← Chapters

အခန်း ၈၄၃

Vol. 57 Ch. 843

အခန်း ၈၄၃

Vol. 57 Ch. 843

အခန်း (၈၄၃) - လှုပ်ရှားလာခြင်း

ယင်ယန် မိသားစု နန်းတော်။

ခမ်းနား ကြီးကျယ်လှသော ခန်းမဆောင်ကြီး အတွင်း၌ ထိပ်သီး ခေါင်းဆောင်များ၏ မျက်နှာအမူအရာများမှာ အလွန်အမင်း ခက်ထန် တင်းမာနေကြပြီး လေထု တစ်ခုလုံးမှာလည်း လေးလံ ထိုင်းမှိုင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်နေတော့၏။

ယင်ယန်ထျန်းကြောင့် တပ်မှူးကြီးနှင့် တပ်မှူးလေးတို့ နှစ်ဦးစလုံးမှာ တာဝန် မအောင်မြင်ခဲ့ဘဲ ရှေးဦး ကမ္ဘာဦး စွမ်းအားကို သိမ်းပိုက်နိုင်မည့် အကောင်းဆုံး အခွင့်အရေးကို လက်လွတ် ဆုံးရှုံးခဲ့ရ၏။

သို့သော်ငြား သူတို့ အနေဖြင့် မည်သည့် အရာကိုမျှ ပြောင်းလဲနိုင်စွမ်း မရှိခဲ့ချေ။ ယင်ယန် မိသားစု၏ သခင်လေး ဖြစ်နေသော ယင်ယန်ထျန်းကို မည်သူကများ သွားရောက် မေးခွန်းထုတ်ရဲမည်နည်း။

ထို့အပြင် နဂါးမျိုးနွယ်စုနှင့် ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုတို့ အပေါ် ပြုလုပ်ခဲ့သော သူတို့၏ စစ်ဆင်ရေးကလည်း လုံးဝ ကျရှုံးသွားခဲ့၏။ အောင်မြင်မှု မရသည့်အပြင် ရှေးဟောင်း ရာ့ရှား မျိုးနွယ်စုနှင့် နဂါးမျိုးနွယ်စုတို့၏ သံသယ ဝင်ခြင်းကိုပါ ခံလိုက်ရပြီး ယင်ယန် မိသားစုမှာ အလွန်တရာ အန္တရာယ် များလှသော အခြေအနေသို့ ရောက်ရှိသွားတော့၏။

တပ်မှူးကြီးနှင့် တပ်မှူးလေးတို့ နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ယင်ယန် မိသားစု၏ အင်အားမှာ အတော်လေး ဆုတ်ယုတ်သွားခဲ့သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် နဂါးမျိုးနွယ်စုနှင့် ရာ့ရှား မျိုးနွယ်စုတို့ကသာ လာရောက် တိုက်ခိုက်မည် ဆိုပါက ယင်ယန် မိသားစု အနေဖြင့် အလွန်တရာ ဆိုးရွားသော အဆုံးသတ်နှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြခြင်းပင်။

"လင်ရွှမ် ဆိုတဲ့ အဘိုးကြီးက အရေးကြီးတဲ့ အချိန်ကျမှ နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာကို တကယ် ဖောက်ထွက်သွားတာပဲ... မဟုတ်ရင် နဂါးမျိုးနွယ်စု ကတော့ သေချာပေါက် ပျက်စီးသွားလောက်ပြီ... သူတို့မှာ ပြန်လည် ထူထောင်နိုင်မယ့် အခွင့်အရေး လုံးဝ ရှိမှာ မဟုတ်ဘူး"

အိုမင်းသော အကြီးအကဲ တစ်ဦးက ဒေါသတကြီး ရေရွတ်လိုက်၏။

တပ်မှူးကြီးကလည်း လေးနက်သော မျက်နှာထားဖြင့် ဝင်ပြောလိုက်သည်။

"လုံထျန်းကျန့်ရဲ့ စွမ်းအားက ပိုပိုပြီး အစွမ်းထက်လာတယ်... သူက နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်ကို နီးကပ်လာနေပြီ... သွေးမိစ္ဆာနဲ့ မီးတောက်နဂါးတို့ ပူးပေါင်းပြီး တိုက်ခိုက်လို့ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာကကို မလွယ်ကူတဲ့ ကိစ္စပဲ... နတ်ဆိုး ဧကရာဇ်သာ ဝင်မပါရင် လုံထျန်းကျန့်ကို ဘယ်သူမှ နိုင်မှာ မဟုတ်ဘူး"

