← Chapters

အခန်း (၄၅၅-၄၅၆)

Vol. 23 Ch. 455-456

အခန်း (၄၅၅-၄၅၆)

Vol. 23 Ch. 455-456

အခန်း ၄၅၅ - ဒေသခံ မြွေပွေးများ

“ဟောဒါက ထျန်းရွှမ်မြို့ပဲ... ထျန်းရွှမ်နိုင်ငံရဲ့ တော်ဝင်မြို့တော်ပေါ့... ငါတို့ ကျောက်စိမ်းနဂါးမြို့ထက် အနည်းဆုံး ငါးဆလောက် ပိုကြီးတယ်”

ဂူမုန်းကျုံးက မိတ်ဆက်ပေးလိုက်၏။

လင်းကျင်းက ပြုံးလိုက်ပြီး စိတ်ထဲကနေ တွေးတောလိုက်သည်။

‘ဘယ်လိုဖြစ်လို့ ငါးဆပဲ ပိုကြီးရမှာလဲ... ဒီနေရာက အနည်းဆုံး ဆယ်ဆလောက် ပိုကျယ်တာ’

ဤခရီးစဉ်က သူ၏ အမြင်များကို အမှန်တကယ်ပင် ကျယ်ပြန့်စေခဲ့ပုံရပေသည်။

သွားရမည့် ခရီးအကွာအဝေး အနည်းငယ်သာ ကျန်ရှိတော့သဖြင့် သူတို့သည် စီနီယာမော့၏ ကျောပေါ်မှ ဆင်းရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်ကြ၏။ လင်းကျင်းအတွက် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ရာ အထူးသဖြင့် သူက ပြင်ပလူတစ်ဦး ဖြစ်နေသည့်အတွက် စွမ်းအားထိန်ချန်ကာ လူမသိအောင် နေထိုင်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဂူမုန်းကျုံးကလည်း သဘောတူခဲ့သည်။ အဆုံးတွင်တော့ ထျန်းရွှမ်နိုင်ငံ၏ တော်ဝင်မြို့တော်သည် နဂါးများနှင့် မြွေပွေးများ အောင်းရာနေရာ ဖြစ်ရပေမည်၊ စိတ်ကူးမိသမျှ လူမျိုးစုံ ရှိနေနိုင်၏။

“ စည်းလုံးညီညွီတ်ခြင်း တိုက်ကြီးတစ်ခုလုံးမှာ နိုင်ငံပေါင်း ဒါဇင်ချီ ရှိတဲ့အထဲကမှ အဆင့်မြင့်နိုင်ငံ သုံးနိုင်ငံက အဓိကပဲ... ထျန်းရွှမ်နိုင်ငံက အဲဒီထဲမှာ အကြီးဆုံးဆိုတော့ သူတို့ရဲ့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က ဒီတိုက်ကြီးမှာ အထင်ရှားဆုံး ဖြစ်နေတာက အံ့ဩစရာ မဟုတ်ဘူး... သူတို့ရဲ့ သားရဲအကဲဖြတ်မှူး အသင်းချုပ်က ထျန်းရွှမ်အကယ်ဒမီကျောင်းကိုတောင် တည်ထောင်ခဲ့သေးတယ်... အဲဒါက တစ်တိုက်လုံးမှာရှိတဲ့ သားရဲအကဲဖြတ်မှူးတွေအတွက် မြင့်မြတ်တဲ့ နေရာတစ်ခုပဲ... လူအများအပြားက အဲဒီကျောင်းရဲ့ ကျော်ကြားမှုကြောင့် ကမ္ဘာအရပ်ရပ်ကနေ ဒီကို လာခဲ့ကြပေမဲ့ ဝင်ခွင့်ငြင်းပယ်ခံခဲ့ကြရတာ... ထျန်းရွှမ် အကယ်ဒမီက သူတို့ရဲ့ စစ်ဆေးမှုအဆင့်ကို အောင်မြင်အောင် လုပ်နိုင်တဲ့ ကျောင်းသားတွေကိုပဲ လက်ခံတာ... အားအနည်းဆုံး ကျောင်းသားကတောင် တရားဝင် သားရဲအကဲဖြတ်မှူး ဖြစ်ရမယ်... အလုပ်သင်တွေကတော့ တရားဝင် အရည်အချင်း ရရှိပြီးမှသာ စစ်ဆေးမှုကို ဝင်ရောက်ဖြေဆိုခွင့် ရှိတာ”

ဂူမုန်းကျုံးက ထိုအဖွဲ့အစည်းအကြောင်းကို အတော်လေး သိရှိထားခဲ့၏။ လင်းကျင်း သွားရမည့်နေရာမှာ ထျန်းရွှမ်မြို့၏ သားရဲအကဲဖြတ်မှူး အသင်းချုပ် ဖြစ်ကြောင်း သိထားသဖြင့် သူ၏ ဗဟုသုတအချို့ကို ထုတ်ဖော်ပြောဆိုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လင်းကျင်းက ပြုံးလိုက်သည်။

“ဆရာကြီးဂူ... ခင်ဗျားက အကဲဖြတ်မှူး တန်ရွှင်းနဲ့ ရင်းနှီးတာဆိုတော့... သူ့ရဲ့ သမီးက အခု ထျန်းရွှမ် အကယ်ဒမီမှာ ပညာသင်ကြားနေတာ... ကျွန်တော် သူမအတွက် သူ့ဆီက ပေးလိုက်တဲ့ စာတစ်စောင်တောင် သယ်လာသေးတယ်”

ထိုအမျိုးသားနှစ်ဦးသည် ပျော်ရွှင်စွာဖြင့် မြို့အတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။

ထျန်းရွှမ်မြို့၏ မြို့တံခါးများပင်လျှင် ခံ့ညားသော အငွေ့အသက်ကို ထုတ်ဖော်နေခဲ့သည်။ တံခါးများမှာ မြင့်မားလှပြီး လမ်းမကြီးများမှာ ကျယ်ပြန့်လှသဖြင့် မရေတွက်နိုင်သော လူအုပ်ကြီးမှာ မြို့အတွင်း၊ အပြင်သို့ အလွယ်တကူ စီးဆင်းသွားလာနိုင်ကြ၏။ မြို့တံခါးဝရှိ ကင်းစောင့်စစ်သားများသည် တောက်ပသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကြပြီး သူတို့၏ ဘေးနားတွင်တော့ သူတို့၏ သားရဲများက ခံ့ညားထည်ဝါစွာ ရပ်နေခဲ့ကြသည်။ ထိုသားရဲများအားလုံးမှာ အဆင့် ၃ မိုးတိမ်ခြင်္သေ့များ ဖြစ်ကြ၏။

တစ်ချိန်တည်းမှာပင် လင်းကျင်းသည် မြို့တံတိုင်းများ၏ အထက်တွင် ဝပ်စင်းနေကြသော အဆင့် ၄ သားရဲများကိုပင် သတိပြုမိလိုက်သည်။

