← Chapters

အခန်း (၄၄၁-၄၄၂)

Vol. 23 Ch. 441-442

အခန်း (၄၄၁-၄၄၂)

Vol. 23 Ch. 441-442

အခန်း (၄၄၁) - ချိပ်ပိတ်ခံထားရသော မိစ္ဆာသားရဲ

လင်းကျင်းသည် ကျောက်ကျင့်ယန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် အစီအစဉ်မရှိသဖြင့် အကြီးအကဲမိုအား သင့်တော်သလိုပင် မိတ်ဆက်ပေးလိုက်၏။

“ဖီးနစ်နန်းတော်က မဟာတပ်မှူးကြီး ဟုတ်လား”

အကြီးအကဲမိုအနေဖြင့် ဖီးနစ်နန်းတော်၏ အမည်ကို ယခင်ကတည်းက ကြားဖူးထားခဲ့ခြင်းမှာ ထင်ရှားလှပေသည်။ ဘာပဲဖြစ်ဖြစ် မြက်ခင်းပြင်တိုက်၏ ဒါလော့ကျောင်းတော်နှင့် တောင်ဘက်တိုက်၏ ဖီးနစ်နန်းတော်တို့ဟူသည် ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိလာခဲ့ကြသော အဖွဲ့အစည်းကြီးများ ဖြစ်ကြ၏။ ၎င်းတို့မှာ နိုင်ငံများမဟုတ်သော်လည်း သူတို့ပိုင်ဆိုင်ထားသော အင်အားက ထိပ်တန်းနိုင်ငံကြီးများနှင့်ပင် နှိုင်းယှဉ်နိုင်စရာရှိနေခဲ့ရာ အကြီးအကဲမိုအနေဖြင့် သူတို့၏ တည်ရှိမှုကို သိရှိနေခဲ့ခြင်းက အံ့သြစရာမဟုတ်ပေ။

သို့သော်လည်း သူ့ကို တုန်လှုပ်သွားစေခဲ့သောအရာမှာမူ ဖီးနစ်နန်းတော်၏ မဟာတပ်မှူးကြီးဟူသော ကြီးမားလှသည့် နောက်ခံနောက်ကြောင်းရှိနေပါသော်လည်း ကျောက်ကျင့်ယန်မှာ သခင်မလေးတစ်ဦး ဖြစ်နေခဲ့ခြင်းပင်။

ကျောက်ကျင့်ယန်မှာ လင်းကျင်းထက် များစွာ အသက်ကြီးသော်လည်း အကြီးအကဲမို၏ မျက်စိထဲတွင်မူ သူမက မိန်းမပျိုလေးတစ်ဦးမျှသာ ဖြစ်၏။

သို့သော်လည်း အကြီးအကဲမိုသည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းအပေါ်တွင် အလွန်အမင်း သံသယဝင်ခြင်းမရှိခဲ့ပါချေ။ ၎င်းမှာ အဓိကအားဖြင့် လင်းကျင်းအပေါ်တွင် သူထားရှိသော ယုံကြည်မှုအဆင့်အတန်းကြောင့် ဖြစ်၏။ အသင်းခွဲ၏ ဥက္ကဋ္ဌကိုယ်တိုင်ကပင် ဤအရာကို လက်ခံထားသည် ဖြစ်ရာ အကြီးအကဲမိုအနေဖြင့်လည်း ပူပန်နေစရာ အကြောင်းမရှိတော့ပေ။

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ကျောက်စိမ်းနဂါးနိုင်ငံက အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်ဟာ ဒီမြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းရဲ့ အောက်ခြေမှာ မိစ္ဆာသားရဲတစ်ကောင်ကို ချိပ်ပိတ်ထားခဲ့ဖူးတယ်... အဲဒီလူက ငါတို့အသင်းချုပ်ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့လို့ သူက ဒီမြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းရဲ့ အဝင်ဝနေရာတည့်တည့်မှာပဲ မေပယ်မြို့အသင်းခွဲကို တည်ဆောက်ခဲ့တာ... နှစ်ပေါင်းသုံးဆယ်ပြည့်တိုင်း တစ်ကြိမ် အသင်းချုပ်ရဲ့ အကြီးအကဲတစ်ယောက်ဟာ ဒီနေရာကို အလှည့်ကျ လာရောက်ပြီး အဲဒီမိစ္ဆာသားရဲက ချိပ်ပိတ်မှုကို ဖျက်ဆီးပြီး ကမ္ဘာမြေပေါ်ကို နောက်ထပ်တစ်ကြိမ် ဘေးအန္တရာယ်တွေ သယ်ဆောင်လာမှာကို တားဆီးဖို့အတွက် စောင့်ကြပ်ရတာ”

အကြီးအကဲမို ပြောပြနေခဲ့သော ဖြစ်ရပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းမှာ အစွမ်းထက်လှသော ပညာရှင်တစ်ဦးက မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်း၏ အင်အားကို ငှားရမ်းကာ အစွမ်းထက်လှသော မိစ္ဆာသားရဲတစ်ကောင်ကို ချိပ်ပိတ်ခဲ့သည့်အချိန် ဖြစ်၏။ ထိုဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် အကြီးအကဲတစ်ဦးက ဤနေရာ၌ လာရောက်စောင့်ကြပ်ရန်ဟူသည် စည်းမျဉ်းတစ်ခု ဖြစ်လာခဲ့ရတော့သည်။ တာဝန်လဲလှယ်ခြင်းက နှစ်ပေါင်းသုံးဆယ်လျှင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် အကြီးအကဲမိုမှာ ဤနေရာကို စောင့်ကြပ်ရန် ရောက်ရှိနေခဲ့သော စတုတ္ထမြောက် အကြီးအကဲပင် ဖြစ်ပေသည်။

“ဒါဆိုရင် အကြီးအကဲမို တကယ်ကို ပင်ပန်းခံခဲ့ရတာပဲ”

လင်းကျင်းသည် သူ့ကို လေးစားစိတ်များ မဖြစ်ပေါ်ဘဲ မနေနိုင်ခဲ့ပါချေ။

ဤအရာကို မသိရှိမီ အချိန်အထိ သူသည် အကြီးအကဲမိုအနေဖြင့် ဘာဖြစ်လို့ ဤနေရာတွင်သာ အမြဲတမ်းနေထိုင်ရန် အတင်းအကျပ် ဆုံးဖြတ်ထားခဲ့ရခြင်း ဖြစ်ကြောင်းကို မသိရှိခဲ့ပါချေ။ သို့သော်လည်း ယခုအခါတွင်မူ သူ အကြောင်းရင်းကို သိရှိသွားခဲ့ရပြီ ဖြစ်၏။ သူ၏ တွက်ချက်မှုများအရ အကြီးအကဲမိုမှာ ဤနေရာတွင် ရှိနေခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်ရာ သူ၏ နှစ်ပေါင်းသုံးဆယ်တာဝန်က ကုန်ဆုံးရန် နီးကပ်နေခဲ့ပြီ ဖြစ်လေသည်။

