← Chapters

အခန်း ၈၄၈

Vol. 57 Ch. 848

အခန်း ၈၄၈

Vol. 57 Ch. 848

အခန်း (၈၄၈) - ကြမ်းတမ်းသော တိုက်ပွဲ

“မင်းတို့ရဲ့ အစွမ်းက ဒီလောက်ပဲလား... ရှိသမျှ အင်အားတွေ အကုန် ထုတ်သုံးလိုက်စမ်း...”

ကြမ်းတမ်းသော အသေအလဲ တိုက်ပွဲကြီး အတွင်းမှ လိန်ယွင်ခုံး၏ ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်နေတော့၏။

“မောက်မာမနေနဲ့ကွ...”

ချီယွမ်က ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီး သူ၏ တိုက်ခိုက်မှုများက ပိုမို ရက်စက်ကြမ်းကြုတ်လာကာ သိုင်းကွက်တိုင်းက အလွန်တရာ အန္တရာယ် များလှ၏။

“ကျန်းဝူဟန်... မင်းရဲ့ စွမ်းအားတွေက အရမ်း အားနည်းလွန်းတယ်... နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာ အဆင့်လောက်လေးနဲ့များ ဒီနန်းတော်သခင်ကို ဆန့်ကျင်ရဲတယ်ပေါ့... မင်းက သေချင်နေတာပဲ...”

လိန်ယွင်ခုံးက အေးစက်စက် လှောင်ပြောင်လိုက်၏။

"ဝူး.. ဝူး... ဝူး"

ပေရွှမ် ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် သေရေးရှင်ရေး တိုက်ပွဲကြီးက ဆက်လက် ပြင်းထန်နေဆဲပင်။ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ပေါက်ကွဲသံများက အဆက်မပြတ် ပဲ့တင်ထပ်နေပြီး ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းဂယက်များကလည်း အတားအဆီးမဲ့ တဝေါဝေါ ရိုက်ခတ်နေတော့၏။

“ဘုရားရေ…”

ပေရွှမ် ဂိုဏ်းမှ တပည့်များ တစ်ယောက်ပြီး တစ်ယောက် မျက်နှာများ ဖြူရော်လာကြပြီး အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေကြတော့သည်။ ချီယွမ်နှင့် ကျန်းဝူဟန်တို့ ပူးပေါင်းပြီး လိန်ယွင်ခုံးကို အနိုင်ယူနိုင်ရန်သာ သူတို့ အားလုံးက မျှော်လင့်နေကြမိ၏။

“အင်မော်တယ် လက်နက် စံအိမ်ရဲ့ စံအိမ်သခင်နဲ့ ကျန်းမိသားစုရဲ့ ခေါင်းဆောင်ဟောင်း ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်တာပဲ... သူတို့ နှစ်ယောက် ပူးပေါင်းလိုက်တာ လိန်ယွင်ခုံးကိုတောင် ရင်ဘောင်တန်းနိုင်တယ်...”

ပေရွှမ် ဂိုဏ်းမှ အကြီးအကဲ တစ်ဦးက အလွန်အမင်း အံ့အားသင့်လျက် ရေရွတ်လိုက်သည်။ သူတို့၏ ကြောက်မက်ဖွယ် စွမ်းအားများကို ကြောက်ရွံ့နေသည့်တိုင် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို မြင်တွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှား ဝမ်းသာနေတော့၏။

ရှင်းထျန်း၏ မျက်နှာအမူအရာကမူ အလွန်အမင်း လေးနက် တင်းမာနေဆဲပင်။ သူက ခက်ထန်သော လေသံဖြင့် မှတ်ချက်ချလိုက်သည်။

“လိန်ယွင်ခုံးရဲ့ စွမ်းအားက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်... စံအိမ်သခင် ချီယွမ်နဲ့ ကျန်းခေါင်းဆောင်တို့ ပူးပေါင်းရင်တောင်မှ သူ့ကို နိုင်ဖို့ မလွယ်လောက်ဘူး...”

