အခန်း ၁၂၀၁
Vol. 101 Ch. 1201
အခန်း ၁၂၀၁ -
အဖြူရောင်အရိုးရွံ့နွံ ... ။
အဖြူရောင်အရိုးနွံ။ ဤသည်မှာ တားမြစ်နယ်မြေအတွင်းရှိ အန္တရာယ်များသော နေရာတစ်ခုဖြစ်ပြီး သူတော်စင်အင်မော်တယ် များပင် ကြောက်ရွံ့ထိတ်လန့်ရသည့် ဒေသကြီးဖြစ်သည်။
ဤရွှံ့နွံသည် အလွန်တရာ ကျယ်ပြန့်ပြီး တစ်နှစ်ပတ်လုံး မီးခိုးရောင်သန်းသော မြူများ ဖုံးလွှမ်းနေကာ ဆွေးမြေ့နေသော အဖြူရောင် အရိုးများဖြင့် ပြည့်နှက်နေ၏။
ထို့ပြင် ရွှံ့နွံထဲတွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် နတ်ဆိုးဝိညာဉ်များစွာ ပုန်းအောင်းနေသည်။
“ အဖိုး ... ဟိုမှာ အဲဒီကောင်လေး မဟုတ်လား ... တစ်ယောက်တည်းနဲ့ အန္တရာယ် တွေကို ဖြတ်ကျော်ပြီး အဖြူရောင်အရိုးနွံဆီ ဘေးကင်းကင်း ရောက်လာတာလား ... မယုံနိုင်စရာပဲ။ ”
မိန်းကလေးက မယုံနိုင်လောက်အောင် အံ့ဩနေသောအသွင်ဖြင့် အဖြူရောင်အရိုးနွံရှေ့ ရပ်နေသော စုရီကို ကြည့်ကာရေရွတ်သည်။
သူမတို့သည် ဤဖူရှင်းတောင်သို့ ဝင်ရောက်ဝံ့သည်မှာ အတွေ့အကြုံကြွယ်ဝပြီး ဝှက်ဖဲများစွာ ပြင်ဆင်လာခဲ့သော သူမ၏အဖိုးကြောင့်ဖြစ်သည်။
တစ်ဖက်လူမှာမူ ဤနေရာအထိ မည်သို့ရောက်ရှိလာသည်ကို သူမ စိတ်ကူး၍ပင် မရနိုင်တော့ချေ။ လမ်းတလျှောက် သူမတို့ကဲ့သို့ မည်သည့် အန္တရာယ်မျှ ကြုံပုံမရချေ။
“ သူ ကြိုတင်ပြင်ဆင်ထားတာ ထင်ရှားပါတယ် သာမန်လူတော့ မဟုတ်ဘူး။ ”
အဘိုးကြီးသည်လည်း အနည်းငယ် အံ့အားသင့်နေခဲ့သည်။
“ ဒါပေမယ့် ... သူ့မှာ ဒီအရိုးရွှံ့နွံကို ဖြတ်ကျော်နိုင်မယ့် အခွင့်အရေးတော့ မရှိဘူး။ ”
“ ဘာလို့လဲ အဖိုး။ ”
“ ဒီအရိုးရွှံ့နွံထဲမှာရှိနေတဲ့ ဝိညာဉ်တွေက သူတော်စင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူ ကိုတောင် ခြိမ်းခြောက်နိုင်တာ အမည်ခံ အင်မော်တယ် တစ်ပါးက ဘယ်လိုလုပ် ခံယူနိုင်မှာလဲ။ ”
အဖိုးအိုက ရှင်းပြသည်။ အမျိုးသမီးမှ စိတ်ဝင်တစားဖြင့် အဝေးရှိလူငယ်ထံသို့ မျှော်ကြည့်လိုက်၏။
“ ပြီးတော့ ဒီအရိုးရွှံ့နွံကို ဖုံးအုပ်နေတဲ့မြူတွေကို ဝိညာဉ်ချည်နှောင်မြူလို့ ခေါ်တယ် အဲဒါက ရတနာအမျိုးမျိုးရဲ့စွမ်းအား အပေါ် ဖိနှိပ်ထားနိုင်စွမ်းရှိတယ် ဆိုလိုတာက ...
