← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂) - ကွဲပြားခြားနားသော အသံများ

ရှို့ဝူက ကျူးလင်ကို ကြည့်ကာ ပြုံးလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး... မင်း ငါ့အပေါ် ဘာပဲလုပ်လုပ် ငါ အမြဲတမ်း ခွင့်လွှတ်ပေးမှာပါ..."

ကျူးလင်က သူ့ကို တစ်ချက်ကြည့်လိုက်ရာ သူမကို ငေးငိုင်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် တွေးလိုက်မိသည်။

'သူ ဘာဖြစ်နေတာလဲ... နိုးလာကတည်းက အမြဲတမ်း ငေးငိုင်နေတာပဲ...'

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ထန်ဝေ့က တစ်ကိုယ်လုံး ချွေးများရွှဲလျက် နိုးလာခဲ့သည်။

သူက ညည်းတွားရင်း မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏လည်ချောင်းမှာ ခြောက်သွေ့ကာ နာကျင်နေသည်။

သူက မျက်ခွံပေါ်မှ ချွေးများကို သုတ်လိုက်ရင်း အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။

"ဒီလောက် ပူပြင်းတဲ့နေ့မှာ မအိပ်တာ ပိုကောင်းမယ်ထင်တယ်...”

“ငါ သဲကန္တာရထဲမှာ လမ်းပျောက်ပြီး ထွက်ပေါက် ရှာမရတဲ့ အိပ်မက် မက်ခဲ့တာ... တကယ် ကြောက်စရာကောင်းလိုက်တာ..."

ရှို့ဝူက ထန်ဝေ့၏ ချွေးရွှဲနေသော အဝတ်အစားများကို ကြည့်လိုက်ပြီးနောက် စားပွဲပေါ်ရှိ ရေခဲဓာတ်ကာကွယ်ရေးအဆောင်ကို လှမ်းကြည့်လိုက်သည်။

အကယ်၍ ကျူးလင်သာ မရှိခဲ့ပါက သူ နိုးလာချိန်တွင် တစ်ကိုယ်လုံး စေးကပ်ညစ်ပတ်နေပေလိမ့်မည်။

နေဝင်လုနီးပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ထန်ဝေ့က ရေအနည်းငယ် သောက်ပြီးနောက် ကျီယန်ကို နှိုးလိုက်သည်။ အိပ်ရာမှနိုးလာပြီးနောက် ထန်ဝေ့နှင့် ကျိယန်တို့သည် မအိပ်စက်မီကထက် ပို၍ ပင်ပန်းနွမ်းနယ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာများကို ကြည့်ကာ ကျူးလင်က ပြောလိုက်သည်။

"ကျွန်မ အခုလေးတင် အဆောင်တစ်ခု ဖန်တီးထားတယ်... အဲဒါက ရှင်တို့ ခန္ဓာကိုယ်ပတ်လည်က အပူချိန်ကို လျှော့ချပေးနိုင်တယ်... စမ်းကြည့်ချင်ကြလား..."

သူမ၏ စကားသံ ထွက်လာသည်နှင့် ရှို့ဝူက သူမကို မကျေမနပ် ကြည့်လိုက်ရင်း တွေးလိုက်သည်။

'သူမက သူတို့ကိုကျတော့ ယဉ်ယဉ်ကျေးကျေး မေးပြီး ငါ့ကိုကျတော့ စမ်းသပ်ပစ္စည်းလို သဘောထားတာပဲ...'

သူ၏ အကြည့်ကို ခံစားမိသဖြင့် ကျူးလင်က လှည့်ကြည့်လိုက်ရာ အပြစ်တင်သကဲ့သို့ ဖြစ်နေသော သူ၏ မျက်လုံးများနှင့် ဆုံသွားသည်။ သူမက ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းကို အနည်းငယ် စောင်းလိုက်ရင်း တွေးလိုက်မိသည်။

'သူ ဘာပြန်ဖြစ်နေတာလဲ... တကယ်ပဲ သူ့ရဲ့ အပြုအမူတွေက မိစ္ဆာနတ်ဘုရားနဲ့ ပိုပိုတူလာသလိုပဲ... သူက တကယ်ပဲ အဲဒီအရှက်မရှိတဲ့ လူသား မဟုတ်ဘူးလား...'

သူမ၏ မေးခွန်းကို ကြားသောအခါ ထန်ဝေ့နှင့် ကျီယန်တို့က အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။ ထန်ဝေ့က ရေကို နောက်တစ်ငုံ သောက်လိုက်ရင်း ပြောလိုက်သည်။

"မင်းရဲ့ အဆောင်က အပူချိန်ကို လျှော့ချပေးနိုင်သရွေ့ ငါကတော့ မင်းရဲ့ စမ်းသပ်ခံ ကြွက်ဖြူလေး ဖြစ်ရတာ အရမ်းဝမ်းသာပါတယ်..."