"ငါတို့ အနေနဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအားကို အမြန်ဆုံး အမိအရ ယူနိုင်မှ ဖြစ်မယ်"

ယင်ယန် မိသားစု ခေါင်းဆောင်က မကြည်လင်သော လေသံဖြင့် အမိန့်ပေးလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း ရှုံ့မဲ့နေတော့၏။

"ခေါင်းဆောင်ကြီး... လင်ရှောင်ရှောင်က နဂါးနတ်ဘုရား နန်းတော်မှာ ရောက်နေတာလေ... ကျုပ်တို့ အတင်းအဓမ္မ သွားရောက် တိုက်ခိုက်မယ် ဆိုရင် လင်ရှောင်ရှောင်လည်း မလွှဲမရှောင်သာ ထိခိုက်မိလိမ့်မယ်... အဲဒီကျရင် သခင်လေးက..."

တပ်မှူးကြီးက ဝင်ပြောရန် ကြိုးစားသော်လည်း အဆုံးထိ မပြောရဲတော့ချေ။

"ဒါက ယင်ယန် မိသားစုရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်း ကြားက ကိစ္စပဲ... သူ့ရဲ့ စိတ်ကူးပေါက်ရာ လုပ်နေတာတွေကို ခွင့်ပြုပေးထားလို့ မရတော့ဘူး... တပ်မှူးကြီး... တပ်မှူးလေး... မင်းတို့ကို ဒဏ်ရာ ကုသဖို့ အချိန် လဝက် ပေးမယ်... လဝက် ပြည့်တာနဲ့ နဂါးနတ်ဘုရား နန်းတော်ကို အမြစ်ပြတ် ချေမှုန်းပြီး ရှေးဦး ကမ္ဘာဦး စွမ်းအားကို ရအောင် ယူခဲ့"

ယင်ယန် မိသားစု ခေါင်းဆောင်က လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့်ဖြင့် အေးစက်စက် အမိန့်ပေးလိုက်၏။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်ကြီး"

ထိုနှစ်ဦးက ရိုသေလေးစားစွာ အမိန့်ကို နာခံလိုက်ကြသည်။

"ရှောင်ရှောင် မထိခိုက်အောင်တော့ ရှောင်ကြဉ်ကြ... အဲဒီအပြင် ခင်ဗျားတို့ သဘောရှိသလိုသာ လုပ်ပေတော့..."

ယင်ယန်ထျန်း၏ ရေခဲတမျှ အေးစက်သော အသံက ခန်းမဆောင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့၏။

"ယင်ယန်ထျန်း... ရာ့ရှား မျိုးနွယ်စုက သံသယ ဝင်နေပြီ ဆိုတော့ လင်ရှောင်ရှောင် ဆိုတဲ့ ကောင်မလေးက မင်းကို တကယ်ပဲ လက်ထပ်မယ်လို့ ထင်နေတာလား... သူက သဘောတူရင်တောင်မှ လင်ရွှမ် ကတော့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး... ဒီလောကကြီးမှာ လင်ရှောင်ရှောင်ထက် လှတဲ့ အမျိုးသမီးတွေ အများကြီး ရှိတာကို... မင်းက ဘာဖြစ်လို့ လင်ရှောင်ရှောင် တစ်ယောက်တည်းကိုပဲ စွဲလမ်းနေရတာလဲ"

လှပသော သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးက သက်ပြင်းချရင်း မေးလိုက်သည်။

"အမေ... သားကိစ္စကို သားဘာသာ ကြည့်ရှင်းပါ့မယ်..."

ယင်ယန်ထျန်း၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာပြန်၏။

"မင်းသာ ဝင်မနှောင့်ယှက်ခဲ့ဘူး ဆိုရင် ငါတို့က ရှေးဦး ကမ္ဘာဦး စွမ်းအားကို စောစောကတည်းက ရနေလောက်ပြီ... နတ်ဆိုး ဧကရာဇ်ရဲ့ ပိတ်လှောင်မှုကို ချိုးဖျက်ဖို့ကလည်း လက်တစ်ကမ်းမှာပဲ ရှိတော့တာကို"

