အခန်း ၁၄၈
Vol. 10 Ch. 148
အခန်း ၁၄၈ ခေါင်းဆောင်ကိုအရင်ဖမ်း
ချောင်ရှန်းက ရုတ်တရက် သူ့နဖူးကို ရိုက်လိုက်ပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် "ဒါကြောင့်ပဲ၊ လမ်းတစ်လျှောက်မှာ တပ်မှူးသွမ်နဲ့ တပ်မှူးကျိုးတို့ကို မတွေ့ရတာ အကြောင်းရင်းက ဒါပဲကိုး၊ တပ်မှူးကြီး အရင်ကတည်းက စီစဉ်ထားပြီးသားပဲ”
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးတွေရဲ့ သတင်းအချက်အလက်အရဆိုရင် ချင်းဟယ်ခရိုင်က မနေ့က မနက်ကတည်းက အလွန်သတိထားနေပြီး မြို့ထဲကို ဘယ်သူမှ ဝင်ခွင့်၊ ထွက်ခွင့် မပေးဘူးလို့ သိထားရတယ်။ ကျွန်တော်တို့ရဲ့ ရှေ့ပြေးတပ်ဖွဲ့တွေက မြို့ထဲကို ဘယ်လိုနည်းနဲ့ ရောက်သွားတာလဲ"
ဟွမ်သာလီက ခေါင်းကို ကုတ်လိုက်ပြီး နားမလည်နိုင်သည့်ပုံစံဖြင့် တွေဝေစွာ မေးလိုက်
သည်။
"ဟဲဟဲ၊ ဒီအုပ်ချုပ်ရေးမှူးမှာ ထက်မြက်တဲ့ အစီအစဉ်တစ်ခု ရှိတယ်လေ။"
ကျောက်ဖင်သည် ပြုံးရယ်လိုက်သော်လည်း တိုက်ရိုက်မဖြေကြားခဲ့ပေ။
ထို့နောက် သူက အမိန့်ပေးလိုက်သည် - "တပ်တစ်ခုလုံးကို ၁၅ မိနစ်ခန့် အနားယူဖို့ အမိန့်ပေးလိုက်၊ ပြီးရင် မြို့ကို ချက်ချင်း တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”
"ဟုတ်ကဲ့၊ တပ်မှူးချုပ်”
တပ်မှူးများက အမိန့်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ကြသည်။
...
ချင်းဟယ်ခရိုင်၏ တောင်ဘက်တွင် ဖြစ်သည်။
သိပ်မထူးခြားလှသော အိမ်တစ်လုံးအတွင်း၌ လေးနက်ပြီး အသက်ရှုကြပ်ဖွယ်ကောင်းသော လေထုတစ်ခု လွှမ်းမိုးနေသည်။
ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငါးဆယ်သည် သူတို့လက်ထဲရှိ လက်နက်များကို အသံတိတ် သုတ်သင်နေကြသည်။
သူတို့၏ လှုပ်ရှားမှုများသည် အလွန်ပင် စနစ်တကျ ရှိလွန်းလှသည်။ သူတို့မှာ ရုပ်ရည်ချင်း မတူညီကြသော်လည်း တစ်ယောက်တည်း၏ ပုံစံခွက်မှ ထွက်လာသကဲ့သို့ပင်—သူတို့ ကိုင်ထားသည့် ကိရိယာများ၏ ထောင့်ချိုးများပင် အတိအကျ တူညီနေပြီး အကြိမ်ကြိမ် လေ့ကျင့်ထားသည့်
အတိုင်းပင် ဖြစ်သည်။
ဤလူငါးဆယ်သည် ကျောက်ဖေး၏ ကိုယ်ပွားငါးဆယ် ဖြစ်သည်။
စုန်ဖျင်ခရိုင်မှ ကိုယ်ပွားများ လာရောက်ပြီး အပူကုန်ဆုံးခြင်းချီကို ကိုယ်တိုင်ထံ ပို့ဆောင်ပေးခဲ့စဉ်ကတည်းက
ကျောက်ဖေးသည် ကိုယ်ပွားထဲမှ တစ်ခုကို ချင်းဟယ်ခရိုင်၌ နေရာချထားရန် စီစဉ်ပြီးဖြစ်သည်။
ပထမအချက်အနေဖြင့် သူတို့သည် သူ့အတွက် သတင်းပေးသူများအဖြစ် ဆောင်ရွက်ရန် ဖြစ်သည်။