“ဘာ...”

ရှင်းထျန်း၏ စကားများကို ကြားလိုက်ရသည့်အခါ အကြီးအကဲ သုံးဦးနှင့် ထိပ်သီး ခေါင်းဆောင်များ အားလုံး တစ်ပြိုင်နက်တည်း လန့်ဖျတ်သွားကြတော့၏။

ကျန်းထျန်းယွင်က ဝင်ရောက် သုံးသပ်လိုက်သည်။

“ဂိုဏ်းချုပ် ရှင်းထျန်း ပြောတာ မှန်တယ်... ဘာပဲဖြစ်ဖြစ် ရှေးဟောင်း စွမ်းအား ဆိုတာ အဆုံးမဲ့ စွမ်းအားပဲလေ... သာမန် အစစ်အမှန်ယွမ်တွေက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... ပြီးတော့ လိန်ယွင်ခုံးရဲ့ စွမ်းအားတွေက နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာနားကို ကပ်နေပြီ... စွမ်းအား ကွာခြားချက်က ကြီးမားလွန်းတယ်...”

“ဒါ... ဒါဆို ငါတို့ အခု ဘယ်လို လုပ်ကြမလဲ...”

အကြီးအကဲ တစ်ဦးက ပြာယာခတ်စွာ မေးလိုက်၏။

ရှင်းထျန်းနှင့် ကျန်းထျန်းယွင် နှစ်ဦးစလုံး ပြန်လည် မဖြေကြားနိုင်ကြဘဲ ကောင်းကင်ယံရှိ ဧရာမ သေရေးရှင်ရေး တိုက်ပွဲကြီးကိုသာ လေးနက်သော အကြည့်များဖြင့် စူးစိုက်ကြည့်နေကြတော့သည်။

သို့သော်ငြား ကျန်းထျန်းယွင်၏ အကြည့်များက နတ်ဘုရား နန်းတော်မှ အကြီးအကဲများကို တစ်ချက် ဝေ့ကြည့်လိုက်သည်ကိုမူ မည်သူကမျှ သတိမထားမိကြချေ။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ လိန်ယွင်ခုံး၏ ရူးသွပ်သော တိုက်ခိုက်မှုများ အောက်တွင် ချီယွမ်နှင့် ကျန်းဝူဟန်တို့မှာ တဖြည်းဖြည်း အရေးနိမ့်လာကြ၏။ သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုက မည်မျှပင် ပြည့်စုံ ကောင်းမွန်နေပါစေ၊ သိုင်းကွက်များက မည်မျှပင် လျှို့ဝှက်ဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ်နေပါစေ လိန်ယွင်ခုံးကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ကြချေ။

လိန်ယွင်ခုံး၏ တိုက်ခိုက်မှုများက ပိုမို ရက်စက်ကြမ်းကြုတ်လာပြီး အမြန်နှုန်းမှာလည်း လွန်စွာ မြန်ဆန်လွန်းလှရာ နောက်ဆုံးတွင် ချီယွမ်နှင့် ကျန်းဝူဟန်တို့မှာ ပြန်လည် ခုခံနိုင်စွမ်း မရှိတော့ဘဲ ပြင်းထန်သော ထိုးနှက်ချက်များကို ဆက်တိုက် ခံလိုက်ကြရတော့သည်။

နှစ်ယောက် ပေါင်းတိုက်တာတောင်မှ လိန်ယွင်ခုံးကို မယှဉ်နိုင်ခဲ့ချေ။

“ကိုယ့်အစွမ်းကိုယ် အထင်ကြီးပြီး သေလမ်းကို ရှာနေကြတာပဲ...”

