← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

Chapter 99

~

အခန်း ၉၉ : ဒီကလေးက မြင်တက်သားပဲ...

~

" အင်း...ကျီဝမ်.. "

ဖက်တီးလျှိုက ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်ပြီး သူ့အကြည့်က ယန်ကျီဝမ်၏ ခြေရင်းရှိ အိတ်ဆီသို့ ရောက်သွားသည် ။

" ဘာတွေလဲ.. "

" ပြောင်းဖူးမှုန့်တွေပါ.. "

ယန်ဖူကွေ့က ဝင်​ဖြေသည် ။

ဖက်တီးလျှို ရှုပ်ထွေးဟန်ဖြင့်...

" လောင်ယန်.. ဒီလတောင် မကုန်သေးဘူးလေ.. ခင်ဗျားတို့ မိသားစုက ပြောင်းဖူးမှုန့်တွေ အများကြီး ဘာလို့ ဝယ်ထားတာတုန်း.. "

" လက်ထဲ ငွေလေးရှိတုန်း စုထားတာပါဗျာ.. "

ယန်ဖူကွေ့က ဆင်ခြေ ပေးလိုက်၏ ။

စားနပ်ရိက္ခာ ပြတ်လပ်နိုင်မှုက သူနှင့် ယန်ကျီဝမ်၏ ထင်ကြေးဖြစ်ပြီး အတည်မပြုနိုင် ။ ပေါ့ပေါ့ပါးပါး ထုတ်ပြော၍ မရသည့် စကားများဖြစ်ပြီး ဖက်တီးလျှိုကလည်း နှုတ်လုံ တက်သည့်သူ မဟုတ်ပေ ။

ဤသတင်းသာ သူတို့သားအဖ ဆီမှ ထွက်လာမှန်း သိသွားကြပါက ပြုပြင်ပြောင်းလဲရန် အလုပ်ကြမ်း နေရာများသို့ ပို့ခံရပေမည် ။

ထို့ကြောင့် ကျန်သည့် မိသားစုဝင်များကိုပင် မပြောရသေးချေ ။

" သြော်.. ညလာဖို့ မမေ့နဲ့အုံးနော်.. "

ဖက်တီးလျှိုက လက်ဝှေ့ယမ်း နှုတ်ဆက်ကာ စက်ဘီး ဆက်တွန်းသွားသည် ။

ခဏကြာလျှင် ဖက်တီးလျှိုနှင့် တခြားသူများ စကားပြောနေသည်ကို ယန်သားအဖ ခပ်တိုးတိုး ကြားနေရ၏ ။ Phoenix စက်ဘီး တံဆိပ်ဖြစ်ကြောင်း အကျယ်ဆုံး ကြားရပြီး တခြားသူများ မကြားမည်ကို စိုးရိမ်နေပုံရသည် ။

ဖက်တီးလျှို၏ ထင်ပေါ်လိုခြင်းသည်လည်း ထူးခြားပေ၏ ။ သူသည်လည်း နှစ်ယောက်မရှိပင် ။

...

နောက်ရက်အနည်းငယ်အတွင်း ယန်ကျီဝမ်က ငါးမျှားရန် နေ့စဥ် သွားခဲ့သည် ။

အံ့သြစရာကောင်းသည်က လိုရှောင်အဲ ငိုပြီး ထွက်သွားသည့် နေ့ကစပြီး ယန်ကျီဝမ်၏ ရှေ့သို့ သူမ ပြန်ပေါ်မလာတော့ပေ ။

ထိုသည်ကို ယန်ကျီဝမ် နောင်တရခြင်း မရှိ ။ ဤသို့ ဖြစ်လာရန် တမင်တကာ လုပ်ခဲ့ခြင်းဖြစ်သည် ။

သို့သော် သူ အတွေးလွန်နေသည်မှာ ထင်ရှား၏ ။ လိုရှောင်အဲ ၏ ခေါင်းမာသော စရိုက်က ဤမျှနှင့် နောက်ဆုတ်မည် မဟုတ်ချေ ။

စနေနေ့တွင် ယန်သားအဖ ငါးမျှားထွက်ရန် ပြင်ဆင်နေသည့်အခိုက် လိုရှောင်အဲက သူတို့ အိမ်တံခါးဝသို့ ရောက်လာပြန်၏ ။

" ဦးလေး.. မင်္ဂလာပါရှင့်.. "

လိုရှောင်အဲက စက်ဘီးကို တွန်းလာရင်း ယန်ဖူကွေ့အား နှုတ်ဆက်လိုက်သည် ။

" အေးအေး မင်္ဂလာပါကွယ် .."