ချင်းဟယ်ခရိုင်သည် တိမ်ဖြူတောင်တန်းနှင့် အနီးဆုံးခရိုင် ဖြစ်သောကြောင့် ချင်းဟယ်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်ပါက တောင်တန်းအနီးရှိ ရွာများနှင့် မြို့များ၊ နောက်ဆုံး
ရွှမ်ယွင်ဂိုဏ်းအထိပင် သက်ရောက်မှု ရှိနိုင်သောကြောင့် ဖြစ်သည်။
ဒုတိယအချက်မှာ ယနေ့အတွက် ကြိုတင်ပြင်ဆင်ရန်ဖြစ်သည်။
ချင်းဟယ်ခရိုင်ကို အခြားသူလက်ထဲသို့ ရောက်သွားမည့်အစား တိမ်နီတပ်မတော်လက်ထဲသို့ ရောက်သွားခြင်းက ပို၍ စိတ်ချရစေသည်။
ခြံဝင်းအတွင်း၌ အလွန်ပင် တိတ်ဆိတ်နေသည်။
ကိုယ်ပွားငါးဆယ်သည် အသက်ရှုသံအထိ တူညီနေအောင် လှုပ်ရှားနေကြပြီး၊ သူတို့၏ လှုပ်ရှားမှုကိုသာ နားထောင်မည်ဆိုပါက လူတစ်ယောက်တည်း ရှိနေသည်ဟုပင် ထင်မှတ်ရလိမ့်မည်။
သို့သော် ခြံဝင်းပြင်ပတွင်မူ လူစည်ကားသော ဈေးတစ်ခုကဲ့သို့ ဆူညံပွေလိမ်နေသည်။
စစ်သားများက ပြည်သူ့စစ်များကို အဓမ္မစုဆောင်းနေပြီး မိသားစုများကို မစွန့်ခွာလိုကြသည့် အရပ်သားများကို ရိုက်နှက်နေသဖြင့် အရိုက်ခံရသည့် အသံများနှင့် ကျိန်ဆဲသံများ မကြာခဏ ထွက်ပေါ်နေသည်။
နှလုံးထိခိုက်ဖွယ်ကောင်းသော အော်ဟစ်သံများ၊ ရိုက်နှက်ခံရသဖြင့် အရေပြားများ ပေါက်ပြဲကာ သွေးထွက်နေသည့် သက်ကြီးရွယ်အိုများနှင့် အဓမ္မ ဆွဲခေါ်သွားခြင်း ခံရသည့် လူငယ်များ၏ ငိုကြွေးသံများမှာ ဆူညံနေသည်။
မိသားစု၏ စားဝတ်နေရေးကို တာဝန်ယူထားသူများ ပါသွားသဖြင့် ကျန်ရစ်ခဲ့သည့် အမျိုးသမီးများနှင့် ကလေးများ၏ ငိုကြွေးသံများသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် လွင့်ပျံ့နေသည်။
ချင်းဟယ် ခရိုင်သည် တိမ်နီတပ်မတော်၏ လူရှစ်ထောင်ဖြင့် လုပ်ဆောင်မှုကို သတိမပြုမိဘဲ မနေနိုင်ခဲ့ပေ။
တိမ်နီ တပ်မတော်သည် ပိုမိုနီးကပ်လာသည်နှင့်အမျှ ချင်းဟယ်ခရိုင်ရှိ အဆင့်ဆင့်သော အရာရှိများသည် ပူပြင်းသည့် ဒယ်အိုးပေါ်က ပုရွက်ဆိတ်များကဲ့သို့ ထိတ်လန့်သွားကြသည်။
ချင်းဟယ်ခရိုင်တွင် စစ်သားတစ်ထောင်ကျော်သာ ရှိသည်ကို သူတို့သိထားကြပြီး တိမ်နီတပ်မတော်နှင့် ယှဉ်တိုက်ရန်
မဖြစ်နိုင်ကြောင်းလည်း သိကြသည်။
ထို့ကြောင့် မိမိတို့၏ အသက်ကို ကယ်တင်ရန်အတွက် နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် အပြစ်မဲ့သော အရပ်သားများအပေါ်သို့ သူတို့၏ ရက်စက်သော လက်များဖြင့် ဖိနှိပ်မှုများကို ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာကြသည်
