← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း (၃၈) - ရုပ်အလောင်းပန်း

ဓားမြှောင် မြေပြင်ပေါ် ပြုတ်ကျသွားသည်နှင့် ရှို့ဝူနှင့် အဖွဲ့သားများက မြန်မြန်ဆန်ဆန်ပင် နံရံဘေးတွင် ကပ်၍ ဝပ်လိုက်ကြလေသည်။

ထန်ဝေ့က ဆိုင်ထဲသို့ တစ်ချက်ကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသဖြင့် အော်ပြောလိုက်၏။

"ဘယ်သူလဲ... ထွက်လာခဲ့..."

သူတို့ စက္ကန့်အနည်းငယ်ခန့် စောင့်ဆိုင်းလိုက်သော်လည်း ဆိုင်ထဲမှ မည်သူမျှ ထွက်လာသည်ကို မတွေ့ရချေ။

ရှို့ဝူက ကျီယန်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ ရှို့ဝူ သူ့ကို ဘာလုပ်စေချင်သည်ကိုသိသော ကျီယန်က ဆိုင်အတွင်းရှိ ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် လက်ကို မြှောက်ကာ ဆိုင်ရှေ့ရှိ မြေအိတ်များ၊ မြေသြဇာများနှင့် စိုက်ပျိုးအိုးများကို ယူဆောင်သွားလိုက်လေသည်။

ဆိုင်အတွင်း ပစ္စည်းများ ကင်းရှင်းသွားသောအခါ ရှို့ဝူက ပြောလိုက်၏။

"သွားကြစို့..."

သူ၏ အမိန့်ဖြင့် သူတို့ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးသွားကြလေသည်။

သူတို့ထွက်သွားပြီးနောက် အတော်ကြာမှ ငွေရှင်းကောင်တာနောက်ဘက်ရှိ တံခါးပွင့်လာပြီး အမျိုးသားနှင့် အမျိုးသမီး အများအပြား ထွက်လာကြ၏။

ဆိုင်ရှေ့တွင် ပစ္စည်းများ မရှိတော့သည်ကို မြင်သောအခါ အမျိုးသားတစ်ဦးက ကျိန်ဆဲလိုက်လေသည်။

"စောက်ကျိုးနည်း... အကုန်ယူသွားကြတာပဲ..."

ထိုအမျိုးသားက သူခိုးများကို သတ်ပစ်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူ ဓားမြှောင်ပစ်လိုက်စဉ်က သူတို့၏ မျက်နှာများကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။ သူခိုးများကမူ ထိုအချိန်တွင် ရယ်မောနေကြလေသည်။

သူတို့ လမ်းကြားလေးတစ်ခုတွင် ပုန်းအောင်းအနားယူနေစဉ် ရှို့ဝူက ကျီယန်ကို ကြည့်ကာ မေးလိုက်၏။

"လောင်ယန်... အဆင်ပြေရဲ့လား..."

ကျီယန် ခေါင်းညိတ်ပြလိုက်သော်လည်း သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေလေသည်။

အဆင့်နှစ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူသည် ပစ္စည်းများကို မထိဘဲ သူ၏ နေရာလွတ်ထဲသို့ ထည့်သွင်းနိုင်ပြီ ဖြစ်၏။

သို့သော် ဤနည်းလမ်းကို အသုံးပြုပါက စွမ်းအင်သုံးစွဲမှုနှင့် စိတ်စွမ်းအား သုံးဆတိုးလာခြင်းက ဆိုးကျိုးတစ်ခု ဖြစ်ချေသည်။

ထန်ဝေ့က ကျီယန်ကို ကြည့်ကာ မေးလိုက်လေသည်။

"ခုနက ဘယ်လောက်ရခဲ့လဲ..."

ကျီယန်က သူ၏ နေရာလွတ်ထဲသို့ ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

"သိပ်မများဘူး... သစ်သီးပင်တွေ အကုန်စိုက်ဖို့ စိုက်ပျိုးအိုးနဲ့ မြေတွေ ထပ်ရှာရဦးမယ်..."

ရှို့ဝူက ရိုးရာဈေးလမ်းမထောင့်ရှိ ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးပြလိုက်ရင်း ပြောလိုက်လေသည်။

"မြေကြီးနဲ့ စိုက်ပျိုးတဲ့အိုးတွေ ရောင်းတဲ့ဆိုင် နောက်တစ်ဆိုင် ရှိသေးတယ်..."

ဆိုင်ထဲသို့ မဝင်မီ သူတို့က ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ကြ၏။ ဆိုင်၏ တည်နေရာ မကောင်းသောကြောင့် မည်သူမျှ ဤဆိုင်သို့ မရောက်သေးချေ။

ယခင်အတွေ့အကြုံမှ သင်ခန်းစာယူကာ ရှို့ဝူက သူတို့ကို နောက်ဆုတ်ရန် အချက်ပြလိုက်ပြီးနောက် တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။

တံခါးဖွင့်လိုက်သည်နှင့် ဆိုင်ထဲမှ မွှေးပျံ့သော ရနံ့တစ်ခု လွင့်ပျံလာ၏။ မွှေးပျံ့သော ရနံ့ကို ရှူမိသောအခါ ကျူးလင်က တည်ငြိမ်စွာ ပြောလိုက်လေသည်။

"အသက်အောင့်ထား... အဆိပ်ပါတာ..."

