← Chapters

အခန်း ၁၂၁၀

Vol. 101 Ch. 1210

အခန်း ၁၂၁၀

Vol. 101 Ch. 1210

အခန်း ၁၂၁၀ -

ဓားသမားဝိညာဉ် ... ။

စုရီ၏ ကျောက်စိမ်းရောင်ဝတ်ရုံစများ လေထဲတဖျပ်ဖျပ်လွင့်ပျံပြီး ခန္ဓာကိုယ်အတွင်း၌ အဆုံးမဲ့ကြယ်တာရာများ ပြည့်နှက်နေသည့် စကြဝဠာကြီးတစ်ခု လည်ပတ်နေလာသည်။

အရေပြားထက်တွင် အပြာရောင် ကောင်းကင်ကြီးကဲ့သို့ တောက်ပလွန်းလှသော တာအိုအလင်းရောင်များ စီးဆင်းလျက် သူ၏ ထက်ရှလှသော ဓားရည်ရွယ်ချက်တစ်ခု ထွက်ပေါ်လာ၏။

“ မဆိုးဘူး ... ။ ”

ဓားရူးမှ အံ့အားသင့်သွား၏။ သာမန်သေမျိုးတစ်ယောက်ကဲ့သို့ ရိုးရှင်းသော လူငယ်သည် လုံးဝကွဲပြားခြားနားသွားချေပြီ။

မာနထောင်လွှားမှုများနှင့်အတူ ကောင်းကင်ကြီးတစ်ခုလုံးကို ငုံ့ကြည့်နေသည့် ဓားတစ်လက်ကဲ့သို့ ခံစားလာရ၏။

ကောင်းကင်နှင့် မြေကြီးသည် ပြင်းစွာ တုန်ခါလာပြီး လေထုနှင့် မိုးတိမ်များသည်ပင် အနည်းငယ်ပြောင်းလဲသွားတော့သည်။ သို့သော် စုရီ၏ ရောင်ဝါသည် ထပ်မံ မြင့်တက်လာခြင်း မရှိဘဲ ထိုနေရာမှာတင် ရပ်သွား၏။

“ ဟမ့် ... အထွတ်အထိပ် အမည်ခံ အင်မော်တယ်ပဲလား။ ”

ဤသည်မှာ သူမျှော်လင့်ချက်များထက် များစွာကျော်လွန်နေ၏။ စုရီမှ လှောင်ပြုံးဖြင့်၊

“ တစ်ခုခု မှားနေလို့လား။ ”

-ဟု ပြန်မေးလိုက်သည်။ ဓားရူးမှ သက်ပြင်းတစ်ချက်ချကာ ခေါင်းရမ်းလျက်၊

“ အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးတဲ့ အမည်ခံအင်မော်တယ်အဆင့် လူငယ် တစ်ယောက်က နတ်မီးတောက်ဂိုဏ်းရဲ့ သူတော်စင်အင်မော်တယ်တွေကို သတ်လိုက်နိုင်တာလား ...

... အမှန်အတိုင်းပြောရရင် ဒီကမ္ဘာကြီးမှာ ဓမ္မအဆုံးခေတ်မတိုင်မီတည်းက ရှင်သန်ခဲ့တာ ဒီလိုအံ့ဩစရာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ”

-ဟု ရိုးသားစွာ ဝန်ခံလိုက်သည်။

“ တာအိုနယ်ပယ်တွေဆိုတာ ဝိုင်အိုးတစ်လုံးလိုပါပဲ ဝိုင်အိုးအချို့က ပေါင်ဝက် ဒါမှမဟုတ် ရှစ်အောင်စပဲဝင်ဆံ့နိုင်ပြီး အချို့အိုးတွေကတော့ ပင်လယ်တွေကိုတောင် သိမ်းထားနိုင်တယ်မဟုတ်လား။ ”

“ ဟားဟားဟား ... ။ ”

စုရီစကားကြောင့် ဓားရူး၏မျက်ဝန်းများ မီးရှူးတိုင်အလားတောက်ပလျက် သဘောကျ သွားလေသည်။

“ ဒါဆို မင်းရဲ့ အမည်ခံအင်မော်တယ် တာအိုအုတ်မြစ် ပင်လယ်ကြီးတစ်စင်းကိုတောင် သိမ်းထားနိုင်တယ်တယ်ပေါ့။ ”