သူတို့ကို စစ်ပွဲတွင် ကူညီပေးရန် တောင်းဆိုသည်ဟု ဆိုသော်လည်း၊
အမှန်တရားကို လူတိုင်းလိုလို သိနေကြသည်။
ဤစစ်သားများ၏ သဘာဝအရ သူတို့သည် အရပ်သားများကို အမြောက်စာအဖြစ် အသုံးပြုမည်မှာ သေချာသည်။
ဤအရပ်သားများသည် စစ်ရေးလေ့ကျင့်မှု တစ်စုံတစ်ရာ မရှိသလို သင့်လျော်သည့် လက်နက်များလည်း မရှိကြပေ။စစ်မြေပြင်သို့ ရောက်လျှင် အလကားသက်သက် အသက်ဆုံးရှုံးရုံသာ ရှိမည်ဖြစ်သည်။
သို့သော် ဒါကို သူတို့က ဂရုစိုက်ပါ့မလား။
ဤအရာရှိများသည် အောက်ခြေပြည်သူများ၏ အသက်ကို လုံးဝ ဂရုမစိုက်ကြပေ။
ငြိမ်းချမ်းချိန်တွင် ကျွဲနွားများကဲ့သို့ မွေးမြူထားပြီး
မငြိမ်မသက်ဖြစ်ချိန်တွင် သူတို့၏ အသက်ဆက်ရန် နည်းလမ်းများအဖြစ်သာ သုံးစွဲသွားကြသည်။
ပြင်ပမှ ဆူညံသံများသည် ခြံထဲရှိ ကိုယ်ပွားငါးဆယ်အပေါ် အနည်းငယ်မျှ အကျိုးသက်ရောက်မှု မရှိပေ၊
ကိုယ်ပွားများသည် ရုပ်သေးရုပ်များကဲ့သို့ တည်ငြိမ်နေကြသည်။
အချိန်များ ကုန်ဆုံးသွားသည်။
ညနေစောင်းသည့်အချိန်တွင် ကိုယ်ပွားငါးဆယ်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ကြပြီး "ဝူး" ဟူသော အသံကို တစ်ပြိုင်နက်တည်း ထွက်ပေါ်စေသည်။
ကိုယ်ပွားအားလုံးသည် စိတ်ချင်းဆက်သွယ်ထားကြသည်။
ထို့ကြောင့် စကားဖြင့် ပြောဆိုရန် မလိုဘဲ မြို့ပြင်ရှိ တိမ်နီတပ်မတော်၏ စစ်ဆင်ရေးအစီအစဉ်ကို သူတို့ နားလည်ပြီး ဖြစ်သည်။
ယခုတွင် လုပ်ဆောင်ရမည့် အချိန်တန်ပြီ ဖြစ်သည်။
လူငါးဆယ်သည် ခြံထဲမှ ထွက်လာကြသည်။
သူတို့အုပ်စုသည် ပုံမှန်မဟုတ်သော်လည်း တစ်ပြိုင်နက်တည်း လှုပ်ရှားနေပြီး ကျဉ်းမြောင်းသော လမ်းကြားများအတိုင်း လျင်မြန်စွာ သွားလာနေကြသည်။
တောင်ဘက်တံခါးသို့ ချဉ်းကပ်လာသောအခါ လမ်းမပေါ်တွင် ကင်းလှည့်နေသည့် စစ်သားအုပ်စုတစ်ခုနှင့် တိုးမိသွားသည်။
"ရပ်စမ်း၊ မင်းတို့က ဘယ်သူတွေလဲ။ ဒီမှာ ဘာလုပ်နေကြတာလဲ" ဟု တာဝန်ရှိသည့် အရာရှိက အော်ဟစ်လိုက်သည်။
မြို့တံခါးမှာ မီတာနှစ်ရာအကွာလောက်တွင်သာ ရှိတော့သည်။
ကိုယ်ပွားများသည် တစ်ယောက်ပြီးတစ်
ယောက် တိတ်ဆိတ်သွားတော့သည်။
"ဒါဆိုရင် မင်းက နားမကြား၊ အပြောမတတ်တဲ့သူပေါ့..." တာဝန်ကျစစ်သားက ဒေါသတကြီးဖြင့် သွေးစက်များရဲရဲနီနေသည့် ကြိမ်လုံးကို မြှောက်လိုက်ကာ အားပါးတရ ရိုက်ချလိုက်တော့သည်။
သို့သော် သူ၏ကြိမ်လုံး မကျရောက်ခင်မှာပင်...
