← Chapters

အခန်း ၁၃၈၄

Vol. 93 Ch. 1384

အခန်း ၁၃၈၄

Vol. 93 Ch. 1384

အခန်း (၁၃၈၄) တိတ်တဆိတ် ညည်းညူခြင်း

ခဏတာ တိတ်ဆိတ်သွားပြီးနောက် လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းနင် ပြောနေသည်မှာ အမှန်တရားဖြစ်ကြောင်း သူတို့ သိထားသောကြောင့်ပင်။ ဤအချက်တွင် လူတိုင်းက ဘုံသဘောတူညီချက်တစ်ခုသို့ ရောက်ရှိသွားကြသည်။ အိမ်ငယ်လေးထဲတွင်တော့ ရွှယ်အန်းက ရုတ်တရက် ရယ်မောလာ၏။

"သူမက ဦးစားပေးရမယ့်အရာတွေကို သိတဲ့ မိန်းကလေးတစ်ယောက်ပဲ"

"သခင်လေး... ဘာဖြစ်လို့ ဝမ်ကောင်းရှင်းရဲ့ ရုပ်သွင်ကို ပြောင်းလဲလိုက်ရတာလဲ"

ဝမ်မူလင်းက ဆက်၍ မအောင့်ထားနိုင်တော့ဘဲ မေးသည်။ ရွှယ်အန်းက ပြုံးလိုက်ပြီးပြောသည်။

"ဘာလို့လဲဆိုတော့ ရန်သူကို သတိမထားမိစေချင်လို့ပဲ"

ဝမ်မူလင်းက ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဦးညွှတ်ကာ ဘေးသို့ ဆုတ်ခွာသွားပြီး ထပ်မမေးတော့ချေ။ ရွှယ်အန်းကမူ ရှေးဟောင်းကြေးမုံပြင်၏ အပိုင်းအစ နှစ်ခုကို တွေးတောစွာဖြင့် ပွတ်သပ်နေပြီး သူ၏ မျက်လုံးများထဲတွင် ရှုပ်ထွေးသော အလင်းတန်းတစ်ခုက ဖြတ်ပြေးသွား၏

ဝမ်ကောင်းရှင်း၏ ရုပ်သွင်သို့ ပြောင်းလဲခြင်းမှာ စိတ်ကူးပေါက်ရာ လုပ်ရပ်တစ်ခု မဟုတ်ချေ။ အမှန်တကယ်တော့ ဤနယ်ပယ်၏ လက်ရှိအခြေအနေက ရှင်းလင်းသော သတင်းစကားတစ်ခုကို ပေးပို့နေသည်မှာ ဤလောကနယ်ပယ်ကို ထိန်းချုပ်သူ၌ ကြီးမားသော ပြဿနာတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။

သို့မဟုတ်ပါက ဤမျှ ကြမ်းတမ်းသော်လည်း အကျိုးသက်ရောက်မှု မရှိသော လောကနယ်ပယ်၏ ဖိနှိပ်မှုမျိုး ဖြစ်ပေါ်လာမည် မဟုတ်သလို ပြင်ပမှ ရောက်ရှိလာသော ဤတစ္ဆေမျိုးနွယ်စုဝင်များကို ရမ်းကားစွာ ပြုမူခွင့်ပေးမည် မဟုတ်သည့်အပြင် ဌာနေနေထိုင်သူများကိုပင် အကြီးအကျယ် သတ်ဖြတ်ခွင့် ပြုထားမည် မဟုတ်ချေ။

မည်သည့် လောကနယ်ပယ် ထိန်းချုပ်သူအတွက်မဆို ဤသည်မှာ သည်းခံနိုင်စရာမရှိသော စော်ကားမှုတစ်ရပ် ဖြစ်သည်။ သို့သော်လည်း ထိုအရာအားလုံးက အလွန် လက်တွေ့ဆန်စွာ ဖြစ်ပေါ်နေခြင်းက သူမသည် ဒုက္ခတစ်ခုခုနှင့် ကြုံတွေ့နေရကြောင်း ညွှန်ပြနေသည်။