... သူ့မှာ လျှို့ဝှက်ဖဲတွေ အများကြီး ရှိနေရင်တောင် ဒီအရိုးနွံထဲမှာ သေချာပေါက် အသုံးမဝင်ဘူး။ ”
“ အဖိုး ... ဒါဆို ငါတို့ သူ့ကို ကူညီပေးရအောင်။ ”
အဘိုးအိုက ခဏမျှစဉ်းစားပြီးနောက် ‘ကောင်းပြီ’ဟု သဘောတူလိုက်၏။ လမ်းခရီး၌ မည်သည့်အန္တရာယ်မျှ မကြုံတွေ့ရသောကြာင့် သူ့၌စိတ်ကောင်းဝင်နေသည်။
အဘဘ့်ကြောင့် ကုသိုလ်တစ်ခု မပြုဘဲနေရမည်နည်း။ ထို့ကြောင့် စုရီထံပါးသို့ လျှောက်လှမ်းသွားခဲ့လေသည်။
ဤကျောက်စိမ်းရောင်ဝတ် လူငယ်သည် သာမန်လူမဟုတ်ကြောင်း သူ အစကတည်းက ရိပ်မိထားပြီးသား ဖြစ်သည်။ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နိုင်ခြေရှိ၏။
သည့်ပြင် ဤမျှ အန္တရာယ်များသော အရိုးနွံသို့ တစ်ယောက်တည်း ရောက်ရှိနိုင်ခြင်း သည်ပင် ထူးခြားမှုကို သက်သေပြနေသည်။
ထို့ကြောင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ထူထောင်ခြင်းသည်လည်း အကျိုးမယုတ်ဟု တွေးမိလာသည်။
“ ဟေး ... ကောင်လေး ... ငါတို့ ပြန်ဆုံကြပြန်ပြီနော်။ ”
မိန်းကလေးက ပေါ့ပါးသွက်လက်သော ခြေလှမ်းများဖြင့် စုရီရှိရာသို့ ဦးစွာပြေးသွား၏။ အဖိုးအိုမှ ခေါင်းရမ်းလျက် နောက်မှ လိုက်ပါလာသည်။
အရိုးရွှံ့နွံဘေးရှိ ခြောက်သွေ့နေသော သစ်ပင်အနီးတွင် ရပ်နေသည့်စုရီမှ အသံကြောင့် လှည့်ကြည့်ကာ ပြုံးလိုက်၏။
“ တကယ်ပဲ ... တိုက်ဆိုင်တယ်။ ”
“ ဟားဟားဟား ဒါ ကံကြမ္မာပဲ ... မင်းငါတို့နဲ့အတူ လိုက်ခဲ့ ... ဒီအရိုးရွှံ့နွံကြီးက အရမ်းအန္တရာယ်များတယ်။ ”
မိန်းကလေးမှ ဖိတ်ခေါ်လာ၏။ သူမနောက်ပါးမှ လိုက်လာသော အဘိုးအို သည်းလည်း ပြုံးလျက်၊
“ မင်း ... ဒါက ကံကြမ္မာပဲ မင်းဆန္ဒရှိတယ်ဆိုရင် ငါတို့နဲ့အတူ လိုက်ခဲ့နိုင်တယ်။ ”
-ဟု ဝင်ရောက်ဖိတ်ခေါ်လေသည်။
စုရီက အဖိုးကြီးထံ ကြည့်ကာ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ ဤအဘိုးကြီးနှင့် မိန်းကလေးသည် ရှေးဟောင်း တန်မျိုးနွယ်စုမှဖြစ်ပြီး လက်ရှိအင်မော်တယ် နယ်မြေ၌ ထိပ်တန်းအင်အားစုကြီးတစ်ခု ဖြစ်ကြောင်း စုရီသိထား၏။
ထိုမျိုးနွယ်စု၏ အခြေခံအုတ်မြစ်မှာ ထိုက်ချင်းဂိုဏ်း၊ ကြာပန်းကျောင်းတိုက် စသည် တို့နှင့်ပင် ယှဉ်နိုင်လောက်သည်။
“ ဒါဆို သွားကြစို့ ... ။ ”