ရှေ့ဆုံးမှ ကိုယ်ပွါးက ရုတ်တရက် လှုပ်ရှားလိုက်သည်။
မြန်ဆန်သွက်လက်သည့် ကျားသစ်တစ်ကောင်အလား၊ လျှပ်တစ်ပြက်လက်သွားသည့် ဓားချက်က စစ်သား၏ လည်ချောင်းကို ပြတ်ရှသွားပြီး သွေးများ ပန်းထွက်လာတော့သည်။
ကျန်ရှိနေသော အရာရှိများနှင့် စစ်သားများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ခဏတာမျှ ကြောင်အပြီး သေမတတ် ကြောက်လန့်သွားကြသည်။
သူတို့ ကြောင်ေတာင်တောင် ဖြစ်နေချိန်တွင် ငါးဆယ်ဦးရှိသည့် ကိုယ်ပွါးအဖွဲ့သားများကတော့ ရပ်တန့်မနေပေ
မြို့တံခါးနှင့် မီတာနှစ်ရာမပြည့်သည့်နေရာမှနေ၍ ကိုယ်ပွါးတို့မှာ ရှည်လျားသည့် ဓားများကို ဆွဲထုတ်ကာ မြို့တံခါးဆီသို့
အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြသည်။
သူတို့၏ ပုံရိပ်များမှာ မြို့လမ်းမကြီးပေါ်တွင် တစ္ဆေများအလား လျင်မြန်စွာ ရွေ့လျားသွားပြီး ဖြတ်သန်းရာလမ်းတစ်လျှောက် သွေးများဖြင့် ပေကျံသွားစေသည်။
အော်ဟစ်သံများနှင့် လက်နက်ချင်း ထိခိုက်သံများမှာ ရောထွေးသွားကာ ကြေကွဲဖွယ် စစ်သီချင်းတစ်ပုဒ်အလား ဖြစ်ပေါ်လာသည်။
"ဟေ့ကောင်... မင်းရဲ့ မာန်စွယ်တွေကို ဒီမှာတင် ရပ်လိုက်စမ်း”
ရုတ်တရက် မိုးခြိမ်းသံအလား ကျယ်လောင်သည့် အော်သံတစ်ခု ထွက်ပေါ်လာသည်။
လမ်းထောင့်မှနေ၍ လူကြီးတစ်ဦးနှင့် မုတ်ဆိတ်မွေးထူထပ်သော လူကြီးတစ်ဦးတို့ အရှိန်ဖြင့် ပြေးထွက်လာကြသည်။
"ခေါင်းဆောင် မာထျန်းယင်း”
"သခင်ကျန်းလည်း ရောက်လာပြီ”
ပတ်ဝန်းကျင်ရှိ အရာရှိများနှင့် စစ်သားများမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး သက်ပြင်းချနိုင်လိုက်ကြသည်။
ထိုနှစ်ဦးမှာ မြို့ထဲရှိ ပျံလွှား ကိုယ်ခံပညာကျောင်း၏ ပိုင်ရှင် မာထျန်းယင်နှင့် သံလက်ဝါး ကိုယ်ခံပညာကျောင်း၏ ပိုင်ရှင် ကျန်းထျိုက်ရှန်းတို့ ဖြစ်ကြသည်။
သူတို့နှစ်ဦးမှာ မြို့ထဲတွင် နာမည်ကျော်ကြားပြီး ခုနစ်ဆင့်မြောက်ကိုယ်ခံပညာရှင်အဆင့်ရှိသည့် အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထိုကျောင်းပိုင်ရှင်နှစ်ဦးနောက်တွင် ကိုယ်ခံပညာနည်းပြ နှစ်ဆယ်ကျော်ခန့်ကလည်း လိုက်ပါလာကြသည်။
ကျောင်းပိုင်ရှင်နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အကြံအစည်တူညီစွာဖြင့် ခေါင်းဆောင်ဖြစ်သူ ကိုယ်ပွါးထံသို့ အတူတကွ တိုးဝင်သွားကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ခေါင်းဆောင်ဖြစ်သူကို အရင်ဦးဆုံး အရှင်ဖမ်းရန် ဖြစ်သည်။
