← Chapters

ဟင်္သာပြဒါး အုတ်ဂူ

Vol. 011 Ch. 514

ဟင်္သာပြဒါး အုတ်ဂူ

Vol. 011 Ch. 514

ဝမ်လင်း၏ မျက်လုံး သူငယ်အိမ်က ကျုံ့သွားပြီး သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “မိုချီ ...”

“ငါပါပဲ ... အစ်ကိုတနူး ... မင်း ခုထိ ငါ့မေးခွန်းကို မဖြေရသေးဘူး ...” သည်လူက မျက်နှာဖုံး ချွတ်လိုက်ပြီ ဖြစ်သည်။ သူက ဝမ်လင်းနှင့် မိုးသည်းသော ညတစ်ညတွင် ဘုရားကျောင်း တစ်ခုအတွင်း၌ သေခြင်းရှင်ခြင်း အကြောင်း ပြောခဲ့သည့် လူပင် ဖြစ်လို့နေတော့သည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ငါ့ အနာဂတ်က ဟင်္သာပြဒါးဂြိုဟ်မှာ မဟုတ်ဘူး ...” ဝမ်လင်းက အဖြူရောင် သလင်းကျောက်က သူ့ထံသို့ ဘာကြောင့် ပျံသန်းလာခဲ့သည်ကို ခုချိန်၌ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ဖြစ်နိုင်သည်က သည်လူ့ ဆန္ဒကြောင့်ပင် ဖြစ်ရပေမည်။

မိုချီက ဝမ်လင်းကို ကြည့်ကာ ခေါင်းယမ်း၍ သက်ပြင်းချသည်။ “ကံမကောင်းဘူး။ အစ်ကိုတနူးက မလိုချင်ဘူး ဆိုတော့လည်း ငါက ဒီကိစ္စကို ထပ်မပြောတော့ဘူး ...” သူ့မျက်လုံးထဲ၌ ရုတ်တရက် ရှုပ်ထွေးမှုအချို့ ဖြစ်ပေါ်သွား၏။

သည့်နောက် သူ့အကြည့်က ယွမ်ချွဲဇီထံသို့ ကျရောက်လာ၏။

“စွန့်ပစ်ခံ မသေမျိုးကလန် ... ဟင်္သာပြဒါးဂြိုဟ်ရဲ့ သုံးပံတစ်ပုံကို မင်းတို့အတွက် ပေးမယ်။ ဒါပေမဲ့ နှစ်တစ်ထောင် ကြာတိုင်းမှာ မင်းတို့က သစ်ရွက်ကိုးရွက် ဒါမှမဟုတ်အဲဒီအဆင့်ထက် မြင့်တဲ့ အဖွဲ့ဝင် တစ်ယောက်ရဲ့ ဦးခေါင်းခွံကို ကမ်းလှမ်းရမယ်။ ယွမ်ချွဲဇီ ... မင်း သဘောတူလား ...”

ယွမ်ချွဲဇီ စိတ်ထဲ၌ ခါးသီးစွာ ခံစားနေရသည်။ သူက ခုချိန်တွင် ငြင်းဆန်ခွင့် မရှိကြောင်း သိနေခဲ့သည်။ သည်လူက ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့ကြီးကို ကိုယ်စားပြုနေသည့်သူ မဟုတ်လား။ စွန့်ပစ်ခံ မသေမျိုးကလန်က သည်အဖွဲ့ရှေ့တွင် မားမားမတ်မတ် ရပ်တိုင်နိုင်ရန် အခွင့် မရှိချေ။

သူက လေးလံစွာ ခေါင်းညိတ်ပြလိုက်၏။ ယွမ်ချွဲဇီက ရုတ်တရက် ပို၍ အိုစာသွားပုံ ပေါက်၍ သူ့မျက်လုံးကလည်း မှိန်ဖျော့လို့သွား၏။

သည်အခိုက်တွင် လှိုင်းများက ပင်လယ် ရေမျက်နှာပြင် ထက်တွင် စတင် ဖြစ်ပေါ်လာပြီးနောက် ဟင်္သာပြဒါး အုတ်ဂူပြိုကျမှုက တစ်ဖန် စတင်ခဲ့လေ၏။ လှိုင်းကြမ်းများ ထနေစဉ် မိုချီက သူလက်ကို မြှောက်လိုက်ရာ သူ့လက်ထဲရှိ အဖြူရောင် သလင်းကျောက်က စတင် တောက်ပလာခဲ့၏။

သည်အလင်းက ပင်လယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ဟင်္သာပြဒါး အုတ်ဂူအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ သိပ်မကြာခင်မှာပင် ဟင်္သာပြဒါး အုတ်ဂူတစ်ခုလုံးအား ဖုံးလွှမ်းသွားတော့၏။

မိုချီက ညင်သာစွာ ပြောလိုက်သည်။ “ပိတ်ခြင်း ...”