ကျူးလင်၏ တည်ငြိမ်မှုနှင့် မတူဘဲ ကျန်အမျိုးသားသုံးဦးက သူမကဲ့သို့ တည်ငြိမ်ခြင်း မရှိကြချေ။ သူတို့သည် မွှေးပျံ့သော ရနံ့ကို အနည်းငယ်မျှသာ ရှူမိသေးသော်လည်း ခေါင်းများ မူးဝေနေကြပြီ ဖြစ်၏။

ထန်ဝေ့က သူ့ရှေ့တွင် အရသာရှိသော အစားအစာများ စားပွဲတစ်လုံးကိုပင် မြင်လိုက်ရလေသည်။ သူက စိတ်ကို ကြည်လင်စေရန် ခေါင်းခါလိုက်သောအခါ သူ့မျက်လုံးများ ပြန်လည်ကြည်လင်လာသည်နှင့် အရသာရှိသော အစားအစာများ ပျောက်ကွယ်သွား၏။

ထူထူက သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။

“သခင်မလေး... သူတို့ အဆိပ်ဒဏ်ကို မခံနိုင်ဘူး... အဆိပ်တွေ သူတို့ကိုယ်ထဲ ဒီထက်ပိုဝင်သွားရင် ဦးနှောက်ပျက်စီးပြီး မကြာခင် သေဆုံးသွားလိမ့်မယ်...”

ကျူးလင် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရေခဲပန်းပွင့်ဆွဲကြိုးလေးထဲမှ ပန်းဖြူလေးငါးပွင့်ကို ထုတ်ယူလိုက်၏။ သူမက ပန်းဖြူလေးတစ်ပွင့်ကို ထူထူ၏ ပွင့်ချပ်လွှာ နှုတ်ခမ်းပေါ် တင်ပေးလိုက်ပြီး ပြောလိုက်လေသည်။

“နှုတ်ခမ်းမှာ ကိုက်ထား...”

ယုန်လေးက ပန်းဖြူလေးကို နှုတ်ခမ်းတွင် နာခံစွာ ကိုက်ထားလိုက်ပြီး ကျူးလင်ကမူ သူမ၏ နှုတ်ခမ်းတွင် တစ်ပွင့်ကို ကိုက်ထားလိုက်၏။

ထို့နောက် သူမက ရှို့ဝူဘေးတွင် ဒူးထောက်လိုက်ပြီး သူ့နှုတ်ခမ်းများကို လက်မဖြင့် ဆွဲဖြဲကာ ပန်းဖြူလေးတစ်ပွင့်ကို သူ့သွားဖြူဖြူများကြား ထိုးထည့်ပေးလိုက်လေသည်။

သူမကို တွေတွေငေးငေး ကြည့်နေသည်ကို မြင်သောအခါ ကျူးလင်က ပြောလိုက်၏။

"မသေချင်ရင် နှုတ်ခမ်းနဲ့ ကိုက်ထား..."

ရှို့ဝူက သူမကို စက္ကန့်အနည်းငယ်ခန့် စိုက်ကြည့်နေပြီးနောက် အနည်းငယ် ခေါင်းညိတ်ကာ နှုတ်ခမ်းများကို စေ့လိုက်လေသည်။

သူ နိုးလာပြီး ပန်းဖြူလေးကို ကိုက်ထားနိုင်သည်ကို မြင်သောအခါ ကျူးလင်က ကျီယန်နှင့် ထန်ဝေ့တို့ထံ လျှောက်သွားကာ ပန်းဖြူလေးကို နှုတ်ခမ်းဖြင့် ကိုက်ထားရန် ပြောလိုက်၏။

သူတို့ ပန်းဖြူများကို သေချာကိုက်ထားကြောင်း စစ်ဆေးပြီးမှသာ ကျူးလင်က သူမ၏ ဓားကို ထုတ်ယူကာ ဆိုင်ထဲသို့ လျှောက်ဝင်သွားလေသည်။

ရှို့ဝူက သူမ ဆိုင်ထဲသို့ လျှောက်ဝင်သွားသည်ကို မြင်သောအခါ တားဆီးချင်သော်လည်း သူ့ဦးနှောက်က ရွှံ့များအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသဖြင့် ကျူးလင် ဆိုင်ထဲသို့ လျှောက်ဝင်သွားသည်ကို မတတ်သာဘဲ ကြည့်နေရ၏။

ဆိုင်အတွင်း၌ ကျူးလင် တစ်လှမ်းလှမ်းလိုက်တိုင်း ကြမ်းပြင်က အီးကနဲ အသံမြည်လာလေသည်။

သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း ထူးခြားသည့်အရာ တစ်ခုမျှ မတွေ့ရချေ။ သို့သော် သူမကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသကဲ့သို့ အမြဲခံစားနေရ၏။

ထူထူက သူမ၏ ပခုံးပေါ်မှ ခုန်ချလိုက်ပြီး နားရွက်ရှည်နှစ်ဖက်ကို ကြမ်းပြင်ပေါ် တင်လိုက်ကာ ပြောလိုက်လေသည်။

“သခင်မလေး... ကျွန်မတို့အောက်မှာ တစ်ခုခု လှုပ်ရှားနေတယ်...”

