← Chapters

အခန်း ၁၀၂

Vol. 10 Ch. 102

အခန်း ၁၀၂

Vol. 10 Ch. 102

Chapter 102

~

အခန်း ၁၀၂ : အဖေနဲ့ သား၏ စကားဝိုင်း

~

ညစာ စားပြီးနောက် ရေနွေးကြမ်းသောက်ရင်း သားအဖ နှစ်ယောက် စကားဝိုင်းဖွဲ့ နေကြ၏ ။

ယန်ဖူကွေ့က တာ့ချန်မန် စီးကရက်တစ်လိပ်ကို မီးညှိ၍ ဖြည်းဖြည်းချင်း ရှိုက်လိုက်ကာ...

" ဒုတိယသား... ဖက်တီးလျှိုက စိတ်ပုတ်တဲ့ သူနော်.. သူ့သားကို ရိုက်ထားတာဆိုတော့ နောက်ပိုင်းတွေ သတိထား သူ့ဂွင်ထဲ ဝင်မသွားစေနဲ့အုံး.. "

ယန်ကျီဝမ်က ဂရုမစိုက်ဟန်ဖြင့်..

" ရင်ဆိုင်ရမှာတော့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာ... ပြဿနာ တက်တာကို အမုန်းဆုံးပဲ.. သူတို့မဆွ ပေးရင် သားဘာမှ မလုပ်ဘူး.. ပြဿနာ လာရှာရင်တော့ ဒုက္ခဆိုတာ ဘယ်လို စာလုံးပေါင်းလဲ သူတို့သိအောင် လုပ်ပေးရတာပေါ့.. "

ထိုစကားကို ကြားလျှင် ယန်ဖူကွေ့ ခေါင်းခါလိုက်သည် ။ ဤကလေးသည် ငယ်သေးသဖြင့် ခေါင်းမာ၏ ။

သို့သော် ကိစ္စမရှိ ။ အနာဂတ်တွင် ဤကလေး မဖြေရှင်းနိုင်သည့် ပြဿနာ ပေါ်လာ​ပါက သူဝင်ရှင်း၍ သူ၏ ကျွမ်းကျင်မှုကို ပြနိုင်မည် ။

ထို့နောက် ခေါင်းစဥ်ပြောင်းပြီး...

" ဒုတိယသား.. မင်းနဲ့ ဟို လို မိန်းကလေး အခြေအနေက ဘယ်လိုလဲ.. "

" ဘာကို ဆိုလိုတာလဲ .."

ယန်ကျီဝမ် ရှုပ်ထွေးသွားသည် ။

ယန်ဖူကွေ့က ဆွံ့အစွာဖြင့်....

" မင်းတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို မေးတာဟ... မင်းအမေ ပြောတော့ အဲ့ကလေးမက မင်းကို ကြိုက်နေတာဆို.. "

" ငါ့ကို အရူးလာမလုပ်နဲ့.. ငါက မင်းအမေ မဟုတ်ဘူး.. မင်း အသက် ၁၉ နှစ် ပြည့်ဖို့ လနည်းနည်းပဲ လိုတော့တာ.. ခုချိန်မှာ လက်တွဲဖော် ရှာသင့်နေပြီ.. "

ယန်ကျီဝမ် မချိပြုံး ပြုံးပြီး...

" ဒီအတိုင်းပဲ ထားလိုက်ပါစမ်းပါ အဘိုးကြီး ရာ ... အဘိုးကြီး ရဲ့ အကြံက အန္တရာယ်များလွန်းတယ်.. တခြားလူတွေ သိသွားရင် လမ်းရုံးမှာ စကားသွားပြောနေရမယ်.. "

ယန်ဖူကွေ့ မျက်လုံးလှန်လိုက်ပြီး...

" မင်း ကိုယ်တိုင် သတင်းပို့မှာလား.. "

ယန်ကျီဝမ် ခေါင်းခါ၍...

" သူက မသင့်တော်ဘူး... ပြီးတော့ သားလည်း မိန်းမထဘီနား ခိုမစားချင်ဘူး.. "

" မိန်းမ ထဘီနား ခိုစားတာလား.. ဒါ စကားလုံးအသစ်ပဲ.. "

ယန်ဖူကွေ့ မျက်ခုံးပင့်လိုက်ပြီး...