"ငါလည်း စမ်းကြည့်ချင်တယ်... နေဝင်ပြီးရင် အပူချိန်လျော့သွားမယ်ထင်ခဲ့တာ... ဘယ်သူ သိမှာလဲ... ပိုတောင် ပူလာတယ်..."

ကျီယန်က စကားပြောရင်း သူ၏ အင်္ကျီဖြင့် ချွေးများကို သုတ်လိုက်သည်။

သူတို့၏ အဖြေကို ကြားပြီးနောက် ကျူးလင်က ခေါင်းညိတ်လိုက်သည်။ သူမက စားပွဲပေါ်ရှိ ရေခဲဓာတ်ကာကွယ်ရေးအဆောင်နှစ်ခုကို ယူကာ ကျိယန်နှင့် ထန်ဝေ့တို့ထံသို့ ပစ်လွှတ်လိုက်သည်။

သူမ၏ ရှေ့တွင် ထိုင်နေသော ရှို့ဝူက သူမ အဆောင်ကို မည်သို့ အသုံးပြုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။

သူတို့ မသိရှိကြသည်မှာ သူမ အဆောင်ကို အသုံးပြုလိုက်သည့်အချိန်တွင် ရှို့ဝူက ဝိညာဉ်စွမ်းအင်များ စီးဆင်းသွားသည်ကို အမှန်တကယ် မြင်တွေ့နိုင်ခြင်းပင် ဖြစ်သည်။

ကျူးလင်က ကျီယန်နှင့် ထန်ဝေ့တို့ထံသို့ အဆောင်ကို ပစ်လွှတ်ပြီး သုံးစက္ကန့်အကြာတွင် သူတို့နှစ်ဦးစလုံး ငရဲဘုံမှ လွတ်မြောက်ကာ အသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်။

ထန်ဝေ့က သက်တောင့်သက်သာဖြင့် သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"ငါတော့ ငါးခြောက် ဖြစ်တော့မယ် ထင်နေတာ... တော်သေးတာပေါ့ လင်အာ ရှိနေလို့... မဟုတ်ရင် ဒီလောက် ပူပြင်းတဲ့ ရာသီဥတုမှာ ငါတို့ ဘယ်လို ရှင်သန်ရမလဲ မသိဘူး..."

ဤစကားများ ထွက်လာသည်နှင့် လူတိုင်းက သူ၏ စကားကို ချက်ချင်းပင် စဉ်းစားမိသွားကြသည်။ အကယ်၍ သူတို့ကဲ့သို့ စွမ်းရည်ရှင်များပင် ဤမျှ မြင့်မားသော အပူချိန်ကို ခံနိုင်ရည်ရှိရန် ခက်ခဲနေပါက သာမန်လူများမှာ မည်သို့ ရှိပေမည်နည်း။

ရှို့ဝူက ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"ငါတို့ ဆေးဝါးတွေကို အမြန်ဆုံး သွားရောက်စုဆောင်းပြီး စခန်းကို ပြန်ကြရအောင်...”

“လာမယ့် ရက်တွေမှာ အပူချိန်က ပိုပြီး မြင့်တက်လာလိမ့်မယ် ထင်တယ်... တကယ်လို့ ငါတို့ စခန်းကို အချိန်မီ မပြန်နိုင်ရင် နောက်ပိုင်း ပြန်ဖို့ ပိုခက်ခဲသွားလိမ့်မယ်..."

ဘေးကင်းသော စခန်း၏ အပြင်ဘက်တွင် မည်မျှ အန္တရာယ်များကြောင်း သိရှိထားကြသဖြင့် သူတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ ထို့နောက် အားလုံး၏ သဘောထားမှာ တူညီနေကြောင်း နားလည်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့ စခန်းသို့ ပြန်ကြရမည် ဖြစ်သည်။

ကျီယန်က အချိန်ဆွဲမနေတော့ဘဲ သူ၏ နေရာလွတ်ထဲမှ ကုတ်အင်္ကျီလေးထည်ကို ထုတ်ယူလိုက်ရင်း ပြောလိုက်သည်။

"ကုတ်အင်္ကျီ ဝတ်ထားလိုက်ကြ... အပူဒဏ်ကို မတားဆီးနိုင်ပေမဲ့ အနည်းဆုံးတော့ ငါတို့ အရေပြား နေလောင်တာကို ကာကွယ်ပေးနိုင်လိမ့်မယ်..."

သူက ကျူးလင်ထံသို့ ကုတ်အင်္ကျီကို ကမ်းပေးလိုက်သောအခါ ကျူးလင်က ခေါင်းခါလိုက်ရင်း ပြောလိုက်သည်။

"ကျွန်မ မလိုဘူး..."

ကျိယန်က လည်ပင်းမှသည် ခြေဖျားအထိ တစ်ကိုယ်လုံး ဖုံးအုပ်ထားသော သူမ၏ အဝတ်အစားများကို ကြည့်ကာ ခေါင်းညိတ်လိုက်ရင်း မေးလိုက်သည်။

"ဦးထုပ်ရော လိုချင်လား..."

