← Chapters

အခန်း ၈၅၂

Vol. 57 Ch. 852

အခန်း ၈၅၂

Vol. 57 Ch. 852

အခန်း (၈၅၂) - နတ်ဆိုးမျိုးနွယ်စု၏ ပထမအကြီးအကဲ

“နတ်ဆိုးမျိုးနွယ်စု ဟုတ်လား...”

ချီယွမ်နှင့် ကျန်းဝူဟန်တို့၏ မျက်နှာများမှာ တစ်ပြိုင်နက်တည်း ဆိုးရွားစွာ ပြောင်းလဲသွားကြ၏။ နတ်ဆိုးမျိုးနွယ်စု ဆိုသည့် စကားလုံးက သူတို့၏ရင်ထဲတွင် အဆုံးမဲ့ကြောက်ရွံ့မှုများကို ဖြစ်ပေါ်စေတော့သည်။

နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင်တစ်ဦးတည်းကပင် အင်မော်တယ်လက်နက်စံအိမ်နှင့် ကျန်းမိသားစုကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည့် အတိတ်က ဖြစ်ရပ်မှာ သူတို့အတွက်တော့ တကယ့် အိမ်မက်ဆိုးကြီး တစ်ခုပင်။

“ဒါက တကယ့် နတ်ဆိုးမျိုးနွယ်စုကလူပဲ... ဒီအရှိန်အဝါက တကယ်ကို ယုတ်မာညစ်ထေးလွန်းတယ်”

ကျန်းထျန်းယွင်က မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်ရာ သူ၏မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။ နတ်ဆိုးမျိုးနွယ်စု အကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့သော ရှင်းထျန်းနှင့် ပေရွှမ်ဂိုဏ်းမှ ထိပ်သီး ခေါင်းဆောင်များမှာမူ အလွန်အမင်း ဇဝေဇဝါ ဖြစ်နေကြသော်လည်း ကောင်းကင်ယံမှ ပြန့်ကျဲလာသော ဆိုးယုတ်သည့် အရှိန်အဝါများကြောင့် အလွန်အမင်း ထိတ်လန့်နေကြ၏။

“ဒီအရှိန်အဝါက... သူပဲ...”

ယွင်ယိုဇီ၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်တင်းမာသွားပြီး မည်သူရောက်လာသည်ကို သူ ခန့်မှန်းမိသွားသည့်အလား ရှိနေတော့သည်။

“ယွင်ယိုဇီ... နှစ်တွေ အများကြီး ကြာသွားပြီပဲ... မမျှော်လင့်ဘဲ ငါတို့ ဒီမှာ ပြန်ဆုံနေရပါလား... ငါတို့ နောက်ဆုံးခွဲခွာပြီးကတည်းက မင်းက နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာကို တကယ် ချိုးဖြတ်သွားလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး...”

အေးစက်စက် အသံတစ်သံက ပေရွှမ်ဂိုဏ်း၏ အထက်ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားတော့သည်။

အသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် ထူးဆန်းသော အနက်ရောင် အခိုးအငွေ့များ ဟင်းလင်းပြင်အတွင်း လျှို့ဝှက်စွာ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် လူသားပုံရိပ်တစ်ခုအဖြစ် စုစည်းသွား၏။

“အဆင့် (၈) လက်နက်သွန်းလုပ်ရေးပညာရှင် ပါလား... ယွင်ယိုဇီက ဒီနတ်ဆိုးမျိုးနွယ်စုက ပညာရှင်ကို သိနေတာလား”

ချီယွမ်က မျက်မှောင်အနည်းငယ် ကြုတ်လျက် ယွင်ယိုဇီကို လှမ်းကြည့်လိုက်ရာ သူ၏ရင်ထဲတွင် အလွန်အမင်း အံ့အားသင့်သွားရသည်။

နတ်ဆိုးမျိုးနွယ်စုအတွင်း၌ အဆင့် (၈) လက်နက် သွန်းလုပ်ရေးပညာရှင် တစ်ဦး ရှိနေလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားပါမည်နည်း။