" ဘာလဲ.. အဲ့မိန်းကလေးရဲ့ နောက်ခံက မရိုးရှင်းဘူးလား... ငါ စဥ်းစားကြည့်စမ်း ပါအုံးမယ် .. သူ့မျိုးရိုး နာမည်က လို ဆိုတော့ စက်ရုံ ဒါရိုက်တာ လိုရဲ့ သမီးများလား.. "

လိုပန်ချန် စက်ရုံ လှူဒါန်း သည်မှာ ၂ နှစ်သာ ရှိသေး၍ မှတ်မိနေကြသေး၏ ။

ယန်ကျီဝမ်က ခေါင်းညိတ်လိုက်သည် ။

ယန်ဖူကွေ့ ခဏတာ စဥ်းစားလိုက်ပြီး...

" အင်း.. ဒါဆို တကယ် မသင့်တော်ဘူး.. သူနဲ့ လက်ထပ်ပြီးလို့ လမ်းရုံးက အလုပ်တစ်ခုချပေးရင်တောင် ရာထူးတိုးဖို့ ခက်သွားလိမ့်မယ်.. ငါ့အလုပ်အပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်တယ်.. "

ယခုခေတ်တွင် မိသားစု နောက်ခံက အလွန်အရေးကြီး၏ ။ ထို့အပြင် နောက်ပိုင်း မြောက်လေတိုက်ခတ်ချိန်၌ ပို၍ပင် ပြဿနာ ရှိလာမည်ပင် ။

( ယဥ်ကျေးမှု တော်လှန်ရေး စတဲ့အချိန်ကို ပြောတာ.. )

လိုရှောင်အဲနှင့် လက်ထပ်ခဲ့၍ ရွှီတာမော့ ကဲ့သို့ ခေါင်းဆောင်များနှင့် ဆက်ဆံရေး ကောင်းသူပင်လျှင် ရာထူး နှင့် လစာ တိုးမလာခဲ့ပေ ။

ထိုသည်ကို ကြားလျှင် ယန်ကျီဝမ်၏ နှုတ်ခမ်းက တဆတ်ဆတ် တုန်ရီသွားပြီး....

" အဘိုးကြီး.. ကျန်တာ ထားလိုက်အုံး.. လမ်းရုံးက ဘယ်လိုလုပ်ပြီး အလုပ်ချပေးမှာလဲ.. တန်းစီနေတဲ့သူတွေ ရိုက်သတ်လို့ မကုန်ဘူး.. ဘယ်လိုလုပ်ပြီး သား အလှည့် ကျလာမှာလဲ.. "

ယန်ဖူကွေ့က ရှက်ရွံ့ဟန်ဖြင့် ​ရယ်လိုက်ပြီး...

" ဟဲဟဲ.. နောက်ခံက ဘယ်လို အရေးကြီးလဲ မင်းကို သိစေချင်လို့ ဥပမာပေးလိုက်တာပါ.. ဒါပေမဲ့ မင်းက ကျင့်ဝတ်တော့ ရှိသေးသားပဲ.. ကောင်မလေးက လှပေမဲ့ မင်းမကြိုက်တာ ဒါကြောင့်ကိုး.. "

ထို့နောက် သူ စကားလမ်းကြောင်းပြောင်းကာ..

" ဒါပေမဲ့ မင်းအလုပ်လိုချင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူးနော်.. ငါ့ အချိတ်အဆက်တွေ သုံးလိုက်ရင် ရတယ်.. "

" အချိတ်အဆက် လား.. "

ယန်ကျီဝမ် အံ့သြသွားပြီး...

" အဘိုးကြီး .. အဘိုးကြီးမှာ အချိတ်အဆက် တွေ ရှိတယ်ပေါ့.. "

" ဟမ့်.. မင်း အဖေကို အထင်သေးတာလား.. ဒီနှစ်တွေ တလျောက် ငါဘာမှ မလုပ်ဘဲ ထိုင်နေတယ်လို့ မင်းထင်နေတာလား.. "

ယန်ဖူကွေ့က ဆရာကြီးလေသံဖြင့် ကြွားလိုက်ပြီး...