သူတို့ အရေးနိမ့်နေသည်ကို မြင်လိုက်ရသည့်အခါ ချန်ယွင်က အေးစက်စွာ သရော်လိုက်၏။

“ဒီတစ်ခါတော့ ပေရွှမ် ဂိုဏ်းကိုတင် မကဘူး... အင်မော်တယ် လက်နက် စံအိမ်နဲ့ ကျန်းမိသားစုကိုပါ တစ်ခါတည်း သိမ်းပိုက်နိုင်တော့မယ် ထင်တယ်...”

ယဲ့ချန်ရွှေက ဂုဏ်ယူဝင့်ကြွားစွာ ရယ်‌ရင်း ပြောလိုက်သည်။ အင်မော်တယ် လက်နက် စံအိမ်နှင့် ကျန်းမိသားစုတို့ အညံ့ခံလာရမည့် မြင်ကွင်းကို ကြိုတင် မြင်ယောင်နေသည့်အလားပင် ဖြစ်တော့၏။

"အုန်း.. အုန်း"

လိန်ယွင်ခုံးက အစွမ်းထက် လှုပ်ရှားမှု ပညာရပ်ကို ဖော်ထုတ်လိုက်ရာ သူ၏ ပုံရိပ်က အဆက်မပြတ် လျှပ်တစ်ပြက် ထွက်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေသည်။ သာမန် မျက်စိဖြင့် လုံးဝ လိုက်မမီနိုင်လောက်အောင် မြန်ဆန်လွန်းလှ၏။ မှုန်ဝါးဝါး အရိပ်လေးကိုပင် မမြင်ရတော့ချေ။

“သတိထား...”

ချီယွမ်က မျက်မှောင်ကြုတ်ကာ အလျင်အမြန် သတိပေးလိုက်ရာ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက် တင်းမာနေတော့၏။

“ဝှစ်... ဝှစ်…”

“ဘုန်း... ဘုန်း…”

“အွတ်”

လိန်ယွင်ခုံးက တစ္ဆေ တစ်ကောင်ပမာ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထွက်ပေါ်လာပြီး လူနှစ်ယောက်စလုံးကို တစ်ပြိုင်နက်တည်း အကြမ်းပတမ်း ရိုက်ထုတ်လိုက်ရာ သူတို့ နှစ်ဦးစလုံး သွေးစိမ်းများကို တဝေါဝေါ အန်ထုတ်လိုက်ရတော့၏။

ဒဏ်ရာမရခင် အချိန်အထိ သူ၏ အရိပ်အယောင်ကိုပင် မမြင်လိုက်ရချေ။ ထိုမျှလောက်အထိ ကြောက်မက်ဖွယ် ကောင်းအောင် မြန်ဆန်လွန်းလှ၏။

ချီယွမ်ထံတွင် အလွန်တရာ အစွမ်းထက်သော အင်မော်တယ် လက်နက် ချပ်ဝတ် ရှိနေသည့်တိုင် ရှေးဟောင်း စွမ်းအား၏ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း အင်အားကို လုံးဝ မခံနိုင်ခဲ့ချေ။

“မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းကွက်... လေဆန် သိုင်းကွက်...”

ပစ်လွင့်သွားစဉ်မှာပင် ကျန်းဝူဟန်က လက်တစ်ဖက်တည်းဖြင့် လက်ဟန် ဖော်လိုက်ပြီး လေစွမ်းအင် မူလ စစ်မှန်သော စွမ်းအားများကို အသက်သွင်းလိုက်၏။ ထို့နောက် လိန်ယွင်ခုံးထံသို့ ညှာတာမှု ကင်းမဲ့စွာဖြင့် နည်းနည်းလေးမျှ တုံ့ဆိုင်းမနေဘဲ အားကုန် ခုတ်ပိုင်းလိုက်တော့သည်။

“ဝှစ်…”

"ဝူး.. ဝူး... ဝူး"