စကားတစ်ခွန်းဖြင်ပင် ပြိုကျနေမှုက ရုတ်တရက် ရပ်တန့်လို့သွားသည်။ အက်ကွဲကြောင်းများ အားလုံးသည်လည်း ပြန်လည် ပိတ်လို့သွားတော့၏။

အသက်ဆယ်ခါ ရှူချိန်ပြီးနောက် ဟင်္သာပြဒါးအုတ်ဂူက ပြန်လည် ကောင်းမွန်လို့သွား၏။

မိုချီက သူ့လက်ထဲရှိ သလင်းကျောက်ကို နောက်ဆုံးအနေနှင့် တစ်ချက်ကြည့်၍ ၎င်းကို ပင်လယ်ထဲသို့ ပစ်လွှတ်လိုက်တော့သည်။ အဖြူရောင် သလင်းကျောက်က ပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး ပျောက်ကွယ် သွားလေတော့၏။

သည့်နောက် သူက ကျူးချွဲဇီ၏ အလောင်းကို လက်ညွှန်လိုက်ရာ သူ့မျက်ခုံး နှစ်ခုကြားကနေ နှလုံးပုံစံ သလင်းကျောက်တစ်ခု ထွက်ပေါ်လာတော့၏။ သည်သလင်း ကျောက်ပေါ်၌ အက်ကွဲရာများစွာ ဖြစ်ပေါ်လို့နေပြီး ၎င်းက အချိန်မရွေး ပျက်စီးသွားနိုင်သည်ဟု ထင်မှတ်ရသည်။

သို့သော် ထိုအချိန်၌ အက်ရာများက ထူးဆန်းစွာ ပြန်၍ ပိတ်လာခဲ့ပြီး အသက် သုံးခါရှူစာ ကြာပြီးနောက် သည်နှလုံးပုံစံ သလင်းကျောက်ပေါ်၌ မည်သည့်အက်ရာမှ ရှိမနေတော့ချေ။

“နောက်ထပ် ဟင်္သာပြဒါး ...” သူ့အကြည့်က ဝမ်လင်းကို ကျော်၍ ကျိုးဝုထိုင် ရှိရာသို့ ကျရောက်လာ၏။

ကျိုးဝုထိုင်နှလုံးက မြန်ဆန်စွာ ခုန်ပေါက်သွား၏။ သူက အလွန် စိတ်လှုပ်ရှားနေပြီး သူ့ခန္ဓာကိုယ်ပင် အနည်းငယ် တုန်ယင်လို့နေ၏။

“အစိမ်းရောင်နဂါး သွေးမျိုးဆက် ... မင်းက ရွေးချယ်ခံ တစ်ယောက် ဖြစ်ဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ မင်းကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို မရောက်သေးဘူး ...” မိုချီအကြည့်က ကျိုးဝုထိုင်ထံကနေ သူ့ဘေးတွင် ကျင့်ကြံနေသော ဇီရှင်းထံသို့ ကျရောက်သွားလေ၏။

“ကျင့်ကြံခြင်း မီးပြင်းဖို ... ကံကောင်းထောက်မပြီး သူမက ဒီအခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိခဲ့တယ် ... ဒါလိုမျိုး အဖြစ်က တကယ့်ကို ရှားတယ် ...” မိုချီမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်၏။

ကျိုးဝုထိုင်က ခါးသက်စွာ ပြုံး၍ သက်ပြင်းချမိသည်။ သူက သူ့ကျင့်ကြံမှု အဆင့်သည် ဟင်္သပြဒါးခေါင်းစီး ဆိုသည့် နေရာကို ရရှိရန် မလုံလောက်သေးမှန်း သိပေ၏။

