အခန်း ၁၀၀
Vol. 10 Ch. 100
Chapter 100
~
အခန်း ၁၀၀ : မိုင်းတွင်းထဲက ပြန်လာတာလား..
~
ရန်ရွေ့ဟွားက ယန်ကျီဝမ်အား ကောင်းကောင်းသင်ကြားပေးရန် မှာကြားပြီးနောက် တခြားအဒေါ်ကြီးများနှင့် အတင်းတုပ်ရန် ထွက်သွား၏ ။
အိမ်တွင် သူတို့နှစ်ဦးသာ ကျန်ရစ်ခဲ့သည် ။ ရန်ရွေ့ဟွား ထွက်သွားသည်နှင့် သူတို့ နှစ်ယောက်သည် ဘာဆက်ပြောရမည်ကို မသိသဖြင့် တိတ်ဆိတ်သွားကြ၏ ။
အချိန်အနည်းငယ် ကြာလာလျှင် နှစ်ယောက်လုံး ရှက်လာကြသည် ။
ယန်ကျီဝမ် ဆက်၍ ထိန်းမထားနိုင်တော့ဘဲ..
" ဟင်းချက်သင်မယ်ဆိုရင် စလိုက်ရအောင်လေ.. "
" အင်း.."
မနက်ခင်းသာ ရှိသေး၍ ဘာလုပ်ရမည်ကို ယန်ကျီဝမ် မစဥ်းစားတက်တော့ပေ ။
သူမ သဘောတူလိုက်သည်ကို မြင်မှ ယန်ကျီဝမ် သက်ပြင်းချလိုက်နိုင်၏ ။ လိုရှောင်အဲနှင့် မည်သို့ စကားစမြည်ပြောရမည်ကို သူ မသိချေ ။
သူ တို့နှစ်ယောက်မှာ မရင်းနှီးကြသည့်အပြင် သူ့အမေက ရာဇသံ ထုတ်သွား၍ နှင်ထုတ်၍လည်း မဖြစ် ။
မဟုတ်လျှင် သူမ ထွက်သွားစေရန် သူ အကြံထုတ်ပြီး ဖြစ်ပေမည် ။
ဤသို့နှင့် နှစ်ယောက်သား မီးဖိုချောင် ထဲသို့ ဝင်လာကြသည် ။
ယန်ကျီဝမ်က လိုရှောင်အဲကို ကြည့်၍...
" နင် မီးမွှေးတက်လား.. "
" အာ.. တက်တယ် .."
အတွေးထဲတွင် မျောနေသော လိုရှောင်အဲက စကားသံကို ကြားလိုက်လျှင် အလိုလျောက် ပြန်ဖြေလိုက်၏ ။
ထို့နောက် ယန်ကျီဝမ်က ဝက်နံရိုးဆေးရန် ထွက်သွားသည်။
လိုရှောင်အဲသည် ဤမီးဖိုချောင်သို့ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သည့်အပြင် မီးလည်း မမွှေးတက်ပေ ။
သို့သော် ဝက်သားမစားဖူးသော်လည်း ဝက်ပြေးသည်ကို မြင်ဖူးသည် ဟူသော ထုံးကို နှလုံးမူကာ ကြိုးစားလေတော့၏ ။
မိနစ်အနည်းငယ် ကြာလျှင် ယန်ကျီဝမ် ပြန်ရောက်လာသည် ။
မီးဖိုချောင်ထဲသို့ ဝင်လျှင်ဝင်ခြင်း လိုရှောင်အဲကို ကြည့်၍ အူတက်အောင် ရယ်လေသည် ။
" ဟားဟားဟားးးးး... မီးသွေးတွင်းထဲက ပြန်လာတာလား.. "
လိုရှောင်အဲ၏ မျက်နှာထက်တွင် မီးခိုးများနှင့် ကွက်တိကွက်ကြားမည်းနေပြီး ညစ်ပေနေသော ကြောင်ပေါက်လေးနှင့် တူပေ၏ ။ သူမက ချစ်စရာကောင်းသော အူတူတူ လေးဆိုသည်ကိုတော့ ယန်ကျီဝမ် လက်ခံမိပေသည်။
" ဘာရယ်တာလဲ.. ငါမှ မီးမမွှေးတက်တာကို .."
လိုရှောင်အဲ ရှက်ဒေါသ ထွက်သွား၏ ။
ယန်ကျီဝမ် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး...