ကြောက်မက်ဖွယ် လေဓားလှိုင်းကြီးက လျှပ်စီးပမာ ပေါက်ကွဲထွက်လာပြီး ၎င်း၏ အရှိန်အဟုန်မှာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့် ရှိနေတော့၏။ ထက်မြက်စူးရှသော ဟင်းလင်းပြင် ဆုတ်ဖြဲသံနှင့်အတူ တိုက်ခိုက်မှုမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှ၏။

“ဘုန်း…”

ကြောက်မက်ဖွယ် လေဓားလှိုင်းကြီးက လိန်ယွင်ခုံး အနီးသို့ ရောက်ရှိလာသည့် အခိုက်အတန့်မှာပင် သူ၏ ခန္ဓာကိုယ် မျက်နှာပြင် ပေါ်တွင် ခရမ်းရောင် စွမ်းအင် ဒိုင်းကာ တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး စူးရှသော ပေါက်ကွဲသံ ထွက်ပေါ်လာတော့၏။ လေဓားလှိုင်း၏ တိုက်ခိုက်မှုကို နည်းနည်းလေးမျှ ခြိမ်းခြောက်နိုင်စွမ်း မရှိစေဘဲ အပြည့်အဝ ကာကွယ်လိုက်ခြင်းပင်။

“ဟွန့်... ဒီလောက် သေးနုပ်တဲ့ စွမ်းအားလေးနဲ့များ ငါ့ရဲ့ စိန်ခန္ဓာကို ချိုးဖျက်နိုင်မယ် ထင်နေတာလား...”

လိန်ယွင်ခုံးက မထီမဲ့မြင် သရော်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျန်းဝူဟန်၏ လေဓားလှိုင်းကြီးမှာ ချက်ချင်းပင် တစ်စစီ ကြေမွ ပျက်စီးသွားတော့သည်။

“အင်မော်တယ် သိုင်းကွက်... လျှို့ဝှက်ဆန်းကြယ် မီးတောက် ချန်ခွင်း ဓား...”

ချီယွမ်၏ ကျယ်လောင်သော ဟိန်းဟောက်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ကြီးစိုးသော ဓားအရှိန်အဝါက ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။

ဓားစွမ်းအင်များ ပြန့်ကျဲလာသည်နှင့်အမျှ ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေပြီး အသက်ရှူရပင် ကြပ်တည်းလာစေတော့သည်။

“ဝှစ်…”

"ဝူး.. ဝူး... ဝူး"

အင်မော်တယ် လက်နက် ဓားကို ဆုပ်ကိုင်ထားသော ချီယွမ်က လိန်ယွင်ခုံးထံသို့ ရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်းချလိုက်ရာ ဧရာမ ဓားအလင်းတန်းကြီးက ကောင်းကင်နှင့် မြေကြီးကိုပင် နှစ်ခြမ်းခွဲပစ်တော့မည့်အလား အရှိန်အဟုန် ပြင်းပြင်းဖြင့် တဝေါဝေါ ရိုက်ခတ်လာတော့၏။

“ဟွန့်... အင်မော်တယ် သိုင်းကွက်က အသုံးဝင်တယ်လို့ မင်း ထင်နေတာလား...”

သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာသော ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးကို တစ်ချက် ဝေ့ကြည့်ရင်း လိန်ယွင်ခုံးက မထီမဲ့မြင် ပြုကာ မေးလိုက်သည်။

သူက ရှောင်တိမ်းမည့်ဟန် လုံးဝ မပြချေ။

ချီယွမ်၏ စွမ်းအားမှာ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အင်မော်တယ် သိုင်းကွက်ကိုပါ အသုံးပြုလိုက်သည့်အခါ ထိုစွမ်းအားမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှ၏။

သို့သော် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကိုပင် လိန်ယွင်ခုံးက လုံးဝ အလေးမထားခဲ့ချေ။

“ဝုန်း... ဝုန်း…”

"ဝူး.. ဝူး... ဝူး"