ယန်ဖူကွေ့က ခေါင်းညိတ် တုန့်ပြန်လိုက်ပြီး သူ့သားအား အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏ ။

ယန်ကျီဝမ် အနည်းငယ် စိတ်အနှောက်အယှက် ဖြစ်မိသည် ။ မည်သို့ကြောင့် သူ့အိမ်တံခါးဝသို့ ရောက်လာပြန်သနည်း ။ မည်သို့ကြောင့် ဤမျှ ခေါင်းမာနေရသနည်း ။

ခြေသုံးချောင်း ဖားများကို ရှာရခက်သော်လည်း ခြေနှစ်ချောင်း ယောကျ်ားများကိုမူ နေရာတိုင်းတွင် တွေ့နိုင်သည် ။

မည်သို့ကြောင့် သစ်ပင် တစ်ပင်တည်းအား ဖက်တွယ်နေရ ပါသနည်း ။

" အဖေ အရင်သွားနှင့်တော့.. "

" အေးအေး.. ငါ စက်ဘီး ယူသွားမယ်.. "

ထို့နောက် ယန်ဖူကွေ့က လိုရှောင်အဲအား ပြုံးပြပြီး စက်ဘီးနင်းကာ ထွက်သွားသည် ။

ထို့နောက် ယန်ကျီဝမ်အား လိုရှောင်အဲကို ကြည့်၍ မေးလိုက်၏ ။

" ကဲ.. ခုရော ဘာကိစ္စနဲ့ လာတာလဲ.. "

" ကိစ္စ မရှိရင် လာလို့ မရဘူးလား.. "

လိုရှောင်အဲက သူ့ကို မသိလောသလော ဟူသည့် အကြည့်မျိုးနှင့် ကြည့်၍...

" နင်ပဲ ငါ့ကို ဟင်းချက် သင်ပေးမယ်ဆို .. ပါဝင်ပစ္စည်းတွေ အကုန်ဝယ်လာတယ်.. "

ထိုသို့ပြောပြီးနောက် သူမက စက်ဘီးရှေ့ခြင်းထဲရှိ အထုတ်ကို ထုတ်ယူလိုက်၏ ။ အထဲတွင် အသားများသော ဝက်နံရိုးများနှင့် ဟင်းခတ်အမွှေးအကြိုက်များ ပါပေသည် ။

ထိုနေ့က သူမ ပြန်လာခဲ့ပြီးနောက် အလွန်ဝမ်းနည်းနေခဲ့သော်လည်း သူမ၏ အမေက အတွေ့အကြုံအများကြီးကို ရှင်းပြပြီးသည့်နောက် ယုံကြည်မှု တိုးလာပြီး တဖန်ပြန်ရောက်လာခဲ့ခြင်းပင် ။

ယန်ကျီဝမ်.... " .... "

သူ ထိုနေ့က ခပ်ပေါ့ပေါ့သာ ပြောမိခဲ့သည် ။ အနှီမိန်းကလေး လေးလေးနက်နက် မှတ်ယူထားမည်ဟု မမျှော်လင့်ထားပေ ။

သူမ ထွက်သွားရန် မည်သည့် လှည့်ကွက် သုံးရမည်နည်း ။ သူ ငါးမျှား၍ ငါးမျှားရမှတ် စုဆောင်းချင်သေးသည် ။

" အိုးး.. ရှောင်အဲလေး ပါလား.. "

ထိုအခိုက် ရန်ရွေဟွား ထွက်လာပြီး လိုရှောင်အဲအား ပျော်ရွှင်စွာဖြင့် နှုတ်ဆက်၏ ။

ရုပ်ရည် ၊ ခန္ဓာကိုယ် နှင့် မိဘနောက်ခံချမ်းသာမှု အားလုံးပြည့်စုံနေသော လိုရှောင်အဲအား သူမ အလွန်ပင် သဘောကျမိချေသည် ။ ဒုတိယသားနှင့် အသင့်တော်ဆုံး အိမ်ထောင်ဖက် ပင် ။

" ဒေါ်ဒေါ်.. သမီးက ဒေါ်ဒေါ့် ကို တွေ့ချင်လို့ လာခဲ့တာပါ.. ဒီမှာ မုန့်တွေလည်း ဝယ်လာတယ်.. "

လိုရှောင်အဲက ချစ်စဖွယ်ပြုံး၍ ရန်ရွေ့ဟွားအတွက် မုန့်ထုတ်ကို ပေးလိုက်၏ ။

ယန်ကျီဝမ် အန္တရာယ် အနံ့အသက်ကို ရလိုက်လေပြီ ။ ဤကလေးမက ကြိုတင်ပြင်ဆင်လာသည် ။

သူ့ကို ဟင်းချက်သင်ရန်ဟု ပြောသော်လည်း ရန်ရွေ့ဟွားကို မြင်သည်နှင့် လေသံတစ်မျိုး ပြောင်းသွား၏ ။ ကြည့်ရသည်က တိုက်စစ်ကို ပြောင်းလဲ ထားပုံရသည် ။

လက်ဆောင်များကို မြင်လျှင် ရန်ရွေ့ဟွား၏ နှုတ်ခမ်းများက နားရွက်ချိတ်မတက် ကွေးညွှတ်သွားပြီး ...

