← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) - မျိုးစေ့များ စစ်ဆေးခြင်း

ထူထူက ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။

"ဟုတ်… ဟုတ်… ဟုတ်… သခင်မလေး အကြီးဆုံးတစ်လုံး ပေးပါနော်"

ဤလောကသို့ ရောက်ရှိလာပြီးနောက် ယုန်လေးအား အရသာရှိသော အရာတစ်ခုမျှ မကျွေးရသေးကြောင်း တွေးမိလိုက်သည်။ ကျူးလင်က ခေါင်းညိတ်ကာ ဧရာမတရုတ်မုန်လာထုပ်ကြီးကို ထူထူအား ပေးလိုက်လေသည်။

ထူထူက ဧရာမတရုတ်မုန်လာထုပ်ကြီးကို ဘေးသို့ လှိမ့်ယူသွားပြီး ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်သောအခါ ကျီယန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ရှောင်လင်၊ မင်းရဲ့ယုန်လေးက အဲဒီဧရာမတရုတ်မုန်လာထုပ်ကြီးကို အကုန်စားနိုင်ပါ့မလား"

ကျူးလင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အင်း… ထူထူက အများကြီး စားနိုင်တယ်လေ"

သူမ ပြောသည်ကို ကြားသောအခါ ရှို့ဝူက ပါးဖောင်းကားနေအောင် ဝါးစားနေသည့် လက်ဖဝါးအရွယ် ယုန်လေးကို ကြည့်လိုက်ရင်း တွေးလိုက်သည်။

“ဒီယုန်လေးက ဟောက်လည်း ဟောက်တတ်တယ်… သာမန်ယုန်တွေထက်လည်း အများကြီး ပိုစားနိုင်တယ်ဆို‌တော့ ဒီယုန်လေးလည်း သန္ဓေပြောင်းသွားတာ ဖြစ်ရမယ်”

မြေပြင်ပေါ်တွင် တရုတ်မုန်လာထုပ် သုံးလုံး ကျန်နေသေးသည်ကို မြင်သောအခါ ကျီယန်က မေးလိုက်သည်။

"ရှောင်လင်…အဲ့ဒီတရုတ်မုန်လာထုပ် သုံးလုံးကို မင်းဆီကနေ ဝယ်လို့ရမလား"

ကျူးလင်က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး ပြောလိုက်သည်။

"လိုချင်ရင် ယူသွားလိုက်လေ… မျိုးစေ့တွေ စိုက်ပျိုးဖို့ ဝိညာဉ်စွမ်းအင် အများကြီးရယ်"

သူမ ပြောသည်ကို ကြားသောအခါ ကျီယန်၏ မျက်လုံးများ တောက်ပလာပြီး မေးလိုက်သည်။

"တကယ်လား"

"အင်း… နောက်ဆို ပိုပြီး စိုက်ပျိုးလို့ရတာပဲလေ"

ကျူးလင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူမ ပြောပြီးသည်နှင့် ကျီယန်က ကျန်ရှိနေသေးသော တရုတ်မုန်လာထုပ် သုံးလုံးကို သူ၏ နေရာလွတ်စွမ်းရည်ထဲသို့ အလျင်အမြန် ထည့်လိုက်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် ငါ မငြင်းတော့ဘူး‌နော် ကျေးဇူးတင်ပါတယ် ရှောင်လင်"

ညအချိန် ရောက်ခါနီးပြီဖြစ်သည်ကို မြင်သောအခါ ရှို့ဝူက ပြောလိုက်သည်။

"ဒီညတော့ ဒီမှာပဲ တည်းကြရအောင်…အခုမှ ထွက်သွားရင် မှောင်သွားတဲ့အထိ ဆေးရုံကို ရောက်မှာ မဟုတ်ဘူး"

ကမ္ဘာပျက်ကပ်ပြီးနောက် ညအချိန်သည် မည်မျှ အန္တရာယ်များကြောင်း သိရှိထားကြသဖြင့် မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။

ယနေ့ စွမ်းအင်များစွာ ကုန်ဆုံးထားသော ရှို့ဝူသည် စားသောက်ပြီးသည်နှင့် အိပ်စက်ရန် သွားတော့သည်။ ကျန်သုံးဦးကမူ သူ့အား စောင့်ကြပ်ပေးနေကြလေသည်။

ဘာမှလုပ်စရာမရှိသဖြင့် ထန်ဝေ့က ချက်ချင်း ပျင်းရိလာသည်။ သူက ခဏမျှ စဉ်းစားလိုက်ပြီး ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"ရှောင်လင်၊ တရုတ်မုန်လာထုပ်အပြင် တခြားမျိုးစေ့တွေရော မင်းမှာ ရှိသေးလား"