ယင်ယန် မိသားစု ခေါင်းဆောင်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

"အဖေက နတ်ဆိုး ဧကရာဇ်ကို အဲဒီလောက်တောင် ယုံကြည်နေတာလား... ပိတ်လှောင်မှုကို ချိုးဖျက်ပြီးလို့ နတ်ဆိုး မျိုးနွယ်စုက နဂါးမျိုးနွယ်စုနဲ့ ရာ့ရှား မျိုးနွယ်စုကို အမြစ်ပြတ် ချေမှုန်းပြီးသွားရင်... သားတို့ ယင်ယန် မိသားစုက အသက်ရှင်ခွင့် ရမယ်လို့ အဖေ သေချာနေတာလား"

ဟု ယင်ယန်ထျန်းက ပြန်လည် ချေပလိုက်၏။

"အဖေက နတ်ဆိုး ဧကရာဇ်ကို ယုံရင်ယုံလိမ့်မယ်... သားကတော့ မယုံဘူး... သားက ကိုယ့်ကိုယ်ကိုယ်ပဲ ယုံတယ်... သားရဲ့ ကံကြမ္မာက သားလက်ထဲမှာပဲ ရှိတယ်... ကောင်းကင်ဘုံက သတ်မှတ်ပေးထားတာ မဟုတ်ဘူး"

ယင်ယန်ထျန်း၏ မာနထောင်လွှားလှသော အသံ ထွက်ပေါ်လာပြန်သည်။

ယင်ယန်ထျန်း၏ မာနတရားမှာ သူ၏ အရိုးထဲအထိ စိမ့်ဝင်နေခြင်းပင်။ သူက အခြား မည်သူ့ကိုမှ မယုံကြည်ဘဲ သူ၏ ကိုယ်ပိုင် စွမ်းအားကိုသာ ယုံကြည်၏။ မိမိ၏ ဖခင်အရင်းကိုပင် ချွင်းချက် မထားခဲ့ချေ။

"ဟူး..."

ယင်ယန် မိသားစု ခေါင်းဆောင် အနေဖြင့် ဘာမျှ မတတ်နိုင်တော့သဖြင့် ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ခေါင်းခါယမ်းလိုက်ရတော့၏။

တတိယ အကြီးအကဲ ယင်ယန် ဖိုဖုန်းက မျက်မှောင်ကြုတ်လျက် အကြံပြုလိုက်သည်။

"ခေါင်းဆောင်ကြီး... တကယ်လို့ ကျုပ်တို့သာ ရှေးဦး ကမ္ဘာဦး သားရဲကြီးတွေကို ထိန်းချုပ်နိုင်မယ် ဆိုရင်... ကျုပ်တို့ ယင်ယန် မိသားစု အတွက် အရမ်းကို ကြီးမားတဲ့ အင်အား တစ်ခု ဖြစ်လာမှာပဲ"

"ကျုပ်တို့သာ ဖုန်းဝူချန်ရဲ့ ကိုးထပ် ချန်ခွင်း မျှော်စင်ကို ရယူနိုင်မယ် ဆိုရင်... ရှေးဦး ကမ္ဘာဦး သားရဲကြီးတွေကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်"

ထိုသို့ တပ်မှူးကြီးကလည်း ဝင်ရောက် ထောက်ခံလိုက်၏။

...

ပိုင်လီ မိသားစု နန်းတော်။

ရုတ်တရက် ခမ်းနား ကြီးကျယ်လှသော ခန်းမဆောင်ကြီး၏ အလယ်ဗဟိုတွင် အဖြူရောင် အလင်းတန်း တစ်ခု လျှပ်တစ်ပြက် ထွက်ပေါ်လာပြီးနောက် ရုပ်မြင်သံကြား ဖန်သားပြင် တစ်ခုပမာ အလင်းမျက်နှာပြင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အကြီးအကဲ တစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာတော့၏။

မျှော်လင့်မထားသော အလင်းမျက်နှာပြင် ပေါ်လာမှုကြောင့် ခန်းမဆောင် အတွင်းရှိ လူတိုင်း၏ အကြည့်များက ထိုနေရာသို့ စူးစိုက်သွားကြတော့သည်။

"နဂါးမျိုးနွယ်စု ခေါင်းဆောင်ကြီး လုံထျန်းကျန့် ပါလား..."