ခေါင်းဆောင်ကိုသာ သတ်နိုင်ပါက ရန်သူ့တပ်ဖွဲ့၏ စိတ်ဓာတ်များမှာ အလိုလို ပြိုကွဲသွားလိမ့်မည်ဟု သူတို့ ယုံကြည်ထားသည်။
မာထျန်းယင်၏ ချိတ်နှစ်ချောင်းမှာ အဆိပ်မြွေတစ်ကောင် လျှာထုတ်လိုက်သကဲ့သို့ ကလုန်း၏ လည်ချောင်းကို တန်းတန်းမတ်မတ် ရည်ရွယ်ကာ ပစ်မှတ်ထားလိုက်သည်။
သို့သော် ကိုယ်ပွါးက နောက်မဆုတ်သည့်အပြင် ရှေ့သို့ပင် ခုန်ဝင်လိုက်သည်။
"ဖတ်”
လက်နက်စူးဝင်သွားသည့် အသံနှင့်အတူ မာထျန်းယင်မှာ အတိုင်းမသိ ဝမ်းသာသွားသည်။
သူ၏ သံချိတ်မှာ ရန်သူ့လည်ချောင်းကို မထိမှန်သော်လည်း ဝမ်းဗိုက်ကိုတော့ ဖောက်ထွက်သွားခဲ့သည်။
ရန်သူအား ကြည့်ရသည်မှာ ကြောက်စရာကောင်းသော်လည်း တကယ်တမ်းတွင် အားနည်းလှသည်ဟု သူ ထင်လိုက်သည်။
သို့သော် သူ၏လှုပ်ရှားမှုကို မပြောင်းလဲနိုင်ခင်မှာပင်၊ ထို လူမိုက်၏ နှုတ်ခမ်းစွန်းတွင် ယုတ်မာသည့် အပြုံးတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း လျှပ်တစ်ပြက် လက်သွားသည့် ဓားချက်တစ်ခု
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." မာထျန်းယင် ခေါင်းမှာ လေထဲသို့ မြောက်တက်သွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ကျန်ရှိနေဆဲဖြစ်သည်။
ခေါင်းပြတ်ထွက်လာသည့် ရုပ်အလောင်းမှ ပန်းထွက်လာသော သွေးများမှာ ကျန်းထိုက်ရှန်း၏ မျက်နှာပေါ်သို့ စင်ကျလာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျန်းထိုက်ရှန်းမှာ အလွန်အမင်း ထိတ်လန့်သွားပြီး "တောင်ခွဲလက်ဝါး အဆ ၁၈”ဟု အော်ဟစ်ကာ သူ၏ သံလက်ဝါးဖြင့် ကိုယ်ပွါး ရင်ဘတ်ကို အားကုန် ဖိချလိုက်သည်။
လက်ဝါးချက်တိုင်းမှာ ကျောက်တုံးများကိုပင် အပိုင်းပိုင်းဖြစ်စေနိုင်သည့် အားပါသော်လည်း ရန်သူမှာ ရှောင်တိမ်းခြင်းမရှိဘဲ ရင်ဘတ်ထဲသို့ လက်ဝါးချက်ဝင်လာသည်ကို အခွင့်ကောင်းယူကာ ပြန်လည်ပြီး ဓားဖြင့် အားပါးတရ ခုတပိုင်းလိုက်သည်။
သွေးစက်များနှင့်အတူ အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
စတုတ္ထဆင့်ကိုယ်ခံပညာရှင်အဆင့်ရှိသည့် ကိုယ်ပွါးမှာ သာမန်လူတို့ထက် များစွာ သာလွန်သည့် အင်အားကို ပိုင်ဆိုင်ထားပြီး၊ ထိုပိုင်ရှင်နှစ်ဦးမှာ ခုနစ်ဆင့်မြောက်သာ ရှိကြသည်။
တကယ်တမ်းတွင် ပုံမှန်တိုက်ခိုက်လျှင်ပင် ကိုယ်ပွါးသည် ပြိုင်ဘက်နှစ်ဦးကို တစ်ပြိုင်နက် အလွယ်တကူ အနိုင်ယူနိုင်သည်။
သို့သော် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်
ရန်အတွက် ကိုယ်ပွါးက ယခုအခါ အသက်နှင့်ရင်း၍ ဒဏ်ရာကို အလဲအလှယ် လုပ်နေခြင်းသာ ဖြစ်သည်။