အဘိုးကြီးက သူ့အင်္ကျီလက်ထဲမှ အဆောင်တစ်ခုကိုထုတ်ယူကာ လေထဲသို့ မြှောက်တင်လိုက်သည်။
ထိုအဆောင်တံဆိပ်သည် လေထုအလယ်တွင် ရွှေရောင်တိမ်တိုက်ကြီး အဖြစ် ချက်ချင်းပြောင်းလဲသွားတော့၏။
“ သတ္တုလေးပါးပုံကြမ်းအဆောင်။ ”
စုရီက ထိုတိမ်တိုက်ကြီးထံ မော့ကြည့်လိုက်ကာ မှတ်မိသွားလေသည်။ ဤသည်မှာ သူတော်စင်အင်မော်တယ်အဆင့် ရတနာဖြစ်ပြီး ကပ်ဘေးစွမ်းအားကို အထူးချေဖျက်နိုင်စွမ်းရှိသည်။
“ ဝှစ် ... ။ ”
ထို့နောက် အဘိုးကြီးက လူတိုင်းကို ရွှေရောင်တိမ်တိုက်ပေါ် တက်ရောက်စေလျက် အဖြူရောင်အရိုးရွှံ့နွံ၏ ကောင်းကင်ယံထက်သို့ ဦးဆောင်၍ ပျံသန်းလာခဲ့လေသည်။
“ ဝူး ... ။ ”
ရွှံ့နွံအထက်ရှိ မီးခိုးရောင်မြူခိုးများက လှုပ်ရှားလာပြီး ရွှေရောင်မင်္ဂလာတိမ်တိုက်ကို ချုပ်နှောင်ရန် ကြိုးစားတော့၏။
သို့သော် မြူခိုးများ နီးကပ်လာချိန်တွင် တိမ်တိုက်အတွင်းမှ မီးငှက်၊ လိပ်နက်၊ ကျားဖြူ နှင့် နဂါးပြာဟူသော နတ်ဘုရားသားရဲ (၄)ကောင် ထွက်ပေါ်လာသည်။
“ အဖိုး ... ဒီသတ္တုလေးပါး သင်္ကေတပုံကြမ်း အဆောင်ကို အရိုးဖြူရွံ့နွံဖြတ်ဖို့အတွက် အထူး ယူလာတာမဟုတ်လား။ ”
မိန်းကလေးက ပျက်ပြယ်ကုန်သော မီးခိုးရောင်မြူများကိုငေးကြည့်ကာ ရုတ်တရက် သဘောပေါက်သွားလေသည်။ အဘိုးကြီးက တည်ငြိမ်စွာဖြင့်၊
“ ဒီဖူရှင်းတောင်က ... အန္တရာယ်များလွန်းတယ် ပြင်ဆင်မထားရင် ငါလည်းဝင်မလာရဲဘူး။ ”
-ဟု ပြောကြားလိုက်၏။
မိန်းကလေးက ညည်းညူလျက် ခေါင်းညိတ်လိုက်ပြီး ဘေးနားရှိစုရီဘက်သို့ လှည့်ကာ မေးလိုက်သည်။
“ ဒါနဲ့ ကောင်လေး ... မင်းက ဘာလို့ တစ်ယောက်တည်း ဒီတားမြစ်နယ်မြေထဲကို လာရတာလဲ။ ”
ထိုမေးခွန်းကို အဖိုးအိုသည်လည်း စိတ်ဝင်တစားဖြင့် နားစွင့်လာတော့လေသည်။ စုရီက အဝေးသို့ငေးလျက်၊
“ ထာဝရညအကယ်ဒမီရဲ့ အပျက်အစီးတွေကို ကြည့်ရုံပါပဲ။ ”
-ဟု ပြန်ဖြေ၏။
“ ဟားဟားဟား ... သိပြီ မင်းလည်း ထာဝရညအကယ်ဒမီရဲ့ ရတနာတွေအတွက် ရောက်လာတာပေါ့။ ”
“ ရတနာရှာတာက ဒုတိယပါ ... ငါ သိချင်တာက ... ဒီထာဝရညအကယ်ဒမီဟာ ဓမ္မအဆုံးခေတ်တုန်းက ဘာလို့ ဖျက်ဆီး ခံလိုက်ရတာလဲဆိုတာပဲ။ ”
“ ဒါတွေက ရှေးခေတ်ကအရာတွေပဲ သမိုင်းမြစ်ထဲမှာ နစ်မြုပ်သွားတာ ကြာလှပြီ သဲလွန်စတွေ ကျန်နေရင်တောင် ယုံကြည်လို့ရပါ့ဦးမလား ...
