← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 23 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 23 Ch. 443-444

အခန်း (၄၄၃) - အရင်ဆုံး ချည်နှောင်ထားလိုက်ခြင်း

“ဒီအသံက... ဖြစ်နိုင်မလား...”

ဤနက်မှောင်လှသော ကျောက်နဂါးမှာ ကျောက်စိမ်းနဂါးမြို့တော်အောက်ခြေရှိ ကျောက်စိမ်းနဂါးဂူမှနေ၍ ထွက်ပြေးလွတ်မြောက်လာခဲ့သော နဂါးအိုကြီး စီနီယာမော့ပင် ဖြစ်၏။ သူသည် ခန္ဓာကိုယ်ကို သေးငယ်သွားအောင် ပြုလုပ်နိုင်စရာရှိသော လှည့်စားခြင်းအတတ်ပညာကိုသာ တတ်မြောက်ထားခဲ့ပြီး လူသားတစ်ဦးအဖြစ်သို့ ပြောင်းလဲနိုင်စရာရှိသော ဖန်ဆင်းခြင်းအတတ်ပညာကိုမူ မတတ်မြောက်ထားပါချေ။ ဘာဖြစ်လို့လဲဆိုတော့ ၎င်းအတွက်မူ ဖန်ဆင်းခြင်းအတတ်ပညာကို အဆင့်မြင့်မားစွာ ကျွမ်းကျင်ထားရန် လိုအပ်သောကြောင့် ဖြစ်၏။

သူသည် လင်းကျင်းကို လာရောက်ရှာဖွေရန်အတွက် မေပယ်မြို့ဆီသို့ လာရာလမ်းတစ်လျှောက်တွင် များစွာသော စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရပေသည်။

ကံကောင်းထောက်မစွာဖြင့် သူသည် ဤနေရာသို့ ဘေးကင်းလုံခြုံစွာဖြင့် ရောက်ရှိလာနိုင်ခဲ့၏။

သို့သော်လည်း မေပယ်မြို့သို့ ရောက်ရှိလာခဲ့သည့် အချိန်တွင်မူ စီနီယာမော့၏ စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေခဲ့ရပေသည်။ သူသည် သူ၏ သက်တမ်းကုန်ဆုံးခါနီးအချိန်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သဖြင့် လင်းကျင်းထံ၌ ခိုလှုံခွင့် တောင်းခံရန်အတွက် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ နှစ်ပေါင်းရာချီတိုင်အောင် ရှင်သန်လာခဲ့ရပါသော်လည်း သူသည် များစွာသော အတတ်ပညာများကို မတတ်မြောက်ထားခဲ့ဘဲ ဖန်ဆင်းခြင်းအတတ်ပညာကိုပင် မသိရှိထားခဲ့ပါချေ။ ထိုအရာအတွက် သူကိုယ်တိုင်ပင် ကျရှုံးသူတစ်ဦးအဖြစ် သတ်မှတ်ထားခဲ့သော်လည်း စီနီယာမော့၏ စိတ်ဓာတ်ကမူ ငယ်ရွယ်နေခဲ့ရဆဲ ဖြစ်ပြီး ဆက်လက်၍ ပျော်ပါးလိုနေခဲ့သေး၏။

သူသည် မိမိကိုယ်ကိုယ် ပါရမီ သိပ်မရှိကြောင်း သိရှိထားပြီး အခြေအနေအရ ကြုံသလို လုပ်ဆောင်ခြင်းကလည်း ဆက်လက်၍ အလုပ်မဖြစ်တော့ကြောင်း သိရှိထားခဲ့ပေသည်။ နောက်ထပ်တစ်ကြိမ်သာ ထပ်မံ၍ ကြိုးပမ်းမည်ဆိုပါက ၎င်းက သူ၏ နောက်ဆုံးအချိန် ဖြစ်သွားနိုင်၏။

၎င်းက စီနီယာမော့အနေဖြင့် မျက်နှာပြောင်တိုက်ကာ ရောက်ရှိလာခဲ့ရသော အဓိက အကြောင်းရင်းပင် ဖြစ်ပေသည်။ သို့သော်လည်း ယခုအခါတွင် သူသည် ကျောက်စိမ်းနဂါးဂူမှနေ၍ ထွက်ခွာလာခဲ့ပြီ ဖြစ်ရာ လင်းကျင်းနှင့် ဆုံတွေ့ရမည့် အချိန်တွင် သူ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်မည်ကို စိုးရိမ်ပူပန်နေခဲ့မိ၏။

အကယ်၍ ထိုလူသားက သူ့ကို ငြင်းပယ်လိုက်မည်ဆိုပါက နဂါးအိုကြီးအနေဖြင့် ဘာဆက်လုပ်ရပါမည်နည်း။

ယခုကဲ့သို့သော အတွေးများဖြင့် စီနီယာမော့သည် မေပယ်မြို့အတွင်း၌ ရက်အနည်းငယ်တိုင်အောင် ပုန်းကွယ်နေခဲ့ခြင်း ဖြစ်၏။ သူသည် အလွန်ပင် ရင်းနှီးလှသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကို ကြားသိလိုက်ရပြီးသည့်နောက်တွင်မှသာ အပြင်သို့ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

စီနီယာမော့သည် သူ၏ ပုန်းကွယ်ရာ နေရာမှနေ၍ ချက်ချင်းပင် ထွက်ခွာလာခဲ့ပြီး ဆူညံသံများ ထွက်ပေါ်ရာ သားရဲအကဲဖြတ်မှူး အသင်းခွဲရှိရာ အရပ်ဆီသို့ အပြေးအလွှား လာရောက်ခဲ့တော့သည်။

လင်းကျင်းကမူ ဤနဂါး၏ ဟိန်းဟောက်သံကြောင့် အပြင်ဘက်တွင် မည်မျှအထိ လှုပ်ခတ်သွားခဲ့ရသည်ကို မသိရှိသေးပါချေ။ သူသည် မိမိကိုယ်ကိုယ် ချက်ချင်းပင် တည်ငြိမ်အောင် ပြုလုပ်လိုက်၏။ ဤအဆင့် ၅ ရေခဲကျောက်နဂါး မိစ္ဆာသားရဲက လွယ်ကူလှသော ပြိုင်ဘက်တစ်ဦးမဟုတ်သော်လည်း ၎င်းက မည်မျှပင် အစွမ်းထက်နေပါစေဦးတော့ နတ်ဘုရားချည်နှောင်ကြိုးမှနေ၍ လွတ်မြောက်နိုင်စရာ မရှိပါချေ။

“သွား”

လင်းကျင်းသည် လျင်မြန်စွာ လှုပ်ရှားလိုက်ရင်း နတ်ဘုရားချည်နှောင်ကြိုးကို ပစ်လွှတ်လိုက်ပြီး ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

