← Chapters

အခန်း ၁၃၉၁

Vol. 93 Ch. 1391

အခန်း ၁၃၉၁

Vol. 93 Ch. 1391

အခန်း (၁၃၉၁) ရှုခင်းကြည့်ဖို့ ဒူးထောက်စမ်း၊ ရွှယ်အန်း စောင့်ဆိုင်းနေတဲ့သူ

ဘာတွေ ဖြစ်ကုန်တာလဲ။

ဘာဖြစ်လို့ အရင်က တည်ငြိမ်နေတဲ့ ကျုံးမိသားစုရဲ့ သခင်လေးက ရိုးရှင်းတဲ့ စကားလုံး နှစ်လုံးတည်းကြောင့် မြေပြင်ပေါ်ကို ရုတ်တရက် ဒူးထောက်ကျသွားရတာလဲ။ ဘာတွေ ဖြစ်ပျက်သွားတာလဲ။

ဤမေးခွန်းများက ခန်းမဆောင် တစ်ခုလုံးကို လွှမ်းခြုံသွားသော ထိတ်လန့်အံ့ဩမှုများနှင့်အတူ ထွက်ပေါ်လာသည်။ ကျုံးချန်မှာ ပို၍ပင် အံ့ဩမှင်တက်သွားခဲ့ပြီးနောက် သူ၏ နှလုံးသားမှာ လွှမ်းမိုးနိုင်စွမ်းရှိသော အရှက်ရမှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ချက်ချင်း ဖုံးလွှမ်းခံလိုက်ရသည်။

ထိုကဲ့သို့သော လွှမ်းမိုးနိုင်စွမ်းရှိသည့် အင်အားဖြင့် သူ့ကို ဘာကများ ဖုံးလွှမ်းသွားခဲ့သလဲ ဆိုတာကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သို့သော် ကျုံးမိသားစု၏ သခင်လေး တစ်ယောက်အနေဖြင့် လူအများအပြားရှေ့တွင် လူသိရှင်ကြား ဒူးထောက်လိုက်ရသော ဤအရှက်ရမှုက ကျုံးချန်ကို လုံးလုံးလျားလျား မီးဟုန်းဟုန်းတောက်သွားစေရန် လုံလောက်လုနီးပါး ဖြစ်နေခဲ့သည်။

"ငါ့ကို ထခွင့်ပေးစမ်း၊ အား..."

ကျုံးချန်က ဟိန်းဟောက်လိုက်ပြီး သူ၏ ကြွက်သားများက ရစ်ခွေနေသော ဧရာမ နဂါးကြီးတစ်ကောင်၏ ခန္ဓာကိုယ်အလား စုပြုံသွားကာ သူ့ပတ်ဝန်းကျင်တွင် အနက်ရောင် စွမ်းအင်များ ရစ်ပတ်နေပြီး မတ်တတ်ရပ်နိုင်ရန် အသည်းအသန် ကြိုးစားအားထုတ်နေသည်။

သို့သော် သူ၏ရုန်းကန်မှုများ အားလုံးမှာ ရွှယ်အန်း၏ ရှေ့မှောက်တွင် ဖြူရော်ပြီး အစွမ်းအစမဲ့နေပုံရသည်။ ရွှယ်အန်းက လှုပ်ရှားခြင်းလေးမျှပင် မရှိခဲ့ချေ။ သူသည် အေးစက်စွာ စောင့်ကြည့်နေရုံသာဖြစ်ပြီးနောက် ပိုင်ရှီးဘက်သို့ ခေါင်းလှည့်လိုက်သည်။

"မင်းက ဘာလို့ အဲဒီမှာ ရပ်နေတာလဲ"

သူ၏ လေသံမှာ နှေးကွေးပြီး ပေါ့ပေါ့ပါးပါးနိုင်ကာ လှိုင်းကြက်ခွတ်များ ကင်းမဲ့နေသော ငြိမ်သက်နေသည့် အနက်ရောင် ရေအိုင်တစ်ခုအလား ဖြစ်နေသော်လည်း ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်သည့် ဖိနှိပ်ချုပ်ချယ်နိုင်သော စွမ်းအားတစ်ခုကို သယ်ဆောင်ထားသည်။