... ဒါနဲ့ မင်းက ဘာလို့ ဒီလိုအတိတ်ကအကြောင်းတွေကို စုံစမ်းချင် နေရတာလဲ။ ”
“ ဘာလို့လဲဆို ... ဓမ္မအဆုံးခေတ်ရဲ့ ကပ်ဘေးတစ်ခုတည်းက ထာဝရညအကယ်ဒမီ အပေါ် မဖျက်ဆီးနိုင်ဘူးလို့ ငါယုံကြည်လို့ပဲ။ ”
ထိုစကားကို ကြားသောအခါ အဘိုးအိုသည်ပင်အံ့အားသင့်သွားပြီး စုရီအပေါ် ပြန်လည်စိုက်ကြည့်လိုက်သည်။
အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်သည် ဤမျှရှေးကျသော ကိစ္စရပ်များကို အဘယ်ကြောင့် စိတ်ဝင်စား နေရသနည်း။ မိန်းကလေးက ဇဝေဇဝါဖြင့်၊
“ အကြောင်းပြချက် ရှာတွေ့ရင်တောင် ... အဲဒါက မင်းနဲ့ဘာဆိုင်လို့လဲ။ ”
-ဟု မေးမြန်းလာ၏။ စုရီက ဝိုင်အိုးကိုထုတ်ကာ တစ်ငုံသောက်လိုက်ပြီး၊
“ ငါ အမှန်အတိုင်း ပြောရင်တောင် မင်းယုံမှာမဟုတ်ဘူး ... ဒါကြောင့် မပြောတာပဲ ကောင်းပါတယ်။ ”
- ဟု ပြုံး၍ တုန့်ပြန်လေသည်။
“ ကောင်းပြီ ... မပြောချင်ရင် မပြောနဲ့ ငါလည်း စိတ်မဝင်စားဘူး။ ”
ထိုစကားကြောင့် စုရီမှ ပြုံးသည်။ တန်မိသားစုမှ ဤမိန်းကလေးသည် ရိုးရှင်းကာ ကလေးငယ်တစ်ဦးကဲ့သို့ ချစ်စရာကောင်းသဖြင့် မိသားစုအတွင်း ချစ်ခင်မြတ်နိုးကြမည့်ပုံစံမျိုး ရှိနေချေ၏။
“ ထူးဆန်းတယ် ... ငါတို့ ဒီအရိုးရွှံ့နွံကို ဖြတ်လာတာ ဝိညာဉ်ချည်နှောင်မြူကလွဲလို့ ဘာအန္တရာယ်မှ မကြုံရသေးဘူး။ ”
ရုတ်တရက် အရိုးဖြူရွံ့နွံကို ငုံ့ကြည့်ကာ အဖိုးအိုမှ သတိတရပြောသည်။ မိန်းကလေးက ပြုံးလိုက်ပြီး၊
“ အဖိုး ... အန္တရာယ်မရှိတာ ပိုကောင်းတာမဟုတ်လား ... ဒီအရိုးရွှံ့နွံထဲက သေလွန်ဝိညာဉ်တွေ ထွက်လာပြီး တိုက်ခိုက်မှ ကျေနပ်မှာလား။ ”
-ဟု စနောက်လေသည်။ အဘိုးအိုက မျက်နှာပျက်သွားပြီး၊
“ ပေါင်အာ ... မင်းဘာသိလဲ ... ဒီလို ငြိမ်သက်နေတာက ပုံမှန်မဟုတ်ဘူး မပေါ့ဆနဲ့။ ”
-ဟု ဆူပူလိုက်သည်။
စုရီသာလျှင် ဘေးမှနေပြီး ပြုံးနေမိ၏။ သူ့နှင့်အတူလိုက်လာသည့်နောက်၌ ထိုသို့သော သေလွန်ဝိညာဉ်များသည် မျက်နှာမပြဝံ့ တော့သည်မှာ သာမှန်ပေပင်။
