← Chapters

အခန်း ၁၂၀၆

Vol. 101 Ch. 1206

အခန်း ၁၂၀၆

Vol. 101 Ch. 1206

အခန်း ၁၂၀၆ -

လျှို့ဝှက်နယ်မြေ ဝင်ပေါက်သို့။

တန်ပေါင်အာသည် ပျော်ရွှင်မြူးထူးစွာဖြင့် ရှေ့သို့တိုးလာပြီး ဝိုင်တစ်ခွက် စုရီထံ ကမ်းပေး လေသည်။ စုရီက ပြုံး၍ ဝိုင်အိုးကိုယူလိုက်ပြီး၊

“ လူတိုင်း ဒီနေရာကနေ အရင်ထွက်သွားသင့်တယ်။ ”

-ဟု အေးဆေးစွာ ဆိုလိုက်သည်။

သူ့စကားကြောင့် လူတိုင်း၏ စိတ်နှလုံးများမှာ ပြန်လည်တင်းကျပ်သွားပြီး ပျော်ရွှင်မှုများ ရုတ်ချည်း ပျောက်ကွယ် သွားရတော့၏။

အဘယ်ကြောင့်ဆိုသော် သေဆုံးသွားခဲ့ပြီ ဖြစ်သော ငွေရောင်ဝတ်အမျိုးသား၏ စကားအရ နတ်မီးတောက်ဂိုဏ်းသည် ထာဝရည အကယ်ဒမီကို ထိန်းချုပ်ထားပြီးဖြစ်၏။

တစ်နည်းအားဖြင့် အခြားသော အစွမ်းထက်ပုဂ္ဂိုလ်များလည်း ဤနေရာတွင် ရှိနေရဦးမည်ဖြစ်သည်။

“ တာအိုမိတ်ဆွေ ... မင်း ငါတို့နဲ့ တူတူ ပြန်လိုက်မလာဘူးလား။ ”

သူတော်စင်အင်မော်တယ် တစ်ပါးမှ မေးမြန်းလိုက်သည်။ ကျင့်ကြံခြင်းလမ်းတွင် အသက်အရွယ်၊ ကျင့်ကြံမှု စသည်တို့ထက် ခွန်အားသည်သာ အဓိကကျ၏။

ထို့ကြောင့် လူတိုင်းသည် စုရီကို သူတို့နှင့်အဆင့်တူအဖြစ် ရှုမြင်လာပြီဖြစ်သည်။ စုရီမှ ခေါင်းခါယမ်းလိုက်ပြီး၊

“ ငါ့မှာ တခြားလုပ်စရာ ကိစ္စတွေရှိသေးတယ် သွားကြစို့ ... မင်းတို့ကို အပြင်အထိ ငါပြန်လိုက်ပို့ပေးမယ်။ ”

-ဟု ပြောလိုက်သည်။

ထို့နောက် သူက ဝိုင်အိုးကို မြှောက်ကာ တကျိုက်မော့သောက်လျက် ခန်းဆောင်ကြီးမှ ထွက်ခွာသွားတော့၏။

“ ဂျိန်း ... ။ ”

လူအုပ်ကြီးမှာ စကားမဆိုတော့ဘဲ ချက်ချင်းလိုက်ပါလာသည်။ ကောင်းကင်သည် မှောင်မိုက်လျက် မိုးကြိုးမုန်တိုင်းများ တဝုန်းဝုန်း တိုက်ခတ်နေ၏။

လူသူကင်းမဲ့၍ ပျက်စီးနေသော ဤမြေပြင်ကြီးတစ်ခုလုံး အမှောင်ထုအောက်၌ ဆိတ်သုဉ်းနစ်မြုပ်နေသည်။

“ ထွက်သွားဖို့ ကြိုးစားနေတာလား... မင်းတို့ အိပ်မက် မက်နေတာပဲ။ ”

စုရီနှင့် အခြားသူများ ခန်းမကြီးထဲမှ လှမ်းထွက်လိုက်ချိန်တွင် ကောင်းကင်ထက်မှ အေးစက်စက် အော်ဟစ်ဟန့်တားသံကြီး ထွက်ပေါ်လာတော့၏။

ထိုအသံက အလွန်ကျယ်လောင်လွန်းပြီး တဝုန်းဝုန်း မြည်ဟည်းနေသော မိုးကြိုးများပင် ဖုံးလွှမ်းခြင်းခံလိုက်ရသည်။

အသံနှင့်အတူ လူသုံးယောက် ကောင်းကင်မှ ဆင်းသက်လာ၏။ ၎င်းတို့အနက် ရှေ့ဆုံးမှလူမှာ ဖြူဖွေးနေသော ဆံပင်များနှင့် အဖိုးကြီး တစ်ဦးပေပင်။

