← Chapters

အခန်း ၁၂၀၅

Vol. 101 Ch. 1205

အခန်း ၁၂၀၅

Vol. 101 Ch. 1205

အခန်း ၁၂၀၅ -

ငါ့ဓားက ကောင်းကင်ထက် သုံးလက်မ ပိုမြင့်တယ် ... ။

ခန်းမကြီးတစ်ခုလုံး သေမင်းတမျှ တိတ်ဆိတ်လျက်ဖိအားများက ရင်ဘတ်ကို တင်းကျပ်စေသည်။

နံရံတွင် ချိတ်ဆွဲထားသော ဆီမီးအိမ်တို့မှ လှုပ်ခတ်နေသည့်အရိပ်များမှာ မျက်နှာပေါ်သို့ ကျရောက်နေပြီး လင်းတလှည့်မှိန်တလှည့် ဖြစ်နေတော့၏။

လူတိုင်း၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက်မဲ့ခြင်းဟူသော ခံစားချက်သည် ပေါင်းပင်များကဲ့သို့ အထိန်းအကွပ်မဲ့စွာ ပွားများလာနေသည်။

“ ဟားဟားဟား ... ။ ”

ငွေရောင်ဝတ်ရုံဝတ် အမျိုးသားကမူ ခြောက်ခြားဖွယ်ရာ ရယ်မောလိုက်၏။ သူသည် မိမိ၏ သားကောင်များက ကြောက်ရွံ့တုန်လှုပ် လမ်းပျောက်နေကြသည်ကိုကြည့်ပြီး အလွန် အရသာတွေ့နေခဲ့ချေပြီ။

“ ကဲ ... မင်းနဲ့ အရင်စရအောင် ... မြန်မြန်လုပ်ပါ ... ။ ”

ငွေရောင်ဝတ်ရုံဝတ် အမျိုးသား၏ အကြည့်က ခန်းမ၏ လက်ဝဲဘက်အစွန်ဆုံးတွင် ရပ်နေသော မြွေပွေးဝတ်ရုံဝတ် သူတော်စင် အင်မော်တယ်ထံသို့ ကျရောက်သွားသည်။

ထိုမြွေပွေဝတ်စုံနှင့် သူတော်စင် အင်‌အော်တယ်သည် ဒေါသကြောင့်မျက်နှာမှာ နီရဲတုန်လှုပ်နေရှာ၏။

သူ့ကဲ့သို့သော သူတော်စင် အင်မော်တယ် တစ်ပါး အနေဖြင့် ဤသို့လုယက်ခံရလိမ့်မည်ဟု လုံးဝတွေးမထားချေ။

“ လုံလောက်ပြီ ... ။ ”

ထိုစဉ် တန်လင်းချီသည် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ရာ သူ့မုတ်ဆိတ်မွေးများနှင့် ဆံနွယ်များ လေမတိုက်ဘဲ ယမ်းခါသွားသည်။

“ မင်းရဲ့နတ်ဘုရားမီးလျှံဂိုဏ်းက အစွမ်းထက်တယ်ဆိုဦးတော့ ... အင်မော်တယ် နယ်မြေတစ်ခုလုံးအပေါ် အာဏာသက်ရောက် နိုင်သေးတာ မဟုတ်ပါဘူး။ ”

သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားရာ ခန်းမထဲရှိ လူအားလုံး တုန်လှုပ်သွားကြသည်။

ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက မျက်မှောင်ကြုတ်လိုက်ပြီး မျက်ဝန်းများတွင် ရက်စက်သော လူသတ်လိုစိတ်များ ယှက်သန်းလာကာ၊

“ အဖိုးကြီး ... မင်းက ဒီလောက်တောင် သေချင်နေတာလား။ ”

-ဟု အေးစက်စွာ မေးမြန်းလိုက်သည်။

“ ရှင်သန်ခြင်းကော ဘာပျော်စရာရှိလို့လဲ သေခြင်းတရားကော ဘာကြောက်စရာရှိလို့လဲ ငါ့ရဲ့ဒီအရိုးအိုကြီးက အစွမ်းမထက်ပေမယ့် သေရမှာကိုတော့ လုံးဝမကြောက်ခဲ့ဘူး။ ”