" ငါ နားလည်ပြီ..မမလေးတွေ မလုပ်တက်တာက ပုံမှန်ပါပဲ.. "
သူက နံရိုးခွက်ကို မီးဖိုပေါ်တင်လိုက်ပြီး မီးစမွှေးလိုက်သည် ။
လိုရှောင်အဲအား အစအဆုံး လုပ်ခိုင်းရမည်ဆိုပါက ညစာ စားချိန်သို့ ရောက်သွားနိုင်သည် ။
လိုရှောင်အဲက မမလေးဟု ခေါ်သံကို ကြားလျှင် မျက်နှာပျက်သွားပြီး...
" ယန်ကျီဝမ်.. ငါ ဘယ်သူလဲ နင်သိတယ်လား.. "
ယန်ကျီဝမ် ပြန်မဖြေခင် သူမ သဘောပေါက်သွားပြီး...
" ဒါဆို.. ငါ့ကို ဒီလို ဆက်ဆံနေတာက ငါ့နောက်ခံကြောင့်ပေါ့.. ဟုတ်တယ်မလား.. "
ဤသည်က တစ်ခုတည်းသော အဖြေဖြစ်သည် ။ သို့မဟုတ်လျှင် ယန်ကျီဝမ် သူမအား ရှောင်ဖယ်နေစရာ အကြောင်းမရှိ ။ သူမ၏ ရုပ်ရည်ကို သူမ ယုံကြည်မှု အပြည့်ရှိပေသည် ။
" .... "
ယန်ကျီဝမ်က မည်သို့ အကြောင်းပြချက် ပေးရမည်ကို မသိတော့၍ ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည် ။
လိုရှောင်အဲက ယန်ကျီဝမ် ဝန်ခံလိုက်သည်ကို မြင်လျှင် မကျေမနပ်ဖြင့်...
" ငါဘာတက်နိုင်မှာလဲ.. ငါရွေးချယ် လို့ရတာမှ မဟုတ်တာ.. "
သူမ မွေးဖွားရန် အမေကို ရွေးချယ်ခွင့် ရှိသည် မဟုတ်၍ သူမ ဘာများ တက်နိုင်ပါတော့မည်နည်း ။
ယန်ကျီဝမ်က နှစ်သိမ့်ပေးလိုက်၏ ။
" စိတ်လျော့ပါ.. နင်က ခေတ်မှားပြီး မွေးလာမိလို့.. တကယ်လို့ နောင်ဆယ်နှစ် အနှစ် နှစ်ဆယ်မှာဆိုရင် နင့်ကို ရွေးချယ်ချင်တဲ့သူတွေ ပေကျင်းကို သုံးပတ် ပတ်ထားလို့ ရတယ်.. "
" နင် မပြောတာကမှ ပိုကောင်းအူံးမယ်.. "
လိုရှောင်အဲက မျက်လုံးလှန်ပြလိုက်သည် ။
' နောက် ဆယ်နှစ် အနှစ် နှစ်ဆယ်ဆို ငါက အဘွားကြီး ဖြစ်နေပြီ.. '
ထိုအခိုက် မီးတက်လာ၍ ယန်ကျီဝမ်က အာရုံလွှဲလိုက်၏ ။
" ဟင်းချက်သင်ချင်တာမလား ..လာ.. ဝက်နံရိုးချိုချဥ် ဘယ်လိုချက်ရမလဲ သင်ပေးမယ်.. "
" ဘာ အရင်လုပ်ရမလဲ.. "
" နံရိုးကို ..ရေနွေးဖျောလိုက် .. တစ်ဆင့်ခြင်းစီ ငါ ပြောပေးမယ်.. "
" ရေနွေးဖျောတယ်ဆိုတာ ဘာလဲ.. "
လိုရှောင်အဲ ရှုပ်ထွေးသွားပြီး မေးလိုက်သည် ။
( ဇဝေဇဝါ ဖြစ်သွားပြီး.... အဲ့လိုနော်.. ကျုပ်က ရှုပ်ထွေးလို့ ရေးတာ အကျင့်ပါနေလို့.. 😁 )
" ....."
ယန်ကျီဝမ် စိတ်ဓာတ်ကျစွာဖြင့်...