ဧရာမ ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် လိန်ယွင်ခုံးက ရှောင်တိမ်းမည့်အစား စွမ်းအင် ဒိုင်းကာကို ပိုမို ကြီးမားလာစေရန် ထိန်းချုပ်လိုက်ပြီး ဓားအလင်းတန်းကြီးနှင့် ပြင်းထန်စွာ ဝင်တိုက်လိုက်တော့၏။

နားကွဲမတတ် ပေါက်ကွဲသံက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေပြီး အဖျက်စွမ်းအားများက လိန်ယွင်ခုံးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် စုပ်ယူသွားတော့ရာ မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။

ထိုနေရာရှိ လူတိုင်းမှာ အလွန်အမင်း တင်းမာလာကြပြီး အသက်ရှူရန်ပင် မေ့လျော့နေကြတော့၏။ ချီယွမ်၏ ဓားချက်က လိန်ယွင်ခုံး၏ ကာကွယ်မှုကို ချိုးဖျက်နိုင်မည်လား ဆိုသည်ကို မည်သူကမျှ မသိရှိကြပေ။

“ဝှစ်…”

ကျန်းဝူဟန်က အထက် ကောင်းကင်ယံသို့ နေရာရွှေ့ပြောင်းသွားပြီး သူ၏ လက်များဖြင့် အလျင်အမြန် လက်ဟန် ဖော်လိုက်ရာ ပြိုင်ဘက်ကင်း အစွမ်းထက်သော အင်အားကြီး တစ်ခု ပေါက်ကွဲထွက်လာပြီး သူ၏ အရှိန်အဝါများ လွှမ်းမိုးဖိနှိပ်လာတော့၏။

“အင်မော်တယ် သိုင်းကွက်... ကောင်းကင် မီးတောက် ဓား...”

ကျန်းဝူဟန်က ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး လက်နှစ်ဖက်ဖြင့် စက်ဝိုင်းပုံစံ ဆွဲလိုက်သည့်အခိုက်၌ သူ့ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များမှ စွမ်းအင် မီးတောက် ဓားကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။ ဓားအရေအတွက်က လျင်မြန်စွာ တိုးလာပြီး ထောင်ပေါင်းများစွာ အထိ ရောက်ရှိသွားရာ မြင်ကွင်းမှာ အလွန်တရာ ခမ်းနား ကြီးကျယ်လှသည်။

"အုန်း.. အုန်း"

"ဝူး.. ဝူး... ဝူး"

ကျန်းဝူဟန်က သူ၏ လက်ကို ရက်စက်စွာ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် မီးတောက် ဓားကြီး ထောင်ပေါင်းများစွာက တဟုန်ထိုး ပစ်ထွက်သွားကြတော့၏။ ထက်မြက်စူးရှသော ဟင်းလင်းပြင် ဆုတ်ဖြဲသံများက ကောင်းကင်နှင့် မြေကြီးကိုပင် ဆုတ်ဖြဲပစ်တော့မည့်အလား အမြန်နှုန်းက လူတိုင်းကို ဝိညာဉ်ပင် လွင့်ထွက်မတတ် ကြောက်ရွံ့ တုန်လှုပ်သွားစေတော့သည်။

"ဝူး.. ဝူး... ဝူး"

ကြောက်မက်ဖွယ် မီးတောက် ဓားကြီးများက ရူးသွပ်စွာ ဝင်ရောက် ထိုးနှက်သွားကြရာ ပေါက်ကွဲသံများက မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးကို ပဲ့တင်ထပ်သွားတော့၏။ ပြင်းထန်လှသော တုန်ခါမှုများကြောင့် လူတိုင်း၏ ခန္ဓာကိုယ်များ ထိန်းချုပ်မရဘဲ တုန်ယင်နေကြတော့သည်။