တန်လင်းချီက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြတ်သားစွာဖြင့်၊

“ ဒီနေ့ ... ငါ့အသက်ကိုပေးဆပ်ပြီး ဒီခန်းမထဲက လူတွေအတွက် ထွက်ပေါက်တစ်ခု ရှာပေးနိုင်မလားဆိုတာ စမ်းကြည့်ရအောင်။ ”

-ဟု ဟိန်းဟောက်လိုက်သည်။

ကျင့်ကြံသူအားလုံး၏ စိတ်နှလုံးတို့မှာ လှုပ်ခတ်သွားကြသည်။ တန်ပေါင်အာကလည်း အံကြိတ်လျက်၊

“ ပေါင်အာလည်း အဘိုးနဲ့အတူ တိုက်မယ်။ ”

-ဟု ရှေ့လှမ်းတက်လိုက်သည်၏။

“ ငါ့ကိုလည်း ထည့်ထွက်ပါ။ ”

အခြားသော သူတော်စင် အင်မော်တယ်တစ်ပါးမှလည်း ပြတ်သားစွာဖြင့် လှမ်းထွက်လာသည်။

“ ငါတို့လည်း ရေတွက်ပါ။ ”

“ ငါလည်း ... ။ ”

ယင်းကိုမြင်သောအခါ ကျန်ရှိနေသည့် သူတော်စင်အင်မော်တယ်များက လက်နက်များ ကိုင်ဆွဲကာ လှမ်းထွက်လာကြ၏။

လူတိုင်း တိုက်ပွဲဝင်ဆန္ဒများနှင့်အတူ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များထုတ်ဖော် လိုက်ကြ၏။

“ ဟားဟားဟား ... ။ ”

ငွေရောင်ဝတ်ရုံဝတ် အမျိုးသားခမျာ မျက်နှာမှာမည်းမှောင်သွားပြီး ဒေါသတကြီး ရယ်မောလျက်၊

“ ကြည့်ရတာ ... ငါက လူအချို့ကို သတ်မပြနိုင်ရင် မင်းတို့က အညံ့ခံကြမယ့်ပုံ မပေါ်ဘူးပဲ။ ”

- ဟု လှောင်ပြောင်လိုက်၏။

“ ချွင် ... ချွင် ... ။ ”

တစ်ဆက်တည်းမှာပင် လေထုအလယ် လွင့်မျောနေသောပန်းချီကားမှ တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လျက် ဓားသံများ ချက်ချင်း ဆူညံလာလေသည်။

ထိုအချိန်တွင် လူတိုင်း၏အာရုံထဲတွင် သေမင်း၏အရိပ်အယောင်များ ဖြတ်ပြေးသွား ကြတော့၏။

“ ဒီနေ့ကိစ္စက ငါနဲ့လည်း နည်းနည်းပတ်သက်နေတာ ... ဒါကြောင့် ငါ တာဝန်ယူပါရစေ။ ”

သည်စဉ် စုရီသည် လက်ထဲမှ ဝိုင်အိုးအလွတ်ကို ပေါ့ပေါ့ပါးပါးပစ်ချလိုက်ပြီး မတ်တပ်ထရပ်တော့၏။ လူတိုင်း မှင်သပ် ကုန်သည်။

“ ဟမ့် ... မင်း သေချင်နေတာလား။ ”

ဟန်ကျင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤအချိန်တွင် မည်သည့် လူမိုက်သည် သူရဲကောင်းလုပ်ဝံ့သနည်း။

အခြားသော ဂျူနီယာများသည်လည်း ထိုနည်းလည်းကောင်းပေပင်။ အန္တရာယ်ကြီးမား နေချိန်တွင် မောက်မာနေသေးသည်လော။

“ ဟားဟားဟား ... ။ ”