ချက်ချင်းဆိုသလိုပင် ကြိုးမျှင်က ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့ပြီး လျှပ်စီးလက်သကဲ့သို့သော အရှိန်အဟုန်ဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားခဲ့ရပေသည်။ ရေခဲကျောက်စိမ်းနဂါးသည်လည်း ကျရောက်လာတော့မည့် အန္တရာယ်ကို ကြိုတင်၍ ခံစားမိလိုက်သကဲ့သို့ပင် ရှောင်တိမ်းရန်အတွက် အပေါ်သို့ ချက်ချင်း ပျံသန်းလိုက်၏။

သို့သော်လည်း ၎င်းက ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်ပါမည်နည်း။

ဤအရာက မှော်ရတနာတစ်ခု ဖြစ်ပေသည်။

မှော်ရတနာများကို နတ်ဘုရားများကသာ သွန်းလုပ်နိုင်ကြခြင်း ဖြစ်၏။ ယခုကမ္ဘာပေါ်တွင် နတ်ဘုရားများ ရှိမနေခဲ့ကြတော့သော်လည်း သူတို့၏ မှော်ရတနာများကမူ ကျန်ရှိနေခဲ့ရဆဲ ဖြစ်ပေသည်။ လင်းကျင်း၏ ကျင့်ကြံခြင်းစွမ်းအားက မှော်ရတနာ၏ စွမ်းရည် ဆယ်ရာခိုင်နှုန်းမျှကိုပင် ထုတ်ယူနိုင်စရာ မရှိသေးပါသော်လည်း ရေခဲကျောက်စိမ်းနဂါးကို ချည်နှောင်ရန်အတွက်မူ အလွန်အမင်း ပြဿနာမရှိလှပါချေ။

နတ်ဘုရားချည်နှောင်ကြိုးက ရေခဲကျောက်စိမ်းနဂါး၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ပတ်ပတ်လည် ဝန်းရံသွားခဲ့ပြီး ရှစ်ပတ်ခန့် ရစ်ပတ်ပြီးသည့်နောက်တွင်မူ တင်းကျပ်စွာဖြင့် ဖမ်းချုပ်လိုက်တော့သည်။

ရေခဲကျောက်စိမ်းနဂါးသည် ကြိုးမှနေ၍ ရုန်းထွက်ရန်အတွက် ရူးသွပ်စွာဖြင့် စတင်၍ ရုန်းကန်တော့၏။ လင်းကျင်းကမူ ၎င်း၏ လုပ်ဆောင်ချက်က အလဟဿ ဖြစ်သွားမည်ကို သိရှိထားသဖြင့် စိတ်ချလက်ချပင် ပြုံးလိုက်မိပေသည်။ ပြောရမည်ဆိုပါက လင်းကျင်းအနေဖြင့် သူ၏ ပစ်မှတ်ကို ချည်နှောင်ထားရုံမျှသာ တတ်နိုင်သေးခြင်း ဖြစ်၏။ ပိုးမွှားတာအိုဆရာနှင့် မတူညီသောအချက်မှာ သူသည် ဤကြိုးကို အသုံးပြု၍ ပစ်မှတ်၏ အင်အားကို မဖိနှိပ်နိုင်သေးပါချေ။

မျောက်ဖြူ၏ ပြောကြားချက်အရ သူသည် ဧရာမမျောက်ကြီးအသွင်ဖြင့် ရှိနေခဲ့စဉ် အချိန်က ဤကြိုး၏ ဖမ်းချုပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပြီး ၎င်းက သူ၏ သားရဲစွမ်းအင်များကို ဖိနှိပ်ကာ သေးငယ်လှသော မျောက်ကလေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ရခြင်း ဖြစ်သည်။

ပိုးမွှားတာအိုဆရာကမူ နတ်ဘုရားချည်နှောင်ကြိုးကို အချိန်အတော်ကြာအောင် အသုံးပြုလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်ပုံရ၏။ လင်းကျင်းအနေဖြင့် ဤကြိုးကို ရရှိထားခဲ့သည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသဖြင့် ပစ်မှတ်ကို စိတ်ကြိုက် ချည်နှောင်နိုင်နေခဲ့ခြင်းကပင် တကယ်ကို အားရစရာ ကောင်းနေပြီဖြစ်၏။

ရေခဲကျောက်စိမ်းနဂါးကမူ ဆက်လက်၍ ရုန်းကန်နေခဲ့ရဆဲ ဖြစ်သော်လည်း မည်သည့်တိုးတက်မှုမျှ ရှိမလာခဲ့ပါချေ။

လင်းကျင်း၏ အစီအစဉ်အရမူ ရေခဲကျောက်စိမ်းနဂါးကို ချည်နှောင်လိုက်ခြင်းက ပထမအဆင့် ဖြစ်ပြီး ဒုတိယအဆင့်မှာမူ အရေးကြီးဆုံးသော အဆင့်ပင် ဖြစ်၏။ သူသည် ရေခဲကျောက်စိမ်းနဂါး၏ မိစ္ဆာဓာတ်ကို သတ်ဖြတ်ရန်အတွက် မိစ္ဆာသတ်ဓားကို အသုံးပြုရမည် ဖြစ်သည်။

သားရဲပြတိုက်၏ မိစ္ဆာသတ်ခန်းမအတွင်း၌ ယခုအချိန်အထိ မှတ်တမ်းတင်ထားရသေးသော ရုပ်တုနှစ်ခုသာ ရှိနေခဲ့သေး၏။ တစ်ခုမှာ တုလီ၏ စွဲလမ်းမှုမှနေ၍ ဖြစ်တည်လာခဲ့ခြင်း ဖြစ်ပြီး အခြားတစ်ခုမှာမူ စန်းလျန်တောင်မှ ကျားမိစ္ဆာ ဟူယွီကျန်းထံမှနေ၍ ရရှိခဲ့ခြင်း ဖြစ်ပေသည်။

လင်းကျင်းက သူတို့၏ မိစ္ဆာဓာတ်များကို သတ်ဖြတ်ပေးခဲ့ခြင်းကြောင့် ထိုရုပ်တုများကို ရရှိခဲ့ခြင်း ဖြစ်၏။

ဤရေခဲကျောက်စိမ်းနဂါးမှာလည်း အတူတူပင် ဖြစ်သည်။ ၎င်းက သောင်းကျန်းနေခဲ့ရခြင်းမှာ ၎င်း၏ စွဲလမ်းမှုများနှင့် မိစ္ဆာဓာတ်ကြောင့် ဖြစ်ပေါ်လာခဲ့ရသော နာကျင်မှုများကြောင့် ဖြစ်၏။ ၎င်းကို သတ်ဖြတ်ပြီးသွားခဲ့မည်ဆိုပါက ဤရေခဲကျောက်စိမ်းနဂါးသည် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို နောက်ထပ်တစ်ကြိမ် ပြန်လည်၍ ရရှိသွားပေလိမ့်မည်။