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်လျက် လက်ထဲတွင် ကျောက်စိမ်းပေတံတစ်ချောင်းကို ကိုင်ဆောင်ထား၏။

ကျန်နှစ်ယောက်မှာမူ ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက်နှင့် ရှည်လျားသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။

သုံးယောက်စလုံးသည် သူတော်စင် အင်မော်တယ်များ၏ အထွတ်အထိပ်ရောင်ဝါကို ထုတ်လွှတ်ထားကြ၏။

တန်လင်းချီနှင့် အခြားသူများမှာမူ နှလုံးသားများလေးလံလျက် အမူအရာများ ချက်ချင်းတင်းမာသွားရသည်။

“ ငါတို့ နတ်မီးတောက်ဂိုဏ်းရဲ့ အကြီးအကဲယင်ဟဲကို ဘယ်သူသတ်တာလဲ ... ချက်ချင်း ဒူးထောက်ပြီး တောင်းပန်ပါ။ ”

အနက်ရောင်ဝတ် အဘိုးကြီးက လူသတ်လိုသောဆန္ဒများ ထုတ်ဖော်လျက် ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားလိုက်သည်။

“ ဝှစ် ... ။ ”

စုရီမှ အပိုစကားမဆိုဘဲ လက်‌ရေးစာမူကိုထုတ်ယူကာ အသက်သွင်း လိုက်လေသည်။ ဓားအလင်းတစ်လက် ဝုန်းခနဲ ထွက်ပေါ်လာပြီး ကောင်းကင်ကို ထိုးဖောက် ဝင်ရောက်သွား၏။

“ သေစမ်း ... အဲဒါ ထာဝရညဧကရာဇ်ရဲ့ လက်ရေးစာမူပဲ ... အမြန်ရှောင်ကြ။ ”

အနက်ရောင်ဝတ် အဘိုးကြီး၏ မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းသွားပြီး တည်နေရာရွေ့ပြောင်း ရှောင်တိမ်းတော့၏။ သို့သော် နောက်ကျနေသေးသည်။

ကောင်းကင်မှ နတ်သက်တံအလား ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့သော ကြောက်မက်ဖွယ် ထက်ရှမှုကျဆင်းလာ၏။

တဝုန်းဝုန်း မြည်နေသော မိုးကြိုးမုန်တိုင်းများပင် သေမင်းတမန်အလား တိတ်ဆိတ်သွားရတော့သည်။

သုံးယောက်သား ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသောအင်းဆက်များကဲ့သို့ ကျင့်ကြံမှု ဖိနှိပ်ခံလိုက်ရကာ တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ချေ။

“ ဘောင်း ... ။ ”

နားကွဲမတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်သွားသည်။ နေရာအနှံ့ သွေးသားအပိုင်းအစများနှင့် သွေးမြူများ ပြည့်နှက်ကုန်၏။

ခန္ဓာကိုယ်နှင့် ဝိညာဉ်များပါ တပြိုင်နက်တည်း ပေါက်ကွဲပျက်စီးသွားခြင်းမျိုး ပေပင်။ ပုရွက်ဆိတ်သုံးကောင်ကို ဖိခြေလိုက် သကဲ့သို့ အလွန်လွယ်ကူနေချေ၏။

လူတိုင်း မှင်သပ်လျက် ကျန်ရစ်သည်။ လက်ရေးစာမူသည် စုရီလက်တွင် အဆပေါင်း များစွာပင် အစွမ်းထက်နေ၏။

တစ်ဖက်တွင် ပေါ့ပေါ့ပါးပါးဝါကျကို ရေးသားထားသော လက်ရေးစာမူလေးတစ်ခုပင် ဤမျှအစွမ်းထက်နေသည့်နောက် ထိုစဉ်ချိန်က ထာဝရညဧကရာဇ်မှာ မည်မျှကြောက်စရာ ကောင်းမည်ကို မမှန်းဆနိုင်တော့ချေ။

ထိုစဉ် ပန်းချီကား အမည်းငယ် မှိန်ဖျော့သွားပြီး ၎င်းတွင်ရှိသောစွမ်းအားများ သိသိသာသာ လျော့နည်းသွားသည်ကို စုရီမှ သတိထားမိလိုက်သည်။

“ တကယ်တော့ ဒီပန်ချီကားက အင်မော်တယ်အဆင့် ရတနာတစ်ပါးမဟုတ်ဘူး သုံးဖန်များလာရင် တစ်ချိန်မှာအစွမ်းကုန်ပြီး ပျက်စီးသွားမှာပါပဲ။ ”