ထို့ပြင် ဝမ်ကောင်းရှင်း၏ မှတ်ဉာဏ်များအရ ဤရှေးဟောင်းကြေးမုံပြင်သည် ချူကျိုးမြို့တော်မှ ထိပ်တန်းပုဂ္ဂိုလ်များက ပြင်းပြစွာ လိုချင်တပ်မက်နေသော အရာတစ်ခုဖြစ်ကြောင်း ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။

ဝမ်ကောင်းရှင်းက ၎င်း၏ တိကျသော ရည်ရွယ်ချက်ကို မသိသော်လည်း ရွှယ်အန်းကမူ အလွန်ကောင်းမွန်စွာ သိနေသည်။ ထို့ကြောင့်ပင် သူသည် ချူကျိုးမြို့တော်သို့ အလျင်စလို မသွားဘဲ ဤကဲ့သို့ သွယ်ဝိုက်သော နည်းလမ်းဖြင့် ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တစ်ညလုံး ကြိုးပမ်းပြီးနောက် ရွာထဲရှိ လူအားလုံးမှာ အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ ရွှယ်အန်း အပြင်သို့ ထွက်လာသောအခါ ယင်းနင်က ရှေ့ဆုံးမှ ဦးဆောင်၍ လူအုပ်ကြီးမှာ စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ သူမက ရွှယ်အန်းကို ဦးညွှတ်ပြီးပြောသည်။

"သခင်လေးရွှယ်... ကျွန်မတို့ နောက်ထပ် ဘာလုပ်သင့်လဲ"

ရွှယ်အန်းက ပြုံးလာသည်

"ရိုးရှင်းပါတယ်။ အရင်ဆုံး မင်းတို့ကိုယ်မင်းတို့ ကြိုးနဲ့ တုပ်လိုက်ကြ"

"ကြိုးနဲ့ တုပ်ရမယ်ဟုတ်လား"

ချွဲဝမ်ယွမ်က အံ့ဩစွာဖြင့် မေးလိုက်သည်။

လူအုပ်ကြီးမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

"သေချာတာပေါ့။ ကြိုးနဲ့တုပ်မထားဘဲ မင်းတို့အားလုံးကို ချူကျိုးမြို့တော်ကို ငါက ဘယ်လိုလုပ် ခေါ်သွားလို့ရမှာလဲ"

ရွှယ်အန်းက မာနထောင်လွှားဟန်ဖြင့် ပြေ သည်။ အကယ်၍ သူတို့ရှေ့တွင် ဝမ်သခင်လေးအဖြစ် ဟန်ဆောင်နေသူမှာ ရွှယ်အန်းဖြစ်ကြောင်းသာ သူတို့ မသိထားပါက လူတိုင်းက အမှန်ဟု ယုံကြည်သွားကြမည်မှာ သေချာသည်။

သို့တိုင်အောင် လူအများအပြားမှာ သူတို့၏ နှလုံးသားထဲတွင် အေးစက်မှုကို ခံစားနေရဆဲ ဖြစ်သည်။ အကယ်၍ သူတို့က သူတို့၏ လက်များကို ကြိုးတုပ်လိုက်မည်ဆိုပါက သူ၌ အခြား အကြံအစည်များ ရှိနေလျှင် ခြင်္သေ့တွင်းထဲသို့ ကိုယ့်သဘောဆန္ဒအလျောက် ဝင်ရောက်သွားခြင်းမျိုး ဖြစ်မနေဘူးလား။ သို့သော် ယင်းနင်ကမူ တုံ့ဆိုင်းနေခြင်း မရှိဘဲ သူမကိုယ်သူမ ကြိုးဖြင့် တိုက်ရိုက်တုပ်လိုက်ပြီးနောက် ညွှန်ကြားသည်။

"အားလုံးပဲ။ တစ်ယောက်ကို တစ်ယောက် ကြိုးတုပ်ဖို့ ကူညီပေးလိုက်ကြပါ"

အများအပြားမှာမူ တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။ ချွဲဝမ်ယွမ်က ဆက်၍ မအောင့်ထားနိုင်တော့ဘဲ ပြောသည်။