လက်နက်သွန်းလုပ်သူများ ဖြစ်သည့်အားလျော်စွာ နတ်ဆိုးမျိုးနွယ်စုမှ ထွက်ပေါ်လာသော ရူးသွပ်လှသည့် ဝိညာဉ်စွမ်းအားများကို သူတို့ ရှင်းလင်းစွာ အာရုံခံမိနေကြခြင်းပင်။

လိန်ယွင်ခုံးမှာမူ ထိုသူကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏မျက်နှာအမူအရာမှာ အံ့အားသင့်ထိတ်လန့်မှုများဖြင့် ဆိုးရွားစွာ ပြောင်းလဲသွားပြီး ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလိုက်တော့သည်။

နတ်ဘုရားနန်းတော်မှ အစွမ်းထက်ပညာရှင်များလည်း ပြိုင်တူ ဒူးထောက်လိုက်ကြပြီး ရိုသေလေးစားစွာ နှုတ်ခွန်းဆက်သလိုက်ကြ၏။

“ပထမအကြီးအကဲကို ဂါရဝပြုပါတယ်...”

လိန်ယွင်ခုံး တစ်ယောက် နတ်ဆိုးမျိုးနွယ်စု၏ ပထမအကြီးအကဲ ကိုယ်တိုင် ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

'သိပ်ကောင်းတာပဲ... ပထမအကြီးအကဲ ကိုယ်တိုင် ပါဝင်လှုပ်ရှားမှတော့ သူတို့ကို တစ်ခါတည်းနဲ့ အမြစ်ပြတ်ချေမှုန်းနိုင်တော့မှာပဲ'

လိန်ယွင်ခုံးက သူ၏ရင်ထဲတွင် အလွန်အမင်း ပီတိဖြစ်နေတော့၏။

နတ်ဆိုးမျိုးနွယ်စု၏ ပထမအကြီးအကဲနှင့် လိန်ယွင်ခုံးတို့ ပူးပေါင်းလိုက်မည်ဆိုပါက ယွင်ယိုဇီနှင့် သူ၏အပေါင်းအပါများကို တံမြက်လှည်းရှင်းလင်းပစ်ရန် လုံလောက်သည်ထက်ပင် ပိုနေသည်လေ။

“နတ်ဆိုးသခင်...”

ယွင်ယိုဇီက လေးနက်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။ ရောက်ရှိလာသူမှာ အနက်ရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားသော အကြီးအကဲတစ်ဦး ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စု၏ ပထမအကြီးအကဲ နတ်ဆိုးသခင် ပင်ဖြစ်တော့သည်။

နတ်ဆိုးသခင်၏ မျက်နှာမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး ရက်စက်ကြမ်းကြုတ်လှသော သူ၏ ပုံစံမှာ တကယ့် မိစ္ဆာတစ်ကောင်ပမာ ကျောချမ်းဖွယ် ကောင်းလှ၏။ သူ ထုတ်လွှတ်နေသည့် ဆိုးယုတ်သော အရှိန်အဝါများမှာ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိနေခဲ့သည်။

ချီယွမ်က နတ်ဆိုးသခင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါများကြောင့် အလွန်တရာ ကြီးမားလှသော ဖိအားများကို ခံစားနေရသဖြင့် လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“နတ်ဆိုးမျိုးနွယ်စုရဲ့ ပထမအကြီးအကဲ ဟုတ်လား... ဒီလူရဲ့ စွမ်းအားက အရင်တုန်းက လူနှစ်ယောက်ထက်တောင် ပိုပြီး အစွမ်းထက်နေသလိုပဲ”

“နတ်ဆိုးမျိုးနွယ်စုရဲ့ အင်အားက တကယ်တော့ ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ...”

ဟု ကျန်းဝူဟန်ကလည်း နတ်ဆိုးသခင်ကို ကြည့်ရင်း ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။

နတ်ဆိုးသခင်ထံမှ ထွက်ပေါ်လာသော ဖိနှိပ်မှုကြီးက ထိုနေရာရှိ လူတိုင်းကို ခြောက်ခြားသွားစေတော့၏။

ယွင်ယိုဇီ ရောက်ရှိလာမှုကြောင့် မျှော်လင့်ချက် ရောင်ခြည်လေး မြင်တွေ့လိုက်ရသော်လည်း နတ်ဆိုးမျိုးနွယ်စု၏ ပထမအကြီးအကဲ ပေါ်လာမှုကတော့ သူတို့၏ မျှော်လင့်ချက်များကို အပြီးတိုင် ရိုက်ချိုးလိုက်ခြင်းပင်။

“နတ်ဆိုးသခင်... မင်း တကယ်တမ်း ဘာလုပ်ချင်နေတာလဲ... မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ...”