“ မဟုတ်ဘူး မှားတယ် ... ငါတာအိုက ပင်လယ်ပြင်ကိုတင် ဝင်ဆံ့နိုင်တာမျိုးမဟုတ်ဘူး စကြဝဠာကြီးတစ်ခုလုံးကိုတောင် သိမ်းနိုင်တယ် လိုအပ်ရင် ကောင်းကင်နဲ့ မြေကြီးကိုလည်း သိမ်းထားနိုင်တယ်။ ”

“ တကယ့်ကို ခမ်းနားတဲ့ စိတ်ကူးပဲ ... ကောင်းကင်နဲ့မြေကြီးတစ်ခုလုံးကို မင်းတာအိုနဲ့ သိမ်းထားနိုင်တာလား ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်လဲ ... ဒါက ဓားသမား တစ်ယောက်ရဲ့ ဝိညာဉ်ပဲ။ ”

စုရီ၏စကားများသည် မည်မျှ မာနထောင်လွှားလွန်းနေသည်ကို မြင်နိုင်သည်။ သို့သော် ဓားရူးမှ သဘောကျသွား၏။

ကြီးမြတ်သောသူများသည် မည်သို့ သေးနုပ်သောအမှုများကို ပြုမူကာအချိန်များ ဖြန်းတီးကြမည်နည်း။

ထိုခေတ်က ဘီလူးအိုကြီးများသည် အချိန်ပြည့်ကောင်းကင်ခွဲကာ နတ်ဘုရားများကို အမှုန့်ချေရန်ဆန္ဒပြင်းပြကြသည်။ သို့သော် စုရီမှာမူ မကျေနပ်သေးဟန်ဖြင့်၊

“ ဒါက ဓားသမားတစ်ယောက်ရဲ့ ဝိညာဉ်တဲ့လား ဘယ်လိုလုပ် ဒီလောက်လေးနဲ့ ကန့်သတ်ထားရတာလဲ။ ”

-ဟု ပြန်လည်မေးခွန်းထုတ်လိုက်၏။

ဤတစ်ကြိမ်တွင် ဓားရူးသည်ပင် မျက်ခုံးပင့်သွားသည်။ သို့သော် အပြုံးမပျက်ဘဲ စုရီထံ ပြန်ကြည့်ကာ၊

“ ဒါဆို မင်းရဲ့အမြင်မှာ ဓားသမားတစ်ယောက်ရဲ့ ဝိညာဉ်က ဘယ်လို ဖြစ်သင့်တယ်ထင်လဲ။ ”

-ဟု စူးစမ်းလိုက်၏။

“ မသေခဲ့ရင် ငါပြောပြမယ်။ ”

စုရီမှ ‌ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေ၏။ ဓားရူးခမျာဆွံ့အသွားသည်။ ထိုစကားမျိုးသည် အနည်းငယ် ရင်းနှီးနေသလိုပေပင်။ ယခင်က သူကိုယ်တိုင် စုရီသည်သာ သူ့ဓားသုံးချက်ကို ပိတ်ဆို့နိုင်ပါက ပြောပြမည်ဟု ဆိုခဲ့၏။

“ ဟားဟားဟား ... ကောင်းပြီ ... ။ ”

ထို့နောက် သူ့ဓားကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကိုးလွှာမှ လေပြင်းများအလားပင် ရောင်ဝါများလှုပ်ခတ်လာ၏။

အမူအရာမှာ ရူးသွပ်သူတစ်ဦးကဲ့သို့ ပြောင်းလဲလာပြီး သတ်ဖြတ်ခြင်းရည်ရွယ်ချက် ထွက်ပေါ်လာသည်။ ကမ္ဘာကြီးတစ်ခုလုံး ဆိတ်သုဉ်းသွားသလိုပေပင်။

“ ငါ့ရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေဖို့ပဲ တောင်းဆိုပါတယ်။ ”