"မနေ့က ငါတို့ သဘောတူထားပြီးပြီ မဟုတ်ဘူးလား။ ပြီးတော့ သခင်လေးရွှယ်က ငါတို့ကို ရှင်းလင်းချင်တယ်ဆိုရင်တောင် ငါတို့ ကြိုးတုပ်ထားတာနဲ့ မတုပ်ထားတာ ဘာများ ကွာခြားသွားမှာလဲ"

သူ၏စကားက လူအုပ်ကြီးကို ယုံကြည်သွားစေပြီး မကြာမီမှာပင် လူတိုင်းက လိမ္မာကျိုးနွံစွာဖြင့် မိမိကိုယ်ကို ကြိုးတုပ်လိုက်ကြလေသည်။ ရွှယ်အန်းက ခေါင်းညိတ်၏။

"ကောင်းတယ်။ အခု ထွက်ခွာကြစို့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လူတိုင်း၏ ခြေအောက်မှ အနက်ရောင် တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး သူတို့ကို လေထဲသို့ ပင့်တင်လိုက်သည်။ ဤတစ္ဆေနည်းလမ်းက လူအများအပြားကို မျက်နှာဖြူရော်သွားစေခဲ့သည်။ သူက တကယ်ပဲ ဝမ်ကောင်းရှင်း ဖြစ်နေမလား...

အကယ်၍ မဟုတ်ပါက သူက တစ္ဆေမျိုးနွယ်စု၏ မှော်ပညာကို မည်သို့ ဤမျှ ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်နည်း။ ရွှယ်အန်းက ထိုသံသယများကို ဂရုမစိုက်ဘဲ လူတိုင်းအား ချူကျိုးမြို့တော်ဆီသို့ တိုက်ရိုက် ဦးဆောင်ခေါ်သွားသည်။

ဤကမ္ဘာလောကမှာ သိပ်ကျယ်ဝန်းလှခြင်း မရှိဘဲ ခန့်မှန်းခြေအားဖြင့် ကမ္ဘာမြေ၏ အရွယ်အစားခန့်သာ ရှိရာ ရွှယ်အန်း၏ စွမ်းအားဖြင့်ဆိုလျှင် မျက်တောင်တစ်ခတ်အတွင်း ၎င်းကို တစ်ပတ် ပတ်နိုင်ပေသည်။

သို့သော် ယခုအခါတွင် အများအပြားသော သုံ့ပန်းများဖြင့် ဝမ်မိသားစု၏ သခင်လေး နေရာတွင် သရုပ်ဆောင်နေရသဖြင့် သဘာဝကျကျပင် သူသည် အလွန်မြန်ဆန်စွာ သွားလာ၍ မရနိုင်ချေ။

နေ့ဝက်ကျော်ကြာ ခရီးနှင်ပြီးနောက် အဆုံးတွင်တော့ မိုးထိမတတ် မြင့်မားလှသော မြို့တော်တစ်ခုက အဝေးမှ ပေါ်ထွက်လာခဲ့သည်။ ယင်းနင်နှင့် အခြားသူများမှာ သိသိသာသာ စိတ်လှုပ်ရှားနေပုံရသည်။ ဤနေရာက သူတို့အတွက် မယုံနိုင်လောက်အောင် ရင်းနှီးနေခဲ့သည်။

သူတို့ထဲမှ အများအပြားမှာ ကလေးဘဝကတည်းက ဤနေရာတွင် ကြီးပြင်းလာခဲ့ကြခြင်း ဖြစ်သည်။ ဤမြို့တော်သည် သူတို့အတွက် ရေတွက်၍မရနိုင်သော မှတ်ဉာဏ်များကို သယ်ဆောင်ထားသည်ဟု ပြောလျှင်လည်း မှားမည်မဟုတ်ချေ။

သို့သော် ရုတ်တရက် အပြောင်းအလဲကြီး တစ်ခုပြီးနောက် သူတို့သည် သူတို့၏ အိမ်များကို စွန့်ခွာခဲ့ရပြီး လမ်းပျောက်နေသော ပြည်နှင်ဒဏ်ခံရသူများ ဖြစ်လာခဲ့ကြသည်။