အံ့ဩစရာ ကောင်းလှပေသည်။

အလယ်အလတ်နိုင်ငံများတွင်တော့ အဆင့် ၄ သားရဲများ အားလုံးသည် နိုင်ငံတော်၏ အစောင့်အရှောက်များအဖြစ် တာဝန်ယူထားကြရခြင်း ဖြစ်၏။ ဤနေရာတွင်မူ အဆင့် ၄ သားရဲများက လမ်းမများပေါ်တွင် ပလူပျံနေခဲ့ကြသည်။

စီနီယာမော့သည် သူ ပြောင်းလဲနိုင်သမျှ အသေးဆုံး အရွယ်အစားသို့ အသွင်ပြောင်းလဲလိုက်ပြီး လင်းကျင်း၏ နောက်ကွယ်မှ လိုက်ပါလာခဲ့၏။ သို့သော်လည်း သူ၏ စိတ်ကတော့ ခရီးလမ်းတွင် လင်းကျင်း သင်ကြားပေးခဲ့သော ကျင့်စဉ်နည်းလမ်းပေါ်၌သာ အာရုံစိုက်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် စီနီယာမော့သည် အတော်လေး ကြိုးစားအားထုတ်တတ်သော သင်ယူသူတစ်ဦး ဖြစ်ပေသည်။

ထိုအမျိုးသားနှစ်ဦးနှင့် အိမ်မြှောင်ကြီး မြို့တံခါးအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် အနီးနားရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသော ဖောက်သည်တစ်ဦးက သူ၏ မျက်လုံးများကို စီနီယာမော့ထံသို့ အသေအချာ ပစ်လွှတ်လိုက်၏။

“နဂါးသားရဲတစ်ကောင်လား”

ထိုဖောက်သည်သည် ဤတွေ့ရှိမှုကြောင့် ကြောင်အမ်းသွားခဲ့ရတော့သည်။ သူသည်လည်း သားရဲအကဲဖြတ်ခြင်း ပညာရပ်တွင် ပါဝင်ပတ်သက်နေသူတစ်ဦး ဖြစ်ကြောင်း ထင်ရှားပေသည်။ ဤလောကတွင် သတ္တဝါမျိုးစိတ် ထောင်ပေါင်းများစွာ ရှိနိုင်သော်လည်း ၎င်းတို့ထဲမှ အနည်းငယ်သာ အဆင့်မြင့် အမျိုးအစားအဖြစ် သတ်မှတ်ခံကြရခြင်း ဖြစ်၏။

နဂါးများက ထိုအထဲမှ တစ်ခုပင် ဖြစ်သည်။

“ဟင်... နဂါးဦးချိုတွေ မရှိဘူး... မင်ရည်လို အနက်ရောင် အကြေးခွံတွေ... သံမဏိလို အရောင်အသွေး ရှိပြီး ခြေလက်လေးဖက်မှာ ခြေသည်းလေးခုစီ ရှိတာပဲ... ဦးခေါင်းက ကြီးပြီး ခန္ဓာကိုယ်က တိုတယ်...”

ထိုလူက မိမိကိုယ်ကိုယ် တိုးတိုးရေရွတ်လိုက်၏။

“ဒါက မြေပြင်နဂါးပဲ... မြေပြင်ဆိုတာ မြေကြီးကို ဆိုလိုတာ... မြေကြီးမှာ ကျောက်တုံး၊ သဲ၊ ရွှံ့စေးနဲ့ ကျောက်စိမ်းတွေ ရှိတယ်... သူ့ရဲ့ အကြေးခွံတွေက ကျောက်စိမ်းလို အရည်အသွေးမျိုး ရှိနေတာဆိုတော့ ဒါက ကျောက်စိမ်းနဂါး ဖြစ်နိုင်တယ်... တကယ့် ပစ္စည်းကောင်းပဲ”

ထို့နောက် ထိုလူက လင်းကျင်းနှင့် ဂူမုန်းကျုံးထံသို့ အကြည့်ကို ရွှေ့ပြောင်းလိုက်၏။

“ဒီလူနှစ်ယောက်က အနည်းငယ် မောပန်းနေပုံရတာမို့ အဝေးကနေ ခရီးနှင်လာတာ ဖြစ်ရမယ်... သူတို့ ဒီကို ရောက်တာ ပထမဆုံးအကြိမ် ဖြစ်ပုံရတာမို့ တကယ့်ကို အိအိထွေးထွေးရှိတဲ့ သိုးသငယ်လေးတွေပဲ”

သူ၏ စိတ်ထဲတွင် ပြောင်မြောက်သော အကြံတစ်ခု ရရှိသွားခဲ့သဖြင့် သူ၏ အင်္ကျီလက်အင်္ကျီအတွင်းမှ စာကလေးတစ်ကောင်ကို ဖမ်းယူလိုက်ပြီး သူ၏ နားနားတွင် တစ်စုံတစ်ခုကို တိုးတိုးရေရွတ်ကာ လေထဲသို့ လွှတ်တင်လိုက်တော့သည်။

စာကလေးကို လွှတ်တင်ပြီးနောက် သူသည် မိမိ၏ ခွက်ထဲမှ လက်ဖက်ရည်ကို ကုန်အောင်သောက်လိုက်ပြီး စားပွဲပေါ်မှ သစ်ကြားသီးအနည်းငယ်ကို ဆုပ်ကိုင်လိုက်၏။ အရာအားလုံး အဆင်သင့်ဖြစ်သောအခါ သူသည် ထိုအဖွဲ့၏ နောက်သို့ စတင်ခြေရာခံ လိုက်ပါခဲ့တော့သည်။

ခဏမျှ စောင့်ကြည့်ပြီးနောက်တွင်တော့ ထိုလူ၏ ကြံရာပါများ ရောက်ရှိလာခဲ့ကြ၏။

“သိုးသငယ် အိအိထွေးထွေးတွေ ရှိလို့လား”

ရောက်ရှိလာသူများထဲမှ ကတုံးနှင့်လူက မေးမြန်းလိုက်သည်။

ထိုလူက ပြုံးလိုက်ပြီး သူ၏ မျက်လုံးများဖြင့် အချက်ပြလိုက်၏။

“ဟိုက လူနှစ်ယောက်လေ... ဆိုင်ရှင်ဝေ... ခင်ဗျားက ကျွမ်းကျင်သူပဲ... ဟိုကျောက်စိမ်းနဂါးကို ဘယ်လိုမြင်လဲ”

ကတုံးနှင့်လူသည် သူ၏ ကြံရာပါ အချက်ပြရာ အရပ်သို့ ချက်ချင်း လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ဒါက အရည်အသွေးမြင့် ပစ္စည်းပဲ... ကျောက်စိမ်းနဂါးတွေက နဂါးမျိုးနွယ်တွေထဲမှာတောင် ရှားပါးတယ်... ကျောက်စိမ်းနဂါးနိုင်ငံမှာပဲ ရှိပြီး တော်ဝင်မိသားစုက ထိန်းချုပ်ထားတာမို့ စျေးကွက်ထဲကို အနည်းငယ်ပဲ ရောက်တာ... ရှားပါးလေလေ၊ တန်ဖိုးကြီးလေလေဆိုတာ ပြောနေစရာ မလိုဘူး... ငါတို့ ထျန်းရွှမ်မြို့က လူအများအပြားက ဒီလိုသတ္တဝါတွေကို စိတ်ဝင်စားကြတယ်... ကျောက်စိမ်းနဂါးတွေက မွေးဖွားကတည်းက အဆင့် ၃ ဖြစ်ပေမဲ့ ဒီကောင်ရဲ့ အဆင့်ကိုတော့ အဆောင်လက်ဖွဲ့တစ်ခု သုံးပြီး အနီးကပ် အကဲဖြတ်ဖို့ လိုမယ်... ဒါက လွယ်မှာမဟုတ်ဘူး”