အဓိက နေရာတွင် ထိုင်နေသော အကြီးအကဲ တစ်ဦးက ခပ်ရေးရေး ပြုံးရင်း နှုတ်ဆက်လိုက်၏။

"ခေါင်းဆောင်ကြီး လုံထျန်းကျန့်... ခင်ဗျားရဲ့ ဒဏ်ရာတွေ ဘယ်လို ဖြစ်သွားတာလဲ..."

ပထမ အကြီးအကဲ ပိုင်လီ ယွင်ကျုံးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ လုံထျန်းကျန့် တစ်ယောက် ဒဏ်ရာ ရထားကြောင်းကို သူ ချက်ချင်း သတိပြုမိလိုက်ခြင်းပင်။

"ဒီကိစ္စက အရမ်းကို အရေးကြီးတယ်... ပိုင်လီ မိသားစု ခေါင်းဆောင်နဲ့ အကြီးအကဲတွေ အားလုံး နဂါးမျိုးနွယ်စုကို အခုချက်ချင်း လာခဲ့ကြပါ..."

အလင်းမျက်နှာပြင် အတွင်းရှိ အကြီးအကဲက လေးနက်သော အမူအရာဖြင့် တောင်းဆိုလိုက်၏။

ထိုအကြီးအကဲမှာ အခြားသူ မဟုတ်ဘဲ ပိုင်လီ မိသားစု၏ ခေါင်းဆောင်... ပိုင်လီ ဝူဟိုင် ပင် ဖြစ်၏။

ပိုင်လီ ဝူဟိုင်က မျက်မှောင် အနည်းငယ် ကြုတ်လျက် ခန့်မှန်း ပြောဆိုလိုက်သည်။

"နတ်ဆိုး မျိုးနွယ်စုနဲ့များ ပတ်သက်နေမလား..."

"ဟုတ်တယ်..."

လုံထျန်းကျန့်က လေးနက်စွာ ခေါင်းညိတ် ပြလိုက်၏။

အလင်းမျက်နှာပြင် ပျောက်ကွယ်သွားပြီးနောက် ပိုင်လီ ဝူဟိုင်၏ မျက်နှာမှာ ပို၍ပင် လေးနက် တင်းမာလာတော့သည်။

"လုံထျန်းကျန့်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ် ဆိုတော့... ဒီလူရဲ့ စွမ်းအားက အလွန်တရာ ကြောက်စရာ ကောင်းနေမှာ သေချာတယ်... ကြည့်ရတာ နတ်ဆိုး မျိုးနွယ်စုက စပြီး လှုပ်ရှားနေပြီ ထင်တယ်"

ပိုင်လီ ဝူဟိုင်က အလေးအနက် သုံးသပ်လိုက်၏။ နတ်ဆိုး မျိုးနွယ်စုမှလွဲ၍ လုံထျန်းကျန့်ကို ဒဏ်ရာရအောင် လုပ်နိုင်မည့်သူကို သူ လုံးဝ စဉ်းစား၍ မရနိုင်ချေ။

ပိုင်လီ ယွင်ကျုံးက သူ၏ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"နတ်ဆိုး ဧကရာဇ်က ပိတ်လှောင်ခံထားရတုန်းပဲ ဆိုတော့... နတ်ဆိုး မျိုးနွယ်စု ထဲက တခြား ဘယ်သူကများ လုံထျန်းကျန့်ကို ယှဉ်နိုင်မှာလဲ... သွေးမိစ္ဆာက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်နေတယ် ဆိုပေမယ့် သူက လုံထျန်းကျန့်ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး... တခြား ဘယ်သူများ ဖြစ်နိုင်မလဲ..."

"တကယ်လို့ သွေးမိစ္ဆာနဲ့ နတ်ဆိုး မျိုးနွယ်စုရဲ့ ဝိညာဉ်သုံးပါးသာ ပူးပေါင်းလိုက်မယ် ဆိုရင်တော့... မဖြစ်နိုင်တာတော့ မဟုတ်ဘူး... ဒါပေမဲ့ လုံကျန့်၊ အစောင့်အရှောက်နဲ့ တခြားသူတွေကလည်း အလကားမှ မဟုတ်တာ"

အခြား အကြီးအကဲ တစ်ဦးကလည်း မျက်မှောင်ကြုတ်လျက် ဝင်ရောက် ဆွေးနွေးလိုက်ရာ အမှန်တကယ်ပင် ဇဝေဇဝါ ဖြစ်နေတော့၏။