သို့သော် ယင်းအကြောင်းကို မြေးအဖိုးနှစ်ယောက်ထံ ထုတ်ဖော်ပြောပြခြင်း မပြုခဲ့ချေ။ မလိုအပ်ဟု ယူဆသောကြောင့် ဖြစ်လေသည်။
“ ရွှီး ... ။ ”
ထိုစဉ် စူးရှသော လေခွင်းသံများ ရုတ်ချည်းထွက်ပေါ်လာကာ ကြေးလှံတစ်စင်း မြင်ကွင်းထဲပေါ်လာသည်။
“ သတိထား ... ။ ”
အဘိုးအိုက ချက်ချင်းသတိပြုမိကာ မိန်းကလေးနှင့် စုရီတို့ကို ဆွဲခေါ်ပြီး ဘေးသို့ ရွေ့ပြောင်းရှောင်တိမ်းလိုက်၏။
“ ဝုန်း ... ။ ”
ရွှံ့နွံမျက်နှာပြင် ပေါက်ကွဲထွက်သွားပြီး အောက်ခြေရှိ လူရိုးများ မရေမတွက်နိုင်အောင် လွင့်စင်တက်လာတော့သည်။
အဘိုးအိုမျက်နှာမှာ ဒေါသကြောင့် တင်းမာသွားကာ၊
“ ဘယ်ကောင်က ငါတို့ကို သတ်ဖို့ ပုန်းကွယ်နေတာလဲ ထွက်လာစမ်း။ ”
-ဟု အော်ဟစ်လေသည်။ သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေကာ မည်သည့် တုန့်ပြန်မှုမှ မရှိချေ။
“ အဖိုး ... ဒီကြေးလှံက ငါတို့ကို ပစ်တာမဟုတ်ဘူးထင်တယ် အရိုးဖြူရွှံ့နွံထဲက အဲဒီသေလွန်ဝိညာဉ်တွေကိုနှိုးဆွပြီး ငါတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတာ။ ”
အဘိုးဖိုက သတ်ဖြတ်လိုသော ရည်ရွယ်ချက်များပြသကာ ခေါင်းညိတ်လိုက်၏။ ထိုရည်ရွယ်ချက်ကို မြင်သူမဆိုမြင်နိုင်သည်။ မိန်းကလေးပင် ဒေါသထွက်လာ၏။
ထိုအချိန်တွင် စုရီသည် ရွှံ့နွံ၏ အောက်ခြေသို့ စိုက်ကြည့်လိုက်လေသည်။ သူ့ မျက်ဝန်းအိမ်ထဲ၌ တံဆိပ်တစ်ခုပေါ်လာကာ ခါးတွင်ချိတ်ထားသော ကျောက်စိမ်းဆွဲသီးမှာ အနည်းငယ် လှုပ်ခါသွားသည်။
တစ်ချိန်တည်းမှာပင် ရေကန်ကြီးသဖွယ် ကျယ်ပြောလှသောရွှံ့နွံကြမ်းပြင်၌ ပုန်းအောင်း နေကြသည့် သေလွန်ဝိညာဉ်များအားလုံး ကြောက်ရွံ့တုန်လှုပ်ကုန်တော့၏။
ထိုသေလွန်ဝိညာဉ်များသည် လူသားဝိညာဉ်ပုံစံ၊ နတ်ဆိုးသားရဲဝိညာဉ်ပုံစံ၊ သစ်ပင်ဝိညာဉ်ပုံစံ စသည်ဖြင့် အမျိုးမျိုးရှိပြီး မရဏရောင်ဝါများ ဖြာထွက်နေသည်။