“ဒီသိုးသငယ် နှစ်ကောင်က မြို့ထဲကို ခုမှ ဝင်လာတဲ့ နိုင်ငံခြားသားတွေပဲ... အခုက ငါတို့ လက်စွမ်းပြဖို့ အချိန်ကောင်းပဲ... ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအခွင့်အရေးမျိုးက ခဲခဲယဉ်ယဉ် ရတာမို့”

ပထမဆုံးလူက ထပ်လောင်းပြောဆိုလိုက်၏။

ကတုံးနှင့်လူသည် သူ၏ အာရုံကို ထိုနိုင်ငံခြားသား နှစ်ဦးထံသို့ ပြောင်းလဲလိုက်သည်။ သူ အကြံထုတ်နေစဉ်မှာပင် ထိုနှစ်ယောက်ထဲမှ အသက်ငယ်ရွယ်သူက ရုတ်တရက် သူတို့ထံသို့ လှည့်ကြည့်လိုက်၏။

သူ့တွင် မရိုးသားသော စိတ် ရှိနေခဲ့ပြီးဖြစ်သဖြင့် ကတုံးသည် ထိတ်လန့်သွားခဲ့ရသော်လည်း သူ၏ အကြည့်ကို အလျင်အမြန်ပင် လွှဲဖယ်လိုက်သည်။

“သူက အကဲခတ်မြန်တာပဲ... မဟုတ်ဘူး... ဒါက တိုက်ဆိုင်မှု ဖြစ်ရမယ်... ငါက အနည်းဆုံး ပေတစ်ရာလောက် ဝေးတဲ့နေရာမှာ ရှိနေပြီး လမ်းမကြီးကလည်း သိပ်ကို ရှုပ်ထွေးနေတာ... သူ ငါတို့ ရှိနေတာကို သတိထားမိဖို့ မဖြစ်နိုင်ဘူး... သူ့ရဲ့ ဘေးနားက သက်လတ်ပိုင်း ပညာရှိက သတိထားမိတယ်ဆိုရင်တောင် ပိုပြီး သဘာဝကျဦးမယ်”

ကတုံးနှင့်လူက မိမိကိုယ်ကိုယ် တိုးတိုးရေရွတ်လိုက်၏။ သူ အကြောင်းရင်းကို သဘောပေါက်သွားသောအခါ သူ၏ ဒေါသများ မြင့်တက်လာခဲ့ရတော့သည်။

‘တောက်... ကောင်စုတ်... မင်းက ငါ့ကို ခြောက်လှန့်ဝံ့တယ်ပေါ့’

ထို့နောက် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။

သူတို့ လုပ်ဆောင်ကြမည်။

ကျောက်စိမ်းနဂါးတစ်ကောင်ကို ပိုင်ဆိုင်နိုင်သူသည် သာမန်လူတစ်ယောက် မဟုတ်နိုင်သော်လည်း သူသည် ၎င်းကို သားရဲမွေးမြူသူလိပ်စာစောင်ဖြင့် သိမ်းဆည်းထားခြင်း မရှိသဖြင့် သူက သိပ်ပြီး ထူးခြားသူတစ်ယောက် မဟုတ်နိုင်ပါချေ။ အဆုံးတွင်တော့ စွမ်းရည်ရှိသူအားလုံးသည် သားရဲမွေးမြူသူလိပ်စာစောင်ကို အသုံးပြုကြသည် မဟုတ်ပါလော။

သို့သော်လည်း သူသည် ထိုစွမ်းရည်ကို အသုံးမပြုရန် ရွေးချယ်ထားခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုသို့ပြုလုပ်မည့်အစား လမ်းသွားလမ်းလာများကို ကြွားဝါရန်အတွက် ၎င်းကို တမင်သက်သက် ထုတ်ပြထားခြင်း ဖြစ်နိုင်၏။

သေချာတာပေါ့... ၎င်းက သားရဲများကို ခိုးယူခြင်း အတတ်ပညာ၌ ကျွမ်းကျင်ကြသော သူတို့ကဲ့သို့သော သူခိုးများအတွက် အခွင့်အရေးတစ်ခု ဖြစ်စေခဲ့သည်။ ထိုခရီးသွားက ဘယ်သူပဲဖြစ်ဖြစ် သူတို့ ဂရုမစိုက်ပါချေ။ သူသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ တော်ဝင်မိသားစုနှင့် တော်စပ်သူ ဖြစ်နေပါစေဦးတော့၊ သူတို့ ဂရုစိုက်မည် မဟုတ်ချေ။

ဤနေရာက ထျန်းရွှမ်နိုင်ငံ ဖြစ်ပြီး သူတို့က ထျန်းရွှမ်မြို့က ဒေသခံ မြွေပွေးများ ဖြစ်ကြသည်။ လောကတွင် ဘည်မျှပင် သန်မာသော နဂါးဖြစ်ပါစေဦးတော့၊ ၎င်း၏ ကိုယ်ပိုင်တွင်းထဲက မြွေကို မအနိုင်ယူနိုင်ဘူးဟူသော စကားပုံတစ်ခု ရှိခဲ့ဖူး၏။ ထို့ကြောင့်ပင် သူတို့အနေဖြင့် ဤရှားပါးသော အခွင့်အရေးကို အရယူရမည် ဖြစ်သည်။

ထို့ကြောင့် ကတုံးနှင့်လူက သူ၏ လက်အောက်ငယ်သားများနှင့် စောစောက ခြေရာခံသူကို ညွှန်ကြားလိုက်သည်။

“ငါတို့ ဒီအလုပ်ကို ယူမယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရှားပါးတဲ့ နဂါးသားရဲတစ်ကောင်ကို ရှာနေတဲ့ ဝယ်သူတစ်ယောက်ရှိခဲ့တယ်... ပြီးတော့ သူပေးတဲ့ စျေးက တော်တော်လေး မြင့်တယ်... အကယ်၍ ငါတို့ ဒီအလုပ်ကို အောင်အောင်မြင်မြင် လုပ်နိုင်မယ်ဆိုရင် အကျိုးအမြတ်က ငါတို့ကို တစ်နှစ်ပတ်လုံး ထိုင်စားလို့ရလိမ့်မယ်”

အခြားလူများ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့ကြပြီး သူတို့အားလုံး စမ်းသပ်လိုစိတ် ပြင်းပြနေကြပုံရ၏။