“ကျင့်ကြံခြင်း မီးပြင်းဖို ... သူမနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းတာ ရှိနေတယ် ...” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ဇီရှင်းနှင့် အရင်တုန်းက ပြဿနာလေးတွေ ရှိခဲ့ဖူးသည်။ ထို့ကြောင့် သူတို့နှစ်ယောက်က မိတ်ဆွေဆိုသည်ထက် ရန်သူနှင့် ပိုတူ၏။ သူက သူမခန္ဓာကိုယ်၏ ပြောင်းလဲမှု တစ်ခုကို သတိပြုမိခဲ့သည်။ ထိုပြောင်းလဲမှု ဇီရှင်းနှင့် ချန်းဖန်တို့ကြားရှိ တစ်စုံတစ်ခု ဖြစ်လေ၏။ သူက သူတို့ နှစ်ယောက်ကြားတွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို တိတိကျကျ မသိခဲ့သော်လည်း ဇီရှင်းက ချန်းဖန်၏ ကျင့်ကြံခြင်း မီးပြင်းဖို ဖြစ်ခဲ့ရပေမည်။

သူချန်းဖန်ကို သတ်ပစ်ခဲ့ခြင်းက သူမဆန္ဒကို လိုက်လုပ်ပေးသလိုပင် ဖြစ်သွားခဲ့လေ၏။ သို့သော် ဝမ်လင်းက သည်အရာကို မြင်နိုင်စွမ်း မရှိခဲ့ချေ။ သူက အချိန်အတန် ကျင့်ကြံခဲ့သော်လည်း ကျင့်ကြံခြင်း မီးပြင်းဖိုက သူ့သခင်၏ ကျင့်ကြံခြင်းကို ယူလို့ရသည့် မန္တန်မျိုး လုံးဝ မကြားဖူးခဲ့ပေ။ သည် မန္တန်က အလွန် အံ့ဖွယ်ဖြစ်ပြီး ထူးဆန်းပေရမည်။ သို့သော် မန္တန်များက ပိုမို ထူးဆန်းလေလေ ၎င်းတို့၌ ဆိုးရွာသော အားနည်းချက်များလည်း ရှိနေမည်သာ ဖြစ်၏။ ဝမ်လင်းက ယွမ်ချွဲဇီ ထံသို့ ကြည့်လိုက်၏။ သူက သည်ကိစ္စသည် ယွမ်ချွဲဇီနှင့် ပတ်သက် နေလိမ့်မည်လို့ ယုံကြည်နေပေ၏။

ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “တမန်တော် အရှင် ...”

မိုချီက ဝမ်လင်းကို ကြည့်၏။

ဝမ်လင်းက ပြောလိုက်သည်။ “သူက စိတ်ဝိညာဉ်အသွင် ပြောင်းခြင်းအဆင့်ကို မရောက်သေးပေမဲ့ ... ဒါက အမြဲ ဖြစ်နေမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ ...”

ဝမ်လင်းက ထိုသို့ ပြောလိုက်သည့်အခါ ကျင့်ကြံနေသော ဇီရှင်းက မျက်လုံးဖွင့် လာခဲ့သည်။ သူမအေးစက်စက် အကြည့်က ဝမ်လင်းထံသို့ ရောက်ရှိလာခဲ့၏။ ဝမ်လင်းက သူမထံ၌ ချန်းဖန်၏ အော်ရာ ထူထဲစွာ ရှိနေသည်ကို ခံစားမိ၏။

ဇီရှင်က အေးစက်စွာ ပြောလိုက်သည်။ “ဝမ်လင်း ... နင်က ဘာကို ဆိုလိုတာလဲ ...”

ဝမ်လင်းက ဇီရှင်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်၏။ “ဂျူနီယာ ... ငါ စကျင့်ကြံတုန်းက နင်က မွေးတောင် မမွေးသေးဘူး။ နင့်အမေရဲ့ နို့နံ့တောင် ခုထိ စင်သေးရဲ့လား။ ပါးစပ်ပိတ်ထားစမ်း ...”

ဇီရှင်မျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ ထို့နောက် သူက ရုတ်တရက် မတ်တတ် ထရပ်လိုက်ရာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့်၏ အော်ရာက ပျံ့နှံ့လို့လာ၏။ သူမက ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ဝမ်လင်း ... အတိတ်တုန်းက နင်က ငါ့ကို လေဟာနယ် အက်ကွဲကြောင်းထဲကို ပို့ခဲ့တယ် ... ငါက သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ငါက ဒါကို ငါ့စိတ်ထဲမှာ မှတ်ထားတုန်းပဲ။ အစကထက် နင့်ကျင့်ကြံမှု အဆင့်က မြင့်လာပေမဲ့ နင်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ နင့်ရဲ့ စိတ်ဝိညာဉ်ဆယ်သန်း အလံကလည်း အားလျော့သွားခဲ့ပြီ။ ငါက နင့်ကို သတ်ချင်ရင် အလွယ်လေးပဲ ...”