" ဒါပေမဲ့ ဘယ်မှာ အလုပ်လိုချင်လဲ အရင်ပြောကြည့်.. "

ယန်ကျီဝမ်က...

" အဲ့တာဆို သံမဏိစက်ရုံ ဆိုရင်ရော.. "

ယန်ဖူကွေ့ ခဏစဥ်းစားပြီး...

" အဲ့စက်ရုံဆိုရင်တော့ လောင်ယီကို အကူအညီတောင်းမှ ရမှာကွ... ဒါပေမဲ့.. "

ယန်ဖူကွေ့ ပြောသည်ကို ယန်ကျီဝမ် နားလည်သွားသည် ။ ယခု ယီကျုံးဟိုင်နှင့် မတည့်သဖြင့် မည်သို့ ကူညီပါမည်နည်း ။ ယီကျုံးဟိုင်သိလျှင် ဝင်၍ပင် နှောက်ယှက်နိုင်သည် ။

ယန်ကျီဝမ်က မကျေမနပ်ဖြင့်...

" အဘိုးကြီး... ဒါများ အချိတ်အဆက်လေး ဘာလေးနဲ့ ပြောရဲသေးတယ်နော်.. ခုကျ ဘာမှ မထူးဘူး တခြားသူကို မီခိုနေရတာပဲ.. "

ယန်ဖူကွေ့ ရှက်သွားပြီး အသံတိုးတိုးဖြင့်...

" လောင်ယီက အဆင့် ၇ အကြီးတန်း အလုပ်သမားလေ.. စက်ရုံမှာ သူ့စကားက ငါ့ထက် အများကြီး အရာရောက်တယ်.. "

" မေ့လိုက်ပါတော့.. အလုပ်ရှိတာက သိပ်မကောင်းဘူး.. တစ်နေကုန် လုပ်ရတဲ့ အပြင်ကို လစာကလည်း သားငါးမျှား တာထက် အများကြီးနည်းတယ်.. "

သူ ယခုအချိန်၌ အမှန်တကယ်ပင် အလုပ် မလုပ်ချင်သေးပေ ။ ယခု နှစ်ကုန်တွင် ကပ်ဘေးစမည်ဖြစ်၍ သူ၏ ကျွမ်းကျင်မှုဖြင့် ဆိုလျှင် အလုပ်ရရန် ခက်ခဲပါမည်လော ။ တခြားအလုပ်မရလျှင်ပင် ဝယ်ယူရေးကိုယ်စားလှယ် ( အဝယ်တော် ပဲ နောက်ပိုင်းသုံးမယ်.. ) အလုပ်ကို သေချာပေါက် ရနိုင်သည် ။

စက်ရုံ အဝယ်တော် အလုပ်က စက်ရုံတွင် တစ်နေကုန် အလုပ်လုပ်ရသည်ထက် ပိုသာ၏ ။ တစ်လအတွင်း စံချိန်ပြည့် ရန်သာ ကြိုးစားရပြီး ကျန်သည့်အချိန်များ၌ အေးဆေး နှပ်နေနိုင်သည် ။

ထို့အပြင် စနစ် ရမှတ်စတိုးမှ အသားများ လဲလှယ်နိုင်၍ အလွယ်တကူ ပြီးမြောက်နိုင်သည် ။

အလုပ်ရုံ များတွင်တော့ မတူ ။ စနေ နှင့် တနင်္ဂနွေ အားလပ်ရက်မှ လွဲ၍ တစ်နေကုန် ပင်ပန်းစွာ အလုပ်လုပ်ရ၏ ။

ယန်ကျီဝမ်သည် ယခင်ဘဝက ကာယလုပ်သား ဖြစ်ခဲ့၍ ယခုဘဝတွင်တော့ မပင်ပန်းချင်တော့ပေ ။

" အဲ့တာ မှန်တော့ မှန်ပေမဲ့.. အလုပ်တစ်ခုရမှ အိမ်ရမှာဟ.. အဲ့တာဆို မိန်းမယူဖို့ ပိုလွယ်သွားလိမ့်မယ် .."

" ပြီးတော့ တရားဝင်အလုပ်ရရင် မင်းရဲ့သားကိုလည်း လက်လွဲပေးနိုင်တယ်.. မမိုက်ဘူးလား.."