ကျူးလင်က သူမ၏ အကြားအာရုံကို မြေပြင်ပေါ်တွင် အာရုံစိုက်လိုက်သောအခါ တိုးတိုးတိတ်တိတ် အသံများကို ဝိုးတဝါး ကြားလိုက်ရ၏။ သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်လေသည်။

“အမြစ်တွေ လှုပ်ရှားနေတဲ့ အသံနဲ့ တူတယ်...”

သူတို့ စကားပြောနေစဉ် နှစ်ဦးသားက အသံလာရာဘက်သို့ ဆက်လျှောက်သွားကြ၏။

ပန်းဖြူလေးများ၏ အကူအညီဖြင့် လေထဲရှိ မွှေးပျံ့သော ရနံ့က သူတို့ကို လုံးဝမထိခိုက်နိုင်ချေ။ ဆိုင်၏ နောက်ဘက်သို့ ပိုရောက်လေလေ လေထဲရှိ မွှေးပျံ့သော ရနံ့က ပိုမိုပြင်းထန်လေ ဖြစ်၏။

သူတို့က တံခါးဖြူတစ်ချပ်ရှေ့တွင် ရပ်လိုက်သောအခါ လေထဲရှိ မွှေးပျံ့သော ရနံ့က ပန်းရောင်အငွေ့အသက် ပါးပါးလေးအဖြစ် သူတို့မျက်လုံးများဖြင့် မြင်နိုင်နေပြီ ဖြစ်လေသည်။

ပတ်ဝန်းကျင်ရှိ ပန်းရောင်အငွေ့အသက် ပါးပါးလေးများကို ကြည့်ရင်း ကျူးလင်က ပြောလိုက်၏။

“မြေအောက်က အကောင်က ဒီလိုမျိုး အမြင်မှားစေတဲ့ အငွေ့အသက်တွေ ထုတ်လုပ်နိုင်ဖို့ဆိုရင် အရမ်းကို အစွမ်းထက်မှရမယ်...”

ကျူးလင်က ပန်းရောင်အငွေ့အသက်များကို ကြည့်နေစဉ် ထူထူက တံခါးဖြူကို ဖွင့်လိုက်ပြီးပြီ ဖြစ်၏။

တံခါးဖြူနောက်ဘက်တွင် သတ္တုလှေကားတစ်ခု ရှိနေသော်လည်း လှေကားနှင့် နံရံများ၏ နေရာတိုင်းတွင် ပါးလွှာပြီး ထူထဲသော စိမ်းလန်းသည့် နွယ်ပင်များ ဖုံးလွှမ်းနေလေသည်။ နွယ်ပင်များကြားတွင် ရဲရဲနီသည့် ပန်းနီနီများ ပွင့်လန်းနေပြီး အလွန်လှပနေ၏။

ပန်းနီနီများကို မြင်သောအခါ ကျူးလင်က ပြောလိုက်လေသည်။

“ဒီလောကမှာ ဒီရုပ်အလောင်းပန်းကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး...”

စိမ်းလန်းသည့် နွယ်ပင်များကြားမှ တောက်ပသည့် ပင့်ကူနှင်းပန်းနီနီများကို ကြည့်ရင်း ထူထူ တစ်ကိုယ်လုံး တုန်ယင်သွား၏။

ရုပ်အလောင်းပန်းနှင့် ပတ်သက်သည့် သူ၏ နောက်ဆုံးမှတ်ဉာဏ်က အလွန်ကြောက်မက်ဖွယ် ကောင်းလွန်းလှချေသည်။ ထူထူက သူ့သခင်မလေးကို တစ်ချက်ကြည့်ကာ မေးလိုက်လေသည်။

“သခင်မလေး... ဒါဆိုရင်... မိစ္ဆာနတ်ဘုရားက ဒီမှာရှိနေပြီး သခင်မလေးအတွက် ရုပ်အလောင်းပန်းတွေကို ကိုယ်တိုင် ပြင်ဆင်ပေးထားတာများလား...”

ကျူးလင်က မိစ္ဆာနတ်ဘုရား သူမကို ငရဲဘုံသို့ ကိုယ်တိုင်ခေါ်ဆောင်သွားပြီး ကျယ်ပြောလှသော ရုပ်အလောင်းပန်းခင်းကြီးကို ပြသခဲ့သည့် အချိန်ကို ပြန်လည်အမှတ်ရလိုက်၏။

All Chapters