သူ၏ အချိန်အများစုကို နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် ဤနေရာ၌ ကုန်ဆုံးစေခဲ့ခြင်းက တကယ်ကို အံ့သြစရာကောင်းလှပေသည်။

“ဟဲဟဲ.. ဒါက ငါ့ရဲ့ တာဝန်ဝတ္တရားဖြစ်သလို ဒီနေရာကို စောင့်ကြပ်ဖို့က ငါ့ရဲ့ အလုပ်ပဲလေ”

အကြီးအကဲမိုမှာ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အထူးပင် တည်ငြိမ်နေခဲ့ပေသည်။ သူသည် ဤနေရာကို စောင့်ကြပ်ရန်အတွက် သူ၏ သက်တမ်းများကို စတေးရန် အပြည့်အဝ ဆန္ဒရှိနေခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

“ဒါနဲ့ ဥက္ကဋ္ဌလင်းနဲ့ တပ်မှူးကြီးကျောက်တို့က ဒီနေ့ ဒီနေရာကို ဘာကိစ္စအတွက် ရောက်လာခဲ့ကြတာလဲ”

အကြီးအကဲမိုက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

အဖိုးအိုသည် လင်းကျင်း၏ ထူးခြားပြောင်မြောက်လှသော အရည်အချင်းများကို သိရှိထားပြီး ဖြစ်ကာ အထူးသဖြင့် သားရဲအကဲဖြတ်ခြင်း ပညာရပ်တွင် ဖြစ်ပေသည်။ ထိုလူငယ်မှာ ကျောက်စိမ်းနဂါးနိုင်ငံအတွင်း၌ မည်သူနှင့်မျှ နှိုင်းယှဉ်နိုင်စရာ မရှိလောက်အောင်အထိ ဖြစ်နေခဲ့ပြီး ၎င်းကို မကြာသေးမီက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ပေးအပ်ထားခဲ့သော ‘ကျောက်စိမ်းနဂါးနိုင်ငံ၏ အထွတ်အထိပ် အကဲဖြတ်မှူး’ ဟူသော ဘွဲ့အမည်က သက်သေပြနေခဲ့ပေသည်။ ဤအရာတစ်ခုတည်းနှင့်တင် လင်းကျင်းကို ကျောက်စိမ်းနဂါးနိုင်ငံ သားရဲအကဲဖြတ်မှူးများကြားတွင် ထူးခြားထက်မြက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေခဲ့ရသည်။

သို့သော်လည်း ကျောက်ကျန့်ယန်မှာမူ ကွဲပြားခြားနားလှပေသည်။

သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သူသံသယမဝင်သော်လည်း ဖီးနစ်နန်းတော်၏ ကျော်စောမှုက ကြီးမားလွန်းလှပေသည်။ အကြီးအကဲမို သင်တန်းသားတစ်ဦး ဖြစ်နေခဲ့စဉ် အချိန်ကတည်းက ဖီးနစ်နန်းတော်မှာ သူတို့၏ အထွတ်အထိပ် အချိန်များအတွင်း တည်ရှိနေခဲ့ခြင်း ဖြစ်ပြီး ၎င်းကို မီးဓာတ်သတ္တိရှိသော သားရဲများအားလုံးအတွက် သန့်ရှင်းသော မြေအဖြစ် ကျော်ကြားခဲ့ကြသကဲ့သို့ သူတို့၏ မီးလျှံအတတ်ပညာများကလည်း ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်ခဲ့ကြ၏။

ဖီးနစ်နန်းတော်၏ မဟာတပ်မှူးကြီးဖြစ်သော ကျောက်ကျင့်ယန်ကဲ့သို့သော မြင့်မားလှသည့် ပုဂ္ဂိုလ်တစ်ဦးက ဤကဲ့သို့သော သေးငယ်လှသည့် မေပယ်မြို့ငယ်လေးဆီသို့ ဘာဖြစ်လို့ ရောက်ရှိလာခဲ့ရပါသနည်း။

သူမသည် မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းအတွက် ရောက်ရှိလာခဲ့ခြင်းလား။

မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းက အဖိုးတန်လှသော်လည်း ဖီးနစ်နန်းတော်၏ မဟာတပ်မှူးကြီးကိုယ်တိုင် ဤမျှ ဝေးကွာလှသော ခရီးစဉ်ကို လာရောက်ရလောက်အောင်အထိတော့ တန်ဖိုးရှိနေခဲ့ခြင်းမဟုတ်ပါချေ။ ထို့ကြောင့် အကြီးအကဲမို၏ စူးစမ်းလိုစိတ်က မြင့်တက်လာခဲ့ရပြီး သူ၏ စိတ်ထဲ၌ မေးခွန်းများစွာ ရှိနေခဲ့ခြင်း ဖြစ်၏။

ကျောက်ကျင့်ယန်ကမူ တိတ်ဆိတ်စွာပင် နေခဲ့ပေသည်။ သူမသည် ပြတိုက်မှူးကို ရိုသေလေးစားနိုင်ပြီး လင်းကျင်းကို ယုံကြည်နိုင်သော်လည်း ၎င်းက ထိုမျှသာ ဖြစ်ပေသည်။

လင်းကျင်းကမူ သူမကို ဖီးနစ်ဥကို ထုတ်ယူရန်အတွက် ညွှန်ကြားလိုက်တော့၏။

“ဒါက မီးလျှံတွေကြောင့် ဖြစ်တည်လာခဲ့တဲ့ သေဆုံးသွားခဲ့တဲ့ ဖီးနစ်တစ်ကောင်ရဲ့ ပြာတွေပဲ... မီးလျှံတွေထဲမှာ ရေချိုးခြင်းအားဖြင့်သာ ဖီးနစ်က ပြန်လည်မွေးဖွားလာနိုင်မှာဖြစ်ပေမဲ့ သေချာတာကတော့ သာမန်မီးလျှံတွေနဲ့တော့ မရဘူး... အဲဒါက ရှားပါးပြီး ထူးခြားဆန်းပြားတဲ့ မီးလျှံတွေဖြစ်ဖို့ လိုအပ်တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့အသင်းခွဲရဲ့ အောက်ခြေမှာ ရှိနေတဲ့ ဒီမြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းက ထူးခြားတဲ့ မီးလျှံမြစ်ဖျားခံရာ နေရာတစ်ခု ဖြစ်နေခဲ့တာ”