စုရီမှ ပြုံးလျက် သတိပေးကာ ဓားရောင်ဝါကိုစုစည်းလိုက်သည်။ အစမှအဆုံး မာနထောင်လွှားနေသော စုရီစကားများကြောင့် ဓားရှူးက သဘောကျသွား၏။

“ ငါ့နာမည်က ရှောင်မို၊ အရင်တုန်းက လူတွေက ငါ့ကိုဓားရူးလို့ခေါ်ကြတယ် ဒါက ငါနဲ့ပိုလိုက်တယ်။ ”

“ ဓားရူးလား ... ။ ”

ထိုမိတ်ဆက်စကားကြောင့် စုရီမှ အံ့အားသင့်သွား၏။ ဤသည်မှာ စစ်မှန်သော လူသားဟုန်ယွမ်မှ သူ့နှင့်မှားခဲ့သော လူပေပင်။

ဗဟိုအင်‌မော်တယ်ရုံးတော်တွင် ထိုစဉ်အချိန်က သူတော်စင်သခင်ဆယ်ပါးနှင့် သူတို့ခေါင်းဆောင်ဓားသမားတစ်ဦး ရှိကြောင်း သတင်းကြားခဲ့ဖူး၏။

“ ဝှစ် ... ။ ”

ထိုစဉ် ကောင်းကင်ကို ဖြတ်ကျော်လျက် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို ရှောင်မိုမှ ထုတ်လွှတ်လာပြီဖြစ်သည်။

ကောင်းကင်နှင့် မြေကြီးကြား ပေသုံးသောင်းပတ်လည်တွင် ပင့်ကူမျှင်အလား လေဟာနယ် အက်ကွဲကြောင်းများ ပေါ်လာ၏။

ဤသည်မှာ ရှောင်မို၏ ဝှက်ဖဲတစ်ခု ဖြစ်လေသည်။ ‘ဖရိုဖရဲကာလ လောင်မြိုက်ခြင်း ဓား’ ဟု အမည်ရ၏။

လေထုအလယ် မီးရှူးမီးပန်းများ ပေါက်ကွဲလာသည့်အလား သွေးဓားရောင်ဝါများ ပြည့်နှက်သွားချေပြီ။

နှလုံးသားနှင့် ဝိညာဉ်ကို ဓားထံ သွန်းလောင်းထားပြီး ထိုဓားတစ်ချက်တည်းဖြင့် စကြဝဠာကြီးပေါ် အလင်းပေးနိုင်၏။

“ ဟမ့် ... ။ ”

သို့သော် စုရီသည် ဂရုမစိုက်ခဲ့ဘဲ ကောင်းကင်ပေါ်ခုန်တက်ကာ ခန္ဓာကိုယ်ကို လေးတစ်ချောင်း ရွေ့လျားလျက် လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

“ ဝုန်း ... ။ ”

ဤသည်မှာ ရိုးရှင်းပြီး မြန်ဆန်လှသော်လည်း စွမ်းအားသည် ကမ္ဘာကြီး တစ်ခုလုံးမှောင်လှန်လိုက်သကဲ့သို့ ပြင်းထန်၏။

သွေးဓားရောင်ဝါများသည် လမ်း၌ပင် လုံးဝပေါက်ကွဲလျက် ခြေမှုန်းခြင်းခံလိုက်သည်။ လက်ဖဝါးတစ်ချက်သည် အရာအားလုံးဖြစ်၏။

“ ဟားဟားဟား ... ။ ”

ထိုမြင်ကွင်းကြောင့် ရှောင်မိုခမျာ မျက်ခုံးပင့်လျက် ကျယ်လောင်စွာ အော်ဟစ်ပြီး ရယ်မောလိုက်တော့သည်။

“ အရှေ့လေက ညဘက်မှာ ပန်းရနံ့တစ်ထောင်သယ်ဆောင်ပြီး ကြယ်တွေ အပေါ် မုန်တိုင်းတစ်စင်းလို တိုက်ခတ်နိုင်တယ် တာအိုမိတ်ဆွေ ... မင်းရဲ့ဒီလက်ဖဝါးက ...