“ထုံးစံအတိုင်းပဲ... မျက်စိကို အမြဲဖွင့်ထားပြီး မြန်မြန်ဆန်ဆန် အလုပ်လုပ်ကြ... မလိုအပ်တဲ့ ပြဿနာတွေ မရှာနဲ့”

ပြတ်သားသော စိတ်နေသဘောထား ရှိသူပီပီ ကတုံးနှင့်လူသည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချက်ချင်းပင် လှုပ်ရှားခဲ့တော့သည်။

သူ၏ ကြံရာပါများအားလုံးမှာ ဤနယ်ပယ်တွင် ဝါရင့်သူများ ဖြစ်ကြသဖြင့် ဆိုင်ရှင်၏ အမိန့်ကို ရရှိသည်နှင့် တပြိုင်နက် ချက်ချင်းပင် အလုပ်စတင်လုပ်ဆောင်ခဲ့ကြ၏။

ရှေ့ဘက် ခပ်လှမ်းလှမ်းတွင်တော့ လင်းကျင်းက သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

“ညီလေးလင်း... ဘာဖြစ်လို့လဲ”

ဂူမုန်းကျုံးက မေးမြန်းလိုက်၏။

“ဘာမှမဟုတ်ဘူး”

လင်းကျင်းသည် တစ်စုံတစ်ဦးက သူ့ကို စိုက်ကြည့်နေကြောင်း ခံစားလိုက်ရခြင်း ဖြစ်ပြီး ဤခံစားချက်က သူတို့ မြို့ထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်းရွှမ်မြို့သည် လူသိပ်ကို များပြားလှသဖြင့် သူ အာရုံစိုက်ခြင်း ခံရသည်မှာ ပုံမှန်ပင် ဖြစ်၏။ အဆုံးတွင်တော့ သူက ဒေသခံများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ကွဲပြားစွာ ဝတ်ဆင်ထားသည် မဟုတ်ပါလော။

“နောက်ထပ် နည်းနည်းလောက် သွားရင် ထျန်းရွှမ်မြို့ရဲ့ သားရဲအကဲဖြတ်မှူး အသင်းချုပ် ဌာနချုပ်ကို မြင်ရလိမ့်မယ်... အဲဒီနေရာက တကယ့်ကို ခန့်ညားထည်ဝါတာ”

ဂူမုန်းကျုံးက ပြုံး၍ ပြောလိုက်သည်။ သူတို့နှစ်ဦး ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေစဉ်မှာပင် ရုတ်တရက် လူတစ်ယောက်က ရှေ့တည့်တည့်မှနေ၍ လင်းကျင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့၏။ အကယ်၍ အခြားလူတစ်ဦးဦးသာဆိုလျှင် သူတို့ ထိပ်တိုက် တိုးမိသွားကြရပေလိမ့်မည်၊ သို့သော်လည်း လင်းကျင်းကတော့ လျင်မြန်ဖြတ်လတ်စွာဖြင့် ကိုယ်ကိုလှည့်ကာ သူ့ကို ရှောင်တိမ်းလိုက်နိုင်သည်။

ထိုလူ ကြောင်အသွားခဲ့ရသော်လည်း သူ၏ လက်ထဲက အထုပ်ကို မြေပြင်ပေါ်သို့ ချပစ်လိုက်ခြင်းအားဖြင့် အလျင်အမြန်ပင် တုံ့ပြန်ခဲ့၏။ ကျယ်လောင်လှသော ကွဲအက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက ကြွေထည်ပစ္စည်းတစ်ခု ကွဲကြေသွားသည့်အသံနှင့် ဆင်တူလှပေသည်။

ထိုလူက ချက်ချင်းပင် ရန်လိုသော မျက်နှာပေးကို ဖော်ပြလိုက်ပြီး လင်းကျင်းအား အော်ဟစ်လိုက်တော့၏။

“မင်းလို တောသားက မျက်စိမပါဘူးလား... မင်း အခုလေးတင် ငါ့ရဲ့ မိသားစု အမွေအနှစ်ကို ဖျက်ဆီးပစ်လိုက်ပြီ... အခုချက်ချင်း လျော်ပေး”

သူ စကားပြောနေစဉ်မှာပင် ထိုလူ၏ နောက်ကွယ်မှနေ၍ အခြားသော လူအချို့ ပေါ်လာခဲ့ကြပြီး သူတို့က လင်းကျင်းနှင့် ဂူမုန်းကျုံးကို အလျင်အမြန် ဝိုင်းရံလိုက်ကြ၏။

မျက်စိရှိသူ မည်သူမဆို ၎င်းက တမင်သက်သက် ဖန်တီးထားသည့် မတော်တဆမှုတစ်ခု ဖြစ်ကြောင်း ပြောနိုင်စရာရှိပြီး လင်းကျင်းနှင့် ဂူမုန်းကျုံးတို့သည်လည်း ဤအချက်ကို ကောင်းကောင်း သတိပြုမိကြပေသည်။

သူတို့ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကြ၏။

ထျန်းရွှမ်မြို့က ဤမျှအထိ စည်းကမ်းမဲ့လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိပါမည်နည်း။

ကျောက်စိမ်းနဂါးမြို့က အများကြီး ပို၍ သေးငယ်သော်လည်း နေ့ခင်းကြောင်တောင်တွင် ဤကဲ့သို့သော ရုန်းရင်းဆန်ခတ် ဖြစ်ရပ်မျိုးကို သူတို့ ဘယ်တုန်းကမျှ မမြင်တွေ့ခဲ့ဖူးပါချေ။

လင်းကျင်းသည် ထိုလူများနှင့် စကားရည်လုရန် ပြင်ဆင်လိုက်စဉ်မှာပင် ရုတ်တရက် ကိုယ်ကိုလှည့်လိုက်ပြီး တစ်စုံတစ်ဦး၏ လက်ကောက်ဝတ်ကို လှမ်း၍ ဖမ်းဆွဲလိုက်တော့သည်။

ထိုလူက သူတို့၏ နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့ပြီး စီနီယာမော့ထံသို့ လက်စွမ်းပြရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။ ထိုလူ၏ လက်ထဲတွင် ရှုပ်ထွေးလှသော စာလုံးများစွာ ရေးသားထားသည့် အဆောင်လက်ဖွဲ့တစ်ခု ရှိနေခဲ့သည်။ ၎င်းက ထူးဆန်းသော သတ္တဝါတစ်ကောင်၏ မျက်နှာသွင်ပြင် ရှိပြီး မကောင်းဆိုးဝါးဆန်သော အနက်ရောင် အရောင်အဝါများကို ထုတ်လွှတ်နေခဲ့၏။

အခန်း ၄၅၆ - သူဌေးသားလေး

ထိုလူသည် လူအများ၏ အာရုံစိုက်မှုကို လွှဲပြောင်းထားသည့် အခြေအနေမျိုးတွင် သူ၏ လုပ်ဆောင်ချက်များကို လင်းကျင်း သတိပြုမိလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သူ၏ လက်ကောက်ဝတ်ကို လင်းကျင်းက ဖမ်းဆွဲထားသည်ကို သိရှိလိုက်ရသောအခါ သူ ကြောင်အမ်းသွားခဲ့ရတော့၏။

