← Chapters

အခန်း ၁၀၃

Vol. 10 Ch. 103

အခန်း ၁၀၃

Vol. 10 Ch. 103

Chapter 103

~

အခန်း ၁၀၃ : အနာကို ဆားပွတ်

~

ဟောက်ဟိုင်ကန်.... နေရာဟောင်းတွင်...

အဘိုးဝမ်က ငါးများတံကို လက်တစ်ဖက်က ကိုင်ရင်း ယန်ကျီဝမ်ကို မေးလိုက်သည် ။

" ယန်လေး.. မင်းကို လာရှာတဲ့ ကလေးမကို မမြင်တာတောင် ကြာပြီးနော်.. "

' မမြင်ဆို အိမ်လိုက်လာတာကိုး.. '

ယန်ကျီဝမ်က ပြန်မဖြေ ။ မသိခြင်ထောင် ထောင်၍ ငါးဆက်မျှား နေ၏ ။

သို့ပေသိ လိုရှောင်အဲ ဟင်းချက်လာသင်ပြီးနောက် ပျောက်နေသည်မှာ ရက်အနည်းကြာလေပြီ ။ သူမ လက်လျော့သွားခြင်း ဖြစ်နိုင်ပေသည် ။

ယန်ကျီဝမ်က အကြောင်းရင်းကို မသိသော်လည်း ဂရုမစိုက်ချေ ။ နောင် ပြဿနာ များကို ရှောင်ရှားနိုင်ရန် ဤကဲ့သို့ အဆုံးသတ်လိုက်ခြင်းကသာ အကောင်းဖြစ်သည် ။

လိုရှောင်အဲ ထိုနေ့က အိမ်ပြန်ရောက်လာသောအခါ အဝေးသို့ ပို့ထားသော လိုပန်ချန်၏ ဒုတိယသား ဦးဆောင်နေသော စီးပွားရေး ပြဿနာတက်နေ၍ လိုပန်ချန် ကိုယ်တိုင် ဖြေရှင်းရန် လိုအပ်လာသည် ။

ထို့ကြောင့် လိုမိသားစု တစ်ခုလုံး ပေကျင်းမှ ထွက်ခွာသွားကြ၏ ။

ယန်ကျီဝမ်က ထိုအကြောင်းကို မသိပေ ။

" မင်း ကလေးမကို ဆက်ဆံတဲ့ ပုံစံကို ကြည့်အုံးလေ.. ငါ မင်းကို သတိပေးသားပဲ.. ခုတော့ ကြည့်အုံး.. သူ မင်းကို ဂရုမစိုက်တော့ဘူး.ဟားဟားဟားး. .."

အဘိုးဝမ်က ယန်ကျီဝမ်အား ကျေနပ်အားရစွာဖြင့် လှောင်ရယ်နေသည် ။

သို့သော် ယန်ကျီဝမ်က ဂရုမစိုက် ။ သူ၏ မျက်နှာထက်တွင် မည်သည့် အမူအရာ ပြောင်းလဲမှုမ မရှိချေ ။

အဘိုးဝမ်က ယန်ကျီဝမ်၏ စိတ်ပျက်နေသည့် အမူအရာကို မြင်ချင်သော်လည်း သူသာလျှင် စိတ်ပျက်သွားရသည် ။

ထို့ကြောင့် သူ ခေါင်းစဥ်ပြောင်းလိုက်၏ ။

" ယန်လေး.. မင်းရဲ့ ဟင်းချက်လက်ရာက ကောင်းတယ်ဆို.. "

" အဲ့တော့.. "

ယန်ကျီဝမ်က မေးခွန်းတစ်ခုနှင့် ပြန်ဖြေသည် ။ သူအရင်က ပြောခဲ့သည်ကို အဘိုးကြီး မှတ်မိလိမ့်မည်ဟု ထင်မထားပေ ။

" စီချွမ်ဟင်းတွေ ချက်တက်လား.. "

ယန်ကျီဝမ်က ဂုဏ်ယူဟန်ဖြင့်...