ဆိုကာ လင်းကျင်းက အကြီးအကဲမိုအား လွန်ခဲ့သည့် နှစ်ပေါင်းရာချီကတည်းက ဖီးနစ်နန်းတော်က ဤနေရာကို ရှာဖွေတွေ့ရှိခဲ့ကြပြီး နောက်ဆုံးတွင် ထူးခြားလှသော မီးလျှံစမ်းကြောင်းကို ချိပ်ပိတ်ထားခဲ့ကြကြောင်း ရှင်းလင်းပြောပြလိုက်သည့် အခါတွင်မူ အကြီးအကဲမိုမှာ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေခဲ့ရတော့၏။

ဤမျှအထိ သက်တမ်းကြာမြင့်စွာ နေထိုင်လာခဲ့ရသော်လည်း ယခုကဲ့သို့သော သတင်းအချက်အလက်များက သူ့ကို အံ့အားသင့်သွားစေခဲ့ရဆဲ ဖြစ်ပေသည်။

“ထူးခြားတဲ့ မီးလျှံလား... ဒီအောက်ခြေမှာလား”

အကြီးအကဲမို၏ မျက်နှာအမူအရာက ပျက်ယွင်းသွားခဲ့ရပေသည်။ အကယ်၍ မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းကို အဖိုးတန်သည်ဟု သတ်မှတ်မည်ဆိုပါက ထူးခြားသော မီးလျှံဟူသည် ၎င်းထက် များစွာ ပိုမို၍ မြင့်မားလှသော အဆင့်အတန်းတစ်ခုတွင် တည်ရှိနေခဲ့ခြင်း ဖြစ်၏။

လွန်ခဲ့သည့် ဆယ်စုနှစ်အချို့က ထိပ်တန်းနိုင်ငံကြီးများကြားတွင် ယခုကဲ့သို့သော ထူးခြားလှသော မီးလျှံမြစ်ဖျားခံရာ နေရာတစ်ခုကို လုယူရန်အတွက် ပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးပေသည်။

၎င်းက ထိုမျှအထိ တန်ဖိုးရှိလှပေ၏။

တစ်နည်းအားဖြင့်ဆိုသော် ၎င်းကို တန်ဖိုးမဖြတ်နိုင်ဟုပင် ခေါ်ဆိုနိုင်ပေသည်။

မီးဓာတ်သတ္တိရှိသော သားရဲများအတွက်မူ ထူးခြားသော မီးလျှံ၏ စွမ်းအင်များကို ငှားရမ်းရုံမျှဖြင့် သူတို့၏ အရိုးတွင်းခြင်ဆီများကို သန့်စင်ပေးနိုင်မည် ဖြစ်ရာ ၎င်းက နောက်ထပ် ကျင်းပမည့် ဆင့်ကဲပြောင်းလဲမှု၏ အောင်မြင်မှုနှုန်းကို မြင့်တက်စေနိုင်မည် ဖြစ်၏။

၎င်းမျှတင် မကသေးပါချေ။ ထူးခြားသော မီးလျှံများကို ဆေးလုံးများ ဖော်စပ်ခြင်းနှင့် လက်နက်ကိရိယာများ သွန်းလုပ်ခြင်းတို့တွင်လည်း အသုံးပြုနိုင်မည် ဖြစ်ပြီး ၎င်းက ထွက်ပေါ်လာမည့် နောက်ဆုံးထုတ်ကုန်ကို သာမန်မီးလျှံများကို အသုံးပြုခြင်းထက် အဆပေါင်းများစွာ ပိုမို၍ အားကောင်းမောင်းသန် ဖြစ်စေနိုင်မည် ဖြစ်ပေသည်။

“အခုအချိန်အထိ ဒီအကြောင်းအရာကို ငါတို့ သုံးယောက်ပဲ သိရှိထားကြတာမို့ ကျေးဇူးပြုပြီး ဒီအရာကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းပေးဖို့ ကူညီပေးပါ အကြီးအကဲမို... ဘာပဲဖြစ်ဖြစ် ထူးခြားတဲ့ မီးလျှံမြစ်ဖျားခံရာ နေရာတစ်ခုက အလွန် တန်ဖိုးကြီးမားတယ်... တကယ်လို့ ဒီသတင်းကသာ အပြင်ကို ပေါက်ကြားသွားခဲ့မယ်ဆိုရင် ငါတို့တွေ မကောင်းတဲ့ အဖွဲ့အစည်းတွေကို ဆွဲဆောင်မိသလို ဖြစ်သွားလိမ့်မယ်... အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် မေပယ်မြို့ရဲ့ ငြိမ်းချမ်းမှုတင်မကဘဲ တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းမှုကပါ ပျက်စီးသွားနိုင်တယ်”

လင်းကျင်းက ဆိုလိုက်၏။

လင်းကျင်းမှာ အခြေအမြစ်မရှိဘဲ တွေးတောမိခြင်းမဟုတ်ပါချေ။ အကြီးအကဲမိုသည်လည်း ပြဿနာ၏ ကြီးလေးမှုကို သိရှိထားသဖြင့် ခေါင်းညိတ်လိုက်ပြီး ကတိပြုလိုက်၏။

“မင်း စိတ်ချလက်ချ ရှိနေနိုင်တယ် ဥက္ကဋ္ဌလင်း... ငါ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘာတစ်ခွန်းမှ အပြင်ကို ပြောမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက လူအများကြီးနဲ့ သက်ဆိုင်နေသလို နောက်ဆက်တွဲ အကျိုးဆက်တွေက ဘယ်လောက်အထိ ကြီးမားမလဲဆိုတာကို ငါ သိရှိထားလို့ပဲ”

အကြီးအကဲမိုမှာ သိသာစွာပင် စိတ်လှုပ်ရှားသွားခဲ့ရပေသည်။ ဘာဖြစ်လို့လဲဆိုတော့ ယခုအခါတွင် သူသည် မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းတစ်ခုတည်းကိုသာ စောင့်ကြပ်နေခဲ့ခြင်းမဟုတ်ဘဲ ထူးခြားသော မီးလျှံမြစ်ဖျားခံရာ နေရာတစ်ခုကိုပါ စောင့်ကြပ်နေခဲ့ခြင်း ဖြစ်ကြောင်း သိရှိသွားခဲ့ရသောကြောင့် ဖြစ်၏။ ဤအရာနှင့်ဆိုလျှင်မူ သူ ကူညီပေးခဲ့ရသော နှစ်ပေါင်းများစွာသော အချိန်များက ပိုမို၍ တန်ဖိုးရှိပေတော့သည်။

ဤနေရာ၏ အောက်ခြေတွင် မည်သည့် မိစ္ဆာသားရဲကို ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်းကိုမူ အကြီးအကဲမို မသိရှိပါချေ။ သူ၏ တာဝန်မှာ ချိပ်ပိတ်မှု လျော့ရဲလာသည့် အချိန်တိုင်းတွင် ၎င်းကို ပြန်လည်၍ အားဖြည့်ပေးရန်မျှသာ ဖြစ်ပေသည်။