... အင်အားသုံးပြီး ကျွမ်းကျင်မှုကို ကျော်လွှားလိုက်တာပဲ ... တကယ့်ကို ဖျက်ဆီး နိုင်စွမ်း အပြည့်ရှိပါပေတယ်။ ”

ပထမဆုံးအကြိမ် တွေ့ဆုံမှု၌ပင် အသက်နှစ်ဆယ်ကျော်အရွယ် ဤလူငယ်သည် ကောင်းကင်ကို စိန်ခေါ်နိုင်သည့် ပြိုင်ဘက်ကင်း ဘီလူးတစ်ကောင်ဖြစ်ကြောင်း နားလည်လာ၏။

ယင်းက သူ့အတွက် ပျောက်ဆုံးနေသော တိုက်ပွဲဝင်ဆန္ဒများကို ပြန်လည်၍လောင်မြိုက် လာစေသည်။

“ ထိန်းမထားနဲ့ ... မင်းရဲ့ စစ်မှန်ပြီး ရူးသွပ်စရာကောင်းတဲ့ ဓားကို မြင်ပါရစေ မဟုတ်ရင် စိတ်ပျက်ရလိမ့်မယ်။ ”

စုရီမှ အော်ဟစ်လိုက်၏။

“ သတ် ... ။ ”

ရှောင်မိုမှ ဒုတိယမြောက် ဓားကွက်ကို ထုတ်ဖော်လိုက်လေသည်။ ဤတိုက်ခိုက်မှုသည် အလွန်ရိုးရှင်းပြီး အလှအပကာ လှည့်ကွက်များ လုံးဝမပါဝင်ချေ။

သာမန်ကလေးတစ်ယောက်မှ ဓားချက်ကိုထုတ်ဖော်နေသကဲ့ သန့်စင်နေ၏။ သို့သော် ပြင်းထန်ပြီး ပြတ်သားသော သတ်ခြင်း ရည်ရွယ်ချက်တစ်ခု ပါရှိနေသည်။

ကောင်းကင်နှင့် မြေကြီးသည်ပင် ထိုဖိအားကြောင့် ညည်းတွားတုန်လှုပ်သွားပြီး မိုးကြိုးမုန်တိုင်းများ ကြေမွကုန်၏။

လေးလံလှသော သတ်ဖြတ်ခြင်း ဓားရည်ရွယ်ချက်ပေပင်။ တန်လင်းချီတို့နှစ်ဦး ရေခဲဂူထဲပြုတ်ကျသွားသကဲ့သို့ ခံစားလာရ၏။

သူတော်စင် အင်‌မော်တယ်ဖြစ်သော တန်လင်းချီပင် ထိုဓားကြောင့် မွန်းကြပ်လာပြီး စိတ်ပျက်အားငယ်မှုများ ခံစားလာရစေသည်။

တန်ပေါင်အာအတွက်မူ ဆိုဖွယ်မရှိချေ။ နူးညံ့သော အရေပြားများ စူးရှနာကျင်လာပြီး၊ စိတ်ဝိညာဉ်ပါ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲ မတတ်ဖြစ်လာတော့၏။

ဤဓားကို မျက်နှာဆိုင်နေရသော စုရီသည်လည်း ဖိအားကို ခံစားလိုက်ရသည်။ ရှည်လျားသောဆံပင်များ လေထဲလွင့်ပျံနေပြီး ပျော်ရွှင်ရူးသွပ်မှုများ ထင်ဟပ်လာ၏။

တစ်ကယ်ပင် တစ်ဖက်လူသည် ဓားရူးဟူသောဘွဲ့ဖြင့် လိုက်ဖက်လွန်းချေပြီ။ ဤကမ္ဘာကြီးတွင် သူ့ကဲ့သို့ဓားကိုရူးသွပ်နေသူ အခြားတစ်ယောက် မရှိနိုင်တော့ချ။

ထိုကြောင့် လေးနက်သော အသွင်ဖြင့် ဓားအလင်းတစ်လက်ကို ပစ်ခတ်ကာ ဖြေရှင်း လိုက်ရသည်။

“ ဝုန်း ... ။ ”