ဝမ်လင်းက ဇီရှင်ကို အေးစက်စွာ ကြည့်၍ လှောင်ပြောင်ဟန် ပြုံးကာ ပြောသည်။ “ငါက နောက်ထပ်ဖြစ်လာမဲ့ ဟင်္သာပြဒါး ခေါင်းစီးကို သဘောတူ လိုက်ရင်ရော ...”

သူက ထိုသို့ ပြောလိုက်သည့်အခါ ဇီရှင်က မှင်တက်လို့သွား၏။ သူမက စိတ်ထဲ၌ ရုန်းကန်နေမိသည်။ အဆုံးသတ်မှာတော့ သူမက ခေါင်းငုံ့သွားပြီး မည်သည့်စကားမျှ ဆက်မဆိုတော့ချေ။

ဝမ်လင်းကသာ ဟင်္သာပြဒါးခေါင်းစီး ဖြစ်လာပြီး ဟင်္သာပြဒါး ချိပ်ပိတ်ခြင်း နည်းလမ်းကို သုံး၍ တိုက်ခိုက်လာလျှင် သူမအတွက် ခုခံရန် နည်းလမ်း ရှိလိမ့်မည် မဟုတ်ချေ။

သည်အခိုက်မှာ သူမက ခုထိ ဝမ်လင်းကို ကြောက်လန့် နေမိသေးကြောင်း ခါးသီးစွာ သိလိုက်လေ၏။ သူမက ချန်းဖန်၏ ကျင့်ကြံခြင်း အဆင့်ကို ရရှိခဲ့သော်လည်း သည်ကြောက်လန့်မှု ခံစားချက်က ရှိလို့နေဆဲပင်။

မိုချီက ဝမ်လင်းကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “အစ်ကိုတနူး ... သင်က နောက်ထပ်ဖြစ်လာမဲ့ ဟင်္သာပြဒါး ခေါင်းစီး ဖြစ်လာချင်လို့လား ...”

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “တမန်တော်အရှင် ... ငါက ဟင်္သာပြဒါး ခေါင်းစီး ဖြစ်လာမယ်ဆိုရင် ငါက ဒါကို တခြားလူ တစ်ယောက်ကို လွှဲပေးလို့ ရတယ်မလား ...” ဝမ်လင်းက ကျိုးဝုထိုင်ထံသို့ လက်ညှိုးထိုးလိုက်၏။

ကျိုးဝုထိုင်က ပြောစရာ စကားမဲ့လို့ သွားလေသည်။ သူ့ခန္ဓာကိုယ်က တုန်ခါနေပြီး သူ့အကြည့်က ကျေးဇူးတင်မှုတို့နှင့် ပြည့်လို့နေ၏။

မိုချီက ပြုံးလိုက်သည်။ သူ့အမြင်တွင် ဟင်္သာပြဒါး ခေါင်းစီးက ဘာမှ မဟုတ်ချေ။ သူက မည်သူ့ကိုပေးပေး သူ့အတွက် အရေးမကြီးလှချေ။

အနည်းငယ် စဉ်းစားပြီးနောက် မိုချီက ကျိုးဝုထိုင်ထံသို့ လက်ညွှန်၏။ နှလုံးပုံစံ သလင်းကျောက်က ကျိုးဝုထိုင်ထံသို့ ပျံသန်း သွားလေတော့သည်။

ကျိုးဝုထိုင် ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး နှလုံးပုံစံ သလင်းကျောက်က သူ့မျက်ခုံးနှစ်ခုကြားသို့ နစ်မြုပ်သွားတော့၏။

“ဒီမှာ တစ်နှစ်နေပြီး ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းကို နားလည်အောင် လုပ်ပါ။ ခုက စပြီး မင်းက ဆယ့်ငါးယောက်မြောက် ဟင်္သာပြဒါး ခေါင်းစီးပဲ။ ဒါပေမဲ့ ကျင့်ကြံခြင်း ဂြိုဟ်သလင်း ကျောက်ပေါ်မှာ ရှိတဲ့ ချိပ်ပိတ်မှုကိုတော့ ငါက မချိုးဖျက်ခဲ့ဘူး။ ဒါကို ဒီအတိုင်းပဲ ထားလိုက်တော့ ...”