အကြီးအကဲမို ယခင်က ထိုင်လေ့ရှိသော နေရာ၏ ဘေးတွင် ကျောက်သားတံခါးတစ်ခု ရှိနေခဲ့ပေသည်။ အကြီးအကဲမို၏ မီးလိပ်ပြာသားရဲမှာ ထိုနေရာ၏ ဘေးပတ်လည်တွင် အမြဲတမ်း ဝပ်စင်းနေလေ့ရှိသော်လည်း ၎င်း၏ ဝမ်းဗိုက်အောက်ခြေတွင်မူ လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိနေခဲ့ခြင်း ဖြစ်၏။ ထိုလမ်းကြောင်းကို ဖြတ်သန်းသွားခဲ့မည်ဆိုပါက ရှစ်ထောင့်ပုံစံရှိသော မဏ္ဍပ်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်ပြီး ၎င်းမှာ ချိပ်ပိတ်မှု တည်ရှိရာ နေရာပင် ဖြစ်ပေသည်။

အကြီးအကဲမိုသည် လင်းကျင်းနှင့် ကျောက်ကျင့်ယန်တို့ကို ဦးဆောင်ကာ လမ်းကြောင်းအောက်သို့ ဆင်းသက်ခဲ့ကြတော့၏။ ရှစ်ထောင့်မဏ္ဍပ်၏ အပြင်ဘက် တည့်တည့်တွင် မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်း ရှိနေခဲ့ပြီး သာမန်မျက်စိဖြင့်ပင် ကြည့်ရှုရုံမျှဖြင့် ပူပြင်းလှသော ချော်ရည်များနှင့် သူတို့၏ ဘေးပတ်လည်တွင် သိပ်သည်းလှသော မီးစွမ်းအင်များ ဝန်းရံနေခဲ့သည်ကို ခံစားမိနိုင်ပေသည်။

သာမန်လူတစ်ဦးဦးသာ ဖြစ်မည်ဆိုပါက ယခုကဲ့သို့သော ပြင်းထန်လှသည့် အပူရှိန်ကြောင့် ခေါင်းမူးနောက်သွားနိုင်သော်လည်း လင်းကျင်းနှင့် အပေါင်းအပါများမှာမူ မီးဓာတ်သတ္တိရှိသော သားရဲများကို ပိုင်ဆိုင်ထားခဲ့ကြသူများ ဖြစ်ကြပေသည်။ သူတို့၏ သွေးသစ္စာစာချုပ်များကြောင့် သူတို့သည် ဤနေရာတွင် ရပ်နေခဲ့ရသော်လည်း အလွန်ပင် သက်တောင့်သက်သာ ရှိနေခဲ့ကြ၏။

ချော်ရည်များ၏ အလယ်ဗဟိုတွင်မူ ထင်ရှားလှသော ကျောက်နက်တုံးကြီးတစ်ခုက ပေါ်ထွက်နေခဲ့ပေသည်။ ထိုကျောက်တုံးပေါ်တွင် မီးလျှံအဆောင်လက်ဖွဲ့တစ်ခု ကပ်ထားခဲ့သည်ကို မြင်တွေ့ရ၏။

“သုံးနှစ်ပြည့်တိုင်း တစ်ကြိမ် ငါ ဒီအောက်ခြေကို ဆင်းလာပြီး မီးလျှံအတတ်ပညာတွေနဲ့ ဒီမီးလျှံအဆောင်လက်ဖွဲ့ကို အားဖြည့်ပေးရတာ... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် ငါ ဒါကို ရှစ်ကြိမ်မြောက်အဖြစ် အားဖြည့်ပေးခဲ့တာ”

အကြီးအကဲမိုက ကျောက်နက်တုံးကြီးထံသို့ လက်ညှိုးထိုးပြရင်း ဆိုလိုက်၏။

“အဲဒါက အဲဒီမိစ္ဆာသားရဲပဲ”

အတွေ့အကြုံရှိသော လူတစ်ဦးဖြစ်သည့်အလျောက် လင်းကျင်းသည် ထိုကျောက်တုံးမှာ ချော်ရည်များ အေးခဲသွားခဲ့ပြီးနောက်တွင် ဖြစ်တည်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိလိုက်၏။ တစ်နည်းအားဖြင့်ဆိုသော် တကယ့် မိစ္ဆာသားရဲ အစစ်အမှန်မှာ ကျောက်တုံး၏ အတွင်းပိုင်းတွင် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

“မိုးကြိုးမီးလျှံအပ်”

သူ၏ လက်ချောင်းများကို ခါးယမ်းလိုက်သည်နှင့်အတူ သူ ကောင်းကင်မိုးကြိုးမှနေ၍ သွန်းလုပ်ထားခဲ့သော မိုးကြိုးမီးလျှံအပ်က တဟုန်ထိုး ထွက်ပေါ်သွားခဲ့တော့၏။ အကြီးအကဲမိုသည် လင်းကျင်း၏ စွမ်းရည်များကို သိရှိထားပြီး ဖြစ်ပေသည်။ သူသည် အခြားသော လူတစ်ဦးဦးသာ ဖြစ်မည်ဆိုပါက ယခုကဲ့သို့ လုပ်ဆောင်ခြင်းကို တားဆီးမိမည် ဖြစ်သော်လည်း လင်းကျင်းအပေါ်တွင်မူ သူက စိတ်ကြိုက်လုပ်ဆောင်နိုင်ရန်အတွက် လုံလောက်စွာ ယုံကြည်ထားခဲ့ခြင်း ဖြစ်၏။

ထက်မြက်လှသော မြှားတစ်စင်းကဲ့သို့ပင် မိုးကြိုးမီးလျှံအပ်မှာ အပြင်ဘက်ရှိ ချော်ရည်ခွံကို ဖောက်ထွင်းသွားခဲ့ပြီး မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်အတွင်းသို့ စိုက်ဝင်သွားခဲ့တော့သည်။

ချက်ချင်းဆိုသလိုပင် သားရဲပြတိုက်မှာ လှုပ်နှိုးခြင်းကို ခံလိုက်ရ၏။

“အဆင့် ၅ မိစ္ဆာသားရဲ”

လင်းကျင်းသည် မျက်မှောင်ကြုတ်မိလိုက်တော့သည်။ အတိတ်ကာလက အဲဒီလူက အဆင့် ၅ မိစ္ဆာသားရဲတစ်ကောင်ကို သူတို့အသင်းခွဲရဲ့ အောက်ခြေမှာ ချိပ်ပိတ်ထားနိုင်ခဲ့တာကို တွေးတောကြည့်ရင်း ၎င်းက တကယ်ကို ထူးခြားပြောင်မြောက်သော စွမ်းဆောင်ရည်တစ်ခု ဖြစ်ပေသည်။