သူမက ထပ်မံ ခေါင်းခါလိုက်ရင်း ပြောလိုက်သည်။

"မလိုပါဘူး... ကျွန်မ အဆင်ပြေတယ်..."

သူမထံတွင် ချွေးတစ်စက်မျှပင် ထွက်မနေသည်ကို တွေ့လိုက်ရသဖြင့် ကျီယန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူတို့ သုံးဦးလုံးတွင် ကာကွယ်ရေး အတားအဆီးများ ရှိနေသော်လည်း ချွေးအနည်းငယ် ထွက်နေဆဲ ဖြစ်သည်။

သို့သော် ကျူးလင်မှာမူ မည်သည့် ကာကွယ်ရေး အတားအဆီးမျှ မရှိဘဲ အဝတ်အစားများကို အထပ်ထပ် ဝတ်ဆင်ထားသော်လည်း လန်းဆန်းနေဆဲဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် ချွေးတစ်စက်မျှပင် မရှိချေ။

ကျီယန်က ကျူးလင်ကို စိုက်ကြည့်နေစဉ်မှာပင် ရှို့ဝူက ပြောလိုက်သည်။

"နေဝင်သွားပြီ... သွားကြစို့..."

ကျန်သုံးဦးက ခေါင်းညိတ်လိုက်ကြပြီးနောက် စားသောက်ဆိုင်လေးမှ ထွက်ခွာလာခဲ့ကြသည်။ ယခုတစ်ကြိမ်တွင်မူ နေဝင်ပြီးနောက် ထွက်လာခဲ့ခြင်းဖြစ်သဖြင့် ဖုတ်ကောင်များသည် ပိုမို လှုပ်ရှားတက်ကြွနေပြီး ပိုမို သန်မာနေကြသည်။

ကျူးလင်က ကျီယန်ကို ကြည့်လိုက်ရင်း ထူထူကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။

“ထူထူ... ကျိယန်နဲ့အတူ နေပြီး သူ့ကို ကာကွယ်ပေးလိုက်...”

ထူထူက ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ပခုံးပေါ်မှ ခုန်ဆင်းကာ ကျိယန်၏ ပခုံးပေါ်သို့ တက်သွားသည်။

ယုန်ကလေးက သူ့ပခုံးပေါ်တွင် လိမ္မာစွာ ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် ကျိယန်က လန့်သွားသည်။

သူက ချစ်စရာကောင်းသော ယုန်ကလေးကို ခဏမျှ စိုက်ကြည့်နေပြီးနောက် လက်ကို ဆန့်ထုတ်ကာ ယုန်ကလေး၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထူထူက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းပွတ်သပ်သည်ကို ခံယူလိုက်သည်။

စားသောက်ဆိုင်လေးမှ ထွက်ခွာလာပြီးနောက် သူတို့သည် အနီးဆုံး ဆေးရုံသို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ကြသည်။ မနက်အစောပိုင်း နှစ်နာရီအချိန်တွင် လူလေးယောက်နှင့် ယုန်ငယ်လေးတစ်ကောင်တို့သည် လမ်းမပေါ်တွင် အသက်လုကာ ပြေးလွှားနေကြသည်။

ထန်ဝေ့က နောက်သို့ လှည့်ကြည့်လိုက်ရာ သူတို့၏ နောက်ကွယ်တွင် ဖုတ်ကောင်များ ပိုမို စုဝေးလာသည်ကို တွေ့လိုက်ရသည်။

သူက အံကြိတ်လိုက်ရင်း ပြောလိုက်သည်။

"ရှို့ဝူ... မင်းတို့ အရင်သွားကြ... ငါ ဒီဖုတ်ကောင်တွေကို ရှင်းလိုက်မယ်..."

သူ၏ စကားကို ကြားသောအခါ ရှို့ဝူက အော်ဟစ်လိုက်သည်။

"ပြေး... နောက်လှည့်မကြည့်နဲ့..."

သူတို့၏ နောက်ကွယ်တွင် ဖုတ်ကောင်များသည် ဟူးဟူးဟူသော အသံများကို အဆက်မပြတ် ပြုလုပ်နေကြသည်။ သို့သော် ကျူးလင်နှင့် ထူထူတို့ ကြားလိုက်ရသော အသံမှာမူ သူတို့ ကြားရသည်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။

"စားမယ်... စားမယ်..."

"ဗိုက်ဆာတယ်... ဗိုက်ဆာတယ်..."

ကျူးလင်က သူတို့နောက်မှ ဖုတ်ကောင်များကို တစ်ချက်ကြည့်လိုက်ရာ ထိုဖုတ်ကောင်များထံမှ ကွဲပြားခြားနားသော အသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။

သူမက နတ်ဘုရားစွမ်းအင်ကို နားဆီသို့ ပို့လွှတ်ကာ သူမ၏ အကြားအာရုံကို မြှင့်တင်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ သူမသည် ကွဲပြားခြားနားသော စကားလုံးများကို ရှင်းလင်းစွာ ကြားလိုက်ရတော့သည်။

"သူတို့ကို သတ်ပစ်..."

All Chapters