" အမလေး... သိတက်လိုက်တဲ့ကလေး.. လူကိုယ်တိုင်အလည်လာတာပဲ ရပါတယ်အေ.. လက်ဆောင်တွေက ဘာလုပ်ဖို့လဲ.. လာလာ အထဲကိုဝင်..စကားအေးဆေး ပြောရအောင်.. "

ထို့နောက် သူမက ယန်ကျီဝမ် ဘက်သို့ လှည့်၍...

" ​ဒုတိယသား.. ဒီနေ့ အိမ်ကို ဧည့်သည်ရောက်နေတာဆိုတော့ ငါးမျှား မသွားနဲ့တော့.. "

ရန်ရွေ့ဟွားက တစ်ချက်လွတ် အမိန့်ကို ထုတ်ပြန်ပြီး လိုရှောင်အဲ၏ လက်ကိုဆွဲကာ အိမ်ထဲသို့ ​ခေါ်သွား၏ ။

ယန်ကျီဝမ်သည်တော့ ကြောင်တောင်တောင်ဖြင့် ရပ်ကျန်ခဲ့သည် ။ သူ ဘာများ တက်နိုင်ပါ​တော့မည်နည်း ။ အိမ်ထဲသို့ ဝင်ရန်မှ တစ်ပါး တခြား နည်းလမ်း မရှိ ။

" ရှောင်အဲ.. အိမ်ကို အလည်မလာတာ ကြာပြီးနော်.. ဒီနေ့ စားသောက်ပြီးမှ ပြန်ရမယ်.."

ရန်ရွေ့ဟွားက ဝင်ထိုင်လိုက်သော်လည်း လိုရှောင်အဲ၏ လက်ကို မလွှတ်သေး ။ သူမက ယန်ကျီဝမ်ဘက်သို့ လှည့်၍ အေးစက်စက်လေသံဖြင့်..

" ဒုတိယသား.. အဲ့မှာ ဘာရပ်လုပ်နေတာလဲ.. ဧည့်သည်ကို ရေလေးဘာလေး လာထည့်ပေးလေ.. မသိတက်လိုက်တာ.. "

ယန်ကျီဝမ်က ကူကယ်မဲ့နေသော မျက်နှာဖြင့် ရေလာငှဲ့ပေးရ၏ ။

" ဟိဟိ..."

လိုရှောင်အဲ ယန်ကျီဝမ်၏ မျက်နာကိုကြည့်ပြီး ရယ်လိုက်မိကာ...

" ရပါတယ် ဒေါ်ဒေါ်.. သမီးက ယန်ကျီဝမ် ဆီကနေ ဟင်းချက် လာသင်တာပါ.. "

" သြော်.. သြော်.. သိပြီ ..နေရာမှန်ကို ရောက်လာတာပဲ .. ဒီကလေး ပေါ့တော့တော့ နေတာကို ကြည့်ပြီး လျော့မတွက်နဲ့.. သူ့ လက်ရာက အရမ်းကောင်းတာ.. စားသောက်ဆိုင်က စားဖိုမှူး တွေထက်တောင် ပိုသာသေးတယ်.. "

ရန်ရွေ့ဟွား ပြုံးပြီး ယန်ကျီဝမ်၏ အရည်အချင်းကို ကြွားလိုက်သည် ။

ဤသည်က ကြွားလုံး သပ်သပ်သာမဟုတ် ။ ဒုတိယသားချက်သည့် အရသာက သူမ စားဖူးသမျှ အရာအားလုံးထက် သာလွန်သည် ။ ရှာကျူး၏ လက်ရာပင် ယန်ကျီဝမ်ကို မမီပေ ။

" သူ တကယ် ဟင်းချက်တက်တာလား.. "

လိုရှောင်အဲ အံ့သြသွားသည် ။ သူမ၏ အဖေ စုံစမ်းခဲ့သည်က ယန်ကျီဝမ်ဟူသည် စာဂျပိုး တစ်ယောက်သာ ဖြစ်ပြီး ဘာမှ သိသူမဟုတ်ချေ ။

စားမေးပွဲ ကျပြီးနောက် အိမ်တွင်းပုန်းနေခဲ့၏ ။ ထို့နောက် ငါးမျှားသူတစ်ယောက် ဖြစ်လာခဲ့သည် ။

ယန်ကျီဝမ်သည် ငါးမျှားခြင်းဖြင့် သူများတစ်လဝင်ငွေကို ရက်အနည်းအတွင်း ရှာနိုင်၏ ။ ဤမျှသာ ။ ဘာမှမပို ။

သူမ ဟင်းချက်လာသင်သည်က ယန်ကျီဝမ်နှင့် နီးစပ်ရန် အကြောင်းပြချက် တစ်ခုသာ ဖြစ်၏ ။

" ဒါပေါ့.. "

ရန်ရွေ့ဟွားက...