အခန်း (၄၄၂) - ချိပ်ပိတ်မှုကို ဖြေဖျက်ခြင်း

သားရဲနှင့် မိစ္ဆာသားရဲဟူသည် ကွဲပြားခြားနားပေသည်။

ရှေးဦးစွာသော သားရဲများတွင်မူ မည်သည့်စွဲလမ်းမှုမျှမရှိကြသော်လည်း မိစ္ဆာသားရဲများမှာမူ သူတို့၏ စွဲလမ်းမှုများမှနေ၍ မွေးဖွားလာခဲ့ကြခြင်း ဖြစ်၏။

မိစ္ဆာသားရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသော သားရဲများကို ကိုင်တွယ်ရခြင်းက ပိုမို၍ ခက်ခဲလှပြီး ၎င်းကို ပိုမိုလွယ်ကူသော စကားလုံးများဖြင့် ရှင်းလင်းရမည်ဆိုပါက စိတ်မမှန်သောလူတစ်ဦးနှင့် စိတ်ကျန်းမာရေးကောင်းမွန်သော လူတစ်ဦးတို့၏ ကွာခြားချက်ကဲ့သို့ပင် ဖြစ်သည်။

လူတိုင်းက မိစ္ဆာသားရဲများကို ဦးနှောက်အတွင်း၌ စိတ်မမှန်တော့သော သားရဲများအဖြစ် ရှုမြင်နိုင်ကြ၏။

သေချာတာကတော့ ဤကဲ့သို့သော ဖော်ပြချက်က အနည်းငယ် တစ်ဖက်စောင်းနင်းနိုင်သော်လည်း နားလည်ရန်အတွက်မူ အလွန်ပင် လွယ်ကူလှပေသည်။

ဥပမာအားဖြင့်ဆိုသော် ချော်ရည်ကျောက်တုံးကြီးအတွင်း၌ ပတ်ပတ်လည် ဝန်းရံခံထားရသော သတ္တဝါမှာ စိတ်မမှန်သော သားရဲတစ်ကောင်ပင် ဖြစ်၏။ ယခုကဲ့သို့သော ရှင်းလင်းချက်က အခြားသော လူများအတွက် နားလည်ရန် ပိုမို၍ လွယ်ကူသွားစေသည် မဟုတ်ပါသနည်း။

မိုးကြိုးမီးလျှံအပ်ကို ပြန်လည်၍ သိမ်းဆည်းလိုက်ပြီးသည့်နောက်တွင် လင်းကျင်းက ကျောက်ကျင့်ယန်ကို လှမ်းကြည့်လိုက်၏။ သူမသည်လည်း သူ ပြောဆိုလိုသောအရာကို ချက်ချင်းပင် နားလည်သွားခဲ့ရပေသည်။

“ငါတို့ ဖီးနစ်နန်းတော်က စီနီယာ ချိပ်ပိတ်ထားခဲ့တဲ့အရာက ဒီအောက်ခြေမှာ ရှိနေတာ... ချိပ်ပိတ်မှုကို ဖျက်ဆီးပြီး ထူးခြားတဲ့ မီးလျှံတွေကို ထုတ်လွှတ်နိုင်ဖို့ဆိုရင် အပေါ်မှာ ရှိနေတဲ့အရာတွေကို အရင်ဆုံး ရှင်းလင်းပစ်ရမယ်”

သူမက ဆိုလိုက်၏။

ထူးခြားလှသော မီးလျှံချိပ်ပိတ်မှု၏ အပေါ်တည့်တည့်တွင် ဤချိပ်ပိတ်ခံထားရသော မိစ္ဆာသားရဲ ရှိနေခဲ့ခြင်းမှာ ထင်ရှားလှပေသည်။ ကျောက်ကျင့်ယန် ပြောခဲ့သကဲ့သို့ပင် ထူးခြားသော မီးလျှံများကို ထုတ်လွှတ်နိုင်ရန်အတွက်မူ သူတို့သည် မိစ္ဆာသားရဲကို အရင်ဆုံး ဖယ်ရှားပစ်ရမည် ဖြစ်၏။

၎င်းအတွက်မူ အခြားသော လမ်းစဉ်မရှိပါချေ။

“ဒါပေမဲ့ ငါတို့တွေ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသင့်တယ်လို့ အကြံပြုချင်တယ်... အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြတာက အကောင်းဆုံးပဲ”

ကျောက်ကျင့်ယန်က ဆက်လက်၍ ဆိုလိုက်သော်လည်း သူမ၏ စကားလုံးများ၏ နောက်ကွယ်တွင်မူ အခြားသော အဓိပ္ပာယ်တစ်ခု ရှိနေခဲ့ခြင်းပင်။

သူမ၏ ဖီးနစ်ဥ နာဗာန အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက်မူ ထူးခြားသော မီးလျှံများအတွင်း၌ ရေချိုးရမည် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သူမသည် ပုံမှန်အားဖြင့် ဤအရာကို အတတ်နိုင်ဆုံး အလျင်အမြန် ကိုင်တွယ်လိုစိတ်ဖြင့် စိုးရိမ်ပူပန်နေရမည် ဖြစ်ပေသည်။

သူမအနေဖြင့် သူတို့အား စောင့်ဆိုင်းရန် အကြံပြုနေခဲ့ခြင်းမှာ လင်းကျင်းအပေါ်တွင် လုံလောက်စွာ ယုံကြည်မှုမရှိသေးခြင်းကြောင့်သာ ဖြစ်၏။ သူမသည် ပြတိုက်မှူး ရောက်ရှိလာမည့် အချိန်အထိ စောင့်ဆိုင်းလိုနေခဲ့ခြင်းပင်။

လင်းကျင်းအနေဖြင့် သူမ၏ စိတ်အတွင်းမှ အတွေးများကို ဖတ်ရှုနိုင်ခဲ့ခြင်းကတော့ ပြောနေစရာပင် မလိုပါချေ။

အကယ်၍ ဤကမ္ဘာပေါ်တွင် ပြတိုက်မှူးကဲ့သို့သော ပညာရှင်တစ်ဦးက အမှန်တကယ် ရှိနေခဲ့မည်ဆိုပါက လင်းကျင်းအနေဖြင့် စောင့်ဆိုင်းရန်အတွက် စိတ်ထဲရှိမည် မဟုတ်သော်လည်း ယခုအခါတွင်မူ ကျောက်ကျင့်ယန်အနေဖြင့် စောင့်ဆိုင်းနေစရာ အကြောင်းရင်း လုံးဝမရှိကြောင်းကို သူကိုယ်တိုင် ကောင်းမွန်စွာ သိရှိထားခဲ့ပေသည်။