ငွေရောင်ဝတ်ရုံဝတ် အမျိုးသားပင် အံ့အားသင့်လာပြီး ရယ်ချင်စိတ်ကိုထိန်းမရချေ။ ဂျူနီယာတစ်ယောက်သည် ထာဝရညဧကရာဇ် လက်ရေးစာမူကို အံတုလိုသည်လော။

“ ကောင်လေး ... နောက်ဆုတ်ပါ။ ”

တန်ပေါင်အာက ချက်ချင်း တားဆီးရန် ပြင်လိုက်သော်လည်း စုရီမှခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့လှမ်းထွက်သွားခဲ့ပြီဖြစ်သည်။

တန်လင်းချီက အတွေးထဲ နစ်မြုပ်သွားခဲ့သည်။ လမ်းခရီးတစ်လျှောက် ဤလူငယ်သည် မည်သည့်အရာကိုမဆို မမှုဘဲ တည်ငြိမ်စွာရင်ဆိုင်၏။

ထာဝရညဧကရာဇ်၏ လက်ရေးမူနှင့် ယှဉ်ဆိုင်ရချိန်၌ပင် ထိုတည်ငြိမ်မှုကို ထိန်းထား နိုင်ဆဲဖြစ်သည်။

ဆိုလိုသည်မှာ တစ်ဖက်လူထံ၌ ထိုလက်ရေးမူနှင့် ယှဉ်နိုင်မည့် ဝှက်ဖဲတစ်ခုခု ရှိနေပုံပေပင်။ ငွေရောင်ဝတ် အမျိုးသားသည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။

သူတော်စင်အင်မော်တယ်များကဲ့သို့ မြေခွေးအိုကြီးများပင် သူ့ရှေ့၌ ပေါ့ပေါ့ဆဆ မလှုပ်ရှားဝံ့ချေ။ ယခုမူ ဂျူနီယာတစ်ယောက်မှ ရူးမိုက်စွာ သေချင်းကို တောင်းဆိုနေ၏။

“ ဝှစ် ... ။ ”

ထို့နောက် လက်ဝှေ့ယမ်းကာ ပန်းချီကားချပ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး အေးစက်စွာဖြင့်၊

“ မင်းလို ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖို့အတွက်တော့ ဒီလိုရှားပါးရတနာမျိုး သုံးနေစရာ မလိုပါဘူး။ ”

-ဟု ပြောကြားလိုက်၏။

စကားဆုံးသည်နှင့် သူတော်စင် အင်မော်တယ်ရောင်ဝါများ ဖွင့်ထုတ်လျက် ညာလက်ဝါးဖြင့် စုရီခေါင်းပေါ် ဖိချလိုက်၏။

ခရမ်းရောင် မီးလျှံများ ဟုန်းခနဲ ထွက်ပေါ်လာပြီး လေဟာနယ်အရည်ပျော် ကျလာသည်။ ခန်းမတစ်ခုလုံး မီးဖိုကြီးထဲ ရောက်ရှိသွားသကဲ့သို့ အပူရှိန်တိုးလာ၏။

လောင်မြိုက်စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် သူတော်စင်အင်မော်တယ်များမှာ မျက်နှာများ ပျက်ကုန်တော့သည်။

ဤငွေရောင်ဝတ်ရုံဝတ် အမျိုးသား၏ ကျင့်ကြံမှုအုတ်မြစ်မှာ အမှန်ပင် အစွမ်းထက် ချေပြီ။ သို့သော် တစ်ဖက်တွင် စုရီမှာ နောက်သို့ မဆုတ်ဘဲ ရှေ့သို့တိုးကာ လက်ဝါးတစ်ချက်ကို ပေါ့ပေါ့ပါးပါး ပြန်လည်ရိုက်ထုတ်သည်။

“ ဟမ့် ... ။ ”

အလွန် ရိုးရှင်းသော လက်ဝါးချက် ဖြစ်သော်လည်း အတွင်း၌ လောကကြီးအပေါ် ဖြိုခွဲနိုင်သော စွမ်းအားများ ကိန်းဝပ်နေ၏။

“ ဝုန်း ... ။ ”

ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ရှိ ခရမ်းရောင်မီးလျှံများ ချက်ချင်း ပေါက်ကွဲလွင့်စင်ကုန်ကြတော့သည်။

ရလာဒ်အနေဖြင့် ထိုပြင်းထန်လှသော စွမ်းအားလှိုင်းများကြားတွင် ငွေရောင်ဝတ်ရုံဝတ် အမျိုးသားခမျာ နောက်သို့ ချက်ချင်းဆုတ်ခွာ ပေးလိုက်ရ၏။

“ ဒါ ... ။ ”

မျက်နှာတစ်ပြင်လုံး ဖြူဖျော့လျက် အံ့အားသင့်သွားလေသည်။ ဤလူငယ်သည် အမည်ခံအင်မော်တယ်အဆင့်မျှသာဖြစ်၏။

သို့သော် မယုံနိုင်လောက်အောင် သန်မာခွန်းချေပြီ။ ထို့ထက်ပို၍ မတွေးနိုင်မီတွင် စုရီသည် ဒုတိယအကြိမ် တိုက်ခိုက်လာခဲ့ပြီ ဖြစ်၏။

“ သွား ... ။ ”

“ ခရစ် ... ။ ”

လက်ညှိုးနှင့်လက်ခလယ်ကို ပူးကပ်ပြီး ဓားကဲ့သို့ လေထုအလယ် ထိုးညွှန်ပြလိုက်ရာ လေဟာနယ် ချက်ချင်း အက်ကွဲသွားသည်။

တစ်ဆက်တည်းမှာပင် ဓားအလင်းတစ်လက်သည် ခေတ်ကာလများကို ဖြတ်သန်းလာသကဲ့သို့ ထွက်ပေါ်လာ၏။ ရိုးရှင်းပြီး အတုမဲ့ချေပြီ။

“ မင်း သေချင်နေတာပဲ။ ”

ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက ဟိန်းဟောက်လျက် ခရမ်း‌ရောင်တောက်ပသည့် ဥပဒေများကိုထုတ်ဖော်ကာ နတ်မီးတောက် စကြာဝဠာတစ်ခုကို ဖန်တီးလိုက်သည်။

ထိုစကြာဝဠာထဲတွင် ခရမ်းရောင် မီးတောက်များ ဝန်းရံနေသော ရှေးဟောင်း နတ်သားရဲကြီးတစ်ကောင် ပေါ်လာ၏။

ဤသည်မှာ သူတော်စင် အင်မော်တယ်တစ်ပါးမှ နားလည်ထားသော တာအို ဥပဒေများဖြင့် ဖွဲ့စည်းထားသဖြင့် သက်ရှိအလား ထင်မှားလာစေသည်။

ခန်းမတစ်ခုလုံး ရုတ်ချည်း အရည်ပျော်စေတော့မည့်အလား ပူလောင် လာတော့၏။ ထိုစဉ် ဓားအလင်းသည် နတ်သားရဲကြီးနှင့် တွေ့ဆုံသွားသည်။

ထက်ရှသော ဓားအလင်းသည် ထိုကြီးမားလှသည့် နတ်သားရဲကို မဆိုင်းမတွ အပိုင်းပိုင်း ပြတ်တောက်ပစ်တော့၏။

“ ဝုန်း ... ။ ”

ခရမ်းရောင် နတ်မီးတောက် စကြာဝဠာကြီးတစ်ခုလုံးသည်လည်း တစ်စစီ ပြိုကွဲပျက်စီးသွားလေသည်။

“ ဘန်း ... ။ ”

ယင်းသည် အဆုံး မဟုတ်ချေ။ ဓားအလင်းသည် ရပ်တန့်ခြင်းမရှိဘဲ ငွေရောင် ဝတ်ရုံဝတ် အမျိုးသားကို ထိမှန်ကာ လွင့်ထွက်သွားစေခဲ့၏။

“ အဟွတ် အဟွတ် ... ဝေါ့ ။”

ငွေရောင်ဝတ်ရုံဝတ် အမျိုးသားခမျာ သွေးများအန်ထုတ်လိုက်ရပြီး မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာ၏။