" အဖေက အဝေးကြီးကို စဥ်းစားနေတာပဲ.. "

ယန်ကျီဝမ် ပြုံးလိုက်ပြီး...

" အဖေ စိတ်ပူ မနေနဲ့.. နောက်နှစ်မှာ သေချာပေါက် အလုပ်ရစေရမယ်.. "

ယန်ဖူကွေ့ ခေါင်းညိတ်၍..

" အေးပါ.. မင်းပြောမှ​တော့ ငါ စိတ်ပူမနေတော့ဘူး.. မင်းရဲ့ ငါးမျှားကျွမ်းကျင်မှုနဲ့ ဟင်ချက်စွမ်းရည်နဲ့ဆို အလုပ်မရမှာ ပူစရာမှ မလိုတာ.. "

" ပြောရင်းနဲ့တောင် အကြီးကောင်ကို သတိရသွားပြီ.. အဲ့ကောင် အပြင်မှာ ဘယ်လို နေ နေလဲ မသိဘူး.. "

ယန်ကျီဝမ်က ရေနွေး တစ်ငုံသောက်ကာ ဂရုမစိုက်ဟန်ဖြင့်...

" သူက ကလေးမဟုတ်တော့ဘူးလေ.. ဘာတွေ စိုးရိမ်နေတာလဲ.. ပြီးတော့ ထွက်သွားချင်တာက သူကိုယ်တိုင်ပဲကို.. "

" သူ ငါ့ကို ထောက်ပံကြေး တစ်လ ၂ ယွမ် ပုံမှန်ပေးနိုင်ပါ့မလား စိုးရိမ်နေတာ.. "

ထိုသည်ကို ကြားလျှင် ယန်ကျီဝမ်က လက်မထောင်ပြလိုက်ပြီး...

" အဖေက အဖေပီသ ပါပေတယ်.. "

" ငါလာ စ မနေနဲ့တော့.. "

ယန်ဖူကွေ့က လက်ကာပြလိုက်ပြီး...

" ရေနွေး လျော့သောက် ..ညအိပ်မပျော်ဘဲ နေလိမ့်မယ်.. "

ယန်ကျီဝမ်က...

" အစာစားပြီး ရေနွေး သောက်တာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ အဖေ မသိဘူးမလား.. "

" အိုး.. အဲ့လို ရှိသေးတာလား.. ငါ့ကို ရှင်းပြစမ်းပါအုံး.. "

ယန်ဖူကွေ့ အံသြသွားပြီး မေးလိုက်သည် ။

" တစ်ယောက်ယောက် ပြောတာ ကြားဖူးတာပါ.. တော်ပြီး သားအိပ်တော့မယ်.. "

ယန်ကျီဝမ်က ပြောပြီးသည်နှင့် အခန်းထဲဝင်သွား၏ ။ စားပွဲပေါ်မှာ တာ့ချန်မန် ဆေးလိပ်ဘူးကို ယူသွားရန် မမေ့ပေ ။

" တွန့်တို လိုက်တဲ့ကောင်... စီးကရက် ဘူးလေးတောင် ချန်မသွားဘူး.. "

ယန်ဖူကွေ့ အကူအညီမဲ့ဟန်ဖြင့် ခေါင်းခါလိုက်၏ ။ ထိုကလေး ဆေးလိပ်ဘူး မေ့ကျန်ခဲ့လျှင် ကောက်သိမ်းပေးထားဖို့ရန် တွေးထားသော်လည်း အနှီကလေးက အခွင့်အရေး မပေးပေ ။

ယန်ဖူကွေ့သည် ဝင်ငွေ အ​ဆင်ပြေ လာသော်လည်း တာ့ချန်မန် ဝယ်သောက်ရန် လက်မရဲသေးပေ ။ စျေးပေါသော စီးကရက်သာ ဝယ်သောက်နေဆဲဖြစ်သည် ။

ထို ဆေးလိပ်ဘူးကို လိုချင်နေသည်ကလည်း လူမှူရေးအရ လိုအပ်သည့်အချိန်တွင် မျက်နှာလုပ်၍ ထုတ်တိုက်နိုင်အောင်ပင် ။

All Chapters