခတ်နေချိန်တွင် အမျိုးသမီးက မြေပြင်ပေါ်၌ တုန်ယင်စွာ ထိုင်နေဆဲဖြစ်သည်။ ခေါင်းဆောင်က သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အော်ဟစ်လိုက်၏။

"ထစမ်း။ မင်းရဲ့ စွမ်းရည်တွေကို သုံးလေ။ မြန်မြန်လုပ်။"

ခေါင်းဆောင်၏ သတိပေးမှုကြောင့် အမျိုးသမီးသည် တုန်ယင်နေသော ခြေထောက်များဖြင့် မတ်တပ်ရပ်လိုက်သည်။ သူမက လက်နှစ်ဖက်ကို မြှောက်ကာ တစ်ခဏမျှ အာရုံစိုက်လိုက်ပြီးနောက် ဖြန့်ကားထားသော လက်ဖဝါးများထဲမှ နွယ်ပင်နှစ်ပင် ပစ်ထွက်လာ၏။

ပါးလျသော နွယ်ပင်များသည် မြန်နှုန်းမြှင့်ဖုတ်ကောင်ဆီသို့ ပစ်ခတ်သွားသော်လည်း စက္ကန့်ဆယ်ကျော် ကြာပြီးနောက်တွင်လည်း နွယ်ပင်များသည် ဖုတ်ကောင်၏ ခန္ဓာကိုယ်ကို မထိနိုင်သေးချေ။

ခေါင်းဆောင်က အမျိုးသမီးကို စိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ။"

အမျိုးသမီးက ကြောက်ရွံ့စွာ တုန်ယင်နေပြီး ပြောလိုက်၏။

"ငါ အကောင်းဆုံး ကြိုးစားနေပြီပဲ။ ဒီဖုတ်ကောင်ရဲ့ အမြန်နှုန်းက မြန်လွန်းတယ်။"

အမျိုးသားများထဲမှ တစ်ဦးက အမျိုးသမီးကို မကြည့်ဘဲ မထီမဲ့မြင် ဟန်ဖြင့် ပြောလိုက်လေသည်။

"ဒါက မြန်နှုန်းမြင့်ဖုတ်ကောင်လေ။ မမြန်ရင် မြန်နှုန်းမြင့်ဖုတ်ကောင်လို့ ခေါ်ပါဦးမလား။ အရူးမရဲ့။"

All Chapters