စုရီက တိုးတိုးလေး ရေရွတ်၏။ ဤလက်ရေးစာမူသည် ယနေ့အထိကြာရှည်စွာ တည်ရှိနေခြင်းကပင် အံ့ဩစရာဖြစ်သည်။

သူ သတ်လိုက်သော ငွေရောင်ဝတ် အမျိုးသားသည် ဤစာမူကိုအကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း ထင်ရှားလှ၏။

ခန့်မှန်းချက်အရ ဤစာမူကို နောက်ထပ် အများဆုံးသုံးကြိမ်သာ အသုံးပြုနိုင်တော့မည် ဖြစ်၏။ ၎င်းနောက်တွင် စက္ကူစုတ်တစ်ရွက် အဖြစ်သာ ပြောင်းလဲသွားပေလိမ့်မည်။

“ ငါ သူ့ကို မှတ်မိပြီ... အဲဒီအနက်ရောင်ဝတ်ရုံဝတ် အဘိုးကြီးက သူတော်စင်အင်မော်တယ် ကျောက်ချန်ကုန်းပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်တုန်းက ...

... သူက အခွင့်အလမ်းရှာဖို့ ဒီထာဝရညအကယ်ဒမီကို ဝင်လာခဲ့တယ်လို့ ကြားတယ် အဲဒီတည်းက သူပြန်မလာတာမို့ ...

... လူတိုင်းက သူ့ကို သေဆုံးသွားပြီလို့ ထင်နေတာ ... ဘယ်သူထင်မှာလဲ ဒီအဖိုးကြီးက နတ်မီးတောက်ဂိုဏ်းထဲ ဝင်သွားလိမ့်မယ်လို့။ ”

သူတော်စင် အင်‌မော်တယ်တစ်ပါးက မှိတ်မိသွားကာ အလန့်တကြားရေရွတ်လိုက်၏။

“ သူ့ဘေးနားက နှစ်ယောက်ဟာ ပိုင်လုပြည်နယ်ရဲ့ နာမည်ကြီး နတ်ဆိုး မောင်နှံ မဟုတ်လား ... သူတို့နှစ်ယောက်စလုံး ...

... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက ထာဝရညအကယ်ဒမီကို ဝင်ရောက်ခဲ့တယ်လို့ ကြားတယ် အခုတော့ နတ်မီးတောက်ဂိုဏ်းဆီ အညံ့ခံလိုက်ကြပြီကိုး။ ”

အခြားသော သူတော်စင် အင်မော်တယ် အဖိုးအိုတစ်ဦးမှ ဝင်ရောက်ပြောကြားလာသည်။ လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။

ကျောက်ချန်ကုန်းဖြစ်စေ၊ နတ်ဆိုးမောင်နှံဖြစ်စေ အတိတ်ကာလတွင် ကျော်ကြားသော သူတော်စင်အင်မော်တယ်များ ဖြစ်လေသည်။

“ ဒါကြောင့်လဲ ငွေရောင်ဝတ်ရုံဝတ် အမျိုးသားက ငါတို့ကို ချက်ချင်းမသတ်သေးဘဲ လုယက်နေတာ ငါတို့ကို နတ်မီးတောက်ဂိုဏ်းရဲ့ ကျွန်အဖြစ် ခိုင်းစေဖို့ ရည်ရွယ်ထားပုံရတယ်။ ”

တန်လင်းချီမှ မှတ်ချက်ပေးလိုက်၏။ ဤနှစ်များတလျှောက် ထာဝရညအကယ်ဒမီသို့ မရေမတွက်နိုင်သော ကျွမ်းကျင်သူများ ဝင်ရောက်ပြီး ပျောက်ကွယ်သွားခဲ့သည်။

သူတို့အားလုံး နတ်မီးတောက်ဂိုဏ်းနှင့် ပူးပေါင်းခဲ့ပုံရ၏။ ထိုသို့ဆိုသော် နတ်မီးတောက် ဂိုဏ်းသည် မယုံနိုင်ဖွယ် ကြီးထွားနေပေမည်။

တစ်ဖက်တွင် နတ်မီးတောက်ဂိုဏ်းသည် ဤသို့ လွှမ်းမိုးလိုစိတ်ပြင်းထန်ကြောင်း စုရီမှ သိရှိထား၏။ ထို့ကြောင့် သူတို့အပေါ်လုံးဝ ဆန့်ကျင်သူများမှာ ပျက်စီးရမြဲပေပင်။

ဓမ္မအဆုံးခေတ်မတိုင်မီက ဤဂိုဏ်းသည် နတ်ဆိုးဂိုဏ်းသုံးဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်တတ်ကြ၏။

“ သွားရအောင် ... ။ ”