ပိုင်ရှီး၏ ပြဇာတ်ဆန်ဆန် ပါရမီက တစ်ဖန် ပြန်လည် လင်းလက်လာသည်။ သူသည် ရွှယ်အန်းကို အံ့ဩတကြီး စိုက်ကြည့်နေပြီးနောက် သူ၏ ရှေ့တွင် ရပ်နေသော ဝမ်မိသားစု၏ သခင်လေးမှာ လုံးဝ စိမ်းသက်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

ဖြစ်နိုင်တာက... သူက ဝမ်ကောင်းရှင်း မဟုတ်ဘူးလား

ထိုအတွေးက ပိုင်ရှီး၏ စိတ်ထဲတွင် တဖျပ်ဖျပ် ဖြတ်ပြေးသွားခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက လုံးဝကို မဖြစ်နိုင်လို့ပဲ။ ဝမ်ကောင်းရှင်း၏ အရှိန်အဝါမှာ အလွန်တရာ ထူးခြားပေါ်လွင်ပြီး အခြားသူများ အတုခိုးနိုင်သော အရာမျိုး မဟုတ်ချေ။

သို့တိုင်အောင် သူ မသိလိုက်သည်မှာ သူ၏ တစ်သက်တာလုံး ဟန်ဆောင်ပန်ဆောင်များဖြင့် ကစားလာခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ပိုင်ရှီးသည် အမှန်တရားကို ခန့်မှန်းမိခဲ့သော်လည်း သူ့ကိုယ်သူ ပြန်လည် ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်သည်။

"ဟင်"

ရွှယ်အန်းက ထပ်မံ ဖိအားပေးလာသည်။ ပိုင်ရှီးမှာ တုန်ယင်သွားပြီးနောက် ရုတ်တရက် စိတ်ကူးတစ်ခု ရသွားကာ တည်ငြိမ်ဟန်ဆောင်လျက်ဖြေ၏

"ငါ... ငါက ရှုခင်းကြည့်ဖို့ ဒီမှာ ရပ်နေတာလေ၊မရဘူးလား"

"ဖူး..."

အမြင့်စင်မြင့်ပေါ်တွင် လော့ကျင်းထင်မှာ ရယ်မောခြင်းကို မထိန်းချုပ်နိုင်တော့ဘဲ ပေါက်ကွဲထွက်လာသည် သေချာသည်။ သူမသည် ယခုလေးတင် ဖြစ်ပျက်သွားသည်များ အားလုံးကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ရွှယ်အန်းက ကျုံးချန်ကို ဒူးထောက်ခိုင်းနိုင်ခဲ့သည့်အတွက် သူမ အံ့ဩမှင်တက်နေခဲ့သော်လည်း လော့ကျင်းထင်ကို အစိုးရိမ်ဆုံးဖြစ်စေသောအရာမှာ သူမ၏ ကိုယ်ပိုင် လျှို့ဝှက်ချက် ပေါက်ကြားသွားပြီလား ဆိုသည်ပင် ဖြစ်သည်။

သို့သော် မျှော်လင့်မထားစွာပင် ဤပြဇာတ်ဆရာကြီး ပိုင်ရှီးက သူမကို တခစ်ခစ် ရယ်မောသွားစေခဲ့သည်။ ပုံမှန် အခြေအနေမျိုးတွင်သာဆိုလျှင် လော့ကျင်းထင် ရယ်မောသည်ကို မြင်တွေ့ရသဖြင့် ပိုင်ရှီးမှာ အလွန်အမင်း ပျော်ရွှင်သွားမည်။