ပထမဆုံး ထိတ်လန့်မှုအပြီးတွင်တော့ ထိုလူသည် ချက်ချင်းပင် ရန်လိုကြမ်းတမ်းလာခဲ့သည်။

“လွှတ်စမ်း”

သူက အော်ဟစ်လိုက်ရင်း သူ၏ လက်ကို အတင်းအကျပ် ရုန်းထွက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း လင်းကျင်း၏ လက်က သံညှပ်ကဲ့သို့ အလွန်ပင် အားကောင်းလှသဖြင့် သူ ဘည်မျှပင် ကြိုးစားပါစေဦးတော့၊ လွတ်မြောက်အောင် မရုန်းကန်နိုင်ကြောင်း သိရှိလိုက်ရသောအခါ သူ ထိတ်လန့်သွားခဲ့ရတော့သည်။

ဤအချက်ကို သိရှိလိုက်ရသဖြင့် သူ၏ ကြံရာပါများက အော်ဟစ်ဆူပူပြီး ရုန်းရင်းဆန်ခတ် ဖြစ်အောင် စတင်လုပ်ဆောင်ကြတော့၏။

“တောက်... လွှတ်စမ်း... အခုချက်ချင်းလွှတ်... အား... အား... နာတယ်... နာတယ်”

လင်းကျင်းက အားအနည်းငယ် ပို၍ စိုက်လိုက်ရုံမျှဖြင့် ထိုလူသည် နာကျင်လွန်းသဖြင့် အော်ဟစ်ငိုယိုရတော့၏။ မတော်တဆမှုကို တမင်ဖန်တီးခဲ့သည့် လူသည် အခြေအနေ မဟန်တော့ကြောင်း ချက်ချင်း ရိပ်မိသွားခဲ့သဖြင့် လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။

ဂူမုန်းကျုံးသည် သူတို့အားလုံး တစ်ဖွဲ့တည်း ဖြစ်ကြောင်း ပြောနိုင်ပေရာ သူက လှောင်ပြုံးပြုံးလိုက်ပြီးနောက် သူတို့ထံသို့ ပြေးဝင်လာသော လူကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်၏။

“မင်းတို့ထဲက ဘယ်သူ နောက်ထပ် လာဦးမလဲ ကြည့်ရသေးတာပေါ့”

ထိုလူမိုက်များ၏ သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ဟိန်းဟောက်လာကြတော့သည်။ ဂူမုန်းကျုံးက သူ၏ ဘူးသီးခြောက်ဘူးကို ပုတ်လိုက်ရာ မင်ရည်မိစ္ဆာသားရဲက ဓားတစ်လက်အဖြစ် အသွင်ပြောင်းလဲ ထွက်ပေါ်လာခဲ့၏။ တိုက်ပွဲတစ်ခု သေချာပေါက် ဖြစ်ပွားတော့မည့် အခြေအနေကို မြင်တွေ့လိုက်ရသဖြင့် အနီးနားရှိ လမ်းသွားလမ်းလာများသည် သူတို့အတွက် နေရာလွတ်ပေးရန် အလျင်အမြန်ပင် လူစုခွဲလိုက်ကြတော့သည်။

လင်းကျင်းက သူ၏ အခြားသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုလူ၏ အဆောင်လက်ဖွဲ့ကို လုယူလိုက်ပြီးမှ သူ့ကို လွှတ်ပေးလိုက်၏။

သူသည် ထိုလူကို လွှတ်ပေးလိုက်လင့်ကစား သူ၏ လက်မောင်းတွင် ငွေအပ်တစ်ချောင်းကို စိုက်ထူထားခဲ့သဖြင့် ထိုလူ၏ လက်မောင်းတစ်ခုလုံးသည် ဘေးနားတွင် ပျော့ခွေကျသွားခဲ့ရတော့သည်။

“ကောင်စုတ်... မင်းက သေချင်နေတာပဲ”

သူ၏ လက်မောင်းကို မလှုပ်ရှားနိုင်တော့သဖြင့် ထိုလူသည် စိုးရိမ်စိတ်နှင့် ဒေါသတို့ ရောပြွမ်းလျက် ဆဲရေးတိုင်းထွာသည့် စကားလုံးများကို စတင်အော်ဟစ်တော့၏။

ထိုအချိန်တွင် လင်းကျင်းသည် ဤအဆောင်လက်ဖွဲ့၏ အသုံးဝင်ပုံကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

“အံ့ဩစရာပဲ... ဒီလိုလောကမှာ ဒီလိုအရာမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

လင်းကျင်းသည် ပြတိုက်ထံမှနေ၍ အဖြေကို ရရှိပြီးနောက် သူ၏ စူးစမ်းချင်စိတ်က မြင့်တက်လာခဲ့ရ၏။

အဆောင်လက်ဖွဲ့ပေါ်က ရှုပ်ထွေးလှသော စာလုံးများကို သားရဲသွေးဖြင့် ရေးသားထားခြင်း ဖြစ်သဖြင့် သားရဲ၏ ဝိညာဉ်က ထိုအရာပေါ်တွင် ခိုအောင်းနေခဲ့ခြင်း ဖြစ်သည်။ ထိုစာလုံးများက လင်းကျင်းအတွက် အသစ်အဆန်း ဖြစ်နေသော်လည်း ပြတိုက်ကတော့ ၎င်းက ဘာလဲဆိုသည်ကို လင်းကျင်း နားလည်နိုင်ရန်အတွက် အဓိပ္ပာယ် ဖော်ထုတ်ပေးနိုင်ခဲ့၏။

“သွေးသစ္စာဖြတ်တောက်ခြင်း သားရဲအဆောင်လက်ဖွဲ့... တိုတောင်းတဲ့ အချိန်အတွင်းမှာ သွေးသစ္စာစာချုပ်ကို ဖုံးကွယ်ထားနိုင်ရုံတင်မကဘဲ ဖြတ်တောက်ခြင်းကိုပါ လုပ်ဆောင်နိုင်တယ်”

ဤကဲ့သို့သော ကိရိယာမျိုးသည် အခြားလူ၏ သားရဲကို လုယူရန်အတွက် သေချာပေါက် မရှိမဖြစ် လိုအပ်လှသော ရတနာတစ်ခုပင် ဖြစ်ရပေမည်။

၎င်းအပြင် ဤအဆောင်လက်ဖွဲ့သည် လူတစ်ဦး၏ သားရဲသွေးသစ္စာစာချုပ်ကိုလည်း ခေတ္တမျှ ပြောင်းလဲပစ်နိုင်စရာ ရှိပေသည်။ ဥပမာအားဖြင့် ၎င်းက သားရဲကို ဝေဝါးသွားစေပြီး အဆောင်လက်ဖွဲ့ အသုံးပြုသူကို ၎င်း၏ အရှင်သခင်အဖြစ် မှတ်ယူသွားအောင် လုပ်ဆောင်နိုင်၏။