ယွင်ယိုဇီက နတ်ဆိုးသခင်ကို သတိထား စောင့်ကြည့်ရင်း လေးနက်သော အသံဖြင့် မေးခွန်းထုတ်လိုက်၏။ ယွင်ယိုဇီသည် နတ်ဆိုးမျိုးနွယ်စု၏ ပထမအကြီးအကဲနှင့် ယခင်ကတည်းက ထိပ်တိုက်ရင်ဆိုင်ဖူးကြောင်း ရှင်းလင်းစွာ သိသာနေ၏။ ကြည့်ရသည်မှာ ယွင်ယိုဇီ၏ တိုက်ကြီးပေါ်ရှိ အခြေအနေများအပေါ် နားလည်သဘောပေါက်မှုက ချီယွမ်တို့ထက် အများကြီး ပိုမိုနက်နဲနေပုံ ရသည်။

နတ်ဆိုးသခင်ကမူ ပြန်လည်မဖြေကြားဘဲ သရော်သော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်လိုက်၏။

“ယွင်ယိုဇီ... မင်းက တခြားသူတွေရဲ့ ကိစ္စမှာ ဝင်စွက်ဖက်ရတာကို တကယ်ပဲ သဘောကျတာပဲ...”

"ဝူး.. ဝူး... ဝူး..."

ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမျိုးနွယ်စု၏ စွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးကို ရူးသွပ်စွာ ဖုံးလွှမ်းသွားတော့သည်။

ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဧရာမ အနက်ရောင် အရှိန်အဝါက ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားရာ မျက်တောင်တစ်ခတ်အတွင်း ကျန်းသောင်းချီ ကျယ်ဝန်းသော နေရာတစ်ခုလုံး အမှောင်ထုက ဝါးမြိုသွားသည့်အလား ဖြစ်သွား၏။ ထိုကြီးစိုးသော အရှိန်အဝါက လူတိုင်း၏ ဝိညာဉ်များကိုပင် တုန်လှုပ်သွားစေတော့သည်။

“ယွင်ယိုဇီ... မတွေ့ရတာ ကြာပြီနော်... မင်းရဲ့ နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာက တကယ်တမ်း ဘယ်လောက်အထိ စွမ်းလဲဆိုတာ ကြည့်ရသေးတာပေါ့... မင်းရဲ့ အင်းကွက်ပညာရပ်တွေလည်း အများကြီး တိုးတက်လာပြီလို့ ငါ ထင်ပါတယ်... ဒီအကြီးအကဲ အနေနဲ့ မင်းရဲ့ အင်းကွက်တွေကို တကယ်ပဲ စမ်းသပ်ကြည့်ချင်မိတယ်...”

နတ်ဆိုးသခင်က မောက်မာစွာ ကြွေးကြော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှ ဆိုးယုတ်သော အငွေ့အသက်များ ပြည့်နှက်နေတော့သည်။ ယွင်ယိုဇီသည် သန့်ရှင်းသောဝိညာဉ်ကျောင်းတော်၏ ကျောင်းအုပ်ကြီး ဖြစ်ရုံသာမက အဆင့် (၈) အင်းကွက်ဆရာတစ်ဦးလည်း ဖြစ်ပေရာ တိုက်ကြီးပေါ်တွင် အစွမ်းအထက်ဆုံး အင်းကွက်ဆရာအဖြစ် ကျော်ကြားသူပင် ဖြစ်၏။

“ပထမအကြီးအကဲ... သူတို့ကို ကျုပ်ကိုပဲ လွှဲပေးလိုက်ပါ...”

လိန်ယွင်ခုံးက ရက်စက်စွာ သရော်လိုက်ပြီး သူ၏အကြည့်များက ချီယွမ်ထံသို့ စူးစိုက်သွားတော့သည်။

နတ်ဆိုးသခင်က လိန်ယွင်ခုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်၏။

“မင်း သဘောရှိသလိုသာ လုပ်ပေတော့...”