သို့သော် ယခုအချိန်တွင်တော့ သူ၌ ထိုကဲ့သို့သော အတွေးများကို တွေးတောနေရန် အခွင့်အရေး မရှိချေ။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသောကြောင့်ပင်။ ခဏအကြာတွင် ရွှယ်အန်းက နောက်ဆုံး၌ ခေါင်းအနည်းငယ် ညိတ်ပြလာသည်။

"ကောင်းပြီလေ"

ပိုင်ရှီးက တိတ်ဆိတ်စွာ သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ငါက ဉာဏ်မြန်လို့ တော်သေးတာပေါ့၊ သို့သော် ထိုအခါ ရွှယ်အန်းက ပေါ့ပေါ့ပါးပါးဖြင့် ပြောသည်။

"ဒါပေမယ့် ရှုခင်းကြည့်ဖို့ ဒူးထောက်လိုက်တာက ပိုကောင်းမနေဘူးလား"

စကားလုံးများ လေထဲသို့ ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် ဒုန်းခနဲ အသံတစ်ခု ပဲ့တင်ထပ်သွားပြီး ပိုင်ရှီးမှာ ရွှယ်အန်း၏ရှေ့တွင် လိမ္မာကျိုးနွံစွာဒူးထောက်ကျသွားကာ လုံးဝ လှုပ်ရှား၍ မရနိုင်တော့ချေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် လွန်ခဲ့သော စက္ကန့်ပိုင်းက ရွှယ်အန်းကို ဖြုတ်ချရန် မဟာမိတ်ဖွဲ့ထားခဲ့ကြသော ညီအစ်ကို နှစ်ဦးမှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည့် ရုပ်တုနှစ်ခု ဖြစ်သွားကြသည်။

ဤအချိန်တွင် ခန်းမဆောင် တစ်ခုလုံးမှာ ကမောက်ကမ အခြေအနေသို့ ပေါက်ကွဲသွားတော့သည်။ ကျုံးမိသားစုနှင့် ပိုင်မိသားစု နှစ်ခုလုံး၏ ခေါင်းဆောင်များမှာ ချက်ချင်း မျက်နှာဖြူရော်သွားကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူတို့၏ မိသားစုများ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။

သို့တိုင်အောင် ရွှယ်အန်းက ထိုနှစ်ဦးကို ဒူးထောက် အညံ့ခံစေရန် မည်သည့် နည်းစနစ်ကို အသုံးပြုခဲ့သည်ကို သူတို့ပင် ခွဲခြားမသိမြင်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း စွမ်းအား အတက်အကျ အနည်းငယ်မျှပင် မရှိခဲ့သောကြောင့် ဖြစ်သည်။

သူတို့ မသိရှိခဲ့သည်မှာ ဤအရာတွင် မည်သည့် ကျင့်ကြံခြင်း စွမ်းအားမျှ ပါဝင်ပတ်သက်နေခြင်း မရှိကြောင်းပင်။ ရွှယ်အန်းသည် မည်သည့် နည်းစနစ် သို့မဟုတ် နတ်ဘုရားအာရုံကိုမျှ အသုံးမပြုခဲ့ဘဲ ရိုးရှင်းစွာနှင့် သန့်စင်စွာပင် သူ၏ အရှိန်အဝါဖြင့် သူတို့ကို လွှမ်းမိုးခဲ့ခြင်း ဖြစ်သည်။

အရှိန်အဝါဆိုသည်မှာ အခြေအနေများကို အသုံးချ၍ ထိန်းချုပ်မှုအဖြစ်သို့ ပြောင်းလဲနိုင်သော အင်အားတစ်ခုပင် ဖြစ်သည်။

သို့သော် ရွှယ်အန်းက ကွဲပြားခြားနားလေသည်။ သူ ထိန်းချုပ်ထားသော အရှိန်အဝါမှာ တောက်ပခမ်းနားလှသော စကြဝဠာပေါင်းစုံ၏ ပြိုင်ဘက်ကင်းပြီး အရာအားလုံးကို ကြီးစိုးထားသည့် အင်မော်တယ် အရှင်သခင်၏ အရှိန်အဝါပင် ဖြစ်သည်။