အကယ်၍ ၎င်းက ဆက်လက်၍ တိုက်ခိုက်ရန် အတင်းအကျပ် လုပ်ဆောင်နေဦးမည်ဆိုပါက လင်းကျင်းအနေဖြင့် ၎င်းကို အပြီးတိုင် သတ်ဖြတ်ပစ်ရန်အတွက် စိတ်ထဲရှိမည် မဟုတ်ပါချေ။

သူ၏ မိုးကြိုးမီးလျှံအပ်၏ ထိုးနှက်ခြင်းကို ခံလိုက်ရခြင်းက အကယ်၍ တိုက်ခိုက်မှုသာ ပြင်းထန်ခဲ့မည်ဆိုပါက အဆင့် ၅ သားရဲများအတွက်ပင် သေချာပေါက် သေဆုံးစေနိုင်စရာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

လင်းကျင်းသည် မိစ္ဆာသတ်ခန်းမအတွင်းမှနေ၍ စိတ်ကူးယဉ်ဆန်လှသော မိစ္ဆာသတ်ဓားကို ထုတ်ယူလိုက်တော့၏။

ဤဓားမှာ အမှန်တကယ် တည်ရှိနေခဲ့ခြင်းမဟုတ်ဘဲ ဓားအသိစိတ်တစ်ခုမျှသာ ဖြစ်ပေသည်။ လင်းကျင်းက ၎င်းကို အသက်သွင်းရန်အတွက် နတ်ဘုရားဓားကျမ်း၏ နည်းလမ်းကို အသုံးပြုနိုင်စရာ ရှိနေခဲ့၏။

သူ၏ လက်ချောင်းများကို ဓားတစ်စင်းကဲ့သို့ အသုံးပြုရင်း လင်းကျင်းက ဓားအသိစိတ်ကို ပေါင်းစပ်ကာ အောက်သို့ လွှဲယမ်းလိုက်တော့သည်။

“သတ်”

မမြင်နိုင်သော ဓားတစ်စင်းက ရန်သူ့ထံသို့ ပျံသန်းသွားခဲ့၏။ ကျောက်ကျင့်ယန်နှင့် အကြီးအကဲမိုတို့အတွက်မူ လင်းကျင်းက သူ၏ လက်ချောင်းများကိုသာ လွှဲယမ်းနေခဲ့ခြင်း ဖြစ်သဖြင့် မည်သည့်အရာကိုမျှ မြင်တွေ့နိုင်ခြင်း မရှိကြပါချေ။ အခြားတစ်ဖက်တွင်မူ ရေခဲကျောက်စိမ်းနဂါးကမူ ပြင်းထန်လှသော အရှိန်အဟုန်များ ပေါင်းစပ်နေခဲ့သည့် ထက်ရှသော ဓားတစ်စင်းက မိမိထံသို့ သနားညှာတာမှုမရှိဘဲ ကျရောက်လာနေသည်ကို မြင်တွေ့လိုက်ရ၏။

၎င်းက လွတ်မြောက်လိုသော်လည်း မတတ်နိုင်ခဲ့ပါချေ။

ချက်ချင်းဆိုသလိုပင် ဓားမြှားက ၎င်း၏ နှာခေါင်းထိပ်ဖျားမှနေ၍ ခြေဖျားအထိ ဖြတ်သန်းသွားခဲ့ရတော့သည်။

နက်မှောင်လှသော စွမ်းအင်တစ်ခုက မိစ္ဆာသတ်ဓားကြောင့် ရေခဲကျောက်စိမ်းနဂါး၏ ခန္ဓာကိုယ်အတွင်းမှနေ၍ အတင်းအကျပ် ထွက်ပေါ်လာခဲ့ရပေ၏။ ဤမိစ္ဆာစွမ်းအင်က ၎င်း၏ အိမ်ရှင်ထံမှနေ၍ ထွက်ခွာသွားခဲ့ပြီးသည့်နောက်တွင် ဝိညာဉ်တစ်ခု၏ အော်ဟစ်သံကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းလှသည့် စူးစူးဝါးဝါး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းကို ကျောက်ကျင့်ယန်နှင့် အကြီးအကဲမိုတို့ပင် ကြားသိလိုက်ကြရ၏။

လင်းကျင်းသည် ဤမိစ္ဆာစွမ်းအင်က မည်မျှအထိ လွှမ်းမိုးချုပ်ကိုင်နိုင်စရာ ရှိနေခဲ့ကြောင်း သိရှိလိုက်ရသည်။ တစ်စုံတစ်ခုသော အကြောင်းရင်းကြောင့် ၎င်း၏ စွဲလမ်းမှု အတိမ်အနက်က အလွန်ပင် နက်ရှိုင်းပြီး ဟူယွီကျန်းနှင့် တုလီတို့၏ မိစ္ဆာဓာတ်ထက်ပင် ကျော်လွန်နေခဲ့ရ၏။

ဟူယွီကျန်းကို ခဏထား၊ လူတိုင်းအနေဖြင့် တုလီမှာ နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးကြောင်း စိတ်ထဲ၌ မှတ်သားထားရန် လိုအပ်ပေသည်။ ဤရေခဲကျောက်စိမ်းနဂါး၏ မိစ္ဆာဓာတ်က နတ်ဘုရားတစ်ပါးထက်ပင် ပိုမို၍ အားကောင်းနေခဲ့ခြင်းလား။

၎င်းက မဖြစ်နိုင်သလိုပင် ထင်မှတ်ရပေ၏။

မကြာမီအချိန်အတွင်းမှာပင် လင်းကျင်းက ၎င်း၏ အကြောင်းရင်းကို နားလည်သွားခဲ့ရတော့သည်။ ၎င်းမှာ တုလီက နတ်ဘုရားတစ်ပါး ဖြစ်ခဲ့ဖူးခြင်းကြောင့်သာ မိစ္ဆာအသွင်သို့ ပြောင်းလဲသွားခဲ့ပြီးသည့်နောက်တွင်ပင် ယခုကဲ့သို့သော မကောင်းတဲ့ သဘာဝကို ဖိနှိပ်ထားနိုင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် လင်းကျင်းနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့စဉ် အချိန်က တုလီမှာ သာမန်လူတစ်ဦးကဲ့သို့ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ တုလီ၏ ကျင့်ကြံခြင်း အဆင့်အတန်းက ထူးခြားစွာ မြင့်မားလှသဖြင့် မိစ္ဆာအသွင် ပြောင်းလဲသွားခဲ့ပြီးသည့်နောက်တွင်ပင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ရေခဲကျောက်နဂါးတွင်မူ ၎င်း၏ မိစ္ဆာဓာတ်ကို ထိန်းချုပ်ရန်အတွက် မည်သည့်အရာမျှ ရှိမနေခဲ့ပါချေ။

သို့သော်လည်း ၎င်းက မည်မျှပင် လွှမ်းမိုးထားပါစေဦးတော့ ကိစ္စမရှိပါချေ။

မိစ္ဆာသတ်ဓားဖြင့် ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် လင်းကျင်းအနေဖြင့် ၎င်းကို ဓားအတွင်းသို့ စုပ်ယူရန်အတွက် အင်အားအနည်းငယ်မျှသာ ထပ်မံ၍ အသုံးပြုရန် လိုအပ်တော့သည်။