ချီယွမ်က ညာဘက်လက်တွင် ဓားကို ဆုပ်ကိုင်လျက် မတ်တတ်ရပ်နေပြီး ဓားသွားကို ရှေ့သို့ ချိန်ရွယ်ထား၏။ သူ၏ လက်ချောင်းကို ဓားရိုးမှနေ၍ ဓားသွားထိပ်အထိ ပွတ်ဆွဲလိုက်ရာ ဓားကိုယ်ထည်မှ တောက်ပသော အလင်းတန်းများ ဖြာထွက်လာပြီး ကြောက်မက်ဖွယ် ဓားစွမ်းအင်များ နောက်တစ်ဖန် စုစည်းလာကာ ဓားအရှိန်အဝါက ပိုမို လွှမ်းမိုးဖိနှိပ်လာတော့သည်။

“အင်မော်တယ် သိုင်းကွက်... ဝိညာဉ်ခုတ်ပိုင်း ဓား...”

ချီယွမ်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး လိန်ယွင်ခုံးထံသို့ နောက်ထပ် ရက်စက်ကြမ်းကြုတ်သော ဓားချက် တစ်ချက်ကို ခုတ်ပိုင်းချလိုက်ပြန်၏။

ဤဓားအလင်းတန်း၏ စွမ်းအားက ယခင်ကထက် ပိုမို ကြောက်စရာ ကောင်းနေပြီး ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးခြင်းကပင် ဤဓားချက်နှင့် နှိုင်းယှဉ်ပါက ဘာမှ မဟုတ်တော့သည့်အလားပင်။

ချီယွမ်နှင့် ကျန်းဝူဟန်တို့က အစွမ်းထက် သိုင်းကွက်များကို အဆက်မပြတ် ထုတ်သုံးနေကြရာ တိုက်ပွဲမြေပြင် တစ်ခုလုံး တောက်ပသော ပေါက်ကွဲမှု အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး အလွန်တရာ ခမ်းနား ကြီးကျယ်ကာ မျက်စိကျိန်းမတတ် ဖြစ်နေတော့၏။

ထိုနေရာရှိ လူတိုင်း၏ မျက်လုံးများမှာ ပြူးကျယ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များ လုံးဝ မလှုပ်ရှားနိုင်ဘဲ ကျောက်ရုပ်များပမာ အေးခဲနေကြတော့သည်။

ဤမျှ ကြောက်မက်ဖွယ် ကောင်းလှသော သိုင်းကွက်များ၏ တိုက်ခိုက်မှုကို ခံရပြီးနောက် လိန်ယွင်ခုံး တစ်ယောက် အသက်ရှင်နေသေးသလား၊ သေသွားပြီလား ဆိုသည်ကို မည်သူကမျှ မသိရှိကြပေ။ နတ်ဘုရား ဘုရင် နန်းတော်မှ ထိပ်သီး ခေါင်းဆောင်များပင် စတင် စိုးရိမ်ပူပန်လာကြ၏။

သို့သော် ချီယွမ်နှင့် ကျန်းဝူဟန်တို့ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်သည့် အခိုက်အတန့်မှာပင် ပေါက်ကွဲမှု ဗဟိုချက်မှနေ၍ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုနေရာရှိ လူတိုင်းကို အလွန်အမင်း တုန်လှုပ်သွားစေတော့၏။

“ပြီးသွားပြီလား... မင်းတို့ဆီမှာ ဒီထက် ပိုစွမ်းတဲ့ အင်မော်တယ် သိုင်းကွက်တွေ မရှိတော့ဘူးလား... မင်းတို့ရဲ့ စွမ်းအားတွေက ငါ့ရဲ့ စိန်ခန္ဓာကိုတောင် မချိုးဖျက်နိုင်သေးဘူး...”

လိန်ယွင်ခုံး၏ မာနထောင်လွှားပြီး သရော်နေသော အသံ ထွက်ပေါ်လာတော့သည်။

“လိန်ယွင်ခုံး အသက်ရှင်နေသေးတယ်...”

ပတ်ဝန်းကျင် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး လူတိုင်းမှာ အံ့အားသင့်တကြီး အော်ဟစ်လိုက်မိကြတော့သည်။

--

All Chapters