သူတို့ ဤဘဝတွင် ဘယ်သောအခါမှ ပြန်လာနိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုတော့ ဤသို့သော အခြေအနေများအောက်တွင် သူတို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မြို့တံခါးမှ အစောင့်များသည် အဝေးမှ အနက်ရောင် တိမ်တိုက်ကို မြင်လိုက်ရသည်။ ၎င်းနီးကပ်လာပြီးနောက် ဝမ်ကောင်းရှင်းမှန်း သူတို့ မှတ်မိသွားသောအခါ သူတို့မှာ လန့်ဖြန့်သွားကြပြီး မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ မြို့တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်ကြသည်။

ရွှယ်အန်းက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် တိမ်တိုက်ကိုစီးကာ မြို့ထဲသို့ ဝင်ရောက်လာခဲ့ပြီး အစောင့်များကမူ ပြုံးရွှင်သော မျက်နှာများဖြင့် ကြည့်ရှုနေကြ၏။ သို့သော် သူ၏အနောက်တွင် ကြိုးတုပ်ခံထားရသော သုံ့ပန်းများကို မြင်တွေ့ရသောအခါ သူတို့၏ မျက်လုံးများမှာ စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

အဆုံးတွင်တော့ အနက်ရောင် တိမ်တိုက်က မြို့ထဲသို့ ဝင်ရောက်သွားပြီးနောက် အစောင့်များက သူတို့အချင်းချင်းကြားတွင် တီးတိုး စတင်ပြောဆိုကြသည်။

"ဝိုး... ဝမ်သခင်လေး ဖမ်းလာတဲ့သူတွေ အားလုံးက အဲ့တစ္ဆေမျိုးနွယ်စုဝင်တွေလား"

"ဒီလိုပဲ ထင်တာပဲ။ ငါကတော့ သူတို့ထဲမှာ အရမ်း လှပတဲ့ မိန်းမငယ်လေး တချို့ကိုတောင် မြင်လိုက်ရသေးတယ်"

"ငါလည်း သူတို့ကို မြင်လိုက်တယ်၊ ဝိုး... သူတို့က တကယ်ကို လှတာပဲ"

အစောင့်တစ်ယောက်က သွားရည်ကျမတတ် ပြောသည်။

"ဝမ်သခင်လေးက အရည်အချင်းမရှိတဲ့ အလေအလွင့်ကောင်လို့ ပြောကြတယ်။ ဒီတစ်ခေါက် ရတနာတွေရှာရာမှာ သူ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ထားသူ နည်းပါးပေမယ့် သူက သူတို့ မှားကြောင်း သေချာပေါက် သက်သေပြလိုက်တာပဲ"

"ဟား... ဘယ်သူက သိမှာလဲ၊ ဒါပေမယ့် မြို့ထဲက မြင့်မြတ်တဲ့ သူဌေးတွေကတော့ ရှေ့ဆက်ပြီး စည်ကားတဲ့ အချိန်ကာလတွေကို ရရှိတော့မယ်လို့ ငါ ထင်တယ်"

အစောင့်များ အတင်းပြောနေကြစဉ် ရွှယ်အန်းက အဖွဲ့ကို ဝမ်ကောင်းရှင်း၏ မှတ်ဉာဏ်များထဲမှ ဝမ်မိသားစု၏ လက်ရှိ အိမ်တော်ဆီသို့ လွယ်ကူသက်သာစွာ ဦးဆောင်သွားသည်။

ဝမ်ကောင်းရှင်းနှင့် သူ့အနောက်မှ လိုက်ပါလာသော များပြားလှသည့် လူအုပ်ကြီးကို မြင်သောအခါ ဝင်ပေါက်မှ အစောင့်များမှာ အံ့ဩမှင်တက်သွားကြသည်။ ရွှယ်အန်း၏ မျက်နှာက မည်းမှောင်သွားပြီးနောက် မာနထောင်လွှားစွာဖြင့် အော်ဟစ်လာသည်။

"ဘာလဲ၊ ငါ့ကိုမြင်တော့ မင်းတို့အားလုံး ဆွံ့အသွားကြပြီလား"

ဤသို့ပြောနေစဉ် ရွှယ်အန်းက စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။

ဒီ ဝမ်ကောင်းရှင်းက တကယ့်ကို ပြည့်စုံတဲ့ ဆန်ကုန်မြေလေးကောင်ပဲ...