"အချိန်မရှိတော့ဘူး... အကြီးအကဲတွေ အကုန်လုံး ..ကျုပ်နဲ့အတူ နဂါးမျိုးနွယ်စုကို အခုချက်ချင်း လိုက်ခဲ့ကြပါ"

ပိုင်လီ ဝူဟိုင်က လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဘီလူး မျိုးနွယ်စုနှင့် ဖီးနစ် နတ်ဆိုး မျိုးနွယ်စုတို့၏ ထိပ်သီး ခေါင်းဆောင်များကိုလည်း နဂါးမျိုးနွယ်စုက ဖိတ်ကြားထားပြီး ဖြစ်ရာ ယခုအခါ အပြေးအလွှား လာရောက်နေကြပြီ ဖြစ်၏။

...

နတ်ဘုရား ဘုရင် နန်းတော်။

ခန်းမဆောင်ကြီး အတွင်း၌ လူရိပ်တစ်ခုက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်စွာ ရုတ်တရက် ထွက်ပေါ်လာ၏။

"နတ်ဆိုး မျိုးနွယ်စုရဲ့ တတိယ အကြီးအကဲကို ဂါရဝပြုပါတယ်..."

နန်းတော်သခင် လိန်ယွင်ခုံး၊ အကြီးအကဲ သုံးဦးနှင့် ထိပ်သီး ခေါင်းဆောင်များ အားလုံးက ရိုသေလေးစားစွာ နှုတ်ခွန်းဆက်သလိုက်ကြသည်။

ရောက်ရှိလာသူမှာ နတ်ဆိုး မျိုးနွယ်စု၏ တတိယ အကြီးအကဲ... မိုချန်ဟွာ ပင် ဖြစ်ပြီး သူ၏ စွမ်းအားမှာ နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာသို့ ရောက်ရှိနေကာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

နတ်ဆိုး မျိုးနွယ်စု၏ အစွမ်းထက် ပညာရှင်များ၊ အထူးသဖြင့် မိုချန်ဟွာနှင့် နတ်ဘုရား နန်းတော်၏ အစောင့်အရှောက် လော့ဝူချန်တို့မှာ ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသဖြင့် နတ်ဘုရား နန်းတော် တစ်ခုလုံးမှာ အဆက်မပြတ် ထိတ်လန့် တုန်လှုပ်နေခဲ့ရခြင်းပင်။

ကံကောင်းသည်မှာ ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများက နတ်ဘုရား နန်းတော်ကို လာရောက် မတိုက်ခိုက်ခဲ့ခြင်းပင်။ ထိုသို့သာ မဟုတ်ပါက မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး၏ ကြောက်မက်ဖွယ် စွမ်းအားဖြင့် နတ်ဘုရား နန်းတော်ကို အမြစ်ပြတ် ချေမှုန်းပစ်ရန် ဆိုသည်မှာ လက်ဖဝါး လှန်လိုက်သကဲ့သို့ လွယ်ကူလှ၏။

ယခုအခါ နတ်ဆိုး မျိုးနွယ်စု၏ တတိယ အကြီးအကဲ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါမှသာ လိန်ယွင်ခုံးနှင့် အခြားသူများ အားလုံး သက်ပြင်းချနိုင်ကြတော့၏။

လိန်ယွင်ခုံးက အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

"တတိယ အကြီးအကဲ... ဒီစစ်ဆင်ရေး ကျရှုံးခဲ့ရတာက အဓိက ရှေးဦး ကမ္ဘာဦး သားရဲကြီးကြောင့်ပါ..."

"ပြောနေစရာ မလိုတော့ဘူး... ငါ အကုန်သိပြီးပြီ..."

မိုချန်ဟွာက လက်ကို ဝှေ့ယမ်းကာ လိန်ယွင်ခုံး၏ စကားကို ဖြတ်ပြောလိုက်ပြီး ဆက်လက် အမိန့်ပေးလိုက်၏။

"လောလောဆယ် ဖုန်းဝူချန်ကို ကိုင်တွယ်ဖို့ မလိုသေးဘူး... မင်းတို့အတွက် ပိုအရေးကြီးတဲ့ တာဝန် တစ်ခု ရှိတယ်..."

"တတိယ အကြီးအကဲ... အမိန့်ပေးပါ..."