ဤလုပ်ငန်းစဉ်အတွင်းမှာပင် နက်မှောင်လှသော အရိပ်များက လိုဏ်ဂူအတွင်း၌ ပတ်ပတ်လည် တဟုန်ထိုး လှုပ်ရှားနေခဲ့ကြပြီး ထူးဆန်းလှသော အော်ဟစ်သံများကို ထုတ်လွှတ်နေခဲ့ကြ၏။ မိစ္ဆာစွမ်းအင်များအားလုံး ဓားအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရပြီးသည့်နောက်တွင်မူ ထိုပုံသဏ္ဍာန်မရှိသော အရိပ်များမှာ ပျောက်ကွယ်သွားခဲ့ရတော့သည်။

သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များအားလုံး ကုန်ဆုံးသွားခဲ့ရသကဲ့သို့ပင် ရေခဲကျောက်စိမ်းနဂါးသည် ချက်ချင်းပင် ပျော့ခွေသွားခဲ့ရပြီး ပြင်းထန်လှသော ရုန်းကန်မှုများကလည်း နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ရပေ၏။

တစ်နည်းအားဖြင့်ဆိုသော် ၎င်းက မိစ္ဆာစွမ်းအင်များ၏ လွှမ်းမိုးခြင်းကို ခံရခြင်း မရှိတော့ဘဲ ဆက်လက်၍ ရုန်းကန်နေခြင်းက အလဟဿ ဖြစ်သွားမည်ကို သိရှိသွားခဲ့ခြင်း ဖြစ်ပေသည်။ လင်းကျင်းကမူ အခြေအမြစ်မရှိဘဲ တွေးတောမိခြင်းမဟုတ်ဘဲ ရေခဲကျောက်စိမ်းနဂါး၏ မျက်လုံးများမှနေ၍ အမှန်တကယ်ပင် သိရှိနိုင်ခဲ့ခြင်း ဖြစ်၏။

ယခင်ကမူ ၎င်း၏ မျက်လုံးများအတွင်း၌ ရူးသွပ်မှု၊ ဒေါသနှင့် သွေးဆာမှုများ ပြည့်နှက်နေခဲ့သော်လည်း ယခုအခါတွင်မူ တည်ငြိမ်မှု၊ အေးဆေးမှုတို့ဖြင့် ပြည့်နှက်နေခဲ့ရပြီ ဖြစ်ကာ ဆက်သွယ်ပြောဆိုလိုစိတ် ရှိနေခဲ့ပုံရသည်။

လင်းကျင်းသည် ၎င်း၏ မျက်လုံးများမှနေ၍ ထိုမျှအထိ အမှန်တကယ်ပင် သိရှိနိုင်ခဲ့ခြင်း ဖြစ်၏။

ထိုအချိန်မှာပင် လင်းကျင်းက တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် သူ၏ နောက်ကွယ်ရှိ အဝင်ဝဆီသို့ လှည့်ကြည့်လိုက်တော့သည်။ ပထမဆုံးအနေဖြင့် သူသည် ထိုနေရာတွင် ရပ်နေခဲ့သော ရှန်းအာကို သတိပြုမိလိုက်သော်လည်း အခြားသောအရာတစ်ခုလည်း ရှိနေခဲ့သေး၏။ ခြေလေးချောင်း ရှိနေခဲ့သည့် နက်မှောင်သော ကျောက်စိမ်းနဂါးတစ်ကောင်ပင်။

ရှန်းအာက ထိုနက်မှောင်သော ကျောက်စိမ်းနဂါး၏ လည်ပင်းကို ဧရာမအိမ်မြှောင်ကြီးတစ်ကောင်ကို ကိုင်မြှောက်ထားသကဲ့သို့ ကိုင်ထားခဲ့ခြင်း ဖြစ်သည်။

လင်းကျင်းသည် ထိုနက်မှောင်သော ကျောက်စိမ်းနဂါးကို ထူးဆန်းစွာပင် ရင်းနှီးနေခဲ့မိ၏။

သေချာပေါက်ပင် ၎င်းက စီနီယာမော့ပင် ဖြစ်၏။ အခြေအနေကို ရိပ်မိလိုက်သဖြင့် စီနီယာမော့က အနေရခက်လှသော တိတ်ဆိတ်မှုကို ဖြတ်တောက်လိုက်ရင်း ဆိုလိုက်၏။

“အကဲဖြတ်မှူးလင်း ငါပါ... မိုအိုကြီးလေ... ကျောက်စိမ်းနဂါးဂူကလေ... မင်း မှတ်မိသေးရဲ့လား...”

သူ စကားကို အဆုံးမသတ်နိုင်မီမှာပင် ရှန်းအာက သူမ၏ လက်ကို ပိုမို၍ တင်းကျပ်လိုက်သဖြင့် စီနီယာမော့အနေဖြင့် ဆက်လက်၍ စကားမပြောနိုင်တော့ပေ။

သို့သော်လည်း သူ၏ စကားလုံးများက လင်းကျင်း၏ စိတ်ထဲ၌ မှတ်ဉာဏ်အချို့ကို နှိုးဆွပေးလိုက်ပေသည်။ သူသည် မြို့တော်တွင် ဟယ်ယုအတွက် နဂါးတစ်ကောင်ကို ရွေးချယ်ပေးရန် ကူညီပေးခဲ့စဉ် အချိန်ဆီသို့ ချက်ချင်းပင် ပြန်လည်၍ ရောက်ရှိသွားခဲ့၏။

“စီနီယာမော့လား... ခင်ဗျား ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ”

လင်းကျင်းသည် သူ့ကို ယခုကဲ့သို့သော နေရာမျိုးတွင် မြင်တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့ရသည်။

စီနီယာမော့အနေဖြင့် စကားမပြောနိုင်တော့သည်ကို မြင်တွေ့လိုက်ရသဖြင့် လင်းကျင်းက ရှန်းအာအား သူမ၏ လက်ဆုပ်ကို လျှော့ပေးရန်အတွက် အချက်ပြလိုက်၏။

လင်းကျင်း၏ အမိန့်များကို အမြဲတမ်း တိကျစွာ လိုက်နာလေ့ရှိသော ရှန်းအာသည်လည်း ညွှန်ကြားချက်အတိုင်း နဂါးကြီးကို ချက်ချင်းပင် လွှတ်ပေးလိုက်သည်။

အခန်း (၄၄၄) - နဂါးမိခင်

စီနီယာမော့က ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး သနားစရာကောင်းလောက်အောင်ပင် တစ်ဟွတ်ဟွတ် ချောင်းဆိုးလိုက်ရ၏။ ထိုအချိန်တွင်မှ ရှန်းအာက တိုးညှင်းသော စကားသံဖြင့် ဆိုလိုက်သည်။