သခင်လေး၏ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားသောအခါ ဤအစေခံများ အားလုံး တုန်လှုပ်သွားကြသည်။ တချို့က သတင်းပို့ရန် အထဲသို့ အလျင်အမြန် ဝင်သွားကြပြီး ကျန်သူများကမူ ရိုသေလေးစားစွာဖြင့် ဘေးသို့ ဖယ်ပေးကြသည်။

ရွှယ်အန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး အထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။ လုံ့လဝီရိယရှိသော အစောင့်တစ်ယောက်က ရှေ့သို့တိုးလာပြီး ယင်းနင်နှင့် အခြားသူများကို ခေါ်ဆောင်သွားရန် ပြင်သည်။ ရွှယ်အန်းက အေးစက်စွာ ဟောက်၏။

"မထိနဲ့"

အစောင့်များမှာ တုန်ယင်သွားကြ၏။ ရွှယ်အန်းက အော်လိုက်သည်။

"ဒီလူတွေကို မင်းတို့ ကိုင်တွယ်လို့ရမယ် ထင်နေလား၊ ထွက်သွားစမ်း"

"ဟ... ဟုတ်... ဟုတ်ကဲ့ပါ သခင်လေး"

အစောင့်များမှာ တုန်ယင်စွာဖြင့် နောက်ဆုတ်သွားကြသည်။ ထိုအချိန်မှာပင် တံခါးအတွင်းမှ မိန်းမဆန်ဆန် တခစ်ခစ် ရယ်မောသံအချို့ ထွက်လာသည်။

"အို... ကိုကိုကောင်းရှင်း... ဒီအစေခံတွေအပေါ် ဘာဖြစ်လို့ ဒေါသထွက်နေရတာလဲ၊ သူတို့က တကယ်ပဲ အဲဒီလောက်တောင် အဆင်မပြေဖြစ်နေရင် သူတို့ကို သတ်ပစ်လိုက်ရုံပေါ့"

ဤအသံကို ကြားသောအခါ တုန်ယင်နေပြီးဖြစ်သော အစောင့်များမှာ ပို၍ပင် ပြင်းထန်စွာ တုန်ယင်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ နုနယ်သော မျက်နှာကို ဖုံးကွယ်မထားနိုင်သည့် လွန်ကဲသော မိတ်ကပ်များ လိမ်းကျယ်ထားသော မိန်းကလေးတစ်ဦးက အထဲမှ စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာသည်။

မှတ်ဉာဏ်များမှတစ်ဆင့် ဤမိန်းကလေးမှာ ဝမ်ကောင်းရှင်း၏ ညီမဖြစ်ပြီး ဝမ်မိသားစု၏ အငယ်ဆုံး သမီးဖြစ်သူ ဝမ်ဟန်ရှင်းမှန်း ရွှယ်အန်း သိလိုက်သည်။

ဝမ်မိသားစု၏ အငယ်ဆုံး သမီးတစ်ယောက်အနေဖြင့် ဝမ်ဟန်ရှင်းသည် မွေးဖွားကတည်းက အဆုံးအစမဲ့သော အလိုလိုက်ခံရမှုများတွင် နစ်မြုပ်နေခဲ့ပြီး သူမ၏ အလွန်တရာ မာနကြီးသော စရိုက်ကို ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ ဝမ်ကောင်းရှင်းက ဝမ်မိသားစု၏ ဆန်ကုန်မြေ‌လေးဖြစ်ခဲ့လျှင် သူမသည် ဝမ်မိသားစု၏ မိစ္ဆာကြယ်ပွင့်ပင် ဖြစ်မည်။

--

All Chapters