မိုချီက ထိုသို့ပြောပြီးနောက် သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ယွမ်ချွဲဇီနှင့် ဇီရှင်းတို့သည် ပျောက်ကွယ် သွားကြတော့၏။

တစ်ချိန်တည်းမှာပင် ကျိုးဝုထိုင် ခန္ဓာကိုယ်က ပင်လယ်ထဲသို့ နစ်မြုပ်သွားကာ ပျောက်ကွယ် သွားလေတော့၏။

သည်အခိုက်တွင် မိုချီနှင့်ဝမ်လင်းတို့သာ ကျန်ခဲ့လေတော့၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “ကျေးဇူးအများကြီး တင်ပါတယ် ...”

မိုချီက ရယ်မောကာ ပြောလိုက်သည်။ “အစ်ကိုတနူး ... နောက် အနာဂတ်ကျရင် ငါက သင့်ရှိကနေ အကူအညီ တောင်းရမှာတွေ ရှိလာနိုင်တယ်။ အဲဒီအချိန်ကြရင် ငါ့ကို မငြင်းပစ်ပါနဲ့။ ငါက ဟင်္သာပြဒါး ဂြိုဟ်ကနေ ထွက်သွားပြီး ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့ကို တင်ပြရဦးမယ်။ နောက်အနာဂတ်မှာ အခွင့်ရလျှင် ငါတို့ ထပ်တွေ့ ကြတာပေါ့။ ခု ငါတို့ အတူထွက်သွားကြမလား ...”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “တမန်တော် အရှင် ... ငါ ဒီဟင်္သာပြဒါး အုတ်ဂူထဲမှာ လုပ်စရာလေးတွေ ကျန်သေးတယ် ...”

မိုချီက ပြုံး၍ ခေါင်းညိတ်၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ အနီရောင် သင်္ကေတတစ်ခု ထွက်ပေါ်လာသည်။ “ဒီသင်္ကေတကို မှတ်ထားပါ။ မင်း ဒီက ထွက်ခွာချင်ရင် မင်းရဲ့ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုပြီး ဒီသင်္ကေတပုံစံ လုပ်လိုက်ရင် မင်းထွက်သွားနိုင်လိမ့်မယ် ...”

မိုချီက ဝမ်လင်းက အတွေးပါသော အကြည့်ဖြင့် နောက်ဆုံးကြည့်၍ လှည့်၍ ထွက်သွားလေတော့သည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ပျောက်ကွယ်လို့ သွားတော့၏။

သည်အခိုက်တွင် ဝမ်လင်း တစ်ယောက်တည်းသာ သည်နေရာ၌ ကျန်ခဲ့တော့သည်။

“ငါက ငါ့စိတ်ဝိညာဉ် အပိုင်းအစနဲ့ ဝမ်အာရဲ့ စိတ်ဝိညာဉ် အပိုင်းအစကိုပါ ရပြီးသွားခဲ့ပြီ။ ခု ဟင်္သာပြဒါးကလည်း ကျိုးဝုထိုင် ဖြစ်လာပြီ။ သူက ကျေးဇူး သိတတ်သူလည်း ဖြစ်တယ်။ ငါက သူ့ကို ကူညီထားခဲ့ဖူးပြီး။ ဒါ့ကြောင့် ငါက ဒီမှာ မရှိဘူးဆိုရင်တောင် ငါသိတဲ့လူတွေကို သူက စောင့်ရှောက်ပေးလိမ့်မယ်။ ဒါ့ကြောင့်လည်း ငါက စိတ်ရှင်းရှင်း ထားနိုင်လိမ့်မယ် ...”

