← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) - သူ အများကြီး သိသည်

ရှို့ဝူက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ဖြစ်နိုင်တယ်... ပါမောက္ခဟန်ကို စစ်တပ်အခြေစိုက်စခန်းဆီ ပြန်ခေါ်သွားဖို့ အဲဒီစစ်သားတွေရဲ့ စိတ်ပိုင်းဖြတ်ထားပုံကို ကြည့်ရသလောက် သူ့ကို လုယူဖို့ လာတဲ့သူတွေလည်း ရှိတယ်ဆိုတော့ ပါမောက္ခဟန်က ဒီကိစ္စအတွက် တကယ်ပဲ ဖြေရှင်းနည်းတစ်ခု ရှိပုံရတယ်..."

ကျူးလင်က သူတို့ စကားပြောနေသည်ကို တိတ်ဆိတ်စွာ နားထောင်နေရင်း ရုတ်တရက် မေးလိုက်လေသည်။

"သူတို့ကို ကူညီပေးချင်ကြတာလား..."

သူမ ဤသို့မေးလိုက်သောအခါ မျက်လုံးသုံးစုံက သူမကို တစ်ပြိုင်နက်တည်း ကြည့်လာကြ၏။

သူမက ခဏမျှ တွေဝေသွားပြီးနောက် ပြောလိုက်သည်။

"အဲဒီအဘိုးကြီးက ရှင်တို့ပြောသလိုပဲ အစားအစာပြတ်လပ်မှုပြဿနာကို တကယ်ပဲ ဖြေရှင်းနိုင်တယ်ဆိုရင် လူသားမျိုးနွယ်အတွက် အရမ်းအရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေမှာပေါ့...”

“သူ့ရဲ့အကူအညီနဲ့ လူပေါင်းများစွာကို ငတ်မွတ်ခေါင်းပါးမှုကနေ ကယ်တင်နိုင်မှာပဲ..."

ရှို့ဝူက ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။

"မင်းပြောတာ မှန်ပါတယ်... ဒါပေမဲ့ ရှောင်လင်... စစ်တပ်နဲ့ ပတ်သက်တာက ကောင်းတဲ့အရာ မဟုတ်ဘူး... ပိုအရေးကြီးတာက..."

သူက သူမကို ကြည့်ပြီး ပြောလိုက်၏။

"မင်းက သာမန်လူတစ်ယောက် မဟုတ်ဘူး...”

“သူတို့သာ မင်းက မျိုးစေ့တွေ စိုက်ပျိုးနိုင်တယ်... ကမ္ဘာပျက်ကပ်ဗိုင်းရပ်စ်ကြောင့် ညစ်ညမ်းနေတဲ့ မျိုးစေ့တွေကိုတောင် ပြန်လည်ကောင်းမွန်အောင် လုပ်နိုင်တယ်ဆိုတာ သိသွားရင် မင်း အရမ်းအန္တရာယ်များသွားနိုင်တယ်...”

“ငါတို့သုံးယောက်လုံး မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး..."

ရှို့ဝူ ပြောပြီးနောက် ကျီယန်နှင့် ထန်ဝေ့တို့က ကျူးလင်ကို ကြည့်လိုက်ကြလေသည်။

သူမ၏ ရှေးဟောင်းပုံစံ အဝတ်အစားများတွင် သွေးစွန်းနေသည်ကို ကြည့်ပြီး မျိုးစေ့များ စိုက်ပျိုးပုံကို တွေးတောမိကြ၏။

တစ်နေ့တာလုံး စောင့်ကြည့်ပြီးနောက် သူမသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူတို့ သိနှင့်ပြီး ဖြစ်ပေသည်။

အင်အားကြီး‌သော နောက်ခံရှိသည့် လျှို့ဝှက်မိသားစုများမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်သည်ဟု သူတို့ ခန့်မှန်းမိကြချေသည်။

ကျီယန်က သူမကို ပြုံးပြပြီး ပြောလိုက်လေသည်။

"ကျွန်တော့်သဘောထားကလည်း လောင်ရှို့လိုပဲ...”

“ပါမောက္ခဟန်က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေမဲ့ မင်းက ကျွန်တော်တို့ရဲ့ အသင်းဖော်ပဲ..."

“ကျွန်တော်တို့ သူစိမ်းတစ်ယောက်ကြောင့် မင်းကို အန္တရာယ်ထဲ မထည့်နိုင်ဘူး..."

ဒီစကားကိုကြားသည့်အခါ ထန်ဝေ့က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဟုတ်တယ်... ရှောင်လင်... တခြားသူတွေအတွက် မစဉ်းစားခင် ကိုယ့်ဘေးကင်းရေးကို အရင်စဉ်းစားသင့်တယ်... မင်းသိပါတယ်... လူတိုင်းက မင်းအကူအညီကို တန်ဖိုးထားမှာ မဟုတ်ဘူး..."