" နာမည်နဲ့ ပါဝင်ပစ္စည်းရှိရင် ဘယ်ဟင်းမဆို ရတယ်.. "

" ကောင်စုတ်လေး... ​အာမခံရဲ လှချည်လား.. "

အဘိုးဝမ် ထိုသို့ ကျွမ်းကျင်သော စားဖိုမှူးများကို မြင်ဖူးသော်လည်း ထိုသူများက ငါးဆယ်ကျော် ခြောက်ဆယ်နားနီးနီး အရွယ် များသာ ဖြစ်သည် ။

ယန်ကျီဝမ် ဟူသည်က ၁၈ ၁၉ အရွယ်လေးသာ ဖြစ်ရာ ဟင်းပွဲ မည်မျှ သိနိုင်ပါမည်နည်း ။

ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့်...

" ဒါ ယုံကြည်မှု ပဲလေ.. "

အဘိုးဝမ်က ရယ်လိုက်​ပြီး ...

" အေးပါ.. အေးပါ ..လာမယ့် စနေနေ့ကြရင် ငါ့ အသက်၆၀ ပြည့် မွေးနေ့ပဲ.. မင်း လာချက်ပေးနိုင်မလား.. မင်းရဲ့ လက်ရာကို မြည်းကြည့်ရတာပေါ့.. "

" မင်း မျက်နှာပျက်ရမှာ စိုးရိမ်နေစရာမလိုပါဘူး.. ဒါ ပုံမှန် မိသားစုညစာစားပွဲ မျိုးပဲ.. "

ယနေ့ခေတ်တွင် ငွေများစွာ အကုန်အကျခံ၍ ပွဲလုပ်မည်ဆိုလျှင် ထင်ကြေးပေး ခံရနိုင်ပြီး အဘိုးဝမ်လို ရာထူးကြီး သူက ပို၍ပင် ဂရုစိုက်ရ၏ ။

သူ့မိသားစုက အတင်းအကျပ် လုပ်ခိုင်း၍သာ လုပ်ရခြင်းဖြစ်ပြီး သူ လုံးဝ စိတ်မပါပေ ။

ယန်ကျီဝမ်က...

" ဟင်းချက်တာနဲ့ ပက်သက်တာက လုံးဝ ကိစ္စမရှိဘူး...ဒါပေမဲ့ ကျုပ်ကို ငှားဖို့က စျေးမသေးဘူးနော်.. "

" လူယုတ်မာလေး.. တွက်ချက်တက်တာက မင်းအဖေနဲ့ တစ်ပုံစံထဲပဲ.. "

အဘိုးဝမ်က အကူအညီမဲ့ဟန်ဖြင့်...

" ငါ စည်းကမ်းတွေ သိပါတယ်.. မင်း ကောင်းကောင်းချက်ပေးနိုင်ရင် စာအိတ်နီ အကြီးကြီးတစ်လုံး ရမယ်.. "

' အိုး... ငါ့ အဖေရဲ့ ဂုဏ်သတင်းက တစ်မြို့လုံး ပြန့်နေပြီထင်တယ်.. '

ယန်ကျီဝမ် ခေါင်းညိတ်လိုက်ပြီး...

" အဆင်ပြေတယ်.. အချိန်နဲ့ နေရာပြော .."

" စနေနေ့ မနက်ကျ တစ်ယောက်ယောက် အခေါ်လွှတ်လိုက်မယ်.. "

' ငါ ဘယ်မှာနေလဲ သိချင်နေတာမလား.. '

အဘိုးဝမ်က သူ နေထိုင်သည့် နေရာကို ထုတ်မပြောဘဲ ပြုံးသာ ပြုံးလိုက်သည် ။

သို့သော် ယန်ကျီဝမ်က နောက်ထပ်ဘာမှ ထပ်မေး၍ သူ စိတ်ဓာတ်ကျသွားပြန်၏ ။ ယန်ကျီဝမ် ထပ်မေးလျှင် ဝေ့လည်ကြောင်ပတ် ဖြေရန် စာလုံးများ စီထားပြီးသား ဖြစ်သည် ။

...

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း စနေနေ့ သို့ ရောက်ရှိလာသည် ။

" ဒုတိယသား မြန်မြန်လုပ်ဟ..ငါးမျှားဖို့ မြန်မြန်သွားမယ်.. ငါတို့ မြန်မြန်မသွားရင် နေရာမကျန်ဘဲ နေလိမ့်မယ်.. "

ယန်ဖူကွေ့က စောစောနိုးနေပြီး ယန်ကျီဝမ်အား အခန်းအပြင်မှ အော်နှိုးနေ၏ ။

ယန်ကျီဝမ် ဆူညံသံကြောင့် နိုးလာသည် ။ ဘေးခုံပေါ်တွင် ဖွက်ထားသော နာရီကို ယူကြည့်လိုက်ပြီး ဆွံ့အသွားကာ...