လင်းကျင်း အံ့ဩနေစဉ်မှာပင် အခြားသော လူတစ်ဦးက ရုတ်တရက် ရောက်ရှိလာခဲ့ပြီး အဆောင်လက်ဖွဲ့တစ်ခုကို ကျွမ်းကျင်စွာဖြင့် လှမ်း၍ ပစ်လွှတ်လိုက်သည်။ အချိန်မီ မတုံ့ပြန်နိုင်ခဲ့သော စီနီယာမော့၏ ခန္ဓာကိုယ်ပေါ်တွင် ထိုအဆောင်လက်ဖွဲ့က ချက်ချင်းပင် ကပ်ငြိသွားခဲ့ရ၏။ ထို့နောက် ထိုလူက စီနီယာမော့ကို သူ၏ ရင်ခွင်အတွင်းသို့ ဆွဲပွေ့ကာ သယ်ဆောင်သွားခဲ့တော့သည်။

သူ ရောက်ရှိလာပုံက အလွန်ပင် လျင်မြန်ဖြတ်လတ်လှသဖြင့် လူသားတို့၏ မျက်စိဖြင့် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကိုပင် အချိန်မီ မမြင်တွေ့နိုင်ခဲ့ပါချေ။ လင်းကျင်းကိုယ်တိုင်ပင်လျှင် အချိန်မီ တုံ့ပြန်ရန် ပျက်ကွက်ခဲ့ရသည်။

ဤလောကထဲက လူသားများကို လျှော့တွက်လို့မရနိုင်ပါချေ။

အထူးသဖြင့် ကျွမ်းကျင်သူများ ပလူပျံနေသည့် ထျန်းရွှမ်မြို့မျိုးတွင် ဖြစ်သည်။ ထိုလူ၏ စွမ်းရည်နှင့် အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် အကယ်၍ သူ၏ ရည်ရွယ်ချက်က စီနီယာ

မော့ကို လုယူရန် မဟုတ်ဘဲ လင်းကျင်းကို တိုက်ခိုက်ရန်သာ ဖြစ်မည်ဆိုပါက ထိုလူကို ခုခံရန်အတွက် သူ့အနေဖြင့် အတော်လေး ခံစားရပေလိမ့်မည်ဟု လင်းကျင်း တွေးတောလိုက်မိသည်။

စီနီယာမော့ကို ပွေ့ချီထားသည့် လူမှာ သားနားလှပစွာ ဝတ်ဆင်ထားသည့် သူဌေးသားလေးတစ်ဦး ဖြစ်၏။ သူ၏ မျက်နှာပေးက ထောင်လွှားပြီး မာနကြီးပုံရသော်လည်း သူ၏ ရုပ်သွင်ကတော့ ယောကျာ်းဆန်ခြင်းနှင့် မိန်းမဆန်ခြင်းတို့ ရောပြွမ်းနေခဲ့သည်။ သူက သေချာပေါက် အမျိုးသားတစ်ဦး ဖြစ်သော်လည်း အမျိုးသမီးတစ်ဦးကဲ့သို့ သိမ်မွေ့လှပသော ရုပ်ရည်မျိုး ရှိနေခဲ့ခြင်း ဖြစ်၏။ သူ၏ ခါးတွင် ကျောက်စိမ်းပြားတစ်ချပ် ချိတ်ဆွဲထားပြီး သူ၏ ဆံပင်များကိုတော့ အနောက်သို့ သေသေချာချာ ဖြီးသင်လျက် ရွှေရောင်အဆင်တန်ဆာတစ်ခုဖြင့် စည်းနှောင်ထားခဲ့သည်။ သူ၏ ဝတ်စားဆင်ယင်မှုပုံစံက သေချာပေါက် မိန်းမဆန်ပြီး မြင့်မြတ်လှပေသည်။

လူအုပ်ကြီးထဲမှ ကတုံးဆိုင်ရှင်သည် ဤလူကို မြင်လိုက်ရသောအခါ အလျင်အမြန်ပင် ရှေ့သို့ တိုးလာခဲ့ပြီး ရိုသေစွာဖြင့် ဂါရဝပြုလိုက်၏။

“သခင်ကြီး... ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ” ကတုံးဆိုင်ရှင်သည် ရိုသေရုံမျှမကဘဲ သူ၏ ပုံစံက သိသိသာသာကို ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။

ဤမိန်းမဆန်သော သူဌေးသားလေးသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော မိစ္ဆာတစ်ကောင် ဖြစ်နေသည့်အလား။

“ငါ ဘာလို့ ဒီကို ရောက်နေတာလဲ ဟုတ်လား”

ထိုသူဌေးသားလေး၏ မျက်နှာတွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ကတုံးဆိုင်ရှင်၏ မျက်နှာကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်တော့၏။

“ငါသာ ပေါ်မလာဘူးဆိုရင် မင်းတို့အားလုံး ဒီအလုပ်ကို ဖျက်ဆီးပစ်ကြတော့မှာ... ဒါပေမဲ့ မင်းတို့က လုံးဝ အသုံးမဝင်တဲ့ လူတွေတော့ မဟုတ်ဘူး... ဒီအဆင့် ၄ ကျောက်စိမ်းနဂါးကို မှတ်မိအောင် လုပ်နိုင်ခဲ့တဲ့အတွက် ဒီတစ်ကြိမ်တော့ မင်းတို့ကို ငါ ခွင့်လွှတ်ပေးလိုက်မယ်”

ကတုံးဆိုင်ရှင်သည် ကျေးဇူးတင်လှသော မျက်နှာပေးကို ဖော်ပြလိုက်၏။

“ငါ သွားတော့မယ်... ကျန်တဲ့ ကိစ္စတွေကို မင်းတို့ပဲ ရှင်းလိုက်ကြတော့”

ထိုသို့ ပြောပြီးနောက် ထိုသူဌေးသားလေးသည် လှည့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

“အခုချက်ချင်း ရပ်လိုက်စမ်း”

ဤလူက သူ့ကို လုံးဝ အလေးမထားဘဲ လုပ်ဆောင်နေသည့် အပြုအမူကို လင်းကျင်းအနေဖြင့် ရယ်စရာတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အကျိုးဆက်များကို ဂရုမစိုက်ဘဲ လုပ်ဆောင်ရဲသည့် အခြေအနေမျိုး ရှိနေခဲ့ခြင်းက သူ၏ နောက်ကွယ်တွင် ခိုင်မာလှသော အသိုင်းအဝိုင်းတစ်ခု ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

သူတို့၏ ထောင်လွှားမှုနှင့် မောက်မာမှုအပြင် လင်းကျင်းကဲ့သို့သော နိုင်ငံခြားသားတစ်ဦးအနေဖြင့် သူတို့ကို ဘာမှ ပြန်လည်မလုပ်ဆောင်နိုင်ဘူးဟု ယုံကြည်ချက် ရှိနေခဲ့ကြသောကြောင့်ပင် ယခုလို လုပ်ဆောင်ရဲကြခြင်း ဖြစ်၏။

ထိုသူဌေးသားလေးသည် လှည့်မကြည့်ဘဲ ရပ်တန့်လိုက်ပြီး သူ၏ လှပသော ဘေးတိုက်ရုပ်သွင်ကိုသာ ထုတ်ပြလျက် ပြောလိုက်သည်။