“ဆရာလင်း နဂါးရဲ့ ဟိန်းဟောက်သံကြောင့် ဒီနေရာကို ဆွဲဆောင်ခံလိုက်ရတဲ့ တခြားလူတွေ ရှိနေသေးတယ်၊ အဲဒါကြောင့် ရှောင်ဝူကို သူတို့ကို အပြင်ဘက်မှာ တားဆီးထားဖို့ ပြောခဲ့တယ်”

ရှန်းအာသည် အမြဲတမ်းပင် ထက်မြက်လှပေ၏။ သူမ၏ အလိုလိုသိစိတ်အရ လင်းကျင်းသည် မြေအောက်၌ အရေးကြီးသော ကိစ္စရပ်များကို လုပ်ဆောင်နေရမည် ဖြစ်ကြောင်း သိရှိထားသဖြင့် ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန် ကြိုးပမ်းနေခဲ့သည့် စီနီယာမော့ကို ဖမ်းဆီးလိုက်ရုံတင်မကသေးဘဲ ရှောင်ဝူကိုပါ အပြင်ဘက်တွင် စောင့်ကြပ်နေရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

အပြင်ဘက်တွင် ရဲ့ယွီကျိုးနှင့် အခြားသောလူများမှာ ရှောင်ဝူကို မှတ်မိကြသဖြင့် အတင်းအကျပ် တိုးဝှေ့ဝင်ရောက်ခြင်း မပြုခဲ့ကြပါချေ။

လင်းကျင်းက ရှန်းအာကို ခေါင်းညိတ်ပြလိုက်ပြီး ၎င်းက သူမ ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြောင်း ပြသလိုက်ခြင်း ဖြစ်၏။ ဤနေရာ၌ ဖြစ်ပျက်ခဲ့သောအရာများကို လူတိုင်းအား သိရှိသွားစေရန် မလုပ်ဆောင်သင့်ပါ။ အထူးသဖြင့် ပြဿနာက အပြည့်အဝ မပြေလည်သေးသည့် အချိန်မျိုးတွင် ဖြစ်သည်။

စီနီယာမော့သည် ယခုအခါတွင် မိမိကိုယ်ကိုယ် ပြန်လည်၍ တည်ငြိမ်အောင် ပြုလုပ်လိုက်သော်လည်း ရေခဲကျောက်စိမ်းနဂါးကို မြင်တွေ့လိုက်ရသည့် အခါတွင်မူ ပြင်းထန်စွာ လေပူများကို မှုတ်ထုတ်လိုက်တော့၏။

“အမေ တကယ်ပဲ အမေလား”

သူက မေးမြန်းလိုက်၏။

အမှန်အတိုင်း ပြောရမည်ဆိုပါက လင်းကျင်းအနေဖြင့် လက်ရှိအချိန်တွင် မည်သည့်အရာကမျှ သူ့ကို အံ့သြသွားစေတော့မည်မဟုတ်ကြောင်း သေချာနေခဲ့ပြီ ဖြစ်သော်လည်း စီနီယာမော့၏ စကားလုံးများကြောင့် ခဏမျှ မှင်တက်သွားခဲ့ရဆဲပင်။

အမေဟုတ်လား...။

လင်းကျင်းက စီနီယာမော့ကို တစ်ချက်ကြည့်လိုက်ပြီး ထိုမှတစ်ဆင့် ရေခဲကျောက်စိမ်းနဂါးကို လှမ်းကြည့်လိုက်၏။ ကြည့်ရသည်မှာ ဤကမ္ဘာပေါ်တွင် မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်ပုံရသည်။ ၎င်းက တကယ်ကို ရူးသွပ်စရာ ကောင်း၏။

လင်းကျင်းအပြင် ရေခဲကျောက်စိမ်းနဂါးသည်လည်း စီနီယာမော့ စကားသံကို ကြားသိလိုက်ရသည့် အခါတွင်မူ တုန်လှုပ်သွားခဲ့ရပေသည်။

“မော့အာ..."

ရေခဲကျောက်စိမ်းနဂါးက အမျိုးသမီးတစ်ဦး၏ စကားသံဖြင့် ပြောဆိုလိုက်၏။ ထို့နောက်တွင် သူမသည် အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားခဲ့သည့် လှပလှသော အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူမသည် အလွန်ပင် ဆွဲဆောင်မှု ရှိလှသဖြင့် အကယ်၍ သူမတွင် ရင့်ကျက်လှသော အမျိုးသမီးတစ်ဦး၏ လွှမ်းမိုးချုပ်ကိုင်နိုင်စရာရှိသော ဖိအားများ ရှိမနေခဲ့ပါက လူတိုင်းက သူမကို အသက်နှစ်ဆယ်အရွယ်ခန့်ဟု အလွယ်တကူပင် မှားယွင်းသွားကြပေလိမ့်မည်။

စီနီယာမော့သည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သဖြင့် သူ၏ စကားသံပင် ပြောင်းလဲသွားခဲ့ရ၏။

“အမေ အသက်ရှင်နေသေးတာလား... ဟားဟား... အသက်ရှင်နေသေးတာပဲ... အမေ့ကို ဂါရဝပြုပါတယ်”

စီနီယာမော့က သူ၏ ခြေလက်များကို လျင်မြန်စွာ ကွေးညွတ်လိုက်ပြီး သူ၏ မိခင်ရှေ့တွင် ဝပ်စင်းရန်အတွက် ခေါင်းကို နှိမ့်ချလိုက်တော့သည်။

လင်းကျင်းနှင့် အခြားသောလူများမှာမူ သူတို့၏ ပြန်လည်ဆုံတွေ့မှုကို မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ရိုးအီနေခဲ့သည်ဟု ထင်မှတ်နေခဲ့ကြသဖြင့် စကားလုံးပင် ပျောက်ကွယ်နေခဲ့ကြရ၏။

ရှန်းအာပင်လျှင် သူမ၏ မျက်လုံးများကို အပေါ်သို့ လှန်ကြည့်လိုက်ခြင်းကို မထိန်းချုပ်နိုင်ခဲ့ပါချေ။

ထို့နောက်တွင် စီနီယာမော့က လင်းကျင်းအား နာကျင်စွာဖြင့် စတင်၍ တောင်းပန်တိုးလျှိုးတော့သည်။

“အကဲဖြတ်မှူးလင်း ငါ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ရဲ့ အမေကို လွှတ်ပေးပါဦး... အကယ်၍ မင်းသာ သူမကို လွှတ်ပေးမယ်ဆိုရင် ငါ မော့အိုကြီးက ဘာမဆို လုပ်ဆောင်ပေးဖို့ အသင့်ပါပဲ”

ဝုန်း ဝုန်း ဝုန်း။

စီနီယာမိုသည် သူ၏ ခေါင်းကို ကြမ်းပြင်ပေါ်သို့ စတင်ကာ ထုရိုက်လိုက်တော့၏။ သူ၏ တောင်းဆိုချက်က စစ်မှန်လှပြီး သူ၏ နှလုံးသားထဲမှနေ၍ လာခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