သည့်အတွက်ကြောင့် သူက ကျိုးဝုထိုင်ကို ဟင်္သာပြဒါး ခေါင်းစီး ဖြစ်စေခဲ့ခြင်းပင်။ သည်လို ဖြစ်စေလိုက်ခြင်းက သူ့အတွက် အနာဂတ်တွင် ပူပန်စရာ မရှိအောင် ဖြစ်လေ၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် အကွာအဝေး တစ်ခုထံသို့ ပျံသန်းသွားသည်။

သူက အဝေးကြီး မပျံသန်း ရသေးခင်မှာပင် အနက်ရောင် အစက်သုံးခုက သူ့ထံသို့ အကွာအဝေး တစ်ခုကနေ လာနေသည်ကို လှမ်းမြင်လိုက်ရသည်။ သည်အလင်းတန်း သုံးခုက မူလစိတ်ဝိညာဉ် သုံးခုအသွင်သို့ ပြောင်းလဲသွားလေ၏။ ဝမ်လင်း မျက်လုံးများက အေးစက်လာခဲ့ပြီး သူက စိတ်ဝိညာဉ်အလံကို ထုတ်ယူလိုက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ မူလစိတ်ဝိညာဉ် သုံးခုက အလံထဲသို့ ဝင်ရောက် သွားလေတော့သည်။

“ဒီလျိုမေက အရည်အချင်း အချို့ ရှိနေတာပဲ။ သူမက သူ့နောက်ကို လိုက်သွားခဲ့တဲ့ မူလစိတ်ဝိညာဉ် လေးခုထဲက တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ် ... သူမက ဒီဟင်္သာပြဒါး အုတ်ဂူထဲကနေ ထွက်သွားလောက်ပြီ ...”

“ခုချိန်ထိ ငါက ဒီအမျိုးသမီးနဲ့ ရန်ငြိုး ကြီးကြီးမားမား မရှိသေးဘူး။ ဒါပေမဲ့ သူမက ငါ့ကို ထပ်ခါထပ်ခါ နှောင့်ယှက်နေတယ်။ သူမက ချန်းဖန်နဲ့ပေါင်းပြီး ငါ့ကို သတ်ဖို့တောင် လုပ်ခဲ့သေးတာပဲ။ ငါက သူမကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး ...” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်၏။

လျိုမေ၏ ဆွဲဆောင်မှုက ဝမ်လင်း ဆုံးဖြတ်ချက်ကို အနည်းငယ်ပင် သက်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ သည်အရာက လျိုမေ ပြောခဲ့သလိုပင်။ သူ့စိတ်ထဲ၌ လီမူဝမ်ကလွဲ၍ တခြား မိန်းမများအပေါ်တွင် ရက်စက်တက်သည်သာ ဖြစ်လေ၏။

“ဟင်္သာပြဒါး အုတ်ဂူကိုလာခဲ့တဲ့ ဒီခရီးစဉ်မှာ ဆုံးရှုံးမှုက တကယ့်ကို ကြီးမားလွန်းတယ်။ မူလစိတ်ဝိညာဉ် သုံးခုပဲ ကျန်ခဲ့တော့ပြီး စိတ်ဝိညာဉ် အပိုင်းအစ အားလုံးက ဖျက်ဆီးသွားခဲ့ပြီ။ အလံရဲ့ စွမ်းအားက အရမ်းကို အားနည်းလွန်း သွားခဲ့ပြီ ဖြစ်တယ်။ ဒါပေမဲ့ လုံလောက်တဲ့ စိတ်ဝိညာဉ်တွေ ပြန်ရရင်တော့ ဒီအလံရဲ့ စွမ်းအားအပြည့်ကို ပြန်ရောက်မှာပဲ။ ကံမကောင်းစွာနဲ့ လေလွင့် ဝိညာဉ်တွေက အသုံးမပြုနိုင်ဘူး။ မဟုတ်ရင် ဒါကို ပြန်ပြင်ဆင်ရတာ တော်တော်လေး လွယ်သွားမှာပဲ ...”

“ကျင့်ကြံခြင်းဂြိုဟ် သလင်းကျောက်က ဂျိနယ်ပယ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ အရေးကြီးတဲ့ ပစ္စည်းဖြစ်တယ် ဆိုတာ လိမ်ညာတာ တစ်ခုပဲ ဖြစ်ရမယ်။ ခုချိန်မှာ အရေးကြီးဆုံးက ရှုလီကောကို ရှာဖို့ပဲ။ ငါက လခြမ်းကွေး ဓားသွားကို အရယူရမယ် ...” ဝမ်လင်းက ရှုလီကောကို လွှတ်ထားပေမဲ့ သူနှင့် ဆယ်နွှယ်မှု ရှိနေတုန်းပင်။ သူက ခြေတစ်လှမ်း လှမ်း၍ အခိုးအငွေ့အဖြစ်သို့ ပြောင်းကာ တစ်ဟုန်ထိုး ထွက်သွားလိုက်၏။