နတ်ဘုရားမတစ်ပါးအနေဖြင့် ကျူးလင်သည် နတ်ဘုရားတို့၏ မေတ္တာတရားနှင့် ကမ္ဘာကို ကယ်တင်ရန် တာဝန်ဖြင့် မွေးဖွားလာသူ ဖြစ်ပေသည်။

ထို့ကြောင့် သူတို့ ပြောသည်ကို ကြားသောအခါ ကမ္ဘာကြီးကို ကယ်တင်နိုင်မည့် အဘိုးအိုကို အဘယ်ကြောင့် မကူညီဘဲ ငြင်းဆန်ကြသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။

သူမ၏ မျက်နှာတွင် တွေဝေနေသည့် အမူအရာကို မြင်တော့ ထူထူက သူမ၏ ပါးပြင်ကို ပုတ်ပြီး ပြောလိုက်လေသည်။

"သခင်မလေး... သူတို့ပြောတာ မှန်ပါတယ်... နောက်ဆို ဘာပဲလုပ်လုပ် ကိုယ့်ဘေးကင်းရေးကို အရင်စဉ်းစားသင့်တယ်...”

“ဒါက လောကဘုံခြောက်ပါး မဟုတ်ဘူး... ဒီကမ္ဘာကြီးကို ကယ်တင်ဖို့က သခင်မလေးရဲ့ တာဝန်မဟုတ်ဘူး...”

“သခင်မလေးရဲ့ တာဝန်က လောကဘုံခြောက်ပါးကို ပြန်သွားပြီး နတ်ဘုရားမျိုးနွယ်နဲ့ အမှောင်မျိုးနွယ် သုံးခုကြားက စစ်ပွဲကို ရပ်တန့်ဖို့ပဲ..."

သူတို့၏ စကားများနှင့် ထူထူ၏ သတိပေးချက်ကို စဉ်းစားပြီးနောက် ကျူးလင်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"အင်း... နားလည်ပါပြီ..."

သူမ နောက်ဆုံးတွင် နားလည်သွားသည်ကို မြင်ရသောအခါ အမျိုးသားသုံးဦးတို့ လှည့်ပြီး အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို ဆက်လက်ကြည့်ရှုကြလေသည်။

သူတို့ ထင်ထားသကဲ့သို့ အပြင်ဘက်တွင် သွေးထွက်သံယို မြင်ကွင်းများ မရှိဘဲ လူနှစ်စုက လက်နက်များကို တစ်ဦးနှင့်တစ်ဦး ချိန်ရွယ်ထားရင်း ငြိမ်းချမ်းစွာ စကားပြောနေကြ၏။

အခြားအဖွဲ့၏ ခေါင်းဆောင်က ဗိုလ်ကြီးကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဗိုလ်ကြီးထန်... ကျွန်တော်တို့ ပြန်ဆုံကြပြန်ပြီ..."

ထန်ပိုင်က သူ့ရှေ့မှ ပေါ့ပေါ့ပါးပါး လူငယ်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ကျန်းဇီဟောင်... ကိုယ့်အစွမ်းထက် ပိုတဲ့အရာကို မလုပ်နဲ့..."

ထန်ပိုင်၏ စကားကို ကြားတော့ ကျန်းဇီဟောင်က ရယ်မောလိုက်ပြီး လက်မြှောက်ကာ မီးလုံး သုံးလုံးကို စစ်သားများဆီသို့ သတိမပေးဘဲ ပစ်လွှတ်လိုက်လေသည်။

ဝုန်း... ဝုန်း... ဝုန်း...

မီးလုံး ထိမှန်သောအခါ ပူပြင်းသော လေက ဖုန်မှုန့်များကို လွင့်စင်သွားစေ၏။ လေပူများက သူတို့ဆီ မရောက်သေးသည်ကို မြင်သည့် ရှို့ဝူက အလျင်အမြန် တံခါးကို ပိတ်လိုက်လေသည်။

ဒုန်း...

တံခါးက လေကြောင့် အနည်းငယ် တုန်ခါသွားပြီး လူလေးယောက်နှင့် ယုန်တစ်ကောင်တို့ ဖုန်မှုန့်များကြောင့် ဆိုးဆိုးရွားရွား ချောင်းဆိုးသွားကြသည်။

ကျီယန်က သူ့အဝတ်အစားများမှ ဖုန်မှုန့်များကို ပုတ်ထုတ်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

"အဲဒီလူက လဲ့ဟော်စခန်းက ကျန်းဇီဟောင် ဖြစ်ရမယ်..."

ကျူးလင်က မျက်ခုံးပင့်ပြီး သူ့ကို ကြည့်ကာ တွေးလိုက်၏။

"သူ အများကြီး သိတာပဲ..."

ကျူးလင်က သူ့အကြောင်း ဘာတွေ တွေးနေသည်ကို မသိဘဲ ကျီယန်က ပြောလိုက်လေသည်။

"အဲဒီလူက ရက်စက်ပြီး ပိုက်ဆံအတွက် ဘာမဆို လုပ်လိမ့်မယ်..."