" ရှောင်အဲ.. အဒေါ်ပြောပြမယ်.. ဒီခြံဝင်းထဲမှာ ဆယ်နှစ်​ကျော် ဟင်းချက်လာတဲ့ ကျွမ်းကျင်စားဖိုမှူး တစ်ယောက်ရှိတယ်.. သူက ဒုတိယသားနဲ့ယှဥ်ရင် ဘာမှ မဟုတ်တော့ဘူး.. "

လိုရှောင်အဲ ပြုံးလိုက်ပြီး...

" ကောင်းတာပေါ့.. ဒီနေ့ ပါဝင်ပစ္စည်းတွေ အားလုံး ယူလာခဲ့တာဆိုတော့ စသင်လို့ရပြီ.. "

ရန်ရွေ့ဟွား၏ မျက်လုံးထဲတွင် ပျော်ရွှင်ရိပ်များ ထင်ဟပ်လာပြီး ယန်ကျီဝမ်အား ငေါက်လိုက်၏ ။

" ဒုတိယသား.. ကြားတယ်မလား.. ရှောင်အဲလေးကို နင်အကောင်းဆုံး သင်ပေးရမယ်.. "

" ဟုတ်..ဟုတ်.."

ယန်ကျီဝမ်က မလိုလားဟန်ဖြင့် သဘောတူလိုက်၏ ။

ရန်ရွေ့ဟွား သူမသား၏ အပြုအမူကို သဘောမကျပေ ။ဤသို့ဆိုလျှင် အနာဂတ်တွင် မည်သို့ အိမ်ထောင်ပြုနိုင်ပါဘိနည်း ။

သားဖြစ်သူ အသုံးမကျ၍ သူမ ကိုယ်တိုင် ဝင်ပါနေရသည် ။

သူမက လိုရှောင်အဲကို ရှင်းပြလိုက်သည် ။

" ရှောင်အဲ ..စိတ်ထဲ မထားနဲ့နော်.. ဒီကလေးရဲ့ ပုံစံက အမြဲ ဒီလိုဖြစ်နေတာ တမင်လုပ်တာ မဟုတ်ပါဘူး.. "

" စိတ်ထဲ မထားပါဘူးရှင့်.. "

လိုရှောင်အဲက ပြုံး၍ ပြန်ဖြေသည် ။

ထိုအခိုက် ယန်ကျီဖန့်က အိပ်မှုန်စုတ်ဖွားဖြင့် အခန်းထဲမှ ထွက်လာပြီး...

" အမေ.. မနက်စာ ဘာရှိသေးလဲ.. သား ဗိုက်ဆာနေ.. "

သူ စကားဆုံးအောင် မပြောလိုက်ရ ။ လိုရှောင်အဲကို မြင်ပြီး အံ့သြသွား၏ ။

လိုရှောင်အဲနှင့် ယန်ကျီဝမ်ကို ကြည့်ကာ သူနားလည်သွားပြီး...

" မင်္ဂလာပါ ဒုတိယ မရီး.."

" အဟွတ်.. "

ရေနွေးကြမ်း ငှဲ့သောက်နေသော ယန်ကျီဝမ် သီးမလို ဖြစ်သွား၏ ။ ယန်ကျီဖန့် အားချက်ချင်း ငေါက်လိုက်သည် ။

" ဘာတွေ လျှောက်အော်နေတာလဲ.. သေချင်လို့လား.. "

ယန်ကျီဖန့်သည် ရှာကျူး အထိုးခံရသော မြင်ကွင်းကို အမှတ်ရသွားပြီး လိုရှောင်အဲအား တောင်းပန်လိုက်သည် ။

" တောင်းပန်ပါတယ်.. အဲ့လို ပြောချင်တာ မဟုတ်ပါဘူး.."

ထိုနောက် မနက်စာ မစားရဲတော့ဘဲ အပြင်သို့ ထွက်ပြေးလေတော့သည် ။

လိုရှောင်အဲ၏ ချစ်စဖွယ် မျက်နှာလေးက မက်မွန်သီးလေးလို ရှက်သွေးဖြာသွား၏ ။ ယန်ကျီဖန့် အပြေးမြန်၍ တော်သေးသည် ။ မဟုတ်လျှင် သူမ ထိုကလေးအား စာအိတ်နီ ထုတ်ပေး မိတော့မည်ပင် ။

ဤ ကလေးက မြင်တက် လွန်းလှ၏ ။

All Chapters