သူ၏ အမြင့်ဆုံး အထွတ်အထိပ် အချိန်တွင် ရွှယ်အန်းသည် စကြဝဠာပေါင်းစုံကို နှစ်ပေါင်း သောင်းနှင့်ချီ၍ ဖျက်ဆီးပစ်ခဲ့ပြီး အင်မော်တယ် ဧကရာဇ်များကိုပင် ဟန့်တားနိုင်ခဲ့သော ရေတွက်၍ မရနိုင်သည့် အသက်ကယ် နည်းစနစ်များကို ပိုင်ဆိုင်ထားသော ရှေးဟောင်း အင်မော်တယ် ဘုရင်အဆင့် နတ်ဆိုးတစ်ကောင်ကို အကြည့်တစ်ချက်တည်းဖြင့် အလုံးစုံ ဖျက်ဆီးပစ်ဖူးသည်။

ထိုအချိန်က ရွှယ်အန်း အသုံးပြုခဲ့သော အင်အားမှာ သူ၏ ကိုယ်ပိုင် အရှိန်အဝါမှလွဲ၍ အခြားမဟုတ်ချေ။ လက်ရှိတွင် ရွှယ်အန်း၏ စွမ်းအားမှာ ယခင် အမြင့်ဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိနေခြင်း မရှိသေးသော်လည်း အင်‌မော်တယ်ဘုရင်နယ်ပယ် ခြေတစ်လှမ်းဝက် အဆင့်တွင်ပင် ထိုရှုံးနိမ့်ခြင်းမရှိသော အရှိန်အဝါ၏ အရိပ်အယောင်များက စတင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ရွှယ်အန်းက ၎င်း၏ အကျိုးသက်ရောက်မှုကို စမ်းသပ်ကြည့်ချင်ခဲ့သည်။ ထို့ကြောင့် ကျုံးချန်နှင့် ပိုင်ရှီးတို့သည် သူ၏ စမ်းသပ်ခံ အရာဝတ္ထုများ ဖြစ်လာရန် ဂုဏ်ပြုခံလိုက်ရခြင်းဖြစ်၏။ ယခုအခါ ရလဒ်များက ရွှယ်အန်းအတွက် အလွန်တရာ ကျေနပ်ဖွယ် ကောင်းနေပုံရသည်။

သူ၏ ဖုံးကွယ်မထားသော အခြေအနေတွင်သာဆိုလျှင် ရွှယ်အန်းက ထိုနှစ်ဦးကို ချက်ချင်း ဖျက်ဆီးပစ်နိုင်ပေမည်။ သို့သော် အချိန်အခါက သိပ်ပြီး မမှန်သေးချေ။ သူ စောင့်ဆိုင်းနေသော ထိုလူက ရောက်မလာသေးပေ။ ထို့ကြောင့် ရွှယ်အန်းက ယခုလောလောဆယ် လှုပ်ရှားခြင်း မပြုခဲ့ချေ။

ကျုံးမိသားစုနှင့် ပိုင်မိသားစု၏ ခေါင်းဆောင်များက အခြေအနေကို ကယ်ဆယ်ရန် အသင့်ဖြစ်နေကာ ဒေါသတကြီး ချဉ်းကပ်လာချိန်မှာပင် ရွှယ်အန်းက အရေးမစိုက်သောဟန်ဖြင့် လက်ကို ဝှေ့ယမ်းလာသည်။

"ကောင်းပြီ၊ ထကြတော့၊ မင်းတို့ နှစ်ယောက်ကို ပေးစရာ အနီရောင် စာအိတ် ငါ့ဆီမှာ မရှိဘူး"

သူ၏ စကားနှင့်အတူ ကျုံးချန်နှင့် ပိုင်ရှီးတို့အပေါ် ဖိအားပေးနေသော ဖိနှိပ်ချုပ်ချယ်မှု အင်အားကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထိုဖိအားက ရုတ်တရက် ကျရောက်လာပြီး ပို၍ပင် ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့် ပိုင်ရှီးမှာ အနည်းငယ် ပို၍ အခြေအနေ ကောင်းလေသည်။