" ရပြီ..ရပြီ.. ငါပဲ အစအဆုံး ချက်ပြတော့မယ်..ဘေးကနေ တစ်ဆင့်ခြင်း သေချာ ကြည့်ထားနော် .. "
ယန်ကျီဝမ်က နံရိုးတွေကို ရေနွေးဖျောပြီးနောက် ရေစစ်ကာ ခဏဘေးဖယ်ထားသည် ။ ထို့နောက် ဆီပူထဲ ထည့်၍ အပေါ်ကြော တင်းအောင် လိမ့်လိုက်၏ ။ ရွှေရောင်သန်းလာသည်နှင့် ပြန်ဆယ်ကာ မီးလျော့၍ ဆီပူထဲ သကြားထည့်သည် ။ သကြားအရည်ပျော်ကာ အနည်းငယ်ညိုလာသည်နှင့် နံရိုးများ ပြန်ထည့်ကာ မွှေ၏ ။ နံရိုးတုံးများ အရောင်လှလာသည်နှင့် ရေထည့်ကာ လိုအပ်သည့် အမွှေးအကြိုင် အရသာများကို ထည့်သည် ။
လိုရှောင်အဲ က သေချာ အာရုံစိုက်၍ ကြည့်နေသည် ။
မိနှစ်နှစ်ဆယ်ကြာလျှင်.....
ဝက်နံရိုးချိုချဥ် ဟင်းလျာ အဆင့်သင့် ဖြစ်သွားလေပြီ ။
လိုရှောင်အဲက သက်ပြင်းချလိုက်ပြီး..
" ဟင်းတစ်ပွဲချက်တာ ဒီလောက်အဆင့်တွေအများကြီးကို သတိထားချက်ရမယ် ထင်မထားဘူး.. "
" ဒါက ရိုးရိုးလေးပါပဲ.. "
ယန်ကျီဝမ်က ခေါင်းခါပြီး တူတစ်ချောင်ယူပေးကာ..
" မြည်းကြည့်လေ.. "
လိုရှောင်အဲက တူကို ယူပြီး နံရိုးတစ်တုံးကိုယူကာ ပါးစပ်ထဲ ထည့်လိုက်၏ ။ ပထမတစ်ကိုက် ကိုက်လိုက်ပြီးနောက် သူမ၏ မျက်လုံးများ တောက်ပသွားသည် ။
" အရသာ ရှိလိုက်တာ.. ငါ ချက်တာထက် ပိုကောင်းတယ်.. "
" မကောင်းဘဲနေမလား.. ပြောနေစရာတောင် မလိုဘူး.. "
ယန်ကျီဝမ်က မျက်လုံးလှန်ပြလိုက်ပြီး တွေးလိုက်မိ၏ ။
' ငါ လို ထိပ်တန်း စားဖိုမှူးလက်ရာနဲ့ မီးသွေးတုံးနဲ့ ဘာမှ မဆိုင်တာကို.. '
လိုရှောင်အဲက စိတ်ဓာတ်ကျဟန်ဖြင့်...
" ငါ့ကို နည်းနည်းလောက် ချီးကျူးလို့ မရဘူးလား.. ယဥ်ကျေးမှု မရှိလိုက်တာ.. "
" အဲ့တာကို အစားအစာလို့မှ သတ်မှတ်လို့ မရတာ.. "
ယန်ကျီဝမ်က စ လိုက်သည် ။
လိုရှောင်အဲ ဒေါသထွက်ပြီး ပြန်ပြောမည့် အချိန်၌ မီးဖိုထဲသို့ ခေါင်းသေးသေးလေး နှစ်လုံးက ချောင်းကြည့်လာပြီး..
" အကိုနှစ်.. ဘာတွေ ခိုးချက်နေတာလဲ.. သားတို့ အနံ့ရတယ်နော်.. "
ထို့နောက် သူတို့ လိုရှောင်အဲအား မြင်သွား၏ ။
ယန်ကျီတိက အံ့သြသွားပြီး မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ကာ...
" အကို နှစ်.. ဒါ ယောင်းမလား.. "
ယန်ကျီဝမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နံရိုးနှစ်တုံးကို ကောက်ယူကာ ကလေးများ၏ ပါးစပ်ထဲသို့ ထိုးထည့် ပေးလိုက်၏ ။
" သွား..သွား..သွား.. အပြင်မှာသွားဆော့.. အဓိပ္ပါယ် မရှိတာ မပြောနဲ့.. "
" ဟုတ်ကဲ့.. အကိုနှစ်နဲ့ ယောင်းမနှစ်.. "
ပြောပြီးနောက် ကလေးနှစ်ယောက်က ပျော်ရွှင်စွာ ပြေးထွက်သွားကြသည် ။
ကလေးနှစ်ယောက် ထွက်သွားလျှင် ယန်ကျီဝမ်က ရှက်ရွံ့ဟန်ဖြင့်...