“ပြီးခဲ့တဲ့လက သူ့အကြောင်း ကြားတုန်းက သူ့စွမ်းရည်က အဆင့်နှစ်ကို ရောက်နေပြီ...”

“အဲဒီစစ်သားတွေ ထွက်ပြေးဖို့ အတင်းအကျပ် ခိုင်းခံရတာ အံ့ဩစရာ မရှိဘူး..."

ရှို့ဝူက မျက်လုံးများ ခဏမျှ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် ပြောလိုက်၏။

"ဒီလိုဆိုရင် ဗိုလ်ကြီးထန်က သူ့ပြိုင်ဘက် မဟုတ်တော့ဘူး..."

“သူ့စွမ်းရည်က သတ္တုစွမ်းရည်ပဲ... အဆင့်တူပေမဲ့ သူ့စွမ်းရည်ထက် ပိုကောင်းတဲ့ ပြိုင်ဘက်နဲ့ တွေ့တဲ့အခါ အနိုင်ရဖို့ ခက်ခဲတယ်..."

အခြေခံဓာတ်သဘာဝ စည်းမျဉ်းများအရ သတ္တုသည် မီးကို မခံနိုင်ပေ။

လက်ရှိအခြေအနေအရ စစ်သားများ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားဖို့ မဖြစ်နိုင်ချေ။ သူတို့ စကားပြောနေစဉ် အပြင်ဘက်ရှိ အဖွဲ့နှစ်ဖွဲ့တို့ တိုက်ခိုက်နေကြပြီ ဖြစ်၏။

လက်ရှိတွင် ထန်ပိုင်၏ အဖွဲ့တွင် မီးလက်နက်များ ပိုများသော်လည်း သူတစ်ဦးတည်းသာ စွမ်းရည်ရှင် ဖြစ်ပေသည်။

ကျန်းဇီဟောင်၏ အဖွဲ့တွင်မူ မီးလက်နက်များ မရှိသော်လည်း သူတို့အားလုံးမှာ စွမ်းရည်ရှင်များ ဖြစ်ကြပေသည်။ သူတို့ တိုက်ခိုက်ကြလျှင် မည်သူ အနိုင်ရမည်ကို ပြောရန် ခက်ခဲလှ၏။

ရှို့ဝူက တံခါးကို အနည်းငယ် ဖွင့်ပြီး ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"ငါတို့ ဒီနေရာကနေ ထွက်သွားဖို့ အချိန်တန်ပြီ..."

သူ ပြောပြီးနောက် သူတို့ လေးယောက်နှင့် ယုန်တစ်ကောင်တို့ ပြတင်းပေါက်မှတစ်ဆင့် တိတ်တဆိတ် ထွက်ခွာသွားကြလေသည်။

သူတို့ တိတ်တဆိတ် ရွေ့လျားနေစဉ် လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကိုလည်း ရှင်းလင်းသွားကြ၏။

ရှို့ဝူ၊ ကျူးလင်နှင့် ထန်ဝေ့တို့ ဖုတ်ကောင်များကို သတ်ဖြတ်နေကြစဉ် ကျီယန်ကသာ ပုံဆောင်ခဲအမြုတေများကို တူးထုတ်နိုင်သူ ဖြစ်ပေသည်။

ထို့ကြောင့် သူ၏ ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်စွမ်းသည် သူတို့ သုံးဦးထဲတွင် အကောင်းဆုံး ဖြစ်နေတော့သည်။

တစ်နာရီခန့် ကြာပြီးနောက် ထန်ဝေ့က ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"လောင်ရှို့... လောင်ယန်... အဲဒီဆိုင်မှာ စိုက်ပျိုးတဲ့ အိုးတွေနဲ့ မြေကြီးတွေ ရောင်းပုံရတယ်..."

သူ ပြောသည်ကို ကြားသည့်အခါ သူတို့ ဆိုင်ထဲကို ကြည့်လိုက်ရာ ဆိုင်ထဲတွင် မြေကြီးများနှင့် အိုးများစွာကို တွေ့လိုက်ရလေသည်။

တံခါးများနှင့် ပြတင်းပေါက်များ ပျက်စီးနေသော်လည်း ဆိုင်ထဲတွင် ပစ္စည်းများစွာ ကျန်ရှိနေသေး၏။

ရှို့ဝူက စကားပြောရင်း ဆိုင်ဆီသို့ ပြေးသွားလိုက်လေသည်။

"သွားကြည့်ရအောင်..."

ရှို့ဝူ ဆိုင်ထဲသို့ မဝင်ရောက်မီ ဓားမြှောင်တစ်ချောင်းဖြင့် သူ့ဆီ ပစ်ပေါက်ခံလိုက်ရလေသည်။

သူ အလျင်အမြန် တုံ့ပြန်ပြီး ဘေးသို့ ရှောင်လိုက်ရာ ဓားမြှောင်က နံရံကို ထိမှန်ပြီး မြေပြင်သို့ ပြုတ်ကျသွားတော့၏။

ချလွမ်...

All Chapters