" အဖေ မနက်ငါးနာရီပဲ ရှိသေးတယ်လေ..အစောကြီးကို.. "

" နောက်ကျနေပြီဟ.. တချို့လူတွေဆို မနက် သုံးလေး နာရီထဲက ရောက်နေကြတာ.. မင်း ခုထတော့.. မင်း အမေ မနက်စာ ပြင်ပေးထားတယ်.. စားပြီးတာနဲ့ သွားရအောင်.. "

ယန်ဖူကွေ့က တိုက်တွန်းလိုက်၏ ။

ယန်ကျီဝမ်က အားရပါးရ သန်းလိုက်ပြီး ...

" ဒီနေ့ အဖေ့ဘာသာ သွားတော့ သားလုပ်စရာရှိတယ် .."

" ငွေရှာတာထက် ဘာက ပိုအရေးကြီး လို့လဲ.. "

ယန်ဖူကွေ့က မကျေမနပ် ညည်းညူးလိုက်သော်လည်း ခေါင်းညိတ်ကာ...

" အေးအေး.. ငါ့ ဘာသာပဲ သွားတော့မယ်.. ငါ့အတွက် ငါးစာ လုပ်ပေးလိုက်.. "

" ဟုတ်ကဲ့ပါ.. ဒါပေမဲ့ အဖေ အရင်တစ်ခေါက်ကလို စကားမများနဲ့ တော့နော်.. "

ယန်ကျီဝမ်က ငါးစာ လုပ်ရန် ထလာခဲ့သည် ။

ယန်ဖူကွေ့က လက်မခံနိုင်ဟန်ဖြင့်...

" အဲ့တာ ငါ့ကို အပြစ်ပြောလို့ မရဘူးလေ.."

ထိုနေ့က အဖြစ်အပျက်ကို ယန်ဖူကွေ့ နောင်တရနေဆဲပင် ။ သူ အာချောင်မိ၍ ငွေများစွာ ဆုံးရှုံးခဲ့ရ၏ ။

ယန်ကျီဝမ် ငါးစာ ပြင်ပြီးသည်နှင့်....

" ဒုတိယသား.. မင်းတကယ် မလိုက်ဘူးလား.. "

ယန်ဖူကွေ့က သေချာအောင် ထပ်မေးသည် ။

ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...

" သားတကယ်သွားစရာ ရှိတယ်.. မနက်ဖြန်မှ လိုက်တော့မယ်.. "

" အေးပါ.. ဒါဆို စက်ဘီးကရော.. "

" ယူသွားလေ.. သား သတိပေးတယ်နော် ..အရမ်း မကြွားနဲ့.. "

" အေးပါဆို..ငါ့ကို သတိပေးဖို့ လိုသေးလို့လား.. "

ယန်ဖူကွေ့က တိုးတိုးလေး ညည်းလိုက်ပြီး စက်ဘီး တွန်းကာ ထွက်သွားသည် ။

၈ နာရီ ပတ်ဝန်းကျင်တွင် အစိမ်းရောင် ဂျစ်ကားတစ်စီး ခြံဝင်း အဝင်ဝသို့ ရောက်လာ၏ ။

ထိုသည်ကို အတင်းတုပ်နေကြသော အဒေါ်ကြီး တစ်စုမြင်လျှင် အူးယားဖားယား ပြေးထွက်လာကြသည် ။

သို့သော် သူတို့ အနားမကပ်ရဲ ။ ဤခေတ်တွင် ကားစီးသူများက ရာထူးကြီး ပုဂ္ဂိုလ်များသာ ဖြစ်၍ အပြစ်ပြုမိမည်ကို ကြောက်ကြပေသည် ။

ကားစက်ရပ် ပြီးသည်နှင့် စစ်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက် ဆင်းလာသည် ။

သူ ခြံဝင်း အဝင်ဝကို လျှောက်လာပြီး အဒေါ်ကြီးများကို ပြုံး၍ မေးလိုက်သည် ။

" မင်္ဂလာပါဗျ ..အစ်မကြီးတို့က ဒီခြံမှာ နေတဲ့သူတွေလား.. "

ဒုတိယအဒေါ်က ရန်ရွေ့ဟွားကို ကြည့်ပြီး...