သို့သော် စုရီကို မြင်လိုက်ချိန် ထိုရောင်ဝါများကို သိမ်းဆည်းလျက် ကြမ်းပြင်၌ ပုန်းအောင်းရန် နေရာများ ရှာဖွေနေတော့သည်။ စုရီက အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
“ ဟမ့် .. .ဘာလို့ သူတို့ ထွက်မလာကြတာလဲ ထူးဆန်းတယ် သူတို့ အိပ်ပျော်နေတယ်လို့ မပြောနဲ့။ ”
မိန်းကလေး သတိထားမိသွားသည်။ အဘိုးအိုသည်လည်း မျက်ခုံးပင့်ပြီး အတွေးထဲ နစ်မျောသွား၏။ သူသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားသော်လည်း ဖြစ်မလာခဲ့ချေ။
“ ရွှီး ... ။ ”
“ ဝုန်း ... ။ ”
ရုတ်တရက် နောက်ထပ်ကြေးလှံတစ်စင်း ပြုတ်ကျလာပြန်၏။ အမှောင်ထဲမှ လုပ်ကြံသူမှ အခြေအနေသည် တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိပုံရသည်။ ထို့ကြောင့် ဒုတိယအကြိမ် သေချာအောင် လုပ်ဆောင်လာ၏။
သို့သော် အရိုးနွံသည် တုန့်ပြန်မှုများ မရှိခဲ့ချေ။ အဘိုးအိုက အခြေအနေမလှသဖြင့် မိန်းကလေးနှင့် စုရီကို ခေါ်ဆောင်ကာ အရှိန်ကို မြှင့်တင်လိုက်တော့သည်။
လမ်းတစ်လျှောက်တွင် အဘိုးအိုသည် အလွန်အမင်း သတိထားခဲ့သော်လည်း ရွှံ့နွံထဲက မည်သည့်သေလွန်ဝိညာဉ်မှ ထွက်မလာချေ။
“ ဟမ့် ... ဒီရွှံ့နွံထဲက ကြောက်စရာကောင်းတဲ့ အဲဒီသတ္တဝါတွေ အကုန်လုံး သေကုန်ကြပြီလား ... ။ ”
ထိုမြင်ကွင်းကိုကြည့်ကာ အမှောင်ထဲမှ လုပ်ကြံသူသည် သံသယများဝင်ရောက်လာ၏။ တစ်ဆက်တည်းမှာပင် ရွှေရောင်တိမ်တိုက်သည် အရိုးရွံ့နွံအဆုံးသို့ လျင်မြန်စွာရောက်ရှိ ပျောက်ကွယ်သွားချေပြီ။
“ လာ ... အန္တရာယ်မရှိဘူးဆိုတော့ ငါတို့မြန်မြန်လိုက်သွားရအောင် မဟုတ်ရင် မြေခွေးအိုကြီးတွေ လက်ဦးသွားလိမ့်မယ်။ ”
အမှောင်ရိပ်ထဲမှ အနက်ဝတ် လူသုံးဦး ထွက်ပေါ်လာ၏။ ဦးဆောင်သူသည် သူတော်စင် အင်မော်တယ်တစ်ပါးဖြစ်ကာ ကျန်နှစ်ဦးသည် လူငယ်နှစ်ယောက်ဖြစ်၏။
သို့သော် သုံးဦးသား ရွှံ့နွံ၏ဗဟိုသို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပွားလာတော့သည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”
***