“စောင့်နေစရာ မလိုဘူး၊ အခုပဲ စတင်ကြစို့”

လင်းကျင်းသည် သူ၏ အချိန်များကို အလဟဿ အကုန်အဆုံးမခံလိုပါချေ။ လက်ရှိအချိန်တွင် မိနစ်တိုင်းမှာ သူ၏အတွက် အလွန်ပင် တန်ဖိုးရှိလှပေသည်၊ ဘာဖြစ်လို့လဲဆိုတော့ သူ ဤအရာကို ပြီးပြတ်အောင် လုပ်ဆောင်ပြီးသည့်နောက်တွင် မြို့တော်သို့ သွားရောက်ကာ ပြတိုက်မှူးအဖြစ်ဖြင့် ဟယ်ရွှမ်နှင့် ဆုံတွေ့ရဦးမည် ဖြစ်ပြီး ထိုမှတစ်ဆင့် ထျန်းရွှမ်နိုင်ငံဆီသို့ ခရီးစဉ်တစ်ခု ထွက်ခွာရမည် ဖြစ်သောကြောင့် ဖြစ်၏။

၎င်းက သူ၏ အစီအစဉ်ပင် ဖြစ်ပေသည်။

အကယ်၍ ကျောက်ကျင့်ယန်သာ ပေါ်ထွက်လာခဲ့ခြင်းမရှိပါက သူသည် နေလည်ပိုင်းအချိန်တွင် မေပယ်မြို့မှနေ၍ ထွက်ခွာသွားခဲ့ပြီး ဖြစ်လိမ့်မည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူမ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ဤအရာကို အတတ်နိုင်ဆုံး အလျင်အမြန် ပြီးပြတ်အောင် လုပ်ဆောင်လိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေသည်။

“ဥက္ကဋ္ဌလင်း သေသေချာချာ စဉ်းစားပါဦး... အောက်ခြေက အဲဒီအရာက နှစ်ပေါင်းတစ်ရာကျော်ကတည်းက ပိတ်လှောင်ခံထားရတာ ဖြစ်လို့ အကယ်၍ မင်းအနေနဲ့ စိတ်ချရမှုမရှိဘူးဆိုရင် ငါတို့တွေ နောက်ထပ် နည်းနည်းလောက် စောင့်ဆိုင်းသင့်တာ အမှန်ပဲ”

အကြီးအကဲမိုသည်လည်း ဝေခွဲမရ ဖြစ်နေခဲ့ပေသည်။

ဘာပဲဖြစ်ပြီး သူတို့၏ အပေါ်တည့်တည့်တွင် သားရဲအကဲဖြတ်မှူး အသင်းခွဲနှင့် မေပယ်မြို့တစ်ခုလုံး ရှိနေခဲ့ခြင်း ဖြစ်၏။

အကယ်၍ သူတို့သာ အမှားအယွင်းတစ်ခုခု ပြုလုပ်မိခဲ့မည်ဆိုပါက မေပယ်မြို့ပေါ်သို့ ကြီးလေးလှသော ဘေးအန္တရာယ်ကြီးတစ်ခု ကျရောက်လာနိုင်ပေသည်။

အကြီးအကဲမိုသည် စစ်မှန်စွာ စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်၏။

လင်းကျင်းက ပြုံးလိုက်ပြီး ဆိုလိုက်၏။

“အကြီးအကဲမို ကျုပ်က ကာကွယ်ရေးဌာနရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေသေးတာကို မေ့သွားတာလား... နိုင်ငံတော်ကို ကာကွယ်ဖို့က ငါ့ရဲ့ တာဝန်ဝတ္တရားဖြစ်သလို ငါက စိတ်ချရမှုမရှိတဲ့ အလုပ်တစ်ခုကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး”

အမှန်တကယ်ပင် လင်းကျင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေခဲ့ပေသည်။

မိုးကြိုးမီးလျှံအပ်မှတစ်ဆင့် လင်းကျင်းသည် ရန်သူနှင့် ပတ်သက်၍ သူ လိုအပ်နေခဲ့သော သတင်းအချက်အလက်များကို ရရှိထားခဲ့ပြီး ဖြစ်၏။ အဲဒါအပြင် မိုးကြိုးမီးလျှံအပ်ဟူသည် သာမန်အပ်တစ်စင်းလည်း မဟုတ်ပါချေ။ လွန်ခဲ့သည့် အချိန်က ပစ်ခတ်မှုကြောင့် မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်အတွင်းသို့ မိုးကြိုးစွမ်းအင်တစ်ခု စီးဆင်းသွားခဲ့ရပြီ ဖြစ်ပေသည်။ ၎င်းက နောက်ပိုင်းတွင် ချိပ်ပိတ်မှုမှနေ၍ လွတ်မြောက်လာခဲ့မည်ဆိုလျှင်ပင် လင်းကျင်းတွင် ၎င်းက အဆင့် ၅ မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေခဲ့သည့်တိုင်အောင် ကိုင်တွယ်နိုင်စရာ အစီအစဉ်တစ်ခု ရှိနေခဲ့ပြီး ဖြစ်၏။

သူသည် ဤအရာကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည် ဖြစ်ကြောင်း သေချာနေခဲ့ပေသည်။

“ချိပ်ပိတ်မှုကို ဖွင့်လိုက်”

လင်းကျင်းက အမိန့်ပေးလိုက်၏။

အကြီးအကဲမိုသည်လည်း အမိန့်ကို အကောင်အထည်ဖော်ရန်အတွက် ဝေခွဲမရ ဖြစ်မနေခဲ့တော့ပါချေ။ လင်းကျင်းက ဥက္ကဋ္ဌ ဖြစ်နေခဲ့သည် ဖြစ်ရာ သူတွင် ယခုကဲ့သို့သော အမိန့်များကို ထုတ်ပြန်နိုင်စရာ အာဏာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် သူ၏ ရာထူးအဆင့်အတန်းနှင့် လွှမ်းမိုးမှုများကလည်း သူ၏ ဆုံးဖြတ်ချက်အပေါ်တွင် များစွာ အထောက်အကူ ပြုနေခဲ့၏။

အကြီးအကဲမိုသည် ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုကာ အတတ်ပညာတစ်ခုကို အသုံးပြုလိုက်တော့သည်။

ကျောက်တုံးကြီးပေါ်ရှိ မီးလျှံအဆောင်လက်ဖွဲ့မှာ တဖြည်းဖြည်းနှင့် စတင်၍ မှေးမှိန်သွားခဲ့ရပေ၏။