လိန်ယွင်ခုံးက ရိုသေစွာ တောင်းဆိုလိုက်သည်။

"မြောက်ဘက် ဆန်းကြယ် နယ်မြေက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်မှာ ကျင်းပမယ့် ဆေးပညာ ပြိုင်ပွဲက မကြာခင် စတော့မယ်... အဲဒီ ကျောင်းတော်မှာ ပါရမီရှင် ကျောင်းသားတွေ အများကြီး ရှိတယ်... နတ်ဆိုး မျိုးနွယ်စုကလည်း အစွမ်းထက် ပညာရှင်တွေကို မြောက်ဘက် ဆန်းကြယ် နယ်မြေကို စေလွှတ်ထားပြီးပြီ... မင်းတို့ အခုချက်ချင်း အဲဒီကို သွားရမယ်... ပေရွှမ် ဂိုဏ်းကို အရင်ဆုံး နှိမ်နင်းပြီးတော့ သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ရမယ်... ဒီပါရမီရှင် ကျောင်းသားတွေကို နတ်ဆိုး မျိုးနွယ်စုရဲ့ လက်အောက်မှာ လေ့ကျင့်ပေးနိုင်ရင် ငါတို့ရဲ့ အင်အားတွေက အများကြီး တိုးတက်လာလိမ့်မယ်..."

မိုချန်ဟွာက ပြတ်သားစွာ အမိန့်ပေးလိုက်၏။

"ပေရွှမ် ဂိုဏ်းကို နှိမ်နင်းရမယ် ဟုတ်လား..."

လိန်ယွင်ခုံးမှာ အနည်းငယ် လန့်ဖြတ်သွားပြီး နတ်ဆိုး မျိုးနွယ်စု၏ ခြေတံလက်တံများက မြောက်ဘက် ဆန်းကြယ် နယ်မြေ အထိတောင် ရောက်ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

နတ်ဆိုး မျိုးနွယ်စု၏ ရည်ရွယ်ချက်က ပေရွှမ် ဂိုဏ်းကို နှိမ်နင်းရုံသာမက သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်ကိုပါ ချန်လှပ်ထားမည် မဟုတ်ချေ။

ပါရမီရှင် ကျောင်းသားများစွာ ရှိနေသော သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်သည် အမှန်တကယ်ပင် ဧရာမ အင်အားစုကြီး တစ်ခု ဖြစ်၏။ ထိုကျောင်းသားများ အားလုံးကို နတ်ဆိုး မျိုးနွယ်စုဝင်များ အဖြစ် လေ့ကျင့်ပေးနိုင်ခဲ့ပါက မည်မျှတောင် ကြောက်စရာ ကောင်းလာမည်နည်း။

မြောက်ဘက် ဆန်းကြယ် နယ်မြေနှင့် သန့်ရှင်းသော ဝိညာဉ် ကျောင်းတော်တို့သည် တိုက်ကြီးပေါ်ရှိ အလွန်တရာ အစွမ်းထက်သော အင်အားစုများ ဖြစ်ကြ၏။ ပေရွှမ် ဂိုဏ်း တစ်ခုတည်းကပင် နတ်ဘုရား နန်းတော်ကို သတိထားနေရစေသည်။ ဤအင်အားစု နှစ်ခုသာ ပူးပေါင်းလိုက်ပါက နတ်ဘုရား နန်းတော် အနေဖြင့် သူတို့ကို နှိမ်နင်းရန် ကြိုးစားရင်း အလွန်တရာ ဆိုးရွားသော ထိခိုက် နစ်နာမှုများနှင့် ရင်ဆိုင်ရနိုင်၏။

"မင်းမှာ မေးစရာ မေးခွန်းတွေ ရှိသေးလို့လား..."

မိုချန်ဟွာက အေးစက်သော အကြည့်များဖြင့် စူးစိုက်ကြည့်ကာ မေးလိုက်၏။

"မ... မရှိပါဘူး..."

လိန်ယွင်ခုံးမှာ လန့်ဖြတ်သွားပြီး အလျင်အမြန် ခေါင်းခါယမ်း ပြလိုက်သည်။

ထိုအခါ မိုချန်ဟွာက အေးစက်စက် လေသံဖြင့် ထပ်မံ အမိန့်ပေးလိုက်၏။

"အခုချက်ချင်း ထွက်သွားကြတော့... ဆေးပညာ ပြိုင်ပွဲ မစခင်မှာ ပေရွှမ် ဂိုဏ်းကို သေချာပေါက် နှိမ်နင်းနိုင်ရမယ်…”

--

All Chapters