“ဘုန်း…”

နတ်ဆိုးသခင်က ဟင်းလင်းပြင်ကို နင်းလိုက်ရာ သူ၏ အရှိန်အဟုန်က ရက်စက်ကြမ်းကြုတ်စွာ ပေါက်ကွဲထွက်လာတော့သည်။

သူ၏အနောက်တွင် ဧရာမ အနက်ရောင် နဂါးလေဆင်နှာမောင်းကြီး တစ်ခုက ရစ်ပတ်ထွက်ပေါ်လာပြီး သူ၏ မာနထောင်လွှားသော မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုမှုများက အတိုင်းသား ပေါ်လွင်နေတော့၏။

ယွင်ယိုဇီကလည်း ပြိုင်ဘက်ကို အထင်မသေးရဲဘဲ သူ၏ အစစ်အမှန်ယွမ်များကို အစွမ်းကုန် အသက်သွင်းလိုက်ရာ သူ၏ လက်များမှာ လျင်မြန်စွာ လှုပ်ရှားသွားတော့သည်။

ထူးခြားဆန်းကြယ်သော အင်းကွက်များက ဟင်းလင်းပြင်အတွင်း လျှို့ဝှက်စွာ ထွက်ပေါ်လာပြီး တစ်ခုချင်းစီတိုင်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ထုတ်လွှတ်နေတော့၏။

“မြေကမ္ဘာအဆင့် အလယ်အလတ် အင်းကွက်... မြေဝိညာဉ်

နတ်ဘုရားတံဆိပ်တော်...”

ယွင်ယိုဇီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အင်းကွက်တစ်ခုက လျှပ်စီးပမာ ပစ်ထွက်သွားပြီး ချက်ချင်းဆိုသလိုပင် ကျန်းသောင်းချီ ကြီးမားသော ဧရာမ စွမ်းအင်တံဆိပ် တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။

အင်းကွက်တစ်ခုမျှသာ ဖြစ်သော်လည်း နတ်ဘုရားအသွင်ပြောင်းဘုံ အဋ္ဌမအလွှာ ပညာရှင်တစ်ဦး အသုံးပြုလိုက်သည့်အခါ ထိုစွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

“နတ်ဆိုးသခင်... မင်း ငါ့ကို အထင်သေးနေတာလား... ဒီမြေကမ္ဘာအဆင့် အလယ်အလတ် အင်းကွက်လောက်နဲ့ ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား...”

“ဖျက်ဆီးစမ်း…”

နတ်ဆိုးသခင်က မထီမဲ့မြင် သရော်လိုက်၏။

နတ်ဆိုးသခင်က နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်းမရှိဘဲ အေးစက်စက် ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တံဆိပ်တော်ကြီးထံသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

ချီယွမ်နှင့် ကျန်းဝူဟန်တို့မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အလွန်အမင်း ထိတ်လန့်သွားကြပြီး သူတို့၏ နှလုံးသားများမှာလည်း ပြင်းထန်စွာ တုန်ယင်နေတော့၏။

“ဝှစ်”

နတ်ဆိုးသခင်၏ အမြန်နှုန်းမှာ အံ့မခန်း ဖြစ်လွန်းလှပြီး အနက်ရောင် လျှပ်စီးတန်း တစ်ခုပမာ စွမ်းအင်တံဆိပ်တော်ကြီးကို တိုက်ရိုက် ဖောက်ထွင်းပစ်လိုက်၏။

ကမ္ဘာမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံက မြောက်ဘက် ဆန်းကြယ် နယ်မြေ တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေတော့သည်။ မြေကမ္ဘာအဆင့် အင်းကွက်၏ ကြောက်မက်ဖွယ် စွမ်းအားကပင် နတ်ဆိုးသခင်ကို မတားဆီးနိုင်ခဲ့ချေ။

နတ်ဆိုးသခင် ထုတ်လွှတ်လိုက်သော စွမ်းအားများမှာ နတ်ဘုရားအသွင်ပြောင်းဘုံ နဝမအလွှာသို့ ရောက်ရှိနေခဲ့ပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

“မြေကမ္ဘာအဆင့် အဆင့်မြင့် အင်းကွက်... မီးလျှံနတ်ဘုရားသားရဲ...”