" ဘာကောင်တွေ မှန်းကို မသိဘူး.. လိုရှောင်အဲ စိတ်မရှိပါနဲ့.. "
လိုရှောင်အဲက လေးနက်စွာဖြင့်...
" ယန်ကျီဝမ်.. ရိုးရိုသားသား ပြောပါ.. ငါ့နောက်ခံကြောင့် ငါ့ကို မကြိုက်တာလား.. "
" မဟုတ်..အဲ့လို အတိအကျကြီးတော့ မဟုတ်ပါဘူး.."
ယန်ကျီဝမ် မည်သို့ ရှင်းပြရမည်ကို မသိ ။ လိုရှောင်အဲ၏ မိသားစုက ထွက်ပြေးရမည်ဖြစ်ပြီး ဆယ်နှစ်ကျော် တစ်ယောက်ထဲ မနေချင်ပေ ။
သို့သော် လိုရှောင်အဲက မိန်းမကောင်းလေး ဖြစ်သည် ။
မူရင်းဝတ္ထုတွင် ရွှီတာမော့ နှင့် ကွာရှင်းပြီးနောက် ရှာကျူးနှင့် ဆက်နွယ်မှု တစ်ခါ ရှိခဲ့သည် ။
( ဒါက သေချာ မမှတ်မိပေမဲ့.. မျက်မမြင်အဘွားကြီးက အကြံအဖန် လုပ်လိုက်လို့ ဖြစ်သွားတာ ..)
ထို့နောက် ဟောင်ကောင်သို့ ထွက်ပြေးသွားခဲ့ရပြီး ဆယ်နှစ်ကျော် ကြာသည်အထိ နောက်တစ်ယောက် မရှာဘဲ အခြေအနေ အေးဆေးသွားသည့် အချိန်တွင် ရှာကျူးအား ပြန်လာရှာခဲ့၏ ။ လိုရှောင်အဲသည် အမှန်တကယ်ပင် သစ္စာရှိသော မိန်းမ တစ်ဦးပင် ။ ဟောင်ကောင်တွင် သူမ၏ အခြေအနေ နှင့်ဆိုလျှင် လိုချင်သူများ ဝိုင်းဝိုင်းလည်နေပေလိမ့်မည် ။
ယခု လိုရှောင်အဲက အဖြေတစ်ခု အတင်းတောင်းနေ၏ ။ သူ မည်သို့ ဖြေရမည်နည်း ။ လိုရှောင်အဲ၏ ခေါင်းမှု အရ အဖြေမရလျှင် ထွက်သွားမည့်ပုံ မပေါ်ချေ ။
သူ အတွေးများ ရှုပ်ရှက်ခက်နေစဥ် ပြတင်းမှန်တံခါးမှ ချောင်းကြည့်နေသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရ၏ ။
ယန်ကျီဝမ်၏ မျက်နှာက မည်းမှောင်သွားပြီး...
" ရှာကျူး.. လျှိုကွမ်ချီ.. ခွေးကောင်တွေ သေချင်နေတာလား.. "
ထိုပုံရိပ် နှစ်ခုက ရှာကျူးနှင့် လျှိုကွမ်ချီပင် ။
လူမိသွားသည်ကို သတိထားသဖြင့် ထိုနှစ်ကောင်က ပြေးလေတော့၏ ။
ယန်ကျီဝမ်က ထွက်ပေါက်ရှာတွေ့သွားသဖြင့်...
" နင် အရင်ပြန်နှင့်လိုက်တော့နော်.. နောက်မှ စကားဆက်ပြောကြတာပေါ့.. "
" အင်းပါ.. "
လိုရှောင်အဲက တွေဝေသွားသော်လည်း သဘောတူလိုက်၏ ။
လိုရှောင်အဲ ထွက်သွားသည်နှင့် ယန်ကျီဝမ်က လေမုန်တိုင်း တစ်ခုလိုပြေး၍ ရှာကျူး၏ ခြံဝင်းတံခါးကို ကန်ဖွင့်လိုက်သည် ။
အိမ်ထဲတွင် ပုန်းနေသော ရှာကျူး ထိတ်လန့်သွားပြီး..
" ယန်လောင်အာ.. မင်းဘာလုပ်ချင်လို့လဲ.. လူတွေကို ရိုက်တာ ရာဇဝတ်မှုနော်.. မင်း လျှောက်မလုပ်နဲ့.. "