“ ဒါ ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

ထိုအချိန်တွင် ခန်းမထဲရှိ ကျင့်ကြံသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

တန်ပေါင်အာ၏ မျက်ဝန်းများမှာ ချင်ချင်းမိန်းမောသွားသည်။ ဟန်ကျင်းဆောင် မှာမူ မျက်လုံးများပြူးကျယ်လျက် အသက်ရှူ ရပ်သွားတော့၏။

သူသည် အစောပိုင်းက ဤစုရီကို တစ်ချိန်လုံးစိန်ခေါ်နေခဲ့ပြီး လှောင်ပြောင်မိ၏။ ယခုမူ သူမည်မျှ မိုက်မဲကြောင်း နားလည်လိုက် လေသည်။ သူလုပ်ဆောင်သမျှ လူပြက် တစ်ယောက်အလားပေပင်။

“ သူက တကယ်ပဲ အမည်ခံအင်‌မော်တယ်အဆင့် ကျင့်ကြံသူမှ ဟုတ်ရဲ့လား ... ။ ”

သူတော်စင် အင်မော်တယ် အဖိုးကြီးများအားလုံး တုန်လှုပ်သွားကြပြီး စုရီ နောက်ခံကို သိလိုကြဟန်ဖြင့် တန်လင်းချီထံ လှည့်ကြည့်လိုက်သည်။

“ ငါ့ဓားက ကောင်းကင်ထက် သုံးပေပိုမြင့်တယ်။ ”

ထိုစဉ် စုရီသည် တတိယအကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် အင်္ကျီလက်များဝှေ့ယမ်းကာ ဓားအလင်းတစ်လက် ပစ်ခတ်လိုက်ပြန်၏။

အများအမြင်၌မူ ကောင်းကင်ကြီးတစ်စင်း ရွေ့လျားနေသကဲ့သို့ ငွေရောင်ဝတ်အမျိုးသားကို ထွက်ပေါက်ကင်းမဲ့သွားစေသည်။

“ ချိုးဖြတ်လိုက် ... ။ ”

ထို့ကြောင့် ငွေရောင်ဝတ်အမျိုးသားမှာ မပေါ့ဆဝံ့တော့ဘဲ အထွတ်အထိပ်ခွန်အားကို ထုတ်ဖော်ခုခံလိုက်လေသည်။ မျက်စိတစ်မှိတ် အတွင်း ဘက်လက်မောင်းပြတ်သွား၏။

“ ရွှပ် ... ။ ”

“ အား ... ။ ”

သွေးများပန်းထွက်လျက် လေထုအလယ် လက်ပြတ်ကြီးမှာ အမှုန်အဖြစ် ပြောင်းလဲသွား ချေပြီ။ နာကျင်မှုကြောင့် သူ့မျက်နှာသည် ရှုံ့တွ နေတော့၏။

“ ထွက်လာခဲ့ ... ။ ”

အဆုံး၌ ငွေရောင်ဝတ်အမျိုးသားက ပန်ချီကားချပ်ကို ပြန်လည်ထုတ်ယူလိုက်ကာ တိုက်ခိုက်လာတော့၏။ ချက်ချင်းခန်းမအတွင်း ဓားရောင်ဝါများ ပြည့်နှက်လာသည်။

“ မကောင်းတော့ဘူး ... ။ ”

“ သူ့ကို ကူညီကြ။ ”

ခန်းမထဲရှိ အဖိုးကြီးများမှာ မျက်နှာများ ပျက်ယွင်းကုန်ကြပြီး ဝိညာဉ်များလွင့်စင်မတတ် ထိတ်လန့်သွားသည်။

ဤလက်ရေးစာမူသည် သူတော်စင်အင်မော်တယ် တစ်ပါးအပေါ်၌ပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိ၏။

သို့သော် စုရီမှ သက်ပြင်းချလိုက်သည်။ တစ်ချိန်က သူပေါ့ပေါ့ဆဆ ရေးသားထားသော လက်ရေးလှတစ်စောင်ဖြင့် ဤသို့တိုက်ခိုက်ရန် ကြိုးစားလာလိမ့်မည်ဟု မထင်ထားချေ။