လင်းကျင်းကမူ ဆက်လက်၍ မှင်တက်နေခဲ့ရဆဲ ဖြစ်သည်။ သူက စီနီယာမော့အား ဝပ်တွားနေခြင်းကို ချက်ချင်းပင် ရပ်တန့်စေခဲ့ပြီး သူတို့ ရှေ့ဆက်မသွားမီ အခြေအနေကို ရှင်းလင်းအောင် ပြုလုပ်ရန် ကြိုးပမ်းလိုက်၏။

စီနီယာမေယ့သည် သူတို့၏ သမိုင်းကြောင်းကို စတင်၍ ရှင်းလင်းပြောပြလိုက်တော့သည်။

ကျောက်စိမ်းနဂါးဂူအတွင်း၌ ယခင်က နဂါးနတ်ဘုရားအုပ်စုနှင့် နဂါးမိခင်အုပ်စုဟူ၍ ရှိခဲ့ဖူးသည်။ နဂါးနတ်ဘုရားမှာ လင်းကျင်း ကျောက်စိမ်းနဂါးဗိမာန်အတွင်း၌ သတ်ဖြတ်ခဲ့သော နဂါးပင် ဖြစ်၏။ ၎င်းက နဂါးမိခင်ဟူသည် ဤရေခဲကျောက်စိမ်းနဂါး ဖြစ်ကြောင်း ပြောနေစရာပင် မလိုပါချေ။

နဂါးမိခင်တွင် သားသမီးသုံးယောက် ရှိခဲ့ဖူးသည်။

စီနီယာမော့က အကြီးဆုံး ဖြစ်၏။

သူ့တွင် ညီနှစ်ယောက် ရှိခဲ့ဖူးသော်လည်း သူတို့သည် ဂူအပြင်ဘက်သို့ လှည့်လည်သွားလာခဲ့ကြစဉ် အချိန်က အပြင်ဘက်၌ သေဆုံးသွားခဲ့ကြရခြင်း ဖြစ်ပေသည်။ ကလဲ့စားချေရန် အဓိက ရည်ရွယ်ချက်ဖြင့် နဂါးမိခင်သည် ကျောက်စိမ်းနဂါးဂူမှနေ၍ ထွက်ခွာသွားခဲ့ပြီး ထိုအချိန်မှစ၍ မည်သည့်သတင်းမျှ ကြားသိရခြင်း မရှိတော့ပေ။

သူမ၏ မျက်လုံးများအတွင်း၌ မျက်ရည်များ ပြည့်နှက်နေခဲ့သော်လည်း နဂါးမိခင်သည် ချည်နှောင်ခြင်း ခံထားရသည့်တိုင်အောင် လင်းကျင်းအား ဦးညွှတ်လိုက်ဆဲ ဖြစ်သည်။

“မော့အာက မင်းကို အကဲဖြတ်မှူးလင်းလို့ ခေါ်နေတာကို ငါ ကြားလိုက်ရတယ်... အကဲဖြတ်မှူးလင်း အတိတ်ကာလတုန်းက ငါ့ရဲ့ သားတွေအတွက် ကလဲ့စားချေဖို့ အလွန်အမင်း စိတ်အားထက်သန်နေခဲ့တာကြောင့် ငါတို့ကို စော်ကားခဲ့တဲ့လူကို ရှာဖွေဖို့ ဆယ်နှစ်ခန့် အချိန်ကုန်ဆုံးခဲ့ရတယ်... နောက်ဆုံးတော့ သူ့ကို ရှာတွေ့ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ငါ့ရဲ့ ဒဏ်ရာတွေက အလွန်အမင်း ပြင်းထန်ခဲ့တယ်... ငါ့စိတ်ထဲမှာ နာကျည်းမှုတွေ ကြီးထွားလာခဲ့ပြီး ငါ့ရဲ့ အတွေးတွေကို ရှုပ်ထွေးသွားစေခဲ့ရတာ... ငါ ဒီနေရာမှာ ဘယ်လိုမျိုး အပိတ်လှောင်ခံလိုက်ရလဲဆိုတာကိုတောင် သေသေချာချာ မမှတ်မိတော့ဘူး၊ ဒါပေမဲ့ မင်းကြောင့် ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့တယ်ဆိုတာကိုတော့ သိပါတယ်... ငါ့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အကဲဖြတ်မှူးလင်း”

လင်းကျင်းက ခေါင်းညိတ်လိုက်၏။

ယခုအခါတွင်မူ သူသည် နဂါးမိခင် မည်သို့ မည်ပုံ မိစ္ဆာသားရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ရကြောင်း သိရှိလိုက်ရပြီ ဖြစ်သည်။ ၎င်းမှာ သူမ၏ သေဆုံးသွားခဲ့သော သားသမီးများအတွက် ကလဲ့စားမချေနိုင်ခဲ့သည့် အချိန်တွင် သူမ၏ စိတ်အတွင်း၌ နာကျည်းမှုများ စုပုံလာခဲ့ခြင်းကြောင့်သာ မိစ္ဆာသားရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။ မိစ္ဆာစွမ်းအင်က လူတစ်ဦး၏ စိတ်ကို နှောင့်ယှက်ဖျက်ဆီးတတ်သဖြင့် နဂါးမိခင်၏ မှတ်ဉာဏ်များမှာ ရှုပ်ထွေးသွားခဲ့ရခြင်း ဖြစ်၏။ စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်ကို လွှမ်းမိုးချုပ်ကိုင်သွားခဲ့ပြီးသည့်နောက်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူမအနေဖြင့် ဆက်လက်၍ မမှတ်မိနိုင်တော့ပါချေ။

သူမ၏ မိစ္ဆာဓာတ်ကို မိစ္ဆာသတ်ဓားဖြင့် ဖယ်ရှားလိုက်ပြီးသည့်နောက်တွင်မှသာ နဂါးမိခင်သည် နောက်ဆုံးတွင် တည်ငြိမ်သော စိတ်ပိုင်းဆိုင်ရာကို ပြန်လည်၍ ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။

တစ်နည်းအားဖြင့်ဆိုသော် လင်းကျင်းက သူမကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် အကယ်၍ သူတွင် မိစ္ဆာသတ်ဓားသာ ရှိမနေခဲ့ပါက မိစ္ဆာအသွင် ပြောင်းလဲသွားခဲ့သော ကျောက်နဂါးတစ်ကောင်ကို ရင်ဆိုင်ရန်အတွက် တစ်ခုတည်းသော လမ်းစဉ်မှာ သတ်ဖြတ်ပစ်ရန်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။