“နိုင်ငံခြားသား... မင်းက ဒါက မင်းရဲ့ သားရဲဖြစ်ပြီး ငါတို့က နေ့ခင်းကြောင်တောင်မှာ လုယူနေတာလို့ ပြောချင်နေတာမလား... မင်း ဒီကိစ္စကို အာဏာပိုင်တွေဆီ တိုင်ကြားနိုင်ပေမဲ့ မင်းတို့နှစ်ယောက်ကြားမှာ သွေးသစ္စာစာချုပ် မရှိတဲ့အတွက် ဒီသတ္တဝါက မင်းရဲ့ သားရဲမဟုတ်ဘူးဆိုတာကတော့ အမှန်တရားပဲ... ဒီအခြေအနေမှာ ငါက အသာစီးရနေတာမို့ မင်းအနေနဲ့ ဉာဏ်ရှိမယ်ဆိုရင် ငါ့ရဲ့ အကြံဉာဏ်ကို နားထောင်ပြီး အမောခံမနေနဲ့တော့”

ထိုလူငယ်လေး၏ စကားများက အလွန်ပင် ရှင်းလင်းလှပေသည်။

သူသည် စီနီယာမော့၏ ခန္ဓာကိုယ်ပေါ်တွင် သားရဲတစ်ကောင်၏ သွေးသစ္စာစာချုပ်ကို စက္ကန့်ပိုင်းအတွင်း ဖြတ်တောက်နိုင်စရာရှိသော ထူးခြားသည့် အဆောင်လက်ဖွဲ့တစ်ခုကို အသုံးပြုထားခဲ့ခြင်း ဖြစ်ရာ အခြေအနေအများစုတွင် သွေးသစ္စာစာချုပ် ပိုင်ရှင်သည် သူ၏ သားရဲအပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားရမည်ဖြစ်ပြီး သူတို့၏ သွေးသစ္စာစာချုပ် စွမ်းအားကို အသုံးမပြုနိုင်တော့ဘဲ ဖြစ်ရပေလိမ့်မည်။

ဤအခြေအနေက တစ်စုံတစ်ဦးက ခင်ဗျား၏ ပိုက်ဆံအိတ်ကို ခိုးယူနေသည်ကို လက်ပူးလက်ကျပ် မိသော်လည်း နောက်ဆုံးတွင်တော့ အရှက်မရှိသော သူခိုးကိုယ်တိုင်က ပြန်လည်စစ်ဆေးမေးမြန်းခြင်းကို ခံရသည့် အခြေအနေနှင့် ဆင်တူလှပေသည်။

သူခိုးက အမြဲတမ်း ပြောလိမ့်မည်။

“မင်းက ဒီပိုက်ဆံအိတ်က မင်းဥစ္စာလို့ ပြောနေပေမဲ့ အပေါ်မှာ မင်းနာမည် ရေးထားလို့လဲ... မင်း လှမ်းခေါ်ရင်ကော သူက ပြန်ထူးမှာမို့လို့လား”

၎င်းက ထိုလှည့်ကွက်မျိုးပင် ဖြစ်၏။

၎င်းက ထင်ထင်ရှားရှား ဖန်တီးထားသည့် ထောင်ချောက်တစ်ခု ဖြစ်သည်။

သို့သော်လည်း လင်းကျင်း ဒေါသ မထွက်ခဲ့ပါချေ။ သူ ဒေါသ မထွက်ခဲ့ရုံတင်မကဘဲ သူ၏ ရန်သူ ပြောဆိုချက်ကိုပင် ထောက်ခံပေးလိုက်သေး၏။

“အမှန်ပဲ... အဘိုးကြီးမော့နဲ့ ငါ့ကြားမှာ သွေးသစ္စာစာချုပ် ချည်နှောင်ထားခြင်း မရှိတာမို့ သူက ငါ့ရဲ့ သားရဲမဟုတ်ဘူး”

အဘိုးကြီးမော့ ဟုတ်လား။

ထိုသူဌေးသားလေးသည် လင်းကျင်းက ထိုအနက်ရောင် ကျောက်စိမ်းနဂါးကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သို့သော်လည်း တစ်စုံတစ်ဦးက ဤမျှအထိ လွယ်လွယ်ကူကူဖြင့် နောက်ဆုတ်သွားသည်ကို သူ မြင်ဖူးခြင်း ဒါပထမဆုံးအကြိမ် ဖြစ်၏။

သို့သော်လည်း ထိုသူဌေးသားလေး တွေးတောနေစဉ်မှာပင် စီနီယာမော့ကတော့ ဆက်လက်၍ သည်းမခံနိုင်တော့ပါချေ။

ဒီကိစ္စ မဖြစ်ပွားခင်တုန်းက သူသည် သူ၏ ကျင့်စဉ် သုတေသနပြုမှု၏ အရေးကြီးသော အချက်တစ်ခုပေါ်တွင် အာရုံစိုက်နေခဲ့သဖြင့် သူ၏ ဘေးပတ်ဝန်းကျင်တွင် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အချိန်မီ မသိရှိခဲ့ခြင်း ဖြစ်သည်။ သူ အကြောင်းရင်းကို နားလည်ခါနီး အခြေအနေသို့ ရောက်ရှိနေစဉ်မှာပင် တစ်စုံတစ်ဦးက သူ့ပေါ်သို့ တစ်စုံတစ်ခုကို ရုတ်တရက် လာရောက်ကပ်ငြိစေခဲ့ပြီး သူ့ကို မြေပြင်မှနေ၍ ပွေ့ချီသွားခဲ့ခြင်း ဖြစ်၏။

သူ၏ အတွေးစများမှာ ဤကဲ့သို့ပင် ဖြတ်တောက်ခြင်း ခံလိုက်ရတော့သည်။

သူ သတိပြန်ဝင်လာသောအခါ စီနီယာမော့သည် မိမိကိုအခြားလူ၏ ပွေ့ချီခြင်းကို ခံထားရကြောင်း သိရှိလိုက်ရပြီး ထိုလူသားက ပေါက်ပန်းစျေး စကားများကိုပင် ပြောဆိုနေခဲ့သေး၏။

“ကောင်စုတ်... မင်းက ဘာဖြစ်လို့ ငါ့ကို ပွေ့ချီထားရတာလဲ”

အဘိုးကြီးမော့က တိုက်ရိုက်ပင် အော်ဟစ်ဆဲဆိုလိုက်တော့သည်။ သူသည် မိမိကိုယ်ကိုယ် အဓမ္မခေါ်ဆောင်ခြင်း ခံရသည့် အချက်ထက် သူ၏ အတွေးစများ နှောင့်နှေးသွားရသည့် အချက်အပေါ်တွင် ပိုမို၍ ဒေါသထွက်နေခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း သူ၏ စကားလုံးများက ထိုသူဌေးသားလေးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ရသည်။