ယခုအခါတွင်မူ ချိပ်ပိတ်မှုကို ဖြေဖျက်လိုက်ပြီ ဖြစ်သည်။

မြေအောက်လိုဏ်ဂူကြီးအတွင်း၌ စတင်၍ တုန်ခါလာခဲ့ပြီး ကျယ်လောင်လှသော မြည်ဟီးသံများ ပေါ်ထွက်လာခဲ့ရပေသည်။ ကျောက်နက်တုံးကြီးသည်လည်း စတင်၍ တုန်ခါလာခဲ့ပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့၏။ အက်ကွဲကြောင်းများမှာ ပိုမို၍ ကြီးမားလာခဲ့သည်နှင့်အမျှ ပြင်းထန်လှသော အအေးဓာတ်စွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့ရတော့သည်။

ကျောက်ကျင့်ယန်နှင့် အကြီးအကဲမိုတို့ နှစ်ဦးစလုံးမှာ မိစ္ဆာသားရဲမှာ ရေခဲဓာတ်သတ္တိရှိသော သတ္တဝါတစ်ကောင် ဖြစ်နေခဲ့ခြင်းကို သိရှိလိုက်ရသည့် အခါတွင်မူ အံ့သြသွားခဲ့ကြရပေသည်။ သို့သော်လည်း သေသေချာချာ တွေးတောကြည့်လိုက်သည့် အခါတွင်မူ ၎င်းမှာ ယုတ္တိရှိလှပေ၏။ ၎င်း၏ ဓာတ်သတ္တိကြောင့်သာ မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းအတွင်း၌ ချိပ်ပိတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပြီး မြေကမ္ဘာမီးလျှံနှင့် မီးလျှံအဆောင်လက်ဖွဲ့တို့ နှစ်ခုစလုံးက ၎င်းကို ဖိနှိပ်ရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဤမိစ္ဆာသားရဲကို ဤနေရာ၌ ချိပ်ပိတ်ခဲ့သော စီနီယာပညာရှင်မှာ သေချာပေါက်ပင် အစွမ်းထက်သော လူတစ်ဦး ဖြစ်ခဲ့ပုံရ၏။

ကြည်လင်ပြတ်သားလှသော ခန္ဓာကိုယ် ရှိနေခဲ့သည့် ကျောက်နဂါးတစ်ကောင်က အောက်ခြေမှနေ၍ တွားသွားကာ တက်လှမ်းလာခဲ့ပေသည်။

ရေခဲကျောက်နဂါးတစ်ကောင်ပင်။

၎င်းမှာ ဤနေရာ၌ ချိပ်ပိတ်ခြင်း ခံထားခဲ့ရသော မိစ္ဆာသားရဲ ဖြစ်ပြီး အဆင့် ၅ တွင် တည်ရှိနေခဲ့ခြင်း ဖြစ်၏။

၎င်း၏ ခန္ဓာကိုယ်က လေထုကို အေးခဲသွားစေခဲ့ရပြီး ကြည်လင်ပြတ်သားလှသော မျက်လုံးများအတွင်း၌မူ အပြာရောင်မီးလျှံများက ကခုန်နေခဲ့ကြပုံရပေသည်။ ၎င်းက အက်ကွဲကြောင်းများကြားမှနေ၍ ထွက်ပေါ်လာခဲ့ပြီးသည့်နောက်တွင် မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်း၏ အပူရှိန်မှာ သိသာစွာပင် ကျဆင်းသွားခဲ့ရပြီး သာမန်နွေးထွေးမှုမျှပင် မရှိတော့ပါချေ။

ဤမျှအထိ လွှမ်းမိုးချုပ်ကိုင်နိုင်လှသော အအေးဓာတ်လေထုအောက်တွင်မူ သူတို့သည် ကျောရိုးထဲအထိပင် စိမ့်အေးသွားခဲ့ရပေသည်။

အဆင့် ၅ သားရဲတစ်ကောင်၏ အင်အားက မြေကမ္ဘာမီးလျှံ ဝိညာဉ်စမ်းကြောင်းကို အလွယ်တကူပင် လွှမ်းမိုးသွားခဲ့ခြင်းမှာ တကယ်ကို အံ့သြစရာ ကောင်းလှပေသည်။

အကြီးအကဲမို၏ မျက်နှာမှာ ဖြူလျော်သွားခဲ့ရ၏။ သူ ဤနေရာကို စောင့်ကြပ်နေခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်နေခဲ့ပြီ ဖြစ်သော်လည်း ဤမိစ္ဆာသားရဲကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ အဆင့် ၅ သားရဲ၏ ဖိအားက သူ့ကို လှုပ်ရှားနိုင်စရာမရှိအောင်အထိ ဖြစ်သွားစေခဲ့ရပေ၏။ သူ၏ အဆင့် ၃ မီးလိပ်ပြာသားရဲမှာလည်း အတူတူပင် ဖြစ်ကာ ကြမ်းပြင်ပေါ်တွင် တောင့်တင်းစွာဖြင့် ဝပ်စင်းနေခဲ့ရတော့သည်။

ကျောက်ကျင့်ယန်ကမူ သူမတွင် အတွေ့အကြုံများစွာ ရှိနေခဲ့သဖြင့် မိမိကိုယ်ကိုယ် ထိန်းချုပ်ထားနိုင်ခဲ့ပေသည်။ သို့သော်လည်း သူမ၏ သားရဲမှာ နာဗာန အဆင့်သို့ ရောက်ရှိခြင်း မရှိသေးသဖြင့် သူမသည်လည်း ကူညီပေးနိုင်စရာမရှိအောင်အထိ ဖြစ်နေခဲ့ရ၏။

သေချာတာကတော့ လင်းကျင်း၏ အစီအစဉ်အတွင်း၌ သူတို့၏ အင်အားအပေါ်တွင် မှီခိုရန်ဟူသည် လုံးဝမရှိခဲ့ပါချေ။

သူကိုယ်တိုင်သာလျှင် ဤပြိုင်ဘက်ကို ကိုင်တွယ်ရမည် ဖြစ်၏။

အဆင့် ၅ သားရဲဟူသည် လင်းကျင်းအတွက်ပင် လွယ်ကူလှသော ပြိုင်ဘက်တစ်ဦး မဟုတ်ပါချေ။ သို့သော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် မကြာသေးမီက သူသည် အံ့သြစရာကောင်းသော မှော်ရတနာတစ်ခုကို ရရှိထားခဲ့ဖူးပေသည်။

၎င်းမှာ သာမန်မှော်ကိရိယာတစ်ခုမဟုတ်ဘဲ တကယ့်မှော်ရတနာတစ်ခု ဖြစ်၏။

နတ်ဘုရားချည်နှောင်ကြိုးပင်။

လင်းကျင်းသည် ဤပစ္စည်းကို လွန်ခဲ့သည့် ရက်အနည်းငယ်ကတင် ပိုးမွှားတာအိုဆရာထံမှနေ၍ ရရှိထားခဲ့ခြင်း ဖြစ်သော်လည်း သူ အချိန်ရသည့် အခါတိုင်းတွင် ဤအရာကို သုတေသနပြုလုပ်ရန်အတွက် ကြိုးပမ်းလေ့ရှိပေသည်။ ထိုမှော်ရတနာနှင့် ပတ်သက်၍ နားလည်ရန်အတွက် အရာများစွာ ကျန်ရှိနေသေးသော်လည်း သူသည် သေချာပေါက်ပင် တိုးတက်မှုအချို့ကို ရရှိထားခဲ့ပြီ ဖြစ်၏။