လင်းကျင်းသည် နဂါးမိခင်၏ သတင်းအချက်အလက်များကို နောက်ထပ်တစ်ကြိမ် ရရှိရန်အတွက် သူ၏ အပ်ကို အသုံးပြုလိုက်၏။ သူမတွင် မိစ္ဆာစွမ်းအင်များ ကင်းစင်သွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုပြီးသည့်နောက်တွင်မှသာ သူသည် နတ်ဘုရားချည်နှောင်ကြိုးကို ပြန်လည်သိမ်းဆည်းရန် ဂါထာတစ်ခုကို ရွတ်ဆိုလိုက်တော့သည်။ လူတိုင်းက ထိုကြိုးမျှင်ကို ထူးဆန်းလှသော စိတ်ခံစားချက်မျိုးစုံဖြင့် စိုက်ကြည့်နေခဲ့ကြ၏။

အချို့မှာ အံ့သြနေခဲ့ကြသလို အချို့မှာမူ မနာလို ဖြစ်နေခဲ့ကြပြီး အထူးသဖြင့် ကျောက်ကျင့်ယန် ဖြစ်ပေသည်။

ကမ္ဘာကြီးအကြောင်းကို များစွာ မြင်တွေ့ဖူးသူ ဖြစ်သဖြင့် သူမသည် လင်းကျင်း၏ ကိရိယာမှာ နတ်ဘုရားတစ်ပါး၏ မှော်ရတနာ ဖြစ်ကြောင်း ချက်ချင်းပင် သိရှိလိုက်ရသည်။

“ပြတိုက်မှူးရဲ့ တပည့်ပီသပါပေတယ်... သူက မှော်ရတနာတစ်ခုကိုတောင် ပိုင်ဆိုင်ထားတာပဲ”

ကျောက်ကျင့်ယန်က တွေးတောလိုက်၏။ အကယ်၍ လင်းကျင်းပင်လျှင် ယခုကဲ့သို့သော အံ့သြစရာကောင်းလှသည့် မှော်ရတနာကို ပိုင်ဆိုင်ထားခဲ့မည်ဆိုပါက ပြတိုက်မှူး၏ မှော်ရတနာများမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလိုက်ပါမည်နည်း။

ဖီးနစ်နန်းတော်တွင်လည်း ၎င်းတို့ကိုယ်ပိုင် မှော်ရတနာများ ရှိနေခဲ့ကြသေး၏။ ထိုအရာများကို သူတို့၏ ဘိုးဘေးများထံမှနေ၍ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြခြင်း ဖြစ်ပေသည်။ သို့သော်လည်း ၎င်းတို့ထဲမှ မည်သည့်အရာကမျှ ဤရွှေရောင်ကြိုးမျှင်ကို မယှဉ်ပြိုင်နိုင်ကြပါချေ။ ဤကြိုးက အဆင့် ၅ သားရဲတစ်ကောင်ကို အလွယ်တကူပင် ချည်နှောင်ထားနိုင်ခဲ့သည် ဖြစ်ရာ တစ်ဦးချင်း တိုက်ပွဲမျိုးတွင် မည်သူကမျှ အကဲဖြတ်မှူးလင်းကို နိုင်ကြလိမ့်မည် မဟုတ်ပါချေ။

နဂါးမိခင်က ပျံသန်းလာခဲ့ပြီး စီနီယာမော့ကို ထူမလိုက်၏။

စီနီယာမို၏ ကျောက်စိမ်းနဂါးဂူအတွင်း၌ ရှိခဲ့ဖူးသော မောက်မာမှုများကိုမူ မြင်တွေ့ရခြင်း မရှိတော့ပါချေ။ ရှေးဦးစွာက ထူးဆန်းလှသော သတ္တဝါကြီးမှာ ယခုအခါတွင်မူ သူ၏ မိခင်နှင့် ပြန်လည်ဆုံတွေ့ပြီးသည့်နောက်တွင် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သော ကလေးငယ်တစ်ဦးကဲ့သို့သာ ဖြစ်နေခဲ့ရတော့သည်။

နဂါးမိခင်မှာ သူတို့အတွက် ပြဿနာတစ်ခု မဟုတ်တော့ပါချေ။ လင်းကျင်းအနေဖြင့် သူသည် ယနေ့တွင် နဂါးမိခင်နှင့် ဆုံတွေ့ခဲ့ရသဖြင့် တကယ်ကို ကံကောင်းလှသည်ဟု ခံစားလိုက်ရပေသည်။ ၎င်းက နောက်ထပ်တစ်ကြိမ် ဆုံတွေ့ရမည့် အချိန်တွင် ဟော်ချန်အတွက် သူ၏ လက်ဆောင် ဖြစ်လာပေလိမ့်မည်။

“အခုကတော့ တကယ့် အလုပ်ကို စတင်ဖို့ အချိန်ရောက်ပြီ”

လင်းကျင်းက ဆိုလိုက်၏။ သူ၏ စကားလုံး အဓိပ္ပာယ်ကို ပထမဆုံး နားလည်လိုက်သူမှာ ကျောက်ကျင့်ယန် ဖြစ်ပြီး သူမက အလျင်အမြန်ပင် စိတ်လှုပ်ရှားလာခဲ့သည်။

ရှေးဦးစွာက သူမတွင် လင်းကျင်း၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ သံသယအချို့ ရှိနေခဲ့သော်လည်း သူမက ၎င်းကို ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။ ယခုအခါတွင်မူ သူမသည် အပြည့်အဝ ယုံကြည်သွားခဲ့ရပြီ ဖြစ်သည်။

ပြတိုက်မှူး၏ တပည့်မှာ သူမ မျှော်လင့်ထားခဲ့သည်ထက်ပင် ပိုမို၍ အံ့သြစရာ ကောင်း၏။ ယခုအခြေအနေအရမူ သူတို့သည် ဆရာကြီး ပြတိုက်မှူး ဤနေရာသို့ ကိုယ်တိုင်လာရောက်ရန် အမှန်တကယ်ပင် လိုအပ်ခြင်း မရှိတော့ပါချေ။ လင်းကျင်း ပြောဆိုခဲ့သော အလုပ်ဟူသည် ထူးခြားသော မီးလျှံများကို ထုတ်လွှတ်ရန်နှင့် သူမ၏ ဖီးနစ်ဥကို ၎င်းအတွင်း၌ ရေချိုးပေးရန် ဖြစ်ပြီး ထိုမှတစ်ဆင့် သူမ၏ သားရဲက နောက်ထပ်တစ်ကြိမ် ပြန်လည်၍ မွေးဖွားလာနိုင်မည် ဖြစ်ပေသည်။

ကျောက်ကျင့်ယန်သည် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်ရန်အတွက် ကြိုးပမ်းလိုက်ရ၏။ သူမ၏ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက်မူ သူမသည် သူမ၏ လက်သည်းများကို လက်ဖဝါးသားများအတွင်းသို့ နက်ရှိုင်းစွာ ထိုးစိုက်ထားခဲ့သည်။