သို့သော် ကျုံးချန်၏ ကံဆိုးမှုကတော့ တကယ့်ကို ကြီးမားလှသည်။ သူသည် ဖိအားကို ခုခံရန် ကြိုးပမ်းမှုအဖြစ် သူ၏ ကျင့်ကြံခြင်း စွမ်းအား အားလုံးကို ထုတ်လွှတ်ထားခဲ့သည်။ ၎င်းက ရုတ်တရက် ပျောက်ကွယ်သွားသောအခါ သူသည် လေထွက်သွားသော ပူဖောင်းတစ်လုံးအလား အပေါ်သို့ တည့်မတ်စွာ ခုန်တက်သွားပြီး မျက်နှာကြက်ကို ဝင်တိုက်မတတ် ဖြစ်သွားသည်။

သူသည် လေထဲတွင် ဦးတည်ရာကို မနည်းပြောင်းလဲလိုက်ရပြီး မြေပြင်ပေါ်သို့ အချိုးမကျစွာ ပြန်လည် ဆင်းသက်လိုက်ရသည်။ သို့သော် သူ၏ မျက်နှာမှာ ထိတ်လန့်မှုနှင့် ဒေါသတို့၏ ပုံရိပ်တစ်ခု ဖြစ်နေခဲ့သည်။ အကြောင်းမှာ ရွှယ်အန်း၏ လုပ်ရပ်များက သူ၏ မျက်နှာကို ရိုက်နှက်ပြီးနောက် တံတွေးထွေးချလိုက်သည်နှင့် တူညီနေသောကြောင့်ဖြစ်၏။

ထိုအရှက်ရမှုက ကျုံးချန်ကို ရွှယ်အန်းအား အရှင်လတ်လတ် ဝါးမျိုချင်စိတ် ပေါက်သွားစေခဲ့သည်။ သို့သော် ရွှယ်အန်းက ကျုံးချန်၏ ရက်စက်ကြမ်းကြုတ်သော အကြည့်ကို တစ်ချက်ကလေးမျှပင် အာရုံမစိုက်ခဲ့ချေ။ ကုလားထိုင်တွင် နောက်သို့ မှီထိုင်လိုက်ပြီး ရွှယ်အန်းက အရေးမစိုက်သော လေသံဖြင့် ပြောသည်။

"ဒီမှာ ရပ်နေတုန်းပဲလား၊ ဘာလဲ... မင်း ထပ်ပြီး ဒူးထောက်ချင်သေးလို့လား"

ထိုစကားလုံးများ ကျဆင်းသွားသည့် အခိုက်အတန့်တွင် ဒေါသတကြီး ဖြစ်နေခဲ့သော ကျုံးချန်မှာ ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားတော့သည်။ ထိုအရသာကို ထပ်မံ ခံစားကြည့်ရန် သူ မရဲတော့ချေ။

ပိုင်ရှီးမှာမူ အနည်းငယ် ပို၍ ဉာဏ်ကောင်းသည့်အားလျော်စွာ ပို၍ပင် မြန်ဆန်စွာ ထွက်ခွာသွားလေသည်။ ရွှယ်အန်းက ဟာသဇာတ်ကောင် နှစ်ကောင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာကာ ခန်းမဆောင် တစ်ခုလုံးကို ပေါ့ပေါ့ပါးပါး အကဲခတ်ကြည့်ရှုလိုက်သည်။

သူ၏ မျက်လုံးများက အမြင့်စင်မြင့်ပေါ်ရှိ လော့ကျင်းထင်ကို ဖြတ်ကျော်သွားပြီး သူမက သူ့ကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေသည်ကို မြင်သောအခါ သူက ခပ်ဟဟ အပြုံးတစ်ခု ပြသလိုက်ပြီးနောက် ကုလားထိုင်ပေါ်တွင် နောက်သို့ မှီချကာ အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။