သည်လိုနှင့် ဟင်္သာပြဒါး အုတ်ဂူထဲရှိ ပြဿနာများသည် အဆုံးသတ်လို့ သွားလေ၏။

စွန့်ပစ်ခံ မသေမျိုးကလန်ကတော့ ယွမ်ချွဲဇီ အုတ်ဂူထဲကနေ ပြန်ထွက်လာသည့်အခါ သူတို့က အနောက်မြောက် အရပ်သို့ ပြန်ဆုတ်သွားကြပြီး ထိုနေရာရှိ ကုန်းမြေ တစ်ခုပေါ်တွင် အခြေချ လိုက်ကြသည်။ သူတို့က ကျင့်ကြံသူများနှင့် ဆက်နွှယ် ပတ်သက်ခြင်း မလုပ်ကြတော့ချေ။

ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ စစ်ပွဲအတွင်း များစွာသော ကျင့်ကြံသူများက သေဆုံးခဲ့ကြပြီး ကလန်အများစုက အလွန်အားနည်း သွားခဲ့ကြသည်။ သည့်အတွက်ကြောင့် ကလန်များက တပည့်များကို ပြန်လည် ရွေးချယ်ပွဲများ ပြုလုပ်လာကြ၏။

ကျင့်ကြံရန် အရည်အချင်း ပြည့်မီသည့် လူအများကြီးက ကလန်များသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။

ပါရမီရှိသော လူအချို့ကတော့ သူတို့ဌာနေများ ကနေ ကလန်အချို့၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပေသည်။ သူတို့က ရတနာများ ပေးအပ်ခြင်း ခံရသည့်အပြင် ဆရာများ၏ ကိုယ်တိုင်သင်ကြား ပေးမှုကိုပါ ခံကြရပြီး သူတို့ကလန်များ၏ ထောက်တိုက်များ ဖြစ်လာရန် ပြင်ဆင်ပေးခြင်း ခံရလေ၏။

ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ တစ်ဦးတည်းသော အာဏာတက်ခြင်း အဆင့် အစောပိုင်း ကျင့်ကြံသူ တစ်ယောက်သာ ကျန်ခဲ့တော့သည်။ သူက သူ့နေ့ရက်များကို တံခါးပိတ် ကျင့်ကြံခြင်း၌သာ ကုန်ဆုံးစေသည့် မြေကမ္ဘာ စိတ်ဝိညာဉ်ကလန်က ဘိုးဘေးဖြစ်လေသည်။ သူက ခုဖြစ်ခဲ့သည့် ဂြိုဟ်ပေါ်ရှိ စစ်ပွဲကိုလည်း ဂရုမစိုက်ခဲ့ချေ။ သူက ကျိုးဝုထိုင်သည် ကျင့်ကြံခြင်း မဟာမိတ် တမန်တော်၏ ညွှန်းဆိုခြင်း ခံခဲ့ရသည့်အတွက် မပျော်မရွှင် ဖြစ်မိသော်လည်း သူ့တွင် လက်ခံရန်သာ တတ်နိုင်ခဲ့လေ၏။

တစ်နှစ်ကြာပြီးနောက် ကျိုးဝုထိုင်က ဟင်္သာပြဒါး အုတ်ဂူထဲကနေ လှမ်းလျှောက်၍ ထွက်လာခဲ့သည်။ သူ့ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အထွတ်အထိပ် အဆင့်တွင်သာ ရှိနေသေးသော်လည်း ဟင်္သာပြဒါး ချိပ်ပိတ်ခြင်းနှင့် ဆိုလျှင် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်များကိုပင် ထိတ်လန့်စေမည် ဖြစ်လေ၏။

သူက ကျင့်ကြံမှု အဆင့်နိမ့်ဆုံး ဟင်္သာပြဒါး ခေါင်းစီးကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့လေသည်။

သူက သူ့ကျင့်ကြံမှု အဆင့်က အလွန် နိမ့်နေသေးကြောင်း သိပေသည်။ သည့်အတွက်ကြောင့် သူက ပြန်ပေါ်လာပြီးသည့် အခါတွင်လည်း ဟင်္သာပြဒါးတောင်သို့ သွား၍ တံခါးပိတ် ကျင့်ကြံနေတော့၏။

ဟင်္သာပြဒါးဂြိုဟ် တစ်ခုလုံးက တစ်ဖန်ပြန်၍ အေးချမ်း လာခဲ့လေပြီ။

***

All Chapters