သူသည် သရဲသစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ပျာယာခတ်သွားခဲ့ပြီး ကြောက်လန့်တုန်လှုပ်နေသော မျက်နှာပေးဖြင့် စီနီယာမော့ကို ချက်ချင်းပင် လွှတ်ချပစ်လိုက်တော့၏။

“လူ့စကား ပြောနိုင်တဲ့ သားရဲတစ်ကောင်ပါလား... မင်း... မင်းက မိစ္ဆာသတ္တဝါပဲ”

အံ့ဩစရာ ကောင်းလှပေသည်။ ဤသူဌေးသားလေးသည် အမှန်တကယ်ပင် ဗဟုသုတ အတော်လေး ကြွယ်ဝသူ ဖြစ်နေခဲ့၏။

မည်သူမျှ မိစ္ဆာသတ္တဝါများနှင့် သွေးသစ္စာစာချုပ် မချုပ်ဆိုနိုင်ကြချေ။ ထိုအချိန်မှသာ ထိုသူဌေးသားလေးသည် လင်းကျင်းအနေဖြင့် ကြောက်ရွံ့လွန်းသဖြင့် ထိုစကားများကို ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း သဘောပေါက်သွားခဲ့တော့သည်။ သူက အမှန်အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဤအနက်ရောင် ကျောက်စိမ်းနဂါးမှာ သူ၏ သားရဲမဟုတ်ပါချေ။

ဤအခြေအနေကြောင့်ပင် သူ၏ သွေးသစ္စာဖြတ်တောက်ခြင်း သားရဲအဆောင်လက်ဖွဲ့မှာ လုံးဝ အသုံးမဝင်တော့ဘဲ ဖြစ်သွားခဲ့ရသည်။ သူသည် သားရဲအား သူ၏ သွေးသစ္စာစွမ်းအားဖြင့် ထိန်းချုပ်ကာ သူ့ကို နာခံအောင် လုပ်ဆောင်ရန် အဆောင်လက်ဖွဲ့၏ စွမ်းအားကို အသုံးမပြုနိုင်တော့ပါချေ။

‘တွက်ချက်မှု မှားယွင်းသွားပြီ’

ဤအတွေးက ထိုသူဌေးသားလေး၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း သူသည် အရာရာကို ကြုံတွေ့ဖူးသည့် ထျန်းရွှမ်မြို့၏ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲ ဖြစ်၏။ ယခုအခါ သူသည် စီနီယာမော့ကို ခေါ်ဆောင်သွားရန် စိတ်ဝင်စားမှု မရှိတော့ပါချေ။

ကျောက်စိမ်းနဂါး သားရဲတစ်ကောင်က ပစ္စည်းကောင်းတစ်ခု ဖြစ်သော်လည်း ကျောက်စိမ်းနဂါး မိစ္ဆာသတ္တဝါတစ်ကောင်ကတော့ ထိုသို့မဟုတ်ပါချေ။

မိစ္ဆာသတ္တဝါများသည် သွေးသစ္စာစာချုပ် ချည်နှောင်၍ မရနိုင်သဖြင့် ၎င်းတို့ကို သိမ်းဆည်းထားရန် ဘာမျှ တန်ဖိုးမရှိပါချေ။

၎င်းအပြင် မိစ္ဆာသတ္တဝါတစ်ကောင်ကို မိမိ၏ နောက်ကွယ်မှနေ၍ နာခံစွာ လိုက်ပါလာအောင် စွမ်းဆောင်နိုင်ခြင်းကပင် ထိုလူငယ် မည်မျှအထိ အစွမ်းထက်သလဲဆိုသည်ကို သက်သေပြနေခဲ့ခြင်း ဖြစ်သည်။

ထိုသူဌေးသားလေးသည် အကျိုးအမြတ်ကိုသာ ကြည့်တတ်သော စီးပွားရေးသမားတစ်ဦး ဖြစ်၏။ အကယ်၍ အလုပ်တစ်ခုက အကျိုးအမြတ်မရှိဘူးဆိုလျှင် သူ လုပ်ဆောင်ရန် စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။

သူ့အတွက်တော့ ဤလူများသည် ဘာမျှ တန်ဖိုးမရှိတော့ပါချေ။ တန်ဖိုးမရှိဘူးဆိုသည်မှာ အကျိုးအမြတ် မရှိတော့ဘူးဟူသော သဘောပင် ဖြစ်သည်။

ထို့ကြောင့် သူက နှာခေါင်းရှုံ့လိုက်ပြီး လှည့်၍ ထွက်ခွာရန် ပြင်ဆင်လိုက်တော့၏။

“ထွက်သွားချင်တာလား... အိပ်မက်မက်နေလိုက်”

ဂူမုန်းကျုံးက လက်ညှိုးတစ်ချောင်းကို မြှောက်တင်လိုက်ရာ သူ၏ လက်ထဲက မင်ရည်ဓားပြားက အပြင်သို့ တိုးထွက်သွားခဲ့သည်။ ထိုလူငယ်၏ ယုတ်မာလှသော လုပ်ရပ်များက စိတ်ကြိုက် လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားနေသည့် အခြေအနေကြောင့် ဂူမုန်းကျုံး အလွန်ပင် စိတ်ဆိုးဒေါသထွက်နေခဲ့ခြင်း ဖြစ်၏။

“ငါ လာချင်တဲ့အချိန်လာပြီး သွားချင်တဲ့အချိန် သွားနိုင်တာပဲ... ဘယ်သူက ငါ့ကို တားနိုင်မှာလဲ”

ထိုသူဌေးသားလေးက လှောင်ပြုံးပြုံးလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ပြောင်မြောက်လှသော လှုပ်ရှားမှုတစ်ခုဖြင့် မင်ရည်ဓားပြားကို အနောက်သို့ ပြန်လည်လွှတ်တင်လိုက်၏။

သူ၏ လုပ်ဆောင်ချက်များက သပ်ရပ်လှပပြီး သူသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားခဲ့ရာ သူ၏ ရုပ်သွင်က လူအုပ်ကြီးအတွင်းသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရတော့သည်။

သူ ထွက်ခွာသွားသည်နှင့် တပြိုင်နက် စောစောက မတော်တဆမှုကို တမင်ဖန်တီးခဲ့ကြသော လူများနှင့် ကတုံးဆိုင်ရှင်တို့သည်လည်း ဘေးပတ်ဝန်းကျင်သို့ လူစုခွဲ၍ ထွက်ပြေးသွားခဲ့ကြ၏။ ဂူမုန်းကျုံးက သူတို့၏ နောက်သို့ လိုက်လံဖမ်းဆီးလိုသော်လည်း လင်းကျင်းက သူ့ကို တားဆီးလိုက်သည်။

“ဆရာကြီးဂူ... ဘယ်လောက်ပဲ သန်မာတဲ့ နဂါးဖြစ်ပါစေဦးတော့၊ သူ့ရဲ့ ကိုယ်ပိုင်တွင်းထဲက မြွေကို မအနိုင်ယူနိုင်ဘူးလို့ ခင်ဗျားပြောခဲ့တယ် မဟုတ်လား... သူတို့နောက်ကို လိုက်မနေပါနဲ့တော့”

All Chapters