ကျူးလင်က မျိုးစေ့အိတ်ပေါ်တွင် ကပ်ထားသော ပုံအမျိုးမျိုးကို ခဏမျှ စဉ်းစားလိုက်သည်။ သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ရှိတယ်… ဘာလို့ မေးတာလဲ"

'ငါ မျိုးစေ့တွေ စုဆောင်းတုန်းက သူ မမြင်ခဲ့ဘူးလား။ ဘာလို့ မလိုတာတွေ လာမေးနေတာလဲ။'

ထန်ဝေ့က သူမကို ပြုံးပြလိုက်ပြီး စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။

"မင်း တခြားမျိုးစေ့တွေ စိုက်ပျိုးလို့ရလား… အခု ဘာမှလုပ်စရာမရှိတာနဲ့ ဘာမျိုးစေ့တွေ ရခဲ့လဲဆိုတာ ကြည့်ရအောင်လေ…"

သူ ပြောသည်ကို ကြားပြီးနောက် ကျူးလင်လည်း စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။ သူမက ခေါင်းညိတ်ကာ ရေခဲပန်းပွင့်ဆွဲကြိုးလေးမှ သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။

သူမ အိတ်ကို ဖွင့်လိုက်စဉ် ထန်ဝေ့နှင့် ကျီယန်တို့က သူမလက်ထဲရှိ သိုလှောင်အိတ်ကို စူးစမ်းချင်နေကြသည်။ နောက်တစ်စက္ကန့်တွင် မျိုးစေ့အိတ် အများအပြား မြေပြင်ပေါ်သို့ ရောက်ရှိလာလေသည်။

ကျူးလင်က သူမ၏ လက်ထဲရှိ သိုလှောင်အိတ်ကို စိုက်ကြည့်နေသော လူနှစ်ဦးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါ့မှာ မင် မရှိဘူး။ ကျီယန်… ရှင့်မှာ မင် ပါလား။"

ပန်းကန်လုံးများကို ဆေးကြောပြီးဖြစ်သဖြင့် မန္တန်များ ရေးဆွဲရန်အတွက် ခေါက်ဆွဲခြောက်ဟင်းရည်များ မရှိတော့ချေ။

ကျီယန်က ခဏမျှ စဉ်းစားလိုက်ပြီး မင်ပုလင်းတစ်လုံးနှင့် ကလောင်တံတစ်ချောင်းကို ထုတ်ယူကာ ပြောလိုက်သည်။

"ကျွန်တော်က လက်ရေးလှပညာနဲ့ ပန်းချီကို ကြိုက်တယ်… အရင်က စာပေရတနာ လေးမျိုးကို စုဆောင်းထားဖူးတယ်… စာရွက်ရော လိုသေးလား"

ကျူးလင်က မျိုးစေ့အိတ်ကြီးများကို ကြည့်လိုက်ပြီး ခဏမျှ စဉ်းစားလိုက်ကာ မေးလိုက်သည်။

"စာရွက်အကြီးကြီး ရှိလား… ဒီအိတ်တွေကို စာရွက်ပေါ် တင်ထားနိုင်လောက်တဲ့အထိ ကြီးတဲ့စာရွက်မျိုးလေ…"

ကျီယန်က ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ နေရာလွတ်စွမ်းရည်ထဲမှ ပန်းချီဆွဲစက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။

အဖြူရောင်စက္ကူသည် တစ်မီတာ အရွယ်အစားရှိပြီး ကျူးလင်၏ အိတ်တစ်လုံးကို စက္ကူပေါ် တင်ထားနိုင်လောက်အောင် ကြီးမားလေသည်။

သူက စက္ကူကို မြေပြင်ပေါ် ချလိုက်ပြီး မေးလိုက်သည်။

"ဒီစာရွက်က လုံလောက်လား"

"အင်း"

ကျူးလင်က ပန်းချီကလောင်တံကို ကောက်ကိုင်ရင်း ပြန်ဖြေလိုက်သည်။

သူမက စက္ကူကို မြေပြင်ပေါ်တွင် သေသပ်စွာ ဖြန့်ခင်းလိုက်သည်။ ပန်းချီကလောင်တံ၏ ထိပ်ဖျားကို မှင်ထဲသို့ နှစ်လိုက်ပြီး စက္ကူပေါ်တွင် သန့်စင်ခြင်းမန္တန်ကို စတင်ရေးဆွဲတော့သည်။

စက္ကန့်နှစ်ဆယ်ကြာပြီးနောက် သူမက ကျီယန်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ စာရွက်တစ်ရွက် ထပ်လိုသေးတယ်"