စောစောက ရုတ်ရုတ်သဲသဲ ဖြစ်မှုကြောင့် ရွှယ်အန်း မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် စားသောက်ပွဲ ခန်းမဆောင်အတွင်းရှိ စည်ကားသိုက်မြိုက်သော ဆူညံသံများမှာ သိသိသာသာ တိတ်ဆိတ်သွားခဲ့သည်။

လူအများအပြားက ဝမ်မိသားစု၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ဤအလေအလွင့်ကောင်ကို ရုတ်တရက်ကြီး ဤမျှလောက် စွမ်းအားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလာစေရန် ဘာကများ ဖြစ်ပေါ်စေခဲ့သလဲဟု တွေးတောရင်း ဇဝေဇဝါဖြစ်မှုများဖြင့် ရွှယ်အန်းကို ကြည့်နေကြသည်။

ရွှယ်အန်းက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေစဉ် နူးညံ့သော လက်တစ်ဖက်က သူ၏ နဖူးကို ညင်သာစွာ ထိတွေ့လာပြီး ညင်သာယုယစွာ နှိပ်နယ်ပေးရန် စတင်လိုက်သည်။

မျက်လုံးများ ဖွင့်မကြည့်ဘဲနှင့် သူ့ကို နှိပ်နယ်ပေးနေသူမှာ ချွဲဝမ်ယွမ် ဖြစ်ကြောင်း ရွှယ်အန်း သိရှိလေသည်။

ထို့နောက် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော သူမ၏ အသံက သူ၏ နားထဲသို့ ရောက်ရှိလာသည်။

"သခင်လေးရွှယ်... ရှင်က အရမ်းတော်တာပဲ၊ အဲဒီနှစ်ယောက်ကတော့ လုံးဝကို ထိတ်လန့်သွားကြတာ ဟားဟားဟား"

ရွှယ်အန်းက အဓိပ္ပါယ်မဖော်ပြနိုင်သော အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်သည်။ ဤအမျိုးသမီးငယ်လေး၏ အတွေးများကို သူ ကောင်းစွာ နားလည်လေသည်။ တရားမျှတပြီး သွေးဆူလွယ်သော ချွဲဝမ်ယွမ်အတွက် ရွှယ်အန်းက ကျုံးချန်နှင့် ပိုင်ရှီးတို့ကို ရက်စက်စွာ ပါးရိုက်လိုက်ခြင်းမှာ ရှင်းလင်းစွာပင် အလွန်အမင်း ကျေနပ်စရာ ကောင်းနေသည်။

သို့သော် ရွှယ်အန်း၏ အာရုံစိုက်မှုက ဤပုရွက်ဆိတ်များအပေါ်တွင် မရှိချေ။ ယခုလေးတင် ဖြစ်ပျက်သွားသည်များမှာ အမြည်းဟင်းလျာ သက်သက်သာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ရွှယ်အန်း၏ နတ်ဘုရားအာရုံထဲ၌ ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော အရှိန်အဝါတစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ရွှယ်အန်း၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခုက တွဲခိုလာခဲ့ပြီး သူက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝင်ပေါက်တွင် ဖာထေးထားသော သင်္ကန်းကို ဝတ်ရုံထားပြီး ကျောက်စိမ်းတစ်ခုအလား လင်းလက်နေသော ကတုံးဆံပင်ဖြင့် ဘုန်းကြီးတစ်ပါးက ဖြည်းညှင်းစွာ ခြေလှမ်းဝင်ရောက်လာသည်။ ထိုဘုန်းကြီးကို မြင်သောအခါ အမြင့်စင်မြင့်ပေါ်ရှိ လော့ကျင်းထင်သည် မတ်တတ်ရပ်လိုက်ပြီး လက်အုပ်ချီကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

"ဆရာ”

--

All Chapters