စုရီမှ နှောင့်နှေးခြင်းမရှိဘဲ လူတိုင်းကို အဖြူရောင်အရိုးနွံ၏ တစ်ဖက်ကမ်းသို့ပို့ဆောင် ပေးလိုက်သည်။

ဤ'ထာဝရညအကယ်ဒမီသည် သူတည်ထောင်ထားသော ကျောင်းတစ်ကျောင်း ဖြစ်၏။ ထို့အတွက် အခွင့်အလမ်းများ ရှာဖွေရန် လာရောက်ကြသောလူတိုင်းကို အန္တရာယ်ပြု နေခဲ့သည့် နတ်မီးတောက်ဂိုဏ်း၏ လုပ်ရပ်မှာ သည်းမခံနိုင်စရာပင်။

တန်လင်းချီတို့ အားလုံးအတွက် ဘေးကင်းရေးသည် တည်ထောင်သူဖြစ်ခဲ့သော သူ့တွင် လုံးဝတာဝန်ရှိနေသည်။

လမ်းတလျှောက် မည်သည့် အန္တရာယ်မှ မတွေ့ရတော့ချေ။ အဖြူရောင်အရိုးနွံရေကန်ပင် သာမန်ရွံ့နွံကန်ကဲ့သို့ တိတ်ဆိတ်နေခဲ့သည်။

ထိုဖြစ်စဉ်သည် အခြားသူများအတွက် အလာတုန်းကနှင့် လုံးဝခြားနားနေသောကြောင့် အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။

မည်သူမဆို ဝှက်ဖဲများအသုံးပြုကာ ဤရေကန်ကိုဖြတ်ကျော်လာခဲ့ရကြောင်း မှန်မိ နေသေးသည်။

တန်လင်းချီသာလျှင် သာမန် ဖြစ်နေ၏။ သို့သော် သူ့စိတ်ထဲတွင်မူ အပြန်ခရီး၌သံသယ အချို့ ဝင်ရောက်နေပြီဖြစ်၏။

ဤစုရီသည် လမ်းတလျှောက် သူ့အိမ်သူ့ခြံဝင်းကဲ့သို့ လမ်းပြပေးနေခဲ့သည်။ မျက်လုံးသုံးလုံး‌ရွှေဖားနှင့် အရိုးဝိညာဉ်များမှာ လုံဝပေါ်မလာတော့ချေ။ ယင်းသည် တစ်ခုခု မှားယွင်းနေကြောင်း မြင်သာချေ၏။

လူတိုင်းကို လိုက်ပါ ပို့ဆောင်ပြီးနောက် လွင်တီးခေါင်ဖြစ်နေသော အပျက်အစီးများထံ ဝေ့ကြည့်ကာ စုရီတစ်ယောက် အဖော်မဲ့လာ၏။

ဤသည်မှာ ဝမ်ယဲ့ဘဝဖြင့် တစ်ချိန်က ဖန်တီထားခဲ့သော ကြီးကျယ်ခမ်းနားလှသည့် နယ်မြေဖြစ်သည်။

ယခုကဲ့သို့ ပျက်စီးခြင်းများကို မြင်ရသောအခါတွင် အတိတ်အမှတ်တရများက ရင်ထဲတိုးဝင်ကာ ကြေကွဲမှုများရရှိစေ၏။

ကျိုးပဲ့နေသော နံရံများနှင့် လူသူကင်းမဲ့သည့် အပျက်အစီးများ၊ ယခင်က ကြွယ်ဝချမ်းသာမှုနှင့် ခမ်းနားထည်ဝါမှုများ၊ စသည့်အရာအားလုံး တိမ်တိုက်များကဲ့သို့ ပေပင်။

တဖြည်းဖြည်းနှင့် ရှေးဟောင်း အပျက်အစီးများ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။

“ ဂျိန်း ... ။ ”

ကောင်းကင်နှင့် မြေကြီးသည် မှောင်မိုက်လျက် မိုးကြိုးမုန်တိုင်းများသည် တိမ်ထုအတွင်း လူးလှိမ့်နေသည်။

အဝေးတွင် အပျက်အစီးများကြား၌ ကျယ်ပြန့်သော ချိုင့်ဝှမ်းကြီးတစ်ခုကို မြင်လာရ လေသည်။ ချိုင့်ဝှမ်းတစ်ဖက်တစ်ချက်စီတွင် တောင်ထိပ်များ ပြိုကျနေ၏။

ဝင်ပေါက်မြေပြင်ပေါ်တွင် ကျောက်ပြားတစ်ချပ် ပျက်စီးပြိုလဲကျနေသည်။ ၎င်းပေါ်တွင် အက်ကြောင်းများနှင့် ရေညှိများစွာ ဖုံးလွှမ်းနေပြီး အမည်တစ်ခုကိုမြင်နိုင်၏။

***

All Chapters