ငွေရောင်ဝတ် အမျိုးသားခမျာ လက်ရေးစာမူထွက်လာသည်နှင့် ယုံကြည်မှုကို ပြန်လည်ရရှိလာသည့်အလား တည်ငြိမ်သွား၏။

“ သတိထား ... ။ ”

လက်ရေးလှစာမူမှ ပြိုင်ဘက်ကင်း ဓားတစ်လက် ထွက်ပေါ်လာပြီဖြစ်သောကြောင့် တန်လင်းချီနှင့် တန်ပေါင်အာခမျာ အော်ဟစ် သတိပေးလိုက်ကြသည်။

တစ်ဖက်တွင် စုရီသည် သူတို့နှစ်ဦး၏ သတိပေးသံကိုမကြားသည့်အလား ရှေ့သို့ဆက် လျှောက်သွားတော့၏။

လက်နှစ်ဖက်ကိုပင် နောက်ပို့လျက် ဟန်ပါပါလျှောက်လှမ်းနေခြင်းပေပင်။ ထိုစဉ် ဓားအလင်းသည် သူ့နှင့်သုံးပေအကွာသို့ ချက်ချင်းရောက်ရှိလာသည်။

“ ဘရူး ... ။ ”

သို့သော် ဓားအလင်းသည် ထိုထက်ပို၍ ရှေ့ဆက်မတိုးတော့ဘဲ သားရဲကြီးတစ်ကောင်မှ စိုက်ကြည့်ခြင်းခံနေရသော ယုန်သူငယ်အလား တုန်ယင်သွား၏။

“ ဘာတွေဖြစ်နေတာလဲ ... ။”

ထို့နောက်တွင် လူပေါင်းများစွာ၏ အံ့အားသင့်ဖွယ်အကြည့်များအောက်၌ ဝုန်းခနဲ လာရာလမ်းအတိုင်း ပြန်လှည့်လေသည်။

“ မဟုတ်ဘူး ... ။ ”

ငွေရောင်ဝတ်ရုံဝတ် အမျိုးသား၏ မျက်နှာပေါ်မှအပြုံးများ ချက်ချင်းအေးခဲကာ ရှောင်တိမ်းလိုက်တော့၏။ သို့သော် နောက်ကျ နေသေးသည်။

ဤသည်မှာ သူတော်စင် အင်မော်တယ်များကို ချွင်းချက်မရှိ သတ်ဖြတ် နိုင်သည့် ဓားပေပင်။

ဓားအလင်းအောက်တွင် သူ့ခန္ဓာကိုယ်ကြီးသည် အလယ်ဗဟိုမှနေ၍ ထက်ခြမ်း ပြတ်သွားတော့သည်။

စုရီက လက်ဖြန့်ကာ ပန်ချီကားချပ်ကို ခေါ်ယူလိုက်သည်။ လေထုအလယ်ပျံဝဲနေသော လက်ရေးစာမူသည် အသိုက်သို့ပြန်‌လာသည့် ငှက်တစ်ကောင်အလား ကျဆင်းလာ၏။

ခန်းမတစ်ခုလုံး လုံးဝ တိတ်ဆိတ် သွားရချေပြီ။ လူတိုင်းရင်ထဲ ဗလာဖြစ်ကုန်ကာ မှင်သပ်ကုန်ကြ၏။

စုရီက ပန်းချီကားချပ်ကိုဖွင့်ကာ ဖတ်ကြည့်လိုက်သည်။ စက္ကူနှင့် မှင်များသည် သာမန်မျှသာ ဖြစ်၏။

သို့သော် ထိုစက္ကူပေါ်ရှိ ဝါကျတို တစ်ကြောင်းသည် ပန်ချီကားကိုထူးကဲစေခြင်း ဖြစ်ချေသည်။

“ ငါ့ဓားက ကောင်းကင်ထက် သုံးလက်မ ပိုမြင့်တယ်။ ”

***

All Chapters