သူမ၏ သားရဲ အသတ်ခံလိုက်ရကတည်းက သူမသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်လိုသည်အထိပင် အပြည့်အဝ စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရခြင်း ဖြစ်၏။ ယခုအခါတွင်မူ အရာအားလုံးက သိသာစွာ ပြောင်းလဲသွားတော့မည် ဖြစ်သည်။

အကြီးအကဲမော့သည်လည်း ဖြစ်ပျက်လာမည့် အရာများကို စောင့်ကြည့်ရန်အတွက် သူ၏ မျက်လုံးများကို ကျယ်ပြန့်စွာ ဖွင့်လိုက်၏။

ကျောက်ကျင့်ယန်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အကြီးအကဲမော့သည် နဂါးမိခင် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ပြန်လည်ရရှိသွားခဲ့သည်ကို မြင်တွေ့လိုက်ရပြီးသည့်နောက်တွင်မှသာ သက်ပြင်းတစ်ချက်ကို အသာတကြည် ချလိုက်နိုင်တော့သည်။ သူ၏ တာဝန်ဝတ္တရားမှာ နဂါးမိခင်ကို စောင့်ကြပ်ရန် ဖြစ်ပြီး ယခုအခါတွင် သူမက ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပြီ ဖြစ်ရာ သူသည် မမြင်နိုင်သော သံခြေကျင်းတစ်ခုမှနေ၍ လွတ်မြောက်သွားခဲ့ရသကဲ့သို့ ခံစားလိုက်ရ၏။

ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ သူသည် ဤနေရာ၌ ဆက်လက်၍ နေထိုင်သွားရန် မလိုအပ်တော့ပါချေ။ သူ သွားရောက်လိုသည့် မည်သည့်နေရာသို့မဆို သွားရောက်နိုင်စရာ ရှိနေခဲ့ပြီး သူ လုပ်ဆောင်လိုသမျှကို လုပ်ဆောင်နိုင်စရာ ရှိနေခဲ့ပြီ ဖြစ်သည်။

ထိုအတွေးတစ်ခုတည်းကပင် သူ့ကို စိတ်လှုပ်ရှားသွားစေခဲ့ရ၏။

စူးစမ်းလိုစိတ် အကြီးအကဲမိုသည်လည်း စူးစမ်းလိုစိတ် ရှိနေခဲ့သည်။ သူသည် သူ နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်အောင် စောင့်ကြပ်လာခဲ့ရသော ဤလိုဏ်ဂူအတွင်း၌ မည်ကဲ့သို့သော ထူးခြားသည့် မီးလျှံမျိုး ပုန်းကွယ်နေခဲ့ကြောင်း မြင်တွေ့လိုနေခဲ့မိသည်။

“မိန်းကလေးကျောက် မင်း စတင်နိုင်ပြီ”

လင်းကျင်းက ဆိုလိုက်၏။

ထူးခြားသော မီးလျှံချိပ်ပိတ်မှုကို ဖြေဖျက်ရန်မှာ လင်းကျင်း၏ တာဝန် မဟုတ်တော့ပါချေ။ ကျောက်ကျင့်ယန်က ခေါင်းညိတ်လိုက်၏။ သူမအနေဖြင့် ဤနေရာရှိ ထူးခြားသော မီးလျှံများကို မည်သို့ ထုတ်လွှတ်ရမည်ကို သိရှိထားကြောင်းကတော့ ပြောနေစရာပင် မလိုပါချေ။

သူတို့သည် သူမ ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်ကို စောင့်ကြည့်နေခဲ့ကြ၏။

၎င်းမှာ အနုစိတ်လှသော ထုဆစ်မှုများ ပြုလုပ်ထားခဲ့သည့် ရှေးဟောင်းဆန်လှသော ပုလင်းတစ်လုံးပင် ဖြစ်သည်။ ပုလင်းကို ဖွင့်လိုက်သည့် အခါတွင်မူ ၎င်း၏ အတွင်း၌ တစ်စုံတစ်ခုသော စွမ်းအင်များ စီးဆင်းနေခဲ့ကြပုံရ၏။

“ဒါက မီးလျှံဝိညာဉ်ရဲ့ သွေးပဲ... အဲဒါက အရမ်း ရှားပါးပြီး ထူးခြားတဲ့ မီးလျှံတွေကို ချိပ်ပိတ်ဖို့နဲ့ ထုတ်လွှတ်ဖို့အတွက် အသုံးပြုနိုင်တယ်"

ထိုသို့ ပြောဆိုပြီးသည့်နောက်တွင် ကျောက်ကျင့်ယန်က မီးလျှံဝိညာဉ်၏ သွေးအစက်အချို့ကို စမ်းကြောင်းအတွင်းသို့ လောင်းထည့်လိုက်တော့သည်။

တောက်ပလှသော အနီရောင် အရည်အစက်အချို့ကို လောင်းချလိုက်ပြီး ဤမျှအထိ မြင့်မားလှသော အမြင့်မှနေ၍ ၎င်းတို့ မည်သည့်နေရာသို့ ကျရောက်သွားသည်ကို သူတို့ မြင်တွေ့နိုင်ခြင်း မရှိကြသော်လည်း လင်းကျင်းကမူ ထိုသွေးစက်များထံမှနေ၍ ထွက်ပေါ်လာခဲ့သည့် ပြင်းထန်သော စွမ်းအင်များကို ထင်ရှားစွာ ခံစားမိလိုက်ရသည်။ ၎င်းက တန်ချိန်ဆယ်ဂဏန်းခန့်ရှိသော သံတုံးကြီးတစ်ခု သို့မဟုတ် ပြိုကျလာနေခဲ့သည့် တောင်ကြီးတစ်လုံးကဲ့သို့ပင် ပြင်းထန်စွာ ခံစားလိုက်ရတော့သည်။

ဖီးနစ်နန်းတော်နှင့် ဒါလော့ဘုရားကျောင်းတို့ကမူ သေချာပေါက်ပင် သူတို့၏ ကျော်ကြားမှုများနှင့်အညီ ရှင်သန်နေခဲ့ကြခြင်း ဖြစ်သည်။

သေချာတာကတော့ လင်းကျင်းအတွက်မူ ဒါလော့ဘုရားကျောင်းအတွင်း၌ စစ်မှန်သော ဗုဒ္ဓတစ်ပါးက စောင့်ကြပ်ပေးခဲ့ဖူးခြင်းကြောင့်သာ ဒါလော့ဘုရားကျောင်းကို နှစ်ခုအနက် ပိုမို၍ မြင့်မားသောအဆင့်တွင် သတ်မှတ်ထားခဲ့ခြင်း ဖြစ်၏။ အသက်ရှင်နေခဲ့သော နတ်ဘုရားတစ်ပါးကြောင့် ဖီးနစ်နန်းတော်သည်ပင်လျှင် နှစ်ပေါင်းထောင်ချီ ကြာမြင့်နေခဲ့ပြီ ဖြစ်သော ဘုန်းကြီးကျောင်းကြီးနှင့် နှိုင်းယှဉ်နိုင်စရာ မရှိပါချေ။

All Chapters