“ ဘန်းဘန်းဘန်း ... ။ ”

အဆုံးအစမဲ့ စကြာဝဠာကြီးအတွင်း ရောက်ရှိသွားသကဲ့သို့ ရှောင်မိုတစ်ယောက် ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် လေဟာနယ် တစ်ခုလုံးပြိုကျလျက် ပေါက်ကွဲမှုများစွာသည် ဆက်တိုက်ဖြစ်ပေါ်လာ၏။

“ ဝှစ် ... ။ ”

အနီးအနားရှိ တောင်ကုန်များအားလုံး ဖုန်မှုန့်အဖြစ်ပြောင်းလဲသွား၏။ တန်လင်းချီမှ တန်ပေါင်အာကို ဖမ်းဆွဲကာ အဝေးသို့ အလျင်အမြန်ဆုတ်ခွာလိုက်ရသည်။

ဖုန်မှုန့်များအကြား စုရီတစ်ယောက် ပေကိုးဆယ်ခန့် နောက်သို့ဆုတ်ခွာလိုက်ရပြီး မျက်နှာဖြူဖျော့သွားလေသည်။

တစ်ချိန်တည်းမှာပင် ရှောင်မိုသည်လည်း ဓားကိုင်လက်တုန်ရီလျက် မယုံကြည်နိုင်ဖွယ် အမူအရာဖြင့် ရပ်တန့်နေခဲ့ချေပြီ။

“ တကယ်ပဲ ဒီဓားက သူတော်စင်အင်မော်တယ်တွေကြားမှာ အတုမဲ့ ပါပေတယ်။ ”

စုရီက အဝတ်အစားများကို ဖုန်ခါလျက် မှတ်ချက်ပေးလိုက်သည်။ ထိုစကားကြားမှသာ ရှောင်မို့တစ်ယောက် ပြန်လည် သတိဝင်လာ၏။ အဆုံး၌ သက်ပြင်းချကာ၊

“ ဒါပေမယ့် မင်းပိတ်ဆို့နိုင်ခဲ့တယ် မဟုတ်လား ဒါဘာကိုဆိုလိုတာလဲ မင်းသိလား ငါ့ရဲ့ဓားဟာ တကယ်ပဲ အတုမဲ့ဓားချက်အဖြစ် သံသယဝင်မိလာတယ် ... ။ ”

-ဟု ညည်းတွားလိုက်၏။

“ ဒီဓားက မင်းရဲ့ဓားကိုတောင် ဆွဲထုတ်လာအောင် မတတ်စွမ်းစေနိုင်တာမို့ တကယ်မယုံနိုင်စရာပါပဲ။ ”

သို့သော် ဤအချက်သည် ရှောင်မို၏ တိုက်ပွဲဝင်ဆန္ဒများကို ပိုလောင်ကျွမ်းစေသည်။ သူ့အတွက် ဓားတာအိုသည် သေခြင်း-ရှင်ခြင်းထက် အဓိပ္ပါယ်ပိုရှိ၏။

တစ်စုံတစ်ဦးသည် ရူးသွပ်မှု တစ်စုံတစ်ရာမရှိသော် အသက်ရှင်နေသော်မှ သေသည်နှင့် မခြားချေ။ အဓိပ္ပါယ်မဲ့လှ၏။

“ ငါ့ဓားကို ဆွဲထုတ်လိုက်တာနဲ့ ... သေခြင်းနဲ့ရှင်ခြင်းကို သတ်မှတ်ပေးနိုင်ပါတယ် ဒါပေမယ့် မင်းရဲ့ဓားနှစ်ချက်က ငါ့ဓားကိုဆွဲဖို့ မလုံ‌လောက်သေးတာ စိတ်မကောင်းစရာပဲ။ ”

စုရီလေသံမှာ တည်ငြိမ်ပြီး အထင်သေး‌စော်ကားလိုခြင်း မရှိချေ။ သို့သော် ကြားရသူတိုင်းအတွက် ဤစကားများသည်ပင် ဓားတစ်လက်ကဲ့သို့ နားဝင်ဆိုးနေတော့၏။

***

All Chapters