ကျီယန်က ဘာမှမပြောဘဲ ပန်းချီဆွဲစက္ကူ နောက်တစ်ရွက်ကို သူမအား ပေးလိုက်သည်။ ကျူးလင်က သစ်သားဓာတ်မန္တန်ကို ရေးဆွဲနေစဉ်တွင် ထူထူလည်း စားသောက်ပြီးစီးသွားချေပြီ။

ယုန်လေး ပြန်ရောက်လာပြီးနောက် ပန်းချီဆွဲစက္ကူများပေါ်ရှိ မန္တန်နှစ်ခုကို မြင်သောအခါ မေးလိုက်သည်။

"သခင်မလေး၊ ဟင်းသီးဟင်းရွက်တွေ ထပ်စိုက်ချင်လို့လား"

"အင်း… ငါတို့ ခုနက စုဆောင်းခဲ့တဲ့ မျိုးစေ့တွေက ဘာမျိုးစေ့တွေလဲဆိုတာ သိချင်လို့လေ"

သူမက စက္ကူပေါ်ရှိ မင်များ ခြောက်သွေ့စေရန် မှုတ်ရင်း ပြန်ဖြေလိုက်သည်။

သူမက စက္ကူကို မြေပြင်ပေါ် ချလိုက်ပြီး မျိုးစေ့အိတ်တစ်လုံးကို ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။

ထို့နောက် သန့်စင်ခြင်းမန္တန်ကို ပြုလုပ်ရင်း မျိုးစေ့အိတ်ကို မန္တန်၏ အလယ်ဗဟိုတွင် ထားလိုက်ပြီး လက်သင်္ကေတ ပြုလုပ်ကာ ပြောလိုက်သည်။

"သန့်စင်စေ"

ရွှေရောင်အလင်း ပျောက်ကွယ်သွားပြီးနောက် ကျူးလင်က မျိုးစေ့အိတ်ကို သန့်စင်ခြင်းမန္တန်မှ ဖယ်ရှားလိုက်သည်။

အိတ်ကို ဖွင့်ကာ မျိုးစေ့တစ်စေ့ကို ယူလိုက်သည်။ ထို့နောက် သစ်သားဓာတ်မန္တန်၏ အလယ်ဗဟိုတွင် ထားလိုက်ပြီး လက်သင်္ကေတ ပြုလုပ်ကာ ပြောလိုက်သည်။

"ကြီးထွားစေ"

တစ်စက္ကန့်ကြာပြီးနောက် မျိုးစေ့များ စတင်အပင်ပေါက်လာသည်။ ကျူးလင်က မျိုးစေ့များ၏ ကြီးထွားမှုကို မရပ်တန့်မီ ငါးစက္ကန့်ကြာအောင် စောင့်ကြည့်ခဲ့သည်။

သူမက မန္တန်၏ အလယ်ဗဟိုရှိ မုန်လာဥဖြူကို မျက်လုံးပြူးပြူးဖြင့် စိုက်ကြည့်နေသော ကျီယန်နှင့် ထန်ဝေးတို့ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဒါ ဘာဟင်းသီးဟင်းရွက်လဲ"

ကျီယန်က မုန်လာဥကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်။

"ဒါက မုန်လာဥဖြူပဲ…တော်တော်လေးလည်း ကြီးတာပဲ"

ကျူးလင်က ခေါင်းညိတ်လိုက်ပြီး ကျန်ရှိနေသေးသော မျိုးစေ့အိတ်များကို မကောင်းဆိုးဝါးစွမ်းအင်များမှ သန့်စင်ပေးတော့သည်။

ထို့နောက် အိတ်တစ်လုံးစီမှ မျိုးစေ့တစ်စေ့စီကို စိုက်ပျိုးပေးသည်။ သူတို့သုံးဦးသား ညဉ့်နက်သည်အထိ အတူတကွ လုပ်ကိုင်ခဲ့ကြပြီး မည်သူမျှ မညည်းညူကြပေ။

ရှို့ဝူနှင့် အလှည့်ကျ ကင်းစောင့်ရန် အချိန်ရောက်သောအခါ ထန်ဝေ့က သူ့အား သွားနှိုးလိုက်သည်။

ရှို့ဝူက သမ်းဝါးလိုက်ပြီးနောက် မျက်လုံးများကို မှေးမှိန်စွာ ဖွင့်လိုက်သည်။ သူ၏ မျက်လုံးများက ဟင်းသီးဟင်းရွက်နှင့် သစ်သီးပုံကြီးပေါ်သို့ ကျရောက်သွားသည့်အခါ သူ ချက်ချင်း နိုးထသွားတော့သည်။

All Chapters