" တတိယအဒေါ်.. ရှင့် သားကို လာရှာတာလား မသိဘူး.. သူ အပြစ်တစ်ခုခု လုပ်ထားမိပြီထင်တယ်.. "

ထိုစကားကို ကြားသည်နှင့် ကျန်အမျိုးသမီးများက ကြောက်လန့်တကြား ရန်ရွေ့ဟွား၏ ဘေးမှ ခပ်ခွာခွာနေလိုက်ကြသည် ။

ထိုသည်ကို ကြားလျှင် ရန်ရွေ့ဟွားက ပြာပြာသလဲ လက်ခါလိုက်ပြီး...

" ရဲဘော်... တစ်ခုခုများ မှားနေလား.. အဒေါ့်သားက သားသမီးတာဝန်ကျေပြီး မိဘအပေါ် သိတက်တဲ့သားပါ.. တစ်နေကုန် ငါးမျှားပြီး ကျန်တဲ့အချိန်တွေ အိမ်မှာ အိပ်နေတာများတယ်.. "

" အဲ့တာ မမှန်ဘူးလေ.. ရှင့်သားက နေ့တိုင်း အသားတွေ ဝယ်လာပြီး စက်ဘီး အသစ်တစ်စီးတောင် ဝယ်လာသေးတယ်.. သူ့မှာ အလုပ်မှ မရှိတာ ဘယ်ကနေ ပိုက်ဆံ အဲ့လောက်ရမလဲ.. သူ တရားမဝင်တာ တစ်ခုခု လုပ်နေတာပဲ ဖြစ်ရမယ်.. "

ဒုတိယအဒေါ်က အခြေအနေ ပိုဆိုးသွားစေရန် မီးထဲသို့ ဆီပုံး ပစ်ထည့်လိုက်၏ ။

ယန်ကျီဝမ်က သူ့သား ရတနာလေးအား ရိုက်ထား၍ အခွင့်ပေါ်သည်နှင့် လက်စားချေပေမည် ။

ယန်ဖူကွေ့ သတိပေးထားသည်က မှန်၏ ။ လျှိုဟိုင်ကျုံးက လက်စားချေတက်သူ ဖြစ်သလို သူ့မိန်းမကလဲ ထို့အတူပင် ။ လက်စားချေလိုမှု အပြင် မနာလို ဖြစ်နေသည်လည်း ပါသည် ။

ယန်မိသားစုသည် ဤခြံဝင်းအတွင်း အဆင်အပြေဆုံး ဖြစ်နေ၍ သူမ မနာလိုဖြစ်မိသည် ။

" ဝမ်ကွေ့ဖန်း.. နင်ဘာတွေ လျှောက်ပြောနေတာလဲ.. "

ရန်ရွေ့ဟွားက အလျင်အမြန် ကာကွယ်ပြောသည် ။

" အသားတွေ သယ်လာတာက အဒေါ့်သား ငါးမျှားလို့ ရတဲ့ငါးကို ရောင်းပြီး ဝယ်ခဲ့တာပါ.. စက်ဘီးက သူ့အဖေ ဝယ်ပေးထားတာ.. သူ ပြောသလို တစ်ခုမှ မဟုတ်ပါဘူး.. "

ဝမ်ကွေ့ဖန်းက ဒုတိယအဒေါ်၏ နာမည်အရင်းဖြစ်သည် ။

ရန်ရွေ့ဟွား၏ ဖြေရှင်းချက်ကို ကြားလျှင် ဝမ်ကွေ့ဖန်း ကမျက်မှောင်ကြုတ်ကာ...

" ဘယ်သူကို့ လာလိမ်နေတာလဲ.. လောင်လျှိုနဲ့ ကွမ်ချီ ငါးသွားမျှားတာ တစ်ကောင်မှ မရခဲ့ဘူး.. "

" အဲ့တာ ငါ့သားက အရည်အချင်း ရှိလို့လေ.. "

" ထွီ.. ငါ့ ကွမ်ချီကမှ အရည်အချင်းရှိတာ.. သက်မွေးဝမ်းကြောင်းက ဘွဲ့ရပြီး ခုဆို ကေဒါဖြစ်နေပြီ.. "

" ငါ့သားက ငါးမျှားပြီး ပိုက်ဆံရှာနိုင်တယ်.. မိဘတွေအတွက် ကောင်းတာတွေ ဝယ်လာပေးတယ်.. ငါ့သားကမှ မိဘအပေါ် သိတက်တာ.. "

" ....... "

All Chapters