လင်းကျင်းအနေဖြင့် ၎င်းကို အပြည့်အဝ မကျွမ်းကျင်သေးသော်လည်း သေးငယ်လှသော ဧရိယာတစ်ခုအတွင်း၌မူ ၎င်းကို ထိန်းချုပ်နိုင်စရာ ရှိနေခဲ့ပြီ ဖြစ်သည်။ ဤမှော်ရတနာကို ထိန်းချုပ်ရန်အတွက် ဝိညာဉ်စွမ်းအင်က အသုံးမဝင်ပါချေ။ ၎င်းက လူတစ်ဦး၏ ကျင့်ကြံခြင်းစွမ်းအားကိုသာ လက်ခံနိုင်စရာ ရှိနေခဲ့ခြင်း ဖြစ်၏။

လင်းကျင်းအတွက်မူ ရှောင်ဟော့၏ ဓမ္မခန္ဓာကိုယ် ရှိနေခဲ့သဖြင့် သူ၏ ဝိညာဉ်စွမ်းအင်များကို ကျင့်ကြံခြင်းစွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ခြင်းက ကံကောင်းလှပေသည်။ အကယ်၍ ထိုသို့သာ မဟုတ်ပါက သူသည် ဤပစ္စည်းကို လုံးဝအသုံးပြုနိုင်မည် မဟုတ်ပါချေ။

လင်းကျင်း၏ လက်ရှိ ကျင့်ကြံခြင်းစွမ်းအား အဆင့်အတန်းအရမူ သူသည် နတ်ဘုရားချည်နှောင်ကြိုးကို တစ်ရက်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်မည် ဖြစ်ပေသည်။

သို့သော်လည်း တစ်ကြိမ်ဆိုလျှင် လုံလောက်လှပြီ ဖြစ်၏။

ဤပစ္စည်းကို အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ပစ်မှတ်က မည်သူပဲဖြစ်ဖြစ် သေချာပေါက် ထိရောက်စွာ ချည်နှောင်ခြင်းကို ခံရမည် ဖြစ်ပေသည်။

လင်းကျင်းကိုယ်တိုင်ပင် အတိတ်ကာလက ဤကြိုးဖြင့် ချည်နှောင်ခြင်းကို ခံခဲ့ရဖူးသဖြင့် ထိုအမှတ်တရမှာ သူ၏ စိတ်ထဲ၌ လတ်ဆတ်နေဆဲ ဖြစ်၏။ အကယ်၍ ရှန်းအာသာ ဘေးတွင် ရှိမနေခဲ့ပါက သူသည် ဆိုးရွားစွာ ကျရှုံးသွားခဲ့ရပေလိမ့်မည်။

ယခုအချိန်တွင် ရေခဲကျောက်နဂါးမှာ အက်ကွဲကြောင်းများကြားမှနေ၍ အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ကာ ပြင်းထန်လှသော ရေခဲဓာတ်လေထုကို ထုတ်လွှတ်နေခဲ့ပေသည်။ မြေအောက်လိုဏ်ဂူကြီးအတွင်း၌ ချက်ချင်းပင် ရေခဲနှင့် မီးလျှံတို့ တိုက်ခိုက်ကြသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ရတော့၏။

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံက နံရံများကို တုန်ခါသွားစေခဲ့ရပေသည်။

လင်းကျင်းအပါအဝင် လူတိုင်းမှာ နဂါး၏ ဟိန်းဟောက်သံကြောင့် ခေတ္တမျှ မှင်တက်သွားခဲ့ရ၏။ သူတို့တင် မကသေးပါချေ၊ မေပယ်မြို့ အတွင်း၌ ရှိနေခဲ့ကြသူများအားလုံးမှာလည်း နဂါး၏ ဟိန်းဟောက်သံကို ကြားသိလိုက်ကြရပေသည်။

“ဘာတွေ ဖြစ်နေတာလဲ”

“မင်းတို့လည်း အဲဒါကို ကြားလိုက်ရတယ်မလား၊ အဲဒါ ဘာကြီးလဲ”

“ငါလည်း မသိဘူး”

ဗဟုသုတ ပိုမို၍ ကြွယ်ဝကြသော လူများ ဖြစ်ကြသည့် ကျင့်ကြံသူများအသင်း၏ ဆရာကြီးများမှာမူ ၎င်းမှာ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ဖြစ်ကြောင်း သိရှိလိုက်ကြရပြီး သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားခဲ့ရတော့၏။

အတွေ့အကြုံရှိသော ဆရာကြီးများ ဖြစ်ကြသည့် ရဲ့ယွီကျိုး၊ ရန်ကျဲ၊ ဆရာယီနှင့် လော့ပေဟယ်တို့မှာ ချက်ချင်းပင် ကျင့်ကြံသူများအသင်းဆီသို့ အပြေးအလွှား ပြန်လာခဲ့ကြပေသည်။

သူတို့သည် ဆိုးရွားလှသောအရာတစ်ခုခု ဖြစ်ပွားလာမည်ကို စိုးရိမ်နေခဲ့ကြခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် လင်းကျင်း၏ အိမ်ရာအတွင်းမှနေ၍ ရှန်းအာသည် အရိပ်တစ်ခုကဲ့သို့ တဟုန်ထိုး ထွက်ခွာလာခဲ့ပြီး သူမ၏ နောက်ကွယ်တွင်မူ ရှောင်ဝူက ကပ်လျက် လိုက်ပါလာခဲ့ပေသည်။

ရှောင်ဝူ၏ ကျင့်ကြံခြင်းမှာလည်း မကြာသေးမီက သိသာလှသော တိုးတက်မှုများကို ရရှိထားခဲ့ပြီ ဖြစ်၏။

မေပယ်မြို့၏ ဆိတ်ငြိမ်လှသော ထောင့်စွန်းတစ်ခုတွင်မူ နက်မှောင်သော အစိမ်းရောင်ရှိသည့် ကျောက်စိမ်းနဂါးငယ်လေးတစ်ကောင်က ခြေလေးချောင်းဖြင့် ရပ်တန့်နေခဲ့ပြီး ဟိန်းဟောက်သံကို နားထောင်ရန်အတွက် သူ၏ ခေါင်းကို ပြူထွက်လာခဲ့တော့သည်။

All Chapters