ယွင်ယိုဇီက လက်ဟန်များကို ထပ်မံပြောင်းလဲလိုက်ပြန်ရာ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံသားရဲကြီးများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး နတ်ဆိုးသခင်ထံသို့ ရူးသွပ်စွာ ပြေးဝင်သွားကြတော့၏။

“ဟွန့်...”

နတ်ဆိုးသခင်က အေးစက်စွာ နှာမှုတ်လိုက်ရာ သူ၏ကိုယ်တွင်းမှ ရေခဲစွမ်းအင် မူလစစ်မှန်သော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ ဖြတ်သန်းသွားသော နေရာတိုင်းရှိ ဟင်းလင်းပြင်မှာ မျက်မြင်ကိုယ်တွေ့ပင် အေးခဲသွားတော့သည်။ ပြေးဝင်လာသော မီးလျှံသားရဲ ဆယ်ကောင်ကျော်မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲသွားကြရတော့၏။ ယွင်ယိုဇီ၏ ဆက်တိုက် တိုက်ခိုက်မှုများမှာ နတ်ဆိုးသခင်ကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။

ယွင်ယိုဇီ၏ တိုက်ခိုက်မှုများကို ဖောက်ထွင်းပြီးနောက် နတ်ဆိုးသခင်က ယွင်ယိုဇီ၏ အရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်များက ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး ယွင်ယိုဇီထံသို့ သူ၏ လက်ဝါးဖြင့် ညှာတာမှုကင်းမဲ့စွာ ရိုက်ချလိုက်တော့၏။

“ဝီ…”

လက်ဝါးလေပြင်းက တဝီဝီ မြည်ဟည်းနေပြီး ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေတော့သည်။

ဘုန်း... ဝီ...

ယွင်ယိုဇီကလည်း အလျှော့မပေးဘဲ သူ၏ လက်ဝါးဖြင့် ပြန်လည် ခုခံလိုက်ရာ နားကွဲမတတ် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ဖျက်ဆီးခြင်း စွမ်းအားများက အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ ပြန့်ကျဲသွားတော့၏။ ရက်စက်လှသော ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ယွင်ယိုဇီက နတ်ဆိုးသခင်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့၏။ သူတို့နှစ်ဦး၏ စွမ်းအားများမှာ အင်အားချင်း မျှတနေသည့်အလား ပင်တည်း။

“မင်းက တကယ်ပဲ မအားနည်းဘူးပဲ... ဒီလို ပြိုင်ဘက်မျိုးနဲ့ မဆုံရတာ တော်တော်တောင် ကြာသွားပြီ...”

နတ်ဆိုးသခင်က စိတ်လှုပ်ရှားစွာ ရယ်‌လိုက်ပြီးနောက် သူ၏ တိုက်ခိုက်လိုစိတ်များမှာလည်း ရူးသွပ်စွာ ပြန့်ကျဲလာတော့၏။ စကားပြောနေစဉ်မှာပင် နတ်ဆိုးသခင်က သူ၏ ရူးသွပ်သော တိုက်ခိုက်မှုများကို စတင်တော့ရာ လက်သီးချက်နှင့် ကန်ချက်တိုင်းက အလွန်တရာ ထက်မြက်ပြီး ရက်စက်ကြမ်းကြုတ်လှ၏။

“ဝုန်း..”

ရက်စက်ကြမ်းကြုတ်လှသော အနီးကပ် တိုက်ပွဲကြီး ပေါ်ပေါက်လာခဲ့၏။ ကမ္ဘာမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံများက မြောက်ဘက် ဆန်းကြယ် နယ်မြေအတွင်း အဆက်မပြတ် ပဲ့တင်ထပ်နေတော့၏။

ထိုအဖျက်စွမ်းအားမှာ တကယ့် ကမ္ဘာပျက်ကပ်ကြီး ကျရောက်နေသည့်အလား ပင်ဖြစ်တော့သည်။

--

All Chapters